ကမာၻ႔ အလွဆုံးနဲ႔ အထူးဆန္းဆုံးသခၤ်ဳိင္း

Posted on

ေသဆုံးသူေတြျမဳပ္ႏွံရာ သခၤ်ဳိင္းဆုိတာနဲ႔ လူအမ်ားစုက ႏွစ္ၿမဳိ႕ျခင္းမရွိၾကပါဘူး။ မေကာင္းတဲ့ အတိတ္နမိတ္လုိ႔ ထင္တတ္ၾကပါတယ္။ တခ်ဳိ႕ကေတာ့ သံေ၀ဂရစရာ ေနရာ ၊ ျဖစ္ၿပီးရင္ပ်က္ရမယ္ဆုိတာကို လက္ေတြ႔ျပတဲ့ ေနရာေတြအျဖစ္မွတ္ယူၾကပါတယ္။

သခၤ်ဳိင္းေတြထဲမွာမွ ဒီလုိလွပၿပီး ထူးဆန္းတဲ့သခၤ်ဳိင္းေတြရွိေနေသးေၾကာင္း သုတဇုန္မိတ္ေဆြေတြကို ဗဟုသုတအေနနဲ႔ ျပန္လည္မွ်ေ၀ခ်င္ပါတယ္။ အခုမွ်ေ၀မယ့္ သခၤ်ဳိင္းကေတာ့ ျပင္သစ္ႏုိင္ငံ Paris ၿမဳိ႕က Père Lachaise သခၤ်ဳိင္းျဖစ္ပါတယ္။

Père Lachaise သခၤ်ဳိင္းဟာ ပါရီၿမဳိ႕ရဲ႕ အႀကီးဆုံးသခၤ်ဳိင္းျဖစ္ၿပီး ကမာၻ႔အလွပဆုံး နဲ႔ အထူးဆန္းဆုံး သခၤ်ဳိင္းေတြထဲက တစ္ခုျဖစ္ပါတယ္။ ပါရီၿမဳိ႕ရဲ႕ အေရွ႕ဘက္ ၁၁၀ဧက က်ယ္၀န္းတဲ့ေျမေပၚမွာတည္ရွိိပါတယ္။ သခၤ်ဳိင္းရဲ႕နာမည္ကေတာ့ ျပင္သစ္ ၁၄ဆက္ေျမာက္လူ၀ီဘုရင္ရဲ႕ ဘုန္းေတာ္ႀကီး Père de la Chaise ရဲ႕အမည္ကိုေပးထားျခင္းျဖစ္ပါတယ္။

၁၈၀၄ခုႏွစ္ ေမလ ၂၁ရက္ေန႔မွာ ျပင္သစ္ဘုရင္နပုိလီယံက သခၤ်ဳိင္းအျဖစ္စတင္ဖြင့္လွစ္သတ္မွတ္ခဲ့ပါတယ္။ သခၤ်ဳိင္းဖြင့္ၿပီး ပထမဆုံး ျမဳပ္ႏွံခဲ့သူကေတာ့ အသက္ ၅ႏွစ္အရြယ္ရွိတဲ့ Adélaïde Paillard ဆုိတဲ့ကေလးမေလးျဖစ္ပါတယ္။ မဖြင့္မီ ၃ရက္အလုိတည္းက ႏုိင္ငံသားျဖစ္သူ လူမ်ဳိးဘာသာမေရြး ဒီသခၤ်ဳိင္းမွာ ျမဳပ္ႏွံႏုိင္ေၾကာင္း နပိုလီယံကေၾကျငာခဲ့ပါတယ္။

သခၤ်ဳိင္းနဲ႔ေနရာဟာ ၿမဳိ႕နဲ႔အလွမ္းေ၀းတာက တေၾကာင္း၊ ရုိမန္ကတ္သလစ္ဘာသာ၀င္ အမ်ားစုက သူတုိ႔ဘာသာ၀င္ေတြကို ဘုရားေက်ာင္းနဲ႔ အလွမ္းေ၀းတဲ့သခၤ်ဳိင္းမွာ ျမဳပ္ႏွံဖုိ႔ျငင္းပယ္ခဲ့တာကတေၾကာင္း စသည္တုိ႔ေၾကာင့္ ၁၈၀၄ခုႏွစ္အတြင္း သခၤ်ဳိင္းမွာ အုတ္ဂူ ၁၃လုံးသာ ရွိခဲ့ပါတယ္။

ေနာက္ႏွစ္ေတြမွာေတာ့ တျဖည္းျဖည္း ျမဳပ္ႏွံသူမ်ားျပားလာၿပီး ၁၈၁၂ ခုႏွစ္မွာေတာ့ ၈၃၃လုံးအထိရွိလာခဲ့ပါတယ္။ ၁၈၃၀ ခုႏွစ္မွာေတာ့ အုတ္ဂူေပါင္း ၃၃၀၀၀ ေက်ာ္ရွိခဲ့ၿပီး အလြန္ႀကီးမားတဲ့သခၤ်ဳိင္းျဖစ္လာခဲ့ပါတယ္။ ၂၀ရာစုမွာေတာ့ သခၤ်ဳိင္းထဲမွာ သစ္ပင္ပန္းမန္ေတြကို စုိက္ပ်ဳိးလာခဲ့ၿပီးတဲ့ေနာက္ ပထမဆုံး ဥယ်ာဥ္သခၤ်ဳိင္းျဖစ္လာခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ ဒီသခၤ်ဳိင္းမွာ ျမဳပ္ႏွံခြင့္ကုိ ကန္႔သတ္လုိက္ပါတယ္။ ပါရီၿမဳိ႔ထဲမွာ ေနထုိင္ၿပီးေသဆုံးသူမွသာ ျမဳပ္ႏွံခြင့္ရွိမယ္ ဆုိတဲ့စည္းမ်ဥ္းနဲ႔ လက္ခံခဲ့ပါတယ္။ ယခုအခ်ိန္မွာေတာ့ ျမဳပ္ႏွံမယ့္သခၤ်ဳိင္းေျမကြက္တန္ဖုိး ေစ်းအလြန္ႀကီးတာအျပင္ ေျမကြက္လြတ္ေတြလည္းရွားပါးလာတာေၾကာင့္ အသစ္ျမဳပ္ႏွံသူ ရွားပါးလာပါတယ္။

အုတ္ဂူအေရအတြက္ကလည္း ၁သန္းေက်ာ္ရွိလာခဲ့ပါၿပီ။ အျခားသခၤ်ဳိင္းေတြနဲ႔ မတူတဲ့အခ်က္ကေတာ့ ေသဆုံးသူေတြရဲ႕အုတ္ဂူေတြကို တခမ္းတနားဒီဇုိင္းေတြ ၊ ရုပ္တုေတြနဲ႔ ပုံေဖာ္ထားတာျဖစ္ပါတယ္။ သခၤ်ဳိင္းျဖစ္ေပမယ့္ အလြန္ထူးျခားဆန္းျပားတဲ့ ဂူေတြ နဲ႔ ျမင္ကြင္းေတြေၾကာင့္ ႏွစ္စဥ္ လာေရာက္ၾကည့္ရႈလည္ပတ္သူေပါင္း ၃.၅သန္း အထက္မွာ ရွိေနၿပီး လူအမ်ားဆုံးလာေရာက္ၾကည့္ရႈတဲ့ ကမာၻ႔နံပတ္ ၁ သခၤ်ဳိင္းလည္းျဖစ္ပါတယ္။

ဒီသခၤ်ဳိင္းရဲ႕ အေက်ာ္ၾကားဆုံး အုတ္ဂူကေတာ့ ကမာၻေက်ာ္ အုိင္းရစ္ကဗ်ာ နဲ႔ ျပဇာတ္ဆရာ ေအာ္စကာ၀ုိင္း(Oscar Wilde) ရဲ႕ အုတ္ဂူပဲျဖစ္ပါတယ္။ ကမာၻ႔ အလွဆုံးဆုိတဲ့ သခၤ်ဳိင္းကို ေအာက္က ပုံေလးေတြၾကည့္ၿပီး သြားေရာက္လည္ပတ္လုိက္ပါဦး ။

VIDEO နဲ႔ သြားလည္မယ္

———

 

ကမ္ဘာ့ အလှဆုံးနဲ့ အထူးဆန်းဆုံးသင်္ချိုင်း (သို့) Père Lachaise သင်္ချိုင်း (unicode)

သေဆုံးသူတွေမြုပ်နှံရာ သင်္ချိုင်းဆိုတာနဲ့ လူအများစုက နှစ်မြို့ခြင်းမရှိကြပါဘူး။ မကောင်းတဲ့ အတိတ်နမိတ်လို့ ထင်တတ်ကြပါတယ်။ တချို့ကတော့ သံဝေဂရစရာ နေရာ ၊ ဖြစ်ပြီးရင်ပျက်ရမယ်ဆိုတာကို လက်တွေ့ပြတဲ့ နေရာတွေအဖြစ်မှတ်ယူကြပါတယ်။ သင်္ချိုင်းတွေထဲမှာမှ ဒီလိုလှပပြီး ထူးဆန်းတဲ့သင်္ချိုင်းတွေရှိနေသေးကြောင်း သုတဇုန်မိတ်ဆွေတွေကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေချင်ပါတယ်။ အခုမျှဝေမယ့် သင်္ချိုင်းကတော့ ပြင်သစ်နိုင်ငံ Paris မြို့က Père Lachaise သင်္ချိုင်းဖြစ်ပါတယ်။

Père Lachaise သင်္ချိုင်းဟာ ပါရီမြို့ရဲ့ အကြီးဆုံးသင်္ချိုင်းဖြစ်ပြီး ကမ္ဘာ့အလှပဆုံး နဲ့ အထူးဆန်းဆုံး သင်္ချိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ပါရီမြို့ရဲ့ အရှေ့ဘက် ၁၁၀ဧက ကျယ်ဝန်းတဲ့မြေပေါ်မှာတည်ရှိပါတယ်။ သင်္ချိုင်းရဲ့နာမည်ကတော့ ပြင်သစ် ၁၄ဆက်မြောက်လူဝီဘုရင်ရဲ့ ဘုန်းတော်ကြီး Père de la Chaise ရဲ့အမည်ကိုပေးထားခြင်းဖြစ်ပါတယ်။ ၁၈၀၄ခုနှစ် မေလ ၂၁ရက်နေ့မှာ ပြင်သစ်ဘုရင်နပိုလီယံက သင်္ချိုင်းအဖြစ်စတင်ဖွင့်လှစ်သတ်မှတ်ခဲ့ပါတယ်။ သင်္ချိုင်းဖွင့်ပြီး ပထမဆုံး မြုပ်နှံခဲ့သူကတော့ အသက် ၅နှစ်အရွယ်ရှိတဲ့ Adélaïde Paillard ဆိုတဲ့ကလေးမလေးဖြစ်ပါတယ်။ မဖွင့်မီ ၃ရက်အလိုတည်းက နိုင်ငံသားဖြစ်သူ လူမျိုးဘာသာမရွေး ဒီသင်္ချိုင်းမှာ မြုပ်နှံနိုင်ကြောင်း နပိုလီယံကကြေငြာခဲ့ပါတယ်။

သင်္ချိုင်းနဲ့နေရာဟာ မြို့နဲ့အလှမ်းဝေးတာက တကြောင်း၊ ရိုမန်ကတ်သလစ်ဘာသာဝင် အများစုက သူတို့ဘာသာဝင်တွေကို ဘုရားကျောင်းနဲ့ အလှမ်းဝေးတဲ့သင်္ချိုင်းမှာ မြုပ်နှံဖို့ငြင်းပယ်ခဲ့တာကတကြောင်း စသည်တို့ကြောင့် ၁၈၀၄ခုနှစ်အတွင်း သင်္ချိုင်းမှာ အုတ်ဂူ ၁၃လုံးသာ ရှိခဲ့ပါတယ်။ နောက်နှစ်တွေမှာတော့ တဖြည်းဖြည်း မြုပ်နှံသူများပြားလာပြီး ၁၈၁၂ ခုနှစ်မှာတော့ ၈၃၃လုံးအထိရှိလာခဲ့ပါတယ်။ ၁၈၃၀ ခုနှစ်မှာတော့ အုတ်ဂူပေါင်း ၃၃၀၀၀ ကျော်ရှိခဲ့ပြီး အလွန်ကြီးမားတဲ့သင်္ချိုင်းဖြစ်လာခဲ့ပါတယ်။ ၂ဝရာစုမှာတော့ သင်္ချိုင်းထဲမှာ သစ်ပင်ပန်းမန်တွေကို စိုက်ပျိုးလာခဲ့ပြီးတဲ့နောက် ပထမဆုံး ဥယျာဉ်သင်္ချိုင်းဖြစ်လာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဒီသင်္ချိုင်းမှာ မြုပ်နှံခွင့်ကို ကန့်သတ်လိုက်ပါတယ်။ ပါရီမြို့ထဲမှာ နေထိုင်ပြီးသေဆုံးသူမှသာ မြုပ်နှံခွင့်ရှိမယ် ဆိုတဲ့စည်းမျဉ်းနဲ့ လက်ခံခဲ့ပါတယ်။ ယခုအချိန်မှာတော့ မြုပ်နှံမယ့်သင်္ချိုင်းမြေကွက်တန်ဖိုး ဈေးအလွန်ကြီးတာအပြင် မြေကွက်လွတ်တွေလည်းရှားပါးလာတာကြောင့် အသစ်မြုပ်နှံသူ ရှားပါးလာပါတယ်။ အုတ်ဂူအရေအတွက်ကလည်း ၁သန်းကျော်ရှိလာခဲ့ပါပြီ။ အခြားသင်္ချိုင်းတွေနဲ့ မတူတဲ့အချက်ကတော့ သေဆုံးသူတွေရဲ့အုတ်ဂူတွေကို တခမ်းတနားဒီဇိုင်းတွေ ၊ ရုပ်တုတွေနဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။ သင်္ချိုင်းဖြစ်ပေမယ့် အလွန်ထူးခြားဆန်းပြားတဲ့ ဂူတွေ နဲ့ မြင်ကွင်းတွေကြောင့် နှစ်စဉ် လာရောက်ကြည့်ရှုလည်ပတ်သူပေါင်း ၃.၅သန်း အထက်မှာ ရှိနေပြီး လူအများဆုံးလာရောက်ကြည့်ရှုတဲ့ ကမ္ဘာ့နံပတ် ၁ သင်္ချိုင်းလည်းဖြစ်ပါတယ်။ ဒီသင်္ချိုင်းရဲ့ အကြော်ကြားဆုံး အုတ်ဂူကတော့ ကမ္ဘာကျော် အိုင်းရစ်ကဗျာ နဲ့ ပြဇာတ်ဆရာ အော်စကာဝိုင်း(Oscar Wilde) ရဲ့ အုတ်ဂူပဲဖြစ်ပါတယ်။ ကမ္ဘာ့ အလှဆုံးဆိုတဲ့ သင်္ချိုင်းကို အောက်က ပုံလေးတွေကြည့်ပြီး သွားရောက်လည်ပတ်လိုက်ပါ။

Leave a Reply