ေရႊတိဂုံ ေစတီေတာ္ျမတ္ႀကီးႏွင့္ အဂၤလန္ႏုိင္ငံမွ လူဝင္စား ျဖစ္ရပ္မွန္

Posted on

ေသခါနီးေရာက္ေနသည့္ သတၱ၀ါသည္ မိမိၿပဳထားေသာ ေကာင္းမႈကံ၊ မေကာင္းမႈကံ တစ္ခုခုကို ၿဖစ္ေစ၊ ထုိကံကိုၿပဳစဥ္က ၾကံဳေတြ႔ခဲ့ရေသာ အာရံုကိုၿဖစ္ေစ၊ ၿဖစ္ရမည့္ ေနာင္ဘ၀က အေၿခအေနကိုၿဖစ္ေစ ထင္ၿမင္စြဲလမ္းလ်က္ရိွေန၏။ထိုအာရံုကို အလုိမရိွေသာ္လည္း ထုိအခါမ်ိဳးမွာ ပယ္ေဖ်ာက္၍မရ၊ ထုိ႔ေၾကာင့္ ေသခါနီး၌ မိန္းေမာေတြေ၀ေနေသာ သူတို႔တြင္ တစ္ခ်ိဳ႕မွာ တစ္စံုတစ္ခုကုိ ၿပဳလုပ္ေနသကဲ့သို႔ လည္းေကာင္း၊ တစ္ခ်ိဳ႔မွာ ၀မ္းသာစရာ ေပ်ာ္ရႊင္စရာမ်ား ေတြ႔ေနသကဲ့သုိ႔လည္းေကာင္း၊ တစ္ခ်ိဳ႔မွာ ေၾကာက္လန္႔ စရာ ေဘးရန္ မ်ားႏွင့္ ေတြ႔ေန သကဲ့သုိ႔လည္းေကာင္း ထူးထူးၿခားၿခားၿဖစ္ေနသည္ကို အနီးအပါးရိွလူမ်ားက အထင္ရွားေတြ႔ရေလသည္။

တစ္ခ်ိဳ႕မွာ မိန္းေမာေတြေ၀ရာက ၿပန္လည္သတိရလာေသာအခါ “ဘယ္လုိလူက ေခၚသြားသည္ ဘယ္လုိေနရာေရာက္သြားသည္” စသၿဖင့္ လည္း ၿပန္လည္၍လည္း ေၿပာတတ္ၾက၏။ ဤသို႔ေသာ အာရံုနိမိတ္တစ္ခုခုကို စြဲလမ္းရင္းပင္ ေနာက္ဆံုးစုတိစိတ္ကေလး ခ်ဳပ္ပ်က္လ်က္ ေသ သြား၏။ ေသ ဆုိသည္မွာလည္း ယခုၾကံသိလုိက္ေသာ စိတ္ကေလးတစ္ခု ကုန္ဆံုးသြားၿခင္းမ်ိဳးပင္ၿဖစ္၏။ ယခုၾကံသိေနေသာ ေရွးေရွး စိတ္ မ်ား ကုန္ဆံုးသြားတိုင္း ထိုစိတ္မ်ား၏ အဟုန္ေၾကာင့္ ေနာက္ေနာက္စိတ္မ်ား မၿပတ္ဆက္စပ္ကာ ၿဖစ္ေနသကဲ့သို႔ စုတိစိတ္ကေလး ၿပတ္စဲ သြားသည္ႏွင့္တၿပိဳင္နက္ ေသခါနီးက စြဲလမ္းခဲ့သည့္ အာရံုကိုပင္ ဆက္လက္ထင္ၿမင္လ်က္ ဘ၀သစ္ဌာန၌ စိတ္အသစ္စ၍ ၿဖစ္ေပၚလာ၏။ ( ၁၉၇၇ – ဒီဇင္ဘာလထုတ္၊ မဟာစည္ဆရာေတာ္ဘုရားၾကီး၏ဘ၀ၿပႆနာ စာ – ၂၆ )

ေသတဲ့အခါ စိတ္စြဲထင္ရာ ဘ၀သစ္ၿဖစ္ေပၚရေၾကာင္း ေက်းဇူးေတာ္ရွင္ မဟာစည္ဆရာေတာ္ဘုရားၾကီးက ရွင္းလင္းေဖာ္ၿပ ခဲ့တာ ၿဖစ္ပါတယ္။ ဒါေၾကာင့္ မေသခင္ ေနစဥ္ကတည္းက စြဲစိတ္ေတြကို သတိနဲ႔ၿဖတ္ခ်ႏိုင္တဲ့ အက်င့္ေကာင္းကေလးေတြ က်င့္တက္ၾကေစဖို႔ ၀ိပႆနာ ဆရာေတာ္ၾကီးမ်ားက အၿမဲတမ္းလမ္းညႊန္သတိေပးေနပါတယ္ . အေနတတ္ရမယ္၊ အထူးသၿဖင့္ အေသတတ္ရမယ္ လုိ႔ ၾသ၀ါဒေပးေနတာဟာ ေသခါနီးမွာၿဖစ္ေပၚလာတဲ့ စြဲစိတ္ေတြရဲ႕ အႏ ၱရာယ္ကုိ ၾကိဳတင္ကာကြယ္ေစခ်င္လုိ႔ ၿဖစ္ပါတယ္။ အေလာင္းေတာ္ၾကီး မ်ားေသာ္ မွ ႏုစဥ္ဘ၀မ်ားမွာ အာရံုမွားၿပီး တိရစ ၧာန္ဘ၀မ်ားသို႔ လားေရာက္ရေသးတယ္ မဟုတ္ပါလား။ ေက်ာင္းေဆာက္ၿပီး လွဴတဲ့ ေက်ာင္းဒကာၾကီး ေက်ာင္းကိုစြဲၿပီး ေသသြားတဲ့အခါ ေက်ာင္းေစာင့္ၿပိတၱာၿဖစ္ရရွာပံု၊ ဘုရားဒကာၾကီးလည္း ဘုရားေစတီကို စြဲၿပီး ေသသြားတဲ့အခါ ဘုရားေစာင့္ၿပိတၱာ ၿဖစ္ရရွာပံုေတြကို မဟာေဗာဓိၿမိဳင္ ဆရာေတာ္ဘုရားၾကီးကလည္း သာဓကေဆာင္ ေဟာၾကားခဲ့ဖူး ပါတယ္။

လြန္ခဲ့ေသာႏွစ္ေပါင္းတစ္ရာနီးပါး ၿမန္မာသကၠရာဇ္ ၁၂၇၈ ခုႏွစ္က အမွတ္ထင္ထင္ၿဖစ္ပ်က္ခဲ့တဲ့ ၿဖစ္ရပ္မွန္ဇာတ္လမ္းတစ္ပုဒ္ ဟာလည္း ကုသို္လ္ရွင္ၾကီးတစ္ဦးရဲ႕ စြဲစိတ္ေၾကာင့္ ၾကံဳေတြ႔ခဲ့ရတဲ့ ဒုကၡသုကၡေတြကို ထူးထူးၿခားၿခား ေဖၚၿပေနသလုိရိွပါေတာ့တယ္။ အဲဒီတုန္းက ကုသိုလ္ ရွင္ၾကီး တစ္ဦးဟာ ေရႊတိဂံုေစတီၾကီးရဲ႕ စေနေထာင့္ အေနာက္ေတာင္ယြန္းယြန္းမွာ တန္ေဆာင္းၾကီး တစ္ေဆာင္ ေဆာက္လုပ္ လွဴဒါန္း ခဲ့ပါ တယ္ ။ တန္ေဆာင္းၾကီးအတြင္းမွာလည္း အမ်ားၿပည္သူတို႔ ၾကည္ညိဳဖုိ႔ ရုပ္ပြားေတာ္ၾကီးတစ္ဆူ ပင့္ေဆာင္ကိုးကြယ္ခဲ့ပါတယ္။ ကုသိုလ္ရွင္ၾကီးဟာ မိမိရဲ႕ကုသိုလ္ေကာင္းမႈေတြကို အားကိုးၿပီးေတာ့ ကုသိုလ္ရမယ့္ အလုပ္ေတြကိုသာ ၾကိဳးစားလုပ္ေဆာင္ေနခဲ့ပါတယ္။ ဒါေၾကာင့္ သူေသရင္ နတ္ၿပည္ေတာ့ မလြဲဘူးလုိ႔ အားလံုးက ေထာပနာၿပဳၾကေလ့ ရိွသတဲ့။ ဒီလိုနဲ႔ တစ္ေန႔မွာ ကုသိုလ္ရွင္ၾကီး ရိွရာ ေရႊတိဂံု ဘုရား ရင္ၿပင္ေတာ္ဆီ ကာလအတန္ၾကာကြဲကြာေနတဲ့ မိတ္ေဆြေတြေရာက္ လာၾကပါတယ္ ။ ေရာက္မဆိုက္ဆိုသလုိ မိတ္ေဆြေတြက –

“ဘုရားဒကာ တန္ေဆာင္းဒကာၾကီးရဲ႕သတင္းေတြကေတာ့ဗ်ာ၊ ဘိလပ္အထိေအာင္ ေမႊးပါေပတယ္” လုိ႔ ခ်ီးက်ဴးၾကပါတယ္။ `ေဩာ္.. သူတို႔က ဘိလပ္ၿပန္ ေတြကိုး။ သူတို႔ အဂၤလန္သြားေနတာလည္း ကုသိုလ္ရွင္ၾကီး အခုမွ သတိရတယ္။ ဘိလပ္ၿပန္ မိတ္ေဆြမ်ားက.. “ ကုသိုလ္ေကာင္းမႈေတြ ဒီေလာက္လုပ္ေနတာ ေသရင္ နတ္ၿပည္ေတာ့ မလြဲဘူးလုိ႔ ေၿပာေနၾကပါလား မိတ္ေဆြၾကီးရဲ႕.. ဒါနဲ႔ နတ္ၿပည္ ေၿခာက္ထပ္ဆိုတာ ဘယ္မွာရိွပါလိမ့္ မိတ္ေဆြၾကီး..” လုိ႔ လိႈက္လွဲ၀မ္းသာ ေမးၾကပါတယ္။ ကုသိုလ္ရွင္ၾကီးက မုိးေမာ့ၾကည့္ၿပီး “ နတ္ၿပည္ဆုိတာ မိုးေပၚမွာေပ့ါဗ်ာ” လုိ႔ ၿပံဳးၿပံဳးရႊင္ရႊင္ ေၿဖလိုက္တယ္။ ဘိလပ္ၿပန္မိတ္ေဆြၾကီးတစ္ေယာက္က- “ မုိးေပၚမွာ နတ္ၿပည္ဆုိတာ မေသခ်ာပါဘူးဗ်ာ .. ဒီမွာေက်ာင္းဒကာၾကီး၊ ေဟာဒီ ေၿမၿပင္ေပၚမွာတင္ နတ္ၿပည္ဆိုတာ ရိွေနတယ္ဗ်” လုိ႔ ခႏိုးခနဲ႔ေၿပာလိုက္ပါတယ္။

ကုသိုလ္ရွင္ၾကီး ေယာင္နန ၿဖစ္သြားစဥ္မွာပဲ အၿခားေသာ ဘိလပ္ၿပန္မိတ္ေဆြၾကီးႏွစ္ဦးက “ ဟုတ္တယ္ဗ်၊ က်ဳပ္တို႔ေရာက္ခဲ့တဲ့ ဘိလပ္ဆိုတဲ့ အဂၤလန္ကြ်န္းဟာ တကယ့္နတ္ၿပည္ပဲ၊ ေၿမၿပင္ေပၚက နတ္ၿပည္ပဲ။ ဘိလပ္သူ ဘိလပ္သားေတြဆိုတာလည္း နတ္သမီး နတ္သားေတြ က်လို႔ဗ်ာ..ဘိလပ္မွာ ဆင္းရဲတယ္ဆိုတာ ဘာမွန္းမသိေအာင္ အခ်ိန္ၿပည့္ ဇိမ္ခံေနၾကတယ္၊ ဘံုနန္းေဆာင္ၾကီးေတြ ယာဥ္ ရထားေတြ ပန္းဥယ်ာဥ္ၾကီးေတြဆိုတာလည္း နတ္ၿပည္မွာေတာင္ ရိွမယ္မထင္ပါဘူးဗ်ာ” စသၿဖင့္ ဘိလပ္ခ်ီးမြမ္းခန္း ကို အဆန္းတၾကယ္ေၿပာ လိုက္ၾကတာ ကုသိုလ္ရွင္ၾကီးပါးစပ္အေဟာင္းသားနဲ႔ေငးေမာနားေထာင္ယူရတယ္။ ဘိလပ္ၿပန္မိတ္ေဆြေတြ ၿပန္သြားသည့္တုိင္ သူ႔နားထဲမွာ “ဘိလပ္ဆုိတာ နတ္ၿပည္” ဆုိတဲ့ စကားသံၾကြားသံေတြ ပဲ့တင္က်န္ေနရစ္ပါတယ္။

ဒီလုိနဲ႔ ကုသိုလ္ရွင္ၾကီးဟာ ေရႊတိဂံုကုန္းေတာ္ကေန ဘိလပ္တစ္ေခါက္ေလာက္ သြားရေကာင္းေလမလား.. စဥ္းစားခန္း၀င္မိတဲ့ အထိပဲ တဲ့ ။ ေၾသာ္..ငါ့အသက္လည္းၾကီးပါၿပီ၊ ကိုယ့္အလုပ္ ကိုယ္လုပ္တာေကာင္းပါတယ္ဆိုၿပီး ေရႊတိဂံုဘုရားၾကီးေပၚမွာပဲ ဒါနသီလ အလုပ္ေတြ ၾကိဳးစားလုပ္ကိုင္ေနပါသတဲ့။ အရြယ္ေရာက္စ သားလူပ်ိဳေပါက္ကို ဘုရားေခၚလာခဲ့ၿပီး လက္ကတံုးေတာင္းေ၀ွးလုပ္ရေသးတယ္။ သားကိုခိုင္းစရာရိွတာခုိင္း၊ သင္စရာရိွတာသင္နဲ႔ အေလ့ေကာင္း၊ အက်င့္ေကာင္း၊ အေမြေကာင္း ဆက္ခံလုပ္ကိုင္ေစပါတယ္။ ဒီလိုနဲ႔ ကုသိုလ္ရွင္ၾကီးရဲ႕ဘ၀ဆည္းဆာခ်ိန္ ေရာက္လာတဲ့အခါ သူ႕အာရံုမွာ ဘိလပ္၊ အဂၤလန္ဆိုတဲ့ ပံုရိပ္ေတြသာ ကပ္ၿငိလုိ႔ ပံုေပၚ လာပါတယ္။ အဲဒီမွာပဲ ရုတ္တရက္ ေသဆံုးေလရာ ( နတ္ၿပည္သို႔ေရာက္ထိုက္ပါလ်က္ ) အစြဲအၿငိနဲ႔ အာရံုမွား၀င္ဖ်က္လုိ႔ ဘိလပ္မွာ ၀င္စား၊ အဂၤလိပ္အမ်ိဳးသား လူမ်ိဳးၿခားအၿဖစ္ တဖန္ေမြးဖြား ၿပီး လူၿပန္ၿဖစ္ခဲ့ပါေတာ့တယ္။ အဂၤလိပ္ဘ၀ သူ႔နာမည္ ‘ဟြန္းစႏိုး’ ဟု ေခၚတြင္ သတဲ့။ ၿမန္မာၿပည္သား ကုသိုလ္ရွင္ၾကီးဘ၀က ၿပဳခဲ့တဲ့ကုသိုလ္ေကာင္းမႈေတြေၾကာင့္ ခ်မ္းခ်မ္းသာသာ ေနရပါတယ္။

ၿမန္မာၿပည္သားဘ၀က ေစာင့္ထိန္းခဲ့တဲ့ သီလကုသုိလ္၊ ၿပဳက်င့္ခဲ့တဲ့ဘာ၀နာကုသိုလ္တို႔ရဲ႕ ေက်းဇူးေၾကာင့္ လူငယ္စာသင္သားဘ၀မွာ ပညာထူးခြ်န္သူ ၿဖစ္လာခဲ့ပါတယ္။ သူ အထူးစိတ္၀င္စားတာက ဘာသာေရးနဲ႔အေတြးအေခၚပညာရပ္ေတြ ၿဖစ္လာပါတယ္။ ယခုအခါ သူကိုယ္တိုင္ဟာ ဘာသာၿခားလူမ်ိဳးၿခား ၿဖစ္လာရေပမယ့္ ဗုဒၶဘာသာအေၾကာင့္တေစ့တေစာင္းမွ် ဖတ္မွတ္ေလ့လာရံုမွ်နဲ႔ သူ႔စိတ္ဟာ အၾကီးအက်ယ္ လႈပ္ရွားရတယ္လုိ႔ ဆုိပါတယ္။ ဒီလုိနဲ႔သူဟာ ဗုဒၶ၀ါဒ သုေတသနသမားၾကီး ၿဖစ္မွန္းမသိၿဖစ္လာခဲ့ပါတယ္။ သူ႔ရဲ႕ သုေတသနလုပ္ငန္းေတြအတြက္ ဗုဒၶဘာသာ၀င္ေတြနဲ႔ ေတြ႔ဆံုေမးၿမန္းစူးစမ္းတာေတြ လုပ္လာရပါတယ္။ အဲဒီမွာ ၿမန္္မာၿပည္က အဂၤလန္ကို ပညာေတာ္သင္လာေရာက္သူမ်ားနဲ႔ ဆံုဆည္းမိရာက သူ႕ဘ၀ရဲ႕ အလွည့္အေၿပာင္းၾကီး တစ္ခု ဘြားခနဲေပၚေပါက္ လာရ ပါေတာ့ တယ္။

ၿမန္မာမိတ္ေဆြတစ္ဦးက အလြန္ၾကည္ညိဳဖြယ္ေကာင္းတဲ့ ဗုဒၶရုပ္ပြားေတာ္ ဓာတ္ပံုတစ္ပံုရယ္ ေရႊေတာင္ၾကီးေပါက္ေန သကဲ့သို႔ အံ့ဖြယ္သပၸါယ္ လွတဲ့ ၿမတ္ဘုရားေရႊတိဂံုပံုေတာ္ တစ္ပံုလက္ေဆာင္ေပးပါတယ္။ အဂၤလိပ္ပညာတတ္ ဟြန္းစႏိုးဟာ ေရႊတိဂံုဘုရားပံုေတာ္ ၾကည့္ၿပီး ရင္ေတြ တဒိတ္ဒိတ္ခုန္၊ အသားေတြ တဆတ္ဆတ္တုန္လာပါတယ္။ ေရႊတိဂံုဘုရားပံုေတာ္ကို မမွိတ္မသံု စိုက္ၾကည့္ေနစဥ္မွာပဲ ခမ္းနားတဲ့ တန္ေဆာင္းၾကီး တစ္ခုကို သူၿမင္လုိက္ရပါတယ္။ ( တကယ္ေတာ့ သူၾကည့္သည့္ ေရႊတိဂံုပံုေတာ္ဓာတ္ပံုတြင္ တန္ေဆာင္းကို ထည့္သြင္း ရိုက္ကူး ထားၿခင္းမဟုတ္သည့္အတြက္ တန္ေဆာင္း မပါ၀င္ပါ )။ ဟြန္းစႏိုးဟာ ေရႊတိဂံုဘုရားပံုေတာ္ကို မ်က္စိခြာလုိ႔မရ၊ ၾကည့္ေနရင္းမွာပဲ တန္ေဆာင္းၾကီးတစ္ခု ဖ်ပ္ကနဲ ဖ်ပ္ကနဲ ေပၚလာပါတယ္။ ၿပီးေတာ့ တန္ေဆာင္းအတြင္း အတင့္အတယ္ စမၸါယ္ေနတဲ့ ၿမန္မာလူမ်ိဳးဘ၀က သူလွဴခဲ့တဲ့ ဗုဒၶရုပ္ပြားဆင္းတုေတာ္ၾကီးကိုလည္း ဖူးေတြ႔လိုက္ရၿပန္ပါတယ္။

ၿမန္မာပညာေတာ္သင္မိတ္ေဆြကို အလြန္အမင္းေက်းဇူးတင္ၿခင္းၿဖင့္ ႏႈတ္ဆက္ၿပီး အိမ္ၿပန္ေရာက္တာနဲ႔ သူဟာ ေရႊတိဂံုဘုရားပံုေတာ္ကို ထုတ္ၾကည့္၊ ခြာၾကည့္ ကပ္ၾကည့္ၿပီး တစိမ့္စိမ့္ေငးၾကည့္ ၾကည္ညိဳလုိ႔သာ ေနေတာ့တယ္။ ေနာက္ဆံုးေတာ့ သူဟာ ေရႊတိဂံုဘုရားၾကီးကို ကိုယ္တိုင္သြားေရာက္ဖူးေၿမာ္ခ်င္ ေၾကာင္း၊ သူ႔မိဘေတြဆီမွာ ခြင့္ေတာင္းရာမွာေတာ့ ဗုဒၶဘာသာ သုေတသနလုိ႔ အေၾကာင္းၿပ ခြင့္ေတာင္းရရွာတယ္။ မိဘေတြကလည္း ပညာေရးကိစၥၿဖစ္လုိ႔ ၾကည္ၾကည္ၿဖဴၿဖဴ ခြင့္ၿပဳလုိက္ပါတယ္။ ဒါနဲ႔သူဟာ ၀ါသနာတူရာ အေဖာ္တစ္ေယာက္နဲ႔အတူ ေရႊတိဂံုဘုရားၾကီးရိွရာ ၿမန္မာၿပည္သို႔ ေရေၾကာင္းခရီးအားၿဖင့္ သေဘၤာစီးထြက္ခြာလာခဲ့ပါ ေတာ့တယ္။ သေဘၤာေပၚမွာ ဆံုဆည္းမိတဲ့ ၿမန္မာမိတ္ေဆြမ်ားကိုလည္း ဗုဒၶဘာသာအေၾကာင္း ေရႊတိဂံုဘုရားၾကီးအေၾကာင္း ေမးၿမန္းစံုစမ္းလုိ႔သာ အခ်ိန္ကုန္ဆံုးရင္း လုိက္ပါလာခဲ့ပါတယ္။

“ကမ ၻာမွာ မရိွဘူး” “ အဂၤလန္မွာလည္း မရိွဘူး” … သူဟာ ေရႊတိဂံုဘုရားပံုေတာ္ထုတ္ၾကည့္ၿပီး အဲဒီလုိ အာေမဍိတ္ အသံနဲ႔ ေၿပာ လုိက္တယ္ဆိုရင္ ၿမန္မာမိတ္ေဆြ ေတြက သေဘာက်ေနသေလာက္ အတူပါလာတဲ့ သူ႔မိတ္ေဆြ အဂၤလိပ္ၾကီးကေတာ့ ပုခံုးတြန္႔လိုက္မိပါေရာ တဲ့ ။ ဒီလိုနဲ႔ သူတို႔သေဘၤာ ၿမန္မာ့ပင္လယ္ၿပင္ ဆိပ္ကမ္းနားသုိ႔ ကပ္မိတယ္ဆုိရင္ပဲ –

“ဟိုမွာ.. ဘုရား..ဘုရား… ေရႊတိဂံု…ေရႊတိဂံု..” ၿမန္မာမိတ္ေဆြေတြက ညႊန္ၿပၾကတယ္။ သူ သေဘၤာေပၚက လွမ္းၾကည့္ လုိက္ေတာ့ ေရႊေတာင္ၾကီးေပါက္ေနသည့္ ပမာ ေရႊေရာင္၀င္း၀ါေနတဲ့ ေစတီေတာ္ၿမတ္ၾကီးကို လွမ္းၿမင္လိုက္တာနဲ႔ ရင္တလိႈက္လိႈက္ခုန္ၿပီး ၿမန္မာ မိတ္ေဆြေတြလုိပဲ သူ႔ရင္ညႊန္႔မွာ လက္အုပ္ကေလးခ်ီလ်က္သား..။ သူ႔ ပါးၿပင္ေပၚမွာေတာ့ ဘယ္ကဘယ္လုိ က်လာမွန္းမသိတဲ့ မ်က္ရည္ စီးေၾကာင္း..၊ ဘ၀ေဟာင္းက ပံုရိပ္ေတြ တဖ်ပ္ဖ်ပ္ရုိက္ခတ္၊ ရုတ္တရတ္ ဟိုမွာဘက္က ဘ၀နဲ႔ သည္ဘ၀ ဆက္စပ္သြားသလုိ ရင္၌လိုက္ဖို ရိႈက္ငုိၿခင္းမရိွပဲ မ်က္ရည္ေတြက သြင္သြင္စီးက်..။ အနီးအပါးက ၿမန္မာမိတ္ေဆြေတြနဲ႔ သူ႔အေဖာ္ အဂၤလိပ္မိတ္ေဆြကေတာ့ နားမလည္ႏိုင္ေသာ အံ့ၾသၿခင္းမ်ားၿဖင့္ သူ႕ကိုၾကည့္လို႕..။

သေဘၤာကမ္းကပ္တာနဲ႔ သူဟာ ေရႊတိဂံုဘုရားၾကီးဆီ တန္းသြားလိုက္ခ်င္ေပမယ့္ ပါလာတဲ့ အေဖၚ၊ကို ငဲ့ညွာရ၊ ပစၥည္း ပစၥယေတြလည္း သယ္ရၿပဳရ ေသးတာေၾကာင့္ ထုိတစ္ညကို အၾကာၾကီးလို႔ သည္းခံလုိက္ရတယ္။ ေနာက္တစ္ေန႔ နံနက္ မုိးေသာက္ခ်ိန္ မွာေတာ့ သူဟာ အေဖၚႏွစ္ေယာက္နဲ႔အတူ ေရႊတိဂံုဘုရား ရင္ၿပင္ေတာ္ေပၚ ေရာက္ေနခဲ့ပါၿပီ။ အေဖၚႏွစ္ေယာက္မွာ တစ္ေယာက္က သူ႔ သူငယ္ခ်င္း အဂၤလိပ္၊ ေနာက္တစ္ေယာက္က ၿမန္မာစကားၿပန္ပါ။ ၿမန္မာစကားေတြကို နားလည္သလုိလုိလည္း သူခံစားလုိက္ရၿပန္ပါတယ္။ ဒီေလာက္ေစာေစာစီးစီး ၀ီရိယၾကီးလုိက္ပါတဲ့ ၿမန္မာေတြ.. ဘုရားရင္ၿပင္အႏွံ႔ ကုသိုလ္အလုပ္ေတြ ၿဖန္႕က်က္ႏိုင္လြန္းတဲ့ ၿမန္မာေတြကိုၾကည့္ၿပီး သူ႔အမူအယာဟာ ထူးထူးၿခားၿခား ရႊင္လန္းလာပါတယ္။

ေရႊတိဂံုဘုရားၾကီးကို အားမရႏိုင္ေသာ ဖူးေၿမာ္ၿခင္းနဲ႔ ဖူးေၿမာ္ၿပီး… “ ကမ ၻာမွာ မရိွဘူး ..ကမ ၻာ မွာ မရိွဘူး” လုိ႔ သူ႔ႏႈတ္က ၿမည္တမ္းေနပါေတာ့တယ္။ ဒီလိုနဲ႔ စေနေထာင့္ကို ေရာက္လာတဲ့အခါ သူ႔အၾကည့္ေတြ၊ သူ႕ေၿခလွမ္းေတြ တစ္ေနရာတည္းမွာ ရပ္တန္႔သြားတယ္။ ခမ္းနားဆန္းၿပားတဲ့ တန္ေဆာင္းၾကီးတစ္ခုဆီေရာက္တဲ့အခါေပ့ါ။ တန္ေဆာင္းအတြင္းမွာေတာ့ ဟိုဖက္ ရင္ၿပင္ေပၚမွာေလာက္ လူမမ်ားလွ၊ ပုတီးစိပ္သူ သံုးေယာက္၊ တရားထိုင္ေနသူ ေလးေယာက္ ခန္႔သာရိွေနပါတယ္။ သူ တန္ေဆာင္းအတြင္း ၀င္မိခ်ိန္မွာေတာ့ ငါးေပေလာက္ၿမင့္တဲ့ ေၾကးဆင္းတုဘုရားရုပ္ပြားေတာ္ၾကီးကို ဖူးေတြ႔လုိက္ရတယ္။

ဘုရားရုပ္ပြားေတာ္ၾကီးက ေရာင္ၿခည္ေတာ္ေတြ ၿပိဳးၿပက္လွ်ံထြက္ေနသလုိ သူၿမင္ေတြ႔ခံစားလိုက္ရတယ္။ ရုပ္ပြားေတာ္ၾကီးေရွ႕မွာေတာ့ ရဟန္းတစ္ပါးနဲ႔ လူဒကာတစ္ေယာက္၊ ဘုရားကိုယ္ေတာ္ၿမတ္ၾကီးကို ပန္းဆီမီးေရခ်မ္းေတြနဲ႔ ၾကည္ညိဳပူေဇာ္ေနတာ ေတြ႔လိုက္ရၿပန္တယ္။ ရုပ္ပြားေတာ္ၾကီးေရွ႕ တေရြ႕ေရြ႕နီးကပ္လာစဥ္မွာပဲ သူ႔ရင္ေတြ တလွပ္လွပ္ ဖုိလိႈက္လာတယ္။ သူဟာ အသက္ရွဴဖုိ႔ေတာင္ ေမ့ေနတဲ့အလား ဘုရားရုပ္ပြားေတာ္ၾကီးကို ေငးၾကည့္ ၾကည္ညိဳေနမိတယ္။ သူ႔ ႏႈတ္ခမ္းေတြ တဆတ္ဆတ္တုန္လာၿပီး ရုတ္တရက္… “ ဘုရား..ဘုရား” လုိ႔ ေအာ္လိုက္မိပါတယ္။

ဘယ္ကဘယ္လုိ ေပၚထြက္လာတဲ့အသံၾကီးပါလိမ့္..၊ သူ႔ကိုယ္သူေတာင္ မယံုႏိုင္ေတာ့ပါဘူး…။ ဒီအဂၤလိပ္လူမ်ိဳးစစ္စစ္ၾကီး ပါးစပ္က ၿမန္မာလုိ “ဘုရား…ဘုရား”.. လုိ႔ ပီပီသသၾကီး ေအာ္လုိက္မိတာ ပုတီးစိပ္ေနသူ တစ္ေယာက္ပင္ မ်က္လံုးဖြင့္ၾကည့္၊ အို.. အားလံုးရဲ႕အၾကည့္ေတြက သူ႔ဆီမွာ၊ သူ ဒူးတုပ္ထုိင္ခ်လိုက္ၿပီး ဘုရားရုပ္ပြားေတာ္ၿမတ္ၾကီးကို ရိွခိုးေနမိပါၿပီ..။

“ ဗုဒၶံ သရဏံ ဂစ ၧာမိ .. ဓမၼံ သရဏံ ဂစ ၧာမိ .. သံဃံ သရဏံ ဂစ ၧာမိ..” ဘုရားေရွ႕မွာ ပန္းဆီမီးပူေဇာ္ေနတဲ့ ရဟန္းေတာ္ဆီက သရဏဂံုေဆာက္တည္သံ ေပၚထြက္လာတယ္..။ သူ လုိက္ဆိုေနမိတယ္..၊ ၿပီးေတာ့ နေမာတႆ..၊ တကယ့္ကို ပီပီသသၾကီး သူလုိက္ဆို ရိွခုိးေနမိတယ္.။ အတူပါလာတဲ့ အဂၤလိပ္မိတ္ေဆြ ေၿခမကိုင္မိ လက္မကိုင္မိ သူ႕ကိုေၾကာင္ၾကည့္ေနတယ္။ အားလံုးက သူ႔ကို တအံ့တဩ ၾကည့္ေနၾကပါတယ္။ သူဟာ ဘုရားရိွခုိးေနရာက မ်က္ႏွာေမာ့လာကာ ဘုရားရုပ္ပြားေတာ္ၾကီးကို တစိမ့္စိမ့္ၾကည့္ၿပီး အဂၤလိပ္ဘာသာနဲ႔ တစ္စံုတစ္ရာ ေအာ္ဟစ္ေၿပာဆိုလိုက္တယ္။ ၿမန္မာစကားၿပန္မိတ္ေဆြက ..

“ အုိး..ေဂါ့ဒ္.. ဒီရုပ္ပြာေတာ္ၾကီးဟာ သူလွဴခဲ့တဲ့ဘုရားဆိုပါလား” လုိ႔ ေအာ္ၾကီးဟစ္က်ယ္ တအံ့တဩ ဘာသာၿပန္ေပးလိုက္တယ္။ အဂၤလိပ္မိတ္ေဆြ အေဖၚက “သူ ရူးသြားၿပီ” လုိ႔ ယူၾကံဳးမရ ေၿပာတယ္။ ဟြန္းစႏိုးက.. “ ႏိုး..ႏိုး.. သူ မရူးဘူး” ဒီဘုရားကို သူ ၿမန္မာ လူမ်ိဳး ဘ၀က လွဴခဲ့တာၿဖစ္ေၾကာင္း တပ္အပ္ေသခ်ာ အခုိင္အမာ ေၿပာဆိုတယ္။ သူတို႔ ၿငင္းခံုသံေတြေၾကာင့္ ပုတီးစိပ္သူ၊ တရားထိုင္သူ တစ္ခ်ိဳ႔ ထသြားၾကတယ္။ သူတို႔ကို ေသေသခ်ာခ်ာ အကဲခတ္ေနသူေတြကေတာ့ ဘုရားေရွ႕မွာ ရပ္ေနတဲ့ ရဟန္းေတာ္နဲ႔ သူ႔ဒကာပါပဲ။ သူကိုယ္တုိင္လည္း ရဟန္းေတာ္နဲ႔ လူဒကာကို ေငးစိုက္ၾကည့္ေနရင္းက လူဒကာကို လက္ညိႈးထိုးၿပီး “ You are my son.. You are my son..” လုိ႔ ေၾကကြဲဆို႔နစ္စြာ ေအာ္ေၿပာလိုက္ၿပန္တယ္။ လူဒကာ ကလည္း သူ႔ကို ရီရီေ၀ေ၀ ေငးၾကည့္ရင္း မွင္တက္ေနေလတယ္။ သူဟာ.. “ မင္းဟာ ငါ့သား” ဆုိတဲ့စကားနဲ႔ အဂၤလိပ္လုိ ေအာ္ေၿပာၿပီး အားမလုိအားမရၿဖစ္လ်က္ လူဒကာရဲ႕လက္ကိုဆြဲ၊ ကိုယ္ကိုေပြ႔ဖက္ကာ ရိႈက္ၾကီးတငင္ ငိုခ်လိုက္ပါေတာ့တယ္။ ၿပီးေတာ့ အဂၤလိပ္လုိ ဆက္ေၿပာေနပါတယ္။ ၿမန္မာစကားၿပန္ကေတာ့ ၾကိဳးစားၿပီး ဘာသာၿပန္ေပးေနပါတယ္။

“ၿပီးခဲ့တဲ့ဘ၀က သူဟာ ၿမန္မာလူမ်ိဳး ဘုရားတရားအလြန္ၾကည္ညိဳတဲ့ ကုသိုလ္ရွင္ၾကီးတစ္ဦးၿဖစ္ခဲ့တယ္၊ ဘုရားၾကည္ညိဳလြန္းလုိ႔ သည္ေရႊတိဂံုဘုရားၾကီးေပၚမွာပဲ အေနမ်ားခဲ့တယ္၊ သူဟာ ဘုရားေ၀ယ်ာ၀စၥေတြကိုလည္း လုပ္တယ္၊ လွဴလည္းလွဴတယ္၊ သူ႔အလွဴေတြ အမ်ားၾကီးထဲက ေဟာဒီ တန္ေဆာင္းၾကီးနဲ႕ ေဟာဒီ ရုပ္ပြားဆင္းတု ဘုရားၾကီးဟာ အထင္ကရၿဖစ္ပါတယ္ ..” တဲ့… ဘာသာၿပန္လုိ႔ မဆံုးေသးခင္မွာပဲ အေဖၚပါလာတဲ့ သူ႔အဂၤလိပ္မိတ္ေဆြက…
“မယံုဘူး..မယံုဘူး.. မဟုတ္ဘူး…အရင္ဘ၀ေတြ ေနာက္ဘ၀ေတြဆိုတာ မရိွဘူး.. ဘာမွ အဓိပၸါယ္မရိွဘူး..” လို႔ အၿပင္းအထန္ ၿငင္းဆို ၿပီး… “သူ ရူးသြားၿပီး.. ဆရာ၀န္နဲ႔ ေဆးစစ္ရမယ္.. အဂၤလန္ကို ၿပန္ေခၚသြားရမယ္..” လုိ႔ ေလသံမာမာနဲ႔ ေၿပာပါေတာ့တယ္။

ၿမန္မာစကားၿပန္ မိတ္ေဆြက… “ သည္းခံပါ လူၾကီးမင္း ခင္ဗ်ာ.. ကြ်န္ေတာ္တုိ႔ ဗုဒၶဘာသာမွာ တစ္ဘ၀ၿပီး တစ္ဘ၀ က်င္လည္ရတဲ့ သံသရာဆိုတာရိွပါတယ္၊ ၿပီးေတာ့ လူ႔ဘ၀ကေန ေသလြန္ၿပီး တဖန္ လူၿပန္ၿဖစ္တဲ့ လူ၀င္စားဆုိတာလည္း ရိွပါတယ္၊ အတိတ္ဘ၀ေတြကို ၿပန္မွတ္မိတဲ့ ဇာတိႆရဥာဏ္ ဆိုတာရိွပါတယ္။ မိတ္ေဆြရဲ႕ သူငယ္ခ်င္း မစၥတာ ဟြန္းစႏိုးဟာ ၿပီးခဲ့တဲ့ ဘ၀ေဟာင္းက အေၾကာင္းအရာေတြ ကို ၿပန္မွတ္မိသြားၿပီး ဒီလုိၿဖစ္သြားတာၿဖစ္တယ္လုိ႔ ကြ်န္ေတာ္ယူဆမိတယ္..” လုိ႔ ၾကား၀င္ ရွင္းၿပလိုက္ပါတယ္။ ဒီမွာပဲ အဂၤလိပ္လူ၀င္စား မစၥတာဟြန္းက “ ဟုတ္တယ္..ဟုတ္တယ္” နဲ႔ ကသုတ္ကယက္ ၀န္ခံေၿပာဆိုၿပီး သူ႕ကိုေငးၾကည့္ေနတဲ့ လူဒကာကို အတင္း လက္ဆြဲ ေပြ႔ဖက္ ၿပီး ဟီးခနဲ ငိုခ် လုိက္ၿပန္တယ္။

“ဒါ..ငါ့သား..သူဟာ ငါ့သား” လုိ႔ ေအာ္ေၿပာလုိက္တာနဲ႔ အားလံုးထိတ္လန္႔ တုန္လႈပ္ကုန္တယ္.။ အင္မတန္ ဣေၿႏၵေကာင္းလွတဲ့ ရဟန္းေတာ္လည္း ဟာခနဲ ၿဖစ္သြားတယ္။
“အဓိပၸါယ္မရိွဘူး.. မင္းက လူပ်ိဳပဲ..မင္းရူးေနၿပီ” လုိ႔ အေဖၚမိတ္ေဆြအဂၤလိပ္က ေငါက္ေငါက္ငမ္းငမ္း ေၿပာဆိုလုိက္ၿပန္တယ္။ အေၿခအေနက ေတာ္ေတာ္ရႈပ္ေထြး သြားပါတယ္။ မစၥတာဟြန္းစႏိုးက ..

“ဒါ ငါ့သား၊ ၿပီးခဲ့တဲ့ဘ၀ ငါရဲ႕ၿမန္မာလူမ်ိဳးဘ၀က က်န္ရစ္ခဲ့တဲ့ တစ္ဦးတည္းေသာသား၊ ၾကည့္စမ္း ..သူ လူၾကီးၿဖစ္ေနၿပီ” လုိ႔ ရွင္းၿပရင္း၊ ၿမန္မာဒကာ ( သူ႔သား ဆုိသူ) ဘက္လွည့္ၾကည့္ကာ “မင္းအေမရိွေသးလား.. ေသၿပီထင္ပါတယ္” လုိ႔ ေမးလုိက္ၿပန္တယ္။ ၿမန္မာဒကာ ခမ်ာ ရုတ္တရက္ၿပန္မေၿဖႏိုင္ဘူး ..ဟြန္းစႏိုးကိုၾကည့္ၿပီး မခ်ိတင္ကဲ မ်က္ရည္ေတြ၀ဲေနတယ္။ အေဖၚအဂၤလိပ္ကေတာ့ “အဓိပၸါယ္မရိွဘူး..လံုး၀အဓိပၸါယ္မရိွဘူး.. မယံုဘူး” လုိ႔ပဲ အပ္ေၾကာင္းထပ္ေအာင္ ေအာ္ဟစ္ရင္းနဲ႔ေၿပာတယ္.. “သူငယ္ခ်င္း.. ဒီအရူး အမႈၾကီး အဆံုးသတ္ပါေတာ့..၊ ငါတုိ႔ၿပန္ၾကပါစို႔” လုိ႔ ေလသံမွန္နဲ႔ေၿပာရင္းနဲ႔ ဟြန္းစႏိုးကို ဆြဲေခၚတယ္၊ ဟြန္းစႏိုးက ရုတ္တရက္ ရုန္းလိုက္ၿပီး.. “ငါေတာင္းပန္ပါတယ္..၊ ငါရွင္းၿပပါရေစ..၊ မင္း မယံုရင္ ငါလက္ေတြ႔ၿပမယ္၊ သက္ေသခိုင္လံုရင္ ငါေၿပာတာေတြ မင္း လက္ခံရလိမ့္မယ္” လုိ႔ ကတိေတာင္းတယ္.။ သူငယ္ခ်င္း အဂၤလိပ္က သူ႔ရဲ႕စိန္ေခၚမႈကို သေဘာတူလိုက္ၿပီး “ေကာင္းၿပီ.. မင္း ဘယ္လုိသက္ေသၿပမွာလဲ” လုိ႔ ေမးတယ္။

မစၥတာဟြန္းဟာ ဘုရားရုပ္ပြာေတာ္ၾကီးကို ရိွခိုးဦးခ်တယ္.။ ၿပီးေတာ့ ရဟန္းေတာ္ကို တစ္လွည့္ရိွခုိးတယ္။ ရဟန္းေတာ္နဲ႔အတူေတြ႔ရ တဲ့ လူဒကာ ( ဘ၀ေဟာင္းက သားၿဖစ္သူ ) ကို မ်က္ရည္စမ္းစမ္းနဲ႔ၾကည့္ရင္း.. “ ေက်းဇူးၿပဳၿပီး အကၤ်ီခြ်တ္လုိက္ပါ.. မင္းရဲ႕ ညာဘက္ လက္ေမာင္းထိပ္မွာ ေဒါင္းပံုနဲ႔ ေနတံဆိပ္၊ မင္းရဲ႕ဘယ္ဘက္ လက္ေမာင္းထိပ္မွာ ယုန္ပံုနဲ႔လတံဆိပ္ေတြ ေဆးမင္ေၾကာင္ေရးထိုးထားတာ ရိွတယ္..၊ ဗုဒၶသာသနာေတာ္ၾကီး ေနလုိလလုိ ထြန္းလင္းေအာင္ စြမ္းေဆာင္ေစခ်င္တဲ့ သားေကာင္း ရတနာၿဖစ္ေစခ်င္လုိ႔ အရင္ဘ၀က ငါကိုယ္တုိင္ ေရးထုိးခုိင္းခဲ့တယ္..၊ ၿပီးေတာ့ မင္းရဲ႕ ရင္ညႊန္႔မွာ မွဲ႔အနီကေလး သံုးလံုးၾတိဂံပံု ပါရိွတယ္..” လုိ႔ ပိုင္ပိုင္ႏိုင္ႏိုင္ ေၿပာခ်လုိက္ပါတယ္။

မစၥတာဟြန္းစႏိုး ခုိင္းေစတဲ့အတိုင္း ၿမန္မာဒကာဟာ အကၤ်ီခြ်တ္လုိက္တယ္ဆိုရင္ပဲ သူေၿပာတဲ့ အမွတ္အသားေတြ တစ္ခုမလြဲ ေပၚလာတာကို အားလံုးေတြ႔လုိက္ ၾကရပါေတာ့တယ္။ သံသယနဲ႔ ဘာသာေရးအစြဲၾကီးလွတဲ့ မိတ္ေဆြအဂၤလိပ္တစ္ေယာက္ “ အုိး မိုင္ေဂါ့ဒ္.. အုိး..မုိင္ေဂါ့ဒ္” နဲ႔… အဖန္ဖန္ေရရြတ္ရင္းနဲ႔ ..ဟြန္းစႏိုးလက္ေမာင္းကုိ ကိုင္လႈပ္ကာ “ဘယ္လုိထူးဆန္းမႈေတြလဲ.. မင္း ဘယ္လုိသိ တာလဲ..မင္းဘယ္လုိလုပ္ ေၿပာင္းသြားတာလဲ” လုိ႔ ဒလစပ္ေမးခြန္းေတြထုတ္ေတာ့တယ္။ ရဟန္းေတာ္အပါအ၀င္ အားလံုးဟာ ပါးစပ္ အေဟာင္းသား ၊ မ်က္လံုးအ၀ိုင္းသားနဲ႔ ဟြန္းစႏိုးကိုပဲ စိုက္ၾကည့္ေနၾကတယ္။ ဘ၀ေဟာင္းက သားၿဖစ္တယ္လုိ႔ အေၿပာခံရတဲ့ ၿမန္မာဒကာမွာေတာ့ ဘ၀ေဟာင္းက သူ႕အေဖၿဖစ္ခဲ့တဲ့ အဂၤလိပ္လူမ်ိဳး မစၥတာဟြန္းစႏိုးကို ၾကည့္ၿပီး မ်က္ရည္မ်ား စီးက်စၿပဳေနပါၿပီ။ ဟြန္းစႏိုးက ဆက္ၿပီးေၿပာပါတယ္။

“အေရးၾကီးတဲ့ သက္ေသတစ္ခုက်န္ေသးတယ္.ေဟာဒီဘုရားရုပ္ပြားေတာ္ၾကီးရဲ႕ပလႅင္ေအာက္ေၿခမွာ က်ဳပ္ကိုယ္တုိင္ ဌာပနာခဲ့တဲ့ ပစၥည္းေလးႏွစ္ခုရိွပါတယ္။ အဲဒီပစၥည္းႏွစ္ခုကေတာ့ အေလးခ်ိန္ တစ္ဆယ္က်ပ္သားစီရိွတဲ့ ေရႊဒဂၤါးနဲ႔ေငြဒဂၤါးႏွစ္ၿပားပါ ။ ေရႊဒဂၤါးေပၚ မွာ ေဒါင္းရုပ္ေနတံဆိပ္ နဲ႔ ေငြဒဂၤါးေပၚမွာ ယုန္ရုပ္လတံဆိပ္တုိ႔ ခတ္ႏွိပ္ ထားပါတယ္၊ ငါတုိ႔မိသားစု ( ကုသိုလ္ရွင္မိသားစု) ရဲ႕နာမည္ေတြကို ဒဂၤါးၿပားရဲ႕ဟိုဖက္မ်က္ႏွာမွာ ေရးထားပါတယ္၊ ဒီသက္ေသၿပခ်က္အေပၚမွာ မင္း အၾကြင္းမရိွ ယံုၾကည္မယ္လုိ ထင္ပါတယ္” ဟု သူ႔မိတ္ေဆြ အဂၤလိပ္ကို ဦးတည္ေၿပာရင္း ရွင္းၿပေနပါတယ္။

တစ္ခ်ိန္လံုး ၿငိမ္သက္ေနတဲ့ ရဟန္းေတာ္က… “ ဒီကိစၥကေတာ့ ေဂါပကအဖြဲ႔ကို အက်ိဳးအေၾကာင္းေၿပာၿပၿပီး ပလႅင္ကို ဖြင့္ၾကည့္ ရမယ္၊ ဒီကိစၥ ဦးဇင္းပဲ တာ၀န္ယူ ပါတယ္၊ ကဲ ဒီမွာ ခဏေနရစ္ၾက.”လုိ႔ အမိန္႔ရိွၿပီး တန္ေဆာင္းထဲက ထြက္သြားပါတယ္။ ဟြန္းစႏိုးရဲ႕ သူငယ္ခ်င္းမိတ္ေဆြ အဂၤလိပ္ကေတာ့ အခုမွ အသက္၀င္လာသည့္ အလား ဓာတ္ပံုေတြ တဖ်ပ္ဖ်ပ္ ရိုက္ပါေတာ့တယ္။ သူ႔ သူငယ္ခ်င္း ဟြန္းစႏိုး၊ ၿမန္မာဒကာ၊ ဘုရားရုပ္ပြားေတာ္ၾကီး၊ တန္ေဆာင္းၾကီးနဲ႔ ေရႊတိဂံုဘုရားၾကီး စတဲ့ မ်က္စိတဲ့ေတြ႕သမွ် ၿမင္ကြင္းေတြကို အငမ္းမရ ရိုက္ယူ မွတ္တမ္းတင္ပါေတာ့တယ္။ ဒီတစ္ခါ သူ႔ႏႈတ္ဖ်ားမွာ “ အံ့ဖြယ္ပဲ..တကယ့္ အံ့ဖြယ္ပါပဲ” ဆိုတဲ့စကားေတြပဲ ေရရြတ္ေနပါေတာ့တယ္။

ဟြန္းစႏိုးက.. “ငါ အဂၤလန္ မၿပန္ေတာ့ဘူး.. ငါ ၿမန္မာၿပည္မွာပဲ ေနေတာ့မယ္ ၿဖစ္ေၾကာင္းကုန္စင္ေၿပာၿပလုိက္ပါ၊ ငါ့ကို ခြင့္လႊတ္ပါ သူငယ္ခ်င္း” လုိ႔ ေဆြးေဆြး ေၿမ့ေၿမ့ ေၿပာလုိက္တယ္။ သူ႕ သူငယ္ခ်င္းက.. “ ငါ နားလည္ပါၿပီ.. ဒါေပမယ့္ စဥ္းစားပါဦး” လုိ႔ ေတာင္းပန္ ပါတယ္ ။ အဲဒီအခ်ိန္မွာပဲ ရဟန္းေတာ္ဟာ အၿခားးေသာ ရဟန္းေတာ္ သံုးပါး၊ ေဂါပကလူဒကာမ်ားနဲ႔အတူ ၿပန္ေရာက္လာတယ္။ ဟြန္းစႏိုးညႊန္ၿပတဲ့ ပလႅင္ေအာက္ေၿခဘက္ ကို တူရြင္းနဲ႔တူးၿပီး ဖြင့္ၾကည့္ၾကတဲ့အခါ လက္ရာေသသပ္တဲ့ သံေသတၱာေလးတစ္လံုး ေပၚထြက္လာပါတယ္၊ ေသတၱာထဲမွာေတာ့ လက္တစ္၀ါးနီးပါးရိွတဲ့ ေရႊဒဂၤါးနဲ႔ေငြဒဂၤါး၀ိုင္းၾကီး ႏွစ္ခုကို အေရာင္ၿပိဳးၿပက္ စြာ ေတြ႔ၾကရပါတယ္။ ေရႊဒဂၤါးၿပားေပၚမွာ ေဒါင္းတံဆိပ္နဲ႔ ေငြဒဂၤါးၿပားေပၚမွာ ယုန္တံဆိပ္ပါရိွၿပီး ဒဂၤါးၿပားရဲ႕အၿခား မ်က္ႏွာမွာ ‘သကၠရာဇ္ ၁၂၇၅ ခုႏွစ္၊ တေပါင္းလၿပည့္ေန႔ ကုသိုလ္ရွင္ ဦးဘေကာင္း – ဇနီးေဒၚၿမညႊန္႔၊ သားေမာင္ေကာင္းညႊန္႔ မိသားစု ေကာင္းမႈ၊ ေတာင္းဆုနိဗၺာန္ ၿပည့္ေစေသာ္၀္ ၊ ဤဘုရားဤတန္ေဆာင္းၿပိဳပ်က္လွ်င္ ဤေရႊဒဂၤါး ေငြဒဂၤါးမ်ားကိုေရာင္း၍ ၿပဳၿပင္ႏိုင္ၾကပါေစ’ ဟု ေရးထုိးထားေသာ စာတန္းကို ဖတ္ၾကရေလသည္။

ဟြန္းစႏိုးကိုယ္တုိင္ မိမိေကာင္းမႈသက္ေသကို ၿပန္ေတြ႔ၿပီၿဖစ္၍ ဟန္မေဆာင္ႏိုင္ေတာ့ဘဲ သည္းထန္းစြာ ငိုေလေတာ့သည္။ ဘ၀ေဟာင္း က သားၿဖစ္ခဲ့သူ ၿမန္မာဒကာ ကုိေကာင္းညႊန္႔လည္း ငိုသည္။ ဘ၀ၿခား လူမ်ိဳးၿခားၿဖစ္ေနၾကေသာ သားအဖႏွစ္ေယာက္ဖက္၍ ငိုၾကသည္။ အဂၤလိပ္မိတ္ေဆြက ဓာတ္ပံုရိုက္ေနပါေသာ္လည္း သူကိုယ္တိုင္ အံ့ၾသၿခင္းတ၀က္ၿဖင့္ မ်က္ရည္လည္လ်က္ရိွေန၏။
ရဟန္းေတာ္က.. “ဒကာၾကီး ကိုေကာင္းညႊန္႔.. ဒီ ဒဂၤါးၿပားေတြကို ဘယ္လုိလုပ္ခ်င္သလဲ၊ သူ႕ကုိေမးပါ” လုိ႔ မိန္႔ပါတယ္။

“ေရႊတိဂံုဘုရားၾကီးကို လွဴပါတယ္၊ ေဂါပကအဖြဲ႔ကို အပ္ပါတယ္” ဟု ဟြန္းစႏိုးက ေၿဖတယ္.။ ၿပီးေတာ့ ရဟန္းေတာ္ရဲ႕သကၤန္းစကို ဆြဲၿပီး တစံုတခုေၿပာ လိုက္တယ္။ သူ အဂၤလိပ္လုိေၿပာတာကို ၿမန္မာစကားၿပန္က.. “ သူ႕ ကို ရဟန္းၿပဳေပးပါ၊ ေနာင္သံသရာမွာ ဘယ္လုိဘ၀မ်ိဳးမွ မလိုခ်င္ေတာ့ပါဘူး.. ဘ၀ဒုကၡခ်ဳပ္ၿငိမ္းရာ နိဗၺာန္အလုိ႔ငွာ ရဟန္း ဘ၀နဲ႔က်င့္ၾကံပါေတာ့မယ္” လုိ႔ ဆုိပါတယ္..။ သူ႕သူငယ္ခ်င္းကိုလည္း..
“ငါ့ မိဘေတြကို အေၾကာင္းၾကားေပးပါ၊ ၿမန္မာၿပည္ကို အၿမန္လုိက္လာဖုိ႔ ေၿပာေပးပါ၊ ငါ ရဟန္း၀တ္ေတာ့မယ္၊ တပ္မက္စရာ အာရံုအစြဲ အၿငိေတြက လြတ္ရာမွာ ငါေနေတာ့မယ္၊ ငါၾကိဳးစားေတာ့မယ္” လုိ႔ ေၿပာဆိုမွာၾကားပါတယ္။ သူငယ္ခ်င္းမိတ္ေဆြ အဂၤလိပ္မွာေတာ့ အရာအားလံုး မ်က္၀ါးထင္ထင္ ကိုယ္ေတြ႕ ၾကံဳလုိက္ရၿပီးၿပီမုိ႔ ေခါင္းညိတ္ရံုကလြဲၿပီး ဘာမွမေၿပာႏိုင္ေတာ့ပါ။

ဆက္ၿပီး ဟြန္းစႏိုးက “ငါ ဘုရားမွာ ေနခဲ့ေတာ့မယ္ သူငယ္ခ်င္း၊ မင္း ေလွ်ာက္လည္ႏိုင္တယ္” လုိ႔ ေၿပာလုိက္ပါတယ္။
အားလံုးထြက္သြားၾကခ်ိန္မွာေတာ့ သူ႔အနားမွာ တစ္ေယာက္သာ က်န္ခဲ့ေတာ့တယ္၊ ဘ၀ေဟာင္းက သူ႔သားၿဖစ္ခဲ့ဖူးတဲ့ ကုိေကာင္းညႊန္႔ဆိုတဲ့ ၿမန္မာဒကာပါပဲ။
အဂၤလိပ္လူ၀င္စား မစၥတာဟြန္းစႏိုးဟာ အရွင္အဂၢဥာဏ ဆိုတဲ့ ဘြဲ႔ေတာ္နဲ႔ ရဟန္းၿပဳေတာ္မူခဲ့ၿပီး မဟာသတိပ႒ာန္ တရားေတာ္ၿမတ္ၾကီးကို အသက္ထက္ဆံုး အားထုတ္သြားပါတယ္။

ေရႊတိဂံုမွာ ၿပန္ဆံုတဲ့ပြဲ – ေမာင္ေသြးခြ်န္
ကိုးကား – ၁၃၂၂ ခု၊ သီတင္းကြ်တ္လထုတ္၊ ေရဦးၿမိဳ႕ ခ်မ္းသာၾကီးဆရာေတာ္ၿပဳစုေသာ ဗုဒၶဂုဏပကာသနီက်မ္း

—————-

ရွှေတိဂုံ စေတီတော်မြတ်ကြီးနှင့် အင်္ဂလန်နိုင်ငံမှ လူဝင်စား ဖြစ်ရပ်မှန်

သေခါနီးရောက်နေသည့် သတ္တဝါသည် မိမိပြုထားသော ကောင်းမှုကံ၊ မကောင်းမှုကံ တစ်ခုခုကို ဖြစ်စေ၊ ထိုကံကိုပြုစဉ်က ကြုံတွေ့ခဲ့ရသော အာရုံကိုဖြစ်စေ၊ ဖြစ်ရမည့် နောင်ဘဝက အခြေအနေကိုဖြစ်စေ ထင်မြင်စွဲလမ်းလျက်ရှိနေ၏။ထိုအာရုံကို အလိုမရှိသော်လည်း ထိုအခါမျိုးမှာ ပယ်ဖျောက်၍မရ၊ ထို့ကြောင့် သေခါနီး၌ မိန်းမောတွေဝေနေသော သူတို့တွင် တစ်ချို့မှာ တစ်စုံတစ်ခုကို ပြုလုပ်နေသကဲ့သို့ လည်းကောင်း၊ တစ်ချို့မှာ ဝမ်းသာစရာ ပျော်ရွှင်စရာများ တွေ့နေသကဲ့သို့လည်းကောင်း၊ တစ်ချို့မှာ ကြောက်လန့် စရာ ဘေးရန် များနှင့် တွေ့နေ သကဲ့သို့လည်းကောင်း ထူးထူးခြားခြားဖြစ်နေသည်ကို အနီးအပါးရှိလူများက အထင်ရှားတွေ့ရလေသည်။

တစ်ချို့မှာ မိန်းမောတွေဝေရာက ပြန်လည်သတိရလာသောအခါ “ဘယ်လိုလူက ခေါ်သွားသည် ဘယ်လိုနေရာရောက်သွားသည်” စသဖြင့် လည်း ပြန်လည်၍လည်း ပြောတတ်ကြ၏။ ဤသို့သော အာရုံနိမိတ်တစ်ခုခုကို စွဲလမ်းရင်းပင် နောက်ဆုံးစုတိစိတ်ကလေး ချုပ်ပျက်လျက် သေ သွား၏။ သေ ဆိုသည်မှာလည်း ယခုကြံသိလိုက်သော စိတ်ကလေးတစ်ခု ကုန်ဆုံးသွားခြင်းမျိုးပင်ဖြစ်၏။ ယခုကြံသိနေသော ရှေးရှေး စိတ် များ ကုန်ဆုံးသွားတိုင်း ထိုစိတ်များ၏ အဟုန်ကြောင့် နောက်နောက်စိတ်များ မပြတ်ဆက်စပ်ကာ ဖြစ်နေသကဲ့သို့ စုတိစိတ်ကလေး ပြတ်စဲ သွားသည်နှင့်တပြိုင်နက် သေခါနီးက စွဲလမ်းခဲ့သည့် အာရုံကိုပင် ဆက်လက်ထင်မြင်လျက် ဘဝသစ်ဌာန၌ စိတ်အသစ်စ၍ ဖြစ်ပေါ်လာ၏။ ( ၁၉၇၇ – ဒီဇင်ဘာလထုတ်၊ မဟာစည်ဆရာတော်ဘုရားကြီး၏ဘ၀ပြဿနာ စာ – ၂၆ )

သေတဲ့အခါ စိတ်စွဲထင်ရာ ဘဝသစ်ဖြစ်ပေါ်ရကြောင်း ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက ရှင်းလင်းဖော်ပြ ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မသေခင် နေစဉ်ကတည်းက စွဲစိတ်တွေကို သတိနဲ့ဖြတ်ချနိုင်တဲ့ အကျင့်ကောင်းကလေးတွေ ကျင့်တက်ကြစေဖို့ ဝိပဿနာ ဆရာတော်ကြီးများက အမြဲတမ်းလမ်းညွှန်သတိပေးနေပါတယ် . အနေတတ်ရမယ်၊ အထူးသဖြင့် အသေတတ်ရမယ် လို့ ဩဝါဒပေးနေတာဟာ သေခါနီးမှာဖြစ်ပေါ်လာတဲ့ စွဲစိတ်တွေရဲ့ အန ၱရာယ်ကို ကြိုတင်ကာကွယ်စေချင်လို့ ဖြစ်ပါတယ်။ အလောင်းတော်ကြီး များသော် မှ နုစဉ်ဘဝများမှာ အာရုံမှားပြီး တိရစ ၧာန်ဘဝများသို့ လားရောက်ရသေးတယ် မဟုတ်ပါလား။ ကျောင်းဆောက်ပြီး လှူတဲ့ ကျောင်းဒကာကြီး ကျောင်းကိုစွဲပြီး သေသွားတဲ့အခါ ကျောင်းစောင့်ပြိတ္တာဖြစ်ရရှာပုံ၊ ဘုရားဒကာကြီးလည်း ဘုရားစေတီကို စွဲပြီး သေသွားတဲ့အခါ ဘုရားစောင့်ပြိတ္တာ ဖြစ်ရရှာပုံတွေကို မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးကလည်း သာဓကဆောင် ဟောကြားခဲ့ဖူး ပါတယ်။

လွန်ခဲ့သောနှစ်ပေါင်းတစ်ရာနီးပါး မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ်က အမှတ်ထင်ထင်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ဟာလည်း ကုသ်ိုလ်ရှင်ကြီးတစ်ဦးရဲ့ စွဲစိတ်ကြောင့် ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခသုက္ခတွေကို ထူးထူးခြားခြား ဖေါ်ပြနေသလိုရှိပါတော့တယ်။ အဲဒီတုန်းက ကုသိုလ် ရှင်ကြီး တစ်ဦးဟာ ရွှေတိဂုံစေတီကြီးရဲ့ စနေထောင့် အနောက်တောင်ယွန်းယွန်းမှာ တန်ဆောင်းကြီး တစ်ဆောင် ဆောက်လုပ် လှူဒါန်း ခဲ့ပါ တယ် ။ တန်ဆောင်းကြီးအတွင်းမှာလည်း အများပြည်သူတို့ ကြည်ညိုဖို့ ရုပ်ပွားတော်ကြီးတစ်ဆူ ပင့်ဆောင်ကိုးကွယ်ခဲ့ပါတယ်။ ကုသိုလ်ရှင်ကြီးဟာ မိမိရဲ့ကုသိုလ်ကောင်းမှုတွေကို အားကိုးပြီးတော့ ကုသိုလ်ရမယ့် အလုပ်တွေကိုသာ ကြိုးစားလုပ်ဆောင်နေခဲ့ပါတယ်။ ဒါကြောင့် သူသေရင် နတ်ပြည်တော့ မလွဲဘူးလို့ အားလုံးက ထောပနာပြုကြလေ့ ရှိသတဲ့။ ဒီလိုနဲ့ တစ်နေ့မှာ ကုသိုလ်ရှင်ကြီး ရှိရာ ရွှေတိဂုံ ဘုရား ရင်ပြင်တော်ဆီ ကာလအတန်ကြာကွဲကွာနေတဲ့ မိတ်ဆွေတွေရောက် လာကြပါတယ် ။

ရောက်မဆိုက်ဆိုသလို မိတ်ဆွေတွေက –
“ဘုရားဒကာ တန်ဆောင်းဒကာကြီးရဲ့သတင်းတွေကတော့ဗျာ၊ ဘိလပ်အထိအောင် မွှေးပါပေတယ်” လို့ ချီးကျူးကြပါတယ်။ `ဩော်.. သူတို့က ဘိလပ်ပြန် တွေကိုး။ သူတို့ အင်္ဂလန်သွားနေတာလည်း ကုသိုလ်ရှင်ကြီး အခုမှ သတိရတယ်။ ဘိလပ်ပြန် မိတ်ဆွေများက.. “ ကုသိုလ်ကောင်းမှုတွေ ဒီလောက်လုပ်နေတာ သေရင် နတ်ပြည်တော့ မလွဲဘူးလို့ ပြောနေကြပါလား မိတ်ဆွေကြီးရဲ့.. ဒါနဲ့ နတ်ပြည် ခြောက်ထပ်ဆိုတာ ဘယ်မှာရှိပါလိမ့် မိတ်ဆွေကြီး..” လို့ လှိုက်လှဲဝမ်းသာ မေးကြပါတယ်။ ကုသိုလ်ရှင်ကြီးက မိုးမော့ကြည့်ပြီး “ နတ်ပြည်ဆိုတာ မိုးပေါ်မှာပေါ့ဗျာ” လို့ ပြုံးပြုံးရွှင်ရွှင် ဖြေလိုက်တယ်။ ဘိလပ်ပြန်မိတ်ဆွေကြီးတစ်ယောက်က- “ မိုးပေါ်မှာ နတ်ပြည်ဆိုတာ မသေချာပါဘူးဗျာ .. ဒီမှာကျောင်းဒကာကြီး၊ ဟောဒီ မြေပြင်ပေါ်မှာတင် နတ်ပြည်ဆိုတာ ရှိနေတယ်ဗျ” လို့ ခနိုးခနဲ့ပြောလိုက်ပါတယ်။

ကုသိုလ်ရှင်ကြီး ယောင်နန ဖြစ်သွားစဉ်မှာပဲ အခြားသော ဘိလပ်ပြန်မိတ်ဆွေကြီးနှစ်ဦးက “ ဟုတ်တယ်ဗျ၊ ကျုပ်တို့ရောက်ခဲ့တဲ့ ဘိလပ်ဆိုတဲ့ အင်္ဂလန်ကျွန်းဟာ တကယ့်နတ်ပြည်ပဲ၊ မြေပြင်ပေါ်က နတ်ပြည်ပဲ။ ဘိလပ်သူ ဘိလပ်သားတွေဆိုတာလည်း နတ်သမီး နတ်သားတွေ ကျလို့ဗျာ..ဘိလပ်မှာ ဆင်းရဲတယ်ဆိုတာ ဘာမှန်းမသိအောင် အချိန်ပြည့် ဇိမ်ခံနေကြတယ်၊ ဘုံနန်းဆောင်ကြီးတွေ ယာဉ် ရထားတွေ ပန်းဥယျာဉ်ကြီးတွေဆိုတာလည်း နတ်ပြည်မှာတောင် ရှိမယ်မထင်ပါဘူးဗျာ” စသဖြင့် ဘိလပ်ချီးမွမ်းခန်း ကို အဆန်းတကြယ်ပြော လိုက်ကြတာ ကုသိုလ်ရှင်ကြီးပါးစပ်အဟောင်းသားနဲ့ငေးမောနားထောင်ယူရတယ်။ ဘိလပ်ပြန်မိတ်ဆွေတွေ ပြန်သွားသည့်တိုင် သူ့နားထဲမှာ “ဘိလပ်ဆိုတာ နတ်ပြည်” ဆိုတဲ့ စကားသံကြွားသံတွေ ပဲ့တင်ကျန်နေရစ်ပါတယ်။

ဒီလိုနဲ့ ကုသိုလ်ရှင်ကြီးဟာ ရွှေတိဂုံကုန်းတော်ကနေ ဘိလပ်တစ်ခေါက်လောက် သွားရကောင်းလေမလား.. စဉ်းစားခန်းဝင်မိတဲ့ အထိပဲ တဲ့ ။ ဪ..ငါ့အသက်လည်းကြီးပါပြီ၊ ကိုယ့်အလုပ် ကိုယ်လုပ်တာကောင်းပါတယ်ဆိုပြီး ရွှေတိဂုံဘုရားကြီးပေါ်မှာပဲ ဒါနသီလ အလုပ်တွေ ကြိုးစားလုပ်ကိုင်နေပါသတဲ့။ အရွယ်ရောက်စ သားလူပျိုပေါက်ကို ဘုရားခေါ်လာခဲ့ပြီး လက်ကတုံးတောင်းဝှေးလုပ်ရသေးတယ်။ သားကိုခိုင်းစရာရှိတာခိုင်း၊ သင်စရာရှိတာသင်နဲ့ အလေ့ကောင်း၊ အကျင့်ကောင်း၊ အမွေကောင်း ဆက်ခံလုပ်ကိုင်စေပါတယ်။ ဒီလိုနဲ့ ကုသိုလ်ရှင်ကြီးရဲ့ဘဝဆည်းဆာချိန် ရောက်လာတဲ့အခါ သူ့အာရုံမှာ ဘိလပ်၊ အင်္ဂလန်ဆိုတဲ့ ပုံရိပ်တွေသာ ကပ်ငြိလို့ ပုံပေါ် လာပါတယ်။ အဲဒီမှာပဲ ရုတ်တရက် သေဆုံးလေရာ ( နတ်ပြည်သို့ရောက်ထိုက်ပါလျက် ) အစွဲအငြိနဲ့ အာရုံမှားဝင်ဖျက်လို့ ဘိလပ်မှာ ဝင်စား၊ အင်္ဂလိပ်အမျိုးသား လူမျိုးခြားအဖြစ် တဖန်မွေးဖွား ပြီး လူပြန်ဖြစ်ခဲ့ပါတော့တယ်။ အင်္ဂလိပ်ဘ၀ သူ့နာမည် ‘ဟွန်းစနိုး’ ဟု ခေါ်တွင် သတဲ့။ မြန်မာပြည်သား ကုသိုလ်ရှင်ကြီးဘဝက ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့် ချမ်းချမ်းသာသာ နေရပါတယ်။

မြန်မာပြည်သားဘဝက စောင့်ထိန်းခဲ့တဲ့ သီလကုသိုလ်၊ ပြုကျင့်ခဲ့တဲ့ဘာဝနာကုသိုလ်တို့ရဲ့ ကျေးဇူးကြောင့် လူငယ်စာသင်သားဘဝမှာ ပညာထူးချွန်သူ ဖြစ်လာခဲ့ပါတယ်။ သူ အထူးစိတ်ဝင်စားတာက ဘာသာရေးနဲ့အတွေးအခေါ်ပညာရပ်တွေ ဖြစ်လာပါတယ်။ ယခုအခါ သူကိုယ်တိုင်ဟာ ဘာသာခြားလူမျိုးခြား ဖြစ်လာရပေမယ့် ဗုဒ္ဓဘာသာအကြောင့်တစေ့တစောင်းမျှ ဖတ်မှတ်လေ့လာရုံမျှနဲ့ သူ့စိတ်ဟာ အကြီးအကျယ် လှုပ်ရှားရတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့သူဟာ ဗုဒ္ဓဝါဒ သုတေသနသမားကြီး ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ သုတေသနလုပ်ငန်းတွေအတွက် ဗုဒ္ဓဘာသာဝင်တွေနဲ့ တွေ့ဆုံမေးမြန်းစူးစမ်းတာတွေ လုပ်လာရပါတယ်။ အဲဒီမှာ မြန်မာပြည်က အင်္ဂလန်ကို ပညာတော်သင်လာရောက်သူများနဲ့ ဆုံဆည်းမိရာက သူ့ဘဝရဲ့ အလှည့်အပြောင်းကြီး တစ်ခု ဘွားခနဲပေါ်ပေါက် လာရ ပါတော့ တယ်။ မြန်မာမိတ်ဆွေတစ်ဦးက အလွန်ကြည်ညိုဖွယ်ကောင်းတဲ့ ဗုဒ္ဓရုပ်ပွားတော် ဓာတ်ပုံတစ်ပုံရယ် ရွှေတောင်ကြီးပေါက်နေ သကဲ့သို့ အံ့ဖွယ်သပ္ပါယ် လှတဲ့ မြတ်ဘုရားရွှေတိဂုံပုံတော် တစ်ပုံလက်ဆောင်ပေးပါတယ်။

အင်္ဂလိပ်ပညာတတ် ဟွန်းစနိုးဟာ ရွှေတိဂုံဘုရားပုံတော် ကြည့်ပြီး ရင်တွေ တဒိတ်ဒိတ်ခုန်၊ အသားတွေ တဆတ်ဆတ်တုန်လာပါတယ်။ ရွှေတိဂုံဘုရားပုံတော်ကို မမှိတ်မသုံ စိုက်ကြည့်နေစဉ်မှာပဲ ခမ်းနားတဲ့ တန်ဆောင်းကြီး တစ်ခုကို သူမြင်လိုက်ရပါတယ်။ ( တကယ်တော့ သူကြည့်သည့် ရွှေတိဂုံပုံတော်ဓာတ်ပုံတွင် တန်ဆောင်းကို ထည့်သွင်း ရိုက်ကူး ထားခြင်းမဟုတ်သည့်အတွက် တန်ဆောင်း မပါဝင်ပါ )။ ဟွန်းစနိုးဟာ ရွှေတိဂုံဘုရားပုံတော်ကို မျက်စိခွာလို့မရ၊ ကြည့်နေရင်းမှာပဲ တန်ဆောင်းကြီးတစ်ခု ဖျပ်ကနဲ ဖျပ်ကနဲ ပေါ်လာပါတယ်။ ပြီးတော့ တန်ဆောင်းအတွင်း အတင့်အတယ် စမ္ပါယ်နေတဲ့ မြန်မာလူမျိုးဘဝက သူလှူခဲ့တဲ့ ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကြီးကိုလည်း ဖူးတွေ့လိုက်ရပြန်ပါတယ်။

မြန်မာပညာတော်သင်မိတ်ဆွေကို အလွန်အမင်းကျေးဇူးတင်ခြင်းဖြင့် နှုတ်ဆက်ပြီး အိမ်ပြန်ရောက်တာနဲ့ သူဟာ ရွှေတိဂုံဘုရားပုံတော်ကို ထုတ်ကြည့်၊ ခွာကြည့် ကပ်ကြည့်ပြီး တစိမ့်စိမ့်ငေးကြည့် ကြည်ညိုလို့သာ နေတော့တယ်။ နောက်ဆုံးတော့ သူဟာ ရွှေတိဂုံဘုရားကြီးကို ကိုယ်တိုင်သွားရောက်ဖူးမြော်ချင် ကြောင်း၊ သူ့မိဘတွေဆီမှာ ခွင့်တောင်းရာမှာတော့ ဗုဒ္ဓဘာသာ သုတေသနလို့ အကြောင်းပြ ခွင့်တောင်းရရှာတယ်။ မိဘတွေကလည်း ပညာရေးကိစ္စဖြစ်လို့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုလိုက်ပါတယ်။ ဒါနဲ့သူဟာ ဝါသနာတူရာ အဖော်တစ်ယောက်နဲ့အတူ ရွှေတိဂုံဘုရားကြီးရှိရာ မြန်မာပြည်သို့ ရေကြောင်းခရီးအားဖြင့် သင်္ဘောစီးထွက်ခွာလာခဲ့ပါ တော့တယ်။ သင်္ဘောပေါ်မှာ ဆုံဆည်းမိတဲ့ မြန်မာမိတ်ဆွေများကိုလည်း ဗုဒ္ဓဘာသာအကြောင်း ရွှေတိဂုံဘုရားကြီးအကြောင်း မေးမြန်းစုံစမ်းလို့သာ အချိန်ကုန်ဆုံးရင်း လိုက်ပါလာခဲ့ပါတယ်။
“ကမ ၻာမှာ မရှိဘူး” “ အင်္ဂလန်မှာလည်း မရှိဘူး” … သူဟာ ရွှေတိဂုံဘုရားပုံတော်ထုတ်ကြည့်ပြီး အဲဒီလို အာမေဍိတ် အသံနဲ့ ပြော လိုက်တယ်ဆိုရင် မြန်မာမိတ်ဆွေ တွေက သဘောကျနေသလောက် အတူပါလာတဲ့ သူ့မိတ်ဆွေ အင်္ဂလိပ်ကြီးကတော့ ပုခုံးတွန့်လိုက်မိပါရော တဲ့ ။ ဒီလိုနဲ့ သူတို့သင်္ဘော မြန်မာ့ပင်လယ်ပြင် ဆိပ်ကမ်းနားသို့ ကပ်မိတယ်ဆိုရင်ပဲ –

“ဟိုမှာ.. ဘုရား..ဘုရား… ရွှေတိဂုံ…ရွှေတိဂုံ..” မြန်မာမိတ်ဆွေတွေက ညွှန်ပြကြတယ်။ သူ သင်္ဘောပေါ်က လှမ်းကြည့် လိုက်တော့ ရွှေတောင်ကြီးပေါက်နေသည့် ပမာ ရွှေရောင်ဝင်းဝါနေတဲ့ စေတီတော်မြတ်ကြီးကို လှမ်းမြင်လိုက်တာနဲ့ ရင်တလှိုက်လှိုက်ခုန်ပြီး မြန်မာ မိတ်ဆွေတွေလိုပဲ သူ့ရင်ညွှန့်မှာ လက်အုပ်ကလေးချီလျက်သား..။ သူ့ ပါးပြင်ပေါ်မှာတော့ ဘယ်ကဘယ်လို ကျလာမှန်းမသိတဲ့ မျက်ရည် စီးကြောင်း..၊ ဘ၀ဟောင်းက ပုံရိပ်တွေ တဖျပ်ဖျပ်ရိုက်ခတ်၊ ရုတ်တရတ် ဟိုမှာဘက်က ဘဝနဲ့ သည်ဘ၀ ဆက်စပ်သွားသလို ရင်၌လိုက်ဖို ရှိုက်ငိုခြင်းမရှိပဲ မျက်ရည်တွေက သွင်သွင်စီးကျ..။ အနီးအပါးက မြန်မာမိတ်ဆွေတွေနဲ့ သူ့အဖော် အင်္ဂလိပ်မိတ်ဆွေကတော့ နားမလည်နိုင်သော အံ့ဩခြင်းများဖြင့် သူ့ကိုကြည့်လို့..။

သင်္ဘောကမ်းကပ်တာနဲ့ သူဟာ ရွှေတိဂုံဘုရားကြီးဆီ တန်းသွားလိုက်ချင်ပေမယ့် ပါလာတဲ့ အဖေါ်၊ကို ငဲ့ညှာရ၊ ပစ္စည်း ပစ္စယတွေလည်း သယ်ရပြုရ သေးတာကြောင့် ထိုတစ်ညကို အကြာကြီးလို့ သည်းခံလိုက်ရတယ်။ နောက်တစ်နေ့ နံနက် မိုးသောက်ချိန် မှာတော့ သူဟာ အဖေါ်နှစ်ယောက်နဲ့အတူ ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ် ရောက်နေခဲ့ပါပြီ။ အဖေါ်နှစ်ယောက်မှာ တစ်ယောက်က သူ့ သူငယ်ချင်း အင်္ဂလိပ်၊ နောက်တစ်ယောက်က မြန်မာစကားပြန်ပါ။ မြန်မာစကားတွေကို နားလည်သလိုလိုလည်း သူခံစားလိုက်ရပြန်ပါတယ်။ ဒီလောက်စောစောစီးစီး ဝီရိယကြီးလိုက်ပါတဲ့ မြန်မာတွေ.. ဘုရားရင်ပြင်အနှံ့ ကုသိုလ်အလုပ်တွေ ဖြန့်ကျက်နိုင်လွန်းတဲ့ မြန်မာတွေကိုကြည့်ပြီး သူ့အမူအယာဟာ ထူးထူးခြားခြား ရွှင်လန်းလာပါတယ်။ ရွှေတိဂုံဘုရားကြီးကို အားမရနိုင်သော ဖူးမြော်ခြင်းနဲ့ ဖူးမြော်ပြီး… “ ကမ ၻာမှာ မရှိဘူး ..ကမ ၻာ မှာ မရှိဘူး” လို့ သူ့နှုတ်က မြည်တမ်းနေပါတော့တယ်။ ဒီလိုနဲ့ စနေထောင့်ကို ရောက်လာတဲ့အခါ သူ့အကြည့်တွေ၊ သူ့ခြေလှမ်းတွေ တစ်နေရာတည်းမှာ ရပ်တန့်သွားတယ်။ ခမ်းနားဆန်းပြားတဲ့ တန်ဆောင်းကြီးတစ်ခုဆီရောက်တဲ့အခါပေါ့။ တန်ဆောင်းအတွင်းမှာတော့ ဟိုဖက် ရင်ပြင်ပေါ်မှာလောက် လူမများလှ၊ ပုတီးစိပ်သူ သုံးယောက်၊ တရားထိုင်နေသူ လေးယောက် ခန့်သာရှိနေပါတယ်။ သူ တန်ဆောင်းအတွင်း ဝင်မိချိန်မှာတော့ ငါးပေလောက်မြင့်တဲ့ ကြေးဆင်းတုဘုရားရုပ်ပွားတော်ကြီးကို ဖူးတွေ့လိုက်ရတယ်။

ဘုရားရုပ်ပွားတော်ကြီးက ရောင်ခြည်တော်တွေ ပြိုးပြက်လျှံထွက်နေသလို သူမြင်တွေ့ခံစားလိုက်ရတယ်။ ရုပ်ပွားတော်ကြီးရှေ့မှာတော့ ရဟန်းတစ်ပါးနဲ့ လူဒကာတစ်ယောက်၊ ဘုရားကိုယ်တော်မြတ်ကြီးကို ပန်းဆီမီးရေချမ်းတွေနဲ့ ကြည်ညိုပူဇော်နေတာ တွေ့လိုက်ရပြန်တယ်။ ရုပ်ပွားတော်ကြီးရှေ့ တရွေ့ရွေ့နီးကပ်လာစဉ်မှာပဲ သူ့ရင်တွေ တလှပ်လှပ် ဖိုလှိုက်လာတယ်။ သူဟာ အသက်ရှူဖို့တောင် မေ့နေတဲ့အလား ဘုရားရုပ်ပွားတော်ကြီးကို ငေးကြည့် ကြည်ညိုနေမိတယ်။ သူ့ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာပြီး ရုတ်တရက်… “ ဘုရား..ဘုရား” လို့ အော်လိုက်မိပါတယ်။
ဘယ်ကဘယ်လို ပေါ်ထွက်လာတဲ့အသံကြီးပါလိမ့်..၊ သူ့ကိုယ်သူတောင် မယုံနိုင်တော့ပါဘူး…။ ဒီအင်္ဂလိပ်လူမျိုးစစ်စစ်ကြီး ပါးစပ်က မြန်မာလို “ဘုရား…ဘုရား”.. လို့ ပီပီသသကြီး အော်လိုက်မိတာ ပုတီးစိပ်နေသူ တစ်ယောက်ပင် မျက်လုံးဖွင့်ကြည့်၊ အို.. အားလုံးရဲ့အကြည့်တွေက သူ့ဆီမှာ၊ သူ ဒူးတုပ်ထိုင်ချလိုက်ပြီး ဘုရားရုပ်ပွားတော်မြတ်ကြီးကို ရှိခိုးနေမိပါပြီ..။

“ ဗုဒ္ဓံ သရဏံ ဂစ ၧာမိ .. ဓမ္မံ သရဏံ ဂစ ၧာမိ .. သံဃံ သရဏံ ဂစ ၧာမိ..” ဘုရားရှေ့မှာ ပန်းဆီမီးပူဇော်နေတဲ့ ရဟန်းတော်ဆီက သရဏဂုံဆောက်တည်သံ ပေါ်ထွက်လာတယ်..။ သူ လိုက်ဆိုနေမိတယ်..၊ ပြီးတော့ နမောတဿ..၊ တကယ့်ကို ပီပီသသကြီး သူလိုက်ဆို ရှိခိုးနေမိတယ်.။ အတူပါလာတဲ့ အင်္ဂလိပ်မိတ်ဆွေ ခြေမကိုင်မိ လက်မကိုင်မိ သူ့ကိုကြောင်ကြည့်နေတယ်။ အားလုံးက သူ့ကို တအံ့တဩ ကြည့်နေကြပါတယ်။ သူဟာ ဘုရားရှိခိုးနေရာက မျက်နှာမော့လာကာ ဘုရားရုပ်ပွားတော်ကြီးကို တစိမ့်စိမ့်ကြည့်ပြီး အင်္ဂလိပ်ဘာသာနဲ့ တစ်စုံတစ်ရာ အော်ဟစ်ပြောဆိုလိုက်တယ်။ မြန်မာစကားပြန်မိတ်ဆွေက ..
“ အိုး..ဂေါ့ဒ်.. ဒီရုပ်ပွာတော်ကြီးဟာ သူလှူခဲ့တဲ့ဘုရားဆိုပါလား” လို့ အော်ကြီးဟစ်ကျယ် တအံ့တဩ ဘာသာပြန်ပေးလိုက်တယ်။

အင်္ဂလိပ်မိတ်ဆွေ အဖေါ်က “သူ ရူးသွားပြီ” လို့ ယူကြုံးမရ ပြောတယ်။ ဟွန်းစနိုးက.. “ နိုး..နိုး.. သူ မရူးဘူး” ဒီဘုရားကို သူ မြန်မာ လူမျိုး ဘဝက လှူခဲ့တာဖြစ်ကြောင်း တပ်အပ်သေချာ အခိုင်အမာ ပြောဆိုတယ်။ သူတို့ ငြင်းခုံသံတွေကြောင့် ပုတီးစိပ်သူ၊ တရားထိုင်သူ တစ်ချို့ ထသွားကြတယ်။ သူတို့ကို သေသေချာချာ အကဲခတ်နေသူတွေကတော့ ဘုရားရှေ့မှာ ရပ်နေတဲ့ ရဟန်းတော်နဲ့ သူ့ဒကာပါပဲ။ သူကိုယ်တိုင်လည်း ရဟန်းတော်နဲ့ လူဒကာကို ငေးစိုက်ကြည့်နေရင်းက လူဒကာကို လက်ညှိုးထိုးပြီး “ You are my son.. You are my son..” လို့ ကြေကွဲဆို့နစ်စွာ အော်ပြောလိုက်ပြန်တယ်။ လူဒကာ ကလည်း သူ့ကို ရီရီဝေ၀ေ ငေးကြည့်ရင်း မှင်တက်နေလေတယ်။ သူဟာ.. “ မင်းဟာ ငါ့သား” ဆိုတဲ့စကားနဲ့ အင်္ဂလိပ်လို အော်ပြောပြီး အားမလိုအားမရဖြစ်လျက် လူဒကာရဲ့လက်ကိုဆွဲ၊ ကိုယ်ကိုပွေ့ဖက်ကာ ရှိုက်ကြီးတငင် ငိုချလိုက်ပါတော့တယ်။ ပြီးတော့ အင်္ဂလိပ်လို ဆက်ပြောနေပါတယ်။ မြန်မာစကားပြန်ကတော့ ကြိုးစားပြီး ဘာသာပြန်ပေးနေပါတယ်။

“ပြီးခဲ့တဲ့ဘဝက သူဟာ မြန်မာလူမျိုး ဘုရားတရားအလွန်ကြည်ညိုတဲ့ ကုသိုလ်ရှင်ကြီးတစ်ဦးဖြစ်ခဲ့တယ်၊ ဘုရားကြည်ညိုလွန်းလို့ သည်ရွှေတိဂုံဘုရားကြီးပေါ်မှာပဲ အနေများခဲ့တယ်၊ သူဟာ ဘုရားဝေယျာဝစ္စတွေကိုလည်း လုပ်တယ်၊ လှူလည်းလှူတယ်၊ သူ့အလှူတွေ အများကြီးထဲက ဟောဒီ တန်ဆောင်းကြီးနဲ့ ဟောဒီ ရုပ်ပွားဆင်းတု ဘုရားကြီးဟာ အထင်ကရဖြစ်ပါတယ် ..” တဲ့… ဘာသာပြန်လို့ မဆုံးသေးခင်မှာပဲ အဖေါ်ပါလာတဲ့ သူ့အင်္ဂလိပ်မိတ်ဆွေက…
“မယုံဘူး..မယုံဘူး.. မဟုတ်ဘူး…အရင်ဘ၀တွေ နောက်ဘ၀တွေဆိုတာ မရှိဘူး.. ဘာမှ အဓိပ္ပါယ်မရှိဘူး..” လို့ အပြင်းအထန် ငြင်းဆို ပြီး… “သူ ရူးသွားပြီး.. ဆရာဝန်နဲ့ ဆေးစစ်ရမယ်.. အင်္ဂလန်ကို ပြန်ခေါ်သွားရမယ်..” လို့ လေသံမာမာနဲ့ ပြောပါတော့တယ်။

မြန်မာစကားပြန် မိတ်ဆွေက… “ သည်းခံပါ လူကြီးမင်း ခင်ဗျာ.. ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ တစ်ဘ၀ပြီး တစ်ဘ၀ ကျင်လည်ရတဲ့ သံသရာဆိုတာရှိပါတယ်၊ ပြီးတော့ လူ့ဘဝကနေ သေလွန်ပြီး တဖန် လူပြန်ဖြစ်တဲ့ လူဝင်စားဆိုတာလည်း ရှိပါတယ်၊ အတိတ်ဘ၀တွေကို ပြန်မှတ်မိတဲ့ ဇာတိဿရဥာဏ် ဆိုတာရှိပါတယ်။ မိတ်ဆွေရဲ့ သူငယ်ချင်း မစ္စတာ ဟွန်းစနိုးဟာ ပြီးခဲ့တဲ့ ဘ၀ဟောင်းက အကြောင်းအရာတွေ ကို ပြန်မှတ်မိသွားပြီး ဒီလိုဖြစ်သွားတာဖြစ်တယ်လို့ ကျွန်တော်ယူဆမိတယ်..” လို့ ကြားဝင် ရှင်းပြလိုက်ပါတယ်။ ဒီမှာပဲ အင်္ဂလိပ်လူဝင်စား မစ္စတာဟွန်းက “ ဟုတ်တယ်..ဟုတ်တယ်” နဲ့ ကသုတ်ကယက် ဝန်ခံပြောဆိုပြီး သူ့ကိုငေးကြည့်နေတဲ့ လူဒကာကို အတင်း လက်ဆွဲ ပွေ့ဖက် ပြီး ဟီးခနဲ ငိုချ လိုက်ပြန်တယ်။

“ဒါ..ငါ့သား..သူဟာ ငါ့သား” လို့ အော်ပြောလိုက်တာနဲ့ အားလုံးထိတ်လန့် တုန်လှုပ်ကုန်တယ်.။ အင်မတန် ဣန္ဒြေကောင်းလှတဲ့ ရဟန်းတော်လည်း ဟာခနဲ ဖြစ်သွားတယ်။
“အဓိပ္ပါယ်မရှိဘူး.. မင်းက လူပျိုပဲ..မင်းရူးနေပြီ” လို့ အဖေါ်မိတ်ဆွေအင်္ဂလိပ်က ငေါက်ငေါက်ငမ်းငမ်း ပြောဆိုလိုက်ပြန်တယ်။ အခြေအနေက တော်တော်ရှုပ်ထွေး သွားပါတယ်။ မစ္စတာဟွန်းစနိုးက ..

“ဒါ ငါ့သား၊ ပြီးခဲ့တဲ့ဘ၀ ငါရဲ့မြန်မာလူမျိုးဘဝက ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသောသား၊ ကြည့်စမ်း ..သူ လူကြီးဖြစ်နေပြီ” လို့ ရှင်းပြရင်း၊ မြန်မာဒကာ ( သူ့သား ဆိုသူ) ဘက်လှည့်ကြည့်ကာ “မင်းအမေရှိသေးလား.. သေပြီထင်ပါတယ်” လို့ မေးလိုက်ပြန်တယ်။ မြန်မာဒကာ ခမျာ ရုတ်တရက်ပြန်မဖြေနိုင်ဘူး ..ဟွန်းစနိုးကိုကြည့်ပြီး မချိတင်ကဲ မျက်ရည်တွေဝဲနေတယ်။ အဖေါ်အင်္ဂလိပ်ကတော့ “အဓိပ္ပါယ်မရှိဘူး..လုံးဝအဓိပ္ပါယ်မရှိဘူး.. မယုံဘူး” လို့ပဲ အပ်ကြောင်းထပ်အောင် အော်ဟစ်ရင်းနဲ့ပြောတယ်.. “သူငယ်ချင်း.. ဒီအရူး အမှုကြီး အဆုံးသတ်ပါတော့..၊ ငါတို့ပြန်ကြပါစို့” လို့ လေသံမှန်နဲ့ပြောရင်းနဲ့ ဟွန်းစနိုးကို ဆွဲခေါ်တယ်၊ ဟွန်းစနိုးက ရုတ်တရက် ရုန်းလိုက်ပြီး.. “ငါတောင်းပန်ပါတယ်..၊ ငါရှင်းပြပါရစေ..၊ မင်း မယုံရင် ငါလက်တွေ့ပြမယ်၊ သက်သေခိုင်လုံရင် ငါပြောတာတွေ မင်း လက်ခံရလိမ့်မယ်” လို့ ကတိတောင်းတယ်.။ သူငယ်ချင်း အင်္ဂလိပ်က သူ့ရဲ့စိန်ခေါ်မှုကို သဘောတူလိုက်ပြီး “ကောင်းပြီ.. မင်း ဘယ်လိုသက်သေပြမှာလဲ” လို့ မေးတယ်။

မစ္စတာဟွန်းဟာ ဘုရားရုပ်ပွာတော်ကြီးကို ရှိခိုးဦးချတယ်.။ ပြီးတော့ ရဟန်းတော်ကို တစ်လှည့်ရှိခိုးတယ်။ ရဟန်းတော်နဲ့အတူတွေ့ရ တဲ့ လူဒကာ ( ဘ၀ဟောင်းက သားဖြစ်သူ ) ကို မျက်ရည်စမ်းစမ်းနဲ့ကြည့်ရင်း.. “ ကျေးဇူးပြုပြီး အင်္ကျီချွတ်လိုက်ပါ.. မင်းရဲ့ ညာဘက် လက်မောင်းထိပ်မှာ ဒေါင်းပုံနဲ့ နေတံဆိပ်၊ မင်းရဲ့ဘယ်ဘက် လက်မောင်းထိပ်မှာ ယုန်ပုံနဲ့လတံဆိပ်တွေ ဆေးမင်ကြောင်ရေးထိုးထားတာ ရှိတယ်..၊ ဗုဒ္ဓသာသနာတော်ကြီး နေလိုလလို ထွန်းလင်းအောင် စွမ်းဆောင်စေချင်တဲ့ သားကောင်း ရတနာဖြစ်စေချင်လို့ အရင်ဘဝက ငါကိုယ်တိုင် ရေးထိုးခိုင်းခဲ့တယ်..၊ ပြီးတော့ မင်းရဲ့ ရင်ညွှန့်မှာ မှဲ့အနီကလေး သုံးလုံးတြိဂံပုံ ပါရှိတယ်..” လို့ ပိုင်ပိုင်နိုင်နိုင် ပြောချလိုက်ပါတယ်။

မစ္စတာဟွန်းစနိုး ခိုင်းစေတဲ့အတိုင်း မြန်မာဒကာဟာ အင်္ကျီချွတ်လိုက်တယ်ဆိုရင်ပဲ သူပြောတဲ့ အမှတ်အသားတွေ တစ်ခုမလွဲ ပေါ်လာတာကို အားလုံးတွေ့လိုက် ကြရပါတော့တယ်။ သံသယနဲ့ ဘာသာရေးအစွဲကြီးလှတဲ့ မိတ်ဆွေအင်္ဂလိပ်တစ်ယောက် “ အိုး မိုင်ဂေါ့ဒ်.. အိုး..မိုင်ဂေါ့ဒ်” နဲ့… အဖန်ဖန်ရေရွတ်ရင်းနဲ့ ..ဟွန်းစနိုးလက်မောင်းကို ကိုင်လှုပ်ကာ “ဘယ်လိုထူးဆန်းမှုတွေလဲ.. မင်း ဘယ်လိုသိ တာလဲ..မင်းဘယ်လိုလုပ် ပြောင်းသွားတာလဲ” လို့ ဒလစပ်မေးခွန်းတွေထုတ်တော့တယ်။ ရဟန်းတော်အပါအဝင် အားလုံးဟာ ပါးစပ် အဟောင်းသား ၊ မျက်လုံးအဝိုင်းသားနဲ့ ဟွန်းစနိုးကိုပဲ စိုက်ကြည့်နေကြတယ်။ ဘ၀ဟောင်းက သားဖြစ်တယ်လို့ အပြောခံရတဲ့ မြန်မာဒကာမှာတော့ ဘ၀ဟောင်းက သူ့အဖေဖြစ်ခဲ့တဲ့ အင်္ဂလိပ်လူမျိုး မစ္စတာဟွန်းစနိုးကို ကြည့်ပြီး မျက်ရည်များ စီးကျစပြုနေပါပြီ။ ဟွန်းစနိုးက ဆက်ပြီးပြောပါတယ်။

“အရေးကြီးတဲ့ သက်သေတစ်ခုကျန်သေးတယ်.ဟောဒီဘုရားရုပ်ပွားတော်ကြီးရဲ့ပလ္လင်အောက်ခြေမှာ ကျုပ်ကိုယ်တိုင် ဌာပနာခဲ့တဲ့ ပစ္စည်းလေးနှစ်ခုရှိပါတယ်။ အဲဒီပစ္စည်းနှစ်ခုကတော့ အလေးချိန် တစ်ဆယ်ကျပ်သားစီရှိတဲ့ ရွှေဒင်္ဂါးနဲ့ငွေဒင်္ဂါးနှစ်ပြားပါ ။ ရွှေဒင်္ဂါးပေါ် မှာ ဒေါင်းရုပ်နေတံဆိပ် နဲ့ ငွေဒင်္ဂါးပေါ်မှာ ယုန်ရုပ်လတံဆိပ်တို့ ခတ်နှိပ် ထားပါတယ်၊ ငါတို့မိသားစု ( ကုသိုလ်ရှင်မိသားစု) ရဲ့နာမည်တွေကို ဒင်္ဂါးပြားရဲ့ဟိုဖက်မျက်နှာမှာ ရေးထားပါတယ်၊ ဒီသက်သေပြချက်အပေါ်မှာ မင်း အကြွင်းမရှိ ယုံကြည်မယ်လို ထင်ပါတယ်” ဟု သူ့မိတ်ဆွေ အင်္ဂလိပ်ကို ဦးတည်ပြောရင်း ရှင်းပြနေပါတယ်။

တစ်ချိန်လုံး ငြိမ်သက်နေတဲ့ ရဟန်းတော်က… “ ဒီကိစ္စကတော့ ဂေါပကအဖွဲ့ကို အကျိုးအကြောင်းပြောပြပြီး ပလ္လင်ကို ဖွင့်ကြည့် ရမယ်၊ ဒီကိစ္စ ဦးဇင်းပဲ တာဝန်ယူ ပါတယ်၊ ကဲ ဒီမှာ ခဏနေရစ်ကြ.”လို့ အမိန့်ရှိပြီး တန်ဆောင်းထဲက ထွက်သွားပါတယ်။ ဟွန်းစနိုးရဲ့ သူငယ်ချင်းမိတ်ဆွေ အင်္ဂလိပ်ကတော့ အခုမှ အသက်ဝင်လာသည့် အလား ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ပါတော့တယ်။ သူ့ သူငယ်ချင်း ဟွန်းစနိုး၊ မြန်မာဒကာ၊ ဘုရားရုပ်ပွားတော်ကြီး၊ တန်ဆောင်းကြီးနဲ့ ရွှေတိဂုံဘုရားကြီး စတဲ့ မျက်စိတဲ့တွေ့သမျှ မြင်ကွင်းတွေကို အငမ်းမရ ရိုက်ယူ မှတ်တမ်းတင်ပါတော့တယ်။ ဒီတစ်ခါ သူ့နှုတ်ဖျားမှာ “ အံ့ဖွယ်ပဲ..တကယ့် အံ့ဖွယ်ပါပဲ” ဆိုတဲ့စကားတွေပဲ ရေရွတ်နေပါတော့တယ်။

ဟွန်းစနိုးက.. “ငါ အင်္ဂလန် မပြန်တော့ဘူး.. ငါ မြန်မာပြည်မှာပဲ နေတော့မယ် ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ပါ၊ ငါ့ကို ခွင့်လွှတ်ပါ သူငယ်ချင်း” လို့ ဆွေးဆွေး မြေ့မြေ့ ပြောလိုက်တယ်။ သူ့ သူငယ်ချင်းက.. “ ငါ နားလည်ပါပြီ.. ဒါပေမယ့် စဉ်းစားပါဦး” လို့ တောင်းပန် ပါတယ် ။
အဲဒီအချိန်မှာပဲ ရဟန်းတော်ဟာ အခြားသော ရဟန်းတော် သုံးပါး၊ ဂေါပကလူဒကာများနဲ့အတူ ပြန်ရောက်လာတယ်။ ဟွန်းစနိုးညွှန်ပြတဲ့ ပလ္လင်အောက်ခြေဘက် ကို တူရွင်းနဲ့တူးပြီး ဖွင့်ကြည့်ကြတဲ့အခါ လက်ရာသေသပ်တဲ့ သံသေတ္တာလေးတစ်လုံး ပေါ်ထွက်လာပါတယ်၊ သေတ္တာထဲမှာတော့ လက်တစ်ဝါးနီးပါးရှိတဲ့ ရွှေဒင်္ဂါးနဲ့ငွေဒင်္ဂါးဝိုင်းကြီး နှစ်ခုကို အရောင်ပြိုးပြက် စွာ တွေ့ကြရပါတယ်။

ရွှေဒင်္ဂါးပြားပေါ်မှာ ဒေါင်းတံဆိပ်နဲ့ ငွေဒင်္ဂါးပြားပေါ်မှာ ယုန်တံဆိပ်ပါရှိပြီး ဒင်္ဂါးပြားရဲ့အခြား မျက်နှာမှာ ‘သက္ကရာဇ် ၁၂၇၅ ခုနှစ်၊ တပေါင်းလပြည့်နေ့ ကုသိုလ်ရှင် ဦးဘကောင်း – ဇနီးဒေါ်မြညွှန့်၊ သားမောင်ကောင်းညွှန့် မိသားစု ကောင်းမှု၊ တောင်းဆုနိဗ္ဗာန် ပြည့်စေသော်ဝ် ၊ ဤဘုရားဤတန်ဆောင်းပြိုပျက်လျှင် ဤရွှေဒင်္ဂါး ငွေဒင်္ဂါးများကိုရောင်း၍ ပြုပြင်နိုင်ကြပါစေ’ ဟု ရေးထိုးထားသော စာတန်းကို ဖတ်ကြရလေသည်။

ဟွန်းစနိုးကိုယ်တိုင် မိမိကောင်းမှုသက်သေကို ပြန်တွေ့ပြီဖြစ်၍ ဟန်မဆောင်နိုင်တော့ဘဲ သည်းထန်းစွာ ငိုလေတော့သည်။ ဘ၀ဟောင်း က သားဖြစ်ခဲ့သူ မြန်မာဒကာ ကိုကောင်းညွှန့်လည်း ငိုသည်။ ဘ၀ခြား လူမျိုးခြားဖြစ်နေကြသော သားအဖနှစ်ယောက်ဖက်၍ ငိုကြသည်။ အင်္ဂလိပ်မိတ်ဆွေက ဓာတ်ပုံရိုက်နေပါသော်လည်း သူကိုယ်တိုင် အံ့ဩခြင်းတဝက်ဖြင့် မျက်ရည်လည်လျက်ရှိနေ၏။
ရဟန်းတော်က.. “ဒကာကြီး ကိုကောင်းညွှန့်.. ဒီ ဒင်္ဂါးပြားတွေကို ဘယ်လိုလုပ်ချင်သလဲ၊ သူ့ကိုမေးပါ” လို့ မိန့်ပါတယ်။

“ရွှေတိဂုံဘုရားကြီးကို လှူပါတယ်၊ ဂေါပကအဖွဲ့ကို အပ်ပါတယ်” ဟု ဟွန်းစနိုးက ဖြေတယ်.။ ပြီးတော့ ရဟန်းတော်ရဲ့သင်္ကန်းစကို ဆွဲပြီး တစုံတခုပြော လိုက်တယ်။ သူ အင်္ဂလိပ်လိုပြောတာကို မြန်မာစကားပြန်က.. “ သူ့ ကို ရဟန်းပြုပေးပါ၊ နောင်သံသရာမှာ ဘယ်လိုဘဝမျိုးမှ မလိုချင်တော့ပါဘူး.. ဘဝဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်အလို့ငှာ ရဟန်း ဘဝနဲ့ကျင့်ကြံပါတော့မယ်” လို့ ဆိုပါတယ်..။ သူ့သူငယ်ချင်းကိုလည်း..
“ငါ့ မိဘတွေကို အကြောင်းကြားပေးပါ၊ မြန်မာပြည်ကို အမြန်လိုက်လာဖို့ ပြောပေးပါ၊ ငါ ရဟန်းဝတ်တော့မယ်၊ တပ်မက်စရာ အာရုံအစွဲ အငြိတွေက လွတ်ရာမှာ ငါနေတော့မယ်၊ ငါကြိုးစားတော့မယ်” လို့ ပြောဆိုမှာကြားပါတယ်။ သူငယ်ချင်းမိတ်ဆွေ အင်္ဂလိပ်မှာတော့ အရာအားလုံး မျက်ဝါးထင်ထင် ကိုယ်တွေ့ ကြုံလိုက်ရပြီးပြီမို့ ခေါင်းညိတ်ရုံကလွဲပြီး ဘာမှမပြောနိုင်တော့ပါ။

ဆက်ပြီး ဟွန်းစနိုးက “ငါ ဘုရားမှာ နေခဲ့တော့မယ် သူငယ်ချင်း၊ မင်း လျှောက်လည်နိုင်တယ်” လို့ ပြောလိုက်ပါတယ်။
အားလုံးထွက်သွားကြချိန်မှာတော့ သူ့အနားမှာ တစ်ယောက်သာ ကျန်ခဲ့တော့တယ်၊ ဘ၀ဟောင်းက သူ့သားဖြစ်ခဲ့ဖူးတဲ့ ကိုကောင်းညွှန့်ဆိုတဲ့ မြန်မာဒကာပါပဲ။
အင်္ဂလိပ်လူဝင်စား မစ္စတာဟွန်းစနိုးဟာ အရှင်အဂ္ဂဥာဏ ဆိုတဲ့ ဘွဲ့တော်နဲ့ ရဟန်းပြုတော်မူခဲ့ပြီး မဟာသတိပဋ္ဌာန် တရားတော်မြတ်ကြီးကို အသက်ထက်ဆုံး အားထုတ်သွားပါတယ်။

ရွှေတိဂုံမှာ ပြန်ဆုံတဲ့ပွဲ – မောင်သွေးချွန်
ကိုးကား – ၁၃၂၂ ခု၊ သီတင်းကျွတ်လထုတ်၊ ရေဦးမြို့ ချမ်းသာကြီးဆရာတော်ပြုစုသော ဗုဒ္ဓဂုဏပကာသနီကျမ်း

One thought on “ေရႊတိဂုံ ေစတီေတာ္ျမတ္ႀကီးႏွင့္ အဂၤလန္ႏုိင္ငံမွ လူဝင္စား ျဖစ္ရပ္မွန္

Leave a Reply