လူသိနည္းတဲ့ ရွစ္ခုေျမာက္ကမာၻ႔အံ့ဖြယ္ (သုိ႔) ပယင္းနန္းေတာ္

Posted on

ကြ်န္ေတာ္တုိ႔အမ်ားစုသိၾကတာကေတာ့ ကမာၻ႔အံ့ဖြယ္ခုႏွစ္ခုျဖစ္တဲ့ တရုတ္က မဟာရံတံတုိင္းႀကီး ၊ ေဂ်ာ္ဒန္က ပီထရာ ၊ ဘရာဇီးက ခရစ္ေတာ္ရုပ္တု Christ the Redeemer ၊ ပီရူးက အင္ကာၿမဳိ႕ေတာ္ မာခ်ဴးပီခ်ဴး ၊ မကၠဆီကုိက မာယာၿမဳိ႕ေတာ္တစ္ခုျဖစ္တဲ့ Chichen Itza ၊ ေရာမက လူသတ္ဇာတ္ရုံ Colosseum ၊ အိႏၵိယက တပ္ဂ်္မဟာ ၊ အီဂ်စ္က ဂုိင္ဇာပိရမစ္ႀကီး စတာေတြပဲျဖစ္ပါတယ္။ ရွစ္ခုေျမာက္ ကမာၻ႔အံ့ဖြယ္အျဖစ္ ကမာၻကတင္စားထားေပမယ့္ ကြ်န္တာ္တုိ႔ သိပ္မသိၾကတဲ့အရာကေတာ့ တစ္ခန္းလုံးကုိ ပယင္း အႏုပညာေပါင္းေျမာက္မ်ားစြာနဲ႔ စီခ်ယ္ထားတဲ့ ပယင္းနန္းေတာ္ (Amber Room) ပဲ ျဖစ္ပါတယ္။

ဒီ ပယင္းနန္းေတာ္ တည္ရွိခဲ့တဲ့ေနရာကေတာ့ ရုရွားႏုိင္ငံ စိန္႔ပီတာဘတ္စ္ၿမဳိ႕ Tsarskoye Selo အနီးက ကတ္သရင္းနန္းေတာ္မွာ ျဖစ္ပါတယ္။ ပယင္းနန္းေတာ္ကုိ ၁၇၀၁ခုႏွစ္မွာ ပရပ္ရွားျပည္ ဘာလင္ၿမဳိ႕မွာ ဖန္တီးခဲ့တာျဖစ္ပါတယ္။ ဂ်ာမန္အလွဆင္ပန္းပုပညာရွင္ Andreas Schluter နဲ႔ ဒတ္ခ်္လူမ်ဳိး ပယင္အႏုပညာရွင္ Gottfried Wolfram တုိ႔က ပူးေပါင္းဖန္္တီးခဲ့တာပဲျဖစ္ပါတယ္။ ဖန္တီးခဲ့ခ်ိန္ ၆ႏွစ္ၾကာျမင့္ခဲ့ၿပီး ၁၇၁၆ခုႏွစ္အထိ ယင္းပယင္းနန္းေတာ္ကုိ ဘာလင္ၿမဳိ႕မွာပဲ ထားရွိခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ပရပ္ရွားဘုရင္ ၀ီလ်ံ ၁ ဟာ သူ႔ရဲ႕မဟာမိတ္ျဖစ္တဲ့ ရုရွားျပည့္ရွင္ ပီတာသည္ဂရိတ္ကုိ လက္ေဆာင္အေနနဲ႔ေပးခဲ့တဲ့အတြက္ေၾကာင့္ ပယင္းနန္းေတာ္ဟာ ရုရွားျပည္ကုိေရာက္ရွိသြားပါတယ္။

ပယင္းနန္းေတာ္လုိ႔ေခၚေပမယ့္ အက်ယ္အ၀န္းအားျဖင့္ ၅၉၀စတုရန္းေပသာ ရွိတဲ့အခန္းတစ္ခန္းထဲမွာ ပယင္းေတြအျပည့္နဲ႔ ဖန္တီးအလွဆင္ထားတာျဖစ္ပါတယ္။ ပယင္းေတြအျပင္ ေရႊသစ္ရြက္ေတြ ၊ ေက်ာက္မ်က္ရတနာေတြ ၊ မွန္ေတြကိုပါထည့္သြင္းထားတဲ့အတြက္ တလက္လက္တေျပာင္ေျပာင္ ျဖစ္ေနတဲ့ေနရာတစ္ခုလည္းျဖစ္ပါတယ္။ နတ္သမီး နဲ႔ ကေလးငယ္မ်ားရုပ္တုေတြလည္းပါ၀င္ပါတယ္။ ဒီအခန္းမွာ တပ္ဆင္ထားတဲ့ ပယင္းစုစုေပါင္းရဲ႕ အေလးခ်ိန္ဟာ ၆တန္ ေတာင္ရွိပါသတဲ့။ အံမခန္းလက္ရာေျမာက္လြန္းတဲ့အႏုပညာေၾကာင့္ ပယင္းနန္းေတာ္ဟာ ရွစ္ခုေျမာက္ ကမာၻ႔အံ့ဖြယ္စာရင္း၀င္ခဲ့ပါတယ္။ တန္ဖုိးကေတာ့ ယခုေငြတန္ဖုိးနဲ႔တြက္မယ္ဆုိရင္ ေဒၚလာ သန္း ၅၀၀ တန္ဖုိးရွိပါတယ္။ ရုရွားမွာေတာ့ အဲဒီပယင္းနန္းေတာ္ကုိ ကတ္သရင္းနန္းေတာ္မွာ ထားရွိခဲ့ပါတယ္။

ဒုတိယကမာၻစစ္အတြင္းမွာေတာ့ အဲဒီေနရာကို ဂ်ာမဏီနာဇီတပ္ေတြက သိမ္းပုိက္ခဲ့ၿပီး ပယင္းနန္းေတာ္ကုိ Königsberg ၿမဳိ႕မွာျပန္လည္တည္ေဆာက္ဖုိ႔အတြက္ တစစီ ျဖဳတ္ၿပီးယူေဆာင္သြားပါတယ္။ အဲဒီကစလုိ႔ ယခုထက္တုိင္ေအာင္ ပယင္းနန္းေတာ္ဟာ ထူးဆန္းစြာေပ်ာက္ဆုံးသြားပါေတာ့တယ္။ တခ်ဳိ႕ကေတာ့ Konigsberg ရဲတုိက္ ဗုံးႀကဲအတုိက္ခုိက္ခံရတဲ့အခါမွာ ပယင္းနန္းေတာ္လည္း ပ်က္စီးသြားခဲ့ၿပီလုိ႔ ဆုိၾကၿပီး တခ်ဳိ႕ကေတာ့ Wilhelm Gustloff ဂ်ာမန္ခရီးသည္တင္သေဘၤာနဲ႔ အခန္းတစ္ခုလုံးကို ခုိးယူသြားခဲ့တယ္လုိ႔ ဆုိၾကပါတယ္။ Wilhelm Gustloff သေဘၤာကလည္း ဆုိဗီယက္ေရငုပ္သေဘၤာရဲ႕ ပစ္ခတ္မႈေၾကာင့္နစ္ျမဳပ္ပ်က္စီးခဲ့ပါတယ္။ မူလပယင္းနန္းေတာ္ရွိေနေသးတယ္လုိ႔ ယုံၾကည္ေနသူမ်ားရွိေနၿပီး လုိက္ရွာေနဆဲျဖစ္ေပမယ့္ ယခုထက္တုိင္ အစအန မေတြ႔ရပါဘူး။

၁၉၇၉ခုႏွစ္မွာေတာ့ ရုရွားႏုိင္ငံက ပယင္းနန္းေတာ္ကုိ ျပန္လည္တည္ေဆာက္ဖုိ႔ အစီအစဥ္ေတြခ်မွတ္ခဲ့ၿပီး ၂၀၀၃ခုႏွစ္မွာေတာ့ ရုရွား နဲ႔ ဂ်ာမန္ လက္မႈပညာရွင္ေတြရဲ႕ ႀကဳိးစားတည္ေဆာက္မႈနဲ႔ မူလ ပယင္းနန္းေတာ္ရဲ႕ ပုံစံတူတစ္ခုကိုေဆာက္လုပ္ႏုိင္ခဲ့ပါတယ္။ စုစုေပါင္း တည္ေဆာက္ခ်ိန္ ၂၃ႏွစ္ခန္႔ၾကာျမင့္ခဲ့တဲ့ ပယင္းနန္းေတာ္ကုိ မူလေနရာျဖစ္တဲ့ စိန္႔ပီတာဘတ္စ္ၿမဳိ႕ sarskoye Selo အနီးက ကတ္သရင္းနန္းေတာ္မွာပဲ ျပန္လည္ထားရွိထားၿပီး ကမာၻလွည့္ခရီးသြားေတြအဓိက ၾကည့္ရႈ႕ေလ့ရွိတဲ့ေနရာတစ္ခုျဖစ္လာပါေတာ့တယ္။

VIDEO-


လူသိနည်းတဲ့ ရှစ်ခုမြောက်ကမ္ဘာ့အံ့ဖွယ် (သို့) ပယင်းနန်းတော် (unicode)

ကျွန်တော်တို့အများစုသိကြတာကတော့ ကမ္ဘာ့အံ့ဖွယ်ခုနှစ်ခုဖြစ်တဲ့ တရုတ်က မဟာရံတံတိုင်းကြီး ၊ ဂျော်ဒန်က ပီထရာ ၊ ဘရာဇီးက ခရစ်တော်ရုပ်တု Christ the Redeemer ၊ ပီရူးက အင်ကာမြို့တော် မာချူးပီချူး ၊ မက္ကဆီကိုက မာယာမြို့တော်တစ်ခုဖြစ်တဲ့ Chichen Itza ၊ ရောမက လူသတ်ဇာတ်ရုံ Colosseum ၊ အိန္ဒိယက တပ်ဂ်ျမဟာ ၊ အီဂျစ်က ဂိုင်ဇာပိရမစ်ကြီး စတာတွေပဲဖြစ်ပါတယ်။ ရှစ်ခုမြောက် ကမ္ဘာ့အံ့ဖွယ်အဖြစ် ကမ္ဘာကတင်စားထားပေမယ့် ကျွန်တာ်တို့ သိပ်မသိကြတဲ့အရာကတော့ တစ်ခန်းလုံးကို ပယင်း အနုပညာပေါင်းမြောက်များစွာနဲ့ စီချယ်ထားတဲ့ ပယင်းနန်းတော် (Amber Room) ပဲ ဖြစ်ပါတယ်။

ဒီ ပယင်းနန်းတော် တည်ရှိခဲ့တဲ့နေရာကတော့ ရုရှားနိုင်ငံ စိန့်ပီတာဘတ်စ်မြို့ Tsarskoye Selo အနီးက ကတ်သရင်းနန်းတော်မှာ ဖြစ်ပါတယ်။ ပယင်းနန်းတော်ကို ၁၇၀၁ခုနှစ်မှာ ပရပ်ရှားပြည် ဘာလင်မြို့မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဂျာမန်အလှဆင်ပန်းပုပညာရှင် Andreas Schluter နဲ့ ဒတ်ခ်ျလူမျိုး ပယင်အနုပညာရှင် Gottfried Wolfram တို့က ပူးပေါင်းဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ ဖန်တီးခဲ့ချိန် ၆နှစ်ကြာမြင့်ခဲ့ပြီး ၁၇၁၆ခုနှစ်အထိ ယင်းပယင်းနန်းတော်ကို ဘာလင်မြို့မှာပဲ ထားရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပရပ်ရှားဘုရင် ဝီလျံ ၁ ဟာ သူ့ရဲ့မဟာမိတ်ဖြစ်တဲ့ ရုရှားပြည့်ရှင် ပီတာသည်ဂရိတ်ကို လက်ဆောင်အနေနဲ့ပေးခဲ့တဲ့အတွက်ကြောင့် ပယင်းနန်းတော်ဟာ ရုရှားပြည်ကိုရောက်ရှိသွားပါတယ်။

ပယင်းနန်းတော်လို့ခေါ်ပေမယ့် အကျယ်အဝန်းအားဖြင့် ၅၉ဝစတုရန်းပေသာ ရှိတဲ့အခန်းတစ်ခန်းထဲမှာ ပယင်းတွေအပြည့်နဲ့ ဖန်တီးအလှဆင်ထားတာဖြစ်ပါတယ်။ ပယင်းတွေအပြင် ရွှေသစ်ရွက်တွေ ၊ ကျောက်မျက်ရတနာတွေ ၊ မှန်တွေကိုပါထည့်သွင်းထားတဲ့အတွက် တလက်လက်တပြောင်ပြောင် ဖြစ်နေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ နတ်သမီး နဲ့ ကလေးငယ်များရုပ်တုတွေလည်းပါဝင်ပါတယ်။ ဒီအခန်းမှာ တပ်ဆင်ထားတဲ့ ပယင်းစုစုပေါင်းရဲ့ အလေးချိန်ဟာ ၆တန် တောင်ရှိပါသတဲ့။ အံမခန်းလက်ရာမြောက်လွန်းတဲ့အနုပညာကြောင့် ပယင်းနန်းတော်ဟာ ရှစ်ခုမြောက် ကမ္ဘာ့အံ့ဖွယ်စာရင်းဝင်ခဲ့ပါတယ်။ တန်ဖိုးကတော့ ယခုငွေတန်ဖိုးနဲ့တွက်မယ်ဆိုရင် ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိပါတယ်။ ရုရှားမှာတော့ အဲဒီပယင်းနန်းတော်ကို ကတ်သရင်းနန်းတော်မှာ ထားရှိခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ အဲဒီနေရာကို ဂျာမဏီနာဇီတပ်တွေက သိမ်းပိုက်ခဲ့ပြီး ပယင်းနန်းတော်ကို Königsberg မြို့မှာပြန်လည်တည်ဆောက်ဖို့အတွက် တစစီ ဖြုတ်ပြီးယူဆောင်သွားပါတယ်။ အဲဒီကစလို့ ယခုထက်တိုင်အောင် ပယင်းနန်းတော်ဟာ ထူးဆန်းစွာပျောက်ဆုံးသွားပါတော့တယ်။ တချို့ကတော့ Konigsberg ရဲတိုက် ဗုံးကြဲအတိုက်ခိုက်ခံရတဲ့အခါမှာ ပယင်းနန်းတော်လည်း ပျက်စီးသွားခဲ့ပြီလို့ ဆိုကြပြီး တချို့ကတော့ Wilhelm Gustloff ဂျာမန်ခရီးသည်တင်သင်္ဘောနဲ့ အခန်းတစ်ခုလုံးကို ခိုးယူသွားခဲ့တယ်လို့ ဆိုကြပါတယ်။ Wilhelm Gustloff သင်္ဘောကလည်း ဆိုဗီယက်ရေငုပ်သင်္ဘောရဲ့ ပစ်ခတ်မှုကြောင့်နစ်မြုပ်ပျက်စီးခဲ့ပါတယ်။ မူလပယင်းနန်းတော်ရှိနေသေးတယ်လို့ ယုံကြည်နေသူများရှိနေပြီး လိုက်ရှာနေဆဲဖြစ်ပေမယ့် ယခုထက်တိုင် အစအန မတွေ့ရပါဘူး။

၁၉၇၉ခုနှစ်မှာတော့ ရုရှားနိုင်ငံက ပယင်းနန်းတော်ကို ပြန်လည်တည်ဆောက်ဖို့ အစီအစဉ်တွေချမှတ်ခဲ့ပြီး ၂၀၀၃ခုနှစ်မှာတော့ ရုရှား နဲ့ ဂျာမန် လက်မှုပညာရှင်တွေရဲ့ ကြိုးစားတည်ဆောက်မှုနဲ့ မူလ ပယင်းနန်းတော်ရဲ့ ပုံစံတူတစ်ခုကိုဆောက်လုပ်နိုင်ခဲ့ပါတယ်။ စုစုပေါင်း တည်ဆောက်ချိန် ၂၃နှစ်ခန့်ကြာမြင့်ခဲ့တဲ့ ပယင်းနန်းတော်ကို မူလနေရာဖြစ်တဲ့ စိန့်ပီတာဘတ်စ်မြို့ sarskoye Selo အနီးက ကတ်သရင်းနန်းတော်မှာပဲ ပြန်လည်ထားရှိထားပြီး ကမ္ဘာလှည့်ခရီးသွားတွေအဓိက ကြည့်ရှု့လေ့ရှိတဲ့နေရာတစ်ခုဖြစ်လာပါတော့တယ်။

Leave a Reply