ၿမဳိ႕ရန္ကုန္ သမုိင္းေၾကာင္း နဲ႔ သိေကာင္းစရာ ဗဟုသုတအခ်ဳိ႕

Posted on

ရန္ကုန္၏ မူလအမည္မွာ ဒဂုံ ျဖစ္သည္။ ရန္ေတြကုန္စင္ေသာ အဓိပၸါယ္ႏွင့္ အေလာင္းမင္းတရားႀကီးက ရန္ကုန္ဟု အမည္ေျပာင္းလိုက္သည္။ မူလအမည္က ဒဂုံသည္ မြန္ ေဝါဟာရ ဒဂုင္၊ လြဳင္ တို႔က ဆင္းသက္ၿပီး ဒဂုံျဖစ္လာသည္။ ထိုနာမည္သည္ ေ႐ႊတိဂုံေစတီေတာ္ႀကီးကို ေပးေသာ ဘြဲ႕မည္ျဖစ္သည္။ မြန္ဘုရင္မႀကီး ရွင္ေစာပုက ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီး၏ ဉာဏ္ေတာ္ကိုျမႇင့္ၿပီး တည္ေဆာက္ၿပီးေသာအခါ က္်ာဒဂုင္ (က်ိဳက္ဒဂုံ-ဒဂုံဘုရား)ဟု ဘြဲ႕မည္ေပးလိုက္သည္။ တခ်ိဳ႕ ပညာရွင္မ်ားက ေတာင္သုံးလုံးၿမိဳ႕ဟု အဓိပၸါယ္ရေသာ တိကုမၻနဂရဆိုသည့္ ပါဠိေဝါဟာရက ဆင္းသက္ေၾကာင္း၊ တိကုမၻက တိကုမ္၊ တကုမ္၊ ဒဂုံဟု ေျပာင္းလဲလာေၾကာင္း ဆိုၾကသည္။ မြန္ေဝါဟာရကလည္း ကုန္းျမင့္ေပၚကေစတီဟု အဓိပၸါယ္ရသည္။

ျမန္မာႏိုင္ငံ၏ အႀကီးဆုံးဆိပ္ကမ္းၿမိဳ႕လည္း ျဖစ္သည္။ ေျမာက္လတၱီတြဒ္ ၁၆ ဒီဂရီ ၄၆ မိနစ္ ႏွင့္ အေရွ႕ေလာင္ဂ်ီတြဒ္ ၉၆ ဒီဂရီ ၁ဝ မိနစ္ ဆုံရာတြင္ တည္ရွိသည္။ ရန္ကုန္ျမစ္ေခၚ လႈိင္ျမစ္ႏွင့္ ပုဇြန္ေတာင္ေခ်ာင္း၊ ပဲခူးျမစ္တို႔ ဆုံရာအရပ္တြင္ တည္ရွိ၍ ပင္လယ္ကူးသေဘၤာႀကီးမ်ားသည္ ပကတိအားျဖင့္ လုံၿခဳံေသာ ရန္ကုန္ဆိပ္ကမ္းသို႔အေရာက္ ဝင္ထြက္သြားလာႏိုင္သည္။ ရန္ကုန္ၿမိဳ႕သည္ ျပည္တြင္းေက်ာေထာက္ေနာက္ခံ နယ္မ်ားႏွင့္လည္း ကုန္းလမ္း၊ ေရလမ္း၊ ေလေၾကာင္းလမ္းတို႔ျဖင့္ ဆက္သြယ္လ်က္ ရွိေလသည္။ တံခါးမႀကီးသဖြယ္ျဖစ္၍ ကူးသန္းေရာင္းဝယ္ေရးအတြက္ အခ်က္အျခာဌာနလည္း ျဖစ္ေလသည္။

ရန္ကုန္ၿမိဳ႕သည္ (ခရစ္ေတာ္မေပၚမီ ဘီစီ(၅၈၈)) လြန္ခဲ့သည့္ ႏွစ္ေပါင္း ၂၆၀ဝ အထက္ကစ၍ ျမတ္စြာဘုရားသခင္၏ ဆံေတာ္ဓာတ္ျမတ္မ်ားႏွင့္ စပ္လ်ဥ္းၿပီးလၽွင္ သမိုင္းႏွင့္ ေပၚေပါက္လာခဲ့ေသာ္လည္း ဘုရားဖူးစခန္းအျဖစ္သာ တည္ရွိခဲ့ရာမွ အစိုးရ႐ုံးစိုက္ ၿမိဳ႕ေတာ္ႀကီးအျဖစ္သို႔ ေရာက္ရွိလာကာ ကမၻာ့အေရွ႕ဖ်ားတြင္ ထင္ရွားေသာ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ ျဖစ္လာခဲ့သည္

ရန္ကုန္ၿမိဳ႕ကို ေအဒီ ၆ ရာစုႏွစ္က ေအာက္ျမန္မာျပည္ကို အုပ္ခ်ဳပ္စိုးမိုးခဲ့ေသာ မြန္လူမ်ိဳးမ်ားက ဒဂုံအျဖစ္ စတင္တည္ေထာင္ခဲ့သည္။ ဒဂုံၿမိဳ႕သည္ ေ႐ႊတိဂုံဘုရားကို ဗဟိုျပဳထားၿပီး ေသးငယ္ေသာ ငါးဖမ္း႐ြာေလး တစ္႐ြာသာ ျဖစ္ခဲ့သည္။ ၁၇၅၅ ခုႏွစ္တြင္ ျမန္မာဘုရင္အေလာင္းဘုရားသည္ ဒဂုံၿမိဳ႕ကို ေအာင္ႏိုင္ၿပီး “ရန္ကုန္”ဟု အမည္သတ္မွတ္ခဲ့ၿပီး ဒဂုံၿမိဳ႕ပတ္လည္တြင္ တိုးျမင့္၍ အေျခခ်ေနထိုင္မႈမ်ား ျပဳလုပ္ခဲ့သည္။ ၿဗိတိသၽွတို႔သည္ ပထမ အဂၤလိပ္-ျမန္မာ စစ္ပြဲ (၁၈၂၄ – ၂၆) တြင္ ရန္ကုန္ၿမိဳ႕ကို ေအာင္ျမင္စြာ သိမ္းပိုက္ခဲ့ေသာ္လည္း၊ စစ္ၿပီးသည့္ေနာက္ အုပ္ခ်ဳပ္ေရးအာဏာကို ျမန္မာတို႔လက္ထဲ ျပန္လည္လႊဲေျပာင္းေပးခဲ့သည္။ ၁၈၄၁ ခုႏွစ္တြင္ ၿမိဳ႕ေတာ္သည္ မီးသင့္ၿပီး ပ်က္စီးခဲ့သည္။

ၿဗိတိသၽွတို႔ သည္ ရန္ကုန္ႏွင့္ ေအာက္ျမန္မာျပည္ အားလုံးကို ၁၈၅၂ ခုႏွစ္ ဒုတိယ အဂၤလိပ္-ျမန္မာစစ္ပြဲတြင္ သိမ္းယူခ်ဳပ္ကိုင္ႏိုင္ခဲ့သည္။ ဆက္လက္၍ ရန္ကုန္ၿမိဳ႕ကို ၿဗိတိသၽွဘားမား၏ စီးပြားေရးႏွင့္ ႏိုင္ငံေရး အခ်က္အခ်ာက်ေသာ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ ျပဳျပင္ေျပာင္းလဲခဲ့သည္။ စစ္အင္ဂ်င္နီယာ ဗိုလ္အလက္ဇႏၵားဖေရဇာ၏ ဒီဇိုင္းပုံစံကို အေျချပဳ၍ ၿဗိတိသၽွမ်ားသည္ ဂရစ္စီမံခ်က္ျဖင့္ ျမစ္ဝကၽြန္းေပၚေဒသတြင္ အေရွ႕ဘက္၌ ပုစြန္ေတာင္ေခ်ာင္းငယ္၊ အေနာက္ဘက္တြင္ ရန္ကုန္ျမစ္ကို နယ္နိမိတ္သတ္မွတ္ၿပီး ၿမိဳ႕ေတာ္သစ္တစ္ခု တည္ေဆာက္ခဲ့သည္။

၁၈၈၅ ခုႏွစ္ တတိယအဂၤလိပ္-ျမန္မာစစ္ပြဲတြင္ ၿဗိတိသၽွတို႔သည္ အထက္ျမန္မာျပည္ကို သိမ္းယူခဲ့ၿပီးေနာက္ ရန္ကုန္ၿမိဳ႕သည္ အားလုံးေသာ ၿဗိတိသၽွဘားမားတို႔၏ ၿမိဳ႕ေတာ္အျဖစ္ တည္ရွိလာခဲ့သည္။ ၁၈၉၀ ခုႏွစ္မ်ားတြင္ ရန္ကုန္ၿမိဳ႕၏ တိုးပြါးလာသည့္ လူဦးေရမ်ားႏွင့္ ကုန္သြယ္မႈတို႔သည္ ေတာ္ဝင္ကန္(ကန္ေတာ္ႀကီး)ႏွင့္ အင္းယားကန္ တို႔၏ ေျမာက္ဘက္ရွိ ဆင္ေျခဖုံးရပ္ကြက္မ်ားတြင္ ခ်မ္းသာႂကြယ္ဝသည့္ လူေနအိမ္ေျခမ်ားကို ေမြးဖြားေပးခဲ့သည္။ ၿဗိတိသၽွတို႔သည္ ရန္ကုန္အေထြေထြေရာဂါကုေဆး႐ုံႏွင့္ ရန္ကုန္တကၠသိုလ္ အပါအဝင္ ေဆး႐ုံမ်ားႏွင့္ ေကာလိပ္မ်ားကိုလည္း တည္ေဆာက္ေပးခဲ့သည္။

ကိုလိုနီေခတ္ရန္ကုန္ကို ၎၏က်ယ္ျပန္႔ေသာပန္းၿခံမ်ား၊ ေရကန္မ်ား၊ ေရာႁပြမ္းေနသည့္ ေခတ္မီအေဆာက္အအုံမ်ားႏွင့္ ေရွး႐ိုးအတိုင္း သစ္သားတို႔ျဖင့္ ေဆာက္လုပ္ထားသည့္ ဗိသုကာလက္ရာမ်ားတို႔ျဖင့္ “အေရွ႕တိုင္း၏ ဥယ်ာဥ္ၿမိဳ႕ေတာ္” အျဖစ္ သိရွိလာခဲ့ၾကသည္။ ၂၀ ရာစုႏွစ္ အေစာပိုင္းတြင္ ရန္ကုန္ၿမိဳ႕၌ လန္ဒန္ၿမိဳ႕ႏွင့္ တန္းတူ ျပည္သူလူထု ဝန္ေဆာင္မႈ လုပ္ငန္းမ်ားႏွင့္ အေျခခံအေဆာက္အအုံတို႔ ရွိလာခဲ့သည္။

ဒုတိယ ကမၻာစစ္ မတိုင္မီက၊ ရန္ကုန္ၿမိဳ႕ရွိ လူဦးေရ ၅၀၀၀၀၀ ၏ ၅၅ ရာခိုင္ႏႈန္းခန္႔သည္ အိႏၵိယ သို႔မဟုတ္ ေတာင္အာရွသားမ်ားျဖစ္၍ သုံးပုံတစ္ပုံခန္႔သည္ ဗမာ(ဗမာလူမ်ိဳး)၊ ကရင္၊ တ႐ုတ္၊ အဂၤလို ဗမာႏွင့္ အျခားလူမ်ိဳးမ်ား ျဖစ္ၾကသည္။ ပထမ ကမၻာစစ္ၿပီးေနာက္၊ ရန္ကုန္သည္ လက္ဝဲစြန္းေရာက္ ရန္ကုန္တကၠသိုလ္ေက်ာင္းသားမ်ား ဦးေဆာင္သည့္ ဗမာ့လြတ္လပ္ေရး လႈပ္ရွားမႈမ်ား၏ ဗဟိုအခ်က္အျခာေနရာ ျဖစ္လာခဲ့သည္။ ၁၉၂၀၊ ၁၉၃၆ ႏွင့္ ၁၉၃၈ ခုႏွစ္တို႔တြင္ ၿဗိတိသၽွအစိုးရအား သုံးႀကိမ္တိုင္ ႏိုင္ငံႏွင့္အဝွမ္း ဆန္႔က်င္ဆႏၵျပမႈမ်ား ျဖစ္ပြားခဲ့သည္။ ရန္ကုန္သည္ (၁၉၄၂ – ၄၅) တြင္ ဂ်ပန္လက္ေအာက္သို႔ က်ေရာက္ခဲ့ကာ ဒုတိယကမၻာစစ္ အတြင္း ႀကီးမားေသာ ပ်က္စီးယိုယြင္းမႈမ်ား ရွိခဲ့သည္။ ၁၉၄၈ ခုႏွစ္၊ ဇႏၷဝါရီလ ၄ ရက္ေန႔ တြင္ ၿဗိတိသၽွအင္ပါယာထံမွ ႏိုင္ငံ၏လြတ္လပ္ေရးကို ျပန္လည္ရရွိခဲ့သည္ႏွင့္ ရန္ကုန္ၿမိဳ႕သည္ ျပည္ေထာင္စု ျမန္မာႏိုင္ငံ၏ ၿမိဳ႕ေတာ္ျဖစ္ လာခဲ့သည္။

၁၉၄၈ ခုႏွစ္ ဗမာ့လြတ္လပ္ေရးကို ရရွိၿပီးလၽွင္ၿပီးျခင္း၊ ကိုလိုနီအမည္မ်ားျဖင့္ ေခၚေဝၚခဲ့သည့္လမ္းမ်ား၊ ပန္းၿခံမ်ားတို႔သည္ အမ်ိဳးသားေရးအသြင္ ပိုမိုေဆာင္သည့္ ဗမာအမည္မ်ားသို႔ ေျပာင္းလဲလာခဲ့သည္။ ၁၉၈၉ ခုႏွစ္တြင္ လက္ရွိ အာဏာသိမ္း စစ္အစိုးရသည္ ၿမိဳ႕ေတာ္၏ အဂၤလိပ္အမည္ကို “Yangon” ဟု ေျပာင္းလဲေခၚေဝၚေစျခင္းႏွင့္အတူ အျခားေသာ အဂၤလိပ္အေခၚအေဝၚမ်ားကိုလည္း ဗမာအမည္မ်ားသို႔ ေျပာင္းလဲခဲ့သည္။ (စစ္အာဏာရွင္ အစိုးရအေနျဖင့္ ဤသို႔ျပဳလုပ္ရန္မသင့္ဟူ၍ ယူဆသူ ျမန္မာအမ်ားစုက ယင္းသို႔ေျပာင္းလဲမႈမ်ားကို လက္မခံႏိုင္ခဲ့ၾကသကဲ့သို႔၊ မ်ားစြာေသာ ပုံႏွိပ္ထုတ္ေဝမႈလုပ္ငန္းမ်ား၊ ဘီဘီစီ အပါအဝင္ သတင္းထုတ္ျပန္သူမ်ားႏွင့္ ယူေက (ၿဗိတိန္) ႏွင့္ အေမရိကန္ ျပည္ေထာင္စု အပါအဝင္ ႏိုင္ငံျခား တိုင္းျပည္မ်ားကလည္း လက္မခံခဲ့ၾကပါ။)

လြတ္လပ္ေရးရသည့္ အခ်ိန္မွစတင္၍ ရန္ကုန္ၿမိဳ႕ကို ျပင္ပသို႔ခ်ဲ႕ထြင္ခဲ့သည္။ အဆက္ဆက္ေသာ အစိုးရမ်ားသည္ ၁၉၅၀ ခုႏွစ္မ်ား၌ သာေကတ၊ ေျမာက္ဥကၠလာပႏွင့္ ေတာင္ဥကၠလာပၿမိဳ႕နယ္တို႔ကို လည္းေကာင္း၊ ၁၉၈၀ ခုႏွစ္မ်ား၌လႈိင္သာယာ၊ ေ႐ႊျပည္သာႏွင့္ ေတာင္ဒဂုံၿမိဳ႕နယ္တို႔ကို လည္းေကာင္း တိုးခ်ဲ႕ ၿမိဳ႕နယ္သစ္မ်ားကို တည္ေဆာက္ခဲ့ၾကသည္။ ယေန႔ ရန္ကုန္ၿမိဳ႕ႀကီးသည္ ဧရိယာ စတုရန္းကီလိုမီတာ ၆၀၀ ခန္႔ က်ယ္ဝန္းသည္။

ဗိုလ္ခ်ဳပ္ေနဝင္း၏ အျခားႏိုင္ငံမ်ားတို႔၏အေရး၌ မစြက္ဖက္ေရးဝါဒျဖင့္ အုပ္ခ်ဳပ္မႈ (၁၉၆၂ – ၁၉၈၈) အတြင္း၊ ရန္ကုန္ၿမိဳ႕၏ အေျခခံအေဆာက္အအုံ သည္ ျပဳျပင္ထိန္းသိမ္းမႈ ညံ့ဖ်င္းျခင္း၊ တိုးပြားလာသည့္ လူဦးေရႏွင့္အညီ ျမႇင့္တင္ႏိုင္မႈမရွိျခင္းတို႔ေၾကာင့္ ယိုယြင္းပ်က္စီးမႈမ်ား ျဖစ္ေပၚလာခဲ့သည္။ ၁၉၉၀ ခုႏွစ္မ်ားတြင္ လက္ရွိစစ္အစိုးရ၏ ပိုမိုတံခါးဖြင့္လာသည့္ေဈးကြက္ မူဝါဒမ်ားသည္ ျပည္တြင္းႏွင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ဆြဲေဆာင္ႏိုင္မႈ ရွိလာခဲ့ၿပီး၊ ၿမိဳ႕ေတာ္၏ အေျခခံအေဆာက္အအုံကိုလည္း ေခတ္မွီသစ္လြင္မႈ၏ မၽွတသည့္ပမာဏသို႔ ေဆာင္ယူလာႏိုင္ခဲ့သည္။ ၿမိဳ႕ေတာ္၏ အတြင္းပိုင္းတြင္ ေနထိုင္သူမ်ားကိုလည္း တိုးခ်ဲ႕ၿမိဳ႕မ်ားသို႔ အတင္းအၾကပ္ လႊဲေျပာင္းေနရာ ခ်ထားေပးခဲ့သည္။

မ်ားျပားေသာ ကိုလိုနီေခတ္ အေဆာက္အအုံမ်ားကိုလည္း ဖ်က္ဆီးေစ၍၊ ျမင့္မားေသာ ဟိုတယ္မ်ား၊ ႐ုံးအေဆာက္အအုံမ်ား၊ ေဈးေရာင္းဆိုင္ခန္းမ်ားအတြက္ ေနရာေပးေစျခင္းျဖင့္ ၿမိဳ႕ေတာ္အုပ္ခ်ဳပ္သူမ်ားသည္ ေက်ာ္ၾကားထင္ရွားေသာ ကိုလိုနီေခတ္ အေဆာက္အအုံ ၂၀၀ ခန္႔ကိုလည္း ရန္ကုန္ၿမိဳ႕ေတာ္၏ အေမြအႏွစ္ စာရင္းသို႔ ထည့္သြင္းေစခဲ့သည္။ အဓိက ေဆာက္လုပ္မႈ အစီအစဥ္မ်ားသည္ ၿမိဳ႕ေတာ္ႏွင့္ စက္မႈျမစ္ကမ္းပါးေဒသမ်ားကို ဆက္သြယ္ေပးသည့္ တံတားအသစ္ေျခာက္စင္းႏွင့္ လမ္းမႀကီး အသစ္ ငါးခုကို ျဖစ္ေပၚေစခဲ့သည္။ သို႔တိုင္ေအာင္ ရန္ကုန္၏ မ်ားစြာေသာ ေနရာတို႔တြင္ အေျခခံ စည္ပင္သာယာေရးႏွင့္ သက္ဆိုင္ေသာ ဝန္ေဆာင္မႈျဖစ္သည့္ ၂၄ နာရီ လၽွပ္စစ္ဓါတ္အားႏွင့္ ပုံမွန္အမႈိက္သိမ္းယူမႈတို႔ မရွိေသးပဲ ရွိေနခဲ့သည္။

ရန္ကုန္သည္ လြတ္လပ္ေရးရၿပီးသည္မွ မ်ိဳးႏြယ္စုျပဳမႈအရ တိုင္းရင္းသားေဒသခံ ဗမာမ်ား ပိုမိုရွိလာခဲ့သည္။ လြတ္လပ္ေရးရၿပီးေနာက္ မ်ားစြာေသာ ေတာင္အာရွသားမ်ားႏွင့္ အဂၤလို-ဗမာမ်ား ထြက္ခြါသြားခဲ့ၾကသည္။ ၁၉၆၀ ခုႏွစ္မ်ားအတြင္း ဗိုလ္ခ်ဳပ္ေနဝင္း၏ ႏိုင္ငံျခားသားမ်ားကို ေၾကာက္႐ြံ႕ေသာအစိုးရမွဖိအားေပး၍ ပိုမိုမ်ားျပားေသာ ေတာင္အာရွသားမ်ားကို ထြက္ခြာသြားေစခဲ့သည္။ သို႔ေသာ္လည္း အေတာ္အတန္ႀကီးမားမ်ားျပားေသာ ေတာင္အာရွသားမ်ားႏွင့္ တ႐ုတ္လူမ်ိဳးစုမ်ားသည္ ရန္ကုန္၌ ဆက္လက္ေနထိုင္လ်က္ ရွိေနသည္။ ႏိုင္ငံမွ ထြက္ခြါသြားျခင္း သို႔တည္းမဟုတ္ အျခားေသာ ဗမာအုပ္စုတို႔ျဖင့္ မ်ိဳးမတူသူမ်ားလက္ထပ္မႈျပဳျခင္း တို႔ေၾကာင့္ အဂၤလို-ဗမာမ်ားသည္ သိသာစြာေပ်ာက္ကြယ္သြားခဲ့ၾကသည္။

ရန္ကုန္ၿမိဳ႕သည္ ၁၉၇၄၊ ၁၉၈၈ႏွင့္ ၂၀၀၇ ခုႏွစ္မ်ားတြင္ အစိုးရဆန္႔က်င္မႈ၊ ကန္႔ကြက္ဆႏၵျပမႈမ်ား၏ ဗဟိုအခ်က္အျခာျဖစ္ခဲ့သည္။ ဆႏၵျပသူမ်ားအား အစိုးရမွ ပစ္ခတ္မႈျပဳတိုင္း ေသြးေျမက်မႈမ်ားကို ၿမိဳ႕ေတာ္၏ လမ္းမ်ားေပၚတြင္ ျမင္ေတြ႕ခဲ့ရသည္။ ေမလ ၂၀၀၈ ခုႏွစ္တြင္ ဆိုင္ကလုန္းနာဂစ္သည္ ရန္ကုန္ၿမိဳ႕ သို႔ က်ေရာက္ခဲ့သည္။ ၿမိဳ႕ေတာ္၌ လူအေသအေပ်ာက္ အနည္းငယ္ရွိခဲ့ၿပီး ေလးပုံသုံးပုံေသာ ရန္ကုန္ၿမိဳ႕၏ စက္မႈလုပ္ငန္းဆိုင္ရာ အေျခခံအေဆာက္အအုံတို႔ ဖ်က္ဆီးခံရ၍၊ ခန္႔မွန္းေျခအေမရိကန္ေဒၚလာ သန္း ၈၀၀ ဖိုးခန္႔ ပ်က္စီးဆုံး႐ႈံးခဲ့ရသည္။

၂၀၀၅ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ စစ္အစိုးရသည္ ရန္ကုန္ေျမာက္ဘက္ မိုင္ ၂၀၀ (၃၂၂ ကီလိုမီတာ) အကြာရွိ ေနျပည္ေတာ္ ကို အုပ္ခ်ဳပ္မႈၿမိဳ႕ေတာ္အသစ္အျဖစ္ သတ္မွတ္၍၊ တစ္ၿပိဳင္နက္တည္းမွာပင္ မ်ားစြာေသာ အစိုးရဌာနမ်ားကို အသစ္တည္ေဆာက္ၿပီးသည့္ ၿမိဳ႕ေတာ္သို႔ ေျပာင္းေ႐ႊ႕ေစခဲ့သည္။ မည္သို႔ပင္ျဖစ္ေစကာမူ ရန္ကုန္သည္ ျမန္မာႏိုင္ငံ၏ အႀကီးမားဆုံးၿမိဳ႕ေတာ္ႏွင့္ အေရးႀကီးဆုံးစီးပြားေရးဗဟိုအခ်က္အျခာ အျဖစ္ ဆက္လက္တည္ရွိေနသည္။

Burma’s new capital stages parade”၊ BBC News၊ 27 March 2006။ 3 August 2006 တြင္ ျပန္စစ္ၿပီး။
Martin၊ Steven။ “Burma maintains bygone buildings”၊ BBC News၊ 30 March 2004။ 22 May 2006 တြင္ ျပန္စစ္ၿပီး။
ေမာင္ခင္မင္ (ဓႏုျဖဴ)
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၁)
Myanmar Wikipedia

————

မြို့ရန်ကုန် သမိုင်းကြောင်း နဲ့ သိကောင်းစရာ ဗဟုသုတအချို့ (unicode)

ရန်ကုန်၏ မူလအမည်မှာ ဒဂုံ ဖြစ်သည်။ ရန်တွေကုန်စင်သော အဓိပ္ပါယ်နှင့် အလောင်းမင်းတရားကြီးက ရန်ကုန်ဟု အမည်ပြောင်းလိုက်သည်။ မူလအမည်က ဒဂုံသည် မွန် ဝေါဟာရ ဒဂုင်၊ လွုင် တို့က ဆင်းသက်ပြီး ဒဂုံဖြစ်လာသည်။ ထိုနာမည်သည် ရွှေတိဂုံစေတီတော်ကြီးကို ပေးသော ဘွဲ့မည်ဖြစ်သည်။ မွန်ဘုရင်မကြီး ရှင်စောပုက ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဉာဏ်တော်ကိုမြှင့်ပြီး တည်ဆောက်ပြီးသောအခါ က်ျာဒဂုင် (ကျိုက်ဒဂုံ-ဒဂုံဘုရား)ဟု ဘွဲ့မည်ပေးလိုက်သည်။ တချို့ ပညာရှင်များက တောင်သုံးလုံးမြို့ဟု အဓိပ္ပါယ်ရသော တိကုမ္ဘနဂရဆိုသည့် ပါဠိဝေါဟာရက ဆင်းသက်ကြောင်း၊ တိကုမ္ဘက တိကုမ်၊ တကုမ်၊ ဒဂုံဟု ပြောင်းလဲလာကြောင်း ဆိုကြသည်။ မွန်ဝေါဟာရကလည်း ကုန်းမြင့်ပေါ်ကစေတီဟု အဓိပ္ပါယ်ရသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၆ မိနစ် နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁ဝ မိနစ် ဆုံရာတွင် တည်ရှိသည်။ ရန်ကုန်မြစ်ခေါ် လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်း၊ ပဲခူးမြစ်တို့ ဆုံရာအရပ်တွင် တည်ရှိ၍ ပင်လယ်ကူးသင်္ဘောကြီးများသည် ပကတိအားဖြင့် လုံခြုံသော ရန်ကုန်ဆိပ်ကမ်းသို့အရောက် ဝင်ထွက်သွားလာနိုင်သည်။ ရန်ကုန်မြို့သည် ပြည်တွင်းကျောထောက်နောက်ခံ နယ်များနှင့်လည်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့ဖြင့် ဆက်သွယ်လျက် ရှိလေသည်။ တံခါးမကြီးသဖွယ်ဖြစ်၍ ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အခြာဌာနလည်း ဖြစ်လေသည်။

ရန်ကုန်မြို့သည် (ခရစ်တော်မပေါ်မီ ဘီစီ(၅၈၈)) လွန်ခဲ့သည့် နှစ်ပေါင်း ၂၆ဝဝ အထက်ကစ၍ မြတ်စွာဘုရားသခင်၏ ဆံတော်ဓာတ်မြတ်များနှင့် စပ်လျဉ်းပြီးလျှင် သမိုင်းနှင့် ပေါ်ပေါက်လာခဲ့သော်လည်း ဘုရားဖူးစခန်းအဖြစ်သာ တည်ရှိခဲ့ရာမှ အစိုးရရုံးစိုက် မြို့တော်ကြီးအဖြစ်သို့ ရောက်ရှိလာကာ ကမ္ဘာ့အရှေ့ဖျားတွင် ထင်ရှားသော မြို့ကြီးတစ်မြို့ ဖြစ်လာခဲ့သည်

ရန်ကုန်မြို့ကို အေဒီ ၆ ရာစုနှစ်က အောက်မြန်မာပြည်ကို အုပ်ချုပ်စိုးမိုးခဲ့သော မွန်လူမျိုးများက ဒဂုံအဖြစ် စတင်တည်ထောင်ခဲ့သည်။ ဒဂုံမြို့သည် ရွှေတိဂုံဘုရားကို ဗဟိုပြုထားပြီး သေးငယ်သော ငါးဖမ်းရွာလေး တစ်ရွာသာ ဖြစ်ခဲ့သည်။ ၁၇၅၅ ခုနှစ်တွင် မြန်မာဘုရင်အလောင်းဘုရားသည် ဒဂုံမြို့ကို အောင်နိုင်ပြီး “ရန်ကုန်”ဟု အမည်သတ်မှတ်ခဲ့ပြီး ဒဂုံမြို့ပတ်လည်တွင် တိုးမြင့်၍ အခြေချနေထိုင်မှုများ ပြုလုပ်ခဲ့သည်။ ဗြိတိသျှတို့သည် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄ – ၂၆) တွင် ရန်ကုန်မြို့ကို အောင်မြင်စွာ သိမ်းပိုက်ခဲ့သော်လည်း၊ စစ်ပြီးသည့်နောက် အုပ်ချုပ်ရေးအာဏာကို မြန်မာတို့လက်ထဲ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ ၁၈၄၁ ခုနှစ်တွင် မြို့တော်သည် မီးသင့်ပြီး ပျက်စီးခဲ့သည်။

ဗြိတိသျှတို့ သည် ရန်ကုန်နှင့် အောက်မြန်မာပြည် အားလုံးကို ၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် သိမ်းယူချုပ်ကိုင်နိုင်ခဲ့သည်။ ဆက်လက်၍ ရန်ကုန်မြို့ကို ဗြိတိသျှဘားမား၏ စီးပွားရေးနှင့် နိုင်ငံရေး အချက်အချာကျသော မြို့တစ်မြို့အဖြစ် ပြုပြင်ပြောင်းလဲခဲ့သည်။ စစ်အင်ဂျင်နီယာ ဗိုလ်အလက်ဇန္ဒားဖရေဇာ၏ ဒီဇိုင်းပုံစံကို အခြေပြု၍ ဗြိတိသျှများသည် ဂရစ်စီမံချက်ဖြင့် မြစ်ဝကျွန်းပေါ်ဒေသတွင် အရှေ့ဘက်၌ ပုစွန်တောင်ချောင်းငယ်၊ အနောက်ဘက်တွင် ရန်ကုန်မြစ်ကို နယ်နိမိတ်သတ်မှတ်ပြီး မြို့တော်သစ်တစ်ခု တည်ဆောက်ခဲ့သည်။

၁၈၈၅ ခုနှစ် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ဗြိတိသျှတို့သည် အထက်မြန်မာပြည်ကို သိမ်းယူခဲ့ပြီးနောက် ရန်ကုန်မြို့သည် အားလုံးသော ဗြိတိသျှဘားမားတို့၏ မြို့တော်အဖြစ် တည်ရှိလာခဲ့သည်။ ၁၈၉၀ ခုနှစ်များတွင် ရန်ကုန်မြို့၏ တိုးပွါးလာသည့် လူဦးရေများနှင့် ကုန်သွယ်မှုတို့သည် တော်ဝင်ကန်(ကန်တော်ကြီး)နှင့် အင်းယားကန် တို့၏ မြောက်ဘက်ရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် ချမ်းသာကြွယ်ဝသည့် လူနေအိမ်ခြေများကို မွေးဖွားပေးခဲ့သည်။ ဗြိတိသျှတို့သည် ရန်ကုန်အထွေထွေရောဂါကုဆေးရုံနှင့် ရန်ကုန်တက္ကသိုလ် အပါအဝင် ဆေးရုံများနှင့် ကောလိပ်များကိုလည်း တည်ဆောက်ပေးခဲ့သည်။ ကိုလိုနီခေတ်ရန်ကုန်ကို ၎င်း၏ကျယ်ပြန့်သောပန်းခြံများ၊ ရေကန်များ၊ ရောပြွမ်းနေသည့် ခေတ်မီအဆောက်အအုံများနှင့် ရှေးရိုးအတိုင်း သစ်သားတို့ဖြင့် ဆောက်လုပ်ထားသည့် ဗိသုကာလက်ရာများတို့ဖြင့် “အရှေ့တိုင်း၏ ဥယျာဉ်မြို့တော်” အဖြစ် သိရှိလာခဲ့ကြသည်။ ၂၀ ရာစုနှစ် အစောပိုင်းတွင် ရန်ကုန်မြို့၌ လန်ဒန်မြို့နှင့် တန်းတူ ပြည်သူလူထု ဝန်ဆောင်မှု လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံတို့ ရှိလာခဲ့သည်။

ဒုတိယ ကမ္ဘာစစ် မတိုင်မီက၊ ရန်ကုန်မြို့ရှိ လူဦးရေ ၅၀၀၀၀၀ ၏ ၅၅ ရာခိုင်နှုန်းခန့်သည် အိန္ဒိယ သို့မဟုတ် တောင်အာရှသားများဖြစ်၍ သုံးပုံတစ်ပုံခန့်သည် ဗမာ(ဗမာလူမျိုး)၊ ကရင်၊ တရုတ်၊ အင်္ဂလို ဗမာနှင့် အခြားလူမျိုးများ ဖြစ်ကြသည်။ ပထမ ကမ္ဘာစစ်ပြီးနောက်၊ ရန်ကုန်သည် လက်ဝဲစွန်းရောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေး လှုပ်ရှားမှုများ၏ ဗဟိုအချက်အခြာနေရာ ဖြစ်လာခဲ့သည်။ ၁၉၂၀၊ ၁၉၃၆ နှင့် ၁၉၃၈ ခုနှစ်တို့တွင် ဗြိတိသျှအစိုးရအား သုံးကြိမ်တိုင် နိုင်ငံနှင့်အဝှမ်း ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ရန်ကုန်သည် (၁၉၄၂ – ၄၅) တွင် ဂျပန်လက်အောက်သို့ ကျရောက်ခဲ့ကာ ဒုတိယကမ္ဘာစစ် အတွင်း ကြီးမားသော ပျက်စီးယိုယွင်းမှုများ ရှိခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်နေ့ တွင် ဗြိတိသျှအင်ပါယာထံမှ နိုင်ငံ၏လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့သည်နှင့် ရန်ကုန်မြို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ မြို့တော်ဖြစ် လာခဲ့သည်။

၁၉၄၈ ခုနှစ် ဗမာ့လွတ်လပ်ရေးကို ရရှိပြီးလျှင်ပြီးခြင်း၊ ကိုလိုနီအမည်များဖြင့် ခေါ်ဝေါ်ခဲ့သည့်လမ်းများ၊ ပန်းခြံများတို့သည် အမျိုးသားရေးအသွင် ပိုမိုဆောင်သည့် ဗမာအမည်များသို့ ပြောင်းလဲလာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် လက်ရှိ အာဏာသိမ်း စစ်အစိုးရသည် မြို့တော်၏ အင်္ဂလိပ်အမည်ကို “Yangon” ဟု ပြောင်းလဲခေါ်ဝေါ်စေခြင်းနှင့်အတူ အခြားသော အင်္ဂလိပ်အခေါ်အဝေါ်များကိုလည်း ဗမာအမည်များသို့ ပြောင်းလဲခဲ့သည်။ (စစ်အာဏာရှင် အစိုးရအနေဖြင့် ဤသို့ပြုလုပ်ရန်မသင့်ဟူ၍ ယူဆသူ မြန်မာအများစုက ယင်းသို့ပြောင်းလဲမှုများကို လက်မခံနိုင်ခဲ့ကြသကဲ့သို့၊ များစွာသော ပုံနှိပ်ထုတ်ဝေမှုလုပ်ငန်းများ၊ ဘီဘီစီ အပါအဝင် သတင်းထုတ်ပြန်သူများနှင့် ယူကေ (ဗြိတိန်) နှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံခြား တိုင်းပြည်များကလည်း လက်မခံခဲ့ကြပါ။)

လွတ်လပ်ရေးရသည့် အချိန်မှစတင်၍ ရန်ကုန်မြို့ကို ပြင်ပသို့ချဲ့ထွင်ခဲ့သည်။ အဆက်ဆက်သော အစိုးရများသည် ၁၉၅၀ ခုနှစ်များ၌ သာကေတ၊ မြောက်ဥက္ကလာပနှင့် တောင်ဥက္ကလာပမြို့နယ်တို့ကို လည်းကောင်း၊ ၁၉၈၀ ခုနှစ်များ၌လှိုင်သာယာ၊ ရွှေပြည်သာနှင့် တောင်ဒဂုံမြို့နယ်တို့ကို လည်းကောင်း တိုးချဲ့ မြို့နယ်သစ်များကို တည်ဆောက်ခဲ့ကြသည်။ ယနေ့ ရန်ကုန်မြို့ကြီးသည် ဧရိယာ စတုရန်းကီလိုမီတာ ၆၀၀ ခန့် ကျယ်ဝန်းသည်။

ဗိုလ်ချုပ်နေဝင်း၏ အခြားနိုင်ငံများတို့၏အရေး၌ မစွက်ဖက်ရေးဝါဒဖြင့် အုပ်ချုပ်မှု (၁၉၆၂ – ၁၉၈၈) အတွင်း၊ ရန်ကုန်မြို့၏ အခြေခံအဆောက်အအုံ သည် ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်း၊ တိုးပွားလာသည့် လူဦးရေနှင့်အညီ မြှင့်တင်နိုင်မှုမရှိခြင်းတို့ကြောင့် ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့သည်။ ၁၉၉၀ ခုနှစ်များတွင် လက်ရှိစစ်အစိုးရ၏ ပိုမိုတံခါးဖွင့်လာသည့်ဈေးကွက် မူဝါဒများသည် ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မှု ရှိလာခဲ့ပြီး၊ မြို့တော်၏ အခြေခံအဆောက်အအုံကိုလည်း ခေတ်မှီသစ်လွင်မှု၏ မျှတသည့်ပမာဏသို့ ဆောင်ယူလာနိုင်ခဲ့သည်။ မြို့တော်၏ အတွင်းပိုင်းတွင် နေထိုင်သူများကိုလည်း တိုးချဲ့မြို့များသို့ အတင်းအကြပ် လွှဲပြောင်းနေရာ ချထားပေးခဲ့သည်။ များပြားသော ကိုလိုနီခေတ် အဆောက်အအုံများကိုလည်း ဖျက်ဆီးစေ၍၊ မြင့်မားသော ဟိုတယ်များ၊ ရုံးအဆောက်အအုံများ၊ ဈေးရောင်းဆိုင်ခန်းများအတွက် နေရာပေးစေခြင်းဖြင့် မြို့တော်အုပ်ချုပ်သူများသည် ကျော်ကြားထင်ရှားသော ကိုလိုနီခေတ် အဆောက်အအုံ ၂၀၀ ခန့်ကိုလည်း ရန်ကုန်မြို့တော်၏ အမွေအနှစ် စာရင်းသို့ ထည့်သွင်းစေခဲ့သည်။ အဓိက ဆောက်လုပ်မှု အစီအစဉ်များသည် မြို့တော်နှင့် စက်မှုမြစ်ကမ်းပါးဒေသများကို ဆက်သွယ်ပေးသည့် တံတားအသစ်ခြောက်စင်းနှင့် လမ်းမကြီး အသစ် ငါးခုကို ဖြစ်ပေါ်စေခဲ့သည်။ သို့တိုင်အောင် ရန်ကုန်၏ များစွာသော နေရာတို့တွင် အခြေခံ စည်ပင်သာယာရေးနှင့် သက်ဆိုင်သော ဝန်ဆောင်မှုဖြစ်သည့် ၂၄ နာရီ လျှပ်စစ်ဓါတ်အားနှင့် ပုံမှန်အမှိုက်သိမ်းယူမှုတို့ မရှိသေးပဲ ရှိနေခဲ့သည်။

ရန်ကုန်သည် လွတ်လပ်ရေးရပြီးသည်မှ မျိုးနွယ်စုပြုမှုအရ တိုင်းရင်းသားဒေသခံ ဗမာများ ပိုမိုရှိလာခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် များစွာသော တောင်အာရှသားများနှင့် အင်္ဂလို-ဗမာများ ထွက်ခွါသွားခဲ့ကြသည်။ ၁၉၆၀ ခုနှစ်များအတွင်း ဗိုလ်ချုပ်နေဝင်း၏ နိုင်ငံခြားသားများကို ကြောက်ရွံ့သောအစိုးရမှဖိအားပေး၍ ပိုမိုများပြားသော တောင်အာရှသားများကို ထွက်ခွာသွားစေခဲ့သည်။ သို့သော်လည်း အတော်အတန်ကြီးမားများပြားသော တောင်အာရှသားများနှင့် တရုတ်လူမျိုးစုများသည် ရန်ကုန်၌ ဆက်လက်နေထိုင်လျက် ရှိနေသည်။ နိုင်ငံမှ ထွက်ခွါသွားခြင်း သို့တည်းမဟုတ် အခြားသော ဗမာအုပ်စုတို့ဖြင့် မျိုးမတူသူများလက်ထပ်မှုပြုခြင်း တို့ကြောင့် အင်္ဂလို-ဗမာများသည် သိသာစွာပျောက်ကွယ်သွားခဲ့ကြသည်။

ရန်ကုန်မြို့သည် ၁၉၇၄၊ ၁၉၈၈နှင့် ၂၀၀၇ ခုနှစ်များတွင် အစိုးရဆန့်ကျင်မှု၊ ကန့်ကွက်ဆန္ဒပြမှုများ၏ ဗဟိုအချက်အခြာဖြစ်ခဲ့သည်။ ဆန္ဒပြသူများအား အစိုးရမှ ပစ်ခတ်မှုပြုတိုင်း သွေးမြေကျမှုများကို မြို့တော်၏ လမ်းများပေါ်တွင် မြင်တွေ့ခဲ့ရသည်။ မေလ ၂၀၀၈ ခုနှစ်တွင် ဆိုင်ကလုန်းနာဂစ်သည် ရန်ကုန်မြို့ သို့ ကျရောက်ခဲ့သည်။ မြို့တော်၌ လူအသေအပျောက် အနည်းငယ်ရှိခဲ့ပြီး လေးပုံသုံးပုံသော ရန်ကုန်မြို့၏ စက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံတို့ ဖျက်ဆီးခံရ၍၊ ခန့်မှန်းခြေအမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။

၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်အစိုးရသည် ရန်ကုန်မြောက်ဘက် မိုင် ၂၀၀ (၃၂၂ ကီလိုမီတာ) အကွာရှိ နေပြည်တော် ကို အုပ်ချုပ်မှုမြို့တော်အသစ်အဖြစ် သတ်မှတ်၍၊ တစ်ပြိုင်နက်တည်းမှာပင် များစွာသော အစိုးရဌာနများကို အသစ်တည်ဆောက်ပြီးသည့် မြို့တော်သို့ ပြောင်းရွှေ့စေခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ရန်ကုန်သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးမြို့တော်နှင့် အရေးကြီးဆုံးစီးပွားရေးဗဟိုအချက်အခြာ အဖြစ် ဆက်လက်တည်ရှိနေသည်။

Burma’s new capital stages parade”၊ BBC News၊ 27 March 2006။ 3 August 2006 တွင် ပြန်စစ်ပြီး။
Martin၊ Steven။ “Burma maintains bygone buildings”၊ BBC News၊ 30 March 2004။ 22 May 2006 တွင် ပြန်စစ်ပြီး။
မောင်ခင်မင် (ဓနုဖြူ)
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
Myanmar Wikipedia

Leave a Reply