ကမာၻ႔သမုိင္းထဲက အေစာဆုံးသရဲ

Posted on

သရဲ တေစၦဆုိတာမ်ဳိးက မည္သည့္လူမ်ဳိးဘာသာမွာ မဆုိရွိတဲ့အရာျဖစ္ပါတယ္။ ဒီေနရာမွာ သရဲတေစၦ ယုံၾကည္သူမ်ားစြာရွိသလုိ မယုံၾကည္သူေတြလည္းရွိပါတယ္။ သိပၸံပညာအရ သရဲတေစၦေတြကုိ သက္ေသျပဖုိ႔ရာမလြယ္ကူေပမယ့္ တကယ္ႀကဳံေတြ႔ခဲ့သူမ်ားရဲ႕ သမုိင္းမွတ္တမ္း ၊ က်မ္း ေတြကေတာ့ အေျမာက္အမ်ားရွိတဲ့အတြက္ အမ်ားစု ယုံၾကည္ေနၾကတာလည္း မဆန္းပါဘူး။ သရဲ မွတ္တမ္း ရာဇ၀င္ေတြ အေျမာက္အမ်ားရွိတဲ့ အထဲမွာ ကမာၻ႔ပထမဆုံးသရဲလုိ႔ ဆုိႏုိင္တဲ့ အျဖစ္အပ်က္တစ္ခုကို စိတ္၀င္စားတဲ့ သုတဇုန္ မိတ္ေဆြမ်ားအတြက္ မွ်ေ၀ခ်င္ပါတယ္။

ဒီသရဲမွတ္တမ္းကေတာ့ ေအဒီ ၁ရာစု ၀န္းက်င္မွာ ဂရိအေတြးအေခၚပညာရွင္ Athenodorus ႀကဳံေတြ႔ရတဲ့ အျဖစ္အပ်က္တစ္ခုျဖစ္ပါတယ္။ ကမာၻမွာေတာ့ ဒီအေၾကာင္းကို ATHENODORUS AND THE GHOST ဆုိၿပီး သိၾကပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ ၂၀၀၀ နီးပါးက သရဲျဖစ္ရပ္လုိ႔ ဆုိႏုိင္ပါတယ္။ အဲဒီအခ်ိန္တုန္းက ေအသင္ၿမဳိ႕မွာ အလြန္လွပတဲ့အိမ္တစ္လုံးရွိပါတယ္။ အလြန္လွပေပမယ့္ သရဲေျခာက္တယ္လုိ႔ နာမည္ႀကီးတာေၾကာင့္ လူေနထုိင္္ျခင္း မရွိခဲ့ပါဘူး။ ေနထုိင္ခဲ့သူမ်ားဟာ သံႀကဳိးတန္းလန္းနဲ႔ သရဲအဖုိးႀကီးတစ္ေယာက္ရဲ႕ ေျခာက္လွန္႔ျခင္းကုိ ခံခဲ့ၾကရၿပီး ေျပာင္းေျပးကုန္ၾကတာပဲျဖစ္ပါတယ္။ တစ္ေန႔မွာေတာ့ သရဲရွိတာကို မယုံၾကည္တဲ့ လူငယ္တစ္စုဟာ သူတုိ႔သတၱိရွိေၾကာင္းကိုျပဖုိ႔ ဒီအိမ္ႀကီးမွာ လာအိပ္ခဲ့ၾကပါတယ္။ အဲဒီညမွာပဲ လူငယ္ေတြဟာ ဆုိးရြားတဲ့ညီးညူသံနဲ႔ အတူ အရုပ္ဆုိးလွတဲ့ သရဲအဖုိးအုိကိုေတြ႔လုိက္ရပါတယ္။ လက္မွာျခည္ထားတဲ့ သံႀကဳိးေတြ တခြ်င္ခြ်င္လႈပ္ခတ္ၿပီးေျခာက္လွန္႔တဲ့အတြက္ သရဲမယုံတဲ့လူငယ္ေတြဟာ ေၾကာက္လန္႔စြာ ထြက္ေျပးခဲ့ၾကရပါတယ္။

အဲဒီေနာက္ေတာ့ အဲဒီအိမ္ႀကီးကို ဘယ္သူမွ မစမ္းသပ္ရဲေတာ့ပဲ အခ်ိန္အေတာ္ၾကာခဲ့ပါတယ္။ အခ်ိန္အေတာ္ၾကာၿပီးတဲ့ေနာက္မွာ အဲဒီအိမ္မွာေနမယ့္သူတစ္ေယာက္ ေယာက္လာခဲ့ပါတယ္။ သူက တျခားနယ္က လာခဲ့တဲ့ အေတြးအေခၚပညာရွင္ Athenodorus ျဖစ္ပါတယ္။ အိမ္ရွင္ကေတာ့ ဒီအိမ္မွာ သရဲအလြန္ေျခာက္ေၾကာင္း ဖြင့္ေျပာေပမယ့္ Athenodorus က အေၾကာက္အလန္႔မရွိပဲ ငွားရမ္းခဲ့ပါတယ္။ အဓိကအေၾကာင္းကေတာ့ အိမ္ႀကီးဟာ စိမ္းစုိလွတဲ့ပတ္၀န္းက်င္မွာ ရွိၿပီး လွပတဲ့အျပင္ ေစ်းကလည္း ပုံမွန္ထက္ အဆေပါင္းမ်ားစြာ သက္သာလြန္းေနတာေၾကာင့္ျဖစ္ပါတယ္။ သူကုိယ္တုိင္ကလည္း ပုိက္ဆံသိပ္တတ္ႏုိင္သူမဟုတ္သည့္အျပင္ အေၾကာက္အလန္႔ကင္းသူလည္းျဖစ္တာေၾကာင့္ သရဲေျခာက္ေၾကာင္းကို ၾကားေပမယ့္ အိမ္ႀကီးကို ငွားရမ္းခဲ့တာပဲျဖစ္ပါတယ္။

စစ ငွားရမ္းၿပီးေနထုိင္တဲ့ညမွာပဲ သူဟာ သရဲနဲ႔ေတြ႔ပါတယ္။ အဲဒီညက သူဟာ စာအုပ္တစ္အုပ္ကို စိတ္၀င္တစားဖတ္ရႈ႕ေနခဲ့ပါတယ္။ ပထမ သံႀကဳိး ခ်ိန္းႀကဳိးမ်ား ပြတ္တုိက္သံကုိ ၾကားရပါတယ္။ သူလွည့္မၾကည့္ပဲ စာကုိဆက္ဖတ္ေနခဲ့ပါတယ္။ ခဏအၾကာမွာေတာ့ တစ္ကုိယ္လုံးအရုိးေပၚအေရတင္ေနၿပီး ဆုိးရြားစြာ မ်က္ႏွာပ်က္စီးေနတဲ့ သရဲအဖုိးအုိဟာ သူ႔ေရွ႕ကိုေရာက္လာခဲ့ပါတယ္။ လက္မွာေတာ့ သံခ်ိန္းႀကဳိးေတြနဲ႔ ခ်ည္ေႏွာင္ထားပါတယ္။ သရဲအဘုိးအုိဟာ Athenodorus ကို လက္ျပရင္း သူ႔ေနာက္ကုိလုိက္ခဲ့ဖုိ႔ ေခၚပါတယ္။ အေတြးအေခၚပညာရွင္ျဖစ္တာနဲ႔ အညီ မေၾကာက္တတ္တဲ့ Athenodorus ဟာ သရဲအဘုိးအုိကို စာအုပ္နဲ႔ ယမ္းျပရင္း အျပင္ကုိ ထြက္သြားခုိင္းပါတယ္။ ဒါေပမယ့္ သရဲအဘုိးအုိဟာ ထြက္မသြားပဲ သံႀကဳိးကုိက်ယ္ေလာင္သထက္ က်ယ္ေလာင္ေအာင္လုပ္ပါတယ္။ စိတ္မရွည္ေတာ့တဲ့ Athenodorus ဟာ တုတ္တစ္ေခ်ာင္းကို ဆြဲယူရင္း သရဲကို လုိက္ရုိက္ပါတယ္။ အဲဒီေတာ့မွ သရဲက ထြက္ေျပးရင္း ၿခံ၀န္းထဲက ၿခဳံပုတ္တစ္ခုေအာက္ကို ၀င္ေရာက္ေပ်ာက္ကြယ္သြားပါတယ္။ အနီးအနားမွာပတ္ရွာေပမယ့္ ဘာမွမေတြ႔ေတာ့တာေၾကာင့္ ၀င္ေရာက္ေပ်ာက္ကြယ္သြားတဲ့ ၿခဳံပုတ္ေနရာကို ေက်ာက္တုံးေတြနဲ႔ အမွတ္အသားျပဳကာ ျပန္ခဲ့ပါတယ္။

Athenodorus ဟာ ဒီအေၾကာင္းကို တရားသူႀကီးတစ္ေယာက္နဲ႔ တုိင္ပင္ရင္းၿပီး ေနာက္တစ္ေန႔မွာ အလုပ္သမားေတြကုိ သူညက မွတ္သားခဲ့တဲ့ေနရာကုိ တူးေစပါတယ္။ ၃ေပအထိဘာမွမေတြ႔ေပမယ့္။ ၃ေပေက်ာ္တဲ့အခါမွာေတာ့ အရုိးစု တစ္ခုကိုေတြ႔ရပါေတာ့တယ္။ အရုိးစုရဲ႕ လက္ႏွစ္ဖက္ကိုေတာ့ သံေၾကးတက္ေနတဲ့ သံခ်ိန္းႀကဳိးေတြနဲ႔ ခ်ည္ေႏွာင္ထားတာကို ေတြ႔လုိက္ၾကရပါတယ္။ တရားသူႀကီးက ဒီအရုိးစုဟာ ရာဇ၀တ္မႈတစ္ခုေၾကာင့္ အခုလုိတုပ္ေႏွာင္ၿပီး အျပစ္ဒါဏ္ခံခဲ့ရတယ္လုိ႔ ယူဆၿပီးတဲ့ေနာက္ ရွိသမွ်အပစ္မ်ားေက်ၿပီျဖစ္ေၾကာင္း အမိန္႔ျပန္တမ္းထုတ္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ အရုိးစုရဲ႕လက္ကို တုပ္ေႏွာင္ထားတဲ့ သံႀကဳိးေတြကုိ ျဖတ္ပစ္လုိက္ၿပီး အခမ္းအနားတစ္ခုနဲ႔ ေျမျမဳပ္သၿဂဳိဟ္ေပးခဲ့ပါတယ္။ အဲဒီအခ်ိန္ကစလုိ႔ အဲဒီအိမ္ႀကီးမွာ သရဲအဘုိးႀကီးကို ဘယ္ေတာ့မွမေတြ႔ရေတာ့ပါဘူး။ ဒီျဖစ္ရပ္ကို ေရာမ စာေပပညာရွင္ Pliny the Younger က ျပန္လည္ေဖာ္ထုတ္ခဲ့ရာမွာ ကမာၻကသိသြားခဲ့တာျဖစ္ၿပီး ကမာၻ႔သမုိင္းထဲက ေရွးအက်ဆုံးသရဲလုိ႔ ဆုိႏုိင္ပါတယ္။

———

 

ကမ္ဘာ့သမိုင်းထဲက အစောဆုံးသရဲ (unicode)

သရဲ တစ္ဆေဆိုတာမျိုးက မည်သည့်လူမျိုးဘာသာမှာ မဆိုရှိတဲ့အရာဖြစ်ပါတယ်။ ဒီနေရာမှာ သရဲတစ္ဆေ ယုံကြည်သူများစွာရှိသလို မယုံကြည်သူတွေလည်းရှိပါတယ်။ သိပ္ပံပညာအရ သရဲတစ္ဆေတွေကို သက်သေပြဖို့ရာမလွယ်ကူပေမယ့် တကယ်ကြုံတွေ့ခဲ့သူများရဲ့ သမိုင်းမှတ်တမ်း ၊ ကျမ်း တွေကတော့ အမြောက်အများရှိတဲ့အတွက် အများစု ယုံကြည်နေကြတာလည်း မဆန်းပါဘူး။ သရဲ မှတ်တမ်း ရာဇဝင်တွေ အမြောက်အများရှိတဲ့ အထဲမှာ ကမ္ဘာ့ပထမဆုံးသရဲလို့ ဆိုနိုင်တဲ့ အဖြစ်အပျက်တစ်ခုကို စိတ်ဝင်စားတဲ့ သုတဇုန် မိတ်ဆွေများအတွက် မျှဝေချင်ပါတယ်။

ဒီသရဲမှတ်တမ်းကတော့ အေဒီ ၁ရာစု ဝန်းကျင်မှာ ဂရိအတွေးအခေါ်ပညာရှင် Athenodorus ကြုံတွေ့ရတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာမှာတော့ ဒီအကြောင်းကို ATHENODORUS AND THE GHOST ဆိုပြီး သိကြပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ နီးပါးက သရဲဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။ အဲဒီအချိန်တုန်းက အေသင်မြို့မှာ အလွန်လှပတဲ့အိမ်တစ်လုံးရှိပါတယ်။ အလွန်လှပပေမယ့် သရဲခြောက်တယ်လို့ နာမည်ကြီးတာကြောင့် လူနေထိုင်ခြင်း မရှိခဲ့ပါဘူး။ နေထိုင်ခဲ့သူများဟာ သံကြိုးတန်းလန်းနဲ့ သရဲအဖိုးကြီးတစ်ယောက်ရဲ့ ခြောက်လှန့်ခြင်းကို ခံခဲ့ကြရပြီး ပြောင်းပြေးကုန်ကြတာပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ သရဲရှိတာကို မယုံကြည်တဲ့ လူငယ်တစ်စုဟာ သူတို့သတ္တိရှိကြောင်းကိုပြဖို့ ဒီအိမ်ကြီးမှာ လာအိပ်ခဲ့ကြပါတယ်။ အဲဒီညမှာပဲ လူငယ်တွေဟာ ဆိုးရွားတဲ့ညီးညူသံနဲ့ အတူ အရုပ်ဆိုးလှတဲ့ သရဲအဖိုးအိုကိုတွေ့လိုက်ရပါတယ်။ လက်မှာခြည်ထားတဲ့ သံကြိုးတွေ တချွင်ချွင်လှုပ်ခတ်ပြီးခြောက်လှန့်တဲ့အတွက် သရဲမယုံတဲ့လူငယ်တွေဟာ ကြောက်လန့်စွာ ထွက်ပြေးခဲ့ကြရပါတယ်။

အဲဒီနောက်တော့ အဲဒီအိမ်ကြီးကို ဘယ်သူမှ မစမ်းသပ်ရဲတော့ပဲ အချိန်အတော်ကြာခဲ့ပါတယ်။ အချိန်အတော်ကြာပြီးတဲ့နောက်မှာ အဲဒီအိမ်မှာနေမယ့်သူတစ်ယောက် ယောက်လာခဲ့ပါတယ်။ သူက တခြားနယ်က လာခဲ့တဲ့ အတွေးအခေါ်ပညာရှင် Athenodorus ဖြစ်ပါတယ်။ အိမ်ရှင်ကတော့ ဒီအိမ်မှာ သရဲအလွန်ခြောက်ကြောင်း ဖွင့်ပြောပေမယ့် Athenodorus က အကြောက်အလန့်မရှိပဲ ငှားရမ်းခဲ့ပါတယ်။ အဓိကအကြောင်းကတော့ အိမ်ကြီးဟာ စိမ်းစိုလှတဲ့ပတ်ဝန်းကျင်မှာ ရှိပြီး လှပတဲ့အပြင် ဈေးကလည်း ပုံမှန်ထက် အဆပေါင်းများစွာ သက်သာလွန်းနေတာကြောင့်ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း ပိုက်ဆံသိပ်တတ်နိုင်သူမဟုတ်သည့်အပြင် အကြောက်အလန့်ကင်းသူလည်းဖြစ်တာကြောင့် သရဲခြောက်ကြောင်းကို ကြားပေမယ့် အိမ်ကြီးကို ငှားရမ်းခဲ့တာပဲဖြစ်ပါတယ်။

စစ ငှားရမ်းပြီးနေထိုင်တဲ့ညမှာပဲ သူဟာ သရဲနဲ့တွေ့ပါတယ်။ အဲဒီညက သူဟာ စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်ရှု့နေခဲ့ပါတယ်။ ပထမ သံကြိုး ချိန်းကြိုးများ ပွတ်တိုက်သံကို ကြားရပါတယ်။ သူလှည့်မကြည့်ပဲ စာကိုဆက်ဖတ်နေခဲ့ပါတယ်။ ခဏအကြာမှာတော့ တစ်ကိုယ်လုံးအရိုးပေါ်အရေတင်နေပြီး ဆိုးရွားစွာ မျက်နှာပျက်စီးနေတဲ့ သရဲအဖိုးအိုဟာ သူ့ရှေ့ကိုရောက်လာခဲ့ပါတယ်။ လက်မှာတော့ သံချိန်းကြိုးတွေနဲ့ ချည်နှောင်ထားပါတယ်။ သရဲအဘိုးအိုဟာ Athenodorus ကို လက်ပြရင်း သူ့နောက်ကိုလိုက်ခဲ့ဖို့ ခေါ်ပါတယ်။ အတွေးအခေါ်ပညာရှင်ဖြစ်တာနဲ့ အညီ မကြောက်တတ်တဲ့ Athenodorus ဟာ သရဲအဘိုးအိုကို စာအုပ်နဲ့ ယမ်းပြရင်း အပြင်ကို ထွက်သွားခိုင်းပါတယ်။ ဒါပေမယ့် သရဲအဘိုးအိုဟာ ထွက်မသွားပဲ သံကြိုးကိုကျယ်လောင်သထက် ကျယ်လောင်အောင်လုပ်ပါတယ်။ စိတ်မရှည်တော့တဲ့ Athenodorus ဟာ တုတ်တစ်ချောင်းကို ဆွဲယူရင်း သရဲကို လိုက်ရိုက်ပါတယ်။ အဲဒီတော့မှ သရဲက ထွက်ပြေးရင်း ခြံဝန်းထဲက ခြုံပုတ်တစ်ခုအောက်ကို ဝင်ရောက်ပျောက်ကွယ်သွားပါတယ်။ အနီးအနားမှာပတ်ရှာပေမယ့် ဘာမှမတွေ့တော့တာကြောင့် ဝင်ရောက်ပျောက်ကွယ်သွားတဲ့ ခြုံပုတ်နေရာကို ကျောက်တုံးတွေနဲ့ အမှတ်အသားပြုကာ ပြန်ခဲ့ပါတယ်။

Athenodorus ဟာ ဒီအကြောင်းကို တရားသူကြီးတစ်ယောက်နဲ့ တိုင်ပင်ရင်းပြီး နောက်တစ်နေ့မှာ အလုပ်သမားတွေကို သူညက မှတ်သားခဲ့တဲ့နေရာကို တူးစေပါတယ်။ ၃ပေအထိဘာမှမတွေ့ပေမယ့်။ ၃ပေကျော်တဲ့အခါမှာတော့ အရိုးစု တစ်ခုကိုတွေ့ရပါတော့တယ်။ အရိုးစုရဲ့ လက်နှစ်ဖက်ကိုတော့ သံကြေးတက်နေတဲ့ သံချိန်းကြိုးတွေနဲ့ ချည်နှောင်ထားတာကို တွေ့လိုက်ကြရပါတယ်။ တရားသူကြီးက ဒီအရိုးစုဟာ ရာဇဝတ်မှုတစ်ခုကြောင့် အခုလိုတုပ်နှောင်ပြီး အပြစ်ဒါဏ်ခံခဲ့ရတယ်လို့ ယူဆပြီးတဲ့နောက် ရှိသမျှအပစ်များကျေပြီဖြစ်ကြောင်း အမိန့်ပြန်တမ်းထုတ်ခဲ့ပါတယ်။ အဲဒီနောက်တော့ အရိုးစုရဲ့လက်ကို တုပ်နှောင်ထားတဲ့ သံကြိုးတွေကို ဖြတ်ပစ်လိုက်ပြီး အခမ်းအနားတစ်ခုနဲ့ မြေမြုပ်သဂြိုဟ်ပေးခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ အဲဒီအိမ်ကြီးမှာ သရဲအဘိုးကြီးကို ဘယ်တော့မှမတွေ့ရတော့ပါဘူး။ ဒီဖြစ်ရပ်ကို ရောမ စာပေပညာရှင် Pliny the Younger က ပြန်လည်ဖော်ထုတ်ခဲ့ရာမှာ ကမ္ဘာကသိသွားခဲ့တာဖြစ်ပြီး ကမ္ဘာ့သမိုင်းထဲက ရှေးအကျဆုံးသရဲလို့ ဆိုနိုင်ပါတယ်။

Leave a Reply