ႏုိင္ငံေရးအမႈနဲ႔ ပထမဆုံးအဖမ္းခံရသူ (သုိ႔) ျမန္မာႏုိင္ငံရဲ႕ လြတ္လပ္ေရးမီးရႈးတန္ေဆာင္

Posted on

ေခါင္ဇာနည္ဝင္၊ ေျပာင္မာတင္ သည့္၊ ျမရွင္သက် သမၺဒၶဳ၏ ပုတၳ ရင္းစစ္၊ ျဖစ္ႀကီးျဖစ္၍၊
မဟစၦရိ၊ အံ့ေလာက္ဘိသား၊ ႀတိသာသနာ၊ စက္ေရာင္ဝါႏွင့္၊
ျမန္မာမ်ိဳးညြန္႔၊ ညွိဳးမတြန္႔ေအာင္၊ သက္စြန္႔လ်က္ ပင္၊ ေရႊလမ္းထြင္သား၊
အရွင္ဥတၱမ၊ ေထရိႏၵလွ်င္၊ ဝံသပါလိတ္၊ ရဲတိဟိတ္ သို႔၊ စိတ္ေစတနာ၊ စူးစိုက္စြာလွ်င္၊
မဟာဝရဇိန္၊ မိုးႀကိဳးရွိန္သို႔၊ ပစ္ခ်ိန္ တ်င္းတ်င္း၊ ရန္မာန္ခြင္းသည့္ ဘက္ကင္းေတေဇာ္ ရွိန္ဘုရား။
(လယ္တီပ႑ိတ ဆရာဦးေမာင္ႀကီး – ဘုန္းေတာ္ဘြဲ႕)

သူ႕ကၽြန္မခံ အမ်ိဳးသားဇာတိမာန္ ထက္သန္စြာျဖင့္ ျမန္မာ့လြတ္လပ္ ေရး၊ ကိုလိုနီဆန္႔က်င္ေရးအတြက္ ဦးစြာပထမ ျမန္မာျပည္သူမ်ားကို စတင္တပ္လွန္႔ႏိႈးေဆာ္ခဲ့သူမွာ ဆရာေတာ္ ဦးဥတၱမပင္ ျဖစ္ေပ သည္။ ဆရာေတာ္ ဦးဥတၱမသည္ ေဒးဒရဲ ၿမိဳ႕အပိုင္ ဆူးကလပ္ရြာတြင္ နယ္ ခ်ဲ႕ဆန္႔က်င္ေရးတရား ေဟာေျပာ မႈျဖင့္ မအူပင္ေထာင္တြင္ ၁၂ လမွ် အက်ဥ္းခံခဲ့ရသည္။ ၁၉၂၂ ခု ၊ ဇြန္လ ၂၆ ရက္ေန႔တြင္ မအူပင္ေထာင္မွ လြတ္ေျမာက္သည္။ ထိုသို႔ ဆရာ ေတာ္ ေထာင္မွ လြတ္ေျမာက္လာ သည့္အခါ ၁၉၂၂ ခု၊ ဇူလိုင္လ (၂၃) ရက္ေန႔တြင္ ရဟန္းရွင္လူမ်ားက ရန္ကုန္ၿမိဳ႕၊ ဂ်ဴဗလီေဟာတြင္ တစ္ခဲ နက္ဂုဏ္ျပဳ ပူေဇာ္ခဲ့ၾကသည္။ ယင္းပူေဇာ္ပြဲတြင္ လယ္တီပ႑ိတ ဆရာဦးေမာင္ႀကီးက အထက္ေဖာ္ ျပပါ ဘဒၵႏ ၱဥတၱမအရွင္သူျမတ္ဘုန္း ေတာ္ဘြဲ႕ မဂၤလာရတုျဖင့္ ေရးသား ပူေဇာ္ဂုဏ္ျပဳ ခဲ့ေလသည္။

ဆရာေတာ္ဦးဥတၱမ ဤသို႔ ခ်ီးက်ဴး ပူေဇာ္ခံထိုက္ေအာင္ပင္ ကၽြန္ဘဝမွ လြတ္ေျမာက္ေရး၊ အဂၤလိပ္အစိုးရ ဆန္႔က်င္ေရးတို႔တြင္ အမ်ိဳးသား မ်ား တက္ၾကြလာေစရန္ ကိုယ္က်ိဳး စြန္႔အနစ္နာခံ ႀကိဳးပမ္းခဲ့သည္။ ဆရာေတာ္ဦးဥတၱမ၏ ဘဝနိဒါန္း ပိုင္းသည္ တစ္ႏိုင္ငံလံုး အုတ္အုတ္ က်က္က်က္ တစ္ခဲနက္ျဖစ္ေအာင္ ေအာင္ျမင္ ေက်ာ္ၾကားခဲ့ေသာ္ လည္း ဆရာေတာ္၏ ဘဝနိဂံုးမွာ ေၾကကြဲဝမ္းနည္းဖြယ္ရာ ေကာင္းလွ သည္။ တစ္နည္းဆိုရလွ်င္ ႏိုင္ငံေရး ေခါင္းေဆာင္ ဗိသုကာတစ္ဦး၏ ဘဝကို ႏိုင္ငံေရးကပင္ ဖ်က္ဆီးခဲ့ ျခင္း ျဖစ္ေပသည္။ ဆရာေတာ္ဦးဥတၱမသည္ ၁၉၁၁ ခုႏွစ္မွ အစျပဳ၍ ကေလာင္ကို ကိုင္၍ ၄င္း တရားေဟာ စင္ျမင့္ေပၚတက္၍ ၄င္း ၿမိဳ႕ျပမွသည္ ေက်းစြန္ရြာဖ်ားအထိ ျမန္မာ့လြတ္လပ္ေရး ကိုလိုနီ ဆန္႔က်င္ေရးအတြက္ စည္းရံုးလႈံ႔ ေဆာ္ခဲ့သည္။ သူေျပာသမွ်စကား၊ သူေဟာသမွ် ရဲရဲေတာက္တရား မ်ားသည္ လြတ္လပ္ေရးမြတ္ သိပ္ ေနသူ ျပည္သူမ်ားအဖို႔ အားေဆး တစ္ခြက္ ျဖစ္ခဲ့သည္။ ဒူးေထာက္ေခါင္းငံု႔ ေနၾကရာမွ ရင္ ေကာ့ေခါင္းေမာ့ လာႏိုင္ၾကသည္။

” ဆာဂ်ီနယ္ ကရက္ေဒါက္ …သင္ ဗမာျပည္က ထြက္သြားလိုက္ပါ ” ဆရာေတာ္က အုပ္စိုးသူ အဂၤလိပ္ ဘုရင္ခံထံ စာျဖင့္ ကန္႔ကြက္ေရး သားေပးပို႔ လိုက္သည့္အခါ အမ်ိဳး ခ်စ္သူမ်ားက ၾကက္သီးေမြးညွင္း ထမွ် အားရ ေက်နပ္ခဲ့ၾကသည္။ ဆရာေတာ္အား ဆူးကလပ္ရြာတြင္ အဂၤလိပ္အစိုးရအား ဆန္႔က်င္ေဟာ ေျပာမႈျဖင့္ မအူပင္တြင္ ေထာင္ဒဏ္ အျပစ္ေပး လိုက္သည့္အခါ ပုသိမ္မွ စ၍ တစ္ႏိုင္ငံလံုး သံဃသမဂၢီမ်ား၊ ကုမၼာရီအသင္းမ်ား အံုၾကြေပၚ ေပါက္လာ၍ တစ္ႏိုင္ငံလံုး စည္းလံုး မိသြားၾကသည္။ ဆရာေတာ္ ဦး ဥတၱမသည္ ျပည္သူမ်ား၏ ေလးစား ၾကည္ညိဳ၍ ျပည္သူမ်ားႏွင့္ တစ္ ေသြး တစ္သားတည္း ျဖစ္သည္။ အစိုးရ အၾကည္ညိဳပ်က္ေအာင္ ေဟာေျပာမႈျဖင့္ ၁၉၂၄ ခုႏွစ္တြင္ ဒုတိယအႀကိမ္ ရန္ကုန္ၿမိဳ႕တြင္ ေထာင္ဒဏ္ ၃ ႏွစ္ အျပစ္ ေပးခံခဲ့ရ သည့္အခါ ဖိုက္စကြဲယား ပန္းၿခံ (ဗႏၶဳလ ပန္းၿခံ)တြင္ ေသြးေျမက် လူထုဆႏၵျပပြဲ ျဖစ္ပြားခဲ့ၿပီး ယင္းမွ အစျပဳ၍ ကိုလိုနီနယ္ခ်ဲ႕ဆန္႔က်င္ ေရးစိတ္ဓာတ္မ်ား လြမ္းမိုးျပန္႔ပြား သြားၾကျပန္သည္။

ဆရာေတာ္၏ ဘဝနိဒါန္းပိုင္းသည္ လြတ္လပ္ေရး၊ နယ္ခ်ဲ႕ဆန္႔က်င္ေရး မီးရွဴးတန္ေဆာင္ ဆရာေတာ္၏ ဘဝနိဂံုးပိုင္းက ထိုသို႔ မဟုတ္ၿပီ။ အဂၤလိပ္အစိုးရက အိမ္ၾကက္ျခင္း အုိးမည္းသုတ္ ခြက္ေစေသာ ၉၁ ဌာန အုပ္ခ်ဳပ္ေရးကို ေပးအပ္လိုက္ သျဖင့္ ျမန္မာျပည္ကို အိႏၵိယျပည္ က ခြဲထြက္ၿပီးလွ်င္ ၁၉၃၆ ခု၊ ႏိုင္ဝင္ ဘာလတြင္ အေထြေထြေရြး ေကာက္ပြဲ က်င္းပရန္ စီစဥ္သည္။ သည္တြင္ ႏိုင္ငံေရးပါတီမ်ားအဖို႔ အႏိုင္ရရွိရန္ ႀကိဳးပမ္းရာ၌ ဆရာ ေတာ္ ဦးဥတၱမကို ခ်ဥ္းကပ္စည္း ရံုးၾကသည္။ ထိုအခ်ိန္ကဆရာေတာ္ မွာ ဆီးခ်ဳိေရာဂါႏွင့္ အသက္အရြယ္ ႀကီးရင့္လာ၍ စိတ္ပမ္းကိုယ္ႏြမ္း ျဖစ္ေနသျဖင့္ လည္းေကာင္း၊ ႏိုင္ငံေရး ေခါင္းေဆာင္မ်ား စည္း လံုးမႈမရွိဘဲ ရာထူးအာဏာ ရရွိေရး ကိုသာ ႀကိဳးပမ္း ေနၾကသျဖင့္ လည္းေကာင္း၊ ႏိုင္ငံေရးလုပ္ ေဆာင္မႈ ရပ္ဆိုင္း၍ အိႏၵယႏွင့္ ျမန္မာ ျပည္ အလ်ဥ္းသင့္သလို ေနထိုင္ လ်က္ရွိေနသည္။

ထိုစဥ္ ငါးပြင့္ဆိုင္အဖြဲ႕မွ ဆရာေတာ္ အား လွည့္ဖ်ား စည္းရံုး၍ အိႏၵိယမွ ရန္ကုန္သို႔ ပင့္ေဆာင္လာၾကသည္။ ႏိုင္ငံေရး စိတ္မကုန္ေသာ ဆရာ ေတာ္မွ ငါးပြင့္ဆိုင္အတြက္ မဲဆြယ္ ေပးရန္ ရန္ကုန္သို႔ ေရာက္ရွိခဲ့ျပန္ သည္။ ႏိုင္ငံေရး ပါတီအခ်ိဳ႕မွ မ်ိဳး ခ်စ္လူငယ္အခ်ိဳ႕က ဆရာေတာ္ထံ သြားေရာက္၍ ေမတၱရပ္ ခံေသာ္ လည္း အရွိန္အဝါ ေကာင္းေသာ ငါးပြင့္ဆိုင္မ်ား၏ စကားနားဝင္ သျဖင့္ မည္သို႔မွ် မတတ္ႏိုင္ၾက ေတာ့ေခ်။ ဆရာေတာ္ ဦးဥတၱမသည္ ငါးပြင့္ အဆိုင္အတြက္ အနယ္နယ္သို႔ တရား ေဟာရာတြင္ ေလယာဥ္ပ်ံ ႏွင့္ပင္ ခမ္းခမ္းတနားနား ၾကြ ေရာက္ေဟာေျပာ ရသည္။ ဆရာေတာ္ကို မျမင္မေတြ႕ရသည္ မွာ ကာလအတန္ၾကာၿပီ ျဖစ္သျဖင့္ ဆရာေတာ္၏ ငါးပြင့္ဆိုင္တရား ပြဲမွာ ပရိသတ္ တိုးမေပါက္ေအာင္ စည္ကားသည္။ ၉၁ ဌာန ေရြး ေကာက္ပြဲတြင္ ဦးဘေဖ ေခါင္း ေဆာင္ေသာ ငါးပြင့္ဆိုင္အဖြဲ႕၊ ေဒါက္တာဘေမာ္အဖြဲ႕၊ ဦးခ်စ္လႈိင္ အဖြဲ႕၊ ကိုယ္မင္း ကိုယ္ခ်င္း တို႔ ဗမာသခင္အဖြဲ႕၊ ေဖဘီယန္အဖြဲ႕တို႔ ပါဝင္ ယွဥ္ၿပိဳင္ၾကသည္။

ဆရာေတာ္၏ အရွိန္အဝါျဖင့္ အျခား ႏိုင္ငံေရးအဖြဲ႕မ်ားထက္ ငါးပြင့္ဆိုင္ က အျပတ္အသတ္ အမတ္ ၄၆ ေန ရာျဖင့္ အႏိုင္ရရွိခဲ့သည္။ သို႔ေသာ္လည္း ဝန္ႀကီးရာထူး အေဝ မတည့္ေသာေၾကာင့္ ငါးပြင့္ဆိုင္ ေခါင္းေဆာင္ ဦးဘေဖမွာ အစိုးရ မဖြဲ႕ႏိုင္ေတာ့ေခ်။ အမတ္ ၁၆ ေနရာ သာ ရရွိသည့္ ေဒါက္တာ ဘေမာ္က ညႊန္႔ေပါင္းအစိုးရဖြဲ႕၍ နန္းရင္းဝန္ ရာထူး ရယူ သြားေလသည္။ ဤတြင္ ဆရာေတာ္ဦးဥတၱမအဖို႔ ႏိုင္ငံေရး သံေဝဂ ရစရာ ႀကံဳရေတာ့သည္။ ႏိုင္ငံေရးသမားအခ်ိဳ႕မွာ ဆရာ ေတာ္၏ အရွိန္အဝါျဖင့္ ဝန္ႀကီး၊ အတြင္းဝန္ႏွင့္ မင္းတိုင္ပင္အမတ္ စသည္တို႔ ျဖစ္ကုန္ၾကေသာ္လည္း ဆရာေတာ္ဦးဥတၱမမွာ ဆီးခ်ိဳေရာ ဂါ လူမမာသည္ ဘဝျဖင့္ ျပဳစုသူ ကင္းကာ ရပ္တည္္ရာမရ စိတ္ထင္ ရာ ရန္ကုန္လမ္းမ မ်ားေပၚတြင္ ေလွ်ာက္သြားလ်က္ ရွိသည္။ ဆရာ ေတာ္သည္ ေဟာင္းႏြမ္းစုတ္ျပတ္ ေနေသာ သကၤန္းႀကီးကို ဖိုသီပတ္ သီ ဝတ္ရံု၍ လြတ္အိတ္ႀကီး တစ္လံုး လြယ္ကာ ထီး၊ ဖိနပ္မပါ သတင္းစာ တိုက္မ်ားသို႔ ေလွ်ာက္သြားၿပီး အဂၤလိပ္၊ ျမန္မာ သတင္စာမ်ားကို ေတာင္းယူေလ့ရွိသည္။ ရရွိေသာ သတင္းစာမ်ားကို လမ္းေဘးတိုက္ ရိပ္၊ သစ္ပင္ရိပ္မ်ား ေအာက္တြင္ ထိုင္ဖတ္ေလ့ရွိသည္။

အသက္အရြယ္ႀကီး၍ အိုမင္းေန သည့္ အျပင္ ဆီးခ်ဳိေရာဂါ၊ ေျခ ေထာက္အနာေၾကာင့္ ပိန္ခ်ံဳးကာ ခပ္ယဲ့ယဲ့မွ်ပင္ သြားလာေနရသည္။ လမ္းတြင္ သတိေမ့ လဲၿပိဳေနသည့္ အခါ ဆရာေတာ္ကို ၾကည္ညိဳေလး စားသူမ်ားက သူတည္းခုိရာသို႔ ပို႔ေဆာင္ေပးၾကသည္။ ဆရာေတာ္ ဦးဥတၱမသည္ ကိုယ္စိတ္ႏွစ္ပါး ေဝဒနာႏွစ္ရပ္စလံုး ခံစားေနရေလ သည္။ ဆရာေတာ္အား ျပဳစုသူ ကင္း၍ ဤမွ်အေျခအေနဆိုး လာ သည့္အခါ ၁၉၃၉ ခု၊ ၾသဂုတ္လ ၇ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႔ ရခုိင္ရဟန္း ေတာ္မ်ား သမဂၢ အသင္း၏ ၄ ႀကိမ္ ေျမာက္ အစည္းအေဝးမွ ဆရာ ေတာ္ဦးဥတၱမအား ေစာင့္ေရွာက္ ရန္ ဆံုးျဖတ္ၾကသည္။ ငါးပြင့္ဆိုင္အဖြဲ႕ကိုလည္း ျပစ္တင္ ေဝဖန္ၾကသည္။ ရခိုင္ ရဟန္းေတာ္ မ်ားသမဂၢမွ ရဟန္းေတာ္မ်ားသည္ ဆရာေတာ္ေနထိုင္ရာ အာစရိယ သမဂၢ အသင္းတိုက္သို႔ သြားေရာက္ ေတြ႕ဆံုသည့္အခါ သြားေရာက္ ေတြ႕ဆံုသူမ်ားကို မေတြ႕မခံ ျငင္း ဆန္လ်က္ သတိ မေကာင္းေတာ့ပဲ လုပ္ခ်င္ရာ လုပ္ေန ေလၿပီ။ သည္တြင္ သူရိယ တိုက္အုပ္ ဦးဘကေလး၏ အကူအညီျဖင့္ ရခိုင္ သံဃာေတာ္မ်ားက ဆရာေတာ္ ဦးဥတၱမအား ရန္ကုန္ေဆးရံုႀကီးသို႔ တင္ပို႔ ကုသၾကရသည္။ ၾသဂုတ္လ ၂၅ ရက္ေန႔တြင္ သူရိယဦးဘက ေလး၊ ၿမိဳ႕ေတာ္ဝန္ ဦးဘဝင္း၊ ကပၸတိန္ ဘဖူးတို႔ ေဆးရံုသို႔ သြား ေရာက္၍ ဆရာေတာ္အားအားေပး စကားေျပၾကားရာ ဆရာေတာ္မွာ စကား ပီသေအာင္ ေျပာႏိုင္၍ သတိလစ္ျခင္း မရွိေတာ့ေပ။ ၾသဂုတ္လ ၂၇ ရက္ေန႔တြင္ ဦးဘက ေလး အကူအညီျဖင့္ပင္ကုသိုလ္ခန္း မွ အထူးခန္း ၁၃ ခုတင္နံပါတ္ ၁၁ သို႔ ေျပာင္းေရႊ႕ကုသသည္။ ဆရာဝန္ႀကီးမ်ားက အထူးဂရုစိုက္ ကုသၾကသည့္အတြက္ ဆရာေတာ္၏ ေဝဒနာမွာ သက္သာစ ျပဳလာ သည္။ သို႔ေသာ္ မအူပင္ေထာင္ က်စဥ္အခါကပင္ ႏွစ္ရွည္လမ်ား စြဲကပ္လာေသာ ဆီးခ်ိဳ ေျခေထာက္ ကင္ဆာေရာဂါမွာ ရုိုးရိုးကုသ၍ မျဖစ္ႏိုင္ေတာ့၊ ေျခေထာက္ျဖတ္ ကုမွသာ အသက္ရွင္ႏိုင္ေတာ့မည္။

ဆရာဝန္ႀကီးမ်ားက ဦးဘကေလးအား အႀကံေပးသျဖင့္ ဆရာေတာ္အား ေလွ်ာက္ထားရာ ေဆးရံုေပၚမွ ဇြတ္ဆင္း၍ ၄၆ လမ္း ကုလား အသင္းတိုက္ေပၚတြင္ သြား ေရာက္ သီတင္းသံုးေနေလသည္။ ေဆးရံုမွ ဆင္းလာ ကတည္းက ဆရာေတာ္၏ ဆီးခ်ိဳေရာဂါမွာ တစ္ေန႔တစ္ျခား ျပင္းထန္ဆိုးရြား လ်က္ သတိမရတစ္ခ်က္ ရတစ္ခ်က္ ျဖင့္ ေဝဒနာကို အလူးအလဲ ခံစား ေနရေလသည္။ သို႔ျဖင့္ သူရိယ ဦးဘကေလးႏွင့္ (+)သံဃာေတာ္ မ်ားက ဆရာေတာ္ဦးဥတၱမအား ၄၆ လမ္း၊ ကုလားအသင္းတိုက္မွ ပုစြန္ေတာင္ ေညာင္တုန္းေက်ာင္း တိုက္ မဂၤလာစံေက်ာင္းသို႔ ပင့္ ေဆာင္ၾကသည္။ ဆရာေတာ္အား ျပဳစုရန္ ကပၸိယမ်ား ငွားရမ္း၍ ျမန္မာအနာေပါက္ သမားေတာ္ႀကီး ဦးဘိုးေရႊႏွင့္ ကုသ ၾကျပန္သည္။ သို႔ေသာ္လည္း ဆရာေတာ္၏ ေရာဂါေဝဒနာမွာ ကုသ၍ ရေတာ့ မည့္အေျခအေနတြင္ မရွိေတာ့ေပ။

ဤသို႔ျဖင့္ ဦးဥတၱမဆရာေတာ္ႀကီး သည္ ေရာဂါေဝဒနာမ်ားကို ျပင္း ထန္စြာခံစားရင္း ၁၉၃၉ ခု၊ စက္တင္ ဘာ ၉ ရက္၊ စေနေန႔သို႔ အဝင္ ညဥ့္ သန္းေခါင္ေက်ာ္ ၁ နာရီ ၃၅ မိနစ္ အခ်ိန္၊ သက္ေတာ္ ၆၀ ေက်ာ္တြင္ ပ်ံလြန္ေတာ္မူရွာ ေလသည္။ ဆရာေတာ္ဦးဥတၱမသည္ ဆင္းရဲ ဒုကၡအမ်ိဳးမ်ိဳး ႀကံဳေတြ႕လ်က္ ပံ်လြန္ေတာ္မူခဲ့ ရေသာ္လည္း ဆရာေတာ္၏ စ်ာပနမွာ စည္ကား သိုက္ျမိဳက္စြာျဖင့္ ျပည္သူမ်ားက ေနာက္ဆံုးဂါရဝျပဳ သၿဂိဳဟ္ခဲ့ ၾက သည္။
၁၉၄၀ ခု၊ မတ္လ ၂၀ ရက္ေန႔၊ ညေန ၃ နာရီတြင္ ဆရာေတာ္ရုပ္ ကလာပ္ ကို ပုဇြန္ေတာင္ေညာင္တုန္း ေက်ာင္း တိုက္မွ ေရႊတိဂံုဘုရား ေျခရင္းသို႔ ပင့္ေဆာင္ၾကသည္။ ဆရာေတာ္ဦးဥတၱမ၏ အေလာင္း ေတာ္ပင့္ရာတြင္ ေရွ႕ဆံုးမွ သံဃာ ေတာ္မ်ား၊ ေအာင္ေဇယ်တု ဦးဘိုး ဘကိုယ္တိုင္ ေရးဆြဲေသာ ဦးဥတၱမ ပံုေတာ္ကို လွပစြာျပင္ဆင္ထား သည့္ ေမာ္ေတာ္ယာဥ္ဆရာေတာ္ ၏ အေလာင္းေတာ္တင္ ကရဝိတ္ ေဖာင္ေပၚတြင္ ယိမ္းအကမ်ား လိုက္ ပါလ်က္ ရန္ကုန္ၿမိဳ႕အမ်ိဳးသမီး လြတ္လပ္ေရးအဖြဲ႕ အမ်ိဳးသမီး မ်ား စြာတို႔က ႀကိဳးျဖင့္ဆြဲ၍ သယ္ေဆာင္ လာၾကသည္။
အေလာင္းေတာ္ ပင့္ေဆာင္ရာတြင္
(၁) ရခိုင္ သံဃာေတာ္မ်ားအဖြဲ႕
(၂) သသန ေဝပုလႅရဟန္းပ်ိဳအဖြဲ႕
(၃) သက္ပန္ ဂဠဳန္ ဂ်ီစီဘီေအ
(၄)ျမန္မာ တရုတ္ ဗုဒၶဘာသာ
အစည္း အရံုး
(၅)တရုတ္ ျမန္မာ သမဂၢအသင္း
(၆) တရုတ္လူငယ္မ်ား သမဂၢ အသင္း၊
(၇) တရုတ္ျမန္မာ ေပါင္းသင္းဆက္ ဆံေရးအသင္း၊
(၈) ရန္ကုန္လြတ္လပ္ေရးအမ်ိဳး သမီး အသင္း၊
(၉) ၾကည့္ျမင္တိုင္အခြန္ထမ္း အသင္း၊
(၁၀) ရန္ကုန္လြတ္လပ္ေရး အမ်ိဳး သားအသင္း၊
(၁၁) ရခိုင္လူငယ္မ်ား၊
(၁၂) ရန္ကုန္ျမင္းလွည္းအသင္း၊
(၁၃) ဗိုလ္တေထာင္ဘတ္(စ္)ကားအသင္း၊
(၁၄) ပုည ကုသလအသင္း၊
(၁၅) ဗဟိုအခြန္ထမ္းအဖြဲ႕၊
(၁၆) တာေမြလံုးဆိုင္ရာ အခြန္ထမ္းအဖြဲ႕၊
(၁၇) ဟိႏၵဴေဘာ္လန္တီယအသင္း၊ (၁၈) ေက်ာက္ေျမာင္း လက္ရံုးတပ္၊ (၁၉) ေက်ာက္ေျမာင္းတို႔ဗမာ အစည္းအရံုး၊
(၂၀) ရန္ကုန္ၿမိဳ႕လံုးဆိုင္ရာ သခင္ကိုယ္ေတာ္မႈိင္း ႀကီးမွဴးသည့္ တို႔ဗမာအစည္းအရံုးႀကီး၊
(၂၁) သူရိယသတင္းစာတိုက္သား
မ်ား၊ မ်ိဳးခ်စ္ပုဂၢိဳလ္မ်ား စသည္္ျဖင့္ ပါဝင္ပို႔ေဆာင္ၾကသည္။

ဆရာေတာ္၏ ေနာက္ဆံုးခရီး အႏၱိမ စ်ာပနကို ၁၉၀၄၀ ခု၊ မတ္လ ၂၂ ရက္၊ တေပါင္းလျပည့္ေန႔တြင္ ေရႊတိဂံု ေျခေတာ္ရင္းတြင္စည္ကား သိုက္ၿမိဳက္စြာျဖင့္ပင္ သၿဂိဳဟ္ခဲ့ ၾကေလသည္။

ဆရာေတာ္ဦးဥတၱမ ရဲ႕ ရွားပါးဗီဒီယုိဖုိင္ – VIDEO

ေက်ာ္ျမင့္လြင္
(ကိုလိုနီေခတ္ဦး ပထမစာမ်က္ႏွာ မ်ိဳးခ်စ္အာဇာနည္(သို႔မဟုတ္) မ်ဥ္းေျဖာင့္ေပၚမွာ အာရွၾကယ္နီ စာအုပ္မွ)

————

နိုင်ငံရေးအမှုနဲ့ ပထမဆုံးအဖမ်းခံရသူ (သို့) မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးမီးရှုးတန်ဆောင် (unicode)

ခေါင်ဇာနည်ဝင်၊ ပြောင်မာတင်
သည့်၊ မြရှင်သကျ သမ္ဗဒ္ဓု၏ ပုတ္ထ ရင်းစစ်၊ ဖြစ်ကြီးဖြစ်၍၊ မဟစ္ဆရိ၊ အံ့လောက်ဘိ်သား၊ တြိသာသနာ၊ စက်ရောင်ဝါနှင့်၊ မြန်မာမျိုးညွန့်၊ ညှိုးမတွန့်အောင်၊ သက်စွန့်လျက် ပင်၊ ရွှေလမ်းထွင်သား၊ အရှင်ဥတ္တမ၊ ထေရိန္ဒလျှင်၊ ဝံသပါလိတ်၊ ရဲတိဟိတ် သို့၊ စိတ်စေတနာ၊ စူးစိုက်စွာလျှင်၊ မဟာဝရဇိန်၊ မိုးကြိုးရှိန်သို့၊ ပစ်ချိန် တျင်းတျင်း၊ ရန်မာန်ခွင်းသည့် ဘက်ကင်းတေဇော် ရှိန်ဘုရား။
(လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး – ဘုန်းတော်ဘွဲ့)

သူ့ကျွန်မခံ အမျိုးသားဇာတိမာန် ထက်သန်စွာဖြင့် မြန်မာ့လွတ်လပ် ရေး၊ ကိုလိုနီဆန့်ကျင်ရေးအတွက် ဦးစွာပထမ မြန်မာပြည်သူများကို စတင်တပ်လှန့်နှိုးဆော်ခဲ့သူမှာ ဆရာတော် ဦးဥတ္တမပင် ဖြစ်ပေ သည်။ ဆရာတော် ဦးဥတ္တမသည် ဒေးဒရဲ မြို့အပိုင် ဆူးကလပ်ရွာတွင် နယ် ချဲ့ဆန့်ကျင်ရေးတရား ဟောပြော မှုဖြင့် မအူပင်ထောင်တွင် ၁၂ လမျှ အကျဉ်းခံခဲ့ရသည်။ ၁၉၂၂ ခု ၊ ဇွန်လ ၂၆ ရက်နေ့တွင် မအူပင်ထောင်မှ လွတ်မြောက်သည်။ ထိုသို့ ဆရာ တော် ထောင်မှ လွတ်မြောက်လာ သည့်အခါ ၁၉၂၂ ခု၊ ဇူလိုင်လ (၂၃) ရက်နေ့တွင် ရဟန်းရှင်လူများက ရန်ကုန်မြို့၊ ဂျူဗလီဟောတွင် တစ်ခဲ နက်ဂုဏ်ပြု ပူဇော်ခဲ့ကြသည်။ ယင်းပူဇော်ပွဲတွင် လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက အထက်ဖော် ပြပါ ဘဒ္ဒန ၱဥတ္တမအရှင်သူမြတ်ဘုန်း တော်ဘွဲ့ မင်္ဂလာရတုဖြင့် ရေးသား ပူဇော်ဂုဏ်ပြု ခဲ့လေသည်။

ဆရာတော်ဦးဥတ္တမ ဤသို့ ချီးကျူး ပူဇော်ခံထိုက်အောင်ပင် ကျွန်ဘဝမှ လွတ်မြောက်ရေး၊ အင်္ဂလိပ်အစိုးရ ဆန့်ကျင်ရေးတို့တွင် အမျိုးသား များ တက်ကြွလာစေရန် ကိုယ်ကျိုး စွန့်အနစ်နာခံ ကြိုးပမ်းခဲ့သည်။ ဆရာတော်ဦးဥတ္တမ၏ ဘဝနိဒါန်း ပိုင်းသည် တစ်နိုင်ငံလုံး အုတ်အုတ် ကျက်ကျက် တစ်ခဲနက်ဖြစ်အောင် အောင်မြင် ကျော်ကြားခဲ့သော် လည်း ဆရာတော်၏ ဘဝနိဂုံးမှာ ကြေကွဲဝမ်းနည်းဖွယ်ရာ ကောင်းလှ သည်။ တစ်နည်းဆိုရလျှင် နိုင်ငံရေး ခေါင်းဆောင် ဗိသုကာတစ်ဦး၏ ဘဝကို နိုင်ငံရေးကပင် ဖျက်ဆီးခဲ့ ခြင်း ဖြစ်ပေသည်။ ဆရာတော်ဦးဥတ္တမသည် ၁၉၁၁ ခုနှစ်မှ အစပြု၍ ကလောင်ကို ကိုင်၍ ၎င်း တရားဟော စင်မြင့်ပေါ်တက်၍ ၎င်း မြို့ပြမှသည် ကျေးစွန်ရွာဖျားအထိ မြန်မာ့လွတ်လပ်ရေး ကိုလိုနီ ဆန့်ကျင်ရေးအတွက် စည်းရုံးလှုံ့ ဆော်ခဲ့သည်။ သူပြောသမျှစကား၊ သူဟောသမျှ ရဲရဲတောက်တရား များသည် လွတ်လပ်ရေးမွတ် သိပ် နေသူ ပြည်သူများအဖို့ အားဆေး တစ်ခွက် ဖြစ်ခဲ့သည်။ ဒူးထောက်ခေါင်းငုံ့ နေကြရာမှ ရင် ကော့ခေါင်းမော့ လာနိုင်ကြသည်။

” ဆာဂျီနယ် ကရက်ဒေါက် …သင် ဗမာပြည်က ထွက်သွားလိုက်ပါ ” ဆရာတော်က အုပ်စိုးသူ အင်္ဂလိပ် ဘုရင်ခံထံ စာဖြင့် ကန့်ကွက်ရေး သားပေးပို့ လိုက်သည့်အခါ အမျိုး ချစ်သူများက ကြက်သီးမွေးညှင်း ထမျှ အားရ ကျေနပ်ခဲ့ကြသည်။ ဆရာတော်အား ဆူးကလပ်ရွာတွင် အင်္ဂလိပ်အစိုးရအား ဆန့်ကျင်ဟော ပြောမှုဖြင့် မအူပင်တွင် ထောင်ဒဏ် အပြစ်ပေး လိုက်သည့်အခါ ပုသိမ်မှ စ၍ တစ်နိုင်ငံလုံး သံဃသမဂ္ဂီများ၊ ကုမ္မာရီအသင်းများ အုံကြွပေါ် ပေါက်လာ၍ တစ်နိုင်ငံလုံး စည်းလုံး မိသွားကြသည်။ ဆရာတော် ဦး ဥတ္တမသည် ပြည်သူများ၏ လေးစား ကြည်ညို၍ ပြည်သူများနှင့် တစ် သွေး တစ်သားတည်း ဖြစ်သည်။ အစိုးရ အကြည်ညိုပျက်အောင် ဟောပြောမှုဖြင့် ၁၉၂၄ ခုနှစ်တွင် ဒုတိယအကြိမ် ရန်ကုန်မြို့တွင် ထောင်ဒဏ် ၃ နှစ် အပြစ် ပေးခံခဲ့ရ သည့်အခါ ဖိုက်စကွဲယား ပန်းခြံ (ဗန္ဓုလ ပန်းခြံ)တွင် သွေးမြေကျ လူထုဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီး ယင်းမှ အစပြု၍ ကိုလိုနီနယ်ချဲ့ဆန့်ကျင် ရေးစိတ်ဓာတ်များ လွမ်းမိုးပြန့်ပွား သွားကြပြန်သည်။

ဆရာတော်၏ ဘဝနိဒါန်းပိုင်းသည် လွတ်လပ်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး မီးရှူးတန်ဆောင် ဆရာတော်၏ ဘဝနိဂုံးပိုင်းက ထိုသို့ မဟုတ်ပြီ။ အင်္ဂလိပ်အစိုးရက အိမ်ကြက်ခြင်း အိုးမည်းသုတ် ခွက်စေသော ၉၁ ဌာန အုပ်ချုပ်ရေးကို ပေးအပ်လိုက် သဖြင့် မြန်မာပြည်ကို အိန္ဒိယပြည် က ခွဲထွက်ပြီးလျှင် ၁၉၃၆ ခု၊ နိုင်ဝင် ဘာလတွင် အထွေထွေရွေး ကောက်ပွဲ ကျင်းပရန် စီစဉ်သည်။ သည်တွင် နိုင်ငံရေးပါတီများအဖို့ အနိုင်ရရှိရန် ကြိုးပမ်းရာ၌ ဆရာ တော် ဦးဥတ္တမကို ချဉ်းကပ်စည်း ရုံးကြသည်။ ထိုအချိန်ကဆရာတော် မှာ ဆီးချိုရောဂါနှင့် အသက်အရွယ် ကြီးရင့်လာ၍ စိတ်ပမ်းကိုယ်နွမ်း ဖြစ်နေသဖြင့် လည်းကောင်း၊ နိုင်ငံရေး ခေါင်းဆောင်များ စည်း လုံးမှုမရှိဘဲ ရာထူးအာဏာ ရရှိရေး ကိုသာ ကြိုးပမ်း နေကြသဖြင့် လည်းကောင်း၊ နိုင်ငံရေးလုပ် ဆောင်မှု ရပ်ဆိုင်း၍ အိန္ဒယနှင့် မြန်မာ ပြည် အလျဉ်းသင့်သလို နေထိုင် လျက်ရှိနေသည်။

ထိုစဉ် ငါးပွင့်ဆိုင်အဖွဲ့မှ ဆရာတော် အား လှည့်ဖျား စည်းရုံး၍ အိန္ဒိယမှ ရန်ကုန်သို့ ပင့်ဆောင်လာကြသည်။ နိုင်ငံရေး စိတ်မကုန်သော ဆရာ တော်မှ ငါးပွင့်ဆိုင်အတွက် မဲဆွယ် ပေးရန် ရန်ကုန်သို့ ရောက်ရှိခဲ့ပြန် သည်။ နိုင်ငံရေး ပါတီအချို့မှ မျိုး ချစ်လူငယ်အချို့က ဆရာတော်ထံ သွားရောက်၍ မေတ္တရပ် ခံသော် လည်း အရှိန်အဝါ ကောင်းသော ငါးပွင့်ဆိုင်များ၏ စကားနားဝင် သဖြင့် မည်သို့မျှ မတတ်နိုင်ကြ တော့ချေ။ ဆရာတော် ဦးဥတ္တမသည် ငါးပွင့် အဆိုင်အတွက် အနယ်နယ်သို့ တရား ဟောရာတွင် လေယာဉ်ပျံ နှင့်ပင် ခမ်းခမ်းတနားနား ကြွ ရောက်ဟောပြော ရသည်။ ဆရာတော်ကို မမြင်မတွေ့ရသည် မှာ ကာလအတန်ကြာပြီ ဖြစ်သဖြင့် ဆရာတော်၏ ငါးပွင့်ဆိုင်တရား ပွဲမှာ ပရိသတ် တိုးမပေါက်အောင် စည်ကားသည်။ ၉၁ ဌာန ရွေး ကောက်ပွဲတွင် ဦးဘဖေ ခေါင်း ဆောင်သော ငါးပွင့်ဆိုင်အဖွဲ့၊ ဒေါက်တာဘမော်အဖွဲ့၊ ဦးချစ်လှိုင် အဖွဲ့၊ ကိုယ်မင်း ကိုယ်ချင်း တို့ ဗမာသခင်အဖွဲ့၊ ဖေဘီယန်အဖွဲ့တို့ ပါဝင် ယှဉ်ပြိုင်ကြသည်။

ဆရာတော်၏ အရှိန်အဝါဖြင့် အခြား နိုင်ငံရေးအဖွဲ့များထက် ငါးပွင့်ဆိုင် က အပြတ်အသတ် အမတ် ၄၆ နေ ရာဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော်လည်း ဝန်ကြီးရာထူး အဝေ မတည့်သောကြောင့် ငါးပွင့်ဆိုင် ခေါင်းဆောင် ဦးဘဖေမှာ အစိုးရ မဖွဲ့နိုင်တော့ချေ။ အမတ် ၁၆ နေရာ သာ ရရှိသည့် ဒေါက်တာ ဘမော်က ညွှန့်ပေါင်းအစိုးရဖွဲ့၍ နန်းရင်းဝန် ရာထူး ရယူ သွားလေသည်။ ဤတွင် ဆရာတော်ဦးဥတ္တမအဖို့ နိုင်ငံရေး သံဝေဂ ရစရာ ကြုံရတော့သည်။ နိုင်ငံရေးသမားအချို့မှာ ဆရာ တော်၏ အရှိန်အဝါဖြင့် ဝန်ကြီး၊ အတွင်းဝန်နှင့် မင်းတိုင်ပင်အမတ် စသည်တို့ ဖြစ်ကုန်ကြသော်လည်း ဆရာတော်ဦးဥတ္တမမှာ ဆီးချိုရော ဂါ လူမမာသည် ဘဝဖြင့် ပြုစုသူ ကင်းကာ ရပ်တည်ရာမရ စိတ်ထင် ရာ ရန်ကုန်လမ်းမ များပေါ်တွင် လျှောက်သွားလျက် ရှိသည်။ ဆရာ တော်သည် ဟောင်းနွမ်းစုတ်ပြတ် နေသော သင်္ကန်းကြီးကို ဖိုသီပတ် သီ ဝတ်ရုံ၍ လွတ်အိတ်ကြီး တစ်လုံး လွယ်ကာ ထီး၊ ဖိနပ်မပါ သတင်းစာ တိုက်များသို့ လျှောက်သွားပြီး အင်္ဂလိပ်၊ မြန်မာ သတင်စာများကို တောင်းယူလေ့ရှိသည်။ ရရှိသော သတင်းစာများကို လမ်းဘေးတိုက် ရိပ်၊ သစ်ပင်ရိပ်များ အောက်တွင် ထိုင်ဖတ်လေ့ရှိသည်။

အသက်အရွယ်ကြီး၍ အိုမင်းနေ သည့် အပြင် ဆီးချိုရောဂါ၊ ခြေ ထောက်အနာကြောင့် ပိန်ချုံးကာ ခပ်ယဲ့ယဲ့မျှပင် သွားလာနေရသည်။ လမ်းတွင် သတိမေ့ လဲပြိုနေသည့် အခါ ဆရာတော်ကို ကြည်ညိုလေး စားသူများက သူတည်းခိုရာသို့ ပို့ဆောင်ပေးကြသည်။ ဆရာတော် ဦးဥတ္တမသည် ကိုယ်စိတ်နှစ်ပါး ဝေဒနာနှစ်ရပ်စလုံး ခံစားနေရလေ သည်။ ဆရာတော်အား ပြုစုသူ ကင်း၍ ဤမျှအခြေအနေဆိုး လာ သည့်အခါ ၁၉၃၉ ခု၊ ဩဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ရခိုင်ရဟန်း တော်များ သမဂ္ဂ အသင်း၏ ၄ ကြိမ် မြောက် အစည်းအဝေးမှ ဆရာ တော်ဦးဥတ္တမအား စောင့်ရှောက် ရန် ဆုံးဖြတ်ကြသည်။ ငါးပွင့်ဆိုင်အဖွဲ့ကိုလည်း ပြစ်တင် ဝေဖန်ကြသည်။ ရခိုင် ရဟန်းတော် များသမဂ္ဂမှ ရဟန်းတော်များသည် ဆရာတော်နေထိုင်ရာ အာစရိယ သမဂ္ဂ အသင်းတိုက်သို့ သွားရောက် တွေ့ဆုံသည့်အခါ သွားရောက် တွေ့ဆုံသူများကို မတွေ့မခံ ငြင်း ဆန်လျက် သတိ မကောင်းတော့ပဲ လုပ်ချင်ရာ လုပ်နေ လေပြီ။ သည်တွင် သူရိယ တိုက်အုပ် ဦးဘကလေး၏ အကူအညီဖြင့် ရခိုင် သံဃာတော်များက ဆရာတော် ဦးဥတ္တမအား ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ ကုသကြရသည်။ ဩဂုတ်လ ၂၅ ရက်နေ့တွင် သူရိယဦးဘက လေး၊ မြို့တော်ဝန် ဦးဘဝင်း၊ ကပ္ပတိန် ဘဖူးတို့ ဆေးရုံသို့ သွား ရောက်၍ ဆရာတော်အားအားပေး စကားပြေကြားရာ ဆရာတော်မှာ စကား ပီသအောင် ပြောနိုင်၍ သတိလစ်ခြင်း မရှိတော့ပေ။ ဩဂုတ်လ ၂၇ ရက်နေ့တွင် ဦးဘက လေး အကူအညီဖြင့်ပင်ကုသိုလ်ခန်း မှ အထူးခန်း ၁၃ ခုတင်နံပါတ် ၁၁ သို့ ပြောင်းရွှေ့ကုသသည်။ ဆရာဝန်ကြီးများက အထူးဂရုစိုက် ကုသကြသည့်အတွက် ဆရာတော်၏ ဝေဒနာမှာ သက်သာစ ပြုလာ သည်။ သို့သော် မအူပင်ထောင် ကျစဉ်အခါကပင် နှစ်ရှည်လများ စွဲကပ်လာသော ဆီးချို ခြေထောက် ကင်ဆာရောဂါမှာ ရိုးရိုးကုသ၍ မဖြစ်နိုင်တော့၊ ခြေထောက်ဖြတ် ကုမှသာ အသက်ရှင်နိုင်တော့မည်။

ဆရာဝန်ကြီးများက ဦးဘကလေးအား အကြံပေးသဖြင့် ဆရာတော်အား လျှောက်ထားရာ ဆေးရုံပေါ်မှ ဇွတ်ဆင်း၍ ၄၆ လမ်း ကုလား အသင်းတိုက်ပေါ်တွင် သွား ရောက် သီတင်းသုံးနေလေသည်။ ဆေးရုံမှ ဆင်းလာ ကတည်းက ဆရာတော်၏ ဆီးချိုရောဂါမှာ တစ်နေ့တစ်ခြား ပြင်းထန်ဆိုးရွား လျက် သတိမရတစ်ချက် ရတစ်ချက် ဖြင့် ဝေဒနာကို အလူးအလဲ ခံစား နေရလေသည်။ သို့ဖြင့် သူရိယ ဦးဘကလေးနှင့် (+)သံဃာတော် များက ဆရာတော်ဦးဥတ္တမအား ၄၆ လမ်း၊ ကုလားအသင်းတိုက်မှ ပုစွန်တောင် ညောင်တုန်းကျောင်း တိုက် မင်္ဂလာစံကျောင်းသို့ ပင့် ဆောင်ကြသည်။ ဆရာတော်အား ပြုစုရန် ကပ္ပိယများ ငှားရမ်း၍ မြန်မာအနာပေါက် သမားတော်ကြီး ဦးဘိုးရွှေနှင့် ကုသ ကြပြန်သည်။ သို့သော်လည်း ဆရာတော်၏ ရောဂါဝေဒနာမှာ ကုသ၍ ရတော့ မည့်အခြေအနေတွင် မရှိတော့ပေ။

ဤသို့ဖြင့် ဦးဥတ္တမဆရာတော်ကြီး သည် ရောဂါဝေဒနာများကို ပြင်း ထန်စွာခံစားရင်း ၁၉၃၉ ခု၊ စက်တင် ဘာ ၉ ရက်၊ စနေနေ့သို့ အဝင် ညဉ့် သန်းခေါင်ကျော် ၁ နာရီ ၃၅ မိနစ် အချိန်၊ သက်တော် ၆၀ ကျော်တွင် ပျံလွန်တော်မူရှာ လေသည်။ ဆရာတော်ဦးဥတ္တမသည် ဆင်းရဲ ဒုက္ခအမျိုးမျိုး ကြုံတွေ့လျက် ပျံလွန်တော်မူခဲ့ ရသော်လည်း ဆရာတော်၏ ဈာပနမှာ စည်ကား သိုက်မြိုက်စွာဖြင့် ပြည်သူများက နောက်ဆုံးဂါရဝပြု သဂြိုဟ်ခဲ့ ကြ သည်။
၁၉၄၀ ခု၊ မတ်လ ၂၀ ရက်နေ့၊ ညနေ ၃ နာရီတွင် ဆရာတော်ရုပ် ကလာပ် ကို ပုဇွန်တောင်ညောင်တုန်း ကျောင်း တိုက်မှ ရွှေတိဂုံဘုရား ခြေရင်းသို့ ပင့်ဆောင်ကြသည်။ ဆရာတော်ဦးဥတ္တမ၏ အလောင်း တော်ပင့်ရာတွင် ရှေ့ဆုံးမှ သံဃာ တော်များ၊ အောင်ဇေယျတု ဦးဘိုး ဘကိုယ်တိုင် ရေးဆွဲသော ဦးဥတ္တမ ပုံတော်ကို လှပစွာပြင်ဆင်ထား သည့် မော်တော်ယာဉ်ဆရာတော် ၏ အလောင်းတော်တင် ကရဝိတ် ဖောင်ပေါ်တွင် ယိမ်းအကများ လိုက် ပါလျက် ရန်ကုန်မြို့အမျိုးသမီး လွတ်လပ်ရေးအဖွဲ့ အမျိုးသမီး များ စွာတို့က ကြိုးဖြင့်ဆွဲ၍ သယ်ဆောင် လာကြသည်။
အလောင်းတော် ပင့်ဆောင်ရာတွင်
(၁) ရခိုင် သံဃာတော်များအဖွဲ့
(၂) သသန ဝေပုလ္လရဟန်းပျိုအဖွဲ့
(၃) သက်ပန် ဂဠုန် ဂျီစီဘီအေ
(၄)မြန်မာ တရုတ် ဗုဒ္ဓဘာသာ
အစည်း အရုံး
(၅)တရုတ် မြန်မာ သမဂ္ဂအသင်း
(၆) တရုတ်လူငယ်များ သမဂ္ဂ အသင်း၊
(၇) တရုတ်မြန်မာ ပေါင်းသင်းဆက် ဆံရေးအသင်း၊
(၈) ရန်ကုန်လွတ်လပ်ရေးအမျိုး သမီး အသင်း၊
(၉) ကြည့်မြင်တိုင်အခွန်ထမ်း အသင်း၊
(၁၀) ရန်ကုန်လွတ်လပ်ရေး အမျိုး သားအသင်း၊
(၁၁) ရခိုင်လူငယ်များ၊
(၁၂) ရန်ကုန်မြင်းလှည်းအသင်း၊
(၁၃) ဗိုလ်တထောင်ဘတ်(စ်)ကားအသင်း၊
(၁၄) ပုည ကုသလအသင်း၊
(၁၅) ဗဟိုအခွန်ထမ်းအဖွဲ့၊
(၁၆) တာမွေလုံးဆိုင်ရာ အခွန်ထမ်းအဖွဲ့၊
(၁၇) ဟိန္ဒူဘော်လန်တီယအသင်း၊ (၁၈) ကျောက်မြောင်း လက်ရုံးတပ်၊ (၁၉) ကျောက်မြောင်းတို့ဗမာ အစည်းအရုံး၊
(၂၀) ရန်ကုန်မြို့လုံးဆိုင်ရာ သခင်ကိုယ်တော်မှိုင်း ကြီးမှူးသည့် တို့ဗမာအစည်းအရုံးကြီး၊
(၂၁) သူရိယသတင်းစာတိုက်သား
များ၊ မျိုးချစ်ပုဂ္ဂိုလ်များ စသည်ဖြင့် ပါဝင်ပို့ဆောင်ကြသည်။

ဆရာတော်၏ နောက်ဆုံးခရီး အန္တိမ ဈာပနကို ၁၉၀၄၀ ခု၊ မတ်လ ၂၂ ရက်၊ တပေါင်းလပြည့်နေ့တွင် ရွှေတိဂုံ ခြေတော်ရင်းတွင်စည်ကား သိုက်မြိုက်စွာဖြင့်ပင် သဂြိုဟ်ခဲ့ ကြလေသည်။

ကျော်မြင့်လွင်
(ကိုလိုနီခေတ်ဦး ပထမစာမျက်နှာ မျိုးချစ်အာဇာနည်(သို့မဟုတ်) မျဉ်းဖြောင့်ပေါ်မှာ အာရှကြယ်နီ စာအုပ်မှ)

Leave a Reply