ႏုိဘယ္ဆုရဲ႕ဖခင္ႀကီး အဲဖရက္ႏုိဘယ္ – သူေတာ္ေကာင္းလား၊ ဗီလိန္လား

Posted on

Written By မင္းအရိပ္(ေရာင္စုံအခန္းငယ္)

ကြ်န္ေတာ္တုိ႔ ႏုိဘယ္ဆုဆုိတာကုိ ေကာင္းေကာင္းႀကီးႀကားဖူးႀကပါတယ္။ ႏုိဘယ္ဆုဆုိတာ အဲဖရက္ႏုိဘယ္ဆုိတဲ႔ ပုဂၢိဳလ္ႀကီးက စတင္တည္ေထာင္ခ်ီးျမွင္႔ေပးခဲ႔တာလုိ႔လည္း သိႀကပါတယ္။ ဒါေပမယ္႔ အဲဖရက္ႏုိဘယ္ဆုိတာ ဘာလဲ၊ ကြ်န္ေတာ္တုိ႔ ေကာင္းေကာင္းမသိႀကပါဘူး။ အဲဖရက္ႏုိဘယ္ဆုိတာ ယေန႔ေခတ္လူ ကြ်န္ေတာ္တုိ႔အတြက္ သူေတာ္ေကာင္းတစ္ေယာက္ျဖစ္ေပမယ္႔ သူ႔ေခတ္သူ႔အခါက လူေတြအတြက္ေတာ႔ သူဟာ ဗီလိန္တစ္ေယာက္ျဖစ္ခဲ႔ဖူးပါတယ္။

အဲဖရက္ႏုိဘယ္ကုိ ၁၈၃၃ခုႏွစ္မွာ ဆီြဒင္ႏုိင္ငံ၊ စေတာ႔ဟုမ္းျမိဳ႔မွာ ေမြးဖြားခဲ႔ပါတယ္။ အဲဖရက္ႏုိဘယ္ဟာ သားသမီးရွစ္ေယာက္ရွိတဲ႔ မိသားစုမွာ ေလးေယာက္ေျမာက္သားျဖစ္ပါတယ္။ အဲဖရက္ႏုိဘယ္ အသက္ကုိးႏွစ္အရြယ္မွာေတာ႔ သူတုိ႔မိသားစုဟာ ဆြီဒင္ကေန ရုရွားႏုိင္ငံ၊ စိန္႔ပီတာစဘတ္ျမိဳ႔ကုိ ေျပာင္းေရႊ႔ေနထုိင္ခဲ႔ႀကပါတယ္။ အဲဖရက္ရဲ႔ ဖခင္ျဖစ္သူ အီမန္ျႏဴရယ္ႏုိဘယ္ဟာ တီထြင္သူအင္ဂ်င္နီယာတစ္ေယာက္ျဖစ္ျပီး စိန္႔ပီတာစဘတ္ျမိဳ႔မွာ ေတာ္ပီဒုိထုတ္လုပ္တဲ႔ လုပ္ငန္းေတြ လုပ္ကုိင္ေနတာေႀကာင္႔ျဖစ္ပါတယ္။ အဲဖရက္တုိ႔ညီအစ္ကုိတေတြဟာ ရုရွားႏုိင္ငံမွာ ေနထုိင္တဲ႔ ႏုိင္ငံျခားသားကေလးေတြျဖစ္ေနတာမုိ႔ ရုရွားစာသင္ေက်ာင္းေတြမွာ တက္ေရာက္ပညာသင္ႀကားႏုိင္ႀကျခင္းမရွိတဲ႔အတြက္ အိမ္တြင္းမွာပဲ အိမ္တြင္းပညာေရးကုိ သင္ယူခဲ႔ႀကရပါတယ္။ ဆရာေတြကုိ အိမ္မွာ ေခၚယူသင္ႀကားေစခဲ႔တာပါ။

လာေရာက္သင္ႀကားေပးတဲ႔ ရုရွားဆရာေတြထဲက တစ္ဦးကေတာ႔ ရုရွားပညာရွင္ႀကီးျဖစ္ျပီး ေအာ္ဂင္းနစ္ဓာတုေဗဒပညာရပ္ရဲ႔ ဖခင္ႀကီးလည္းျဖစ္သူ နီကိုလုိင္ နီကုိလာရဲဘိခ်္ ဇီညင္ျဖစ္ပါတယ္။ ဆရာႀကီးဟာ အဲဖရက္ရဲ႔ ဓာတုေဗဒလက္ေတြ႔စမ္းသပ္မႈေတြကုိ စိတ္၀င္စားလ်က္ရွိျခင္းအား တုိးျမင္႔လာေစခဲ႔ျပီး အဲဖရက္ကုိ ႏုိက္ထရုိဂလစ္စရင္းနဲ႔ ၄င္းရဲ႔ ေပါက္ကြဲႏုိင္စြမ္းဂုဏ္သတၱိေတြအေႀကာင္း ေျပာျပရွင္းလင္းနားလည္ေစခဲ႔ပါတယ္။ အသက္၁၆ႏွစ္အရြယ္ေရာက္တဲ႔အခါမွာ ဓာတုေဗဒကုိ စိတ္၀င္စားသူလူငယ္ကေလး အဲဖရက္ဟာ ဥေရာပမွာ ပညာသင္ႀကားဖုိ႔ ထြက္လာခဲ႔ပါတယ္။ သူဟာ ဒိန္းမတ္၊ ဂ်ာမနီ၊ အီတလီ၊ စပိန္၊ အေမရိကန္စတဲ႔ တုိင္းျပည္ေတြကုိ လွည္႔လည္သြားလာခဲ႔ျပီး မ်ားစြာေသာ ထင္ရွားေက်ာ္ႀကားတဲ႔ သိပၸံပညာရွင္ေတြနဲ႔ ေတြ႔ဆုံဆည္းပူးခြင္႔ေတြ ရရွိခဲ႔ပါတယ္။

ပညာသင္ႀကားျခင္းမ်ား ျပီးဆုံးတဲ႔အခါမွာေတာ႔ အဲဖရက္ဟာ ရုရွား၊ ျပင္သစ္နဲ႔ အီတလီႏုိင္ငံေတြမွာ သူ႔ရဲ႔ ဓာတုေဗဒသုေတသနလုပ္ငန္းေတြကုိ အေကာင္အထည္ေဖာ္ပါတယ္။ အဓိက ကေတာ႔ ႏုိက္ထရုိဂလစ္စရင္းအေႀကာင္း လက္ေတြ႔စမ္းသပ္ျခင္းေတြပါပဲ။ လက္ေတြ႔စမ္းသပ္မႈေတြဟာ အသက္အႏၱရာယ္နဲ႔ လက္တစ္ကမ္းျဖစ္ေပမယ္႔ အဲဖရက္က မေလွ်ာ႔ေသာဇြဲ၊ ျမဲျမံတဲ႔ လုံ႔လနဲ႔ အစဥ္တစုိက္ လုပ္ကုိင္ေနခဲ႔ပါတယ္။ မ်ားစြာေသာ စမ္းသပ္လုပ္ကုိင္မႈမ်ားအျပီးမွာေတာ႔ အဲဖရက္ဟာ ေပါက္ကြဲအားျပင္းထန္တဲ႔ ဒုိင္းနမုိက္ဆုိတဲ႔ ပစၥည္းတစ္မ်ိဳးကုိ တီထြင္တည္ေဆာက္ႏုိင္လုိက္ပါေတာ႔တယ္။

အဲဖရက္ဟာ ဒုိင္းနမုိက္ကုိ တီထြင္ႏုိင္ျပီးတဲ႔အခါမွာပဲ ထုိေခတ္က လူ႔အဖြဲ႔အစည္းဟာ သူ႔တီထြင္မႈကုိ ရန္လုိစြာ၊ မလုိလားစြာ တုန္႔ျပန္ခဲ႔ႀကပါတယ္။ တကယ္ေတာ႔ ရထားလမ္း၊ အေ၀းေျပးလမ္း၊ လုိဏ္ေခါင္းမ်ားနဲ႔ ေရနံတူးေဖာ္ေရးလုပ္ငန္းေတြမွာ အဲဖရက္ရဲ႔ တီထြင္မႈဟာ လုိအပ္ခ်က္ကုိ ျဖည္႔ဆည္းေပးႏုိင္တဲ႔ တီထြင္မႈျဖစ္တာမုိ႔ အဲဖရက္ကုိယ္တုိင္ဟာ ဘာေႀကာင္႔ လူ႔အဖြဲ႔အစည္းက မလုိလားသလဲဆုိတာကုိ အံ႔ႀသေနခဲ႔ရွာပါတယ္။ အဲဖရက္ရဲ႔ ညီအစ္ကုိေတြဟာ ဒုိင္းနမုိက္ေႀကာင္႔ ရုရွားအင္ပါယာအတြင္း ေရနံရွာေဖြထုတ္လုပ္ေရး လုပ္ငန္းေတြကုိ ေအာင္ေအာင္ျမင္ျမင္လုပ္ေဆာင္ႏုိင္ခဲ႔သလုိ အဲဖရက္ကုိယ္တုိင္လည္း ဒုိင္းနမုိက္ေႀကာင္႔ စီးပြားေရးအရ ေအာင္ျမင္လာခဲ႔ပါတယ္။

အဲဖရက္ဟာ ဒုိင္းနမုိက္ထုတ္လုပ္ဖုိ႔ စက္ရုံေပါင္းမ်ားစြာကုိ ကမၻာတစ္၀ွန္းမွာ တည္ေထာင္ႏုိင္ခဲ႔ျပီး အဲဒီစက္ရုံေတြက ထုတ္လုပ္တဲ႔ ထုတ္ကုန္ေတြဟာ အဲဖရက္ရည္မွန္းသလုိ ေခတ္မီလူ႔အဖြဲ႔အစည္းတည္ေထာင္ရန္ လုိအပ္တဲ႔ေနရာမွာ သုံးႀကရုံသာမက အဲဖရက္မေမွ်ာ္လင္႔ခဲ႔တဲ႔ စစ္လက္နက္ပစၥည္းေတြမွာပါ ထည္႔သြင္းအသုံးျပဳျခင္း ခံခဲ႔ႀကရပါတယ္။ ဒုိင္းနမုိက္ မေပၚေပါက္ခင္က ယမ္းစိမ္းကဲ႔သုိ႔ေသာ ေရွးရုိးေပါက္ကြဲပစၥည္းမ်ားကုိသာ အသုံးျပဳတဲ႔ လက္နက္ေတြဟာ တစ္ခါေပါက္ကြဲလွ်င္ တစ္စုံတစ္ေယာက္သာ အထိအခုိက္ရွိႏုိင္ခဲ႔ေပမယ္႔ ဒုိင္းနမုိက္ေပၚေပါက္လာတဲ႔အခါမွာေတာ႔ အစုလုိက္ အျပဳံလုိက္ ေသေႀကပ်က္စီးေစႏုိင္ေသာ လက္နက္မ်ားပါ ေပၚေပါက္လာခဲ႔ပါေတာ႔တယ္။ သည္လုိနဲ႔ ေကာင္းတဲ႔အကြက္ကုိ နည္းနည္းပဲျမင္ျပီး မေကာင္းတာကုိပဲ မ်ားမ်ားျမင္တတ္တဲ႔ လူ႔အဖြဲ႔အစည္းရဲ႔ ထုံးစံအတုိင္း လူထုဟာ အဲဖရက္ကုိ အျမင္ေစာင္း၊ မေက်မနပ္ျဖစ္ေနႀကပါေတာ႔တယ္။ ဒါေပမယ္႔ အဲဖရက္ဟာ ဒါကုိ ဂရုမျပဳႏုိင္ေသးဘဲ သူရဲ႔လုပ္ငန္းေတြႀကားမွာပဲ နစ္ျမဳပ္ေနခဲ႔ပါတယ္။ ၁၈၈၈ခုႏွစ္မွာေတာ႔ အဲဖရက္ရဲ႔ ဘ၀ကုိ အလွည္႔အေျပာင္းျဖစ္ေစမယ္႔ ျဖစ္စဥ္တစ္ခု ေပၚေပါက္လုိ႔လာခဲ႔ပါတယ္။

အျဖစ္အပ်က္က ျပင္သစ္သတင္းစာတစ္ေစာင္ရဲ႔ နာေရးသတင္းတစ္ခုပါ။ နာေရးသတင္းေခါင္းစဥ္ကေတာ႔ “ ေသမင္းတမန္ကုန္သည္ႀကီး ကြယ္လြန္ရွာျပီ” လုိ႔ျဖစ္ျပီး သတင္းထဲမွာေတာ႔ ဒုိင္းနမုိက္တီထြင္သူ အဲဖရက္ႏုိဘယ္ ကြယ္လြန္ျပီျဖစ္ေႀကာင္း လြဲမွားစြာ ေရးသားေဖာ္ျပခဲ႔ပါတယ္။ နာေရးသတင္းထဲမွာေတာ႔ အဲဖရက္ကုိ ဒုိင္းနမုိက္ဘုရင္ႀကီး၊ ေသမင္းတမန္ကုန္သည္ႀကီး၊ ေသျခင္းတရားေပါက္ကြဲမႈျဖစ္စဥ္ကုန္သည္ႀကီး စသျဖင္႔ ဂုဏ္ပုဒ္မ်ားကုိ လႈိင္လႈိင္ေဖာ္ျပေရးသားခဲ႔ပါတယ္။ မွားယြင္းမႈစစ္စစ္ေသာ္လည္းေကာင္း သုိ႔မဟုတ္ အရြဲ႔တုိက္ေရးသားခဲ႔ျခင္းေသာ္လည္းေကာင္း ျဖစ္ႏုိင္ေပမယ္႔ ဘာပဲေျပာေျပာ အမွားေကာင္းတစ္ရပ္ျဖစ္ခဲ႔ပါတယ္။

အဲဒီသတင္းကုိ ဖတ္မိလုိက္တဲ႔အခါမွာေတာ႔ အဲဖရက္ဟာ လူထုရဲ႔အျမင္မွာ ကမၻာလုံးဆုိင္ရာဗီလိန္ႀကီးတစ္ဦးျဖစ္ေနျပီျဖစ္ေႀကာင္း သူ႔ကုိယ္သူ သတိထားမိလုိက္ပါေတာ႔တယ္။ အဲဖရက္ဟာ သူ႔ရဲ႔ တီထြင္မႈအတြက္ ၀မ္းနည္းစြာ ခံစားရျပီး သည္အတြက္ ကမၻာ႔လူထုကုိ တစ္ခုခု ျပန္ေပးဆပ္ဖုိ႔လဲ စဥ္းစားလုိက္မိပါတယ္။ ဒါ႔အျပင္ ေခတ္အဆက္ဆက္ ကမၻာ႔သမုိင္းမွာ ဗီလိန္ႀကီးတစ္ဦးအျဖစ္ မွတ္တမ္းမတင္ေစလုိတာလည္း စိတ္ထဲမွာ ျဖစ္ေပၚလာခဲ႔ပါတယ္။ ေနာက္ဆုံးမွာေတာ႔ အဲဖရက္ဟာ သူ႔ရဲ႔ ပုိင္ဆုိင္သမွ်ေငြေႀကးမ်ားကုိ ကမၻာ႔လူ႔အဖြဲ႔အစည္းအတြက္ ေကာင္းရာေကာင္းက်ိဳးလုပ္ေဆာင္သူမ်ားကုိ အသိအမွတ္ျပဳ၊ ဆုခ်ီးျမွင္႔ဖုိ႔ အစီအစဥ္တစ္ခု ခ်မွတ္ခဲ႔ကာ ေသတမ္းစာတစ္ေစာင္ ေရးသားပါေတာ႔တယ္။ သည္လုိနဲ႔ပဲ ယေန႔အခါမွာ ကြ်န္ေတာ္တုိ႔ သိေနတဲ႔ ႏုိဘယ္ဆုနဲ႔ ႏုိဘယ္ဆုခ်ီးျမွင္႔ေရးဆုိင္ရာအဖြဲ႔အစည္းတစ္ရပ္ ေပၚေပါက္လာခဲ႔ပါေတာ႔တယ္ခင္ဗ်ာ။

အဲဖရက္ႏုိဘယ္ႏွင္႔ ပတ္သက္၍ စိတ္၀င္စားဖြယ္ အခ်က္အလက္မ်ား
– ေဆးလိပ္မေသာက္၊ အရက္မႀကိဳက္၊ ဖဲမရုိက္၊ ေလာင္းကစားမလုပ္။
– ဆိတ္ျငိမ္ေအးခ်မ္းေသာ ဘ၀ပုံစံကုိ ႀကိဳက္ႏွစ္သက္ေသာ္လည္း ဘ၀တစ္ေလွ်ာက္လုံး ရႈပ္ေထြးစည္ကားေသာ ျမိဳ႔ျပဘ၀တြင္သာ က်င္လည္ခဲ႔ရ။
– မိခင္ဆြီဒင္ဘာသာစကားအပါအ၀င္ အဂၤလိပ္၊ ရုရွား၊ ဂ်ာမန္၊ ျပင္သစ္ စေသာ ဘာသာစကားမ်ားကုိ ကြ်မ္းက်င္စြာ ေျပာဆုိႏုိင္။
– ေတးသီခ်င္း၊ ၀တၳဳႏွင္႔ ကဗ်ာလကၤာအခ်ိဳ႔ ေရးသားသီကုံးခဲ႔။

မင္းအရိပ္

——————

နိုဘယ်ဆုရဲ့ဖခင်ကြီး အဲဖရက်နိုဘယ် – သူတော်ကောင်းလား၊ ဗီလိန်လား (unicode)

Written By မင်းအရိပ်(ရောင်စုံအခန်းငယ်)

ကျွန်တော်တို့ နိုဘယ်ဆုဆိုတာကို ကောင်းကောင်းကြီးကြားဖူးကြပါတယ်။ နိုဘယ်ဆုဆိုတာ အဲဖရက်နိုဘယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက စတင်တည်ထောင်ချီးမြှင့်ပေးခဲ့တာလို့လည်း သိကြပါတယ်။ ဒါပေမယ့် အဲဖရက်နိုဘယ်ဆိုတာ ဘာလဲ၊ ကျွန်တော်တို့ ကောင်းကောင်းမသိကြပါဘူး။ အဲဖရက်နိုဘယ်ဆိုတာ ယနေ့ခေတ်လူ ကျွန်တော်တို့အတွက် သူတော်ကောင်းတစ်ယောက်ဖြစ်ပေမယ့် သူ့ခေတ်သူ့အခါက လူတွေအတွက်တော့ သူဟာ ဗီလိန်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။

အဲဖရက်နိုဘယ်ကို ၁၈၃၃ခုနှစ်မှာ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ အဲဖရက်နိုဘယ်ဟာ သားသမီးရှစ်ယောက်ရှိတဲ့ မိသားစုမှာ လေးယောက်မြောက်သားဖြစ်ပါတယ်။ အဲဖရက်နိုဘယ် အသက်ကိုးနှစ်အရွယ်မှာတော့ သူတို့မိသားစုဟာ ဆွီဒင်ကနေ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ အဲဖရက်ရဲ့ ဖခင်ဖြစ်သူ အီမန်နြူရယ်နိုဘယ်ဟာ တီထွင်သူအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး စိန့်ပီတာစဘတ်မြို့မှာ တော်ပီဒိုထုတ်လုပ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေတာကြောင့်ဖြစ်ပါတယ်။ အဲဖရက်တို့ညီအစ်ကိုတတွေဟာ ရုရှားနိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသားကလေးတွေဖြစ်နေတာမို့ ရုရှားစာသင်ကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနိုင်ကြခြင်းမရှိတဲ့အတွက် အိမ်တွင်းမှာပဲ အိမ်တွင်းပညာရေးကို သင်ယူခဲ့ကြရပါတယ်။ ဆရာတွေကို အိမ်မှာ ခေါ်ယူသင်ကြားစေခဲ့တာပါ။

လာရောက်သင်ကြားပေးတဲ့ ရုရှားဆရာတွေထဲက တစ်ဦးကတော့ ရုရှားပညာရှင်ကြီးဖြစ်ပြီး အော်ဂင်းနစ်ဓာတုဗေဒပညာရပ်ရဲ့ ဖခင်ကြီးလည်းဖြစ်သူ နီကိုလိုင် နီကိုလာရဲဘိခ်ျ ဇီညင်ဖြစ်ပါတယ်။ ဆရာကြီးဟာ အဲဖရက်ရဲ့ ဓာတုဗေဒလက်တွေ့စမ်းသပ်မှုတွေကို စိတ်ဝင်စားလျက်ရှိခြင်းအား တိုးမြင့်လာစေခဲ့ပြီး အဲဖရက်ကို နိုက်ထရိုဂလစ်စရင်းနဲ့ ၎င်းရဲ့ ပေါက်ကွဲနိုင်စွမ်းဂုဏ်သတ္တိတွေအကြောင်း ပြောပြရှင်းလင်းနားလည်စေခဲ့ပါတယ်။ အသက်၁၆နှစ်အရွယ်ရောက်တဲ့အခါမှာ ဓာတုဗေဒကို စိတ်ဝင်စားသူလူငယ်ကလေး အဲဖရက်ဟာ ဥရောပမှာ ပညာသင်ကြားဖို့ ထွက်လာခဲ့ပါတယ်။ သူဟာ ဒိန်းမတ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ အမေရိကန်စတဲ့ တိုင်းပြည်တွေကို လှည့်လည်သွားလာခဲ့ပြီး များစွာသော ထင်ရှားကျော်ကြားတဲ့ သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံဆည်းပူးခွင့်တွေ ရရှိခဲ့ပါတယ်။

ပညာသင်ကြားခြင်းများ ပြီးဆုံးတဲ့အခါမှာတော့ အဲဖရက်ဟာ ရုရှား၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေမှာ သူ့ရဲ့ ဓာတုဗေဒသုတေသနလုပ်ငန်းတွေကို အကောင်အထည်ဖော်ပါတယ်။ အဓိက ကတော့ နိုက်ထရိုဂလစ်စရင်းအကြောင်း လက်တွေ့စမ်းသပ်ခြင်းတွေပါပဲ။ လက်တွေ့စမ်းသပ်မှုတွေဟာ အသက်အန္တရာယ်နဲ့ လက်တစ်ကမ်းဖြစ်ပေမယ့် အဲဖရက်က မလျှော့သောဇွဲ၊ မြဲမြံတဲ့ လုံ့လနဲ့ အစဉ်တစိုက် လုပ်ကိုင်နေခဲ့ပါတယ်။ များစွာသော စမ်းသပ်လုပ်ကိုင်မှုများအပြီးမှာတော့ အဲဖရက်ဟာ ပေါက်ကွဲအားပြင်းထန်တဲ့ ဒိုင်းနမိုက်ဆိုတဲ့ ပစ္စည်းတစ်မျိုးကို တီထွင်တည်ဆောက်နိုင်လိုက်ပါတော့တယ်။

အဲဖရက်ဟာ ဒိုင်းနမိုက်ကို တီထွင်နိုင်ပြီးတဲ့အခါမှာပဲ ထိုခေတ်က လူ့အဖွဲ့အစည်းဟာ သူ့တီထွင်မှုကို ရန်လိုစွာ၊ မလိုလားစွာ တုန့်ပြန်ခဲ့ကြပါတယ်။ တကယ်တော့ ရထားလမ်း၊ အဝေးပြေးလမ်း၊ လိုဏ်ခေါင်းများနဲ့ ရေနံတူးဖော်ရေးလုပ်ငန်းတွေမှာ အဲဖရက်ရဲ့ တီထွင်မှုဟာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ တီထွင်မှုဖြစ်တာမို့ အဲဖရက်ကိုယ်တိုင်ဟာ ဘာကြောင့် လူ့အဖွဲ့အစည်းက မလိုလားသလဲဆိုတာကို အံ့ဩနေခဲ့ရှာပါတယ်။ အဲဖရက်ရဲ့ ညီအစ်ကိုတွေဟာ ဒိုင်းနမိုက်ကြောင့် ရုရှားအင်ပါယာအတွင်း ရေနံရှာဖွေထုတ်လုပ်ရေး လုပ်ငန်းတွေကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့သလို အဲဖရက်ကိုယ်တိုင်လည်း ဒိုင်းနမိုက်ကြောင့် စီးပွားရေးအရ အောင်မြင်လာခဲ့ပါတယ်။

အဲဖရက်ဟာ ဒိုင်းနမိုက်ထုတ်လုပ်ဖို့ စက်ရုံပေါင်းများစွာကို ကမ္ဘာတစ်ဝှန်းမှာ တည်ထောင်နိုင်ခဲ့ပြီး အဲဒီစက်ရုံတွေက ထုတ်လုပ်တဲ့ ထုတ်ကုန်တွေဟာ အဲဖရက်ရည်မှန်းသလို ခေတ်မီလူ့အဖွဲ့အစည်းတည်ထောင်ရန် လိုအပ်တဲ့နေရာမှာ သုံးကြရုံသာမက အဲဖရက်မမျှော်လင့်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေမှာပါ ထည့်သွင်းအသုံးပြုခြင်း ခံခဲ့ကြရပါတယ်။ ဒိုင်းနမိုက် မပေါ်ပေါက်ခင်က ယမ်းစိမ်းကဲ့သို့သော ရှေးရိုးပေါက်ကွဲပစ္စည်းများကိုသာ အသုံးပြုတဲ့ လက်နက်တွေဟာ တစ်ခါပေါက်ကွဲလျှင် တစ်စုံတစ်ယောက်သာ အထိအခိုက်ရှိနိုင်ခဲ့ပေမယ့် ဒိုင်းနမိုက်ပေါ်ပေါက်လာတဲ့အခါမှာတော့ အစုလိုက် အပြုံလိုက် သေကြေပျက်စီးစေနိုင်သော လက်နက်များပါ ပေါ်ပေါက်လာခဲ့ပါတော့တယ်။ သည်လိုနဲ့ ကောင်းတဲ့အကွက်ကို နည်းနည်းပဲမြင်ပြီး မကောင်းတာကိုပဲ များများမြင်တတ်တဲ့ လူ့အဖွဲ့အစည်းရဲ့ ထုံးစံအတိုင်း လူထုဟာ အဲဖရက်ကို အမြင်စောင်း၊ မကျေမနပ်ဖြစ်နေကြပါတော့တယ်။ ဒါပေမယ့် အဲဖရက်ဟာ ဒါကို ဂရုမပြုနိုင်သေးဘဲ သူရဲ့လုပ်ငန်းတွေကြားမှာပဲ နစ်မြုပ်နေခဲ့ပါတယ်။ ၁၈၈၈ခုနှစ်မှာတော့ အဲဖရက်ရဲ့ ဘဝကို အလှည့်အပြောင်းဖြစ်စေမယ့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လို့လာခဲ့ပါတယ်။

အဖြစ်အပျက်က ပြင်သစ်သတင်းစာတစ်စောင်ရဲ့ နာရေးသတင်းတစ်ခုပါ။ နာရေးသတင်းခေါင်းစဉ်ကတော့ “ သေမင်းတမန်ကုန်သည်ကြီး ကွယ်လွန်ရှာပြီ” လို့ဖြစ်ပြီး သတင်းထဲမှာတော့ ဒိုင်းနမိုက်တီထွင်သူ အဲဖရက်နိုဘယ် ကွယ်လွန်ပြီဖြစ်ကြောင်း လွဲမှားစွာ ရေးသားဖော်ပြခဲ့ပါတယ်။ နာရေးသတင်းထဲမှာတော့ အဲဖရက်ကို ဒိုင်းနမိုက်ဘုရင်ကြီး၊ သေမင်းတမန်ကုန်သည်ကြီး၊ သေခြင်းတရားပေါက်ကွဲမှုဖြစ်စဉ်ကုန်သည်ကြီး စသဖြင့် ဂုဏ်ပုဒ်များကို လှိုင်လှိုင်ဖော်ပြရေးသားခဲ့ပါတယ်။ မှားယွင်းမှုစစ်စစ်သော်လည်းကောင်း သို့မဟုတ် အရွဲ့တိုက်ရေးသားခဲ့ခြင်းသော်လည်းကောင်း ဖြစ်နိုင်ပေမယ့် ဘာပဲပြောပြော အမှားကောင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။

အဲဒီသတင်းကို ဖတ်မိလိုက်တဲ့အခါမှာတော့ အဲဖရက်ဟာ လူထုရဲ့အမြင်မှာ ကမ္ဘာလုံးဆိုင်ရာဗီလိန်ကြီးတစ်ဦးဖြစ်နေပြီဖြစ်ကြောင်း သူ့ကိုယ်သူ သတိထားမိလိုက်ပါတော့တယ်။ အဲဖရက်ဟာ သူ့ရဲ့ တီထွင်မှုအတွက် ဝမ်းနည်းစွာ ခံစားရပြီး သည်အတွက် ကမ္ဘာ့လူထုကို တစ်ခုခု ပြန်ပေးဆပ်ဖို့လဲ စဉ်းစားလိုက်မိပါတယ်။ ဒါ့အပြင် ခေတ်အဆက်ဆက် ကမ္ဘာ့သမိုင်းမှာ ဗီလိန်ကြီးတစ်ဦးအဖြစ် မှတ်တမ်းမတင်စေလိုတာလည်း စိတ်ထဲမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဲဖရက်ဟာ သူ့ရဲ့ ပိုင်ဆိုင်သမျှငွေကြေးများကို ကမ္ဘာ့လူ့အဖွဲ့အစည်းအတွက် ကောင်းရာကောင်းကျိုးလုပ်ဆောင်သူများကို အသိအမှတ်ပြု၊ ဆုချီးမြှင့်ဖို့ အစီအစဉ်တစ်ခု ချမှတ်ခဲ့ကာ သေတမ်းစာတစ်စောင် ရေးသားပါတော့တယ်။ သည်လိုနဲ့ပဲ ယနေ့အခါမှာ ကျွန်တော်တို့ သိနေတဲ့ နိုဘယ်ဆုနဲ့ နိုဘယ်ဆုချီးမြှင့်ရေးဆိုင်ရာအဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာခဲ့ပါတော့တယ်ခင်ဗျာ။

အဲဖရက်နိုဘယ်နှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် အချက်အလက်များ
– ဆေးလိပ်မသောက်၊ အရက်မကြိုက်၊ ဖဲမရိုက်၊ လောင်းကစားမလုပ်။
– ဆိတ်ငြိမ်အေးချမ်းသော ဘဝပုံစံကို ကြိုက်နှစ်သက်သော်လည်း ဘဝတစ်လျှောက်လုံး ရှုပ်ထွေးစည်ကားသော မြို့ပြဘဝတွင်သာ ကျင်လည်ခဲ့ရ။
– မိခင်ဆွီဒင်ဘာသာစကားအပါအဝင် အင်္ဂလိပ်၊ ရုရှား၊ ဂျာမန်၊ ပြင်သစ် စသော ဘာသာစကားများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်။
– တေးသီချင်း၊ ဝတ္ထုနှင့် ကဗျာလင်္ကာအချို့ ရေးသားသီကုံးခဲ့။

မင်းအရိပ်

Leave a Reply