အသက္ ၈၀အရြယ္ သားကုိ စိတ္မခ်လုိ႔ ေစာင့္ေရွာက္ေရးေဂဟာကို လုိက္ခဲ့တဲ့ အသက္ ၉၈ႏွစ္ အရြယ္ အာဂအေမ

Posted on

ၿပီးခဲ့တဲ့ရက္က အသက္ ၉၈ႏွစ္ အရြယ္ Ada Keating ဆုိတဲ့ အဘြားအုိဟာ လီဗာပူး Huyton ၿမဳိ႕က ေစာင့္ေရွာက္ေရးေဂဟာကုိေရာက္ရွိလာခဲ့ပါတယ္။ ဒီလုိေရာက္လာခဲ့တဲ့ သူ႔အတြက္မဟုတ္ပဲ အသက္ ၈၀ ႏွစ္ အရြယ္သားကို စိတ္မခ်လုိ႔ သားနဲ႔အတူေနရေအာင္လုိ႔ျဖစ္ပါသတဲ့။

Ada Keating မွာ ကေလး ၄ေယာက္ရွိတဲ့အထဲက Tom ဟာ သားအႀကီးဆုံးျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ၂၀၁၆ မွာ အသက္ ၇၉ႏွစ္ ရွိၿပီျဖစ္တဲ့ Tom ဟာ သူ႔ကုိယ္သူဂရုမစိုက္ႏုိင္ေလာက္ေအာင္ နာမက်န္းျဖစ္တဲ့အတြက္ ေစာင့္ေရွာက္ေရးေဂဟာ ကိုေျပာင္းေရြ႕ကာေနခဲ့ပါတယ္။ ၁ ႏွစ္ၾကာၿပီးတဲ့အခါမွာေတာ့ မိခင္ျဖစ္သူဟာ သားျဖစ္သူကို ဒီထက္ပိုၿပီးျပဳစုသင့္တယ္လုိ႔ ယူဆၿပီး သူပါ ေစာင့္ေရွာက္ေရးေဂဟာကို လုိက္လာခဲ့ပါတယ္။ မိခင္က အသက္ ၉၈ႏွစ္ရွိေပမယ့္ က်န္းမာတဲ့ပုံရပါတယ္။

မိခင္ျဖစ္သူဟာ သားႀကီး Tom ကုိ အရမ္းခ်စ္ရတဲ့အေၾကာင္းရွိပါတယ္။ ဒါကေတာ့ Tom ဟာ တစ္သက္လုံးအိမ္ေထာင္မျပဳခဲ့ပဲ ၿပီးခဲ့တဲ့ႏွစ္ လူအုိရုံမေရာက္ခင္ အထိမိခင္နဲ႔သာ မခြဲမခြာ အတူေနခဲ့လုိ႔ျဖစ္ပါတယ္။ Tom က အေဆာက္အအုံ၀န္ေဆာင္မႈလုပ္ငန္းတစ္ခုမွာ အလွဆင္ေဆးသုတ္သမားျဖစ္ၿပီး မိခင္ျဖစ္သူကေတာ့ ေဆးရုံက သူနာျပဳတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ သူတုိ႔ဟာ တစ္သက္လုံး မိသားစုအိမ္မွာေနလာခဲ့ၾကပါတယ္။ အဲဒီေနာက္ Tom လူအုိရုံကိုေရာက္လာၿပီး တစ္ႏွစ္ခြဲခဲ့ရပါတယ္။ အခု မိခင္ကပါ လူအုိရုံကုိလုိက္လာတဲ့အတြက္ သူတုိ႔ သားအမိႏွစ္ေယာက္ အတူျပန္ေနရၿပီျဖစ္ပါတယ္။ ေစာင့္ေရွာက္မယ့္သူေတြ အဆင္သင့္ရွိတဲ့ေနရာျဖစ္တဲ့အတြက္ အသက္အလြန္ႀကီးေနၿပီျဖစ္တဲ့ ဒီသားအမိအတြက္ အဆင္ေျပတဲ့ေနရာျဖစ္ပါတယ္။

” မနက္ဆုိရင္ ေကာင္းေသာမနက္ ၊ ညဆုိရင္ေကာင္းေသာညပါ လုိ႔ ကြ်န္္မသားကုိ ႏႈတ္ဆက္တယ္ ၊ သူဘယ္အရြယ္ပဲေရာက္ေရာက္ ကြ်န္မအတြက္ေတာ့ ကေလးပါပဲ”
လုိ႔ မိခင္ျဖစ္သူက ဆုိပါတယ္။ သားျဖစ္သူ Tom ကလည္း
” ဒီမွာအရမ္းအဆင္ေျပပါတယ္။ အေမနဲ႔ အၿမဲေတြ႔ေနရတဲ့အတြက္ အရမ္းေပ်ာ္သလုိ အားလည္းရွိပါတယ္ ၊ သူမ ဒီအရြယ္ေရာက္ေပမယ့္ ကြ်န္ေတာ့္ကုိ အရမ္းဂရုစုိက္ျပဳစုေနဆဲပါ”
လုိ႔ ဆုိပါတယ္။ သူတုိ႔ရဲ႕ သားသမီးေျမးျမစ္ေတြကေတာ့ သူတုိ႔ရွိရာကုိ မၾကာမၾကာလာေလ့ရွိပါတယ္။ အားလုံးကေတာ့ သူတုိ႔ႏွစ္ေယာက္ ျပန္လည္ဆုံဆည္းသြားတဲ့အတြက္ ၀မ္းသာေနၾကပါတယ္။

VIDEO


———–

အသက် ၈ဝအရွယ် သားကို စိတ်မချလို့ စောင့်ရှောက်ရေးဂေဟာကို လိုက်ခဲ့တဲ့ အသက် ၉၈နှစ် အရွယ် အာဂအမေ (unicode)

ပြီးခဲ့တဲ့ရက်က အသက် ၉၈နှစ် အရွယ် Ada Keating ဆိုတဲ့ အဘွားအိုဟာ လီဗာပူး Huyton မြို့က စောင့်ရှောက်ရေးဂေဟာကိုရောက်ရှိလာခဲ့ပါတယ်။ ဒီလိုရောက်လာခဲ့တဲ့ သူ့အတွက်မဟုတ်ပဲ အသက် ၈၀ နှစ် အရွယ်သားကို စိတ်မချလို့ သားနဲ့အတူနေရအောင်လို့ဖြစ်ပါသတဲ့။

Ada Keating မှာ ကလေး ၄ယောက်ရှိတဲ့အထဲက Tom ဟာ သားအကြီးဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၆ မှာ အသက် ၇၉နှစ် ရှိပြီဖြစ်တဲ့ Tom ဟာ သူ့ကိုယ်သူဂရုမစိုက်နိုင်လောက်အောင် နာမကျန်းဖြစ်တဲ့အတွက် စောင့်ရှောက်ရေးဂေဟာ ကိုပြောင်းရွေ့ကာနေခဲ့ပါတယ်။ ၁ နှစ်ကြာပြီးတဲ့အခါမှာတော့ မိခင်ဖြစ်သူဟာ သားဖြစ်သူကို ဒီထက်ပိုပြီးပြုစုသင့်တယ်လို့ ယူဆပြီး သူပါ စောင့်ရှောက်ရေးဂေဟာကို လိုက်လာခဲ့ပါတယ်။ မိခင်က အသက် ၉၈နှစ်ရှိပေမယ့် ကျန်းမာတဲ့ပုံရပါတယ်။

မိခင်ဖြစ်သူဟာ သားကြီး Tom ကို အရမ်းချစ်ရတဲ့အကြောင်းရှိပါတယ်။ ဒါကတော့ Tom ဟာ တစ်သက်လုံးအိမ်ထောင်မပြုခဲ့ပဲ ပြီးခဲ့တဲ့နှစ် လူအိုရုံမရောက်ခင် အထိမိခင်နဲ့သာ မခွဲမခွာ အတူနေခဲ့လို့ဖြစ်ပါတယ်။ Tom က အဆောက်အအုံဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာ အလှဆင်ဆေးသုတ်သမားဖြစ်ပြီး မိခင်ဖြစ်သူကတော့ ဆေးရုံက သူနာပြုတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ တစ်သက်လုံး မိသားစုအိမ်မှာနေလာခဲ့ကြပါတယ်။ အဲဒီနောက် Tom လူအိုရုံကိုရောက်လာပြီး တစ်နှစ်ခွဲခဲ့ရပါတယ်။ အခု မိခင်ကပါ လူအိုရုံကိုလိုက်လာတဲ့အတွက် သူတို့ သားအမိနှစ်ယောက် အတူပြန်နေရပြီဖြစ်ပါတယ်။ စောင့်ရှောက်မယ့်သူတွေ အဆင်သင့်ရှိတဲ့နေရာဖြစ်တဲ့အတွက် အသက်အလွန်ကြီးနေပြီဖြစ်တဲ့ ဒီသားအမိအတွက် အဆင်ပြေတဲ့နေရာဖြစ်ပါတယ်။

” မနက်ဆိုရင် ကောင်းသောမနက် ၊ ညဆိုရင်ကောင်းသောညပါ လို့ ကျွန်မသားကို နှုတ်ဆက်တယ် ၊ သူဘယ်အရွယ်ပဲရောက်ရောက် ကျွန်မအတွက်တော့ ကလေးပါပဲ”
လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ သားဖြစ်သူ Tom ကလည်း
” ဒီမှာအရမ်းအဆင်ပြေပါတယ်။ အမေနဲ့ အမြဲတွေ့နေရတဲ့အတွက် အရမ်းပျော်သလို အားလည်းရှိပါတယ် ၊ သူမ ဒီအရွယ်ရောက်ပေမယ့် ကျွန်တော့်ကို အရမ်းဂရုစိုက်ပြုစုနေဆဲပါ”
လို့ ဆိုပါတယ်။ သူတို့ရဲ့ သားသမီးမြေးမြစ်တွေကတော့ သူတို့ရှိရာကို မကြာမကြာလာလေ့ရှိပါတယ်။ အားလုံးကတော့ သူတို့နှစ်ယောက် ပြန်လည်ဆုံဆည်းသွားတဲ့အတွက် ဝမ်းသာနေကြပါတယ်။

Leave a Reply