ေရအေၾကာင္း သိေကာင္းစရာ

Posted on

ေရသည္ လူတို႕၏ အသက္ရွင္ ရပ္တည္ေရးအတြက္ မရိွမျဖစ္ လိုအပ္လွပါသည္။ ထို႕ေၾကာင့္လည္း ေရအသက္ တစ္မနက္လို႕ ေျပာၾကတယ္ထင္ပါတယ္။ သို႕ေပမယ့္ က်န္းမာေရးနဲ႕ ညီညြတ္ဖို႕ ဆိုရင္ေတာ့ ေရကို စနစ္တက် ေသာက္တတ္ဖို႕လိုပါတယ္။ ေသာက္သင့္သည့္ အခ်ိန္တြင္ ေသာက္သင့္သည့္ ပမာဏကို ေသာက္သံုးပါက ခႏၶာကိုယ္ကို အထိေရာက္ဆံုး အက်ိဳးျပဳႏိုင္မွာ ျဖစ္ပါတယ္။

ေရေသာက္သံုးသင့္ေသာ အခ်ိန္မ်ား
* နံနက္အိပ္ယာ ထထခ်င္းတြင္ ေရ ၂-ဖန္ခြက္ေသာက္ပါ။ ကိုယ္အတြင္းရိွ ကလီစာမ်ားအား ႏိုးရာတြင္ အဆင္ေျပပါသည္။
* အစာမစားမီ မိနစ္ ၃၀ ခန္႕အလိုတြင္ ေရ တစ္ဖန္ခြက္ေသာက္ပါ။ အစာေၾကလြယ္သည္။
* ေရမခ်ိဳးမီ မိနစ္ ၃၀ ခန္႕အလိုတြင္ ေရ တစ္ဖန္ခြက္ ေသာက္ပါ။ ေသြးေပါင္ခ်ိန္က်ေစပါသည္။
* မအိပ္မီ ေရ တစ္ဖန္ခြက္ေသာက္ပါ။ ေလျဖတ္ျခင္းႏွင့္ ႏွလံုးေရာဂါေၾကာင့္ ေလျဖတ္ျခင္းတို႕ကို ေလ်ာ့နည္းေစပါသည္။

က်န္းမာေရးအတြက္ မရွိမျဖစ္ေရ
* ေရသည္ ေက်ာက္ကပ္တြင္ ေက်ာက္တည္ျခင္းအား တားဆီးႏိုင္ပါသည္။ ေက်ာက္ကပ္တြင္ ေက်ာက္တည္ရျခင္း၏ အဓိကအေၾကာင္းရင္းမွာ ခႏၶာကိုယ္တြင္ ေရဓာတ္နည္းပါးေသာေၾကာင့္ ျဖစ္ပါသည္။ ေရေသာက္မ်ားပါက ဆီးတြင္ အနယ္ထိုင္ႏွဳန္း နည္းသြားသည္။ ထို႕ေၾကာင့္ ေက်ာက္ကပ္တြင္ ေက်ာက္တည္ေ၀ဒနာသည္မ်ားပါမက ေရာဂါ မျဖစ္ပြားလိုသူမ်ားပါ တစ္ေန႕ကို ေရ ၁၂-ဖန္ခြက္ေလာက္ အနည္းဆံုးေသာက္သင့္ပါသည္။

* ေရသည္ ဆီးလမ္းေၾကာင္း ပိုး၀င္ျခင္းကို ကုသေပးႏိုင္ပါသည္။ ေရမ်ားမ်ားေသာက္ေလေလ ဆီးမ်ားမ်ားသြာေလေလျဖစ္ပါသည္။ ဆီးခဏခဏသြားေနပါက ဆီးအိမ္အတြင္းရိွ bacteria ပိုးမ်ား ဆီးႏွင့္အတူပါသြားေသာေၾကာင့္ ျမန္ျမန္သက္သာႏိုင္ပါသည္။

* ေရသည္ ၀မ္းေလ်ာသည့္အခါတြင္ ဆံုးရွဳံးသြားေသာ ေရဓာတ္ကို ျပန္လည္ျဖည့္တင္းရာတြင္ အေထာက္အကူျပဳပါသည္။ သို႕ေသာ္ ရိုးရိုးေရထက္ ဓာတ္ဆားရည္က ပိုမိုထိေရာက္ပါသည္။

* ေရသည္ အဖ်ားကို ေလ်ာ့ခ်ရာတြင္ အေထာက္အကူျပဳပါသည္။ ကိုယ္အပူခ်ိန္တက္လ်င္ ေရဓာတ္ဆံုးရွဳံးမွဳ ပိုမိုမ်ားျပားပါသည္။ ေရမ်ားမ်ားေသာက္ပါက ကိုယ္အပူခ်ိန္က်သည့္အျပင္ ဆီးမ်ားမ်ားသြားေသာေၾကာင့္လည္း ကိုယ္ပူက် ပိုျမန္ပါသည္။

* ေရမ်ားမ်ားေသာက္ပါက တုတ္ေကြးမိေသာအခါ သို႕မဟုတ္ ႏွာေစးေခ်ာင္းဆိုးျဖစ္ေသာအခါ အေထာက္အကူျပဳပါသည္။ ေရဓာတ္မ်ားပါက လည္ေခါင္းအတြင္းရိွ သလိပ္မ်ား ပိုမိုက်ဲသြားျပီး ဟတ္ထုတ္ရာတြင္ လြယ္ကူေစပါသည္။ ထို႕အတူ ႏွာေခါင္းပိတ္ျခင္းကိုလည္း သက္သာေစပါသည္။

* ေရသည္ အစာစားေနာက္က်ေသာေၾကာင့္ ျဖစ္ေပၚလာသည့္ ရင္ပူျခင္း (acid ေၾကာင့္ ဗိုက္ေအာင့္ျခင္း) ကို သက္သာေစပါသည္။ ေရ ၂ ခြက္ႏွင့္ ငွက္ေပ်ာသီး တစ္္လံုးသည္ Antacid တစ္လံုးကဲ့သို႕ စြမ္းေဆာင္ႏိုင္ပါသည္။

* ေရမ်ားမ်ားေသာက္ပါက ၀မ္းခ်ဳပ္ျခင္းကို ကာကြယ္ေပးႏိုင္ပါသည္။ ေရေသာက္နည္းပါက မစင္တံုးမ်ားသည္ ပိုမိုမာေက်ာသြားျပီး ၀မ္းခ်ဳပ္ေစပါသည္။ ထို႕ေၾကာင့္ ၀မ္းခ်ဳပ္၍ မရသည့္ လိပ္ေခါင္းႏွင့္ စအို၀ကဲြနာ ေ၀ဒနာသည္မ်ားအတြက္ ေရသည္ ေဆးတစ္ခြက္ပင္ ျဖစ္ပါသည္။* ေရသည္ လူကို လန္းဆန္းတက္ၾကြေစပါသည္။ ေရဓာတ္နည္းပါးလာပါက ေသြးသည္ အလိုလို ေစးပ်စ္လာတတ္သည္။ ထိုအခါ ဦးေႏွာက္သို႕ ေသြးစီးႏွဳန္း နည္းသြားျပီး ေခါင္းေနာက္ျခင္းႏွင့္ ပင္ပန္းျခင္းတို႕ကို ခံစားရႏိုင္ပါသည္။

* အစာမစားမီ ေရေသာက္ေလ့ရိွပါက ဗိုက္ပိုတင္းျပီး အစာသိပ္မစားျဖစ္ေတာ့ေခ်။ ထို႕ေၾကာင့္ ကိုယ္အေလးခ်ိန္ေလွ်ာ့ရာတြင္ ေရသည္ အေရးၾကီးပါသည္။

* ေရသည္ အေရျပားႏွင့္ အသားအေရကို စိုစြတ္ေအးျမေစပါသည္။ အသားအေရကိုလည္း လွပေစပါသည္။( ေရေသာက္ရာတြင္ လိုက္နာသင့္သည္ အခ်က္ ဆယ္ခ်က္ )

* အိပ္ယာႏိုးႏိုးခ်င္း ေရေသာက္ပါ။

* တစ္ေန႕ကို အနည္းဆံုး ေရဖန္ခြက္ ၈-ခြက္မွ ၁၂-ခြက္ အထိ ေသာက္ပါ။

* ေရကို နည္းနည္း ျဖင့္ ခဏခဏ ေသာက္ျခင္းက တစ္ခါတည္း အမ်ားၾကီးေသာက္ျခင္းထက္ ပိုမို အက်ိဳးရိွပါသည္။

* ေရငတ္မွ ေရေသာက္ျခင္းကို ေရွာင္ၾကဥ္ပါ။ အထူးသျဖင့္ အသက္ၾကီးသူမ်ားတြင္ ခႏၶာကိုယ္အတြက္ ေရဓာတ္နည္းပါးေနသည္ကို အာရံုခံစြမ္းအား နည္းသြားပါသည္။

* ေရေသာက္ရာတြင္ ရိုးရိုးေရကိုသာေသာက္ပါ။ အေအး၊ ေကာ္ဖီ၊ ဘီယာ ႏွင့္ အရက္ေသာက္ျခင္းမ်ား ေရွာင္ၾကဥ္ပါ။ အဆိုပါ အေရမ်ားေသာက္ပါက ေရဓာတ္ဆံုးရွဳံးမွဳ ပိုမို မ်ားျပားသြားပါလိမ့္မည္။

* ကေလးမ်ားကို ေရမ်ားမ်ားေသာက္ရန္ က်င့္ေပးပါ။ မိမိကိုယ္တိုင္ စံျပအျဖစ္လုပ္ျပပါ။

* ကစားျပီး ေလ့က်င့္ခန္းမ်ား လုပ္ျပီးပါက ေရပိုေသာက္ပါ။

* ဖ်ားနာျပီး ကိုယ္ပူေနပါက ေရပိုေသာက္ပါ။ ေရဓာတ္ဆံုးရွဳံးမွဳ မ်ားေသာေၾကာင့္ ျဖစ္ပါသည္။

* ကိုယ္၀န္ေဆာင္သည္မ်ားအေနျဖင့္ ေရပိုေသာက္ပါ။ ပံုမွန္ေသာက္ေနက်ထက္ ၃-၄ ခြက္ခန္႕ ပို္ေသာက္သင့္သည္။

Via : Forward Mail

———-

ရေအကြောင်း သိကောင်းစရာ

ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

ရေသောက်သုံးသင့်သော အချိန်များ

* နံနက်အိပ်ယာ ထထချင်းတွင် ရေ ၂-ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
* အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
* ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
* မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။

ကျန်းမာရေးအတွက် မရှိမဖြစ်ရေ
* ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂-ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။

* ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီးအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။

* ရေသည် ဝမ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။

* ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။

* ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။

* ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကို သက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။

* ရေများများသောက်ပါက ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ဝမ်းချုပ်စေပါသည်။ ထို့ကြောင့် ဝမ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။* ရေသည် လူကို လန်းဆန်းတက်ကြွစေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။

* အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။

* ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။( ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက် )

* အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။

* တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈-ခွက်မှ ၁၂-ခွက် အထိ သောက်ပါ။

* ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။

* ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။

* ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားသွားပါလိမ့်မည်။

* ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။

* ကစားပြီး လေ့ကျင့်ခန်းများ လုပ်ပြီးပါက ရေပိုသောက်ပါ။

* ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။

* ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပ်ိုသောက်သင့်သည်။

Via : Forward Mail

Leave a Reply