ပရိတ္သတ္ေတြရဲ႕ သည္းသည္းလႈပ္အားေပးျခင္းခံခဲ့ရတဲ့ အဆုိေတာ္မင္းသမီးႀကီး(သုိ႔) ခင္ယုေမ

Posted on

ရန္ကုန္ၿမိဳ႕ေန အဖ ဦးယုဆြမ္း၊ အမိ ေဒၚၾကင္ၿမိဳင္တို႔မွ ၁၉၃၇ခုႏွစ္ မတ္လ (၂၃) ရက္ေန႔တြင္ ခင္ယုေမကို ေမြးဖြားခဲ့သည္။ ေမြးခ်င္းႏွစ္ေယာက္ အနက္ ခင္ယုေမမွာ သမီးႀကီး ျဖစ္ၿပီး ညီမငယ္မွာ အဆိုေတာ္ ခင္ယုေဆြ ျဖစ္သည္။ ခင္ယုေမ၏ ငယ္အမည္မွာ ဘိဝွါ ျဖစ္သည္။ ၁၉၅၁ ခုႏွစ္မွာ စိန္႔ဖရန္ ကြန္ဗင့္ေက်ာင္းနဲ႔ ၁၉၅၅ မွာ ရန္ကုန္ၿမိဳ႕ ႏိုင္ငံေတာ္ မိန္းကေလးမ်ား အထက္တန္းေက်ာင္းတို႔မွာ တကၠသိုလ္ဝင္တန္း အထိ ပညာ သင္ၾကားခဲ့တယ္။

၁၉၅၅ခုႏွစ္၊ ၈ တန္းေက်ာင္းသူ ဘဝကတည္းက ဂီတနယ္သို႔ စတင္ေရာက္ရွိသည္။ မိသားစုမ်ားနဲ႔ ေတးေရးဆရာၿမိဳ႕မသီးတို႔ ရင္းႏွီးမႈေၾကာင့္ ဂီတဗိမာန္တီးဝိုင္းနဲ႔ အဲဒီကာလတုန္းက ဝင္ဒါမီယာကေန ထုတ္လႊင့္ေနတဲ့ ျမန္မာ့အသံမွာ သီခ်င္း စဆိုခဲ့ပါတယ္။ ဆရာၿမိဳ႕မသီးက ေမပန္းခ်ီ သီခ်င္းကို ေရးေပးၿပီး အဆိုေတာ္အမည္ကိုလည္း ေမပန္းခ်ီ ဟု ေပးခဲ့သည္။ ေတးဗိမာန္ တူရိယာအဖြဲ႕သို႔ ေရာက္ေသာ အခါမွသာ ခင္ယုေမ အမည္ျဖင့္ သီဆိုသည္။

အဲဒီတုန္းက ခုေခတ္လို တိပ္နဲ႔ အသံသြင္းၿပီးမွ လႊင့္ရတာမ်ိဳး မဟုတ္ဘဲ တီးဝိုင္းနဲ႔ တိုက္႐ိုက္ဆိုၿပီး တိုက္႐ိုက္ လႊင့္ထုတ္ရတဲ့ စနစ္ျဖစ္ပါတယ္။ ကာလေပၚ တီးဝိုင္း အဖြဲ႕တစ္ဖြဲ႕ သီဆိုလႊင့္ထုတ္တဲ့ အထဲက ပရိသတ္ႀကိဳက္မယ့္ အဆင့္မီ သီခ်င္းမ်ားကိုသာ ဓာတ္ျပားရ သီခ်င္း အျဖစ္ သတ္မွတ္ၿပီး ျမန္မာ့အသံမွ အႀကိမ္ႀကိမ္ ထုတ္လႊင့္ေပးတဲ့ စနစ္ ျဖစ္ပါတယ္။ ခင္ယုေမ၏ ဂီတဆရာမ်ားမွာ “ၿမိဳ႕မသီး၊ ကိုျမႀကီး၊ ကိုမ်ိဳးလႈိင္” တို႔ျဖစ္ၾကသည္။ ေတးဗိမာန္တူရိယာအဖြဲ႕တြင္ ခင္ယုေမသည္ ေအာင္ျမင္ေက်ာ္ၾကား လူႀကိဳက္မ်ားေသာ ေတးသီးခ်င္းမ်ား သီဆိုခဲ့သည္။

ဓာတ္ျပား မရတဲ့ သီခ်င္းမ်ား ကေတာ့ တစ္ႀကိမ္နဲ႔တင္ ေပ်ာက္ကြယ္သြားခဲ့ပါတယ္။ ေဒၚခင္ယုေမ ပထမဦးဆုံး သီဆိုခဲ့တဲ့သီခ်င္းက ေမပန္းခ်ီ လို႔ ဆိုပါတယ္။ သူကိုယ္တိုင္က ပန္းခ်ီဆြဲတာကို ဝါသနာပါသူျဖစ္လို႔ ေတးေရးဆရာက ေမပန္းခ်ီ ဆိုတဲ့ သီခ်င္းကို ေရးေပးခဲ့တာလို႔ ေဒၚခင္ယုေမက ဆိုပါတယ္။ အဆိုေက်ာ္ ဘဝမွာ ေအာင္ျမင္လာေတာ့ ဓာတ္ျပား ေလာကကို ေရာက္ရွိလာပါတယ္။ စုံေတာၿမိဳင္၊ လူၫိုယဥ္၊ ႐ိုင္းတဲ့စင္ေရာ္၊ ျမင္းလွည္း ကေလးနဲ႔ေပ်ာ္ အစရွိတဲ့ ေတး သီခ်င္းေပါင္း မ်ားစြာကို ေရာင္းတန္း ဓာတ္ျပားအျဖစ္ သီဆို အသံသြင္းခဲ့ရပါတယ္။

အသက္ ၁၈၊ ၁၉ အ႐ြယ္ ၁၉၅၇-၅၈ ေလာက္မွာ ဒါ႐ိုက္တာ ဦးခ်င္းစိန္က ေခၚေဆာင္မႈနဲ႔ သက္ လို႔ အမည္ေပးထားတဲ့ ႐ုပ္ရွင္ ကားတစ္ကား စတင္ ႐ိုက္ကူးခဲ့ပါတယ္။ ဒါေပမယ့္ သက္ က အိမ္ေထာင္ေရး ဇာတ္ကားတစ္ကားျဖစ္ၿပီး တစ္ကားလုံး နီးပါး မင္းသမီး ငိုရတဲ့ ဇာတ္ျဖစ္ေနတာေၾကာင့္ ဆရာ ဦးခ်င္းစိန္က မင္းသမီးသစ္ တစ္ေယာက္ကို ဒီလို ပြဲထုတ္လို႔ မျဖစ္ဘူး၊ အဆိုေက်ာ္ မင္းသမီး အေနနဲ႔ ေပါ့ေပါ့ပါးပါး ဇာတ္ကား တစ္ကားနဲ႔ ပြဲဦး ထြက္သင့္တယ္ ဆိုၿပီး ဒါ႐ိုက္တာ ဦးလွတင္လက္ကို အပ္လိုက္ပါတယ္။ သက္ ဇာတ္ကား ႐ိုက္ကူးမႈကို ေခတၱရပ္ဆိုင္းၿပီး ဒါ႐ိုက္တာ ဦးလွတင္ ႐ိုက္ကူးတဲ့ ဤဘဝဝယ္ ဟာသကားမွာ အဲဒီေခတ္ အခါတုန္းက နာမည္ႀကီး ဟာသ သ႐ုပ္ေဆာင္ျဖစ္တဲ့ ဦးဖိုးပါႀကီးနဲ႔ တြဲၿပီး သ႐ုပ္ ေဆာင္ခဲ့ရပါတယ္။ ဒါေၾကာင့္ ေဒၚခင္ယုေမရဲ႕ ပြဲဦးထြက္ ႐ုပ္ရွင္ကားဟာ ဤဘဝဝယ္ လို႔ မွတ္တမ္း တင္ရပါတယ္။

ေဒၚခင္ယုေမက အဆိုေက်ာ္ဘဝကေန သ႐ုပ္ေဆာင္ ျဖစ္လာေတာ့ ပင္ကို ကတည္းက ဝါသနာပါတဲ့ ဖက္ရွင္မ်ိဳးစုံကို တီထြင္ဝတ္ ဆင္လာျခင္းေၾကာင့္ ျမန္မာ ႏိုင္ငံတစ္လႊားမွာ ခင္ယုေမ ဖက္ရွင္ဆိုၿပီး ဖက္ရွင္ေပါင္း မ်ားစြာ ေခတ္စားခဲ့ပါတယ္။ ခုေခတ္ မိန္းကေလးမ်ား ဝတ္ေနၾကတဲ့ ဒူးေအာက္ေရာက္ စကတ္ထဘီမ်ားဟာ ခင္ယုေမ ေခတ္တုန္းက တီထြင္ခဲ့ၿပီးသား ျဖစ္ပါတယ္။ အဲဒီတုန္းက လူႀကီးမ်ားက လယ္သူမဖက္ရွင္လို႔ ဩဘာ ေပးခဲ့ၾကပါတယ္။ ဆံပင္ ဖက္ရွင္နဲ႔ ပတ္သက္လို႔လည္း ငယ္ထိပ္တည့္တည့္မွာ ဗူးပြင့္သဏၭာန္ အပြင့္ေဖာ္တဲ့ ဆံပင္ ဖက္ရွင္ကို တီထြင္ခဲ့တဲ့ အျပင္ ဗီးဟိုက္လို႔ ေခၚတဲ့ ပ်ားအုံပုံစံ ဆံပင္ဖက္ရွင္ဟာလည္း ျမန္မာႏိုင္ငံမွာ ခင္ယုေမ စတင္ တီထြင္ခဲ့တာပါ။

႐ုပ္ရွင္မင္းသမီးအျဖစ္ ႐ုပ္ရွင္ကားေပါင္းမ်ားစြာ ႐ိုက္ကူးခဲ့ရပါတယ္။ ႐ုပ္ရွင္ထူးခၽြန္ဆုကို ၁၉၆၁ ခုႏွစ္မွာ မႏၲေလး ႐ုပ္ရွင္က ႐ိုက္ကူး ထုတ္လုပ္ခဲ့တဲ့ ကိုယ္ပိုင္ ေမတၱာ ဇာတ္ကားနဲ႔ ပထမဆုံးအႀကိမ္ အမ်ိဳးသမီး ပညာသည္ဆုကို ရရွိခဲ့ပါတယ္။ ထူးခၽြန္ဆုေပးပြဲ က်င္းပခ်ိန္မွာ ႐ုပ္ရွင္လုပ္ငန္းက ဆက္သြယ္ အေၾကာင္းၾကားခဲ့ ေပမယ့္ သံေတာင္၊ ေဘာဂလိ ေတာထဲမွာ ပုလဲမ်က္ရည္ ႐ုပ္ရွင္ဇာတ္ကားကို သြားေရာက္ ႐ိုက္ကူးေနခ်ိန္ ျဖစ္တဲ့အတြက္ ရန္ကုန္သို႔ ျပန္မလာႏိုင္ခဲ့ပါဘူး။ ေဒၚခင္ယုေမကိုယ္စား သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာ ဗိုလ္ဘကိုက ဆုတက္ ယူေပးခဲ့ပါတယ္။

၁၉၇၅ ခုႏွစ္မွာ ဒါ႐ိုက္ တာ ဦးသုခ ႐ိုက္ကူးခဲ့တဲ့ ေ႐ႊျခည္ေငြျခည္တန္းပါလို႔ ႐ုပ္ရွင္ဇာတ္ကားနဲ႔ အမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ဆြတ္ခူးႏိုင္ခဲ့ျပန္ပါတယ္။ ၁၉၆၅ ခုႏွစ္မွာ ဒါ႐ိုက္တာ၊ သ႐ုပ္ေဆာင္ ဦးေက်ာ္ေဆြနဲ႔ အိမ္ေထာင္က်ခဲ့ပါတယ္။ ေကာလိပ္ဂ်င္ေနဝင္း၊ ျမတ္ေလးတို႔နဲ႔ တြဲဖက္ပါဝင္ သ႐ုပ္ေဆာင္တဲ့ မလိခခ်စ္သူ ဇာတ္ကား႐ိုက္ကူးၿပီး ျပန္လာခ်ိန္မွာ ကိုယ္ဝန္ရွိခဲ့ၿပီး ၁၉၇၁ ခုႏွစ္မွာ တစ္ဦးတည္းေသာ သားကို ေမြးဖြားခဲ့ပါတယ္။ ဖခင္ျဖစ္သူ ဦးေက်ာ္ေဆြက ေက်ာ္ေဆြဆက္လို႔ အမည္ေပး ခဲ့ေပမယ့္ ေဒၚခင္ယုေမကေတာ့ သူ႕သားနာမည္ကို ေအာင္ေက်ာ္မိုးလို႔သာ အမည္ တြင္ေစပါတယ္။ တစ္ဦးတည္းေသာ သား ေအာင္ေက်ာ္မိုးက အခု အသက္ ၃၇ ႏွစ္ရွိၿပီး အေမရိကန္ျပည္ေထာင္စုမွာ ေနထိုင္လ်က္ရွိကာ ေျမးမ အယ္ရစ္ကာမိုးနဲ႔ ေျမးေယာက္်ားေလး ရပ္ဆယ္မိုးတို႔ ထြန္းကားခဲ့ၿပီ ျဖစ္ပါတယ္။

တစ္ေယာက္တည္း ႐ုန္းကန္ေနထိုင္ရတဲ့ ဘဝမွာ ေဒၚခင္ယုေမဟာ လူလိမ္ လူေကာက္မ်ားစြာနဲ႔ ႀကဳံေတြ႕ၿပီး လိမ္လည္မႈမ်ား ခံခဲ့ရပါ တယ္။ ရန္ကုန္ၿမိဳ႕၊ ကမၻာ ေအးဘုရားလမ္းေဘးက လမ္းသြယ္ တစ္ခုျဖစ္တဲ့ သီရိ မဂၤလာရိပ္သာ လမ္းသြယ္ထဲမွာ ေျမႏွစ္ကြက္ ပိုင္ဆိုင္ခဲ့ၿပီး မ်က္ႏွာစာ အကြက္ကို တိုက္ေဆာက္၊ အငွားခ်ၿပီး အတြင္းဘက္က အကြက္မွာ ကိုယ္တိုင္ေနထိုင္ဖို႔ သီးျခားေဆာက္ လုပ္ေနထိုင္ခဲ့ပါတယ္။ ေရွ႕က တိုက္ကို သြင္းကုန္ ထုတ္ကုန္ လုပ္ငန္း လုပ္ကိုင္တဲ့ ကုမၸဏီ တစ္ခုက ႏွစ္ရွည္ငွားရမ္းဖို႔ အတြက္ ျပင္ဆင္ ေဆာက္လုပ္ဖို႔ လိုအပ္လာတာေၾကာင့္ သုံးလနဲ႔ အၿပီးေဆာက္လုပ္ေပးမယ္ ဆိုတဲ့ ကန္ထ႐ိုက္ကို အပ္လိုက္ေပမယ့္ ေငြမ်ားအလိမ္ ခံလိုက္ရၿပီး ေဆာက္လက္စ တိုက္မွာလည္း တန္းလန္းနဲ႔ ရပ္သြားပါတယ္။ တိုက္ဆက္ေဆာက္ႏိုင္ဖို႔ အတြင္းဘက္က ေျမကြက္ကို ခြဲေရာင္းလိုက္ၿပီး ေရွ႕ကတိုက္ကို ၿပီးေအာင္ ေဆာက္ခဲ့ပါတယ္။ တိုက္ေဆာက္ၿပီး ပိုလၽွံတဲ့ ေငြကို စားစရိတ္ ရႏိုင္ေအာင္လို႔ ပုဂၢလိက ေငြစု ေငြေခ်းလုပ္ငန္းထဲ ထည့္ထားခဲ့ရာက ကုမၸဏီ ဖ်က္သိမ္းသြားတဲ့အတြက္ လက္မဲ့ျဖစ္ခဲ့ရျပန္ ပါတယ္။

ေဆာက္ၿပီးတဲ့တိုက္ကို ေ႐ႊျခည္ေငြျခည္မွာ အတူ သ႐ုပ္ေဆာင္ခဲ့တဲ့ ခ်ိဳၿပဳံး ေရာက္လာၿပီး ႐ုပ္ရွင္သမားေတြကို ငွားပါလားလို႔ အႀကံေပး တိုက္တြန္းခဲ့ရာကအစ ခုခ်ိန္ထိ ေဒၚခင္ယုေမရဲ႕ တိုက္ကို ႐ုပ္ရွင္သမားမ်ား ႐ိုက္ကူး ေနၾကဆဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ေဒၚခင္ယု ေမက “အရင္တုန္းကေတာ့ တစ္လမွာ ရက္ ၂ဝ ေလာက္ ငွားရပါတယ္။ ခုေတာ့ ၁ဝ ရက္ေတာင္ မျပည့္တတ္ေတာ့ဘူး”လို႔ ဆိုပါတယ္။ သူ႕အိမ္မွာ ႐ုပ္ရွင္သမားေတြ ဝင္ထြက္ သြားလာေနၾကေပမယ့္ ႐ိုက္ကြင္းေပၚ ေရာက္တဲ့ သူမ်ား ေဒၚခင္ယုေမကို မေတြ႕ၾကရပါဘူး။ ႐ိုက္ကြင္း ရွိတဲ့ ေန႔ဆိုရင္ ေဒၚခင္ယုေမက သူ႕အခန္းထဲမွာပဲ စားစရာ ေသာက္စရာ အျပည့္အစုံ နဲ႔ အခန္းတံခါး ပိတ္ေနတာပါ။

ဒီအသက္အ႐ြယ္မွာ သူနဲ႔လိုက္ဖက္တဲ့ ဇာတ္႐ုပ္မွာ သ႐ုပ္ေဆာင္မယ္ ဆိုရင္ ျဖစ္ႏိုင္ေသးေပမယ့္ ေဒၚခင္ယုေမကေတာ့ လုံးဝျငင္းပါတယ္။ ဒီအလုပ္ကို လုပ္ဖို႔ စိတ္မဝင္စားေတာ့ဘူးလို႔လည္း ဆိုပါတယ္။ က်န္းမာေရး အေျခအေနက ကင္ဆာေရာဂါျဖစ္ ပြားခဲ့ဖူးၿပီး ကင္ဆာေပ်ာက္ခဲ့ေပမယ့္ တစ္မ်ိဳးမဟုတ္ တစ္မ်ိဳး ေဖာက္ေနတာပဲလို႔ ေဒၚခင္ယုေမက ဆိုပါတယ္။ အဲဒီေနာက္မွာေတာ့ လက္တစ္ဖက္နဲ႔ ေျခေထာက္ တစ္ဖက္က ေသြးျပန္ေၾကာမ်ား ပိတ္ေနတာေၾကာင့္ လက္မ်ား ေရာင္ကိုင္းေနသလို ေျခေထာက္ကလည္း ေျခဖမိုး တစ္ခုလုံး ေရာင္ကိုင္းေနတဲ့အထိ က်န္းမာေရးဆုိးရြားလာခဲ့ပါတယ္။ မင္းသမီးႀကီးခင္ယုေမဟာ အမွတ္ (၂၉/ေအ) သီရိမဂၤလာ ရိပ္သာလမ္း၊ ရန္ကင္းၿမိဳ႕နယ္မွာ ေနထုိင္ခဲ့ၿပီး အသက္ ၇၇ႏွစ္အရြယ္ (၂၀၁၄ခုႏွစ္ ဇန္န၀ါရီလ ၂၃ရက္ေန႔) မွာ ကြယ္လြန္ခဲ့ပါတယ္။

ခင္ယုေမသည္ ဂီတနယ္မွတစ္ဆင့္ ႐ုပ္ရွင္နယ္သို႔ ဂီတစာဆို ဦးစိန္ျမေမာင္ႏွင့္ အကယ္ဒမီဖိုးပါႀကီး၏ ေက်းဇူးေၾကာင့္ ေရာက္ခဲ့သည္။ ႐ုပ္ရွင္နယ္တြင္လည္း ခင္ယုေမ၏ဆရာမ်ားမွာ ဆရာဦးခ်င္းစိန္၊ ဒါ႐ိုက္တာ ဦးတင္လွ၊ ဆရာႀကီးဦးသုခ ႏွင့္ မင္းသားႀကီးဦးေက်ာ္ေဆြတို႔ ျဖစ္ၾကပါသည္။ ခင္ယုေမ၏ ေအာင္ျမင္ေက်ာ္ၾကား လူႀကိဳက္မ်ားေသာ ေရဒီယို၊ ဓာတ္ျပား၊ ႐ုပ္ရွင္ေတးမ်ားစြာမွ အခ်ိဳ႕ကိုေဖာျပရလၽွင္ “႐ိုင္းတဲ့စင္ေရာ္၊ မုန္႔ဆီေၾကာ္၊ ခ်ိန္းတဲ့ည၊ ယိုေလးငယ္ညာသံ၊ ျမင္းလွည္းေလးႏွင့္ေခၚ၊ ေငြၾကယ္ေလး၊ မိုးႏွမေလး၊ ႏွတ္ဆက္လႊာ” သီခ်င္းမ်ားႏွင့္ ႐ုပ္ရွင္ေနာက္ခံေတးမ်ား အျဖစ္ “ေပ်ာ္ေပ်ာ္ပါးပါး၊ ယုန္ကေလး၊ ေ႐ႊမန္းေမ၊ စကားတကၠသိုလ္၊ သက္ဆိုင္သူသို႔” သီခ်င္းမ်ားပင္ ျဖစ္ပါသည္။

ခင္ယုေမသည္ ဂီတေလာကတြင္ ေအာင္ျမင္ထင္ရွားသကဲ့သို႔ ႐ုပ္ရွင္နယ္တြင္လည္း ေအာင္ျမင္ေက်ာ္ၾကားခဲ့သူ ျဖစ္သည္။ ႐ုပ္ရွင္ကားႀကီးေပါင္းမ်ားစြာ ႐ိုက္ကူးခဲ့ပါသည္။ ၁၉၆၁ ခုႏွစ္တြင္ “ကိုယ္ပိုင္ေမတၱာ” ဇာတ္ကားျဖင့္ အေကာင္းဆုံး႐ုပ္ရွင္မင္းသမီး သ႐ုပ္ေဆာင္ဆုကို လည္းေကာင္း၊ ၁၉၇၅ ခုႏွစ္တြင္ “ေ႐ႊခ်ည္ေငြခ်ည္တန္းပါလို႔” ႐ုပ္ရွင္ဇာတ္ကားျဖင့္ ထပ္မံ၍ အေကာင္းဆုံး႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းသမီးဆုမ်ားကို ခ်ီးျမႇင့္ျခင္းခံရပါသည္။

မင္းသမီးခင္ယုေမအလြမ္းေျပ သက္ဆုိင္သူသုိ႔ ဆုိတဲ့သီခ်င္းေလးကိုလည္း နားဆင္သြားၾကပါဦး

ဝင္းၿငိမ္း (ေ႐ႊအျမဳေတ မဂၢဇင္းမွ)
အကယ္ဒမီမ်ားရွင္ မင္းသမီးႀကီး ခင္ယုေမ ကြယ္လြန္ (ဘီဘီစီ)
Myanmar Wikipedia

——–

ပရိတ်သတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းခံခဲ့ရတဲ့ အဆိုတော်မင်းသမီးကြီး(သို့) ခင်ယုမေ (unicode)

ရန်ကုန်မြို့နေ အဖ ဦးယုဆွမ်း၊ အမိ ဒေါ်ကြင်မြိုင်တို့မှ ၁၉၃၇ခုနှစ် မတ်လ (၂၃) ရက်နေ့တွင် ခင်ယုမေကို မွေးဖွားခဲ့သည်။ မွေးချင်းနှစ်ယောက် အနက် ခင်ယုမေမှာ သမီးကြီး ဖြစ်ပြီး ညီမငယ်မှာ အဆိုတော် ခင်ယုဆွေ ဖြစ်သည်။ ခင်ယုမေ၏ ငယ်အမည်မှာ ဘိဝှါ ဖြစ်သည်။ ၁၉၅၁ ခုနှစ်မှာ စိန့်ဖရန် ကွန်ဗင့်ကျောင်းနဲ့ ၁၉၅၅ မှာ ရန်ကုန်မြို့ နိုင်ငံတော် မိန်းကလေးများ အထက်တန်းကျောင်းတို့မှာ တက္ကသိုလ်ဝင်တန်း အထိ ပညာ သင်ကြားခဲ့တယ်။

၁၉၅၅ခုနှစ်၊ ၈ တန်းကျောင်းသူ ဘဝကတည်းက ဂီတနယ်သို့ စတင်ရောက်ရှိသည်။ မိသားစုများနဲ့ တေးရေးဆရာမြို့မသီးတို့ ရင်းနှီးမှုကြောင့် ဂီတဗိမာန်တီးဝိုင်းနဲ့ အဲဒီကာလတုန်းက ဝင်ဒါမီယာကနေ ထုတ်လွှင့်နေတဲ့ မြန်မာ့အသံမှာ သီချင်း စဆိုခဲ့ပါတယ်။ ဆရာမြို့မသီးက မေပန်းချီ သီချင်းကို ရေးပေးပြီး အဆိုတော်အမည်ကိုလည်း မေပန်းချီ ဟု ပေးခဲ့သည်။ တေးဗိမာန် တူရိယာအဖွဲ့သို့ ရောက်သော အခါမှသာ ခင်ယုမေ အမည်ဖြင့် သီဆိုသည်။

အဲဒီတုန်းက ခုခေတ်လို တိပ်နဲ့ အသံသွင်းပြီးမှ လွှင့်ရတာမျိုး မဟုတ်ဘဲ တီးဝိုင်းနဲ့ တိုက်ရိုက်ဆိုပြီး တိုက်ရိုက် လွှင့်ထုတ်ရတဲ့ စနစ်ဖြစ်ပါတယ်။ ကာလပေါ် တီးဝိုင်း အဖွဲ့တစ်ဖွဲ့ သီဆိုလွှင့်ထုတ်တဲ့ အထဲက ပရိသတ်ကြိုက်မယ့် အဆင့်မီ သီချင်းများကိုသာ ဓာတ်ပြားရ သီချင်း အဖြစ် သတ်မှတ်ပြီး မြန်မာ့အသံမှ အကြိမ်ကြိမ် ထုတ်လွှင့်ပေးတဲ့ စနစ် ဖြစ်ပါတယ်။ ခင်ယုမေ၏ ဂီတဆရာများမှာ “မြို့မသီး၊ ကိုမြကြီး၊ ကိုမျိုးလှိုင်” တို့ဖြစ်ကြသည်။ တေးဗိမာန်တူရိယာအဖွဲ့တွင် ခင်ယုမေသည် အောင်မြင်ကျော်ကြား လူကြိုက်များသော တေးသီးချင်းများ သီဆိုခဲ့သည်။

ဓာတ်ပြား မရတဲ့ သီချင်းများ ကတော့ တစ်ကြိမ်နဲ့တင် ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒေါ်ခင်ယုမေ ပထမဦးဆုံး သီဆိုခဲ့တဲ့သီချင်းက မေပန်းချီ လို့ ဆိုပါတယ်။ သူကိုယ်တိုင်က ပန်းချီဆွဲတာကို ဝါသနာပါသူဖြစ်လို့ တေးရေးဆရာက မေပန်းချီ ဆိုတဲ့ သီချင်းကို ရေးပေးခဲ့တာလို့ ဒေါ်ခင်ယုမေက ဆိုပါတယ်။ အဆိုကျော် ဘဝမှာ အောင်မြင်လာတော့ ဓာတ်ပြား လောကကို ရောက်ရှိလာပါတယ်။ စုံတောမြိုင်၊ လူညိုယဉ်၊ ရိုင်းတဲ့စင်ရော်၊ မြင်းလှည်း ကလေးနဲ့ပျော် အစရှိတဲ့ တေး သီချင်းပေါင်း များစွာကို ရောင်းတန်း ဓာတ်ပြားအဖြစ် သီဆို အသံသွင်းခဲ့ရပါတယ်။

အသက် ၁၈၊ ၁၉ အရွယ် ၁၉၅၇-၅၈ လောက်မှာ ဒါရိုက်တာ ဦးချင်းစိန်က ခေါ်ဆောင်မှုနဲ့ သက် လို့ အမည်ပေးထားတဲ့ ရုပ်ရှင် ကားတစ်ကား စတင် ရိုက်ကူးခဲ့ပါတယ်။ ဒါပေမယ့် သက် က အိမ်ထောင်ရေး ဇာတ်ကားတစ်ကားဖြစ်ပြီး တစ်ကားလုံး နီးပါး မင်းသမီး ငိုရတဲ့ ဇာတ်ဖြစ်နေတာကြောင့် ဆရာ ဦးချင်းစိန်က မင်းသမီးသစ် တစ်ယောက်ကို ဒီလို ပွဲထုတ်လို့ မဖြစ်ဘူး၊ အဆိုကျော် မင်းသမီး အနေနဲ့ ပေါ့ပေါ့ပါးပါး ဇာတ်ကား တစ်ကားနဲ့ ပွဲဦး ထွက်သင့်တယ် ဆိုပြီး ဒါရိုက်တာ ဦးလှတင်လက်ကို အပ်လိုက်ပါတယ်။ သက် ဇာတ်ကား ရိုက်ကူးမှုကို ခေတ္တရပ်ဆိုင်းပြီး ဒါရိုက်တာ ဦးလှတင် ရိုက်ကူးတဲ့ ဤဘဝဝယ် ဟာသကားမှာ အဲဒီခေတ် အခါတုန်းက နာမည်ကြီး ဟာသ သရုပ်ဆောင်ဖြစ်တဲ့ ဦးဖိုးပါကြီးနဲ့ တွဲပြီး သရုပ် ဆောင်ခဲ့ရပါတယ်။ ဒါကြောင့် ဒေါ်ခင်ယုမေရဲ့ ပွဲဦးထွက် ရုပ်ရှင်ကားဟာ ဤဘဝဝယ် လို့ မှတ်တမ်း တင်ရပါတယ်။

ဒေါ်ခင်ယုမေက အဆိုကျော်ဘဝကနေ သရုပ်ဆောင် ဖြစ်လာတော့ ပင်ကို ကတည်းက ဝါသနာပါတဲ့ ဖက်ရှင်မျိုးစုံကို တီထွင်ဝတ် ဆင်လာခြင်းကြောင့် မြန်မာ နိုင်ငံတစ်လွှားမှာ ခင်ယုမေ ဖက်ရှင်ဆိုပြီး ဖက်ရှင်ပေါင်း များစွာ ခေတ်စားခဲ့ပါတယ်။ ခုခေတ် မိန်းကလေးများ ဝတ်နေကြတဲ့ ဒူးအောက်ရောက် စကတ်ထဘီများဟာ ခင်ယုမေ ခေတ်တုန်းက တီထွင်ခဲ့ပြီးသား ဖြစ်ပါတယ်။ အဲဒီတုန်းက လူကြီးများက လယ်သူမဖက်ရှင်လို့ ဩဘာ ပေးခဲ့ကြပါတယ်။ ဆံပင် ဖက်ရှင်နဲ့ ပတ်သက်လို့လည်း ငယ်ထိပ်တည့်တည့်မှာ ဗူးပွင့်သဏ္ဌာန် အပွင့်ဖော်တဲ့ ဆံပင် ဖက်ရှင်ကို တီထွင်ခဲ့တဲ့ အပြင် ဗီးဟိုက်လို့ ခေါ်တဲ့ ပျားအုံပုံစံ ဆံပင်ဖက်ရှင်ဟာလည်း မြန်မာနိုင်ငံမှာ ခင်ယုမေ စတင် တီထွင်ခဲ့တာပါ။

ရုပ်ရှင်မင်းသမီးအဖြစ် ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရပါတယ်။ ရုပ်ရှင်ထူးချွန်ဆုကို ၁၉၆၁ ခုနှစ်မှာ မန္တလေး ရုပ်ရှင်က ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ ကိုယ်ပိုင် မေတ္တာ ဇာတ်ကားနဲ့ ပထမဆုံးအကြိမ် အမျိုးသမီး ပညာသည်ဆုကို ရရှိခဲ့ပါတယ်။ ထူးချွန်ဆုပေးပွဲ ကျင်းပချိန်မှာ ရုပ်ရှင်လုပ်ငန်းက ဆက်သွယ် အကြောင်းကြားခဲ့ ပေမယ့် သံတောင်၊ ဘောဂလိ တောထဲမှာ ပုလဲမျက်ရည် ရုပ်ရှင်ဇာတ်ကားကို သွားရောက် ရိုက်ကူးနေချိန် ဖြစ်တဲ့အတွက် ရန်ကုန်သို့ ပြန်မလာနိုင်ခဲ့ပါဘူး။ ဒေါ်ခင်ယုမေကိုယ်စား သရုပ်ဆောင်၊ ဒါရိုက်တာ ဗိုလ်ဘကိုက ဆုတက် ယူပေးခဲ့ပါတယ်။

၁၉၇၅ ခုနှစ်မှာ ဒါရိုက် တာ ဦးသုခ ရိုက်ကူးခဲ့တဲ့ ရွှေခြည်ငွေခြည်တန်းပါလို့ ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြန်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးကျော်ဆွေနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ကောလိပ်ဂျင်နေဝင်း၊ မြတ်လေးတို့နဲ့ တွဲဖက်ပါဝင် သရုပ်ဆောင်တဲ့ မလိခချစ်သူ ဇာတ်ကားရိုက်ကူးပြီး ပြန်လာချိန်မှာ ကိုယ်ဝန်ရှိခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ တစ်ဦးတည်းသော သားကို မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဦးကျော်ဆွေက ကျော်ဆွေဆက်လို့ အမည်ပေး ခဲ့ပေမယ့် ဒေါ်ခင်ယုမေကတော့ သူ့သားနာမည်ကို အောင်ကျော်မိုးလို့သာ အမည် တွင်စေပါတယ်။ တစ်ဦးတည်းသော သား အောင်ကျော်မိုးက အခု အသက် ၃၇ နှစ်ရှိပြီး အမေရိကန်ပြည်ထောင်စုမှာ နေထိုင်လျက်ရှိကာ မြေးမ အယ်ရစ်ကာမိုးနဲ့ မြေးယောက်ျားလေး ရပ်ဆယ်မိုးတို့ ထွန်းကားခဲ့ပြီ ဖြစ်ပါတယ်။

တစ်ယောက်တည်း ရုန်းကန်နေထိုင်ရတဲ့ ဘဝမှာ ဒေါ်ခင်ယုမေဟာ လူလိမ် လူကောက်များစွာနဲ့ ကြုံတွေ့ပြီး လိမ်လည်မှုများ ခံခဲ့ရပါ တယ်။ ရန်ကုန်မြို့၊ ကမ္ဘာ အေးဘုရားလမ်းဘေးက လမ်းသွယ် တစ်ခုဖြစ်တဲ့ သီရိ မင်္ဂလာရိပ်သာ လမ်းသွယ်ထဲမှာ မြေနှစ်ကွက် ပိုင်ဆိုင်ခဲ့ပြီး မျက်နှာစာ အကွက်ကို တိုက်ဆောက်၊ အငှားချပြီး အတွင်းဘက်က အကွက်မှာ ကိုယ်တိုင်နေထိုင်ဖို့ သီးခြားဆောက် လုပ်နေထိုင်ခဲ့ပါတယ်။ ရှေ့က တိုက်ကို သွင်းကုန် ထုတ်ကုန် လုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီ တစ်ခုက နှစ်ရှည်ငှားရမ်းဖို့ အတွက် ပြင်ဆင် ဆောက်လုပ်ဖို့ လိုအပ်လာတာကြောင့် သုံးလနဲ့ အပြီးဆောက်လုပ်ပေးမယ် ဆိုတဲ့ ကန်ထရိုက်ကို အပ်လိုက်ပေမယ့် ငွေများအလိမ် ခံလိုက်ရပြီး ဆောက်လက်စ တိုက်မှာလည်း တန်းလန်းနဲ့ ရပ်သွားပါတယ်။ တိုက်ဆက်ဆောက်နိုင်ဖို့ အတွင်းဘက်က မြေကွက်ကို ခွဲရောင်းလိုက်ပြီး ရှေ့ကတိုက်ကို ပြီးအောင် ဆောက်ခဲ့ပါတယ်။ တိုက်ဆောက်ပြီး ပိုလျှံတဲ့ ငွေကို စားစရိတ် ရနိုင်အောင်လို့ ပုဂ္ဂလိက ငွေစု ငွေချေးလုပ်ငန်းထဲ ထည့်ထားခဲ့ရာက ကုမ္ပဏီ ဖျက်သိမ်းသွားတဲ့အတွက် လက်မဲ့ဖြစ်ခဲ့ရပြန် ပါတယ်။

ဆောက်ပြီးတဲ့တိုက်ကို ရွှေခြည်ငွေခြည်မှာ အတူ သရုပ်ဆောင်ခဲ့တဲ့ ချိုပြုံး ရောက်လာပြီး ရုပ်ရှင်သမားတွေကို ငှားပါလားလို့ အကြံပေး တိုက်တွန်းခဲ့ရာကအစ ခုချိန်ထိ ဒေါ်ခင်ယုမေရဲ့ တိုက်ကို ရုပ်ရှင်သမားများ ရိုက်ကူး နေကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်ခင်ယု မေက “အရင်တုန်းကတော့ တစ်လမှာ ရက် ၂ဝ လောက် ငှားရပါတယ်။ ခုတော့ ၁ဝ ရက်တောင် မပြည့်တတ်တော့ဘူး”လို့ ဆိုပါတယ်။ သူ့အိမ်မှာ ရုပ်ရှင်သမားတွေ ဝင်ထွက် သွားလာနေကြပေမယ့် ရိုက်ကွင်းပေါ် ရောက်တဲ့ သူများ ဒေါ်ခင်ယုမေကို မတွေ့ကြရပါဘူး။ ရိုက်ကွင်း ရှိတဲ့ နေ့ဆိုရင် ဒေါ်ခင်ယုမေက သူ့အခန်းထဲမှာပဲ စားစရာ သောက်စရာ အပြည့်အစုံ နဲ့ အခန်းတံခါး ပိတ်နေတာပါ။

ဒီအသက်အရွယ်မှာ သူနဲ့လိုက်ဖက်တဲ့ ဇာတ်ရုပ်မှာ သရုပ်ဆောင်မယ် ဆိုရင် ဖြစ်နိုင်သေးပေမယ့် ဒေါ်ခင်ယုမေကတော့ လုံးဝငြင်းပါတယ်။ ဒီအလုပ်ကို လုပ်ဖို့ စိတ်မဝင်စားတော့ဘူးလို့လည်း ဆိုပါတယ်။ ကျန်းမာရေး အခြေအနေက ကင်ဆာရောဂါဖြစ် ပွားခဲ့ဖူးပြီး ကင်ဆာပျောက်ခဲ့ပေမယ့် တစ်မျိုးမဟုတ် တစ်မျိုး ဖောက်နေတာပဲလို့ ဒေါ်ခင်ယုမေက ဆိုပါတယ်။ အဲဒီနောက်မှာတော့ လက်တစ်ဖက်နဲ့ ခြေထောက် တစ်ဖက်က သွေးပြန်ကြောများ ပိတ်နေတာကြောင့် လက်များ ရောင်ကိုင်းနေသလို ခြေထောက်ကလည်း ခြေဖမိုး တစ်ခုလုံး ရောင်ကိုင်းနေတဲ့အထိ ကျန်းမာရေးဆိုးရွားလာခဲ့ပါတယ်။ မင်းသမီးကြီးခင်ယုမေဟာ အမှတ် (၂၉/အေ) သီရိမင်္ဂလာ ရိပ်သာလမ်း၊ ရန်ကင်းမြို့နယ်မှာ နေထိုင်ခဲ့ပြီး အသက် ၇၇နှစ်အရွယ် (၂၀၁၄ခုနှစ် ဇန်နဝါရီလ ၂၃ရက်နေ့) မှာ ကွယ်လွန်ခဲ့ပါတယ်။

ခင်ယုမေသည် ဂီတနယ်မှတစ်ဆင့် ရုပ်ရှင်နယ်သို့ ဂီတစာဆို ဦးစိန်မြမောင်နှင့် အကယ်ဒမီဖိုးပါကြီး၏ ကျေးဇူးကြောင့် ရောက်ခဲ့သည်။ ရုပ်ရှင်နယ်တွင်လည်း ခင်ယုမေ၏ဆရာများမှာ ဆရာဦးချင်းစိန်၊ ဒါရိုက်တာ ဦးတင်လှ၊ ဆရာကြီးဦးသုခ နှင့် မင်းသားကြီးဦးကျော်ဆွေတို့ ဖြစ်ကြပါသည်။ ခင်ယုမေ၏ အောင်မြင်ကျော်ကြား လူကြိုက်များသော ရေဒီယို၊ ဓာတ်ပြား၊ ရုပ်ရှင်တေးများစွာမှ အချို့ကိုဖောပြရလျှင် “ရိုင်းတဲ့စင်ရော်၊ မုန့်ဆီကြော်၊ ချိန်းတဲ့ည၊ ယိုလေးငယ်ညာသံ၊ မြင်းလှည်းလေးနှင့်ခေါ်၊ ငွေကြယ်လေး၊ မိုးနှမလေး၊ နှတ်ဆက်လွှာ” သီချင်းများနှင့် ရုပ်ရှင်နောက်ခံတေးများ အဖြစ် “ပျော်ပျော်ပါးပါး၊ ယုန်ကလေး၊ ရွှေမန်းမေ၊ စကားတက္ကသိုလ်၊ သက်ဆိုင်သူသို့” သီချင်းများပင် ဖြစ်ပါသည်။

ခင်ယုမေသည် ဂီတလောကတွင် အောင်မြင်ထင်ရှားသကဲ့သို့ ရုပ်ရှင်နယ်တွင်လည်း အောင်မြင်ကျော်ကြားခဲ့သူ ဖြစ်သည်။ ရုပ်ရှင်ကားကြီးပေါင်းများစွာ ရိုက်ကူးခဲ့ပါသည်။ ၁၉၆၁ ခုနှစ်တွင် “ကိုယ်ပိုင်မေတ္တာ” ဇာတ်ကားဖြင့် အကောင်းဆုံးရုပ်ရှင်မင်းသမီး သရုပ်ဆောင်ဆုကို လည်းကောင်း၊ ၁၉၇၅ ခုနှစ်တွင် “ရွှေချည်ငွေချည်တန်းပါလို့” ရုပ်ရှင်ဇာတ်ကားဖြင့် ထပ်မံ၍ အကောင်းဆုံးရုပ်ရှင်သရုပ်ဆောင် မင်းသမီးဆုများကို ချီးမြှင့်ခြင်းခံရပါသည်။

ဝင်းငြိမ်း (ရွှေအမြုတေ မဂ္ဂဇင်းမှ)
အကယ်ဒမီများရှင် မင်းသမီးကြီး ခင်ယုမေ ကွယ်လွန် (ဘီဘီစီ)
Myanmar Wikipedia

Leave a Reply