ကမာၻေက်ာ္ Hollywood အေၾကာင္းသိေကာင္းရာ

Posted on

ေဟာလိဝုဒ္ (Hollywood) သည္ အေမရိကန္ ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်ယ္လိစ္ၿမိဳ႕ ၿမိဳ႕လယ္ေခါင္မွ အေနာက္ေျမာက္အရပ္တြင္ တည္ရွိသည့္ အနီးဝန္က်င္ရွိ လူေနရပ္ကြက္ တစ္ခုျဖစ္ပါတယ္။ အေမရိကန္ ႐ုပ္ရွင္စတူဒီယိုမ်ားႏွင့္ နာမည္ေက်ာ္ မင္းသား၊ မင္းသမီး အမ်ားစု ေနထိုင္ရာ ရပ္ကြက္ျဖစ္ေသာေၾကာင့္ ေဟာလိဝုဒ္ဟူသည့္ ေဝါဟာရဟာ ႐ုပ္ရွင္ေလာကကို ကုိယ္စားျပဳေနတယ္လုိ႔ ဆုိရင္လည္း မမွားပါဘူး။ ဒါေၾကာင့္လည္း ကမာၻမွာ နာမည္အႀကီးဆုံး ရုပ္ရွင္ၿမဳိ႕ေတာ္အျဖစ္ ထင္ရွားရတာျဖစ္ပါတယ္။

တခ်ိန္ကေတာ့ အဲဒီေနရာဟာ သာမန္စုိက္ပ်ဳိးေျမတစ္ခုသာျဖစ္ခဲ့ၿပီး ၁၈၈၆ခုႏွစ္မွာေတာ့ H.J.Whitley ဆုိသူ အိမ္ၿခံေျမလုပ္ငန္းရွင္တစ္ေယာက္ က ၀ယ္ယူခဲ့ပါတယ္။ တစ္ေန႔သူဟာ အဲဒီေနရာက ေတာင္ကုန္းေပၚမွာရပ္ရင္းပတ္၀န္းက်င္ကုိ ၾကည့္ေနပါတယ္။ အဲဒီအခ်ိန္မွာ တရုတ္လူမ်ဳိးတစ္ေယာက္ဟာ တြန္းလွည္းတစ္စီးကို တြန္းလာပါတယ္။ Whitley က အဲဒီလူကုိ ဘာေတြသယ္လာတာလဲလုိ႔ လွမ္းေမးတဲ့အခါ တရုတ္လူမ်ဳိးက သစ္သားေတြတင္ၿပီးယူလာတာလုိ႔ ျပန္ေျဖပါတယ္။ ဒီလုိေျဖတဲ့အခါမွာ Hualing wood လုိ႔ေျဖရမွာကုိ တရုတ္ကလူမ်ဳိးက အသံမပီတာေၾကာင့္ Holly-wood ဆုိၿပီး ထြက္ပါတယ္။ ဒီမွာတင္ Whitely ဟာ အဲဒီေနရာရဲ႕အမည္ကုိ Hollywood ဆုိၿပီးေပးလုိက္ပါတယ္။ ဒါေၾကာင့္လည္း H. J. Whitley ကုိ ေဟာလိ၀ုဒ္ရဲ႕ဖခင္ႀကီးလုိ႔ ေခၚၾကတာျဖစ္ပါတယ္။

ေတာင္ကုန္းေတာင္တန္း ေတြနဲ႔ လမ္းၾကားေလးေတြျဖစ္ေနတဲ့ ဒီေနရာမွာ တျဖည္းျဖည္းလူေတြေနလာၾကၿပီး ၁၉၀၀ ၀န္းက်င္မွာေတာ့ စာတုိက္ ၊ သတင္းစာ ၊ ဟုိတယ္ ၊ ေစ်း စတာေတြရွိလာခဲ့ပါတယ္။ ေဟာလိ၀ုဒ္ဟုိတယ္ကိုေတာ့ H. J. Whitley က ၁၉၀၂ခုႏွစ္မွာ ဖြင့္ခဲ့တာျဖစ္ပါတယ္။ ဒီဟုိတယ္ဟာ ယခုအခါမွာေတာ့ ကမာၻေက်ာ္ဟုိတယ္ျဖစ္ေနပါၿပီ။ ဒီဟုိတယ္မွာ ေဟာလိ၀ုဒ္အေက်ာ္အေမာ္ေတြကုိ အဓိကျမင္ေတြ႔ရၿပီး ေဟာလိ၀ုဒ္သြားလည္ၾကသူတုိင္းမျဖစ္မေနသြားေရာက္လည္ပတ္ေလ့ရွိတဲ့ဟုိတယ္လည္းျဖစ္ပါတယ္။

ရုပ္ရွင္ရုိက္ကူးသူေတြဟာ ေဟာလိ၀ုဒ္ကုိ တျဖည္းျဖည္းေျပာင္းလာရတဲ့ ရည္ရြယ္ခ်က္ရွိပါတယ္။ ဒါကေတာ့ ရုပ္ရွႈ္ရုိက္ကူးမႈ မူပုိင္ခြင့္ကုိ နယူးဂ်ာစီမွာေနထုိင္တဲ့ ေသာမတ္အဲဒီဆင္က ခ်ဳပ္ကုိင္ထားတာေၾကာင့္ ဒါကိုေရွာင္ခ်င္တဲ့အတြက္ ေဟာလိ၀ုဒ္ကုိေျပာင္းလာၾကတာပဲျဖစ္ပါတယ္။

ပထမဆုံး ေဟာလိ၀ုဒ္က ရုိက္ကူးတဲ့ဇာတ္လမ္းတုိေလးကေတာ့ In Old California ျဖစ္ၿပီး ၁၉၁၀ က ရုိက္ခဲ့တာျဖစ္ပါတယ္။ ၾကာခ်ိန္ ၁၇မိနစ္ပဲ ရွိၿပီး ဒါရုိက္တာ D. W. Griffith က ရုိက္ကူးခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္က ရုပ္ရွင္စတူရီယုိမရွိေသးပါဘူး။ ၁၉၁၀ မတုိင္ခင္ကေတာ့ ေဟာလိ၀ုဒ္မွာ ရုပ္ရွင္ဇာတ္ရုံေတြကုိပိတ္ပင္ခဲ့ၿပီး ၁၉၁၀ေနာက္ပုိင္း ေဟာလိ၀ုဒ္ကုိ ေလာ့အင္ဂ်လိထဲသြင္းလုိက္တဲ့အခါမွသာ ျပန္ဖြင့္ေပးခဲ့တာျဖစ္ပါတယ္။

ေဟာလိ၀ုဒ္ရဲ႕ ပထမဆုံး ရုပ္ရွင္စတူရီယုိကေတာ့ ၁၉၁၁ခုႏွစ္မွာ ဖြင့္လွစ္ခဲ့တဲ့ Nestor စတူရီယုိျဖစ္ပါတယ္။ ရုပ္ရွင္စတူရီယုိတစ္ခုတည္းမွာပဲ သီးသန္႔ရုိက္ကူးခဲ့တဲ့ ပထမဆုံးဇာတ္ကားကေတာ့ ၁၉၁၄ခုႏွစ္မွာ ရုိက္ကူးခဲ့တဲ့ The Squaw Man ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားျဖစ္ပါတယ္။ နာမည္ေက်ာ္ Warner Brothers စတူရီယုိကုိေတာ့ ၁၉၁၈ခုႏွစ္မွာ အုိဟုိင္းယိုးက ညီအစ္ကုိ ၄ေယာက္က ဖြင့္လွစ္ခဲ့ပါတယ္။

၁၉၂၃ ခုႏွစ္မွာ အိမ္ၿခံေျမလုပ္ငန္းရွင္တစ္ေယာက္က ေဟာလိ၀ုဒ္က အိမ္ၿခံေျမေႀကာ္ျငာလုပ္ငန္းအတြက္ ေဟာလိ၀ုဒ္ကို HollywoodLand အျဖစ္ေျပာင္းေခၚဖုိ႔ ၁၈လၾကာ စာခ်ဳပ္ခ်ဳပ္ခဲ့ပါတယ္။ အဲဒီကစလုိ႔ Hollywoodland လုိ႔ေခၚလာခဲ့တာ ၁၉၄၉ အထိပါပဲ။ ၁၉၄၉ခုႏွစ္ေရာက္မွသာ Land ကုိ ျပန္ျဖဳတ္ၿပီး မူလအတုိင္း Hollywood လုိ႔ပဲ ေခၚခဲ့ပါတယ္။ မၾကာခဏျမင္ေနရတဲ့ ေတာင္ကုန္းေပၚက Hollywood ဆုိတဲ့စာလုံးဟာ မူလက HollywoodLand လုိ႔ေရးထားတာျဖစ္ပါတယ္။

ရုပ္ရွင္စတူရီယုိရွိတဲ့ ဒီေနရာကို ရုပ္ရွင္သရုပ္ေဆာင္ မင္းသား မင္းသမီးေတြက တျဖည္းျဖည္း၀ယ္ယူေနထုိင္လာၾကရင္း ရုပ္ရွင္ေလာကသားမ်ားရဲ႕ သီးသန္႔ကမာၻလုိျဖစ္လာခဲ့ပါတယ္။

ပထမဆုံး ေအာ္စကာဆုေပးပြဲကုိ ၁၉၂၉ခုႏွစ္က ေဟာလိ၀ုဒ္က ရူစဗဲ့ဟုိတယ္မွာ က်င္းပႏုိင္ခဲ့ၿပီး ဆု ၁၅ဆု သာေပးႏုိင္ခဲ့ပါတယ္။ ပထမဆုံး ေအာ္စကာပြဲကို တက္ေရာက္ခဲ့တဲ့လူအေရအတြက္ကေတာ့ ၂၇၀ သာရွိပါတယ္။ အခုအခ်ိန္မွာေတာ့ သရုပ္ေဆာင္ ၊ ဒါရုိက္တာ ၊ ထုတ္လုပ္သူ စတဲ့ရုပ္ရွင္ေလာကသားခ်ည္းပဲ ၃၀၀၀ ၀န္းက်င္တက္ေရာက္ၿပီး ပရိသတ္နဲ႔ေပါင္းရင္ ေသာင္းဂဏန္းအထိရွိေနၿပီျဖစ္ပါတယ္။

ေဟာလိ၀ုဒ္မွာ ရွိတဲ့ သခၤ်ဳိင္းကိုေတာ့ Forever သခၤ်ဳိင္းလုိ႔ေခၚပါတယ္။ ဒီေနရာမွာ ေသဆုံးသြားတဲ့ ရုပ္ရွင္ေလာကထဲက ေက်ာ္ၾကားသူေတြကို ျမဳပ္ႏွံထားပါတယ္။ ေဟာလိ၀ုဒ္ကုိ လာေရာက္လည္ပတ္သူေတြ အမ်ားဆုံးသြားေလ့ရွိတဲ့ေနရာေတြကေတာ့ Hollywood Walk of Fame, Universal Studios, the Chinese Theatre, Charlie Chaplin Studios, Madame Tussauds Hollywood, and Roosevelt Hotel တုိ႔ျဖစ္ပါတယ္။

ေဟာလိ၀ုဒ္မွာ အကယ္ဒမီေပးပြဲေတြ ၊ ခရစ္စမတ္ပြဲေတာ္ေတြ ၊ မာရသြန္-တစ္၀က္ ေျပးပြဲေတြကိုလည္း က်င္းပေလ့ရွိပါတယ္။

ကုိယ္ပုိင္ရုပ္ရွင္စတူရီယုိေတြကုိယ္စီရွိတဲ့ ေဟာလိ၀ုဒ္ရဲ႕ နာမည္အႀကီးဆုံး ကုမၸဏီေျခာက္ခုကေတာ့ Disney , Universal , Warner Brothers ,Fox ,Paramount ,Columbia တုိ႔ျဖစ္ပါတယ္။

ကမာၻေပၚမွာ ေဟာလိ၀ုဒ္ကုိ အတုယူထားတဲ့ အျခားရုပ္ရွင္ၿမဳိ႕ေတြလည္းရွိပါေသးတယ္။ ေဘာလိ၀ုဒ္ဆုိရင္ အိႏၵိယဗားရွင္းေျပာင္းထားတဲ့ ေဟာလိ၀ုဒ္လုိ႔ ဆုိႏုိင္ပါတယ္။ ကေနဒါမွာရွိတဲ့ ရုပ္ရွင္ၿမဳိ႕ကုိေတာ့ Hollywood North လုိ႔ေခၚၿပီး တရုတ္ကလည္း သူရဲ႕အႀကီးဆုံးရုပ္ရွင္ စတူရီယုိကုိ Chinawood လုိ႔ အမည္ေပးထားၾကပါတယ္။


ကမ္ဘာကျော် Hollywood အကြောင်းသိကောင်းရာ (unicode)

ဟောလိဝုဒ် (Hollywood) သည် အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့ မြို့လယ်ခေါင်မှ အနောက်မြောက်အရပ်တွင် တည်ရှိသည့် အနီးဝန်ကျင်ရှိ လူနေရပ်ကွက် တစ်ခုဖြစ်ပါတယ်။ အမေရိကန် ရုပ်ရှင်စတူဒီယိုများနှင့် နာမည်ကျော် မင်းသား၊ မင်းသမီး အများစု နေထိုင်ရာ ရပ်ကွက်ဖြစ်သောကြောင့် ဟောလိဝုဒ်ဟူသည့် ဝေါဟာရဟာ ရုပ်ရှင်လောကကို ကိုယ်စားပြုနေတယ်လို့ ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့်လည်း ကမ္ဘာမှာ နာမည်အကြီးဆုံး ရုပ်ရှင်မြို့တော်အဖြစ် ထင်ရှားရတာဖြစ်ပါတယ်။

တချိန်ကတော့ အဲဒီနေရာဟာ သာမန်စိုက်ပျိုးမြေတစ်ခုသာဖြစ်ခဲ့ပြီး ၁၈၈၆ခုနှစ်မှာတော့ H.J.Whitley ဆိုသူ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ယောက် က ဝယ်ယူခဲ့ပါတယ်။ တစ်နေ့သူဟာ အဲဒီနေရာက တောင်ကုန်းပေါ်မှာရပ်ရင်းပတ်ဝန်းကျင်ကို ကြည့်နေပါတယ်။ အဲဒီအချိန်မှာ တရုတ်လူမျိုးတစ်ယောက်ဟာ တွန်းလှည်းတစ်စီးကို တွန်းလာပါတယ်။ Whitley က အဲဒီလူကို ဘာတွေသယ်လာတာလဲလို့ လှမ်းမေးတဲ့အခါ တရုတ်လူမျိုးက သစ်သားတွေတင်ပြီးယူလာတာလို့ ပြန်ဖြေပါတယ်။ ဒီလိုဖြေတဲ့အခါမှာ Hualing wood လို့ဖြေရမှာကို တရုတ်ကလူမျိုးက အသံမပီတာကြောင့် Holly-wood ဆိုပြီး ထွက်ပါတယ်။ ဒီမှာတင် Whitely ဟာ အဲဒီနေရာရဲ့အမည်ကို Hollywood ဆိုပြီးပေးလိုက်ပါတယ်။ ဒါကြောင့်လည်း H. J. Whitley ကို ဟောလိဝုဒ်ရဲ့ဖခင်ကြီးလို့ ခေါ်ကြတာဖြစ်ပါတယ်။

တောင်ကုန်းတောင်တန်း တွေနဲ့ လမ်းကြားလေးတွေဖြစ်နေတဲ့ ဒီနေရာမှာ တဖြည်းဖြည်းလူတွေနေလာကြပြီး ၁၉၀၀ ဝန်းကျင်မှာတော့ စာတိုက် ၊ သတင်းစာ ၊ ဟိုတယ် ၊ ဈေး စတာတွေရှိလာခဲ့ပါတယ်။ ဟောလိဝုဒ်ဟိုတယ်ကိုတော့ H. J. Whitley က ၁၉၀၂ခုနှစ်မှာ ဖွင့်ခဲ့တာဖြစ်ပါတယ်။ ဒီဟိုတယ်ဟာ ယခုအခါမှာတော့ ကမ္ဘာကျော်ဟိုတယ်ဖြစ်နေပါပြီ။ ဒီဟိုတယ်မှာ ဟောလိဝုဒ်အကျော်အမော်တွေကို အဓိကမြင်တွေ့ရပြီး ဟောလိဝုဒ်သွားလည်ကြသူတိုင်းမဖြစ်မနေသွားရောက်လည်ပတ်လေ့ရှိတဲ့ဟိုတယ်လည်းဖြစ်ပါတယ်။

ရုပ်ရှင်ရိုက်ကူးသူတွေဟာ ဟောလိဝုဒ်ကို တဖြည်းဖြည်းပြောင်းလာရတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ ဒါကတော့ ရုပ်ရ်ှုရိုက်ကူးမှု မူပိုင်ခွင့်ကို နယူးဂျာစီမှာနေထိုင်တဲ့ သောမတ်အဲဒီဆင်က ချုပ်ကိုင်ထားတာကြောင့် ဒါကိုရှောင်ချင်တဲ့အတွက် ဟောလိဝုဒ်ကိုပြောင်းလာကြတာပဲဖြစ်ပါတယ်။

ပထမဆုံး ဟောလိဝုဒ်က ရိုက်ကူးတဲ့ဇာတ်လမ်းတိုလေးကတော့ In Old California ဖြစ်ပြီး ၁၉၁၀ က ရိုက်ခဲ့တာဖြစ်ပါတယ်။ ကြာချိန် ၁၇မိနစ်ပဲ ရှိပြီး ဒါရိုက်တာ D. W. Griffith က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က ရုပ်ရှင်စတူရီယိုမရှိသေးပါဘူး။ ၁၉၁၀ မတိုင်ခင်ကတော့ ဟောလိဝုဒ်မှာ ရုပ်ရှင်ဇာတ်ရုံတွေကိုပိတ်ပင်ခဲ့ပြီး ၁၉၁၀နောက်ပိုင်း ဟောလိဝုဒ်ကို လော့အင်ဂျလိထဲသွင်းလိုက်တဲ့အခါမှသာ ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

ဟောလိဝုဒ်ရဲ့ ပထမဆုံး ရုပ်ရှင်စတူရီယိုကတော့ ၁၉၁၁ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ Nestor စတူရီယိုဖြစ်ပါတယ်။ ရုပ်ရှင်စတူရီယိုတစ်ခုတည်းမှာပဲ သီးသန့်ရိုက်ကူးခဲ့တဲ့ ပထမဆုံးဇာတ်ကားကတော့ ၁၉၁၄ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ The Squaw Man ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကျော် Warner Brothers စတူရီယိုကိုတော့ ၁၉၁၈ခုနှစ်မှာ အိုဟိုင်းယိုးက ညီအစ်ကို ၄ယောက်က ဖွင့်လှစ်ခဲ့ပါတယ်။

၁၉၂၃ ခုနှစ်မှာ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ယောက်က ဟောလိဝုဒ်က အိမ်ခြံမြေကြော်ငြာလုပ်ငန်းအတွက် ဟောလိဝုဒ်ကို HollywoodLand အဖြစ်ပြောင်းခေါ်ဖို့ ၁၈လကြာ စာချုပ်ချုပ်ခဲ့ပါတယ်။ အဲဒီကစလို့ Hollywoodland လို့ခေါ်လာခဲ့တာ ၁၉၄၉ အထိပါပဲ။ ၁၉၄၉ခုနှစ်ရောက်မှသာ Land ကို ပြန်ဖြုတ်ပြီး မူလအတိုင်း Hollywood လို့ပဲ ခေါ်ခဲ့ပါတယ်။ မကြာခဏမြင်နေရတဲ့ တောင်ကုန်းပေါ်က Hollywood ဆိုတဲ့စာလုံးဟာ မူလက HollywoodLand လို့ရေးထားတာဖြစ်ပါတယ်။

ရုပ်ရှင်စတူရီယိုရှိတဲ့ ဒီနေရာကို ရုပ်ရှင်သရုပ်ဆောင် မင်းသား မင်းသမီးတွေက တဖြည်းဖြည်းဝယ်ယူနေထိုင်လာကြရင်း ရုပ်ရှင်လောကသားများရဲ့ သီးသန့်ကမ္ဘာလိုဖြစ်လာခဲ့ပါတယ်။ ပထမဆုံး အော်စကာဆုပေးပွဲကို ၁၉၂၉ခုနှစ်က ဟောလိဝုဒ်က ရူစဗဲ့ဟိုတယ်မှာ ကျင်းပနိုင်ခဲ့ပြီး ဆု ၁၅ဆု သာပေးနိုင်ခဲ့ပါတယ်။ ပထမဆုံး အော်စကာပွဲကို တက်ရောက်ခဲ့တဲ့လူအရေအတွက်ကတော့ ၂၇၀ သာရှိပါတယ်။ အခုအချိန်မှာတော့ သရုပ်ဆောင် ၊ ဒါရိုက်တာ ၊ ထုတ်လုပ်သူ စတဲ့ရုပ်ရှင်လောကသားချည်းပဲ ၃၀၀၀ ဝန်းကျင်တက်ရောက်ပြီး ပရိသတ်နဲ့ပေါင်းရင် သောင်းဂဏန်းအထိရှိနေပြီဖြစ်ပါတယ်။

ဟောလိဝုဒ်မှာ ရှိတဲ့ သင်္ချိုင်းကိုတော့ Forever သင်္ချိုင်းလို့ခေါ်ပါတယ်။ ဒီနေရာမှာ သေဆုံးသွားတဲ့ ရုပ်ရှင်လောကထဲက ကျော်ကြားသူတွေကို မြုပ်နှံထားပါတယ်။ ဟောလိဝုဒ်ကို လာရောက်လည်ပတ်သူတွေ အများဆုံးသွားလေ့ရှိတဲ့နေရာတွေကတော့ Hollywood Walk of Fame, Universal Studios, the Chinese Theatre, Charlie Chaplin Studios, Madame Tussauds Hollywood, and Roosevelt Hotel တို့ဖြစ်ပါတယ်။

ဟောလိဝုဒ်မှာ အကယ်ဒမီပေးပွဲတွေ ၊ ခရစ်စမတ်ပွဲတော်တွေ ၊ မာရသွန်-တစ်ဝက် ပြေးပွဲတွေကိုလည်း ကျင်းပလေ့ရှိပါတယ်။ကိုယ်ပိုင်ရုပ်ရှင်စတူရီယိုတွေကိုယ်စီရှိတဲ့ ဟောလိဝုဒ်ရဲ့ နာမည်အကြီးဆုံး ကုမ္ပဏီခြောက်ခုကတော့ Disney , Universal , Warner Brothers ,Fox ,Paramount,Columbia တို့ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ဟောလိဝုဒ်ကို အတုယူထားတဲ့ အခြားရုပ်ရှင်မြို့တွေလည်းရှိပါသေးတယ်။ ဘောလိဝုဒ်ဆိုရင် အိန္ဒိယဗားရှင်းပြောင်းထားတဲ့ ဟောလိဝုဒ်လို့ ဆိုနိုင်ပါတယ်။ ကနေဒါမှာရှိတဲ့ ရုပ်ရှင်မြို့ကိုတော့ Hollywood North လို့ခေါ်ပြီး တရုတ်ကလည်း သူရဲ့အကြီးဆုံးရုပ်ရှင် စတူရီယိုကို Chinawood လို့ အမည်ပေးထားကြပါတယ်။

 

Leave a Reply