အေလာင္းမင္းတရားႀကီးနဲ႔ ပတ္သတ္တဲ့ စိတ္၀င္စားဖြယ္ရာအခ်က္မ်ား

Posted on

အေလာင္းမင္းတရားၾကီး ဦးေအာင္ေဇယ်၏ အမူအရာ အက်ဥ္းခ်ဳပ္မွာ ေအာက္ပါအတုုိင္းျဖစ္ပါသည္။

၁။ စကားနည္း၍ ေျပာေသာအခါ ပီျပင္ေလးနက္ျပီးလွ်င္မွတ္သားဖြယ္ျဖစ္သည္။

၂။ ခန္႕ျငားေသာဣေျႏၵရွိ၍၊မ်က္ႏွာထားမဆိုုးေသာ္လည္း ဟက္ဟက္ပက္ပက္ ရယ္ရႊင္ျခင္းမရွိ။

၃။ အလုုပ္တစ္ခုုကိုု မလုုပ္မီစဥ္းစား၍၊ လုုပ္ေသာအခါ မေအာင္ျမင္ေသာ အလုုပ္မရွိခဲ့ေလ။

၄။ ေမာဟနည္း၍ အအိပ္အေန နည္းျပီးလွ်င္ အိပ္ေတာ့မည္ဆိုုသည္ႏွင့္ တစ္ျပဳိင္နက္ အိပ္ေပ်ာ္၍ မွန္းထားသည္ထက္ ပုုိျပီးလွ်င္ အိပ္ေပ်ာ္ေလ့မရွိတတ္။

၅။ ေၾကာက္ရြံ႕တုုန္လႈပ္ျခင္း၊ ဝမ္းနည္းျခင္း၊ ညည္းညဴျခင္းမရွိ၊ ေဝဒနာအၾကီးအက်ယ္ကပ္ေရာက္လာေသာအခါ ထြက္သက္ဝင္သက္ကိုု သံုုးသပ္လ်က္ ျငိမ္းခ်မ္းေစျပီးလွ်င္ ဘဝကူးေတာ္မူေလ၏။

၆။ အသံုုးအစြဲ အလြန္က်စ္လစ္၏။ တစ္ေန႔သ၌ မိဖုုရားေခါင္ၾကီးသည္ ပိုုးထဘီႏွင့္ ႏိုင္ငံျခားအထည္ကိုု ဆင္၍ အေဆာင္ေတာ္တြင္ ရံေရြေတာ္မ်ားႏွင့္ ေနသည္ကိုု ေတြ႕ေလရာ၊ “ေၾသာ္…ရွင္မိဖုုရားအတုုကိုု ျပည္သူျပည္သားမ်ား တုုေလလွ်င္ ငါ့တိုုင္းျပည္သည္ မၾကာမီ မဲြေတာ့မွာပဲ” ဟုု မိန္႔ေတာ္မူဖူး၏။

၇။ အေပ်ာ္အပါးနည္း၍ အလုုပ္ႏွင့္ ေမြ႔ေလ်ာ္ျခင္းကိုု အလြန္ႏွစ္သက္၏ တစ္ေန႔သ၌ မိဖုုရားေခါင္းၾကီးသည္ အေဆာင္ေတာ္တြင္ ျငိမ္းခ်မ္းသက္သာ ေပ်ာ္ရႊင္စြာ အဆိုုေတာ္မ်ားႏွင့္ ရယ္ေမာ္ ေျပာဆိုုေနသည္ကိုု ေတြ႔ေလရာ “ေၾသာ္…ရွင္မင္းပံုုလည္း မိဖုုရားေခါင္ၾကီးျဖစ္လိုု႔၊ ဗိုုင္းဝါတိုု႔ကိုုေမ႔ျပီး အဆိုုအကႏွင့္ အညီးေျပရွာရေပေပါ့၊ ဗိုုင္းဝါကိုုမုုန္းတဲ့ မိန္းမဟာ လင္ကိုု မုုန္းျခင္းအစစ္ပဲ ရွင္မင္းပံုုေရ႕၊ သည္အတုုေတြကိုုမ်ား မႉးမတ္ကေတာ္တိုု႔ႏွင့္ ဆင္းရဲသူေတြ တုုၾကယင္ ငါ့တိုုင္းျပည္ဟာ ႏိုုင္ငံျခားကိုု အလြန္ဆက္သရေတာ့မွာေပပဲ၊ အလုုပ္မရွိေတာ့ လူေတြဟာ ပ်င္းလာတတ္တယ္၊ ပ်င္းလာတဲ့အခါ အက်ဳိးမရွိဘဲ အေညာင္းကိုုသာ ျဖစ္ေစတတ္တဲ့ ေၾကြအံပုုဆစ္တိုု႔ကိုု ေလ့လကစားတတ္ျခင္းဝ အေပ်ာ္အပါးလိုုက္စားတတ္ျခင္းတိုု႔ ျပဳလာၾကလိုု႔ လူမ်ားဟာ ေပါ့ပ်က္လာတတ္ၾကတယ္။ အဲသည္လိုု လူေပါ့လူပ်က္မ်ား မ်ားလာလွ်င္ တိုုင္းျပည္နိမ့္က်တတ္ပါတယ္။ ဒါေၾကာင့္ လူမ်ားဟာ အလုုပ္ႏွင့္ လက္မျပတ္ရွိသင့္ပါတယ္” ဟုု မိန္႔ေတာ္မူဖူးေလ၏။

၈။ မ်က္ႏွာတံစိုုးလုုိက္ေလ့မရွိ။ တစ္ေန႔သ၌ မိဖုုရားေခါင္ၾကီးက သူ႔ေမာင္မွာ ဘာမွ်အရာအထူးမရွိပါဟုု ပူဆာေလရာ အေလာင္းမင္းတရားၾကီးလည္း ေကာင္းျပီဆိုု၍ မယ္မင္းေမာင္ကိုု ေခၚပါဆိုုျပီးလွ်င္ နန္းေတာ္ေအာက္၌ ေခြးေမြးေနသည္၊ ေခြးဘယ္ႏွစ္ေကာင္ေမြးသလဲ ၾကည့္ေခဆိုု၍ မိဖုုရား၏ေမာင္လည္ သြားေရာက္ၾကည့္ျပီးလွ်င္ ေခြး ငါးေကာင္ေမြးေၾကာ္းကိုု ေလွ်ာက္ထား၍၊ အထီးဘယ္ႏွစ္ေကာင္ အမဘယ္ႏွစ္ေကာင္လဲ ေမးျပန္ရာ တစ္ဖန္သြားေရာက္ၾကည့္ျပန္၍ အထီးႏွစ္ေကာင္၊ အမသံုုးေကာင္းပါဟုု ေလွ်ာက္တင္ကာ၊ ၾကံဘယ္ႏွစ္ေကာင္ စံုုသလဲ ေမးျပန္သျဖင့္ တစ္ဖန္သြားေရာက္ ၾကည့္ဦးမည္ျပဳေသာအခါ ေနပါေစေတာ့ဟုု ဆိုုလ်က္၊ ေရႊတိုုက္စိုုးကိုု ေခၚေတာ္မူျပီးလွ်င္ နန္းေတာ္ေအာက္မွာ ေခြးေမြးေနတယ္ သြားၾကည့္ေခ်ပါဟုု ခိုုင္းလိုုက္ျပန္ရာ ေရႊတိုုက္စိုုးလည္း ပုုရပိုုက္ႏွင့္သြားေရာက မွတ္သားျပီးေသာ္ အထီးမည္မွ်၊ အမမည္မွ်၊ မည္မွ်ၾကံစံုုသည္၊ မည္မွ်ၾကံမစံုု၊ အေမြးမည္သိုု႔ စသည္ျဖင့္ တင္ေလွ်ာက္ေလ၏။ ထိုုအခါမွ ရွင္မရဲ့ေမာင္က ေခြးငါးေကာင္ကိုု ငါးခါသြားၾကည့္ေနမည့္သူျဖစ္ေသာေၾကာင့္ သူႏွင့္တန္ရာ နန္းေတာ္ထက္တြင္ ေအးေအးခ်မ္းခ်မ္းပဲ စားေသာက္ေနထိုုင္ပါေစေတာ့ဟုု အမိန္႔ေတာ္ရွိေလ၏။

ထိုု႔ျပင္ အေလာင္းမင္းတရားၾကီး၏ ေနာက္ဆံုုးမွာတမ္းတြင္….“ စကားသာမ်ားေန၍ ငါကဲ့သိုု႔ အလုုပ္မလုုပ္လွ်င္ ငါသားေတာ္မ်ားပင္ ျဖစ္ေသာ္လည္း ငါ့အဆက္အႏြယ္မဟုုတ္။” “တန္ခိုုးၾကီးေသာ တိုုင္းျပည္ အမ်ဳိးသားျဖစ္ႏိုုင္ရန္ ႏိုုင္ငံျခားသိုု႔ ဆက္သြယ္ကူးလူးလမ္းေပါက္၍ တိုုင္းျပည္ထြက္ ကုုန္စည္တိုု႔ကိုု တန္ဖိုုးျမွင့္ေစျပီးလွ်င္ အမ်ဳိးသားမ်း ၾကြယ္ဝကံုုလံုုလ်က္ သူေဌးသၾကြယ္တိုု႔ ေပါမ်ားေစရမည္” ဟုု မိန္႔ေတာ္မူခဲ့ေလသည္။
ဤသည္တိုု႔ကိုု ေလ့လာၾကည္ျခင္းအားျဖင့္ ထုုိေခတ္ထုုိအခ်ိန္အခါက အေလာင္းမင္းတရားၾကီးသည္ မင္းေကာင္းမင္းျမတ္တပါး၊ တိုုင္းျပည္ကိုု ေအးခ်မ္းသာယာ ကံုုလံုုၾကြယ္ဝေအာင္ အျမဲၾကံေဆာင္ေနေသာ မင္းတပါးျဖစ္သည္မွာ မလြဲဧကန္ပင္ျဖစ္သည္။

(စကားခ်ပ္။ က်မတိုု႔ေရႊဘိုုနယ္တြင္ ယခုုထက္တိုုင္လူၾကီးသူမမ်ားက ေျပာဆိုုဆံုုးမေလ့ရွိ သည္မွာ အလုုပ္တစ္ခုုကိုု တၾကိမ္းတည္းလုုပ္၍ မျပီးဘဲ၊ အၾကိမ္ၾကိမ္အခါခါ အေခါက္ေခါက္အခါအခါ ျပဳလုုပ္ေနရပါလွ်င္ ထိုုသိုု႔ေသာသူကိုု အထက္ပါ ေခြးဘယ္ႏွစ္ေကာင္ေမြးသလဲ အျဖစ္ႏွင့္ ခိုုင္းႏႈိင္းေျပာဆိုုေလ့ရွိသည္။)

အေလာင္းမင္းတရားၾကီး ဦးေအာင္ေဇယ်- (စစ္ကိုုင္း ဦးဘိုုးသင္း) စာအုုပ္မွ ေကာက္ႏုုတ္ေဖာ္ျပပါသည္။

————–

အလောင်းမင်းတရားကြီးနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားဖွယ်ရာအချက်များ (unicode)

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ အမူအရာ အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ စကားနည်း၍ ပြောသောအခါ ပီပြင်လေးနက်ပြီးလျှင်မှတ်သားဖွယ်ဖြစ်သည်။

၂။ ခန့်ငြားသောဣန္ဒြေရှိ၍၊မျက်နှာထားမဆိုးသော်လည်း ဟက်ဟက်ပက်ပက် ရယ်ရွှင်ခြင်းမရှိ။

၃။ အလုပ်တစ်ခုကို မလုပ်မီစဉ်းစား၍၊ လုပ်သောအခါ မအောင်မြင်သော အလုပ်မရှိခဲ့လေ။

၄။ မောဟနည်း၍ အအိပ်အနေ နည်းပြီးလျှင် အိပ်တော့မည်ဆိုသည်နှင့် တစ်ပြိုင်နက် အိပ်ပျော်၍ မှန်းထားသည်ထက် ပိုပြီးလျှင် အိပ်ပျော်လေ့မရှိတတ်။

၅။ ကြောက်ရွံ့တုန်လှုပ်ခြင်း၊ ဝမ်းနည်းခြင်း၊ ညည်းညူခြင်းမရှိ၊ ဝေဒနာအကြီးအကျယ်ကပ်ရောက်လာသောအခါ ထွက်သက်ဝင်သက်ကို သုံးသပ်လျက် ငြိမ်းချမ်းစေပြီးလျှင် ဘဝကူးတော်မူလေ၏။

၆။ အသုံးအစွဲ အလွန်ကျစ်လစ်၏။ တစ်နေ့သ၌ မိဖုရားခေါင်ကြီးသည် ပိုးထဘီနှင့် နိုင်ငံခြားအထည်ကို ဆင်၍ အဆောင်တော်တွင် ရံရွေတော်များနှင့် နေသည်ကို တွေ့လေရာ၊ “ဪ…ရှင်မိဖုရားအတုကို ပြည်သူပြည်သားများ တုလေလျှင် ငါ့တိုင်းပြည်သည် မကြာမီ မွဲတော့မှာပဲ” ဟု မိန့်တော်မူဖူး၏။

၇။ အပျော်အပါးနည်း၍ အလုပ်နှင့် မွေ့လျော်ခြင်းကို အလွန်နှစ်သက်၏ တစ်နေ့သ၌ မိဖုရားခေါင်းကြီးသည် အဆောင်တော်တွင် ငြိမ်းချမ်းသက်သာ ပျော်ရွှင်စွာ အဆိုတော်များနှင့် ရယ်မော် ပြောဆိုနေသည်ကို တွေ့လေရာ “ဪ…ရှင်မင်းပုံလည်း မိဖုရားခေါင်ကြီးဖြစ်လို့၊ ဗိုင်းဝါတို့ကိုမေ့ပြီး အဆိုအကနှင့် အညီးပြေရှာရပေပေါ့၊ ဗိုင်းဝါကိုမုန်းတဲ့ မိန်းမဟာ လင်ကို မုန်းခြင်းအစစ်ပဲ ရှင်မင်းပုံရေ့၊ သည်အတုတွေကိုများ မှူးမတ်ကတော်တို့နှင့် ဆင်းရဲသူတွေ တုကြယင် ငါ့တိုင်းပြည်ဟာ နိုင်ငံခြားကို အလွန်ဆက်သရတော့မှာပေပဲ၊ အလုပ်မရှိတော့ လူတွေဟာ ပျင်းလာတတ်တယ်၊ ပျင်းလာတဲ့အခါ အကျိုးမရှိဘဲ အညောင်းကိုသာ ဖြစ်စေတတ်တဲ့ ကြွေအံပုဆစ်တို့ကို လေ့လကစားတတ်ခြင်းဝ အပျော်အပါးလိုက်စားတတ်ခြင်းတို့ ပြုလာကြလို့ လူများဟာ ပေါ့ပျက်လာတတ်ကြတယ်။ အဲသည်လို လူပေါ့လူပျက်များ များလာလျှင် တိုင်းပြည်နိမ့်ကျတတ်ပါတယ်။ ဒါကြောင့် လူများဟာ အလုပ်နှင့် လက်မပြတ်ရှိသင့်ပါတယ်” ဟု မိန့်တော်မူဖူးလေ၏။

၈။ မျက်နှာတံစိုးလိုက်လေ့မရှိ။ တစ်နေ့သ၌ မိဖုရားခေါင်ကြီးက သူ့မောင်မှာ ဘာမျှအရာအထူးမရှိပါဟု ပူဆာလေရာ အလောင်းမင်းတရားကြီးလည်း ကောင်းပြီဆို၍ မယ်မင်းမောင်ကို ခေါ်ပါဆိုပြီးလျှင် နန်းတော်အောက်၌ ခွေးမွေးနေသည်၊ ခွေးဘယ်နှစ်ကောင်မွေးသလဲ ကြည့်ခေဆို၍ မိဖုရား၏မောင်လည် သွားရောက်ကြည့်ပြီးလျှင် ခွေး ငါးကောင်မွေးကြော်းကို လျှောက်ထား၍၊ အထီးဘယ်နှစ်ကောင် အမဘယ်နှစ်ကောင်လဲ မေးပြန်ရာ တစ်ဖန်သွားရောက်ကြည့်ပြန်၍ အထီးနှစ်ကောင်၊ အမသုံးကောင်းပါဟု လျှောက်တင်ကာ၊ ကြံဘယ်နှစ်ကောင် စုံသလဲ မေးပြန်သဖြင့် တစ်ဖန်သွားရောက် ကြည့်ဦးမည်ပြုသောအခါ နေပါစေတော့ဟု ဆိုလျက်၊ ရွှေတိုက်စိုးကို ခေါ်တော်မူပြီးလျှင် နန်းတော်အောက်မှာ ခွေးမွေးနေတယ် သွားကြည့်ချေပါဟု ခိုင်းလိုက်ပြန်ရာ ရွှေတိုက်စိုးလည်း ပုရပိုက်နှင့်သွားရောက မှတ်သားပြီးသော် အထီးမည်မျှ၊ အမမည်မျှ၊ မည်မျှကြံစုံသည်၊ မည်မျှကြံမစုံ၊ အမွေးမည်သို့ စသည်ဖြင့် တင်လျှောက်လေ၏။ ထိုအခါမှ ရှင်မရဲ့မောင်က ခွေးငါးကောင်ကို ငါးခါသွားကြည့်နေမည့်သူဖြစ်သောကြောင့် သူနှင့်တန်ရာ နန်းတော်ထက်တွင် အေးအေးချမ်းချမ်းပဲ စားသောက်နေထိုင်ပါစေတော့ဟု အမိန့်တော်ရှိလေ၏။

ထို့ပြင် အလောင်းမင်းတရားကြီး၏ နောက်ဆုံးမှာတမ်းတွင်….“ စကားသာများနေ၍ ငါကဲ့သို့ အလုပ်မလုပ်လျှင် ငါသားတော်များပင် ဖြစ်သော်လည်း ငါ့အဆက်အနွယ်မဟုတ်။” “တန်ခိုးကြီးသော တိုင်းပြည် အမျိုးသားဖြစ်နိုင်ရန် နိုင်ငံခြားသို့ ဆက်သွယ်ကူးလူးလမ်းပေါက်၍ တိုင်းပြည်ထွက် ကုန်စည်တို့ကို တန်ဖိုးမြှင့်စေပြီးလျှင် အမျိုးသားမျး ကြွယ်ဝကုံလုံလျက် သူဌေးသကြွယ်တို့ ပေါများစေရမည်” ဟု မိန့်တော်မူခဲ့လေသည်။
ဤသည်တို့ကို လေ့လာကြည်ခြင်းအားဖြင့် ထိုခေတ်ထိုအချိန်အခါက အလောင်းမင်းတရားကြီးသည် မင်းကောင်းမင်းမြတ်တပါး၊ တိုင်းပြည်ကို အေးချမ်းသာယာ ကုံလုံကြွယ်ဝအောင် အမြဲကြံဆောင်နေသော မင်းတပါးဖြစ်သည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

(စကားချပ်။ ကျမတို့ရွှေဘိုနယ်တွင် ယခုထက်တိုင်လူကြီးသူမများက ပြောဆိုဆုံးမလေ့ရှိ သည်မှာ အလုပ်တစ်ခုကို တကြိမ်းတည်းလုပ်၍ မပြီးဘဲ၊ အကြိမ်ကြိမ်အခါခါ အခေါက်ခေါက်အခါအခါ ပြုလုပ်နေရပါလျှင် ထိုသို့သောသူကို အထက်ပါ ခွေးဘယ်နှစ်ကောင်မွေးသလဲ အဖြစ်နှင့် ခိုင်းနှိုင်းပြောဆိုလေ့ရှိသည်။)

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ- (စစ်ကိုင်း ဦးဘိုးသင်း) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

Leave a Reply