ဘ၀ကိုေအာင္ျမင္စြာေျပာင္းလဲႏုိင္ဖုိ႔ ဒီေမးခြန္း(၃)ခုေမးပါ

Posted on

သင့္ရဲ႕ အခုလက္ရွိျဖစ္ေနတဲ့ အေျခအေနေတြကို ဘယ္လုိေျပာင္းလဲပါသလဲ။ ဒီေမးခြန္းကို က်ေနာ့္ကို မၾကာခဏ ေမးေလ့ရွိၾကပါတယ္။ ဘယ္အေျခအေနအတြက္မဆုိေပါ့။ အလုပ္အကိုင္လည္း ျဖစ္ခ်င္ျဖစ္မယ္။ အခ်စ္ေရးလည္း ျဖစ္ခ်င္ျဖစ္မယ္။ ဒါမွမဟုတ္ အိမ္၊ မိသားစုုအေရး၊ ေငြေရးေၾကးေရး၊ ဘယ္အတြက္ပဲျဖစ္ျဖစ္ေပါ့၊ သင္ဟာ ဒီရိုးရွင္းတဲ့ ေမးခြန္း(၃)ခုကို သင့္ကိုယ္သင္ ေမးရပါလိမ့္မယ္။

ငါ့ရဲ႕ အခုလက္ရွိအေျခအေနက ဘာလဲ? _
သင္ဟာ သင့္ရဲ႕လက္ရွိအေျခအေနကို အျပည့္အ၀နားလည္သိရွိဖို႕ လုိပါတယ္။ က်ေနာ့္ရဲ႕ ပရိသတ္ေတြက ေျပာေလ့ရွိပါတယ္။ သူတို႕မွာ ျပႆနာတစ္ခုခုရွိတယ္ဆုိတာကို သူတို႕လက္မခံေသးသ၍ သူတို႕မွာ ဘာျပႆနာမွ မရွိပါဘူးတဲ့။ ဥပမာေပါ့- အရက္စြဲေနတဲ့သူတစ္ေယာက္ဟာ သူ႕ကိုယ္သူ အရက္စြဲေနတယ္ဆိုတာ မသိေသးသ၍ သူဟာ အရက္စြဲသူတစ္ေယာက္ျဖစ္တယ္ဆုိတာ သူ႕ကိုယ္သူ လက္မခံႏုိင္ပါဘူး။ ဒါေၾကာင့္ သင့္ရဲ႕လက္ရွိအေျခအေနေတြဟာ မွားယြင္းေနတယ္ဆုိရင္ အဲဒီလုိမွားယြင္းေနတယ္ဆုိတာကို လက္ခံဖို႕အတြက္ အေျခအေနမွန္ကို အျပည့္အ၀ သိဖို႕လုိပါတယ္။ ဒါကိုေတာ့ လူအမ်ားစု သိၾကတယ္ဆိုတာ ထင္ရွားပါတယ္။ ဒါေပမဲ့ သူတို႕ဟာ “ ငါ ဘယ္လိုေျပာင္းလဲမလဲ” ဆိုတဲ့ေမးခြန္းကိုေတာ့ သူတို႕ကုိယ္သူတုိ႕ မေမးၾကပါဘူး။

သင့္ကိုယ္သင္ ေမးဖို႕လိုတဲ့ ေနာက္ထပ္ေမးခြန္းတစ္ခုကတာ့ –
ငါ ဘယ္ကို သြားခ်င္တာလဲ ? _
သင့္ဘ၀ရဲ႕ ဘယ္အရာကိုမဆုိ ေျပာင္းလဲဖုိ႕အတြက္ဆုိရင္ သင္ဟာ ဘ၀မွာ ဘယ္ကို သြားခ်င္တယ္ဆုိတာကို သိဖို႕လုိပါတယ္။ သင္ဟာ တကၠစီတစ္စီးေပၚကို တက္ထုိင္ၿပီး ဒရိုင္ဘာကို ဒီလုိေျပာမွာေတာ့ မဟုတ္ပါဘူး။
သင္- “ က်ေနာ္ တစ္ေနရာရာကို သြားခ်င္လုိ႕ပါ ”
ဒရုိင္ဘာ- “ ဘယ္ကိုသြားခ်င္တာပါလဲ”
သင္ – “ မသိဘူး။ အဲဒီကုိ ေခၚသြားေပးပါ ”
ဒရုိင္ဘာက ဖုန္းေခၚလိုက္ရင္း- “ ဟလို- က်ေနာ့္ကားေပၚမွာ စိတ္ေ၀ဒနာသည္တစ္ေယာက္ ေရာက္ေနပါတယ္ခင္ဗ်ာ ”
ဘ၀မွာလည္း ထုိနည္းလည္းေကာင္းပါပဲ။ သင္ဟာ ေနရာတစ္ခုကို မေရာက္ခင္မွာ သင္ ဘယ္ကိုသြားခ်င္တယ္ဆုိတာ သိဖုိ႕လုိပါတယ္။
ၿပီးခဲ့တဲ့ သုံးေလးပတ္ေလာက္က အမ်ိဳးသမီးတစ္ေယာက္က က်ေနာ့္ကို ေျပာပါတယ္။ သူက လက္ရွိအလုပ္ကို စိတ္ကုန္ ၿငီးေငြ႕ေနၿပီး အလုပ္သစ္တစ္ခု လုိခ်င္ေနပါတယ္တဲ့။ အဲဒီေတာ့ က်ေနာ္က ဘယ္လုိအလုပ္မ်ိဳးကို လုိခ်င္တာပါလဲလို႕ ေမးလုိက္ပါတယ္။ သူက အခုလုပ္ေနတဲ့ အလုပ္မ်ိဳးကိုပဲ လိုခ်င္ပါတယ္တဲ့။ အဲဒါ ဘယ္ေနရာမွာမ်ား ယုတၱိရွိပါသလဲ။ လူအမ်ားစုဟာ ၿငီးေငြ႕စရာေကာင္းပါတယ္ဆိုတဲ့ အလုပ္ကို သူတို႕ရဲ႕ ဘ၀တစ္ေယာက္လုံး လုပ္ကိုင္သြားလုိၾကတယ္။ နည္းနည္းစြန္႕စားရတာႀကိဳက္တဲ့သူတစ္ခ်ိဳ႕သာ ကုမၸဏီအသစ္တစ္ခုကို ေျပာင္းၾကပါတယ္။ ဒါေပမဲ့ သူတို႕လည္း အရင္အလုပ္မ်ိဳးကိုပဲ လုပ္ၾကတာပါပဲ။ သင္ ေပ်ာ္ရႊင္ေနသေရႊ႕ေတာ့ အဲဒါက မမွားပါဘူး။ သင္ မေပ်ာ္ရႊင္ဘူးဆိုရင္ေတာ့ ေျပာင္းလဲဖုိ႕အစီအစဥ္ေတြမခ်ခင္မွာ သင္ဘာလုပ္ခ်င္တယ္ဆုိတာ အရင္ ဆုံးျဖတ္ပါ။

သင့္ကိုယ္သင္ ေမးရမယ့္ ေနာက္ဆုံးေမးခြန္းကေတာ့ –
အဲဒီကိုေရာက္ဖုိ႕ ငါ ဘယ္လိုသြားမလဲ? _
ရုိးရွင္းလွတဲ့ ေမးခြန္းေလးပါပဲ။ လက္ေတြ႕မွာေတာ့ ခက္ခဲပါတယ္။ ဒါေပမဲ့ သင့္အတြက္ေတာ့ ပိုၿပီးလြယ္ကူေအာင္ လုပ္လုိ႕ရပါတယ္။
သင္ အစီအစဥ္ေတြဆြဲတဲ့အခါ ဘယ္လုိ၊ ဘယ္ေနရာ၊ ဘာေၾကာင့္၊ ဘယ္ဟာ စတာေတြနဲ႕ သင့္ကိုယ္သင္ မတြန္႕ဆုတ္မိေစပါနဲ႕။ အခုခ်က္ခ်င္း လုပ္ကိုင္ပါ။ သင္ ေျပာင္းလဲခ်င္တယ္ဆုိတာ သင့္ကိုယ္သင္သိရင္၊ အစျပဳဖို႕အတြက္ ဘယ္အရာကို ေျပာင္းလဲရမယ္ဆုိတာကို သိရင္၊ ခ်က္ခ်င္း လုပ္ကိုင္ပါ။ ေျပာင္းလဲမွဳလမ္းေၾကာင္းေပၚ စတင္ေလွ်ာက္လွမ္းႏုိင္မယ့္ ဘယ္အရာကိုမဆို လုပ္ပါ။
ဥပမာ- သင္ဟာ အလုပ္သစ္တစ္ခု လိုခ်င္တယ္။ ဘယ္လုိအလုပ္မ်ိဳးလုိခ်င္တယ္ဆုိတာလည္း သင့္ကိုယ္သင္ သိတယ္။ အလြန္ေကာင္းပါတယ္။ ဒါေပမဲ့ သင့္မွာ အေတြ႕အႀကံဳမရွိဘူး။ ဒါဆုိ ဘာလုပ္မလဲ? အဲဒီအလုပ္နဲ႕ ပတ္သက္တာေတြကို ေလ့လာပါ။ ဒါဟာ ပထမဆုံးေျခတစ္လွမ္းပါပဲ။ သင္လုပ္ခ်င္တဲ့အလုပ္မ်ိဳးမွာ အေပ်ာ္တမ္း ၀င္လုပ္ၾကည့္ပါ။ သင့္ရဲ႕ ကိုယ္ေရးအခ်က္အလက္ CV ေတြကို သင္အလုပ္လုပ္ခ်င္တဲ့ ကုမၸဏီေတြဆီ ပို႕ပါ။ ေျပာင္းလဲမွဳအတြက္ ပထမေျခလွမ္းျဖစ္ေစမယ့္ ဘယ္အရာကိုမဆို လုပ္ပါ။

Ref: 3 questions to change your anything in your life by
Your Life Success

———

ဘဝကိုအောင်မြင်စွာပြောင်းလဲနိုင်ဖို့ ဒီမေးခွန်း(၃)ခုမေးပါ (unicode)

သင့်ရဲ့ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ဘယ်လိုပြောင်းလဲပါသလဲ။ ဒီမေးခွန်းကို ကျနော့်ကို မကြာခဏ မေးလေ့ရှိကြပါတယ်။ ဘယ်အခြေအနေအတွက်မဆိုပေါ့။ အလုပ်အကိုင်လည်း ဖြစ်ချင်ဖြစ်မယ်။ အချစ်ရေးလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အိမ်၊ မိသားစုအရေး၊ ငွေရေးကြေးရေး၊ ဘယ်အတွက်ပဲဖြစ်ဖြစ်ပေါ့၊ သင်ဟာ ဒီရိုးရှင်းတဲ့ မေးခွန်း(၃)ခုကို သင့်ကိုယ်သင် မေးရပါလိမ့်မယ်။

ငါ့ရဲ့ အခုလက်ရှိအခြေအနေက ဘာလဲ? _
သင်ဟာ သင့်ရဲ့လက်ရှိအခြေအနေကို အပြည့်အဝနားလည်သိရှိဖို့ လိုပါတယ်။ ကျနော့်ရဲ့ ပရိသတ်တွေက ပြောလေ့ရှိပါတယ်။ သူတို့မှာ ပြဿနာတစ်ခုခုရှိတယ်ဆိုတာကို သူတို့လက်မခံသေးသ၍ သူတို့မှာ ဘာပြဿနာမှ မရှိပါဘူးတဲ့။ ဥပမာပေါ့- အရက်စွဲနေတဲ့သူတစ်ယောက်ဟာ သူ့ကိုယ်သူ အရက်စွဲနေတယ်ဆိုတာ မသိသေးသ၍ သူဟာ အရက်စွဲသူတစ်ယောက်ဖြစ်တယ်ဆိုတာ သူ့ကိုယ်သူ လက်မခံနိုင်ပါဘူး။ ဒါကြောင့် သင့်ရဲ့လက်ရှိအခြေအနေတွေဟာ မှားယွင်းနေတယ်ဆိုရင် အဲဒီလိုမှားယွင်းနေတယ်ဆိုတာကို လက်ခံဖို့အတွက် အခြေအနေမှန်ကို အပြည့်အဝ သိဖို့လိုပါတယ်။ ဒါကိုတော့ လူအများစု သိကြတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ သူတို့ဟာ “ ငါ ဘယ်လိုပြောင်းလဲမလဲ” ဆိုတဲ့မေးခွန်းကိုတော့ သူတို့ကိုယ်သူတို့ မမေးကြပါဘူး။

သင့်ကိုယ်သင် မေးဖို့လိုတဲ့ နောက်ထပ်မေးခွန်းတစ်ခုကတာ့ –
ငါ ဘယ်ကို သွားချင်တာလဲ ? _
သင့်ဘဝရဲ့ ဘယ်အရာကိုမဆို ပြောင်းလဲဖို့အတွက်ဆိုရင် သင်ဟာ ဘဝမှာ ဘယ်ကို သွားချင်တယ်ဆိုတာကို သိဖို့လိုပါတယ်။ သင်ဟာ တက္ကစီတစ်စီးပေါ်ကို တက်ထိုင်ပြီး ဒရိုင်ဘာကို ဒီလိုပြောမှာတော့ မဟုတ်ပါဘူး။
သင်- “ ကျနော် တစ်နေရာရာကို သွားချင်လို့ပါ ”
ဒရိုင်ဘာ- “ ဘယ်ကိုသွားချင်တာပါလဲ”
သင် – “ မသိဘူး။ အဲဒီကို ခေါ်သွားပေးပါ ”
ဒရိုင်ဘာက ဖုန်းခေါ်လိုက်ရင်း- “ ဟလို- ကျနော့်ကားပေါ်မှာ စိတ်ဝေဒနာသည်တစ်ယောက် ရောက်နေပါတယ်ခင်ဗျာ ”
ဘဝမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ သင်ဟာ နေရာတစ်ခုကို မရောက်ခင်မှာ သင် ဘယ်ကိုသွားချင်တယ်ဆိုတာ သိဖို့လိုပါတယ်။
ပြီးခဲ့တဲ့ သုံးလေးပတ်လောက်က အမျိုးသမီးတစ်ယောက်က ကျနော့်ကို ပြောပါတယ်။ သူက လက်ရှိအလုပ်ကို စိတ်ကုန် ငြီးငွေ့နေပြီး အလုပ်သစ်တစ်ခု လိုချင်နေပါတယ်တဲ့။ အဲဒီတော့ ကျနော်က ဘယ်လိုအလုပ်မျိုးကို လိုချင်တာပါလဲလို့ မေးလိုက်ပါတယ်။ သူက အခုလုပ်နေတဲ့ အလုပ်မျိုးကိုပဲ လိုချင်ပါတယ်တဲ့။ အဲဒါ ဘယ်နေရာမှာများ ယုတ္တိရှိပါသလဲ။ လူအများစုဟာ ငြီးငွေ့စရာကောင်းပါတယ်ဆိုတဲ့ အလုပ်ကို သူတို့ရဲ့ ဘဝတစ်ယောက်လုံး လုပ်ကိုင်သွားလိုကြတယ်။ နည်းနည်းစွန့်စားရတာကြိုက်တဲ့သူတစ်ချို့သာ ကုမ္ပဏီအသစ်တစ်ခုကို ပြောင်းကြပါတယ်။ ဒါပေမဲ့ သူတို့လည်း အရင်အလုပ်မျိုးကိုပဲ လုပ်ကြတာပါပဲ။ သင် ပျော်ရွှင်နေသရွှေ့တော့ အဲဒါက မမှားပါဘူး။ သင် မပျော်ရွှင်ဘူးဆိုရင်တော့ ပြောင်းလဲဖို့အစီအစဉ်တွေမချခင်မှာ သင်ဘာလုပ်ချင်တယ်ဆိုတာ အရင် ဆုံးဖြတ်ပါ။

သင့်ကိုယ်သင် မေးရမယ့် နောက်ဆုံးမေးခွန်းကတော့ –
အဲဒီကိုရောက်ဖို့ ငါ ဘယ်လိုသွားမလဲ? _
ရိုးရှင်းလှတဲ့ မေးခွန်းလေးပါပဲ။ လက်တွေ့မှာတော့ ခက်ခဲပါတယ်။ ဒါပေမဲ့ သင့်အတွက်တော့ ပိုပြီးလွယ်ကူအောင် လုပ်လို့ရပါတယ်။
သင် အစီအစဉ်တွေဆွဲတဲ့အခါ ဘယ်လို၊ ဘယ်နေရာ၊ ဘာကြောင့်၊ ဘယ်ဟာ စတာတွေနဲ့ သင့်ကိုယ်သင် မတွန့်ဆုတ်မိစေပါနဲ့။ အခုချက်ချင်း လုပ်ကိုင်ပါ။ သင် ပြောင်းလဲချင်တယ်ဆိုတာ သင့်ကိုယ်သင်သိရင်၊ အစပြုဖို့အတွက် ဘယ်အရာကို ပြောင်းလဲရမယ်ဆိုတာကို သိရင်၊ ချက်ချင်း လုပ်ကိုင်ပါ။ ပြောင်းလဲမှုလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းနိုင်မယ့် ဘယ်အရာကိုမဆို လုပ်ပါ။
ဥပမာ- သင်ဟာ အလုပ်သစ်တစ်ခု လိုချင်တယ်။ ဘယ်လိုအလုပ်မျိုးလိုချင်တယ်ဆိုတာလည်း သင့်ကိုယ်သင် သိတယ်။ အလွန်ကောင်းပါတယ်။ ဒါပေမဲ့ သင့်မှာ အတွေ့အကြုံမရှိဘူး။ ဒါဆို ဘာလုပ်မလဲ? အဲဒီအလုပ်နဲ့ ပတ်သက်တာတွေကို လေ့လာပါ။ ဒါဟာ ပထမဆုံးခြေတစ်လှမ်းပါပဲ။ သင်လုပ်ချင်တဲ့အလုပ်မျိုးမှာ အပျော်တမ်း ဝင်လုပ်ကြည့်ပါ။ သင့်ရဲ့ ကိုယ်ရေးအချက်အလက် CV တွေကို သင်အလုပ်လုပ်ချင်တဲ့ ကုမ္ပဏီတွေဆီ ပို့ပါ။ ပြောင်းလဲမှုအတွက် ပထမခြေလှမ်းဖြစ်စေမယ့် ဘယ်အရာကိုမဆို လုပ်ပါ။

Ref: 3 questions to change your anything in your life by
Your Life Success

Leave a Reply