လက္ႏွစ္ဖက္ကို သုံးကာ အေၾကာင္းအရာႏွစ္ခုကို တစ္ၿပဳိင္နက္ေရးႏိုင္ၾကသူမ်ား

Posted on

ကမာၻေပၚမွာ ရွိတဲ့ ၉၉% ေသာ သူေတြဟာ ဘယ္သန္(သုိ႔) ညာသန္ေတြျဖစ္ပါတယ္။ က်န္တဲ့ ၁% ကေတာ့ ဘယ္ညာႏွစ္ဖက္စလုံး သန္တဲ့သူေတြျဖစ္ပါတယ္။ ဒါေပမယ့္ ႏွစ္ဖက္စလုံးသန္ေသာ္ျငား တစ္ဖက္ဖက္ကိုပုိသန္ၾကတဲ့ သူေတြျဖစ္ပါတယ္။ လက္ႏွစ္ဖက္ နဲ႔ ေဘာ့ပင္ႏွစ္ေခ်ာင္းကို ကုိင္ၿပီး တစ္ၿပဳိင္နက္ စာေရးႏုိင္တဲ့သူဆုိတာ အေတာ္ရွားလိမ့္မယ္လုိ႔ သင္ထင္ႏုိင္ပါတယ္။ ဒါေပမယ့္ အိႏၵိယ Veena Vandini ဆုိတဲ့ ေက်ာင္းက ေက်ာင္းသူ ေက်ာင္းသား ၃၀၀ ခန္႔ဟာ အဲဒီလုိမ်ဳိးေရးႏုိင္တယ္ဆုိရင္ သင္အံၾသသြားပါလိမ့္မယ္။

သူတုိ႔ဘာလုိ႔ ႏွစ္ဖက္စလုံးနဲ႔ ေရးႏုိင္ၾကပါသလဲ..
အေၾကာင္းကေတာ့ ေက်ာင္းတည္ေထာင္သူ VP Sharma ေၾကာင့္လုိ႔ ဆုိရပါမယ္။ သူဟာ ငယ္စဥ္ကတည္းက အိႏၵိယပထမဆုံးသမၼတ Rajendra Prasad ကုိ အလြန္ေလးစားႏွစ္သက္သူျဖစ္ပါတယ္။ သမၼတရဲ႕ အစြမ္းေတြထဲမွာ လက္ႏွစ္ဖက္စလုံးနဲ႔ စာကြ်မ္းကြ်မ္းက်င္က်င္ေရးႏုိင္ျခင္း လည္းပါပါတယ္။ အဲဒီအစြမ္းကို Sharma က အရမ္းသေဘာက်တာေၾကာင့္ ႏွစ္ဖက္စလုံးကြ်မ္းက်င္ေအာင္ ငယ္စဥ္ကတည္းက ေလ့က်င့္ခဲ့ပါတယ္။ ႏွစ္ေပါင္းမ်ားစြာ ေလ့က်င့္ၿပီးတဲ့ေနာက္မွာေတာ့ သူဟာ သမၼတလုိပဲ လက္ႏွစ္ဖက္စလုံးနဲ႔ တစ္ၿပဳိင္နက္ စာေရးႏုိင္လာပါတယ္။ သူလုိပဲ အျခားသူေတြကုိ ေလ့က်င့္ေပးခ်င္တာေၾကာင့္ သူ႔ရဲ႕ရြာမွာ ေက်ာင္းသားအနည္းငယ္ နဲ႔ ေက်ာင္းတစ္ေက်ာင္းကို စေထာင္ခဲ့ပါတယ္။

VIDEO

အခုဆုိရင္ သူ႔ရဲ႕ေက်ာင္းမွာ ေက်ာင္းသား ၃၀၀ ခန္႔ရွိေနၿပီျဖစ္ပါတယ္။ ၁၉၉၉ ခုႏွစ္တည္းက တည္ေထာင္ခဲ့တာျဖစ္တာေၾကာင့္ သက္တမ္း ႏွစ္ ၂၀ နီးပါးရွိေနပါၿပီ။ ဒီေက်ာင္းဟာ လက္ႏွစ္ဖက္စလုံး စာကြ်မ္းက်င္စြာေရးဖုိ႔ အထူးသင္ၾကားတဲ့ေက်ာင္းျဖစ္ပါတယ္။ ပုံမွန္စာေတြကုိလည္း သင္ၾကားေပမယ့္ စာသင္ခ်ိန္ ၄၅မိနစ္တုိင္းမွာ လက္ႏွစ္ဖက္နဲ႔စာေရးက်င့္ခ်ိန္ ၁၅မိနစ္ပါ၀င္ပါတယ္။ အဲဒီေက်ာင္းရဲ႕ ၇ တန္း ၈ တန္းေက်ာင္းသားေတြဟာ လက္ႏွစ္ဖက္နဲ႔ မတူညီတဲ့ဘာသာစကားႏွစ္ခုကို တစ္ၿပဳိင္နက္ေရးႏုိင္တဲ့အထိကြ်မ္းက်င္ၾကပါတယ္။ ဒီလုိေရးရာမွာ လက္ေရးေတြကလည္း ေသသပ္ တိက်ပါသတဲ့။

VIDEO

“လက္ႏွစ္ဖက္ ကုိ တစ္ၿပဳိင္နက္ ကြ်မ္းကြ်မ္းက်င္က်င္စာေရးဖုိ႔ဆုိတာ ျဖစ္ႏုိင္ေျခနည္းတယ္လုိ႔ ထင္ရပါတယ္။ ဒါေပမယ့္ ႀကဳိးစားေလ့က်င့္ရင္ မျဖစ္ႏုိင္ဘူးဆိုတာ မရွိပါဘူး။ အစပုိင္းမွာ အရမ္းခက္ခဲမွာပါ။ အာရုံကုိႏွစ္ခုခြဲဖုိ႔ဆုိတာကလည္း ပုိခက္ဦးမွာပါ။ အမွားေတြလည္း မၾကာခဏေရးမိပါလိမ့္မယ္။ ေလ့က်င္တာ ၾကာလာတာနဲ႔ အမွ် ေနာက္ဆုံးမွာေရးႏုိင္သြားတာပါပဲ” လုိ႔ ေက်ာင္းတည္ေထာင္သူ Sharma က ဆုိပါတယ္။ အေမရိကန္ နဲ႔ ဖင္လန္က ပညာေရးအဖြဲ႔အစည္းေတြကေတာ့ လက္ႏွစ္ဖက္စလုံးကြ်မ္းက်င္တဲ့သူေတြဟာ စာေလ့လာရာမွာ ျပသနာေတြရွိႏုိင္သလုိ ၊ ပုုံမွန္ထက္ပိုညံ့လာတတ္တယ္လုိ႔ ဆုိေပမယ့္ Sharma ကေတာ့ လက္မခံပါဘူး။ ဒီလုိ အာရုံႏွစ္ခုကို တစ္ခုစီစုစည္းရတဲ့အတြက္ မွတ္ဥာဏ္နဲ႔ စိတ္စြမ္းအင္ေတာင္ ပိုိတိုးလာေစလိမ့္မယ္ လုိ႔ သူက ယုံၾကည္ေနပါတယ္။

———-

လက်နှစ်ဖက်ကို သုံးကာ အကြောင်းအရာနှစ်ခုကို တစ်ပြိုင်နက်ရေးနိုင်ကြသူများ (unicode)

ကမ္ဘာပေါ်မှာ ရှိတဲ့ ၉၉% သော သူတွေဟာ ဘယ်သန်(သို့) ညာသန်တွေဖြစ်ပါတယ်။ ကျန်တဲ့ ၁% ကတော့ ဘယ်ညာနှစ်ဖက်စလုံး သန်တဲ့သူတွေဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဖက်စလုံးသန်သော်ငြား တစ်ဖက်ဖက်ကိုပိုသန်ကြတဲ့ သူတွေဖြစ်ပါတယ်။ လက်နှစ်ဖက် နဲ့ ဘော့ပင်နှစ်ချောင်းကို ကိုင်ပြီး တစ်ပြိုင်နက် စာရေးနိုင်တဲ့သူဆိုတာ အတော်ရှားလိမ့်မယ်လို့ သင်ထင်နိုင်ပါတယ်။ ဒါပေမယ့် အိန္ဒိယ Veena Vandini ဆိုတဲ့ ကျောင်းက ကျောင်းသူ ကျောင်းသား ၃၀၀ ခန့်ဟာ အဲဒီလိုမျိုးရေးနိုင်တယ်ဆိုရင် သင်အံဩသွားပါလိမ့်မယ်။

သူတို့ဘာလို့ နှစ်ဖက်စလုံးနဲ့ ရေးနိုင်ကြပါသလဲ..
အကြောင်းကတော့ ကျောင်းတည်ထောင်သူ VP Sharma ကြောင့်လို့ ဆိုရပါမယ်။ သူဟာ ငယ်စဉ်ကတည်းက အိန္ဒိယပထမဆုံးသမ္မတ Rajendra Prasad ကို အလွန်လေးစားနှစ်သက်သူဖြစ်ပါတယ်။ သမ္မတရဲ့ အစွမ်းတွေထဲမှာ လက်နှစ်ဖက်စလုံးနဲ့ စာကျွမ်းကျွမ်းကျင်ကျင်ရေးနိုင်ခြင်း လည်းပါပါတယ်။ အဲဒီအစွမ်းကို Sharma က အရမ်းသဘောကျတာကြောင့် နှစ်ဖက်စလုံးကျွမ်းကျင်အောင် ငယ်စဉ်ကတည်းက လေ့ကျင့်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးတဲ့နောက်မှာတော့ သူဟာ သမ္မတလိုပဲ လက်နှစ်ဖက်စလုံးနဲ့ တစ်ပြိုင်နက် စာရေးနိုင်လာပါတယ်။ သူလိုပဲ အခြားသူတွေကို လေ့ကျင့်ပေးချင်တာကြောင့် သူ့ရဲ့ရွာမှာ ကျောင်းသားအနည်းငယ် နဲ့ ကျောင်းတစ်ကျောင်းကို စထောင်ခဲ့ပါတယ်။

အခုဆိုရင် သူ့ရဲ့ကျောင်းမှာ ကျောင်းသား ၃၀၀ ခန့်ရှိနေပြီဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်တည်းက တည်ထောင်ခဲ့တာဖြစ်တာကြောင့် သက်တမ်း နှစ် ၂၀ နီးပါးရှိနေပါပြီ။ ဒီကျောင်းဟာ လက်နှစ်ဖက်စလုံး စာကျွမ်းကျင်စွာရေးဖို့ အထူးသင်ကြားတဲ့ကျောင်းဖြစ်ပါတယ်။ ပုံမှန်စာတွေကိုလည်း သင်ကြားပေမယ့် စာသင်ချိန် ၄၅မိနစ်တိုင်းမှာ လက်နှစ်ဖက်နဲ့စာရေးကျင့်ချိန် ၁၅မိနစ်ပါဝင်ပါတယ်။ အဲဒီကျောင်းရဲ့ ၇ တန်း ၈ တန်းကျောင်းသားတွေဟာ လက်နှစ်ဖက်နဲ့ မတူညီတဲ့ဘာသာစကားနှစ်ခုကို တစ်ပြိုင်နက်ရေးနိုင်တဲ့အထိကျွမ်းကျင်ကြပါတယ်။ ဒီလိုရေးရာမှာ လက်ရေးတွေကလည်း သေသပ် တိကျပါသတဲ့။

“လက်နှစ်ဖက် ကို တစ်ပြိုင်နက် ကျွမ်းကျွမ်းကျင်ကျင်စာရေးဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ကြိုးစားလေ့ကျင့်ရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ အစပိုင်းမှာ အရမ်းခက်ခဲမှာပါ။ အာရုံကိုနှစ်ခုခွဲဖို့ဆိုတာကလည်း ပိုခက်ဦးမှာပါ။ အမှားတွေလည်း မကြာခဏရေးမိပါလိမ့်မယ်။ လေ့ကျင်တာ ကြာလာတာနဲ့ အမျှ နောက်ဆုံးမှာရေးနိုင်သွားတာပါပဲ” လို့ ကျောင်းတည်ထောင်သူ Sharma က ဆိုပါတယ်။ အမေရိကန် နဲ့ ဖင်လန်က ပညာရေးအဖွဲ့အစည်းတွေကတော့ လက်နှစ်ဖက်စလုံးကျွမ်းကျင်တဲ့သူတွေဟာ စာလေ့လာရာမှာ ပြသနာတွေရှိနိုင်သလို ၊ ပုံမှန်ထက်ပိုညံ့လာတတ်တယ်လို့ ဆိုပေမယ့် Sharma ကတော့ လက်မခံပါဘူး။ ဒီလို အာရုံနှစ်ခုကို တစ်ခုစီစုစည်းရတဲ့အတွက် မှတ်ဥာဏ်နဲ့ စိတ်စွမ်းအင်တောင် ပိုတိုးလာစေလိမ့်မယ် လို့ သူက ယုံကြည်နေပါတယ်။

Leave a Reply