အိမ္ျဖဴေတာ္ထဲမွာ ဘာေတြရွိသလဲ

Posted on

အိမ္ျဖဴေတာ္ဆုိတာနဲ႔ အေမရိကန္ႏုိင္ငံရဲ႕ အထင္ကရေနရာတစ္ခုဆုိတာ အားလုံးသိၿပီးျဖစ္မွာပါ။ အိမ္ျဖဴေတာ္ရဲ႕အေၾကာင္းကို ေရးခဲ့ၿပီးပါၿပီ။ မဖတ္ရေသးသူမ်ား ဒီမွာ သြားဖတ္ႏုိင္ပါတယ္။ အခုတစ္ခါေတာ့ အိမ္ျဖဴေတာ္ထဲမွာ ရွိတဲ့ေနရာေတြအေၾကာင္းကို သုတဇုန္မိတ္ေဆြမ်ားအတြက္ ဗဟုသုတအေနနဲ႔ မွ်ေ၀သြားပါမယ္။

အိမ္ျဖဴေတာ္ရဲ႕အက်ယ္ဟာ ၅၅၀၀၀ စတုရန္းေပခန္႔ ရွိၿပီး ဒီအထဲမွာ အခန္းေပါင္း ၁၃၂ခန္း ၊ ကုိယ္လက္သန္႔စင္ခန္းေပါင္း ၃၅ခန္း ၊ တံခါးေပါင္း ၄၁၂ေပါက္ နဲ႔ ျပတင္းေပါက္ေပါင္း ၁၄၇ေပါက္ ပါ၀င္ပါတယ္။ ဒါ့အျပင္ မီးလင္းဖိုေပါင္း ၂၈ ခု၊ ေလွခါးအိမ္ ၈ ခုန႔ဲ ဓာတ္ေလွခါး ၃ ခုတို႔ပါဝင္ပါေသးတယ္။

အိမ္ျဖဴေတာ္မွာ ႀကီးမားတဲ့ မီးဖုိးေခ်ာင္ႀကီးတစ္ခုလည္း ပါရွိပါတယ္။ လူ ၁၄၀ စာကုိ အလုံအေလာက္ခ်က္ေပးႏုိင္တဲ့ ကမာၻ႔အဆင့္မီ စားဖုိမွဴးမ်ားရွိပါတယ္။ လူ ၁၄၀ လုိ႔ဆုိရျခင္းက အိမ္ျဖဴေတာ္ရဲ႕ စားေသာက္ခန္းမဟာ တစ္ၿပဳိင္နက္ လူ ၁၄၀ပဲ ဆန္႔လုိ႔ျဖစ္ပါတယ္။

အခန္းေတြရာခ်ီရွိတဲ့အထဲမွာ နာမည္အႀကီးဆုံးကေတာ့ Oval Office လုိ႔ အားလုံးသိၾကတဲ့ ဘဲဥပုံသ႑ာန္ရုံးခန္းျဖစ္ပါတယ္။ အဲဒီရုံးခန္းထဲမွာ သမၼတအသုံးျပဳဖုိ႔ ႀကီးမားတဲ့စားပြဲႀကီးတစ္လုံးရွိပါတယ္။ အိမ္ျဖဴေတာ္မွာ စားပြဲေတြမ်ားစြာရွိတဲ့အထဲမွာ ဒီစားပြဲက နာမည္ႀကီးပါတယ္။ အေၾကာင္းကဒီလုိပါ၊

ဒီစားပြဲကိုေတာ့ ၁၈၅၀ခုႏွစ္မွာ အဂၤလန္ေရတပ္မေတာ္သေဘၤာ HMS Resolute ဆီက သစ္ေတြနဲ႔ျပဳလုပ္ထားတာျဖစ္ပါတယ္။ ၁၈၇၉ခုႏွစ္မွာ အဲဒီစားပြဲကုိ ၿဗိတိန္ ၀ိတုိရိယဘုရင္မႀကီးက အေမရိကန္ ၁၉ဆက္ေျမာက္ သမၼတ Rutherford B. Hayes ကုိလက္ေဆာင္ေပးခဲ့တာပဲျဖစ္ပါတယ္။

အဲဒီ Oval Office ထဲမွာ တံခါးမႀကီး ၄ခုရွိပါတယ္။ တံခါးတစ္ခုက စားေသာက္ခန္းအငယ္စားေလး နဲ႔ စာဖတ္ခန္းဆီေရာက္ပါတယ္။ တံခါးမႏွစ္ခုကေတာ့ အိမ္ျဖဴေတာ္ရဲ႕ အေနာက္ဘက္အေဆာင္ကိုေရာက္ပါတယ္။ အေနာက္ဘက္ေဆာင္မွာ ဒုသမၼတနဲ႔ အျခားအေရးႀကီးတဲ့ အစုိးရအဖြဲ႔၀င္ေတြရဲ႕ရုံးခန္းရွိပါတယ္။

ေနာက္ဆုံးတံခါးကေန ထြက္လုိက္ရင္ေတာ့ အလြန္လွပတဲ့ ႏွင္းဆီပန္းၿခံထဲကုိေရာက္မွာပဲျဖစ္ပါတယ္။ Oval Office ရဲ႕နံရံမွာေတာ့ ထင္ရွားတဲ့ပန္းခ်ီကားေပါင္းမ်ားစြာကုိ ခ်ိတ္ဆြဲထားပါတယ္။ ဒီပန္းခ်ီကားေတြကုိေတာ့ ျပတုိက္ေတြကေန ယူထားတာျဖစ္ၿပီး ေနာက္ထပ္ သမၼတသစ္တစ္ေယာက္တက္တဲ့အခါ ကုိယ္မႀကဳိက္တဲ့ပန္းခ်ီကားကို ျဖဳတ္ကာ ႀကဳိက္ႏွစ္သက္တဲ့ပန္းခ်ီကားနဲ႔ အစားထုိးခြင့္ရွိၿပီး နံရံရဲ႕အေရာင္ကိုလည္း သူ႔စိတ္ႀကဳိက္အေရာင္သုတ္ခြင့္ရွိပါတယ္။

ေနာက္ထပ္ထင္ရွားတဲ့ အခန္းေတြကေတာ့ အစုိးရအစည္းေ၀းခန္း ၊ အေျခအေနေစာင့္ၾကည့္ေရးခန္း ၊ သမၼတအေရးေဖာ္ operationမ်ား ျပဳလုပ္ခန္း ၊ ရုစဗဲ့အခန္း ၊ လင္ကြန္းအိပ္ခန္း ၊ လင္ကြန္းစာဖတ္ခန္း ၊ ေျမပုံခန္း၊ ဘုရင္မအခန္း ေတြျဖစ္ပါတယ္။ ဘုရင္မအခန္းကေတာ့ အေမရိကန္ကုိလာေရာက္လည္ပတ္ခဲ့တဲ့ အဂၤလန္ ၊ နယ္သာလန္ ၊ နိေပါ ၊ ေနာ္ေ၀ ၊ ဂရိ စတဲ့ႏုိင္ငံေတြရဲ႕ဘုရင္မေတြ ေနထုိင္ခဲ့တဲ့အခန္းျဖစ္ပါတယ္။

ဒီအခန္းထဲမွာ တည္းခုိေနထုိင္ဖူးတဲ့ေယာက်ၤားသားတစ္ေယာက္ကေတာ့ ၿဗိတိန္၀န္ႀကီးခ်ဳပ္ ၀င္စတန္ခ်ာခ်ီျဖစ္ပါတယ္။ အစကေတာ့ဒီအခန္းရဲ႕နာမည္က ႏွင္းဆီခန္းျဖစ္ၿပီး ဘုရင္မေတြမ်ားစြာတည္းခုိရာကေန ဘုရင္မအခန္းဆုိၿပီးေျပာင္းေခၚခဲ့တာျဖစ္ပါတယ္။ ထူးထူးျခားျခား အာရွယဥ္ေက်းမႈေတြနဲ႔ျပင္ဆင္ထားတဲ့ အခန္းတစ္ခန္းလည္းရွိပါေသးတယ္။ ဒီအခန္းကုိေတာ့ တရုတ္ခန္း(China Room) လုိ႔ေခၚပါတယ္။

အိမ္ျဖဴေတာ္မွာ သမၼတအပန္းေျဖခန္းလည္းရွိေနပါေသးတယ္။ အေရွ႕ဘက္အေဆာင္မွာ လူ ၄၂ေယာက္ၾကည့္ႏုိင္တဲ့ ရုပ္ရွင္ရုံငယ္တစ္ခုကို သမၼတအပန္းေျဖၾကည့္ရႈ႕ဖုိ႔အတြက္ထားရွိပါတယ္။ Oval Office ရဲ႕အေရွ႕ဘက္မွာေတာ့ သမၼတေတြ အနီးကပ္ ေဂါက္ရုိက္ကြင္းရွိသလုိ ေရကူးကန္တစ္ခုလည္းရွိပါတယ္။

အိမ္ျဖဴေတာ္စာၾကည့္တုိက္ ၊ ဘတ္စကတ္ေဘာကြင္း ၊ တင္းနစ္ကြင္း ၊ ဘုိးလင္းပစ္ခန္းေတြလည္းရွိပါတယ္။ ဒီေနရာကို အမ်ားျပည္သူေတြအား လာေရာက္လည္ပတ္ခြင့္ေပးထားၿပီး တစ္ပတ္ကုိ လူ ၃၀၀၀၀ေက်ာ္ လာေရာက္လည္ပတ္လွ်က္ရွိပါတယ္။ ေအာက္မွာသြားေရာက္လည္ပတ္ခဲ့သူရဲ႕ ဗီဒီယုိကုိတင္ေပးထားပါတယ္။

VIDEO-

————

အိမ်ဖြူတော်ထဲမှာ ဘာတွေရှိသလဲ (unicode)

အိမ်ဖြူတော်ဆိုတာနဲ့ အမေရိကန်နိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ အိမ်ဖြူတော်ရဲ့အကြောင်းကို ရေးခဲ့ပြီးပါပြီ။ မဖတ်ရသေးသူများ ဒီမှာ သွားဖတ်နိုင်ပါတယ်။ အခုတစ်ခါတော့ အိမ်ဖြူတော်ထဲမှာ ရှိတဲ့နေရာတွေအကြောင်းကို သုတဇုန်မိတ်ဆွေများအတွက် ဗဟုသုတအနေနဲ့ မျှဝေသွားပါမယ်။

အိမ်ဖြူတော်ရဲ့အကျယ်ဟာ ၅၅၀၀၀ စတုရန်းပေခန့် ရှိပြီး ဒီအထဲမှာ အခန်းပေါင်း ၁၃၂ခန်း ၊ ကိုယ်လက်သန့်စင်ခန်းပေါင်း ၃၅ခန်း ၊ တံခါးပေါင်း ၄၁၂ပေါက် နဲ့ ပြတင်းပေါက်ပေါင်း ၁၄၇ပေါက် ပါဝင်ပါတယ်။ ဒါ့အပြင် မီးလင်းဖိုပေါင်း ၂၈ ခု၊ လှေခါးအိမ် ၈ ခုနဲ့ ဓာတ်လှေခါး ၃ ခုတို့ပါဝင်ပါသေးတယ်။ အိမ်ဖြူတော်မှာ ကြီးမားတဲ့ မီးဖိုးချောင်ကြီးတစ်ခုလည်း ပါရှိပါတယ်။ လူ ၁၄၀ စာကို အလုံအလောက်ချက်ပေးနိုင်တဲ့ ကမ္ဘာ့အဆင့်မီ စားဖိုမှူးများရှိပါတယ်။ လူ ၁၄၀ လို့ဆိုရခြင်းက အိမ်ဖြူတော်ရဲ့ စားသောက်ခန်းမဟာ တစ်ပြိုင်နက် လူ ၁၄ဝပဲ ဆန့်လို့ဖြစ်ပါတယ်။

အခန်းတွေရာချီရှိတဲ့အထဲမှာ နာမည်အကြီးဆုံးကတော့ Oval Office လို့ အားလုံးသိကြတဲ့ ဘဲဥပုံသဏ္ဍာန်ရုံးခန်းဖြစ်ပါတယ်။ အဲဒီရုံးခန်းထဲမှာ သမ္မတအသုံးပြုဖို့ ကြီးမားတဲ့စားပွဲကြီးတစ်လုံးရှိပါတယ်။ အိမ်ဖြူတော်မှာ စားပွဲတွေများစွာရှိတဲ့အထဲမှာ ဒီစားပွဲက နာမည်ကြီးပါတယ်။ အကြောင်းကဒီလိုပါ၊ ဒီစားပွဲကိုတော့ ၁၈၅ဝခုနှစ်မှာ အင်္ဂလန်ရေတပ်မတော်သင်္ဘော HMS Resolute ဆီက သစ်တွေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ ၁၈၇၉ခုနှစ်မှာ အဲဒီစားပွဲကို ဗြိတိန် ဝိတိုရိယဘုရင်မကြီးက အမေရိကန် ၁၉ဆက်မြောက် သမ္မတ Rutherford B. Hayes ကိုလက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။

အဲဒီ Oval Office ထဲမှာ တံခါးမကြီး ၄ခုရှိပါတယ်။ တံခါးတစ်ခုက စားသောက်ခန်းအငယ်စားလေး နဲ့ စာဖတ်ခန်းဆီရောက်ပါတယ်။ တံခါးမနှစ်ခုကတော့ အိမ်ဖြူတော်ရဲ့ အနောက်ဘက်အဆောင်ကိုရောက်ပါတယ်။ အနောက်ဘက်ဆောင်မှာ ဒုသမ္မတနဲ့ အခြားအရေးကြီးတဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ရုံးခန်းရှိပါတယ်။ နောက်ဆုံးတံခါးကနေ ထွက်လိုက်ရင်တော့ အလွန်လှပတဲ့ နှင်းဆီပန်းခြံထဲကိုရောက်မှာပဲဖြစ်ပါတယ်။ Oval Office ရဲ့နံရံမှာတော့ ထင်ရှားတဲ့ပန်းချီကားပေါင်းများစွာကို ချိတ်ဆွဲထားပါတယ်။ ဒီပန်းချီကားတွေကိုတော့ ပြတိုက်တွေကနေ ယူထားတာဖြစ်ပြီး နောက်ထပ် သမ္မတသစ်တစ်ယောက်တက်တဲ့အခါ ကိုယ်မကြိုက်တဲ့ပန်းချီကားကို ဖြုတ်ကာ ကြိုက်နှစ်သက်တဲ့ပန်းချီကားနဲ့ အစားထိုးခွင့်ရှိပြီး နံရံရဲ့အရောင်ကိုလည်း သူ့စိတ်ကြိုက်အရောင်သုတ်ခွင့်ရှိပါတယ်။

နောက်ထပ်ထင်ရှားတဲ့ အခန်းတွေကတော့ အစိုးရအစည်းဝေးခန်း ၊ အခြေအနေစောင့်ကြည့်ရေးခန်း ၊ သမ္မတအရေးဖော် operationများ ပြုလုပ်ခန်း ၊ ရုစဗဲ့အခန်း ၊ လင်ကွန်းအိပ်ခန်း ၊ လင်ကွန်းစာဖတ်ခန်း ၊ မြေပုံခန်း၊ ဘုရင်မအခန်း တွေဖြစ်ပါတယ်။ ဘုရင်မအခန်းကတော့ အမေရိကန်ကိုလာရောက်လည်ပတ်ခဲ့တဲ့ အင်္ဂလန် ၊ နယ်သာလန် ၊ နိပေါ ၊ နော်ဝေ ၊ ဂရိ စတဲ့နိုင်ငံတွေရဲ့ဘုရင်မတွေ နေထိုင်ခဲ့တဲ့အခန်းဖြစ်ပါတယ်။ ဒီအခန်းထဲမှာ တည်းခိုနေထိုင်ဖူးတဲ့ယောင်္ကျားသားတစ်ယောက်ကတော့ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီဖြစ်ပါတယ်။ အစကတော့ဒီအခန်းရဲ့နာမည်က နှင်းဆီခန်းဖြစ်ပြီး ဘုရင်မတွေများစွာတည်းခိုရာကနေ ဘုရင်မအခန်းဆိုပြီးပြောင်းခေါ်ခဲ့တာဖြစ်ပါတယ်။ ထူးထူးခြားခြား အာရှယဉ်ကျေးမှုတွေနဲ့ပြင်ဆင်ထားတဲ့ အခန်းတစ်ခန်းလည်းရှိပါသေးတယ်။ ဒီအခန်းကိုတော့ တရုတ်ခန်း(China Room) လို့ခေါ်ပါတယ်။

အိမ်ဖြူတော်မှာ သမ္မတအပန်းဖြေခန်းလည်းရှိနေပါသေးတယ်။ အရှေ့ဘက်အဆောင်မှာ လူ ၄၂ယောက်ကြည့်နိုင်တဲ့ ရုပ်ရှင်ရုံငယ်တစ်ခုကို သမ္မတအပန်းဖြေကြည့်ရှု့ဖို့အတွက်ထားရှိပါတယ်။ Oval Office ရဲ့အရှေ့ဘက်မှာတော့ သမ္မတတွေ အနီးကပ် ဂေါက်ရိုက်ကွင်းရှိသလို ရေကူးကန်တစ်ခုလည်းရှိပါတယ်။ အိမ်ဖြူတော်စာကြည့်တိုက် ၊ ဘတ်စကတ်ဘောကွင်း ၊ တင်းနစ်ကွင်း ၊ ဘိုးလင်းပစ်ခန်းတွေလည်းရှိပါတယ်။ ဒီနေရာကို အများပြည်သူတွေအား လာရောက်လည်ပတ်ခွင့်ပေးထားပြီး တစ်ပတ်ကို လူ ၃၀၀၀၀ကျော် လာရောက်လည်ပတ်လျှက်ရှိပါတယ်။ အောက်မှာသွားရောက်လည်ပတ်ခဲ့သူရဲ့ ဗီဒီယိုကိုတင်ပေးထားပါတယ်။

Leave a Reply