ဘယ္သူမွမတည္းခုိခဲ့ရတဲ့ အိပ္ခန္း ၁၀၀၀၀ ပါ ဟစ္တလာရဲ႕ဟုိတယ္ႀကီး

Posted on

ဂ်ာမဏီေဘာ္လ္တစ္ပင္လယ္ထဲက ကြ်န္းတစ္ကြ်န္္းျဖစ္တဲ့ Rugen ကြ်န္းရဲ႕ အျဖဴေရာင္သဲကမ္းရုိးတန္းတစ္ေလွ်ာက္မွာ ကမာၻ႔အႀကီးဆုံးဟုိတယ္လုိ႔ ဆုိႏုိင္တဲ့ အိပ္ခန္း ၁၀၀၀၀ ပါ ဟုိတယ္ႀကီးတစ္ခုရွိပါတယ္။

တည္ေဆာက္ခဲ့ခ်ိန္ကစလုိ႔ ႏွစ္ေပါင္း ၇၀ေက်ာ္ခဲ့ၿပီျဖစ္ေပမယ့္ ယေန႔ထိတုိင္ဘယ္သူမွ ေနထုိင္တည္းခုိျခင္းမျပဳခဲ့ရပါဘူး။

ဒီဟုိတယ္ရဲ႕ နာမည္က Prora လုိ႔ေခၚၿပီး ၁၉၃၆ခုႏွစ္နဲ႔ ၁၉၃၉ခုႏွစ္အတြင္းမွာ တည္ေဆာက္ခဲ့တဲ့ နာဇီတုိ႔ရဲ႕ အစီအစဥ္တစ္ခုျဖစ္ပါတယ္။

နာဇီေတြပုိလန္ကုိ မက်ဴးေက်ာ္ခင္ ၃ႏွစ္အလုိေလာက္က အာဏာရွင္ႀကီးဟစ္တလာရဲ႕ အမိန္႔နဲ႔ေဆာက္ခဲ့တာျဖစ္ပါတယ္။

ဂ်ာမန္အလုပ္သမားေတြ ၊ ၀ါဒျဖန္႔သမားေတြ အားလပ္ခ်ိန္မွာ နားခုိအပန္းေျဖေစဖုိ႔ ဆုိတဲ့ရည္ရြယ္ခ်က္နဲ႔ျဖစ္ပါတယ္။

ဟုိတယ္အေဆာက္အဦးအားလုံးကို ပုံစံတူတည္ေဆာက္ထားခဲ့ၿပီး အရွည္ ၄.၅ကီလုိမီတာ(၂.၈မုိင္) ရွိကာ ကမ္းေျခကေန ေပ ၄၈၀ အကြာအေ၀းမွာ ရွိတာျဖစ္ပါတယ္။

အလုပ္သမား ၉၀၀၀ က ၃ႏွစ္ၾကာတည္ေဆာက္ခဲ့ရတာျဖစ္ၿပီး ေရရွည္ကုိ ရည္ရြယ္ထားတာျဖစ္တဲ့အတြက္ အပန္းေျဖစခန္း ၊ ရုပ္ရွင္ရုံ ၊ ပြဲေတာ္ခန္းမ ၊ ေရကူးကန္ေတြအျပင္ ၊ ဇိမ္ခံသေဘၤာႀကီးေတြအတြက္ ဆိပ္ခံေဘာတံတားေတြပါ ထည့္သြင္းတည္ေဆာက္ဖုိ႔ အစီအစဥ္ရွိခဲ့ပါတယ္။

အိပ္ခန္း ၁၀၀၀၀ ရွိတဲ့ ဒီဟုိတယ္ႀကီးမွာ လူ ၂၀၀၀၀ တစ္ၿပဳိင္နက္တည္းဖုိ႔လုံေလာက္ပါတယ္။ ဒီဟုိတယ္ႀကီးကို ဦးေဆာင္တည္ေဆာက္သူကေတာ့ ဟစ္တလာရဲ႕ ဗိသုကာပညာရွင္ Albert Speer ျဖစ္ပါတယ္။ အခန္းတုိင္းဟာ အလ်ား ၁၆ေပ အနံ ၈ေပရွိကာ အိပ္ယာႏွစ္လုံး ၊ အ၀တ္ဘီဒုိတစ္ခု ၊ ေရခ်ဳိးကန္တစ္ခုပါ၀င္ပါတယ္။ အိမ္သာ နဲ႔ ေရခ်ဳိးခန္းေတြကိုေတာ့ အထပ္တုိင္းမွာ တည္ေဆာက္ထားၿပီး မွ်ေ၀သုံးစနစ္နဲ႔ သုံးေစမယ့္အစီအစဥ္နဲ႔ တည္ေဆာက္ခဲ့တာပါ။

အတန္းလုိက္ေဆာက္ထားတဲ့ရည္ရြယ္ခ်က္ကေတာ့ အိပ္ခန္းတုိင္းမွာတည္းတဲ့လူတုိင္း ပင္လယ္ျပင္ ျမင္ကြင္းကုိ ျမင္ရဖုိ႔ျဖစ္ပါတယ္။

နာဇီစစ္သားေတြတုိးပြားလာတဲ့အခါ ဂ်ာမန္ဆက္လက္လႊမ္းမုိးႏုိင္ဖုိ႔ ေမွ်ာ္လင့္ခ်က္တစ္ခု ျဖစ္ခဲ့တယ္လုိ႔ဆုိပါတယ္။ ဒါ့အျပင္ လုိအပ္တဲ့အခါ ဒီဟုိတယ္ကို ခ်က္ခ်င္းေဆးရုံတစ္ခုအသြင္ေျပာင္းႏုိင္ေအာင္လည္း ရည္ရြယ္ထားခဲ့ပါတယ္။

ဒါေပမယ့္ ဒီဟုိတယ္ႀကီးၿပီးတဲ့အခ်ိန္မွာ စစ္ပြဲေတြျဖစ္ပြားတာေၾကာင့္ ဟစ္တလာဟာ ဒီဟုိတယ္ေဆာက္လုပ္ေရးက အလုပ္သမားေတြကုိ ျပန္လည္ေခၚယူၿပီး လက္နက္စက္ရုံတည္ေဆာက္ တပ္ဆင္ေရးလုပ္ငန္းေတြမွာ လုပ္ကုိင္ေစခဲ့ပါတယ္။

စစ္ႀကီးၿပီးသြားတဲ့အခါမွာေတာ့ ဂ်ာမဏီစစ္ရႈံးသြားတဲ့အတြက္ ဟစ္တလာရဲ႕ Prora ဟိုတယ္အစီအစဥ္ဟာ ရပ္တန္႔သြားခဲ့ရပါတယ္။ အႀကီးအက်ယ္တည္ေဆာက္ခဲ့ေပမယ့္ တစ္စုံတစ္ေယာက္မွတည္းခုိခြင့္မရလုိက္တဲ့ စြန္႔ပစ္ေနရာတစ္ခုျဖစ္သြားခဲ့တယ္။

၁၉၉၀ ခုႏွစ္မွာေတာ့ ဒီစြန္႔ပစ္ဟုိတယ္ႀကီးကုိ Bundeswehr စစ္နည္းပညာေက်ာင္းအျဖစ္ ၃ႏွစ္ၾကာ အသုံးျပဳခဲ့ပါေသးတယ္။

၂၀၁၃ခုႏွစ္မွာေတာ့ ဂ်ာမန္အိမ္ျခံေျမကုမၸဏီ Metropole က Prora ဟုိတယ္ကို မြန္းမံဖုိ႔ ခြင့္ျပဳခ်က္ရရွိခဲ့ပါတယ္။

ဒါေၾကာင့္ Metropole က ဟိုတယ္ႀကီးကို ဇိမ္ခံအပန္းေျဖစခန္းတစ္ခုအျဖစ္ ျပဳျပင္မြန္းမံလွ်က္ရွိၿပီး ၂၀၂၀ မွာေတာ့ ျပဳျပင္တည္ေဆာက္ေရးလုပ္ငန္းမ်ားၿပီးစီးမယ္လုိ႔ သိရပါတယ္။

VIDEO

———-

ဘယ်တော့မှ အသုံးမပြုခဲ့တဲ့ အိပ်ခန်း ၁၀၀၀၀ ပါ ဟစ်တလာရဲ့ဟိုတယ် (unicode)

ဂျာမဏီဘော်လ်တစ်ပင်လယ်ထဲက ကျွန်းတစ်ကျွန်းဖြစ်တဲ့ Rugen ကျွန်းရဲ့ အဖြူရောင်သဲကမ်းရိုးတန်းတစ်လျှောက်မှာ ကမ္ဘာ့အကြီးဆုံးဟိုတယ်လို့ ဆိုနိုင်တဲ့ အိပ်ခန်း ၁၀၀၀၀ ပါ ဟိုတယ်ကြီးတစ်ခုရှိပါတယ်။ တည်ဆောက်ခဲ့ချိန်ကစလို့ နှစ်ပေါင်း ၇၀ကျော်ခဲ့ပြီဖြစ်ပေမယ့် ယနေ့ထိတိုင်ဘယ်သူမ နေထိုင်တည်းခိုခြင်းမပြုခဲ့ရပါဘူး။

ဒီဟိုတယ်ရဲ့ နာမည်က Prora လို့ခေါ်ပြီး ၁၉၃၆ခုနှစ်နဲ့ ၁၉၃၉ခုနှစ်အတွင်းမှာ တည်ဆောက်ခဲ့တဲ့ နာဇီတို့ရဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ နာဇီတွေပိုလန်ကို မကျူးကျော်ခင် ၃နှစ်အလိုလောက်က အာဏာရှင်ကြီးဟစ်တလာရဲ့ အမိန့်နဲ့ဆောက်ခဲ့တာဖြစ်ပါတယ်။ ဂျာမန်အလုပ်သမားတွေ ၊ ဝါဒဖြန့်သမားတွေ အားလပ်ချိန်မှာ နားခိုအပန်းဖြေစေဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်။ ဟိုတယ်အဆောက်အဦးအားလုံးကို ပုံစံတူတည်ဆောက်ထားခဲ့ပြီး အရှည် ၄.၅ကီလိုမီတာရှိပါတယ်။ အလုပ်သမား ၉၀၀၀ က ၃နှစ်ကြာတည်ဆောက်ခဲ့ရတာဖြစ်ပြီး ရေရှည်ကို ရည်ရွယ်ထားတာဖြစ်တဲ့အတွက် အပန်းဖြေစခန်း ၊ ရုပ်ရှင်ရုံ ၊ ပွဲတော်ခန်းမ ၊ ရေကူးကန်တွေအပြင် ၊ ဇိမ်ခံသင်္ဘောကြီးတွေအတွက် ဆိပ်ခံဘောတံတားတွေပါ ထည့်သွင်းတည်ဆောက်ဖို့ အစီအစဉ်ရှိခဲ့ပါတယ်။

အိပ်ခန်း ၁၀၀၀၀ ရှိတဲ့ ဒီဟိုတယ်ကြီးမှာ လူ ၂၀၀၀၀ တစ်ပြိုင်နက်တည်းဖို့လုံလောက်ပါတယ်။ အတန်းလိုက်ဆောက်ထားတဲ့ရည်ရွယ်ချက်ကတော့ အိပ်ခန်းတိုင်းမှာတည်းတဲ့လူတိုင်း ပင်လယ်ပြင် မြင်ကွင်းကို မြင်ရဖို့ဖြစ်ပါတယ်။ နာဇီစစ်သားတွေတိုးပွားလာတဲ့အခါ ဂျာမန်ဆက်လက်လွှမ်းမိုးနိုင်ဖို့ မျှော်လင့်ချက်တစ်ခု ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒီဟိုတယ်ကြီးပြီးတဲ့အချိန်မှာ စစ်ပွဲတွေဖြစ်ပွားတာကြောင့် ဟစ်တလာဟာ ဒီဟိုတယ်ဆောက်လုပ်ရေးက အလုပ်သမားတွေကို ပြန်လည်ခေါ်ယူပြီး လက်နက်စက်ရုံတည်ဆောက် တပ်ဆင်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်စေခဲ့ပါတယ်။ စစ်ကြီးပြီးသွားတဲ့အခါမှာတော့ ဂျာမဏီစစ်ရှုံးသွားတဲ့အတွက် ဟစ်တလာရဲ့ Prora ဟိုတယ်အစီအစဉ်ဟာ ရပ်တန့်သွားခဲ့ရပါတယ်။ အကြီးအကျယ်တည်ဆောက်ခဲ့ပေမယ့် တစ်စုံတစ်ယောက်မှတည်းခိုခွင့်မရလိုက်တဲ့ စွန့်ပစ်နေရာတစ်ခုဖြစ်သွားခဲ့တယ်။

၁၉၉၀ ခုနှစ်မှာတော့ ဒီစွန့်ပစ်ဟိုတယ်ကြီးကို Bundeswehr စစ်နည်းပညာကျောင်းအဖြစ် ၃နှစ်ကြာ အသုံးပြုခဲ့ပါသေးတယ်။ ၂၀၁၃ခုနှစ်မှာတော့ ဂျာမန်အိမ်ခြံမြေကုမ္ပဏီ Metropole က Prora ဟိုတယ်ကို မွန်းမံဖို့ ခွင့်ပြုချက်ရရှိခဲ့ပါတယ်။ ဒါကြောင့် Metropole က ဟိုတယ်ကြီးကို ဇိမ်ခံအပန်းဖြေစခန်းတစ်ခုအဖြစ် ပြုပြင်မွန်းမံလျှက်ရှိပြီး ၂၀၂၀ မှာတော့ ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများပြီးစီးမယ်လို့ သိရပါတယ်။

Leave a Reply