Thutazone
Monday, December 9, 2019
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အောင်မြင်ရေးအတွက် ဦးသန့်ပြောတဲ့ မှတ်သားဖွယ် “စကားငါးခွန်း”

by Thutamm
July 25, 2019
1 min read
0
အောင်မြင်ရေးအတွက် ဦးသန့်ပြောတဲ့ မှတ်သားဖွယ် “စကားငါးခွန်း”
Share on FacebookShare on Twitter

Via : Ashin Kelasa

ဘုန်းကြီး ရဟန်း ၃-ဝါရ ရွာကို ပြန်စဉ် အဖိုး ရဟန်းလူထွက် ဆရာကြီး ဦးစာရိန္ဒ သိမ်းထားသော ကြီးပွားရေးမဂ္ဂဇင်း (အတွဲ၊ အမှတ်နဲ့ ခုနှစ်များကို မရေးထားမိ) ထဲက ကုလသမဂ္ဂ အတွင်းဝန်ချုပ် ဦးသန့် ရေးသည့် ”စကားငါးခွန်း” အမည်ရှိ ဆောင်းပါးကို ဘုန်းကြီး ဒိုင်ယာရီ စာအုပ်ထဲမှာ ကူယူထားခဲ့သည်ကို ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။

လောက၌ ကြီးပွားရေး လမ်းတို့သည် များပြားကုန်၏။ ကြီးပွားရေး ဆရာတို့လည်း ပေါများကုန်၏။ သို့ရာတွင် ကြီးပွားကုန်သော သူတို့၏ ကြီးပွားရာ လမ်းများအနက် အောက်ဖော်ပြပါ ငါးချက်တို့သည် အရေးကြီးပေသည်။

၁။ ရည်ရွယ်ချက် ရှိပါ

လောက်၌ ရည်ရွယ်ချက် မရှိသောသူသည် မည်သည့် အရေးသို့ သွားရန် မသိသေးသော ခရီးသည်နှင့် တူ၏။ ကြီးပွားလိုသော လူတိုင်း ၌ ရည်ရွယ်ချက် ရှိရမည်။ သုံးလူ့ထွတ်ထား သဗ္ဗညုဘုရားပင်လျှင် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ကြိုးစား အားထုတ်တော်မူခဲ့ ပေသည်။

မည်သူမဆို ငယ်စဉ်ကပင် မှန်းခြေတစ်ခု ရှိရမည်။ မှန်းခြေရှိသော လူတို့သည် မိမိတို့ လုပ်ငန်း၌ လွယ်ကူသည်သာမက မှန်းခြေ မရှိသော သူထက် မနှိုးင်းယှဉ်သာအောင် ကြီးပွားကြလေသည်။

၂။ သူများနှင့် မတူအောင် လုပ်ပါ

ထိုအချက်သည် ဆန်းဆန်းဖြစ်သည်။ သို့ရာတွင် စေ့စေ့တွေးသော် ကြီးပွားသော သူတို့၏ လက်သုံး အချက်ကြီး ဖြစ်သည်။ သူများကဲ့သို့ လုပ်လျှင် သူများကဲ့သိုပင် ဖြစ်မည်။ သူများနှင့် မတူအောင် လုပ်လျှင် သူများနှင့် တူမည် ဟုတ်ချေ။

မြတ်စွာဘုရားသည် ခပ်သိမ်းသော သူတို့နှင့် မတူအောင် အားထုတ်တော်မူခဲ့၍ သူများနှင့် မတူသော သဗ္ဗညုအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။

၃။ အများ သဘောကို မလိုက်နှင့်

အများသဘောသည် အမှားပေါ၏။ လောက၌ ပညာ ရှိသောသူနှင့် မရှိသောသူ အရေအတွက်ကို နှိုင်းယှဉ်ကြည့်လျှင် ပညာ ရှိသူက မနှိုင်းယှဉ် လောက်အောင် နည်းလှ၏။ အများသဘောကို မလိုက်နှင့်ဟု ဆိုရာ၌ မည်သည့်အခါ မဆို အများသဘောနှင့် ဆန့်ကျင်ရ မည်ဟု မဆိုလိုပေ။

မည်သည့် ကိစ္စ၌မဆို ‘ဟာ .. အများ သဘောပါ’ဟု ပြောလေ့ရှိသောသူကို အသုံးမကျသူ ဟူ၍ မှတ်အပ်၏။ အများ သဘောသည် မှားလျှင်လည်း မှားကြောင်း ညွှန်ပြနိုင်ရမည်။ ဆန့်ကျင်ရဲရမည်။ ရေလိုက်ငါးလိုက် နေသောသူတို့သည် မကြီးပွားနိုင်ကုန်။

၄။ ပြုပြင်ရန် မကြောက်နှင့်

လောက၌ ဘာသာရေးမှ လွဲလျှင် အားလုံးသော ကိစ္စဟူသမျှသည် အမြဲ ပြုပြင် ပြောင်းလဲလျက် ရှိ၏။ အဝတ်အစား အနေအထိုင် အပြောအဆို အယူအဆ စသည်တို့မှာ အမြဲ ပြောင်းလဲလျက် ရှိ၏။ ယခု ခေတ်သည် အလွန် မြန်နိုင်မှ တော်ရုံ ရှိ၏။

အပြေးသွား အပြေး လာ အပြေးလုပ်ရသော ခေတ်ကြီး ဖြစ်၏။ ဘဝသံသရာ ကြီးပွားရေးအတွက် ပြုပြင်ရေးသည်လည်း အထူး အရေးကြီးလှပေသည်။

၅။ မယုံလွယ်နှင့်

မစဉ်းစားပဲ ယုံလွယ်သူ ပေါးများသော တိုင်းပြည်သည် အောက်တန်းကျသော တိုင်းပြည် ဖြစ်၏။ အသိဉာဏ်ကို ချင့်ချိန်နိုင်ရန် ၎င်းတိုင်း ပြည်၏ သတင်းစာကို ကြည့်၍ အကဲခတ်နိုင်၏။

သတင်းစာများတွင် မြတ်စွာဘုရား ဆင်းတုတော်မှ မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိသော ဥစ္စာစောင့်မ၊ နတ်ပေးသော ကလေး စသည်ဖြင့် ခေါင်းတပ်ထားသော ဆောင်းပါးများကို အလုအယက် ဖတ်သမျှ ကာလပတ်လုံး မြန်မာ လူမျိုးတို့၏ အဆင့်အတန်းသည် ခေတ်မီရန် များစွာ လိုသေးသည်ဟု ဆိုရမည် ဖြစ်သည်။

ပြောတိုင်း မယုံနှင့်၊ ယုံတိုင်းလည်း မပြာနှင့်၊ ချင့်ချိန် မှန်းဆ၍ ပြုလုပ် ပြောဆိုရာ၏။ ဤသည်လည်း ကြီးပွားရေး လှေကား တစ်ထစ်ပေတည်း။

မတ် ၂၃၊ ၂ဝ၁၆။

 

Tags: successful
Next Post
အလောင်းမင်းတရားကြီးနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားဖွယ်ရာအချက်များ

အလောင်းမင်းတရားကြီးနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားဖွယ်ရာအချက်များ

Discussion about this post

Trending

ရန်ကုန် တက္ကသိုလ်၏ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနား 
History

ရန်ကုန် တက္ကသိုလ်၏ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနား 

by Thutamm
December 9, 2019
အမေရိကန်တွေ အရက်ကို နိုင်ငံလုံးကျွတ် ဖျက်သိမ်းခဲ့စဉ်က
History

အမေရိကန်တွေ အရက်ကို နိုင်ငံလုံးကျွတ် ဖျက်သိမ်းခဲ့စဉ်က

by Thutamm
December 8, 2019
သတ်သေမယ့် လူတစ်ယောက်ကို ကယ်တင်ခဲ့ဖူးတဲ့ မိုဟာမက်အလီ
History

သတ်သေမယ့် လူတစ်ယောက်ကို ကယ်တင်ခဲ့ဖူးတဲ့ မိုဟာမက်အလီ

by Thutamm
December 8, 2019
သမိုင်းဝင်ဓာတ်ပုံတစ်ပုံရဲ့ နောက်ကွယ်
History

သမိုင်းဝင်ဓာတ်ပုံတစ်ပုံရဲ့ နောက်ကွယ်

by Thutamm
December 7, 2019
ရှေးဟောင်းနံရံမှာ စာ ၃ လုံးရေးမိလို့ အမြင့်ဆုံးဒဏ်ငွေ ဒေါ်လာ ၁သိန်းကျော် အထိ ဆောင်ရတော့မယ့် သူတွေ
Amazing

ရှေးဟောင်းနံရံမှာ စာ ၃ လုံးရေးမိလို့ အမြင့်ဆုံးဒဏ်ငွေ ဒေါ်လာ ၁သိန်းကျော် အထိ ဆောင်ရတော့မယ့် သူတွေ

by Thutamm
December 6, 2019

သုတဇုန် ဆိုတာ

သုတဇုန်စာမျက်နှာသည် ထူးထူးဆန်းဆန်းအကြောင်းများ ၊ သုတရသ ဗဟုသုတများ ၊ ရှေးဟောင်းနှောင်းဖြစ်သမိုင်းများ ၊ အသုံးဝင်အချက်အလက်များ ၊ စိတ်ခွန်အားပေးစာစုများ စသည့်အကြောင်းအရာများကို သီးသန့် တင်ဆက်ပေးနေသော စာမျက်နှာဖြစ်ပါတယ်။ ဗဟုသုတအကြောင်းအရာများကို အလွယ်တကူ သိချင် ဖတ်ချင်သူမိတ်ဆွေများအတွက် ကြိုးစားတင်ဆက်ပေးနေပါတယ်။

Tags

amazing ancient knowledge animals buddhism buddhism monk chemistry cities countries facts feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places plants rivers science science knowledge Sport Sport people story successful tech thinking tips to know world actors world actress world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • no
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook
  • About Us
  • Contact Us
  • Home
  • Privacy Policy

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

 

Null