ကမာၻ႔သမုိင္းမွာ ၾသဇာလႊမ္းမုိးမႈအရွိဆုံး သိပၸံပညာရွင္ (သုိ႔) ရူပေဗဒပညာရွင္ႀကီး နယူတန္ ရဲ႕ အေၾကာင္း

Posted on

ဆာအိုက္ဆက္ နယူတန္ (Sir Isaac Newton) (၁၆၄၃ ဇႏၷဝါရီလ ၄ – ၁၇၂၇ မတ္လ ၃၁) သည္ အဂၤလိပ္လူမ်ိဳး ႐ူပေဗဒပညာရွင္၊ သခ်ၤာပညာရွင္၊ နကၡတၱေဗဒပညာရွင္၊ အေတြးအေခၚပညာရွင္ တစ္ဦးျဖစ္ၿပီး ကမၻာ့သမိုင္းတြင္ ဩဇာလႊမ္းမိုးမႈ ႀကီးမားသူတစ္ဦးအျဖစ္ အမ်ားက ယူဆထားသည္။ နယူတန္သည္ ၁၆၈၇ ခုႏွစ္တြင္ ကမၻာေျမႀကီး၏ဆြဲငင္အားႏွင့္ သက္ဆိုင္သည့္ နိယာမမ်ားကို ထုတ္ျပန္ခဲ့သည္။ ယင္းလႈပ္ရွားမႈဆိုင္ရာ နယူတန္ နိယာမ သုံးရပ္သည္ ေနာက္ႏွစ္ေပါင္း သုံးရာေက်ာ္အတြင္း ႐ူပေဗဒေလာကအေပၚ နက္နက္႐ႈိင္း႐ႈိင္း သက္ေရာက္ခဲ့သည္ဟု ဆိုႏိုင္သည္။

နယူတန္သည္လည္း ပထမဦးဆုံးေသာ အေဝးၾကည့္မွန္ေျပာင္း တယ္လီစကုပ္ကို တီထြင္ခဲ့သူ ျဖစ္သည္။ အျဖဴေရာင္ အလင္းတန္းမ်ား သုံးေျမႇာင့္ဖန္တုန္းအား ျဖတ္သန္းစဥ္ ေရာင္စဥ္ ၇ မ်ိဳးအျဖစ္ ျဖာထြက္သြားျခင္းကို အေျခခံ၍ အေရာင္သီအိုရီကိုလည္း ထုတ္ျပန္ခဲ့သည္။ သူသည္ ေအးခဲျခင္း နိယာမကို ေရးသားခဲ့သည့္အျပင္ အသံ၏ အရွိန္ႏႈန္းကိုလဲ ေလ့လာခဲ့သည္။ ယေန႔ေခတ္ သိပၸံပညာမွာ အံ့မခန္းပင္ ျဖစ္သည္။ ၁၇ ရာစုက သခ်ၤာ ႏွင့္ သိပၸံပညာရွင္ ဆာအိုင္းဇက္နယူတန္ ၏ သီအိုရီမ်ား ၊ ေလ့လာေတြ႕ရွိခ်က္မ်ား ၊ နိယာမမ်ားသာ မရွိပါလၽွင္ သိပၸံပညာလည္း ရွိမည္ မဟုတ္ေတာ့ပါ။ ေနာင္လာ ေနာက္သားမ်ားအတြက္ အလြန္ေက်းဇူးမ်ားေသာ သိပၸံပညာ၏ အေျခခံသေဘာတရားမ်ားကို ေဖာ္ထုတ္ခဲ့ေသာ ဆာအိုင္းဇက္နယူတန္၏ ေက်းဇူးကား ႀကီးမားလွပါေပသည္။

ဆာအိုင္းဇက္နယူတန္ကို ၁၆၄၂ တြင္ အဂၤလန္ႏိုင္ငံ Woolsthorpe ၌ ေမြးဖြားသည္။ ေျမပိုင္ရွင္မ်ိဳး႐ိုးျဖစ္သည္။ သူသည္ေမြးဖြားစဥ္က အခ်ိန္မတိုင္မီ လမေစ့ဘဲ ေမြးလာခဲ့ေသာ premature baby ျဖစ္သျဖင့္ အလြန္ေသးေကြးသည္။ နယူတန္၏ ဖခင္ျဖစ္သူမွာ သူ႕ကို မေမြးဖြားမီ ၃လအလိုက ကြယ္လြန္သြားခဲ့၍ နယူတန္မွာ ဖတဆိုးေလးျဖစ္သည္။ မိခင္ျဖစ္သူမွာ သူ ၂ႏွစ္သားအ႐ြယ္တြင္ ေနာက္အိမ္ေထာင္ျပဳကာ နယူတန္ကို အဖြားထံတြင္ ထားခဲ့ေလသည္။ သူသည္ ငယ္စဥ္ဘဝတြင္ က်န္းမာေရး အလြန္ ခ်ဴခ်ာကာ အျခားေသာ ကေလးမ်ားကဲ့သို႔ ခုန္ေပါက္ေျပးလႊား မကစားႏိုင္ေပ။ ေနနာရီ၊ သစ္သားတိုင္ကပ္နာရီမ်ားျဖင့္သာ ေဆာ့ကစား ၍ ေပ်ာ္႐ႊင္ခဲ့ေလသည္။ စာဖတ္ျခင္းႏွင့္ ဂ်ာနယ္မ်ား စုေဆာင္းျခင္းကို ဝါသနာပါေလသည္။

သူေနထိုင္ရာ ႐ြာေလးက ေက်ာင္းတြင္ ပညာသင္ၾကားခဲ့ၿပီးေနာက္တြင္ Grantham Grammar School သို႔သြားေရာက္ ပညာသင္ၾကားသည္။ ေက်ာင္းမွတ္တမ္းမ်ားအရ သူသည္ ေက်ာင္းတြင္ အညံ့ဆုံးႏွင့္ ေက်ာင္းစာတြင္ အာ႐ုံ စူးစိုက္မႈ မရွိဆုံး ေက်ာင္းသားျဖစ္သည္။ ဂရမ္သမ္ေက်ာင္းသည္ သူ႕အိမ္မွ ၅မိုင္ခန္႔သာ ကြာေဝးေသာ္လည္း ဘယေဆးဆရာတစ္ဦး၏ ေနအိမ္တြင္ ေနထိုင္ကာ ေက်ာင္းတက္ခဲ့သည္။ဘယေဆးဆရာ၏ သမီးျဖစ္သူ Miss Storey ႏွင့္ရည္ငံကာ ေစ့စပ္ေၾကာင္းလမ္းခဲ့သည္။

နယူတန္၏ဦးေလး ျဖစ္သူက တိုက္တြန္းသျဖင့္ အသက္ ၁၉ ႏွစ္သားအ႐ြယ္တြင္ Cambridge University သို႔ သြားေရာက္ပညာသင္ၾကားခဲ့သည္။ ၁၆၆၁ ဇြန္လ ၅ရက္ေန႔တြင္ သူသည္ Trinity College ၊ Cambridge သို႔ဝင္ေရာက္ခဲ့သည္။ သူသည္ အျခားေက်ာင္းသား မ်ားထက္ အသက္ႀကီးၿပီး Trinity College ေကာလိပ္တြင္ ပညာသင္စရိတ္ကို အျခား ေက်ာင္းသားမ်ား၏ အေစခံအလုပ္ကို လုပ္ကာ ရွာေဖြခဲ့ေလသည္။

နယူတန္သည္ တြင္ ဥပေဒ ပညာရပ္ကိုသင္ယူခဲ့သည္။ Aristotle ၊ Descartes ၊ Gassendi ၊ Hobbes ၊Boyle တို႔၏ ဒႆနိကေဗဒ ကိုေလ့လာ သင္ယူခဲ့သည္။ ဂယ္လီလီယို၏ နကၡတၱေဗဒ က သူ႕အား အထူး ဆြဲေဆာင္ခဲ့ၿပီး Kepler ၏ Optics ကိုလည္း ေလ့လာ သင္ယူခဲ့သည္။ သူ႕အေတြးမ်ား၏ မွတ္တမ္းသဖြယ္ျဖစ္ေသာ Quaestiones Quaedam Philosophicae (Certain Philosophical Questions) စာအုပ္ကို ထုတ္ေဝခဲ့သည္။ ထိုစာအုပ္တြင္ “ပေလတိုသည္ ကၽြန္ေတာ္၏ သူငယ္ခ်င္း ျဖစ္သည္။ အရစၥတိုတယ္သည္ ကၽြန္ေတာ္၏ သူငယ္ခ်င္းျဖစ္သည္။ သို႔ေသာ္ ကၽြန္ေတာ္၏ အေကာင္းဆုံး သူငယ္ခ်င္းမွာ အမွန္တရားျဖစ္သည္” ဟု ေရးသားခဲ့သည္။

၁၆၆၃ ေႏြေႏွာင္းရာသီတြင္ သူသည္ သခ်ၤာဘာသာရပ္ကို စတင္ကာ စိတ္ဝင္စားခဲ့သည္။ သခ်ၤာဘာသာရပ္ႏွင့္ ဆက္ႏြယ္ကာ နကၡတၱေဗဒ ဘာသာရပ္ကိုလည္း ေလ့လာခဲ့သည္။ ၁၆၆၃ ဧၿပီလ ၂၈ ရက္တြင္ ေကာလိပ္၏ ပညာသင္ဆုရ ေက်ာင္းသားအျဖစ္ ေ႐ြးခ်ယ္ျခင္းကို ခံရသည္။ နယူတန္သည္ ေက်ာင္းပညာရပ္မ်ားတြင္သာ စိတ္ဝင္စားေနရာ သူ၏ အခ်စ္ဇာတ္လမ္းမွာ ေအးစက္သြားခဲ့ၿပီး ေစ့စပ္ထားေသာ ခ်စ္သူ Miss Storey က အျခားလူတစ္ေယာက္ႏွင့္ လက္ထပ္သြားလဲ့ေလသည္။ နယူတန္သည္ အခ်စ္ကို တန္ဖိုးထား ျမတ္ႏိုးေလသူ ျဖစ္သျဖင့္ ေနာက္ထပ္ အခ်စ္မရွာ ၊ အိမ္ေထာင္လည္း မျပဳေပ။

၁၆၆၅ ဧၿပီလတြင္ ဘီေအဘြဲ႕ကို ရရွိခဲ့သည္။ ထိုႏွစ္တြင္ပင္ ေၾကာက္မက္ဖြယ္ ေကာင္းေသာ ပလိပ္ေရာဂါဆိုးႀကီးက ဥေရာပသို႔ ကူးစက္လာရာ တကၠသိုလ္မ်ားကို ၂ႏွစ္ခန္႔ပိတ္လိုက္သျဖင့္ သူ႕ဇာတိျဖစ္ေသာ Woolsthorpe သို႔ျပန္လာရသည္။ နယူတန္သည္ အိမ္မွာေနစဥ္အတြင္း သခ်ၤာဘာသာရပ္ကို မျပတ္ေလ့လာေနခဲ့သည္။ ေက်ာင္းပိတ္ထား၍ အိမ္မွာေနစဥ္ ၂ ႏွစ္အတြင္းတြင္ သခ်ၤာႏွင့္ ႐ူပေဗဒ ဆိုင္ရာ ျပႆနာမ်ားကို ေတြ႕ရွိ ေျဖရွင္းႏိုင္ခဲ့သည္။ ကမၻာ ေျမႀကီးဆြဲအားနိယာမ (The Law of Universal Gravitation) ၊ အျဖဴေရာင္သည္ သက္တန္႔ေရာင္စဥ္မ်ားျဖင့္ ဖြဲ႕စည္းထားေၾကာင္း (The Theory of Optics) ၊ သခ်ၤာဘာသာရပ္ျဖစ္ေသာ integral and differential calculus မ်ားကို ရွာေဖြေတြ႕ရွိခဲ့သည္။

သူတီထြင္ခဲ့ေသာ သခ်ၤာ သီအိုရီမ်ားမွာ အလြန္အေရးပါၿပီး သခ်ၤာဘာသာ ပညာရပ္အတြက္ အလြန္အသုံးဝင္လွသည္။ ဆာ အိုင္းဆက္ နယူတန္ကိုသခ်ၤာပညာပါရမီရွင္ တစ္ဦးအျဖစ္ ယူဆ သတ္မွတ္ထားသည္။ နယူတန္သည္ ” Principia ” အမည္ရွိ စာအုပ္သုံးအုပ္တြဲ သခ်ၤာက်မ္းကို ၁၆၈၇-ခုႏွစ္တြင္ ေရးသားထုတ္ေဝခဲ့သည္။ အဆိုပါ စာအုပ္မ်ားတြင္ သူ႕၏ ထင္ရွားေက်ာ္ၾကားေသာ နယူတန္ ေ႐ြ႕လ်ားမႈနိယာမ (၃) မ်ိဳးကို ေရးသား ေဖာ္ျပထားသည္။ နယူတန္၏ ေ႐ြ႕လ်ားမႈ နိယာမကို မကၠင္းနစ္ ႐ူပေဗဒ ပညာရပ္၏ အဓိက အေျခခံ အျဖစ္ ယူဆသတ္မွတ္ထားသည္။ အဆိုပါ စာအုပ္မ်ားထဲတြင္ စၾကာဝဠာ ဆြဲအား ဥပေဒသ ႏွင့္ ၿဂိဳဟ္မ်ား၏ ေ႐ြ႕လ်ားမႈ ဆိုင္ရာ ကက္ပလာ ဥပေဒသ ( Kepler’s Law ) မ်ားကိုလည္း ေရးသား ေဖာ္ျပထားသည္။

ေနအိမ္ၿခံဝင္းအတြင္းတြင္ထိုင္ေနစဥ္ ပန္းသီးပင္ေပၚမွ ပန္းသီးေႂကြက်သည္ကို ေတြ႕ရွိ၍ ကမၻာေျမႀကီးဆြဲအားကို ရွာေဖြ ေဖာ္ထုတ္ႏိုင္ခဲ့သည္။ ၿဂိဳလ္မ်ား၏ ပတ္လမ္းမ်ားကို ေတြ႕ရွိခဲ့သည္။ ဂ်ဴပီတာၿဂိဳဟ္၏ အရံၿဂိဳလ္မ်ားႏွင့္ ပတ္လမ္းမ်ားကို ေတြ႕ရွိခဲ့သည္။ နယူတန္သည္ ၁၆၇၁ တြင္ De Methodis Serierum Fluxionum (On the Methods of Series of Fluxions) စာအုပ္ကို လက္တင္ဘာသာျဖင့္ ေရးသားခဲ့ေသာ္လည္း မထုတ္ေဝျဖစ္ခဲ့ေပ။ ၁၇၃၆ တြင္မွ အဂၤလိပ္ဘာသာျဖင့္ ထုတ္ေဝခဲ့သည္။

နယူတန္သည္ သူ၏ ရွာေဖြေတြ႕ရွိသည္မ်ားကို စာအုပ္ထုတ္ေဝရန္ အၿမဲစိတ္မပါ ျဖစ္ေလ့ရွိသည္။ ပလိပ္ေရာဂါဆိုးႀကီး ကင္းစင္ပေပ်ာက္ၿပီးေနာက္ ၁၆၆၇ တြင္ Cambridge University ျပန္ဖြင့္ေသာအခါ ေက်ာင္းျပန္တက္ခဲ့ၿပီးေနာက္ တစ္ႏွစ္အၾကာတြင္ မဟာဝိဇၨာ ဘြဲ႕ကို ရရွိခဲ့သည္။ ၁၆၆၉ တြင္ အသက္ ၂၇ ႏွစ္မျပည့္မီတြင္ သခ်ၤာပါေမာကၡ ရာထူးရရွိလဲ့သည္။ ၁၆၈၄တြင္ De Motu စာအုပ္ကို ထုတ္ေဝခဲ့ၿပီး အာကာသသိပၸံကို ရွင္းျပႏိုင္ခဲ့သည္။

ဂ်ာမန္ဒႆန ပညာရွင္ ေဂါ့ဖရိဒ္ လိုက္ဘနစ္ (Gollfried Leibniz) နဲ႔လည္း ျပႆနာ အႀကီးအက်ယ္ျဖစ္ခဲ့ဘူးတယ္။ Leibniz နဲ႔ Newton တို႔ႏွစ္ေယာက္လုံး သီးျခားစီ Calculus ကို စတင္ ေဖၚထုတ္ခဲ့ၾကတယ္။ ေနာက္ပိုင္းမွ သိရတာက Newton က Leibniz ထက္ ေစာၿပီး Calculus ကို ေတြ႕ရွိခဲ့ေပမယ့္၊ ေနာက္က်မွ ထုတ္ျပန္ခဲ့တယ္။ အဲဒါေၾကာင့္ Calculus ကို ဘယ္သူအရင္ေတြ႕ခဲ့တာလည္း ဆိုတဲ့ အျငင္းပြားမႈစတင္ခဲ့ၿပီး သိပၸံပညာရွင္ေတြၾကားမွာ သူ႕ဘက္ ကိုယ့္ဘက္ ျငင္းခုံၾကတယ္။ Newton ဘက္က ရွင္းလင္းတဲ့ ေျဖရွင္းခ်က္ေတြက သူ႕မိတ္ေဆြေတြရဲ႕ နာမည္နဲ႔ ျဖစ္ေနေပမယ့္ Newton ကိုယ္တိုင္ ေရးသားခဲ့တာပါ။

အျငင္းပြားမႈကို ေျဖရွင္းေပးဖို႔ Leibniz က Royal Society ကို အယူခံဝင္ခဲ့တယ္။ Newton က ဥကၠ႒ အေနနဲ႔ ဘက္မလိုက္တဲ့ ေကာ္မတီတစ္ရပ္ကို ဖြဲ႕ေပးခဲ့တယ္။ ဒါေပမယ့္ အဲဒီေကာ္မတီမွာ သူ႕မိတ္ေဆြေတြပဲ ပါဝင္ခဲ့တယ္။ ဒါတင္မကေသးဘူး ေကာ္မတီရဲ႕ အစီရင္ခံစာကို Newton ကပင္ေရးသားၿပီး Royal Society အေနနဲ႔ ထုတ္ျပန္ခဲ့တယ္။ အစီရင္ခံစာမွာ Leibniz အား သူတစ္ပါး အလုပ္ကို ခိုးခ်ခဲ့သည္ လို႔လည္း တရားဝင္စြပ္စြဲခဲ့တယ္။ ဒီမၽွနဲ႔ မေက်နပ္ေသးပဲ Royal Society က ထုတ္ေဝတဲ့ စာေစာင္မွာလည္း အစီရင္ခံစာနဲ႔ပတ္သက္တဲ့ ေခါင္းစဥ္နဲ႔ Leibniz ကို ေဝဖန္ထားတဲ့စာကို အမည္မေဖၚလိုသူ (Anonymous) နာမည္နဲ႔ ေရးသားခဲ့ေသးတယ္။

ေနာင္ ၂ႏွစ္အၾကာတြင္ သိပၸံပညာရပ္ဆိုင္ရာ သမိုင္းေၾကာင္းတြင္ အေရးပါဆုံး ၊ အေရးအႀကီးဆုံးျဖစ္ေသာ Philosophiae Naturalis Principia Mathematica (The Mathematical Principles of Natural Philosophy) စာအုပ္ကို ထုတ္ေဝႏိုင္ခဲ့သည္။ Principia Mathematica က်မ္းစာအုပ္ ထုတ္ေဝၿပီးေနာက္ပိုင္း ေက်ာ္ေဇာကိတၱိ ရွိလာၿပီး Royal Society ရဲ႕ ဥကၠ႒ အျဖစ္တင္ေျမႇာက္ျခင္း ခံရတယ္။ ေနာက္ပိုင္းမွာ Astronomer Royal, John Flamsteed တို႔နဲ႔ မသင့္မတင့္ျဖစ္လာခဲ့တယ္။သူ႕ရဲ႕ စာအုပ္ Principia အတြက္ အခ်က္အလက္ေတြကို Flamsteed ဆီက ရခဲ့ေပမယ့္ ေနာက္ပိုင္းမွာ မရေတာ့ပါဘူး။

အဲဒီေတာ့ သူ႕ဘာသာ Royal Observatory ရဲ႕ စီမံအုပ္ခ်ဳပ္သူအဖြဲ႕မွာ ပါဝင္ခဲ့ၿပီး အခ်က္အလက္ေတြကို ထုတ္ျပန္ခိုင္းခဲ့တယ္။ Flamsteed ရဲ႕အလုပ္ေတြကို သိမ္းဆည္းလိုက္ၿပီး Flamsteed ရဲ႕ ရန္ဖက္ျဖစ္တဲ့ အက္ေမာ ေဟလီ (Edmond Halley) ကို ပုံႏွိပ္ထုတ္ေဝေစတယ္။ ဒီကိစၥက တရား႐ုံးအထိေရာက္သြားၿပီး တရား႐ုံးက သိမ္းဆည္းလိုက္တဲ့ အလုပ္ေတြကို ပုံႏွိပ္ျခင္းမျပဳဖို႔ အမိန္႔ထုတ္ၿပီး Flamsteed ကို အႏိုင္ေပးလိုက္တယ္။ Newton က ေဒါသထြက္ၿပီး ေနာက္ပိုင္းထုတ္ေဝတဲ့ Principia စာအုပ္မ်ားမွာ Fleamsteed နဲ႔ ပတ္သက္တဲ့ အၫြန္းေတြကို ပယ္ဖ်က္ခဲ့တယ္။ ၁၆၉၃ တြင္ အာ႐ုံေၾကာ ခၽြတ္ယြင္းအားနည္းမႈ ေဝဒနာကို ျပင္းထန္စြာ ခံစားရၿပီး နာမက်န္းျဖစ္ခဲ့သည္။ ၁၆၉၆ တြင္ Warden and the Master of Mint ရာထူးကို ရခဲ့ေသာ္လည္း လန္ဒန္သို႔ ထြက္ခြာလာခဲ့သည္။

၁၇၀၃ တြင္ Royal Society ၏ ဥကၠ႒ ရာထူးကို ရရွိခဲ့ၿပီး ႏွစ္စဥ္ ျပန္လည္ေ႐ြးခ်ယ္ တင္ေျမႇာက္ျခင္းကို ခံရေလသည္။ ၁၇၀၅တြင္ အန္းဘုရင္မ (Queen Ann) က နယူတန္အား ပထမဦးဆုံးေသာ သိပၸံပညာရွင္ အျဖစ္ သူေကာင္းျပဳခဲ့သည္။ ၁၇၁၇တြင္ လက္တင္ဘာသာျဖင့္ ထုတ္ေဝခဲ့ေသာ စာအုပ္ကို အဂၤလိပ္ဘာသာျဖင့္ ျပန္လည္ ထုတ္ေဝခဲ့သည္။ ၁၇၂၇ ၊မတ္လ ၂ဝ ရက္ေန႔တြင္ လန္ဒန္ၿမိဳ႕၌ ကြယ္လြန္ခဲ့သည္။

Newton, Isaac” in the Dictionary of Scientific Biography
Stokes, Mitch (2010). Isaac Newton. Thomas Nelson,
Fellows of the Royal Society။ Royal Society
Myanmr Wikipedia

———–
ကမ္ဘာ့သမိုင်းမှာ ဩဇာလွှမ်းမိုးမှုအရှိဆုံး သိပ္ပံပညာရှင် (သို့) ရူပဗေဒပညာရှင်ကြီး နယူတန် ရဲ့ အကြောင်း (unicode)

ဆာအိုက်ဆက် နယူတန် (Sir Isaac Newton) (၁၆၄၃ ဇန္နဝါရီလ ၄ – ၁၇၂၇ မတ်လ ၃၁) သည် အင်္ဂလိပ်လူမျိုး ရူပဗေဒပညာရှင်၊ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒပညာရှင်၊ အတွေးအခေါ်ပညာရှင် တစ်ဦးဖြစ်ပြီး ကမ္ဘာ့သမိုင်းတွင် ဩဇာလွှမ်းမိုးမှု ကြီးမားသူတစ်ဦးအဖြစ် အများက ယူဆထားသည်။ နယူတန်သည် ၁၆၈၇ ခုနှစ်တွင် ကမ္ဘာမြေကြီး၏ဆွဲငင်အားနှင့် သက်ဆိုင်သည့် နိယာမများကို ထုတ်ပြန်ခဲ့သည်။ ယင်းလှုပ်ရှားမှုဆိုင်ရာ နယူတန် နိယာမ သုံးရပ်သည် နောက်နှစ်ပေါင်း သုံးရာကျော်အတွင်း ရူပဗေဒလောကအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်ခဲ့သည်ဟု ဆိုနိုင်သည်။

နယူတန်သည်လည်း ပထမဦးဆုံးသော အဝေးကြည့်မှန်ပြောင်း တယ်လီစကုပ်ကို တီထွင်ခဲ့သူ ဖြစ်သည်။ အဖြူရောင် အလင်းတန်းများ သုံးမြှောင့်ဖန်တုန်းအား ဖြတ်သန်းစဉ် ရောင်စဉ် ၇ မျိုးအဖြစ် ဖြာထွက်သွားခြင်းကို အခြေခံ၍ အရောင်သီအိုရီကိုလည်း ထုတ်ပြန်ခဲ့သည်။ သူသည် အေးခဲခြင်း နိယာမကို ရေးသားခဲ့သည့်အပြင် အသံ၏ အရှိန်နှုန်းကိုလဲ လေ့လာခဲ့သည်။ ယနေ့ခေတ် သိပ္ပံပညာမှာ အံ့မခန်းပင် ဖြစ်သည်။ ၁၇ ရာစုက သင်္ချာ နှင့် သိပ္ပံပညာရှင် ဆာအိုင်းဇက်နယူတန် ၏ သီအိုရီများ ၊ လေ့လာတွေ့ရှိချက်များ ၊ နိယာမများသာ မရှိပါလျှင် သိပ္ပံပညာလည်း ရှိမည် မဟုတ်တော့ပါ။ နောင်လာ နောက်သားများအတွက် အလွန်ကျေးဇူးများသော သိပ္ပံပညာ၏ အခြေခံသဘောတရားများကို ဖော်ထုတ်ခဲ့သော ဆာအိုင်းဇက်နယူတန်၏ ကျေးဇူးကား ကြီးမှားလှပါပေသည်။

ဆာအိုင်းဇက်နယူတန်ကို ၁၆၄၂ တွင် အင်္ဂလန်နိုင်ငံ Woolsthorpe ၌ မွေးဖွားသည်။ မြေပိုင်ရှင်မျိုးရိုးဖြစ်သည်။ သူသည်မွေးဖွားစဉ်က အချိန်မတိုင်မီ လမစေ့ဘဲ မွေးလာခဲ့သော premature baby ဖြစ်သဖြင့် အလွန်သေးကွေးသည်။ နယူတန်၏ ဖခင်ဖြစ်သူမှာ သူ့ကို မမွေးဖွားမီ ၃လအလိုက ကွယ်လွန်သွားခဲ့၍ နယူတန်မှာ ဖတဆိုးလေးဖြစ်သည်။ မိခင်ဖြစ်သူမှာ သူ ၂နှစ်သားအရွယ်တွင် နောက်အိမ်ထောင်ပြုကာ နယူတန်ကို အဖွားထံတွင် ထားခဲ့လေသည်။ သူသည် ငယ်စဉ်ဘဝတွင် ကျန်းမာရေး အလွန် ချူချာကာ အခြားသော ကလေးများကဲ့သို့ ခုန်ပေါက်ပြေးလွှား မကစားနိုင်ပေ။ နေနာရီ၊ သစ်သားတိုင်ကပ်နာရီများဖြင့်သာ ဆော့ကစား ၍ ပျော်ရွှင်ခဲ့လေသည်။ စာဖတ်ခြင်းနှင့် ဂျာနယ်များ စုဆောင်းခြင်းကို ဝါသနာပါလေသည်။

သူနေထိုင်ရာ ရွာလေးက ကျောင်းတွင် ပညာသင်ကြားခဲ့ပြီးနောက်တွင် Grantham Grammar School သို့သွားရောက် ပညာသင်ကြားသည်။ ကျောင်းမှတ်တမ်းများအရ သူသည် ကျောင်းတွင် အညံ့ဆုံးနှင့် ကျောင်းစာတွင် အာရုံ စူးစိုက်မှု မရှိဆုံး ကျောင်းသားဖြစ်သည်။ ဂရမ်သမ်ကျောင်းသည် သူ့အိမ်မှ ၅မိုင်ခန့်သာ ကွာဝေးသော်လည်း ဘယဆေးဆရာတစ်ဦး၏ နေအိမ်တွင် နေထိုင်ကာ ကျောင်းတက်ခဲ့သည်။ဘယဆေးဆရာ၏ သမီးဖြစ်သူ Miss Storey နှင့်ရည်ငံကာ စေ့စပ်ကြောင်းလမ်းခဲ့သည်။

နယူတန်၏ဦးလေး ဖြစ်သူက တိုက်တွန်းသဖြင့် အသက် ၁၉ နှစ်သားအရွယ်တွင် Cambridge University သို့ သွားရောက်ပညာသင်ကြားခဲ့သည်။ ၁၆၆၁ ဇွန်လ ၅ရက်နေ့တွင် သူသည် Trinity College ၊ Cambridge သို့ဝင်ရောက်ခဲ့သည်။ သူသည် အခြားကျောင်းသား များထက် အသက်ကြီးပြီး Trinity College ကောလိပ်တွင် ပညာသင်စရိတ်ကို အခြား ကျောင်းသားများ၏ အစေခံအလုပ်ကို လုပ်ကာ ရှာဖွေခဲ့လေသည်။

နယူတန်သည် တွင် ဥပဒေ ပညာရပ်ကိုသင်ယူခဲ့သည်။ Aristotle ၊ Descartes ၊ Gassendi ၊ Hobbes ၊Boyle တို့၏ ဒဿနိကဗေဒ ကိုလေ့လာ သင်ယူခဲ့သည်။ ဂယ်လီလီယို၏ နက္ခတ္တဗေဒ က သူ့အား အထူး ဆွဲဆောင်ခဲ့ပြီး Kepler ၏ Optics ကိုလည်း လေ့လာ သင်ယူခဲ့သည်။ သူ့အတွေးများ၏ မှတ်တမ်းသဖွယ်ဖြစ်သော Quaestiones Quaedam Philosophicae (Certain Philosophical Questions) စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် “ပလေတိုသည် ကျွန်တော်၏ သူငယ်ချင်း ဖြစ်သည်။ အရစ္စတိုတယ်သည် ကျွန်တော်၏ သူငယ်ချင်းဖြစ်သည်။ သို့သော် ကျွန်တော်၏ အကောင်းဆုံး သူငယ်ချင်းမှာ အမှန်တရားဖြစ်သည်” ဟု ရေးသားခဲ့သည်။

၁၆၆၃ နွေနှောင်းရာသီတွင် သူသည် သင်္ချာဘာသာရပ်ကို စတင်ကာ စိတ်ဝင်စားခဲ့သည်။ သင်္ချာဘာသာရပ်နှင့် ဆက်နွယ်ကာ နက္ခတ္တဗေဒ ဘာသာရပ်ကိုလည်း လေ့လာခဲ့သည်။ ၁၆၆၃ ဧပြီလ ၂၈ ရက်တွင် ကောလိပ်၏ ပညာသင်ဆုရ ကျောင်းသားအဖြစ် ရွေးချယ်ခြင်းကို ခံရသည်။ နယူတန်သည် ကျောင်းပညာရပ်များတွင်သာ စိတ်ဝင်စားနေရာ သူ၏ အချစ်ဇာတ်လမ်းမှာ အေးစက်သွားခဲ့ပြီး စေ့စပ်ထားသော ချစ်သူ Miss Storey က အခြားလူတစ်ယောက်နှင့် လက်ထပ်သွားလဲ့လေသည်။ နယူတန်သည် အချစ်ကို တန်ဖိုးထား မြတ်နိုးလေသူ ဖြစ်သဖြင့် နောက်ထပ် အချစ်မရှာ ၊ အိမ်ထောင်လည်း မပြုပေ။

၁၆၆၅ ဧပြီလတွင် ဘီအေဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်တွင်ပင် ကြောက်မက်ဖွယ် ကောင်းသော ပလိပ်ရောဂါဆိုးကြီးက ဥရောပသို့ ကူးစက်လာရာ တက္ကသိုလ်များကို ၂နှစ်ခန့်ပိတ်လိုက်သဖြင့် သူ့ဇာတိဖြစ်သော Woolsthorpe သို့ပြန်လာရသည်။ နယူတန်သည် အိမ်မှာနေစဉ်အတွင်း သင်္ချာဘာသာရပ်ကို မပြတ်လေ့လာနေခဲ့သည်။ ကျောင်းပိတ်ထား၍ အိမ်မှာနေစဉ် ၂ နှစ်အတွင်းတွင် သင်္ချာနှင့် ရူပဗေဒ ဆိုင်ရာ ပြဿနာများကို တွေ့ရှိ ဖြေရှင်းနိုင်ခဲ့သည်။ ကမ္ဘာ မြေကြီးဆွဲအားနိယာမ (The Law of Universal Gravitation) ၊ အဖြူရောင်သည် သက်တန့်ရောင်စဉ်များဖြင့် ဖွဲ့စည်းထားကြောင်း (The Theory of Optics) ၊ သင်္ချာဘာသာရပ်ဖြစ်သော integral and differential calculus များကို ရှာဖွေတွေ့ရှိခဲ့သည်။

သူတီထွင်ခဲ့သော သင်္ချာ သီအိုရီများမှာ အလွန်အရေးပါပြီး သင်္ချာဘာသာ ပညာရပ်အတွက် အလွန်အသုံးဝင်လှသည်။ ဆာ အိုင်းဆက် နယူတန်ကိုသင်္ချာပညာပါရမီရှင် တစ်ဦးအဖြစ် ယူဆ သတ်မှတ်ထားသည်။ နယူတန်သည် ” Principia ” အမည်ရှိ စာအုပ်သုံးအုပ်တွဲ သင်္ချာကျမ်းကို ၁၆၈၇-ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သည်။ အဆိုပါ စာအုပ်များတွင် သူ့၏ ထင်ရှားကျော်ကြားသော နယူတန် ရွေ့လျားမှုနိယာမ (၃) မျိုးကို ရေးသား ဖော်ပြထားသည်။ နယူတန်၏ ရွေ့လျားမှု နိယာမကို မက္ကင်းနစ် ရူပဗေဒ ပညာရပ်၏ အဓိက အခြေခံ အဖြစ် ယူဆသတ်မှတ်ထားသည်။ အဆိုပါ စာအုပ်များထဲတွင် စကြာဝဠာ ဆွဲအား ဥပဒေသ နှင့် ဂြိုဟ်များ၏ ရွေ့လျားမှု ဆိုင်ရာ ကက်ပလာ ဥပဒေသ ( Kepler’s Law ) များကိုလည်း ရေးသား ဖော်ပြထားသည်။

နေအိမ်ခြံဝင်းအတွင်းတွင်ထိုင်နေစဉ် ပန်းသီးပင်ပေါ်မှ ပန်းသီးကြွေကျသည်ကို တွေ့ရှိ၍ ကမ္ဘာမြေကြီးဆွဲအားကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။ ဂြိုလ်များ၏ ပတ်လမ်းများကို တွေ့ရှိခဲ့သည်။ ဂျူပီတာဂြိုဟ်၏ အရံဂြိုလ်များနှင့် ပတ်လမ်းများကို တွေ့ရှိခဲ့သည်။ နယူတန်သည် ၁၆၇၁ တွင် De Methodis Serierum Fluxionum (On the Methods of Series of Fluxions) စာအုပ်ကို လက်တင်ဘာသာဖြင့် ရေးသားခဲ့သော်လည်း မထုတ်ဝေဖြစ်ခဲ့ပေ။ ၁၇၃၆ တွင်မှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။

နယူတန်သည် သူ၏ ရှာဖွေတွေ့ရှိသည်များကို စာအုပ်ထုတ်ဝေရန် အမြဲစိတ်မပါ ဖြစ်လေ့ရှိသည်။ ပလိပ်ရောဂါဆိုးကြီး ကင်းစင်ပပျောက်ပြီးနောက် ၁၆၆၇ တွင် Cambridge University ပြန်ဖွင့်သောအခါ ကျောင်းပြန်တက်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် မဟာဝိဇ္ဇာ ဘွဲ့ကို ရရှိခဲ့သည်။ ၁၆၆၉ တွင် အသက် ၂၇ နှစ်မပြည့်မီတွင် သင်္ချာပါမောက္ခ ရာထူးရရှိလဲ့သည်။ ၁၆၈၄တွင် De Motu စာအုပ်ကို ထုတ်ဝေခဲ့ပြီး အာကာသသိပ္ပံကို ရှင်းပြနိုင်ခဲ့သည်။

ဂျာမန်ဒဿန ပညာရှင် ဂေါ့ဖရိဒ် လိုက်ဘနစ် (Gollfried Leibniz) နဲ့လည်း ပြဿနာ အကြီးအကျယ်ဖြစ်ခဲ့ဘူးတယ်။ Leibniz နဲ့ Newton တို့နှစ်ယောက်လုံး သီးခြားစီ Calculus ကို စတင် ဖေါ်ထုတ်ခဲ့ကြတယ်။ နောက်ပိုင်းမှ သိရတာက Newton က Leibniz ထက် စောပြီး Calculus ကို တွေ့ရှိခဲ့ပေမယ့်၊ နောက်ကျမှ ထုတ်ပြန်ခဲ့တယ်။ အဲဒါကြောင့် Calculus ကို ဘယ်သူအရင်တွေ့ခဲ့တာလည်း ဆိုတဲ့ အငြင်းပွားမှုစတင်ခဲ့ပြီး သိပ္ပံပညာရှင်တွေကြားမှာ သူ့ဘက် ကိုယ့်ဘက် ငြင်းခုံကြတယ်။ Newton ဘက်က ရှင်းလင်းတဲ့ ဖြေရှင်းချက်တွေက သူ့မိတ်ဆွေတွေရဲ့ နာမည်နဲ့ ဖြစ်နေပေမယ့် Newton ကိုယ်တိုင် ရေးသားခဲ့တာပါ။ အငြင်းပွားမှုကို ဖြေရှင်းပေးဖို့ Leibniz က Royal Society ကို အယူခံဝင်ခဲ့တယ်။ Newton က ဥက္ကဋ္ဌ အနေနဲ့ ဘက်မလိုက်တဲ့ ကော်မတီတစ်ရပ်ကို ဖွဲ့ပေးခဲ့တယ်။ ဒါပေမယ့် အဲဒီကော်မတီမှာ သူ့မိတ်ဆွေတွေပဲ ပါဝင်ခဲ့တယ်။ ဒါတင်မကသေးဘူး ကော်မတီရဲ့ အစီရင်ခံစာကို Newton ကပင်ရေးသားပြီး Royal Society အနေနဲ့ ထုတ်ပြန်ခဲ့တယ်။ အစီရင်ခံစာမှာ Leibniz အား သူတစ်ပါး အလုပ်ကို ခိုးချခဲ့သည် လို့လည်း တရားဝင်စွပ်စွဲခဲ့တယ်။ ဒီမျှနဲ့ မကျေနပ်သေးပဲ Royal Society က ထုတ်ဝေတဲ့ စာစောင်မှာလည်း အစီရင်ခံစာနဲ့ပတ်သက်တဲ့ ခေါင်းစဉ်နဲ့ Leibniz ကို ဝေဖန်ထားတဲ့စာကို အမည်မဖေါ်လိုသူ (Anonymous) နာမည်နဲ့ ရေးသားခဲ့သေးတယ်။

နောင် ၂နှစ်အကြာတွင် သိပ္ပံပညာရပ်ဆိုင်ရာ သမိုင်းကြောင်းတွင် အရေးပါဆုံး ၊ အရေးအကြီးဆုံးဖြစ်သော Philosophiae Naturalis Principia Mathematica (The Mathematical Principles of Natural Philosophy) စာအုပ်ကို ထုတ်ဝေနိုင်ခဲ့သည်။ Principia Mathematica ကျမ်းစာအုပ် ထုတ်ဝေပြီးနောက်ပိုင်း ကျော်ဇောကိတ္တိ ရှိလာပြီး Royal Society ရဲ့ ဥက္ကဋ္ဌ အဖြစ်တင်မြှောက်ခြင်း ခံရတယ်။ နောက်ပိုင်းမှာ Astronomer Royal, John Flamsteed တို့နဲ့ မသင့်မတင့်ဖြစ်လာခဲ့တယ်။သူ့ရဲ့ စာအုပ် Principia အတွက် အချက်အလက်တွေကို Flamsteed ဆီက ရခဲ့ပေမယ့် နောက်ပိုင်းမှာ မရတော့ပါဘူး။ အဲဒီတော့ သူ့ဘာသာ Royal Observatory ရဲ့ စီမံအုပ်ချုပ်သူအဖွဲ့မှာ ပါဝင်ခဲ့ပြီး အချက်အလက်တွေကို ထုတ်ပြန်ခိုင်းခဲ့တယ်။ Flamsteed ရဲ့အလုပ်တွေကို သိမ်းဆည်းလိုက်ပြီး Flamsteed ရဲ့ ရန်ဖက်ဖြစ်တဲ့ အက်မော ဟေလီ (Edmond Halley) ကို ပုံနှိပ်ထုတ်ဝေစေတယ်။ ဒီကိစ္စက တရားရုံးအထိရောက်သွားပြီး တရားရုံးက သိမ်းဆည်းလိုက်တဲ့ အလုပ်တွေကို ပုံနှိပ်ခြင်းမပြုဖို့ အမိန့်ထုတ်ပြီး Flamsteed ကို အနိုင်ပေးလိုက်တယ်။ Newton က ဒေါသထွက်ပြီး နောက်ပိုင်းထုတ်ဝေတဲ့ Principia စာအုပ်များမှာ Fleamsteed နဲ့ ပတ်သက်တဲ့ အညွန်းတွေကို ပယ်ဖျက်ခဲ့တယ်။ ၁၆၉၃ တွင် အာရုံကြော ချွတ်ယွင်းအားနည်းမှု ဝေဒနာကို ပြင်းထန်စွာ ခံစားရပြီး နာမကျန်းဖြစ်ခဲ့သည်။ ၁၆၉၆ တွင် Warden and the Master of Mint ရာထူးကို ရခဲ့သော်လည်း လန်ဒန်သို့ ထွက်ခွာလာခဲ့သည်။

၁၇၀၃ တွင် Royal Society ၏ ဥက္ကဋ္ဌ ရာထူးကို ရရှိခဲ့ပြီး နှစ်စဉ် ပြန်လည်ရွေးချယ် တင်မြှောက်ခြင်းကို ခံရလေသည်။ ၁၇၀၅တွင် အန်းဘုရင်မ (Queen Ann) က နယူတန်အား ပထမဦးဆုံးသော သိပ္ပံပညာရှင် အဖြစ် သူကောင်းပြုခဲ့သည်။ ၁၇၁၇တွင် လက်တင်ဘာသာဖြင့် ထုတ်ဝေခဲ့သော စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်လည် ထုတ်ဝေခဲ့သည်။ ၁၇၂၇ ၊မတ်လ ၂ဝ ရက်နေ့တွင် လန်ဒန်မြို့၌ ကွယ်လွန်ခဲ့သည်။

Newton, Isaac” in the Dictionary of Scientific Biography
Stokes, Mitch (2010). Isaac Newton. Thomas Nelson,
Fellows of the Royal Society။ Royal Society
Myanmr Wikipedia

Leave a Reply