တရုတ္ရဲ႕အခမ္းနားဆုံး တားျမစ္ၿမဳိ႕ေတာ္ (သုိ႔) Forbidden City အေၾကာင္း

Posted on

ဒီေနရာ ဟာ ကြ်န္ေတာ္တုိ႔ ျမန္မာေတြနဲ႔ မစိမ္းတဲ့ေနရာတစ္ခုျဖစ္ၿပီး အမ်ားစုမၾကာခဏ ျမင္ဖူးေလ့ရွိတဲ့ေနရာျဖစ္ပါတယ္။ အေၾကာင္းကေတာ့ တရုတ္ဇာတ္လမ္း အမ်ားစုဟာ ဒီေနရာမွာ ရုိက္ကူးထားလုိ႔ျဖစ္ပါတယ္။ တားျမစ္ထားေသာၿမဳိ႕ေတာ္ ဟာ တရုတ္ႏုိင္ငံ ေဘဂ်င္းၿမဳိ႕လယ္မွာ တည္ရွိပါတယ္။

တရုတ္ Ming မင္းဆက္က စလုိ႔ Qing မင္းဆက္အထိ ေအဒီ ၁၄၂၀ ကေန ၁၉၁၂ခုႏွစ္ၾကားမွာ ဧကရာဇ္နန္းေတာ္အျဖစ္ အသုံးျပဳခဲ့တဲ့ေနရာျဖစ္ပါတယ္။ ဧကရာဇ္မင္းဆက္ ၂၄ဆက္ နန္းစံခဲ့ၿပီး ကမာၻ႔အႀကီးဆုံးယဥ္ေက်းမႈျပတုိက္လည္းျဖစ္သလုိ တရုတ္ႏုိင္ငံရဲ႕ အခမ္းနားဆုံးေနရာဆုိရင္လည္း မမွားပါဘူး။

တားျမစ္ၿမဳိ႕ေတာ္ကို စတုရန္းမီတာ ၇၂၀၀၀၀ ရွိတဲ့ ေျမေပၚမွာ တည္ေဆာက္ထားတာျဖစ္ၿပီး နန္းေတာ္အပါအ၀င္ အေဆာက္အဦးေပါင္း ၉၈၀ ရွိပါတယ္။ အက်ယ္အ၀န္းဟာ ဗာတီကန္ႏုိင္ငံရဲ႕ ၂ဆ က်ယ္၀န္းပါတယ္။ အလုပ္သမား ၁သန္း နဲ႔ ႏွစ္ေပါင္း ၁၄ႏွစ္ၾကာ(၁၄၀၆-၁၄၂၀) စနစ္တက် အကြက္ခ် တည္ေဆာက္ခဲ့ရပါတယ္။

နန္းေတာ္ပတ္လည္မွာေတာ့ ၂၆ေပျမင့္တဲ့ တံတုိင္းေတြနဲ႔ ကာရံထားပါတယ္။ တစ္ၿမဳိ႕လုံးရဲ႕အေရာင္ကေတာ့ တရုတ္လူမ်ဳိးေတြရဲ႕ ကံေကာင္းေစတဲ့အေရာင္ျဖစ္တဲ့ အနီေရာင္ျဖစ္ေနတာကို ေတြ႔ရမွာပါ။ အေရွ႕အာရွရဲ႕ ယဥ္ေက်းမႈ အႏုပညာေတြ နဲ႔ ဗိသုကာပညာေတြကုိ ဒီၿမဳိ႕မွာ တစ္စုတစ္စည္းတည္းျမင္ႏုိင္ပါတယ္။

ယခုအခါမွာ လူတုိင္း၀င္ၾကည့္လုိ႔ရတဲ့ နန္းေတာ္ျပတုိက္ ၿမဳိ႕ျဖစ္ေနေပမယ့္ တစ္ခ်ိန္တုန္းကေတာ့ ဒီၿမဳိ႕ကို ေတာ္ရုံလူ၀င္ခြင့္မရခဲ့ပါဘူး။ သာမန္ တရုတ္လူမ်ဳိးေတြ နဲ႔ ႏုိင္ငံျခားသားေတြကုိ လုံး၀၀င္ခြင့္မျပဳပဲ အထက္တန္းက်တဲ့ ေတာ္၀င္သူမ်ားနဲ႔ မင္းမႈထမ္းေတြကုိသာ ၀င္ခြင့္ျပဳထားတာေၾကာင့္ တားျမစ္ၿမဳိ႕ေတာ္ (Forbidden City) လုိ႔အမည္တြင္ခဲ့ျခင္းျဖစ္ပါတယ္။

တားျမစ္ၿမဳိ႕ေတာ္မွာ အျပင္နန္းေတာ္၀င္း နဲ႔ အတြင္းနန္းေတာ္၀န္းဆုိၿပီး ႏွစ္ခုထပ္ခြဲထားပါေသးတယ္။ အျပင္နန္းေတာ္၀န္းမွာေတာ့ အဓိကနန္းေဆာင္ ၃ခုရွိၿပီး အတြင္းနန္းေတာ္၀န္းမွာေတာ့ မင္းမိဖုရားေတြစံတဲ့ နန္းေဆာင္ႏွစ္ခု နဲ႔ တုိင္းေရးျပည္ေရးေဆာက္ရြက္တဲ့ ညီလာခံက်င္းပတဲ့နန္းေဆာင္ေတြ ရွိပါတယ္။ ႀကီးမားက်ယ္၀န္းၿပီး လွပတဲ့ ဥယ်ာဥ္ေတာ္ႀကီးတစ္ခုလည္းရွိပါတယ္။

ဒီၿမဳိ႕ဟာ တရုတ္မွာ ေရွးေဟာင္းနန္းေတာ္ ၃ခုရွိတဲ့ထဲက တစ္ခုျဖစ္သလုိ မပ်က္စီးပဲ ပကတိအတုိင္းက်န္တဲ့ တစ္ခုတည္းေသာနန္းေတာ္လည္းျဖစ္ပါတယ္။ ဒီလုိႏွစ္ေပါင္း ၅၀၀ ေက်ာ္တည္ရွိေနရျခင္းအေၾကာင္းကေတာ့ ေခတ္အဆက္ဆက္ တာ၀န္ရွိသူေတြဟာ ဂရုတစုိက္ထိမ္းသိမ္းခဲ့ၾကလုိ႔ျဖစ္ပါတယ္။ ဒီနန္းေတာ္ကို တရုတ္လူမ်ဳိးေတြဟာ သူတုိ႔ရဲ႕ႏုိင္ငံရတနာလုိ႔ သတ္မွတ္ထားခဲ့ပါတယ္။

၁၉၈၇ခုႏွစ္မွာေတာ့ UNESCO ရဲ႕ ေရွးေဟာင္း ကမာၻ႔အေမြအႏွစ္ေနရာတစ္ခုအျဖစ္ သတ္မွတ္ျခင္းခံရပါတယ္။

နန္းေတာ္ အေဆာက္အဦးေပါင္း ၉၈၀ စလုံးကုိ သစ္သားေတြနဲ႔ အဓိကတည္ေဆာက္ထားတာျဖစ္ၿပီး အခန္းေပါင္း ၉၈၉၉ခန္းပါ၀င္ပါတယ္။ အခန္းေတြထဲမွာ ရွားပါးၿပီးတန္ဖိုးရွိလွတဲ့ ပန္းခ်ီ၊ ေၾကြထည္၊ ပန္းပု၊ ေၾကးထည္ စတဲ့ပစၥည္းမ်ား နဲ႔အတူ ေခတ္အဆက္ဆက္ ေနထုိင္ပုံ နဲ႔ ယဥ္ေက်းမႈအႏုပညာ ေတြကို ျပသထားပါတယ္။

ႏွစ္စဥ္ ကမာၻလွည့္ခရီးသြားေပါင္း ၁၀သန္းေက်ာ္ လာေရာက္လည္ပတ္ေလ့ရွိတဲ့ေနရာလည္းျဖစ္ပါတယ္။

VIDEO ၾကည့္ရႈ႕ရန္

တရုတ်ရဲ့အခမ်းနားဆုံး တားမြစ်မြို့တော် (သို့) Forbidden City အကြောင်း (unicode)

ဒီနေရာ ဟာ ကျွန်တော်တို့ မြန်မာတွေနဲ့ မစိမ်းတဲ့နေရာတစ်ခုဖြစ်ပြီး အများစုမကြာခဏ မြင်ဖူးလေ့ရှိတဲ့နေရာဖြစ်ပါတယ်။ အကြောင်းကတော့ တရုတ်ဇာတ်လမ်း အများစုဟာ ဒီနေရာမှာ ရိုက်ကူးထားလို့ဖြစ်ပါတယ်။ တားမြစ်ထားသောမြို့တော် ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့လယ်မှာ တည်ရှိပါတယ်။ တရုတ် Ming မင်းဆက်က စလို့ Qing မင်းဆက်အထိ အေဒီ ၁၄၂၀ ကနေ ၁၉၁၂ခုနှစ်ကြားမှာ ဧကရာဇ်နန်းတော်အဖြစ် အသုံးပြုခဲ့တဲ့နေရာဖြစ်ပါတယ်။ ဧကရာဇ်မင်းဆက် ၂၄ဆက် နန်းစံခဲ့ပြီး ကမ္ဘာ့အကြီးဆုံးယဉ်ကျေးမှုပြတိုက်လည်းဖြစ်သလို တရုတ်နိုင်ငံရဲ့ အခမ်းနားဆုံးနေရာဆိုရင်လည်း မမှားပါဘူး။

တားမြစ်မြို့တော်ကို စတုရန်းမီတာ ၇၂၀၀၀၀ ရှိတဲ့ မြေပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး နန်းတော်အပါအဝင် အဆောက်အဦးပေါင်း ၉၈၀ ရှိပါတယ်။ အကျယ်အဝန်းဟာ ဗာတီကန်နိုင်ငံရဲ့ ၂ဆ ကျယ်ဝန်းပါတယ်။ အလုပ်သမား ၁သန်း နဲ့ နှစ်ပေါင်း ၁၄နှစ်ကြာ(၁၄၀၆-၁၄၂၀) စနစ်တကျ အကွက်ချ တည်ဆောက်ခဲ့ရပါတယ်။ နန်းတော်ပတ်လည်မှာတော့ ၂၆ပေမြင့်တဲ့ တံတိုင်းတွေနဲ့ ကာရံထားပါတယ်။

တစ်မြို့လုံးရဲ့အရောင်ကတော့ တရုတ်လူမျိုးတွေရဲ့ ကံကောင်းစေတဲ့အရောင်ဖြစ်တဲ့ အနီရောင်ဖြစ်နေတာကို တွေ့ရမှာပါ။ အရှေ့အာရှရဲ့ ယဉ်ကျေးမှု အနုပညာတွေ နဲ့ ဗိသုကာပညာတွေကို ဒီမြို့မှာ တစ်စုတစ်စည်းတည်းမြင်နိုင်ပါတယ်။ ယခုအခါမှာ လူတိုင်းဝင်ကြည့်လို့ရတဲ့ နန်းတော်ပြတိုက် မြို့ဖြစ်နေပေမယ့် တစ်ချိန်တုန်းကတော့ ဒီမြို့ကို တော်ရုံလူဝင်ခွင့်မရခဲ့ပါဘူး။ သာမန် တရုတ်လူမျိုးတွေ နဲ့ နိုင်ငံခြားသားတွေကို လုံး၀ဝင်ခွင့်မပြုပဲ အထက်တန်းကျတဲ့ တော်ဝင်သူများနဲ့ မင်းမှုထမ်းတွေကိုသာ ဝင်ခွင့်ပြုထားတာကြောင့် တားမြစ်မြို့တော် (Forbidden City) လို့အမည်တွင်ခဲ့ခြင်းဖြစ်ပါတယ်။

တားမြစ်မြို့တော်မှာ အပြင်နန်းတော်ဝင်း နဲ့ အတွင်းနန်းတော်ဝန်းဆိုပြီး နှစ်ခုထပ်ခွဲထားပါသေးတယ်။ အပြင်နန်းတော်ဝန်းမှာတော့ အဓိကနန်းဆောင် ၃ခုရှိပြီး အတွင်းနန်းတော်ဝန်းမှာတော့ မင်းမိဖုရားတွေစံတဲ့ နန်းဆောင်နှစ်ခု နဲ့ တိုင်းရေးပြည်ရေးဆောက်ရွက်တဲ့ ညီလာခံကျင်းပတဲ့နန်းဆောင်တွေ ရှိပါတယ်။ ကြီးမားကျယ်ဝန်းပြီး လှပတဲ့ ဥယျာဉ်တော်ကြီးတစ်ခုလည်းရှိပါတယ်။

ဒီမြို့ဟာ တရုတ်မှာ ရှေးဟောင်းနန်းတော် ၃ခုရှိတဲ့ထဲက တစ်ခုဖြစ်သလို မပျက်စီးပဲ ပကတိအတိုင်းကျန်တဲ့ တစ်ခုတည်းသောနန်းတော်လည်းဖြစ်ပါတယ်။ ဒီလိုနှစ်ပေါင်း ၅၀၀ ကျော်တည်ရှိနေရခြင်းအကြောင်းကတော့ ခေတ်အဆက်ဆက် တာဝန်ရှိသူတွေဟာ ဂရုတစိုက်ထိမ်းသိမ်းခဲ့ကြလို့ဖြစ်ပါတယ်။ ဒီနန်းတော်ကို တရုတ်လူမျိုးတွေဟာ သူတို့ရဲ့နိုင်ငံရတနာလို့ သတ်မှတ်ထားခဲ့ပါတယ်။ ၁၉၈၇ခုနှစ်မှာတော့ UNESCO ရဲ့ ရှေးဟောင်း ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။

နန်းတော် အဆောက်အဦးပေါင်း ၉၈၀ စလုံးကို သစ်သားတွေနဲ့ အဓိကတည်ဆောက်ထားတာဖြစ်ပြီး အခန်းပေါင်း ၉၈၉၉ခန်းပါဝင်ပါတယ်။ အခန်းတွေထဲမှာ ရှားပါးပြီးတန်ဖိုးရှိလှတဲ့ ပန်းချီ၊ ကြွေထည်၊ ပန်းပု၊ ကြေးထည် စတဲ့ပစ္စည်းများ နဲ့အတူ ခေတ်အဆက်ဆက် နေထိုင်ပုံ နဲ့ ယဉ်ကျေးမှုအနုပညာ တွေကို ပြသထားပါတယ်။
နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားပေါင်း ၁ဝသန်းကျော် လာရောက်လည်ပတ်လေ့ရှိတဲ့နေရာလည်းဖြစ်ပါတယ်။

———

Leave a Reply