စစ္သူႀကီး မဟာဗႏၶဳလကို ျမဳပ္ႏွံထားရာအရပ္

Posted on

စစ္သူႀကီး အဂၢ မဟာ ေသနာပတိ သတိုးသုဓမၼ မဟာ ဗႏၶဳလ (၆ ႏိုဝင္ဘာ ၁၇၈၂-၁ ဧၿပီ ၁၈၂၅)သည္ ဘိုးေတာ္ဘုရား ႏွင့္ ဘႀကီးေတာ္ မင္းတို႔လက္ထက္တြင္ ႐ြပ္႐ြပ္ခၽြံခၽြံ သက္စြန္႔ႀကိဳးပမ္း အမႈေတာ္ထမ္းခဲ့ေသာ ျမန္မာစစ္သူႀကီးျဖစ္သည္။ ႐ြယ္ငယ္တြင္ မထင္ရွားေသာ အမ်ိဳးအႏြယ္မွ ဖြားျမင္လင့္ကစား စြမ္းရည္သတၱိ၊ လုံ႔လဝီရိယ၊ ႀကိဳးစားေဆာင္႐ြက္မႈတို႔ေၾကာင့္ ေနမ်ိဳးဟူ ေသာဘြဲ႕၊ ထို႔ျပင္ အိမ္ေရွ႕မင္းသားတို႔သာ ရခြင့္ရွိေသာ စစ္သူႀကီးဘြဲ႕ကိုပါ ခ်ီးျမႇင့္ခံရသူျဖစ္၏။

မဟာဗႏၶဳလသည္ ပထမ အဂၤလိပ္ – ျမန္မာစစ္ တြင္ သူက်ဆုံးသည္အထိ စစ္ေသနာပတိ အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။ မဏိပူရ ႏွင့္ အာသံ တို႔ကို နယ္ေျမခ်ဲ႕ထြင္ရန္ ဟူေသာ ကုန္းေဘာင္ မင္းဆက္၏ မူဝါဒတြင္ စစ္သူႀကီးမဟာဗႏၶဳလသည္ အဓိက ပုဂၢိဳလ္ျဖစ္ခဲ့ၿပီး ၎မူဝါဒသည္ ေနာက္ဆုံး ရလဒ္အျဖစ္ စစ္ပြဲျဖစ္ပြားခဲ့ၿပီး မင္းဆက္ကို စတင္က်ဆုံးေစခဲ့ျခင္းျဖစ္သည္။ မည္သို႔ပင္ျဖစ္ေစ၊ စစ္ပြဲ တြင္က်ဆုံးခဲ့ေသာ ဗိုလ္ခ်ဳပ္ႀကီးအား အဂၤလိပ္ကို သူ၏ ခုခံတိုက္ခိုက္မႈအတြက္ ျမန္မာတစ္မ်ိဳးသား လုံးမွ အမ်ိဳးသားသူရဲေကာင္းအျဖစ္ ခ်ီးက်ဴးဂုဏ္ျပဳၾကသည္။ ယေန႔တြင္ တိုင္းျပည္အတြင္းရွိ အထင္ ရွားဆုံးေသာ ေနရာအခ်ိဳ႕ကို သူ႕အားအစြဲျပဳ၍ အမည္ေပးထားသည္။

ျမန္မာသမိုင္းထဲမွ ထင္ရွားေက်ာ္ၾကားသည့္ စစ္သူႀကီး မဟာဗႏၶဳလသည္ ဓႏုျဖဴမွ ေရွးမြန္မ်ားတည္ေဆာက္ခဲ့ေသာ ခံတပ္ေဟာင္းမွ အဂၤလိပ္တပ္မ်ားကို ခုခံတိုက္ခိုက္ခဲ့သည္။ အဂၤလိပ္တို႔က အေျမႇာက္မ်ားျဖင့္ ေန႔ည မျပတ္ပစ္ခတ္သည္။ စစ္သူႀကီး မဟာဗႏၶဳလသည္ တိုက္ခိုက္မႈအေရးအရာမ်ားကို ဦးေဆာင္ညႊန္ၾကားေနစဥ္မွာပင္ ဗုံးဆန္မ်ား ထိမွန္ကာ က်ဆုံးခဲ့ရသည္။ ထိုေန႔ကား သကၠရာဇ္ ၁၁၈၆ ၊ ေႏွာင္းတန္ခူးလဆန္း ၁၄ ရက္ ( ခရစ္၁၈၂၅ ၊ ဧၿပီ ၁ ) ေန႔ျဖစ္သည္။

စစ္ကဲႀကီး ၊ အတြင္းဝန္ႀကီး မင္းလွရာဇာ ႏွင့္ ၿမိဳ႕လတ္ဝန္မင္း မဟာမင္းလွမင္းေခါင္ တို႔က ဗႏၶဳလ၏ ႐ုပ္အေလာင္းကို ေရႊထီးျဖင့္ ျဖန္႔မိုးကာ ဓႏုျဖဴခံတပ္အတြင္းမွာပင္ မီးသၿဂႋဳဟ္ခဲ့သည္။ ထို႔ေနာက္ အရိုးျပာမ်ားကို ေရႊအိုးတြင္ထည့္ကာယူေဆာင္ၿပီး ဓႏုျဖဴခံတပ္မွ ဆုတ္ခြာၾကသည္။ စစ္ခ်ီေလတိုင္း ထိုအရိုးအိုးအား သယ္ေဆာင္သြားၿပီးေရာက္ရာ အရပ္တြင္ ယာယီဂူသြင္းေလ့ ရွိသည္။

ျမန္မာတပ္မ်ားသည္ ဧရာဝတီျမစ္အေနာက္ဘက္ကမ္း အထက္မင္းလွၿမိဳ႕ မလြန္ရြာတြင္ စခန္းခ်သည္။ ဗိုလ္မႉးမင္းရဲေခါင္က ဗႏၶဳလအရိုးအိုးကို တာဝန္ယူၿပီး ဂူသြင္းကာထိန္းသိမ္းထားရသည္။ ထိုစဥ္ ေနျပည္ေတာ္မွ တပ္မ်ားအျမန္ျပန္ဆုတ္ခဲ့ရမည္ဟုေသာ အမိန္႔ေၾကာင့္ ျမန္မာတပ္မ်ားခ်က္ခ်င္း ဆုတ္ခြာသြားရသည္။ ထို႔ေၾကာင္း အရိုးအိုးအား မယူျဖစ္ေတာ့ ။ အရိုးအိုးသည္ မလြန္တြင္ က်န္ရစ္ခဲ့ေလသည္။ မင္းလွခံတပ္မွ ဗလမင္းထင္ ႏွင့္ အျခားဗိုလ္မႉးမ်ားက အရိုးဂူမပ်က္ေစရန္ အေပၚေစတီ အျမန္ထပ္ဆင့္တည္ခဲ့ၾကသည္။

မူလက ေခြးလင္းပန္းေခ်ာင္းကမ္းပါး ေပၚတြင္ တည္ထားခဲ့ျခင္းျဖစ္ေသာ္လည္း ကမ္းပါးၿပိဳက်မႈ ရွိသျဖင့္ ၁၉၆၄ ခုႏွစ္တြင္ ေရွးေဟာင္းသုေတသနဌာနက ေရလြတ္ရာ ျမသပိတ္ေစတီေတာ္ ေတာင္ဘက္တြင္ မူလပုံစံအတိုင္း ျပန္လည္တည္ေဆာက္ေပးခဲ့ျခင္း ျဖစ္သည္။
( ဓႏုျဖဴခံတပ္အတြင္း ရွိ အုတ္ဂူမွာမူ မဟာဗႏၶဳလက်ဆုံးရာ ေနရာကို အထိမ္းအမွတ္ျပဳထားျခင္းသာ ျဖစ္သည္)

Ref;
လူသိနည္း ျမန္မာ့ျဖစ္ရပ္ ၁၀ဝ – ေမာင္ၾကည္သန္႔
အထက္မင္းလွ မလြန္ၿမိ့ေဟာင္းမွ မဟာဗႏၶဳလ အရိုးဂူ ေစတီ – မေကြးလွျမင့္


စစ်သူကြီး မဟာဗန္ဓုလကို မြုပ်နှံထားရာအရပ် (unicode)

စစ်သူကြီး အဂ္ဂ မဟာ သေနာပတိ သတိုးသုဓမ္မ မဟာ ဗန္ဓုလ (၆ နိုဝင်ဘာ ၁၇၈၂-၁ ဧပြီ ၁၈၂၅)သည် ဘိုးတော်ဘုရား နှင့် ဘကြီးတော် မင်းတို့လက်ထက်တွင် ရွပ်ရွပ်ချွံချွံ သက်စွန့်ကြိုးပမ်း အမှုတော်ထမ်းခဲ့သော မြန်မာစစ်သူကြီးဖြစ်သည်။ ရွယ်ငယ်တွင် မထင်ရှားသော အမျိုးအနွယ်မှ ဖွားမြင်လင့်ကစား စွမ်းရည်သတ္တိ၊ လုံ့လဝီရိယ၊ ကြိုးစားဆောင်ရွက်မှုတို့ကြောင့် နေမျိုးဟူ သောဘွဲ့၊ ထို့ပြင် အိမ်ရှေ့မင်းသားတို့သာ ရခွင့်ရှိသော စစ်သူကြီးဘွဲ့ကိုပါ ချီးမြှင့်ခံရသူဖြစ်၏။

မဟာဗန္ဓုလသည် ပထမ အင်္ဂလိပ် – မြန်မာစစ် တွင် သူကျဆုံးသည်အထိ စစ်သေနာပတိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မဏိပူရ နှင့် အာသံ တို့ကို နယ်မြေချဲ့ထွင်ရန် ဟူသော ကုန်းဘောင် မင်းဆက်၏ မူဝါဒတွင် စစ်သူကြီးမဟာဗန္ဓုလသည် အဓိက ပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး ၎င်းမူဝါဒသည် နောက်ဆုံး ရလဒ်အဖြစ် စစ်ပွဲဖြစ်ပွားခဲ့ပြီး မင်းဆက်ကို စတင်ကျဆုံးစေခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ စစ်ပွဲ တွင်ကျဆုံးခဲ့သော ဗိုလ်ချုပ်ကြီးအား အင်္ဂလိပ်ကို သူ၏ ခုခံတိုက်ခိုက်မှုအတွက် မြန်မာတစ်မျိုးသား လုံးမှ အမျိုးသားသူရဲကောင်းအဖြစ် ချီးကျူးဂုဏ်ပြုကြသည်။ ယနေ့တွင် တိုင်းပြည်အတွင်းရှိ အထင် ရှားဆုံးသော နေရာအချို့ကို သူ့အားအစွဲပြု၍ အမည်ပေးထားသည်။

မြန်မာသမိုင်းထဲမှ ထင်ရှားကျော်ကြားသည့် စစ်သူကြီး မဟာဗန္ဓုလသည် ဓနုဖြူမှ ရှေးမွန်များတည်ဆောက်ခဲ့သော ခံတပ်ဟောင်းမှ အင်္ဂလိပ်တပ်များကို ခုခံတိုက်ခိုက်ခဲ့သည်။ အင်္ဂလိပ်တို့က အမြှောက်များဖြင့် နေ့ည မပြတ်ပစ်ခတ်သည်။ စစ်သူကြီး မဟာဗန္ဓုလသည် တိုက်ခိုက်မှုအရေးအရာများကို ဦးဆောင်ညွှန်ကြားနေစဉ်မှာပင် ဗုံးဆန်များ ထိမှန်ကာ ကျဆုံးခဲ့ရသည်။ ထိုနေ့ကား သက္ကရာဇ် ၁၁၈၆ ၊ နှောင်းတန်ခူးလဆန်း ၁၄ ရက် ( ခရစ်၁၈၂၅ ၊ ဧပြီ ၁ ) နေ့ဖြစ်သည်။

စစ်ကဲကြီး ၊ အတွင်းဝန်ကြီး မင်းလှရာဇာ နှင့် မြို့လတ်ဝန်မင်း မဟာမင်းလှမင်းခေါင် တို့က ဗန္ဓုလ၏ ရုပ်အလောင်းကို ရွှေထီးဖြင့် ဖြန့်မိုးကာ ဓနုဖြူခံတပ်အတွင်းမှာပင် မီးသင်္ဂြိုဟ်ခဲ့သည်။ ထို့နောက် အရိုးပြာများကို ရွှေအိုးတွင်ထည့်ကာယူဆောင်ပြီး ဓနုဖြူခံတပ်မှ ဆုတ်ခွာကြသည်။ စစ်ချီလေတိုင်း ထိုအရိုးအိုးအား သယ်ဆောင်သွားပြီးရောက်ရာ အရပ်တွင် ယာယီဂူသွင်းလေ့ ရှိသည်။

မြန်မာတပ်များသည် ဧရာဝတီမြစ်အနောက်ဘက်ကမ်း အထက်မင်းလှမြို့ မလွန်ရွာတွင် စခန်းချသည်။ ဗိုလ်မှူးမင်းရဲခေါင်က ဗန္ဓုလအရိုးအိုးကို တာဝန်ယူပြီး ဂူသွင်းကာထိန်းသိမ်းထားရသည်။ ထိုစဉ် နေပြည်တော်မှ တပ်များအမြန်ပြန်ဆုတ်ခဲ့ရမည်ဟုသော အမိန့်ကြောင့် မြန်မာတပ်များချက်ချင်း ဆုတ်ခွာသွားရသည်။ ထို့ကြောင်း အရိုးအိုးအား မယူဖြစ်တော့ ။ အရိုးအိုးသည် မလွန်တွင် ကျန်ရစ်ခဲ့လေသည်။ မင်းလှခံတပ်မှ ဗလမင်းထင် နှင့် အခြားဗိုလ်မှူးများက အရိုးဂူမပျက်စေရန် အပေါ်စေတီ အမြန်ထပ်ဆင့်တည်ခဲ့ကြသည်။

မူလက ခွေးလင်းပန်းချောင်းကမ်းပါး ပေါ်တွင် တည်ထားခဲ့ခြင်းဖြစ်သော်လည်း ကမ်းပါးပြိုကျမှု ရှိသဖြင့် ၁၉၆၄ ခုနှစ်တွင် ရှေးဟောင်းသုတေသနဌာနက ရေလွတ်ရာ မြသပိတ်စေတီတော် တောင်ဘက်တွင် မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။
( ဓနုဖြူခံတပ်အတွင်း ရှိ အုတ်ဂူမှာမူ မဟာဗန္ဓုလကျဆုံးရာ နေရာကို အထိမ်းအမှတ်ပြုထားခြင်းသာ ဖြစ်သည်)

Ref;
လူသိနည်း မြန်မာ့ဖြစ်ရပ် ၁ဝဝ – မောင်ကြည်သန့်
အထက်မင်းလှ မလွန်မြိ့ဟောင်းမှ မဟာဗန္ဓုလ အရိုးဂူ စေတီ – မကွေးလှမြင့်

Leave a Reply