ေကာလိပ္ဂ်င္ ေန၀င္း (သို႔မဟုတ္) ထာ၀ရ ရွင္သန္ေနမည့္ သူ႔နာမည္

Posted on

Written By ေကျမဴး

၁၉၈၃ ခုႏွစ္၊ ဇြန္လ ၂ ရက္ေန႔ နံနက္ (၀၅း၀၅) နာရီတြင္ ရန္ကုန္ ေဆး႐ံုႀကီး တြင္ သူ ကြယ္လြန္ ခဲ့သည္။ သူ ကြယ္လြန္သည့္ သတင္းက ရန္ကုန္ၿမိဳ႕ တြင္းသို့ ပ်ံ႔ႏွံ႔သြားၿပီး ေနာက္ ဆက္လက္၍ ျမန္မာျပည္ အႏွံ႔ အျပားသို့ ေရာက္ရွိ သြားခဲ့သည္။ သူ႔ကို ခ်စ္ခင္ ေလးစားေသာ ျပည္သူတုိ႔သည္ ႏွေမ်ာတသ ၾကသည္။ ေၾကကဲြ ၀မ္းနည္းၾကသည္။ သူ႔အား နာနတ္ေတာ ခရစ္ယာန္ သခ်ဳႋင္းတြင္ ဂူသြင္း သၿဂႋဳဟ္စဥ္က ၾကက္ပ်ံမက် စည္ကားလွေအာင္ သူ႔ကို ခ်စ္ခင္ ေလးစားေသာ ျပည္သူတုိ႔က လုိက္ပါပို႔ ေဆာင္ခဲ့ၾကသည္။

သူ႔ဘ၀ အစသည္ ခက္ခဲၾကမ္းတမ္း လြန္းလွသည္။ သို႔ေသာ္ သူ႔တြင္ ဇဲြ၊ လံု႔လ၊ ၀ီရိယဟူသည့္ ႀကိဳးစား အားထုတ္မႈ၏ အရင္းအႏွီးမ်ား၊ ႐ိုးသား ျဖဴစင္မႈမ်ား၊ စာနာ ေထာက္ထား မႈမ်ား မုန္းသူ မရွိဘဲ ခ်စ္သူသာ ရွိေအာင္ ျပဳမူ ေနထုိင္ ႏုိင္မႈမ်ားကို ပိုင္ဆုိင္မႈေၾကာင့္ နယ္ပယ္စံုမွ သူလုပ္သမွ် ေအာင္ျမင္မႈ ရခဲ့သည္။ သူသည္ သူႏွင့္ ေခတ္ၿပိဳင္ မ်ဳိးဆက္မ်ား သာမက အသစ္ေပၚ ထြန္းေနဆဲ ရွိေသာ မ်ဳိးဆက္တုိင္း အတြက္ အားက်ဖြယ္၊ အတုယူဖြယ္၊ ေလးစားဖြယ္ ေကာင္းလွသူ ျဖစ္သည္။

၂၀၁၃ ခုႏွစ္၊ ဇြန္လ ၂ ရက္ေန႔တြင္ သူကြယ္လြန္ခဲ့သည္မွာ ႏွစ္(၃၀) ရွိၿပီျဖစ္ၿပီး ယခုဆုိလွ်င္ ၃၄ႏွစ္ ေက်ာ္ရွိၿပီျဖစ္သည္။ ေသေသာသူ ၾကာလွ်င္ေမ့ဆိုေသာ္လည္း သူ႔ကို ခ်စ္ခင္ ေလးစားေသာ ျပည္သူမ်ားက ေမ့မရႏုိင္ၾကေသး။ ဟသၤာတၿမိဳ႔နယ္ ေညာင္ပင္ သာရြာ တြင္ ရဲ၀န္ေထာက္ ဦးသက္ေဖႏွင့္ ဆရာမ ေဒၚတင္တုိ႔မွ ၁၉၂၈ ခုႏွစ္၊ ေအာက္တုိဘာလ ၁ ရက္ေန့တြင္ သူ႔ကိုဖြားျမင္ခဲ႕သည္။ ငယ္နာမည္မ်ား ျဖစ္ေသာ ပါပူးႏွင့္ ေနဒြန္း မွာ လူသိမ်ားသည္။ ဟသၤာတၿမိဳ႔မွ မစၥတာ ကန္မင္း၊ မစ္ရွင္ေက်ာင္းတြင္ ပညာ သင္ၾကားခဲ့သည္။ ဘ၀ေပး အေျခအေနအရ ႏြားႏုိ႔ လွည့္လည္ ေရာင္းခ်ၿပီး ပညာ သင္ၾကားခဲဲ့ရသည္။ ၀ါသနာ အေလ်ာက္ ေဘာလံုး ကိုလည္း ႀကိဳးစား ကစားခဲ့သည္။ ပညာ တပိုင္းတစႏွင့္ ေက်ာင္းမွ ႏႈတ္ထြက္ၿပီး ၁၉၄၅ ခုႏွစ္တြင္ တပ္မေတာ္ (ေရ)တြင္ သာမန္ ေရတပ္ သားကေလး ဘ၀ျဖင့္ ၀င္ေရာက္ ခဲ့သည္။ ေရ တပ္သားေလး အျဖစ္ တာ၀န္ ထမ္းေဆာင္ရင္း ေဘာလံုးကစားရာမွ ၁၉၄၉ ခုႏွစ္တြင္ တပ္မေတာ္ (ေရ) လက္ေရြးစင္ ေဘာလံုးသမား ျဖစ္႐ံုမွ်မက ထူးထူးခြၽန္ခြၽန္ ကစားႏုိင္မႈေၾကာင့္ ၁၉၅၀ ျပည့္ႏွစ္တြင္ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) လက္ေရြးစင္ ေဘာလံုးသမား အျဖစ္ ေရြးခ်ယ္ခံ ခဲ့ရသည္။

တပ္မေတာ္ (ေရ)တြင္ တာ၀န္ ထမ္းေဆာင္ၿပီး တပ္မေတာ္ကို ကိုယ္စားျပဳ ေဘာလံုး ကစား႐ံု မွ်မက တစ္ဘက္က တကၠသိုလ္၀င္တန္း ေအာင္ျမင္ ေအာင္လည္း သူက ႀကိဳးပမ္း အားထုတ္ခဲ့ရာ ၁၉၅၁ ခုႏွစ္တြင္ တကၠသိုလ္၀င္တန္း ေအာင္ျမင္ခဲ့သည္။ တပ္မေတာ္ (ေရ)မွ ႏႈတ္ထြက္ၿပီး ၁၉၅၂ ခုႏွစ္တြင္ ရန္ကုန္ တကၠသိုလ္သို႔ ဆက္လက္ တက္ေရာက္ ခဲ့သည္။ တကၠသိုလ္ တက္ေရာက္စဥ္ တကၠသိုလ္ အားကစား အရာရွိ ဦးၿငိမ္း၏ ေစာင့္ေရွာက္မႈျဖင့္ ဦးၿငိမ္းႏွင့္ အတူ အေဆာင္တြင္ မွီခို ေနထုိင္ၿပီး ပညာသင္ ၾကားခဲ့သည္။

တစ္ဖက္ကလည္း တကၠသိုလ္ ေရကူးကန္ ႀကီးၾကပ္ေရးမွဴး တာ၀န္ကိုပါသူ ထမ္းေဆာင္ ခဲ့သည္။ ထုိ႔ျပင္ တကၠသိုလ္ ေက်ာင္းသားဘ၀မွာပင္ တကၠသိုလ္ လက္ေရြးစင္ ေဘာလံုးသမား အျဖစ္သာမက ျမန္မာ့ လက္ေရြးစင္ ေဘာလံုးသမား အျဖစ္ပါ ေရြးခ်ယ္ခံခဲ့ရသည္။ ျမန္မာ့ လက္ေရြးစင္ အျဖစ္ အိႏၵိယ၊ ပါကစၥတန္၊ တ႐ုတ္၊ ဂ်ပန္ႏွင့္ အင္ဒိုနီးရွား ႏုိင္ငံမ်ားသုိ႔ သြားေရာက္ၿပီး ေဘာလံုး ကစားခြင့္ရခဲ့သည့္ အျပင္ ျမန္မာႏုိင္ငံ ေဘာလံုး အဖဲြ႔ခ်ဳပ္မွ သူ႔အား ၁၉၅၆ခုႏွစ္ အေကာင္းဆံုး ေဘာလံုးသမား အျဖစ္ သတ္မွတ္ခ်ီးျမႇင့္ခဲ့သည္။ ႏုိင္ငံကုိယ္စားျပဳ လက္ေရြးစင္ ေဘာလံုးသမားႏွင္႕ တကၠသိုလ္ လက္ေရြး စင္ ေဘာလံုးသမားအေနျဖင့္ ပညာသင္ ၾကားခဲ႕ရာ ၁၉၅၈ ခုႏွစ္တြင္ ရန္ကုန္ တကၠသိုလ္မွ ဘီေအဘဲြ႔ကို ရရွိခဲ႕သည္။ ဘြဲ႔ရၿပီးခ်ိန္တြင္ မီးရထားဌာနတြင္ မီးရ ထားအရာရွိတာ၀န္ ထမ္းေဆာင္ခြင့္ရရန္ သူဆက္သြယ္ ညိႇႏိႈင္းခဲ့သည္။

မီးရထားဌာနတြင္ တာ၀န္ ထမ္းေဆာင္ရန္ သူဆက္သြယ္ ညိႇႏိႈင္း ေနစဥ္မွာပင္ ဇမၺဴေအး ႐ုပ္ရွင္မွ ဒါ႐ိုက္တာ ဦးခ်င္းစိန္က စာေရးဆရာႀကီး ဇ၀န၏ ေအာင္ျမင္ ေက်ာ္ၾကား လွသည္႕ ေကာလိပ္ေက်ာင္း သား၀တၴဳအား ေကာလိပ္ဂ်င္အမည္ျဖင့္ ႐ုပ္ရွင္ ႐ိုက္ကူးရန္ စီစဥ္ ေနၾကသည္။ ေကာလိပ္ေက်ာင္းသား၏ အဓိက ဇာတ္ ေဆာင္သိန္းေဖ အျဖစ္ ေက်ာ္ၾကားဆဲ မင္းသားမ်ားကို အသံုး မျပဳလုိဘဲ သိန္းေဖ၏ စ႐ိုက္ႏွင့္ အံ၀င္ဂြင္က် ျဖစ္သည့္ တကၠသိုလ္ ေက်ာင္းသားကိုသာ စိစစ္ေရြး ခ်ယ္ပြဲထုတ္ရန္ ရည္ရြယ္သျဖင့္ ဒါ႐ိုက္တာ ဦးခ်င္းစိန္မွ ဦးၿငိမ္းအား သင့္ေလ်ာ္သူ ရွာေဖြေပးရန္ အကူအညီ ေတာင္းခံခဲ့သည္။ ဦးၿငိမ္း၏ တုိက္တြန္းအားေပးမႈျဖင့္ သ႐ုပ္ေဆာင္ လုပ္ရန္ သူပိုင္းျဖတ္ၿပီး ဒါ႐ိုက္တာ ဦးခ်င္းစိန္ႏွင့္ ေတြ႔ဆံုခဲ့သည္။

ဒါ႐ိုက္တာ ဦးခ်င္းစိန္မွာ သ႐ုပ္ေဆာင္သစ္မ်ား ျဖစ္ေသာ ေအ၀မ္းေ၀ဇင္၊ ေမျမ၊ ေအ၀မ္း သိန္းေဇာ္၊ ေမလြင္ျမင့္ေအာင္ႏွင့္ ျမင့္စိုးတုိ႔အား ေမြးထုတ္ခဲ့ ႐ံုမွ်မက ဗုိလ္ျမဒင္ ႐ုပ္ရွင္ကားျဖင့္ ဇာတ္ပို႔ ထြန္းေ၀အား ဇာတ္ေဆာင္ မင္းသား အျဖစ္ လွ်မ္းလွ်မ္းေတာက္ ေက်ာ္ၾကားေစၿပီး အကယ္ဒမီ ပါရေစခဲ့သည့္ ဒါ႐ိုက္တာႀကီး ျဖစ္သည္။ သူ႔အား ေတြ႔ဆံုၿပီးသည္ႏွင့္ မ်က္ႏွာသြင္ျပင္၊ သြားလာ လႈပ္ရွားမႈ၊ ေျပာဟန္ ဆုိဟန္ႏွင့္ သူ႔တြင္ ကိန္းေအာင္းေနသည့္ သ႐ုပ္ေဆာင္ဗီဇ (Talent) တုိ႔ႏွင့္ ေပ်ာ္ ေပ်ာ္ပါးပါး သြက္သြက္ လက္လက္ေနတတ္သည့္ ေက်ာင္းသား သိန္းေဖ၏ စ႐ိုက္ ကုိက္ညီေနသည္ကို ဒါ႐ိုက္တာ ဦးခ်င္းစိန္က သိလုိက္သည္။ ၿပီးေတာ့ ဦးခ်င္းစိန္က သူ႔အား ထုိစဥ္က ထင္ရွားေနေသာ အကယ္ဒမီ ဖိုးပါႀကီးကဲ့သုိ႔ ကြၽဲေကာ္မ်က္မွန္ကိုလည္း တပ္ဆင္ သ႐ုပ္ေဆာင္ ေစခဲ့သည္။

ထုိ႔ေနာက္ စာေရးဆရာ၊ သတင္းစာ ဆရာ ေမာင္ေန၀င္းႏွင့္ စာေရးဆရာႏွင့္ ႐ုပ္ရွင္ဇာတ္ပို႔ လုပ္ေနသူ တကၠသိုလ္ ေန၀င္းတုိ႔ ရွိႏွင့္ၿပီး ျဖစ္၍ ေဘာလံုးသမား ေန၀င္း အျဖစ္ ေက်ာ္ၾကား ၿပီး သူ႔အမည္ကိုလည္း မေျပာင္းလဲလုိေတာ့၍ ေန၀င္း (ဘီေအ) ဟူသည့္ သ႐ုပ္ေဆာင္ အမည္ကို ကင္ပြန္းတပ္ ေပးခဲ့သည္။ ေကာလိပ္ဂ်င္ ႐ုပ္ရွင္ကားတြင္ ေန၀င္း(ဘီေအ)ႏွင့္ အတူ ထပ္ဆင့္ အကယ္ဒမီ ျမင့္ျမင့္ခင္၊ သိန္းေဆြျမင့္ (ယခု ဇာတ္ပို႔ ဦး၀င္းေဆြ)၊ ခ်စ္ေဆြေလးႏွင့္ ေရႊစင္ေမတုိ႔အား ဦးေဆာင္ သ႐ုပ္ ေဆာင္ေစခဲ့သည္။

ေကာလိပ္ဂ်င္ ႐ုပ္ရွင္ကားအား ၁၉၅၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလတြင္ ႐ံုတင္ခဲ့ရာ ႐ံုတင္စက ေက်ာ္ၾကားဆဲ မင္းသား မဟုတ္ဘဲ မင္းသားသစ္ ေန၀င္း (ဘီေအ) ႏွင့္ သူ႔ပံုပန္းသ႑ာန္ကို ၾကည့္ၿပီး လူမ၀င္ခဲ့၊ ၀င္ၾကည့္မိသမွ် လူနည္းစု၏ တစ္ဆင့္ စကားျဖင့္ တျဖည္းျဖည္း လူၾကည့္ မ်ားလာၿပီး ၀င္ေငြစံခ်ိန္ တင္သည္ အထိ လူႀကိဳက္မ်ားခဲ့သည္။ ေန၀င္း (ဘီေအ) အစား ႐ုပ္ရွင္ၾကည့္ ပရိသတ္ကလည္း သူ႔အား ေကာလိပ္ဂ်င္ ေန၀င္းဟု ေျပာင္းလဲ သတ္မွတ္ခဲ့ၾကသည္။ ေကာလိပ္ဂ်င္႐ုပ္ရွင္ ကားမွ သူ႔စကား “ေၾကပါတယ္ မေအးစိန္” မွာလည္း ျပည္သူၾကားသို႔ အရွိန္အဟုန္ျဖင့္ ထုိးေဖာက္ ေရာက္ရွိခဲ့သည္။

ေကာလိပ္ဂ်င္ ႐ုပ္ရွင္တစ္ကားတည္းျဖင့္ ဟာသသ႐ုပ္ေဆာင္ မင္းသား အျဖစ္ ႐ုပ္ရွင္ၾကည့္ ပရိသတ္က သူ႔အား တခဲနက္ အားေပးခဲ့သျဖင့္ ႐ုပ္ရွင္ၾကည့္ ပရိသတ္ ေပးေသာ ေကာလိပ္ဂ်င္ ေန၀င္း အမည္ျဖင့္ပင္ ဟာသ ႐ုပ္ရွင္ကားမ်ား ဆက္တုိက္ ႐ိုက္ကူးခြင့္ ရခဲ့သည္။ ဟာသ သ႐ုပ္ေဆာင္ မင္းသားအျဖစ္ ေက်ာ္ၾကား ေနေသာ ေကာလိပ္ဂ်င္ေန၀င္းအား ဇမၺဴေအး ႐ုပ္ရွင္မွ ဒါ႐ိုက္တာ ေမာင္ေမာင္ေသာင္းက မုန္း႐ုပ္ရွင္ကားျဖင့္ တည္တည္ ၿငိမ္ၿငိမ္ သဘာ၀ ဇာတ္႐ုပ္ကို ေျပာင္း၍ သ႐ုပ္ေဆာင္ေစရာတြင္လည္း ေအာင္ျမင္ခဲ့ ျပန္သည္။ ထုိ႔ေနာက္ ဟာသ႐ုပ္ရွင္ကား မ်ားႏွင့္ သဘာ၀ ႐ုပ္ရွင္ကားမ်ား အျပင္ အခ်ဳိ႔ ဒါ႐ိုက္တာမ်ားက လႈပ္ရွားမႈ (Action) အသားေပး ကားမ်ားကိုပါ အခါ အားေလ်ာ္စြာ ႐ိုက္ကူး သ႐ုပ္ေဆာင္ေစခဲ့ၾကသည္။

မန္းသူေလးမို႔၊ ခ်စ္အမႊာ၊ ခ်စ္ေပြလီ၊ ေယာကၡမႀကီးေရးတဲ့ ဖူးစာ အိမ္ေထာင္စု၊ သီတာကို ဘယ္သို႔ခ်စ္ရမယ္၊ ေရႊ၀ါ ခ်စ္ထံုးရယ္ေျဖ၊ ခ်စ္ေသာခ်စ္သူရယ္၊ မမုန္းေလနဲ႔ ငပလီစေသာ ဟာသကားမ်ား မုန္း၊ ေမွ်ာ္၊ အေျဖ၊ အကယ္၍သာ ခ်စ္ေျမ၊ ေမတၲာမုိးတေပါက္၊ ဘုရားမွာ တစ္ခါဆံုတယ္။ ပန္းပန္လ်က္ပါ၊ ဇာခန္းစီးေနာက္ကြယ္္မွာ၊ ၀မ္းနည္း၀မ္းသာ၊ ေမာင့္မူပိုင္ရွင္၊ သံေယာဇဥ္၊ေမာင္ခ်စ္ ႏွမခ်စ္၊ စကား၀ါ၊ မတဲ့ အတူေန၊ စိတ္ေစတသိက္၊ တစ္ဦးက ေစတနာ တစ္ဦးက ေမတၲာ၊ ဘမွန္ဘဇံ အေၾကာင္း၊ အကာက အခ်စ္အႏွစ္က ေမတၲာ၊ ပယင္းေရာင္၊ အားႏြဲ႔သူပါရွင္၊ ဆုိကၠားသမားဘခက္၊ သီတာ ၿပံဳး၊ သဘင္သည္ မ၀င္ရ၊ သမီးေခ်ာ၊ ဘံုျပတ္ဘေမာင္ စေသာ သဘာ၀ ႐ုပ္ရွင္ကားမ်ား ေမာင္ ခ်စ္တဲ့သူအငိုတိတ္ေအာင္၊ ေက်ာက္ဘီလူးႏွင့္ ပပ၀င္း၊ ေခြၽးႏွင့္ေသြးႏွင့္ ရင္းသည့္ေျမ၊ သည္ေတာင္ကို ေမာင္ၿဖိဳပါ့မယ္၊ တယ္ တညင္ စေသာ လႈပ္ရွားမႈ အသားေပး ႐ုပ္ရွင္ကားမ်ားတြင္ ေကာလိပ္ဂ်င္ေန၀င္း အမည္ျဖင့္ပင္ သူသ႐ုပ္ေဆာင္ခဲ့သည္။ ေကာလိပ္ဂ်င္ ႐ုပ္ရွင္ ကားမွ စတင္ၿပီး ကြယ္လြန္ခ်ိန္ အထိ က်ရာဇာတ္႐ုပ္တြင္ သူ႔အဆက္ မျပတ္ သ႐ုပ္ေဆာင္ခဲ့ရာ ႐ုပ္ရွင္ကား ႏွစ္ရာ နီးပါးရွိမည္ဟု ခန့္မွန္းရပါသည္။

႐ိုက္ကူးခဲ့ေသာ ႐ုပ္ရွင္ကားမ်ား အနက္ ဒါ႐ိုက္တာ ခင္စိုး၏ ပယင္းေရာင္ ႐ုပ္ရွင္ကားတြင္ ဘ၀ကို နာက်ည္း၍ အရက္၏ ေက်းကြၽန္ျဖစ္ရသူ အျဖစ္ သ႐ုပ္ ေဆာင္ထူးခြၽန္မႈေၾကာင့္ ၁၉၆၉ ခုႏွစ္ အမ်ဳိးသား ဇာတ္ေဆာင္ဆုကို လည္းေကာင္း၊ ဒါ႐ိုက္တာ သုခ၏ အကာကအခ်စ္ အႏွစ္က ေမတၲာတြင္ မိတဆိုးသမီးအား သေဘာမတူသူႏွင့္ ေပါင္းဖက္၍ စြန္႔ပစ္ၿပီး ခါမွ ေျမးကေလးအား တိတ္တခိုး ခ်စ္ရသူ အျဖစ္ သ႐ုပ္ေဆာင္ ထူးခြၽန္မႈေၾကာင့္ ၁၉၇၉ ခုႏွစ္ အမ်ဳိးသားဇာတ္ပို႔ဆုကို လည္းေကာင္း ခ်ီးျမႇင့္ခံခဲ့ရသည္။

ျမန္မာ့ ႐ုပ္ရွင္သမုိင္းတြင္ ဇာတ္ေဆာင္ မင္းသမီး မပါ၀င္ဘဲ ႐ိုက္ကူး ႐ံုတင္ခဲ့သည့္ ႐ုပ္ရွင္ကားအျဖစ္ ဒါ႐ိုက္တာ ၀င္းဦး၏ အတြယ္ အတာႏွင့္ ဒါ႐ိုက္တာခင္ စိုး၏ ဆုိကၠားသမား ဘခက္သာ ရွိခဲ့ပါသည္။ ဆုိကၠားသမား ဘခက္တြင္ ဇာတ္ေဆာင္ မင္းသမီးမ်ား မပါ၀င္ဘဲ ဇာတ္ပို႔မ်ားကို သူပင္ဦးေဆာင္သြားခဲ့ရာ ေကာလိပ္ ဂ်င္ေန ၀င္း၏ အႏုပညာ သတၲိပင္ျဖစ္ပါသည္။ သဘင္သည္ မ၀င္ရ ႐ုပ္ရွင္ကားမွာ သူ ကြယ္လြန္သည္ထိ အခက္အခဲအမ်ဳိးမ်ဳိးေၾကာင့္ ႐ိုက္ကူးၿပီးစီးမႈ မရွိခဲ့၊ သူကြယ္လြန္ သြားေသာအခါ လက္က်န္ ဇာတ္ကြက္မ်ားတြင္ မင္းသား စိန္ျမင့္ကို ဆက္လက္ သ႐ုပ္ေဆာင္ ေစခဲ့ၾကသည္။

မင္းသားႏွစ္ဦး ေျပာင္းလဲခ်ိန္တြင္ ေကာလိပ္ဂ်င္ေန၀င္း၏ စ်ာပန သတင္း အား ၾကားညႇပ္ျပ ခဲ့ၾကသည္။ သဘင္သည္ မ၀င္ရ ႐ုပ္ရွင္ကားအား ႏွစ္ခ်ဳိ႔ ႐ုပ္ရွင္ကားျဖစ္ေသာ္လည္း ႐ုပ္ရွင္ၾကည့္ ပရိသတ္က သူ႔ သံေယာဇဥ္ျဖင့္ တခဲနက္ အားေပးခဲ့ရာ ၀င္ေငြ ေကာင္းမြန္ခဲ့သည္။ ေကာလိပ္ဂ်င္ေန၀င္း၊ ျမတ္ေလး၊ ၾကည္ၾကည္ေဌးႏွင့္ ေဘဘီႏဲြ႔တုိ႔ အားၿပိဳင္ သ႐ုပ္ေဆာင္ေသာ ဒါ႐ိုက္တာ ခ်စ္ခင္၏ ပန္းပန္လ်က္ပါ ႐ုပ္ရွင္ကားမွာ လူႀကိဳက္မ်ား ၀င္ေငြေကာင္း႐ံုမွ်မက ရန္ကုန္ၿမိဳ႔တြင္ ရက္ရွည္ျပသမႈ စံခ်ိန္တင္ ကားအျဖစ္ မွတ္တမ္း တင္ခံခဲ့ရပါသည္။

ေကာလိပ္ဂ်င္ေန၀င္းမွာ သူ၏ ေခြၽးႏွဲစာျဖင့္ မိုးျမင့္ ေသာ္တာ ႐ုပ္ရွင္ကို တည္ေထာင္ၿပီး ဒါ႐ိုက္တာ ေမာင္မိုးသူ၏ တယ္တညင္ႏွင့္ ဒါ႐ိုက္တာ ခင္ေမာင္ရင္၏ ဘမွန္ ဘဇံအေၾကာင္း ႐ုပ္ရွင္ကားမ်ားကို ကိုယ္တုိင္ ထုတ္လုပ္ သ႐ုပ္ေဆာင္ခဲ့သည္။ အခ်ဳိ႔ေအာင္ျမင္ ေက်ာ္ၾကား ေသာ မင္းသားမ်ား ကဲ့သို႔ ဒါ႐ိုက္တာ မလုပ္ဘဲ သ႐ုပ္ ေဆာင္သက္သက္သာ လုပ္ခဲ့သည္မွာလည္း ထူးျခားမႈပင္။

၁၉၇၀ ျပည့္လြန္ ႏွစ္မ်ားမွ စတင္ၿပီး ကက္ဆက္ ဇာတ္လမ္းမ်ား ထြန္းကားခဲ့သည္။ ကက္ဆက္ ဇာတ္လမ္းမ်ားမွာ ကက္ဆက္ သီခ်င္းေခြ မ်ားႏွင့္ အတူ ၿမိဳ႔ျပတြင္ မက ေက်းလက္အထိ အင္အား ႀကီးမားစြာ ျပန္႔ႏွံ႔ခဲ့သည္။ ႐ုပ္ျမင္သံၾကားနွင့္ ဗီဒီယို ႐ုပ္ရွင္ကားမ်ား ထြန္းကားခ်ိန္ တြင္မွ ကက္ဆက္ ဇာတ္လမ္းမ်ား ေစ်းကြက္ပ်က္ သြားခဲ့သည္။ သူကြယ္လြန္ခ်ိန္မွာ ကက္ဆက္ ဇာတ္လမ္းမ်ား ခ်ဳပ္ၿငိမ္းသြားသည္ဟု ဆုိႏုိင္ပါသည္။

ကက္ဆက္ ဇာတ္လမ္းမွာ အသံျဖင့္ သ႐ုပ္ေဆာင္ျပရျခင္းျဖစ္ရာ ႐ုပ္ရွင္၊ ဗီဒီယိုႏွင့္ ျပဇာတ္မွာ ကဲ့သို႔ မ်က္ႏွာ အမူအရာႏွင့္ ကိုယ္ခႏၶာ အစိတ္အပိုင္းမ်ားကို လႈပ္ရွား မႈကို ျပခြင့္မရပါ။ အသံျဖင့္သာ နားေထာင္သူကို ခံစားေအာင္ စြမ္းေဆာင္ရသျဖင့္ ခက္ခဲနက္နဲ လွပါသည္။ ကက္ဆက္ ဇာတ္လမ္းမ်ား ထုတ္လုပ္မႈအား ေကာင္းစဥ္က ႐ုပ္ရွင္ သ႐ုပ္ေဆာင္မ်ား ဇာတ္သဘင္ ပညာရွင္မ်ား၊ ေတးသံရွင္မ်ားႏွင့္ အႏုပညာ ၀ါသနာရွင္မ်ားပါ အသံျဖင့္ သ႐ုပ္ေဆာင္သည့္ လုပ္ငန္းကို ၀င္ေရာက္လုပ္ ကိုင္ခဲ့ၾကပါသည္။ အသံျဖင္႕ သ႐ုပ္ေဆာင္ရန္ ႀကိဳးပမ္း အားထုတ္သူမ်ားျပားစြာ ေပၚထြန္းခဲ့ေသာ္လည္း ပရိသတ္၏ အားေပး လက္ခံမႈကို ဦးေဆာင္ သ႐ုပ္ေဆာင္ အျဖစ္ သူသာ အျပည့္အ၀ ရရွိခဲ့ပါသည္။ ၁၉၇၀ ျပည့္လြန္မွ ၁၉၈၀ ျပည့္လြန္ႏွစ္မ်ားထိ ဆယ္ႏွစ္ကာလ ထုတ္လုပ္သမွ် ကက္ဆက္ ဇာတ္လမ္း၏ ၇၅%ခန္႔တြင္ သူသာ သ႐ုပ္ေဆာင္ ခြင့္ရခဲ့သည္မွာ ထူးျခားလွပါသည္။

သူကြယ္လြန္ၿပီးခ်ိန္တြင္ ဇနီးသား သမီးမ်ားက သူ႔အႏုပညာ အေမြကို ထုိက္ တန္စြာပင္ ခံယူပ်ဳိးေထာင္ ေနၾကသည္။ ဇနီးျဖစ္သူ ေဒၚခင္ မာလာမွ ဒါ႐ိုက္တာ ခိုင္ျမတ္ေအာင္ အမည္ခံယူၿပီး ခိုင္တုိ႔ ညီအစ္မ၊ ခ်စ္ရင္ မေျပးနဲ႔၊ ေမာင္ေခၚရာ လုိက္မွာလား ႐ုပ္ရွင္မ်ားႏွင့္ ဗီဒီယို ကားမ်ားစြာ ကိုမုိးျမင့္ေသာ္တာ ႐ုပ္ရွင္မွ ေအာင္ျမင္စြာ ႐ိုက္ကူးထုတ္လုပ္ လ်က္ရွိ သည္။ သမီးျဖစ္သူ ေဟမာေန၀င္းမွ စတိရီ ယိုေတး မ်ားေရာ ျမန္မာ သံစဥ္ေတး မ်ားပါ ပိုင္ႏုိင္စြာ သီဆုိၿပီး ေက်ာ္ၾကားေသာ ေတးသံရွင္ဘ၀ကို ခိုင္မာစြာ ရပ္တည္ လ်က္ရွိသည္။ ၿပီးေတာ့ သားျဖစ္သူ ရာဇာေန၀င္း ကလည္း မိခင္၏ ေျမေတာင္ေျမႇာက္မႈျဖင့္ ႐ုပ္ရွင္ၾကည့္ ပရိသတ္ လက္ခံအားေပးေသာ သ႐ုပ္ေဆာင္အျဖစ္ အေဖ့ ေျခရာကို နင္း၍ ႐ုပ္ရွင္ကားမ်ားႏွင့္ ဗီဒီယိုကားမ်ား အဆက္မျပတ္ ႐ိုက္ကူးခဲ့သည္။

သူကြယ္လြန္သည္မွာ ႏွစ္(၃၀) ၾကာျမင့္ခဲ့ၿပီ ျဖစ္ေသာ္လည္း သူ႔လုပ္ရပ္မ်ားေၾကာင့္ေကာလိပ္ဂ်င္ေန၀င္းဟူသည့္ သူ႔နာမည္မွာဘယ္ေတာ့မွ ေသမည္ မဟုတ္ဘဲ ထာ၀ရ ရွင္သန္ေနပါလိမ့္မည္။

-တင္ဆက္ေပးသူ- ေကျမဴး

တခ်ိန္က လူၾကိဳက္သိပ္မ်ားခဲ႔ေသာ မင္းသားၾကီးေကာလိပ္ဂ်င္ေနဝင္း အားအမွတ္တရ အေနနဲ႔သူ၏ အေၾကာင္းေလးအား ျပန္လည္တင္ျပေပးျခင္းသာျဖစ္ပါသည္။

ေကာလိပ္ဂ်င္ေနဝင္း၏ဇနီးမွာ ေဒၚခင္မာလာ ျဖစ္ျပီး….

သႏၱာေနဝင္း(သမီး)
ရာဇာေနဝင္း(သား)
ေဟမာေနဝင္း(သမီး)
ရူပါေနဝင္း(သမီး) တို႔ မွာ သူ ၏ သားသမီး ေလးေယာက္ ျဖစ္ပါသည္..။

————

ကောလိပ်ဂျင် နေဝင်း (သို့မဟုတ်) ထာဝရ ရှင်သန်နေမည့် သူ့နာမည် (unicode)

Written By ကေမြူး

၁၉၈၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ နံနက် (၀၅း၀၅) နာရီတွင် ရန်ကုန် ဆေးရုံကြီး တွင် သူ ကွယ်လွန် ခဲ့သည်။ သူ ကွယ်လွန်သည့် သတင်းက ရန်ကုန်မြို့ တွင်းသို့ ပျံ့နှံ့သွားပြီး နောက် ဆက်လက်၍ မြန်မာပြည် အနှံ့ အပြားသို့ ရောက်ရှိ သွားခဲ့သည်။ သူ့ကို ချစ်ခင် လေးစားသော ပြည်သူတို့သည် နှမျောတသ ကြသည်။ ကြေကွဲ ဝမ်းနည်းကြသည်။ သူ့အား နာနတ်တော ခရစ်ယာန် သချုႋင်းတွင် ဂူသွင်း သင်္ဂြိုဟ်စဉ်က ကြက်ပျံမကျ စည်ကားလှအောင် သူ့ကို ချစ်ခင် လေးစားသော ပြည်သူတို့က လိုက်ပါပို့ ဆောင်ခဲ့ကြသည်။

သူ့ဘ၀ အစသည် ခက်ခဲကြမ်းတမ်း လွန်းလှသည်။ သို့သော် သူ့တွင် ဇွဲ၊ လုံ့လ၊ ဝီရိယဟူသည့် ကြိုးစား အားထုတ်မှု၏ အရင်းအနှီးများ၊ ရိုးသား ဖြူစင်မှုများ၊ စာနာ ထောက်ထား မှုများ မုန်းသူ မရှိဘဲ ချစ်သူသာ ရှိအောင် ပြုမူ နေထိုင် နိုင်မှုများကို ပိုင်ဆိုင်မှုကြောင့် နယ်ပယ်စုံမှ သူလုပ်သမျှ အောင်မြင်မှု ရခဲ့သည်။ သူသည် သူနှင့် ခေတ်ပြိုင် မျိုးဆက်များ သာမက အသစ်ပေါ် ထွန်းနေဆဲ ရှိသော မျိုးဆက်တိုင်း အတွက် အားကျဖွယ်၊ အတုယူဖွယ်၊ လေးစားဖွယ် ကောင်းလှသူ ဖြစ်သည်။

၂၀၁၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် သူကွယ်လွန်ခဲ့သည်မှာ နှစ်(၃၀) ရှိပြီဖြစ်ပြီး ယခုဆိုလျှင် ၃၄နှစ် ကျော်ရှိပြီဖြစ်သည်။ သေသောသူ ကြာလျှင်မေ့ဆိုသော်လည်း သူ့ကို ချစ်ခင် လေးစားသော ပြည်သူများက မေ့မရနိုင်ကြသေး။ ဟင်္သာတမြို့နယ် ညောင်ပင် သာရွာ တွင် ရဲဝန်ထောက် ဦးသက်ဖေနှင့် ဆရာမ ဒေါ်တင်တို့မှ ၁၉၂၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် သူ့ကိုဖွားမြင်ခဲ့သည်။ ငယ်နာမည်များ ဖြစ်သော ပါပူးနှင့် နေဒွန်း မှာ လူသိများသည်။ ဟင်္သာတမြို့မှ မစ္စတာ ကန်မင်း၊ မစ်ရှင်ကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ ဘ၀ပေး အခြေအနေအရ နွားနို့ လှည့်လည် ရောင်းချပြီး ပညာ သင်ကြားခဲ့ရသည်။ ဝါသနာ အလျောက် ဘောလုံး ကိုလည်း ကြိုးစား ကစားခဲ့သည်။ ပညာ တပိုင်းတစနှင့် ကျောင်းမှ နှုတ်ထွက်ပြီး ၁၉၄၅ ခုနှစ်တွင် တပ်မတော် (ရေ)တွင် သာမန် ရေတပ် သားကလေး ဘ၀ဖြင့် ဝင်ရောက် ခဲ့သည်။ ရေ တပ်သားလေး အဖြစ် တာဝန် ထမ်းဆောင်ရင်း ဘောလုံးကစားရာမှ ၁၉၄၉ ခုနှစ်တွင် တပ်မတော် (ရေ) လက်ရွေးစင် ဘောလုံးသမား ဖြစ်ရုံမျှမက ထူးထူးချွန်ချွန် ကစားနိုင်မှုကြောင့် ၁၉၅၀ ပြည့်နှစ်တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရွေးစင် ဘောလုံးသမား အဖြစ် ရွေးချယ်ခံ ခဲ့ရသည်။

တပ်မတော် (ရေ)တွင် တာဝန် ထမ်းဆောင်ပြီး တပ်မတော်ကို ကိုယ်စားပြု ဘောလုံး ကစားရုံ မျှမက တစ်ဘက်က တက္ကသိုလ်ဝင်တန်း အောင်မြင် အောင်လည်း သူက ကြိုးပမ်း အားထုတ်ခဲ့ရာ ၁၉၅၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ တပ်မတော် (ရေ)မှ နှုတ်ထွက်ပြီး ၁၉၅၂ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်သို့ ဆက်လက် တက်ရောက် ခဲ့သည်။ တက္ကသိုလ် တက်ရောက်စဉ် တက္ကသိုလ် အားကစား အရာရှိ ဦးငြိမ်း၏ စောင့်ရှောက်မှုဖြင့် ဦးငြိမ်းနှင့် အတူ အဆောင်တွင် မှီခို နေထိုင်ပြီး ပညာသင် ကြားခဲ့သည်။

တစ်ဖက်ကလည်း တက္ကသိုလ် ရေကူးကန် ကြီးကြပ်ရေးမှူး တာဝန်ကိုပါသူ ထမ်းဆောင် ခဲ့သည်။ ထို့ပြင် တက္ကသိုလ် ကျောင်းသားဘဝမှာပင် တက္ကသိုလ် လက်ရွေးစင် ဘောလုံးသမား အဖြစ်သာမက မြန်မာ့ လက်ရွေးစင် ဘောလုံးသမား အဖြစ်ပါ ရွေးချယ်ခံခဲ့ရသည်။ မြန်မာ့ လက်ရွေးစင် အဖြစ် အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ်၊ ဂျပန်နှင့် အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်ပြီး ဘောလုံး ကစားခွင့်ရခဲ့သည့် အပြင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သူ့အား ၁၉၅၆ခုနှစ် အကောင်းဆုံး ဘောလုံးသမား အဖြစ် သတ်မှတ်ချီးမြှင့်ခဲ့သည်။ နိုင်ငံကိုယ်စားပြု လက်ရွေးစင် ဘောလုံးသမားနှင့် တက္ကသိုလ် လက်ရွေး စင် ဘောလုံးသမားအနေဖြင့် ပညာသင် ကြားခဲ့ရာ ၁၉၅၈ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဘီအေဘွဲ့ကို ရရှိခဲ့သည်။ ဘွဲ့ရပြီးချိန်တွင် မီးရထားဌာနတွင် မီးရ ထားအရာရှိတာဝန် ထမ်းဆောင်ခွင့်ရရန် သူဆက်သွယ် ညှိနှိုင်းခဲ့သည်။

မီးရထားဌာနတွင် တာဝန် ထမ်းဆောင်ရန် သူဆက်သွယ် ညှိနှိုင်း နေစဉ်မှာပင် ဇမ္ဗူအေး ရုပ်ရှင်မှ ဒါရိုက်တာ ဦးချင်းစိန်က စာရေးဆရာကြီး ဇဝန၏ အောင်မြင် ကျော်ကြား လှသည့် ကောလိပ်ကျောင်း သားဝတ္ထုအား ကောလိပ်ဂျင်အမည်ဖြင့် ရုပ်ရှင် ရိုက်ကူးရန် စီစဉ် နေကြသည်။ ကောလိပ်ကျောင်းသား၏ အဓိက ဇာတ် ဆောင်သိန်းဖေ အဖြစ် ကျော်ကြားဆဲ မင်းသားများကို အသုံး မပြုလိုဘဲ သိန်းဖေ၏ စရိုက်နှင့် အံဝင်ဂွင်ကျ ဖြစ်သည့် တက္ကသိုလ် ကျောင်းသားကိုသာ စိစစ်ရွေး ချယ်ပွဲထုတ်ရန် ရည်ရွယ်သဖြင့် ဒါရိုက်တာ ဦးချင်းစိန်မှ ဦးငြိမ်းအား သင့်လျော်သူ ရှာဖွေပေးရန် အကူအညီ တောင်းခံခဲ့သည်။ ဦးငြိမ်း၏ တိုက်တွန်းအားပေးမှုဖြင့် သရုပ်ဆောင် လုပ်ရန် သူပိုင်းဖြတ်ပြီး ဒါရိုက်တာ ဦးချင်းစိန်နှင့် တွေ့ဆုံခဲ့သည်။

ဒါရိုက်တာ ဦးချင်းစိန်မှာ သရုပ်ဆောင်သစ်များ ဖြစ်သော အေဝမ်းဝေဇင်၊ မေမြ၊ အေဝမ်း သိန်းဇော်၊ မေလွင်မြင့်အောင်နှင့် မြင့်စိုးတို့အား မွေးထုတ်ခဲ့ ရုံမျှမက ဗိုလ်မြဒင် ရုပ်ရှင်ကားဖြင့် ဇာတ်ပို့ ထွန်းဝေအား ဇာတ်ဆောင် မင်းသား အဖြစ် လျှမ်းလျှမ်းတောက် ကျော်ကြားစေပြီး အကယ်ဒမီ ပါရစေခဲ့သည့် ဒါရိုက်တာကြီး ဖြစ်သည်။ သူ့အား တွေ့ဆုံပြီးသည်နှင့် မျက်နှာသွင်ပြင်၊ သွားလာ လှုပ်ရှားမှု၊ ပြောဟန် ဆိုဟန်နှင့် သူ့တွင် ကိန်းအောင်းနေသည့် သရုပ်ဆောင်ဗီဇ (Talent) တို့နှင့် ပျော် ပျော်ပါးပါး သွက်သွက် လက်လက်နေတတ်သည့် ကျောင်းသား သိန်းဖေ၏ စရိုက် ကိုက်ညီနေသည်ကို ဒါရိုက်တာ ဦးချင်းစိန်က သိလိုက်သည်။ ပြီးတော့ ဦးချင်းစိန်က သူ့အား ထိုစဉ်က ထင်ရှားနေသော အကယ်ဒမီ ဖိုးပါကြီးကဲ့သို့ ကျွဲကော်မျက်မှန်ကိုလည်း တပ်ဆင် သရုပ်ဆောင် စေခဲ့သည်။

ထို့နောက် စာရေးဆရာ၊ သတင်းစာ ဆရာ မောင်နေဝင်းနှင့် စာရေးဆရာနှင့် ရုပ်ရှင်ဇာတ်ပို့ လုပ်နေသူ တက္ကသိုလ် နေဝင်းတို့ ရှိနှင့်ပြီး ဖြစ်၍ ဘောလုံးသမား နေဝင်း အဖြစ် ကျော်ကြား ပြီး သူ့အမည်ကိုလည်း မပြောင်းလဲလိုတော့၍ နေဝင်း (ဘီအေ) ဟူသည့် သရုပ်ဆောင် အမည်ကို ကင်ပွန်းတပ် ပေးခဲ့သည်။ ကောလိပ်ဂျင် ရုပ်ရှင်ကားတွင် နေဝင်း(ဘီအေ)နှင့် အတူ ထပ်ဆင့် အကယ်ဒမီ မြင့်မြင့်ခင်၊ သိန်းဆွေမြင့် (ယခု ဇာတ်ပို့ ဦးဝင်းဆွေ)၊ ချစ်ဆွေလေးနှင့် ရွှေစင်မေတို့အား ဦးဆောင် သရုပ် ဆောင်စေခဲ့သည်။

ကောလိပ်ဂျင် ရုပ်ရှင်ကားအား ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုံတင်ခဲ့ရာ ရုံတင်စက ကျော်ကြားဆဲ မင်းသား မဟုတ်ဘဲ မင်းသားသစ် နေဝင်း (ဘီအေ) နှင့် သူ့ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး လူမဝင်ခဲ့၊ ဝင်ကြည့်မိသမျှ လူနည်းစု၏ တစ်ဆင့် စကားဖြင့် တဖြည်းဖြည်း လူကြည့် များလာပြီး ဝင်ငွေစံချိန် တင်သည် အထိ လူကြိုက်များခဲ့သည်။ နေဝင်း (ဘီအေ) အစား ရုပ်ရှင်ကြည့် ပရိသတ်ကလည်း သူ့အား ကောလိပ်ဂျင် နေဝင်းဟု ပြောင်းလဲ သတ်မှတ်ခဲ့ကြသည်။ ကောလိပ်ဂျင်ရုပ်ရှင် ကားမှ သူ့စကား “ကြေပါတယ် မအေးစိန်” မှာလည်း ပြည်သူကြားသို့ အရှိန်အဟုန်ဖြင့် ထိုးဖောက် ရောက်ရှိခဲ့သည်။

ကောလိပ်ဂျင် ရုပ်ရှင်တစ်ကားတည်းဖြင့် ဟာသသရုပ်ဆောင် မင်းသား အဖြစ် ရုပ်ရှင်ကြည့် ပရိသတ်က သူ့အား တခဲနက် အားပေးခဲ့သဖြင့် ရုပ်ရှင်ကြည့် ပရိသတ် ပေးသော ကောလိပ်ဂျင် နေဝင်း အမည်ဖြင့်ပင် ဟာသ ရုပ်ရှင်ကားများ ဆက်တိုက် ရိုက်ကူးခွင့် ရခဲ့သည်။ ဟာသ သရုပ်ဆောင် မင်းသားအဖြစ် ကျော်ကြား နေသော ကောလိပ်ဂျင်နေဝင်းအား ဇမ္ဗူအေး ရုပ်ရှင်မှ ဒါရိုက်တာ မောင်မောင်သောင်းက မုန်းရုပ်ရှင်ကားဖြင့် တည်တည် ငြိမ်ငြိမ် သဘာ၀ ဇာတ်ရုပ်ကို ပြောင်း၍ သရုပ်ဆောင်စေရာတွင်လည်း အောင်မြင်ခဲ့ ပြန်သည်။ ထို့နောက် ဟာသရုပ်ရှင်ကား များနှင့် သဘာ၀ ရုပ်ရှင်ကားများ အပြင် အချို့ ဒါရိုက်တာများက လှုပ်ရှားမှု (Action) အသားပေး ကားများကိုပါ အခါ အားလျော်စွာ ရိုက်ကူး သရုပ်ဆောင်စေခဲ့ကြသည်။

မန်းသူလေးမို့၊ ချစ်အမွှာ၊ ချစ်ပွေလီ၊ ယောက္ခမကြီးရေးတဲ့ ဖူးစာ အိမ်ထောင်စု၊ သီတာကို ဘယ်သို့ချစ်ရမယ်၊ ရွှေဝါ ချစ်ထုံးရယ်ဖြေ၊ ချစ်သောချစ်သူရယ်၊ မမုန်းလေနဲ့ ငပလီစသော ဟာသကားများ မုန်း၊ မျှော်၊ အဖြေ၊ အကယ်၍သာ ချစ်မြေ၊ မေတ္တာမိုးတပေါက်၊ ဘုရားမှာ တစ်ခါဆုံတယ်။ ပန်းပန်လျက်ပါ၊ ဇာခန်းစီးနောက်ကွယ်မှာ၊ ဝမ်းနည်းဝမ်းသာ၊ မောင့်မူပိုင်ရှင်၊ သံယောဇဉ်၊မောင်ချစ် နှမချစ်၊ စကားဝါ၊ မတဲ့ အတူနေ၊ စိတ်စေတသိက်၊ တစ်ဦးက စေတနာ တစ်ဦးက မေတ္တာ၊ ဘမှန်ဘဇံ အကြောင်း၊ အကာက အချစ်အနှစ်က မေတ္တာ၊ ပယင်းရောင်၊ အားနွဲ့သူပါရှင်၊ ဆိုက္ကားသမားဘခက်၊ သီတာ ပြုံး၊ သဘင်သည် မဝင်ရ၊ သမီးချော၊ ဘုံပြတ်ဘမောင် စသော သဘာ၀ ရုပ်ရှင်ကားများ မောင် ချစ်တဲ့သူအငိုတိတ်အောင်၊ ကျောက်ဘီလူးနှင့် ပပဝင်း၊ ချွေးနှင့်သွေးနှင့် ရင်းသည့်မြေ၊ သည်တောင်ကို မောင်ဖြိုပါ့မယ်၊ တယ် တညင် စသော လှုပ်ရှားမှု အသားပေး ရုပ်ရှင်ကားများတွင် ကောလိပ်ဂျင်နေဝင်း အမည်ဖြင့်ပင် သူသရုပ်ဆောင်ခဲ့သည်။ ကောလိပ်ဂျင် ရုပ်ရှင် ကားမှ စတင်ပြီး ကွယ်လွန်ချိန် အထိ ကျရာဇာတ်ရုပ်တွင် သူ့အဆက် မပြတ် သရုပ်ဆောင်ခဲ့ရာ ရုပ်ရှင်ကား နှစ်ရာ နီးပါးရှိမည်ဟု ခန့်မှန်းရပါသည်။

ရိုက်ကူးခဲ့သော ရုပ်ရှင်ကားများ အနက် ဒါရိုက်တာ ခင်စိုး၏ ပယင်းရောင် ရုပ်ရှင်ကားတွင် ဘဝကို နာကျည်း၍ အရက်၏ ကျေးကျွန်ဖြစ်ရသူ အဖြစ် သရုပ် ဆောင်ထူးချွန်မှုကြောင့် ၁၉၆၉ ခုနှစ် အမျိုးသား ဇာတ်ဆောင်ဆုကို လည်းကောင်း၊ ဒါရိုက်တာ သုခ၏ အကာကအချစ် အနှစ်က မေတ္တာတွင် မိတဆိုးသမီးအား သဘောမတူသူနှင့် ပေါင်းဖက်၍ စွန့်ပစ်ပြီး ခါမှ မြေးကလေးအား တိတ်တခိုး ချစ်ရသူ အဖြစ် သရုပ်ဆောင် ထူးချွန်မှုကြောင့် ၁၉၇၉ ခုနှစ် အမျိုးသားဇာတ်ပို့ဆုကို လည်းကောင်း ချီးမြှင့်ခံခဲ့ရသည်။

မြန်မာ့ ရုပ်ရှင်သမိုင်းတွင် ဇာတ်ဆောင် မင်းသမီး မပါဝင်ဘဲ ရိုက်ကူး ရုံတင်ခဲ့သည့် ရုပ်ရှင်ကားအဖြစ် ဒါရိုက်တာ ဝင်းဦး၏ အတွယ် အတာနှင့် ဒါရိုက်တာခင် စိုး၏ ဆိုက္ကားသမား ဘခက်သာ ရှိခဲ့ပါသည်။ ဆိုက္ကားသမား ဘခက်တွင် ဇာတ်ဆောင် မင်းသမီးများ မပါဝင်ဘဲ ဇာတ်ပို့များကို သူပင်ဦးဆောင်သွားခဲ့ရာ ကောလိပ် ဂျင်နေ ဝင်း၏ အနုပညာ သတ္တိပင်ဖြစ်ပါသည်။ သဘင်သည် မဝင်ရ ရုပ်ရှင်ကားမှာ သူ ကွယ်လွန်သည်ထိ အခက်အခဲအမျိုးမျိုးကြောင့် ရိုက်ကူးပြီးစီးမှု မရှိခဲ့၊ သူကွယ်လွန် သွားသောအခါ လက်ကျန် ဇာတ်ကွက်များတွင် မင်းသား စိန်မြင့်ကို ဆက်လက် သရုပ်ဆောင် စေခဲ့ကြသည်။

မင်းသားနှစ်ဦး ပြောင်းလဲချိန်တွင် ကောလိပ်ဂျင်နေဝင်း၏ ဈာပန သတင်း အား ကြားညှပ်ပြ ခဲ့ကြသည်။ သဘင်သည် မဝင်ရ ရုပ်ရှင်ကားအား နှစ်ချို့ ရုပ်ရှင်ကားဖြစ်သော်လည်း ရုပ်ရှင်ကြည့် ပရိသတ်က သူ့ သံယောဇဉ်ဖြင့် တခဲနက် အားပေးခဲ့ရာ ဝင်ငွေ ကောင်းမွန်ခဲ့သည်။ ကောလိပ်ဂျင်နေဝင်း၊ မြတ်လေး၊ ကြည်ကြည်ဌေးနှင့် ဘေဘီနွဲ့တို့ အားပြိုင် သရုပ်ဆောင်သော ဒါရိုက်တာ ချစ်ခင်၏ ပန်းပန်လျက်ပါ ရုပ်ရှင်ကားမှာ လူကြိုက်များ ဝင်ငွေကောင်းရုံမျှမက ရန်ကုန်မြို့တွင် ရက်ရှည်ပြသမှု စံချိန်တင် ကားအဖြစ် မှတ်တမ်း တင်ခံခဲ့ရပါသည်။

ကောလိပ်ဂျင်နေဝင်းမှာ သူ၏ ချွေးနှဲစာဖြင့် မိုးမြင့် သော်တာ ရုပ်ရှင်ကို တည်ထောင်ပြီး ဒါရိုက်တာ မောင်မိုးသူ၏ တယ်တညင်နှင့် ဒါရိုက်တာ ခင်မောင်ရင်၏ ဘမှန် ဘဇံအကြောင်း ရုပ်ရှင်ကားများကို ကိုယ်တိုင် ထုတ်လုပ် သရုပ်ဆောင်ခဲ့သည်။ အချို့အောင်မြင် ကျော်ကြား သော မင်းသားများ ကဲ့သို့ ဒါရိုက်တာ မလုပ်ဘဲ သရုပ် ဆောင်သက်သက်သာ လုပ်ခဲ့သည်မှာလည်း ထူးခြားမှုပင်။

၁၉၇၀ ပြည့်လွန် နှစ်များမှ စတင်ပြီး ကက်ဆက် ဇာတ်လမ်းများ ထွန်းကားခဲ့သည်။ ကက်ဆက် ဇာတ်လမ်းများမှာ ကက်ဆက် သီချင်းခွေ များနှင့် အတူ မြို့ပြတွင် မက ကျေးလက်အထိ အင်အား ကြီးမားစွာ ပြန့်နှံ့ခဲ့သည်။ ရုပ်မြင်သံကြားနှင့် ဗီဒီယို ရုပ်ရှင်ကားများ ထွန်းကားချိန် တွင်မှ ကက်ဆက် ဇာတ်လမ်းများ ဈေးကွက်ပျက် သွားခဲ့သည်။ သူကွယ်လွန်ချိန်မှာ ကက်ဆက် ဇာတ်လမ်းများ ချုပ်ငြိမ်းသွားသည်ဟု ဆိုနိုင်ပါသည်။

ကက်ဆက် ဇာတ်လမ်းမှာ အသံဖြင့် သရုပ်ဆောင်ပြရခြင်းဖြစ်ရာ ရုပ်ရှင်၊ ဗီဒီယိုနှင့် ပြဇာတ်မှာ ကဲ့သို့ မျက်နှာ အမူအရာနှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို လှုပ်ရှား မှုကို ပြခွင့်မရပါ။ အသံဖြင့်သာ နားထောင်သူကို ခံစားအောင် စွမ်းဆောင်ရသဖြင့် ခက်ခဲနက်နဲ လှပါသည်။ ကက်ဆက် ဇာတ်လမ်းများ ထုတ်လုပ်မှုအား ကောင်းစဉ်က ရုပ်ရှင် သရုပ်ဆောင်များ ဇာတ်သဘင် ပညာရှင်များ၊ တေးသံရှင်များနှင့် အနုပညာ ဝါသနာရှင်များပါ အသံဖြင့် သရုပ်ဆောင်သည့် လုပ်ငန်းကို ဝင်ရောက်လုပ် ကိုင်ခဲ့ကြပါသည်။ အသံဖြင့် သရုပ်ဆောင်ရန် ကြိုးပမ်း အားထုတ်သူများပြားစွာ ပေါ်ထွန်းခဲ့သော်လည်း ပရိသတ်၏ အားပေး လက်ခံမှုကို ဦးဆောင် သရုပ်ဆောင် အဖြစ် သူသာ အပြည့်အဝ ရရှိခဲ့ပါသည်။ ၁၉၇၀ ပြည့်လွန်မှ ၁၉၈၀ ပြည့်လွန်နှစ်များထိ ဆယ်နှစ်ကာလ ထုတ်လုပ်သမျှ ကက်ဆက် ဇာတ်လမ်း၏ ၇၅%ခန့်တွင် သူသာ သရုပ်ဆောင် ခွင့်ရခဲ့သည်မှာ ထူးခြားလှပါသည်။

သူကွယ်လွန်ပြီးချိန်တွင် ဇနီးသား သမီးများက သူ့အနုပညာ အမွေကို ထိုက် တန်စွာပင် ခံယူပျိုးထောင် နေကြသည်။ ဇနီးဖြစ်သူ ဒေါ်ခင် မာလာမှ ဒါရိုက်တာ ခိုင်မြတ်အောင် အမည်ခံယူပြီး ခိုင်တို့ ညီအစ်မ၊ ချစ်ရင် မပြေးနဲ့၊ မောင်ခေါ်ရာ လိုက်မှာလား ရုပ်ရှင်များနှင့် ဗီဒီယို ကားများစွာ ကိုမိုးမြင့်သော်တာ ရုပ်ရှင်မှ အောင်မြင်စွာ ရိုက်ကူးထုတ်လုပ် လျက်ရှိ သည်။ သမီးဖြစ်သူ ဟေမာနေဝင်းမှ စတိရီ ယိုတေး များရော မြန်မာ သံစဉ်တေး များပါ ပိုင်နိုင်စွာ သီဆိုပြီး ကျော်ကြားသော တေးသံရှင်ဘဝကို ခိုင်မာစွာ ရပ်တည် လျက်ရှိသည်။ ပြီးတော့ သားဖြစ်သူ ရာဇာနေဝင်း ကလည်း မိခင်၏ မြေတောင်မြှောက်မှုဖြင့် ရုပ်ရှင်ကြည့် ပရိသတ် လက်ခံအားပေးသော သရုပ်ဆောင်အဖြစ် အဖေ့ ခြေရာကို နင်း၍ ရုပ်ရှင်ကားများနှင့် ဗီဒီယိုကားများ အဆက်မပြတ် ရိုက်ကူးခဲ့သည်။

သူကွယ်လွန်သည်မှာ နှစ်(၃၀) ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူ့လုပ်ရပ်များကြောင့်ကောလိပ်ဂျင်နေဝင်းဟူသည့် သူ့နာမည်မှာဘယ်တော့မှ သေမည် မဟုတ်ဘဲ ထာဝရ ရှင်သန်နေပါလိမ့်မည်။

-တင်ဆက်ပေးသူ- ကေမြူး

တချိန်က လူကြိုက်သိပ်များခဲ့သော မင်းသားကြီးကောလိပ်ဂျင်နေဝင်း အားအမှတ်တရ အနေနဲ့သူ၏ အကြောင်းလေးအား ပြန်လည်တင်ပြပေးခြင်းသာဖြစ်ပါသည်။

ကောလိပ်ဂျင်နေဝင်း၏ဇနီးမှာ ဒေါ်ခင်မာလာ ဖြစ်ပြီး….

သန္တာနေဝင်း(သမီး)
ရာဇာနေဝင်း(သား)
ဟေမာနေဝင်း(သမီး)
ရူပါနေဝင်း(သမီး) တို့ မှာ သူ ၏ သားသမီး လေးယောက် ဖြစ်ပါသည်..။

 

 

Leave a Reply