ေသၿပီးေနာက္မွ စစ္တုိက္ထြက္သူ ႏွင့္ အမူေတာ္ကုိဆက္ထမ္းသူ

Posted on

စပိန္အလယ္ေခတ္သမုိင္းမွာ ထင္ရွားခဲ့တဲ့ စစ္ဗုိလ္ခ်ဳပ္ႀကီးတစ္ေယာက္ရွိပါတယ္။ သူ႔နာမည္အရင္းက Rodrigo Díaz de Vivar ျဖစ္ေပမယ့္ အားလုံးက သူ႔ကုိ EL Cid လုိ႔ပဲေခၚၾကပါတယ္။ စစ္ပြဲမ်ားရဲ႕ အရွင္သခင္လုိ႔ အဓိပၸါယ္ရပါတယ္။ သူဟာ ေခါင္းေဆာင္တစ္ေယာက္ျဖစ္ေပမယ့္ စစ္ပြဲတုိင္းမွာ ေရွ႕ဆုံးကေန ရြပ္ရြပ္ခြ်ံခြ်ံ တုိက္တတ္သူတစ္ဦးျဖစ္ၿပီး သက္တမ္းတစ္ေလွ်ာက္တုိက္ပြဲေပါင္းမ်ားစြာကို ေအာင္ျမင္ခဲ့သူျဖစ္ပါတယ္။ သူေသဆုံးၿပီးတဲ့ေနာက္ စပိန္သမုိင္းရဲ႕ ဂႏၶ၀င္သူရဲေကာင္းတစ္ေယာက္ျဖစ္ခဲ့ၿပီး စာကဗ်ာေတြမွာ ထည့္သြင္းအေရးခံရသလုိ သူ႔အေၾကာင္းရုပ္ရွင္ကားေပါင္းမ်ားစြာကုိလည္း ရုိက္ကူးခံရသူျဖစ္ပါတယ္။

ေက်ာ္ၾကားလွတဲ့ ဒီစပိန္စစ္ဗုိလ္ႀကီးဟာ ေသဆုံးၿပီးတဲ့ေနာက္မွာလည္း မၿပီးဆုံးေသးတဲ့တုိက္ပြဲေတြကုိ ဆက္လက္တုိက္ခုိက္ေနပါေသးတယ္။ ဒီအေၾကာင္းကို Cid ရဲ႕ ဘ၀ျဖစ္စဥ္မွတ္္တမ္းစာအုပ္မွာ ပညာရွင္ႀကီး ေဆာ့ေသးက ေရးသားမွတ္တမ္းတင္ခဲ့ပါတယ္။ သူေသၿပီးတဲ့ေနာက္မွာ စစ္တပ္ရဲ႕ေရွ႕ကေနသူ႔ကိုထားၿပီးဆက္တုိက္ရမယ္ လုိ႔ Cid က မွာၾကားခဲ့တဲ့အတုိင္း သူ႔ရဲ႕စစ္သည္ေတာ္ေတြက လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

ေသဆုံးၿပီးတဲ့ Cid ရဲ႕ ရုပ္အေလာင္းကို မပုပ္သုိးေအာင္ေဆးေတြနဲ႔စီမံပါတယ္။ ၿပီးေတာ့ ျမင္းကုန္းႏွီးေပၚမွာ ထုိက္လွ်က္ပုံစံျဖစ္ေအာင္ႀကဳိးမ်ားနဲ႔ တင္းၾကပ္စြာတုပ္ေႏွာင္ၿပီး စစ္တပ္ရဲ႕ေရွ႕ဆုံးမွာထားကာ တုိက္ပြဲ၀င္ေစပါတယ္။ ထူးျခားစြာပြဲ အဲဒီစစ္ပြဲမွာ သူ႕ရဲ႕စပိန္စစ္တပ္ဟာ ရန္သူဘူကာဘုရင္ ရဲ႕ ႀကီးမားလွတဲ့ စစ္တပ္ႀကီးကို အႏုိင္တုိက္ခုိက္ႏုိင္ခဲ့ၿပီး အျပတ္အသတ္ေအာင္ပြဲဆင္ႏုိင္ခဲ့ပါတယ္။

Cid စစ္သည္ေတာ္ႀကီးလုိပဲ ေသဆုံးၿပီးေနာက္စစ္တုိက္သူတစ္ေယာက္ ျမန္မာ့သမုိင္းထဲမွာ ရွိခဲ့ပါတယ္။ သူကေတာ့ ေနာင္ေတာ္ႀကီးမင္းလက္ထက္မွာေပၚေပါက္ခဲ့တဲ့ ဗုိလ္ဥဒိန္ေက်ာ္ေခါင္ ဆုိသူပါ။ ေနာင္ေတာ္ႀကီးမင္းက ဇင္းမယ္ကိုခ်ီတက္တုိက္ခုိက္ေစခဲ့တဲ့ တပ္မွာပါသြားခဲ့ၿပီး လမ္းခရီးမွာ ေသဆုံးခဲ့သူပါ။ ေသဆုံးၿပီးတဲ့ေနာက္ တေစၦျဖစ္ခဲ့ၿပီး တစ္ညေနာင္ေတာ္ႀကီးမင္း စက္ေတာ္ေခၚေနစဥ္မွာ မင္းႀကီးေျခေထာက္ကို လႈပ္ႏိုးခဲ့ၿပီး
– မိမိသည္လမ္းတြင္ေသဆုံးခဲ့ၿပီးျဖစ္ေၾကာင္းႏွင့္ ဆက္လက္ၿပီး အမူေတာ္ကိုထမ္းလုိပါေၾကာင္း ေလွ်ာက္တင္ခဲ့တဲ့အတြက္ မင္းႀကီးကလက္ခံခဲ့ပါတယ္။

မုတၱမၿမဳိ႕မွာထားတဲ့ ကင္းတပ္ကုိ ယုိးဒယားတပ္မ်ား၀င္ေရာက္တုိက္ခုိက္တယ္လုိ႔ ၾကားရတဲ့အတြက္ ျမင္းသည္ေက်ာ္ ငသာႏွင့္ ငရႊန္း တုိ႔ကုိ ေထာက္လွမ္းဖုိ႔ မုတၱမသုိ႔ေစလႊတ္ခဲ့ပါတယ္။ ရက္ေပါင္းမ်ားစြာ ၾကာတဲ့အထိျပန္ေရာက္မလာတဲ့အတြက္ တေစၦဥဒိန္ေက်ာ္ေခါင္ကို တစ္ခ်က္လႊတ္အမိန္႔နဲ႔ မုတၱမကုိ စုံစမ္းဖုိ႔ေစလႊတ္ခဲ့ပါတယ္။ ေန႔ခ်င္း ျပန္ေရာက္လာၿပီး ယုိးဒယားတပ္မ်ားတုိက္ခုိက္သည္မွာ မဟုတ္မွန္ေၾကာင္း ႏွင့္ ကင္းတပ္မွာ ပုံမွန္အတုိင္းသာရွိေနေၾကာင္းေလွ်ာက္တင္ပါတယ္။

ေနာင္ေတာ္ႀကီးမင္းက ယုံေတာ္မမူ၍ ထပ္ေမးရာ – မင္းႀကီးေစလႊတ္သည့္အေထာက္ေတာ္မ်ားကို ေတာင္ငူၿမဳိ႕ခေပါင္းေခ်ာင္းအနီးတြင္ စခန္းခ်ေနသည္ကုိေတြ႔သည့္အတြက္ သစ္ကုိင္းမ်ားကိုခ်ဳိးျပ ၊ သစ္ကုိင္းကိုလႈပ္ျပ၍ ေျခာက္လွန္ခဲ့ေသးေၾကာင္း ေလွ်ာက္တင္ပါတယ္။ မၾကာမီ အေထာက္ေတာ္မ်ားျပန္ေရာက္လာသျဖင့္ ေမးျမန္းရာ မုတၱမကင္းတပ္အေထြအထူးမရွိသည္မွာ မွန္ကန္ပါေၾကာင္း ၊ ခေပါင္းေခ်ာင္းအနီးတြင္ ေျခာက္လွန္႔သည္မွာလည္း မွန္ပါေၾကာင္း သိရွိရလုိက္ရပါတယ္။

ေနာင္ေတာ္ႀကီးမင္းက တေစၦအားဘြဲ႔ေပးရန္အတြက္ ကုိယ္ထင္ျပခိုင္းပါတယ္။ တေစၦက မိမိရုပ္မွာအလြန္ဆုိးရြားပ်က္စီးေနၿပီး ေၾကာက္မက္ဖြယ္ျဖစ္ေနသျဖင့္ မျပ၀ံ့ပါဟု ျပန္ေလွ်ာက္တဲ့အတြက္ “ဇဝနယကၡ ေက်ာ္ေခါင္” လုိ႔ေရးထားေသာ ေရႊျပားကို ကလပ္ပၚတြင္တင္ထားၿပီး ယူေစပါတယ္။ ဘြဲ႔ေရႊျပားႏွင့္ ႀကဳိးတုိ႔သည္ ကလပ္ေပၚမွ သူ႔အလုိုလိုေရြ႕သြားၿပီး ထုပ္ေလွ်ာက္ၾကားမွာ တက္ခ်ိတ္ေနတာကို မွဴးမတ္အားလုံးျမင္သြားၿပီး ေၾကာက္လန္႔ကုန္ၾကပါေတာ့တယ္။

ဒီအေၾကာင္းကို ေလွသင္း အတြင္း ဝန္မင္း မဟာေဇယသခၤယာ က “တဇၨတၳဒီပနီ” က်မ္းတြင္မွတ္တမ္းတင္ထားခဲ့သလုိ ဦးေဖ်ာ္ရဲ႕ ပလိပ္စားဧခ်င္း (ေခၚ) စဥ့္ကူးမင္းေရႊနားေတာ္သြင္းဧခ်င္း မွာ ထည့္သြင္းဖြဲ႔ဆုိခဲ့ပါတယ္။ သမုိင္းမွတ္တမ္းထဲမွ ထူးျခားတဲ့အေၾကာင္းအရာတစ္ရပ္ အျဖစ္ဗဟုသုတ အေနနဲ႔ ထုတ္ႏႈတ္ျပျခင္းျဖစ္ပါတယ္။

Ref:
The World of El Cid: Chronicles of the Spanish Reconques
ဇဝနယကၡေက်ာ္ေခါင္ ဘြဲ႕ရေသာတေစၧ – ေမာင္ခင္မင္(ဓႏုျဖဴ)

———-

သေပြီးနောက်မှ စစ်တိုက်ထွက်သူ နှင့် အမူတော်ကိုဆက်ထမ်းသူ (unicode)

စပိန်အလယ်ခေတ်သမိုင်းမှာ ထင်ရှားခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ရှိပါတယ်။ သူ့နာမည်အရင်းက Rodrigo Díaz de Vivar ဖြစ်ပေမယ့် အားလုံးက သူ့ကို EL Cid လို့ပဲခေါ်ကြပါတယ်။ စစ်ပွဲများရဲ့ အရှင်သခင်လို့ အဓိပ္ပါယ်ရပါတယ်။ သူဟာ ခေါင်းဆောင်တစ်ယောက်ဖြစ်ပေမယ့် စစ်ပွဲတိုင်းမှာ ရှေ့ဆုံးကနေ ရွပ်ရွပ်ချွံချွံ တိုက်တတ်သူတစ်ဦးဖြစ်ပြီး သက်တမ်းတစ်လျှောက်တိုက်ပွဲပေါင်းများစွာကို အောင်မြင်ခဲ့သူဖြစ်ပါတယ်။ သူသေဆုံးပြီးတဲ့နောက် စပိန်သမိုင်းရဲ့ ဂန္ဓဝင်သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့ပြီး စာကဗျာတွေမှာ ထည့်သွင်းအရေးခံရသလို သူ့အကြောင်းရုပ်ရှင်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခံရသူဖြစ်ပါတယ်။

ကျော်ကြားလှတဲ့ ဒီစပိန်စစ်ဗိုလ်ကြီးဟာ သေဆုံးပြီးတဲ့နောက်မှာလည်း မပြီးဆုံးသေးတဲ့တိုက်ပွဲတွေကို ဆက်လက်တိုက်ခိုက်နေပါသေးတယ်။ ဒီအကြောင်းကို Cid ရဲ့ ဘ၀ဖြစ်စဉ်မှတ်တမ်းစာအုပ်မှာ ပညာရှင်ကြီး ဆော့သေးက ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။ သူသေပြီးတဲ့နောက်မှာ စစ်တပ်ရဲ့ရှေ့ကနေသူ့ကိုထားပြီးဆက်တိုက်ရမယ် လို့ Cid က မှာကြားခဲ့တဲ့အတိုင်း သူ့ရဲ့စစ်သည်တော်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သေဆုံးပြီးတဲ့ Cid ရဲ့ ရုပ်အလောင်းကို မပုပ်သိုးအောင်ဆေးတွေနဲ့စီမံပါတယ်။ ပြီးတော့ မြင်းကုန်းနှီးပေါ်မှာ ထိုက်လျှက်ပုံစံဖြစ်အောင်ကြိုးများနဲ့ တင်းကြပ်စွာတုပ်နှောင်ပြီး စစ်တပ်ရဲ့ရှေ့ဆုံးမှာထားကာ တိုက်ပွဲဝင်စေပါတယ်။ ထူးခြားစွာပွဲ အဲဒီစစ်ပွဲမှာ သူ့ရဲ့စပိန်စစ်တပ်ဟာ ရန်သူဘူကာဘုရင် ရဲ့ ကြီးမားလှတဲ့ စစ်တပ်ကြီးကို အနိုင်တိုက်ခိုက်နိုင်ခဲ့ပြီး အပြတ်အသတ်အောင်ပွဲဆင်နိုင်ခဲ့ပါတယ်။

Cid စစ်သည်တော်ကြီးလိုပဲ သေဆုံးပြီးနောက်စစ်တိုက်သူတစ်ယောက် မြန်မာ့သမိုင်းထဲမှာ ရှိခဲ့ပါတယ်။ သူကတော့ နောင်တော်ကြီးမင်းလက်ထက်မှာပေါ်ပေါက်ခဲ့တဲ့ ဗိုလ်ဥဒိန်ကျော်ခေါင် ဆိုသူပါ။ နောင်တော်ကြီးမင်းက ဇင်းမယ်ကိုချီတက်တိုက်ခိုက်စေခဲ့တဲ့ တပ်မှာပါသွားခဲ့ပြီး လမ်းခရီးမှာ သေဆုံးခဲ့သူပါ။ သေဆုံးပြီးတဲ့နောက် တစ္ဆေဖြစ်ခဲ့ပြီး တစ်ညနောင်တော်ကြီးမင်း စက်တော်ခေါ်နေစဉ်မှာ မင်းကြီးခြေထောက်ကို လှုပ်နိုးခဲ့ပြီး
– မိမိသည်လမ်းတွင်သေဆုံးခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက်ပြီး အမူတော်ကိုထမ်းလိုပါကြောင်း လျှောက်တင်ခဲ့တဲ့အတွက် မင်းကြီးကလက်ခံခဲ့ပါတယ်။

မုတ္တမမြို့မှာထားတဲ့ ကင်းတပ်ကို ယိုးဒယားတပ်များဝင်ရောက်တိုက်ခိုက်တယ်လို့ ကြားရတဲ့အတွက် မြင်းသည်ကျော် ငသာနှင့် ငရွှန်း တို့ကို ထောက်လှမ်းဖို့ မုတ္တမသို့စေလွှတ်ခဲ့ပါတယ်။ ရက်ပေါင်းများစွာ ကြာတဲ့အထိပြန်ရောက်မလာတဲ့အတွက် တစ္ဆေဥဒိန်ကျော်ခေါင်ကို တစ်ချက်လွှတ်အမိန့်နဲ့ မုတ္တမကို စုံစမ်းဖို့စေလွှတ်ခဲ့ပါတယ်။ နေ့ချင်း ပြန်ရောက်လာပြီး ယိုးဒယားတပ်များတိုက်ခိုက်သည်မှာ မဟုတ်မှန်ကြောင်း နှင့် ကင်းတပ်မှာ ပုံမှန်အတိုင်းသာရှိနေကြောင်းလျှောက်တင်ပါတယ်။ နောင်တော်ကြီးမင်းက ယုံတော်မမူ၍ ထပ်မေးရာ – မင်းကြီးစေလွှတ်သည့်အထောက်တော်များကို တောင်ငူမြို့ခပေါင်းချောင်းအနီးတွင် စခန်းချနေသည်ကိုတွေ့သည့်အတွက် သစ်ကိုင်းများကိုချိုးပြ ၊ သစ်ကိုင်းကိုလှုပ်ပြ၍ ခြောက်လှန်ခဲ့သေးကြောင်း လျှောက်တင်ပါတယ်။ မကြာမီ အထောက်တော်များပြန်ရောက်လာသဖြင့် မေးမြန်းရာ မုတ္တမကင်းတပ်အထွေအထူးမရှိသည်မှာ မှန်ကန်ပါကြောင်း ၊ ခပေါင်းချောင်းအနီးတွင် ခြောက်လှန့်သည်မှာလည်း မှန်ပါကြောင်း သိရှိရလိုက်ရပါတယ်။

နောင်တော်ကြီးမင်းက တစ္ဆေအားဘွဲ့ပေးရန်အတွက် ကိုယ်ထင်ပြခိုင်းပါတယ်။ တစ္ဆေက မိမိရုပ်မှာအလွန်ဆိုးရွားပျက်စီးနေပြီး ကြောက်မက်ဖွယ်ဖြစ်နေသဖြင့် မပြဝံ့ပါဟု ပြန်လျှောက်တဲ့အတွက် “ဇဝနယက္ခ ကျော်ခေါင်” လို့ရေးထားသော ရွှေပြားကို ကလပ်ပါ်တွင်တင်ထားပြီး ယူစေပါတယ်။ ဘွဲ့ရွှေပြားနှင့် ကြိုးတို့သည် ကလပ်ပေါ်မှ သူ့အလိုလိုရွေ့သွားပြီး ထုပ်လျှောက်ကြားမှာ တက်ချိတ်နေတာကို မှူးမတ်အားလုံးမြင်သွားပြီး ကြောက်လန့်ကုန်ကြပါတော့တယ်။ ဒီအကြောင်းကို လှေသင်း အတွင်း ဝန်မင်း မဟာဇေယသင်္ခယာ က “တဇ္ဇတ္ထဒီပနီ” ကျမ်းတွင်မှတ်တမ်းတင်ထားခဲ့သလို ဦးဖျော်ရဲ့ ပလိပ်စားဧချင်း (ခေါ်) စဉ့်ကူးမင်းရွှေနားတော်သွင်းဧချင်း မှာ ထည့်သွင်းဖွဲ့ဆိုခဲ့ပါတယ်။ သမိုင်းမှတ်တမ်းထဲမှ ထူးခြားတဲ့အကြောင်းအရာတစ်ရပ် အဖြစ်ဗဟုသုတ အနေနဲ့ ထုတ်နှုတ်ပြခြင်းဖြစ်ပါတယ်။

Ref:
The World of El Cid: Chronicles of the Spanish Reconques
ဇဝနယက္ခကျော်ခေါင် ဘွဲ့ရသောတစ္ဆေ – မောင်ခင်မင်ဓနုဖြူ

Leave a Reply