ဖတ္ရႈ႕သင့္တဲ့ အင္တာနက္ေပၚက ပံုျပင္တိုေလး ၃ပုဒ္

Posted on

(၁)
တစ္ခါက ဘုရင္ႀကီးတစ္ပါးဟာ သားေတာ္(၁ဝ)ပါးထဲကေန အေမြဆက္ဆံသူတစ္ေယာက္ကိုေရြးဖို႔ ဆံုးျဖတ္လိုက္တယ္။ ဘုရင္ႀကီးဟာ ပညာရွိမွဴးမတ္တစ္ဦးနဲ႔ ႏွစ္ကိုယ္ၾကားတိုင္ပင္ၿပီး လမ္းေဘးဝဲယာမွာေရရွိတဲ့ လမ္းတစ္ခုေပၚ ေက်ာက္တံုးႀကီးတစ္တံုးကို ခ်ထားလိုက္တယ္။ အဲဒီလမ္းေပၚျဖတ္ေလွ်ာက္သူတိုင္းဟာ ေက်ာက္တံုးေပၚ ေက်ာ္တက္မလား! ေက်ာက္တံုးကို ေဘးဖယ္မလား! ေက်ာက္တံုးကို ေကြ႔ပတ္မလား! ေက်ာက္တံုးႀကီးရဲ႕အတားအဆီးကို ခံၾကရမွာျဖစ္တယ္။

ဘုရင္ႀကီးက သားေတာ္ေတြေခၚၿပီး မွဴးမတ္ဆီကို လွ်ဳိ႕ဝွက္စာတစ္ေစာင္ပို႔ဖို႔ အဲဒီလမ္းကို ျဖတ္ေစခဲ့ပါတယ္။ မင္းသားေတြက ဘုရင္ႀကီးရဲ႕အမိန္႔အတိုင္း မွဴးမတ္လက္ထဲကို စာအေရာက္ပို႔ခဲ့ၾကတယ္။

ဘုရင္ႀကီးက “ခ်စ္သားတို႔.. အဲဒီလမ္းကို ဘယ္လိုေက်ာ္ျဖတ္ခဲ့ၾကသလဲ?” လို႔ေမးေတာ့….

သားေတာ္တစ္ဦးက “ေက်ာက္တံုးႀကီးေပၚ ျဖတ္ေက်ာ္သြားခဲ့ပါတယ္”

ေနာက္သားေတာ္တစ္ဦးက “ေလွေလွာ္ ျဖတ္ေက်ာ္ခဲ့ပါတယ္”

သားေတာ္တခ်ဳိ႕က “ေရထဲဆင္းကူးၿပီး ျဖတ္ေက်ာ္ခဲ့ပါတယ္” လို႔ေျဖခဲ့ၾကတယ္။

သားေတာ္အငယ္ဆံုးက “လမ္းအတိုင္း သြားခဲ့ပါတယ္” လို႔ေျဖေတာ့ ဘုရင္ႀကီးက “လမ္းမွာ ေက်ာက္တံုးႀကီး ကာဆီးမထားဘူးလား?” လို႔ ျပန္ေမးပါတယ္။

“ေက်ာက္တံုးကို သားေတာ္ အားစိုက္တြန္းလိုက္တာနဲ႔ ေက်ာက္တံုးႀကီးက ေခ်ာင္းထဲက်သြားပါတယ္”

“ဒီေလာက္ႀကီးတဲ့ေက်ာက္တံုးကို လက္နဲ႔တြန္းဖို႔ သားေတာ္ဘယ္လိုစဥ္းစားခဲ့သလဲ?”

“သားေတာ္က ႀကိဳးစားၿပီးတြန္းၾကည့္ရံုပါ.. ဒါေပမဲ့ တြန္းလိုက္တာနဲ႔ ေက်ာက္တံုးက ေရြ႕သြားပါတယ္”

တကယ္ေတာ့ ဘုရင္ႀကီးက မွဴးမတ္နဲ႔တိုင္ပင္ၿပီး ေပါ့တဲ့အရာဝတၳဳနဲ႔ “ေက်ာက္တံုးႀကီး”ကို ဖန္တီးခဲ့တာျဖစ္ပါတယ္။ ရာဇဝင္ပံုျပင္ေတြထဲက အတိုင္းပါပဲ… ေနာက္ဆံုးမွာ ႀကိဳးစားအားထုတ္လိုစိတ္ရွိတဲ့ သားေတာ္ငယ္ေလးကပဲ ဘုရင္ရဲ႕အေမြကို ဆက္ခံခဲ့ပါတယ္။

ကိုယ့္ကံၾကမၼာကို တျခားလူလက္ထဲ ပံုအပ္တာ၊ တျခားတစ္ေယာက္ဆီပံုအပ္ၿပီး ကိုယ္က ဘာႀကိဳးစားအားထုတ္လိုစိတ္မွမရွိဘဲ တျခားလူကိုသာ ယံုၾကည္တာဟာ အရမ္းအႏၱရာယ္မ်ားပါတယ္။ ကိုယ့္ကံၾကမၼာကို ကိုယ္တိုင္ပဲဖန္ဆင္း၊ ကိုယ္တိုင္ပဲဖမ္းဆုပ္ႏိုင္ဖို႔ သင္ယူတတ္ရပါမယ္။

 

(၂)
(၁၉၆ဝ)ခုႏွစ္က ဟားဗပ္တကၠသိုလ္ပါေမာကၡ Rosenthalဟာ ကယ္ရီဖိုးယားျပည္နယ္မွာရွိတဲ့ ေက်ာင္းတစ္ေက်ာင္းမွာ ေက်ာ္ၾကားတဲ့ စမ္းသပ္မႈတစ္ခုကို ျပဳလုပ္ခဲ့တယ္။

ေက်ာင္းစဖြင့္ခ်ိန္မွာ Rosenthalဟာ ေက်ာင္းအုပ္ဆရာႀကီးထံ ခြင့္ပန္ၿပီး ဆရာ/ဆရာမသံုးဦးကို ရံုးခန္းထဲ ေစလႊတ္ေစခဲ့တယ္။ ဆရာ၊ ဆရာမေတြကို Rosenthalက “ၿပီးခဲ့တဲ့ႏွစ္ေတြထဲမွာ ခင္ဗ်ားတို႔ဟာ ဒီေက်ာင္းက အထူးခၽြန္ဆံုးသင္ၾကားႏိုင္တဲ့ ဆရာ၊ ဆရာမေတြျဖစ္တယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ စီစစ္ေရြးခ်ယ္ထားတဲ့ အထက္ျမက္ဆံုးေက်ာင္းသား အေယာက္(၁ဝဝ)ကို အတန္းသံုးတန္းခဲြၿပီး ခင္ဗ်ားတို႔ကို သင္ၾကားခိုင္းမွာျဖစ္ပါတယ္။ ဒီေက်ာင္းသားေတြရဲ႕ အသိဉာဏ္က တျခားေက်ာင္းသားေတြထက္ ျမင့္ပါတယ္။ သူတို႔ဒီထက္အမွတ္ေကာင္းေအာင္ ခင္ဗ်ားတို႔ သင္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ေျပာေတာ့ ဆရာ၊ ဆရာမေတြက ဝမ္းသာအားရ “အတတ္ႏိုင္ဆံုး ႀကိဳးစားမယ္”လို႔ ဆိုပါတယ္။

ေက်ာင္းအုပ္ဆရာႀကီးကလည္း ဒီေက်ာင္းသားေတြကို တျခားေက်ာင္းသားေတြကို ဆက္ဆံသလိုပဲ သာမန္ဆက္ဆံရမယ္။ ေက်ာင္းသားနဲ႔ ေက်ာင္းသားမိဘေတြကိုလည္း သူတို႔ဟာ စီစစ္ေရြးခ်ယ္ထားတဲ့ ေက်ာင္းသားျဖစ္ေၾကာင္း မသိေစရပါဘူးလို႔ ဆရာ၊ ဆရာမေတြကို သတိေပးခဲ့ပါတယ္။

တစ္ႏွစ္ေနၿပီးေနာက္ အဲဒီအတန္းသံုးတန္းက ေက်ာင္းသားေတြက တစ္ေက်ာင္းလံုးရဲ႕ေရွ႕ဆံုးမွာ ရွိေနခဲ့တယ္။ ဒီအခ်ိန္က်မွ ေက်ာင္းအုပ္ဆရာႀကီးက ဆရာ၊ ဆရာမေတြကို အျဖစ္မွန္ေျပာျပပါတယ္။ တကယ္ေတာ့ ဒီေက်ာင္းသားေတြဟာ တမင္စီစစ္ေရြးခ်ယ္ခဲ့တဲ့ ထက္ျမက္ေက်ာင္းသားေတြ မဟုတ္ပါဘူး။ ေက်ာင္းသားေတြထဲက ရရာ ေရြးေကာက္ယူလိုက္တဲ့ သာမန္ေက်ာင္းသားေတြပဲျဖစ္တယ္။

ဒီလိုျဖစ္မယ္လို႔ ထင္မွတ္မထားခဲ့တဲ့ ဆရာ၊ ဆရာမေတြက သူတို႔ရဲ႕သင္ျပမႈ အဆင့္ျမင့္တယ္လို႔ပဲ မွတ္ယူခဲ့ၾကတယ္။

ေက်ာင္းအုပ္က ေနာက္အျဖစ္မွန္တစ္ခုကို ေျပာျပျပန္တယ္။ တကယ္ေတာ့ ဆရာ၊ ဆရာမေတြကို တစ္ေက်ာင္းလံုးထဲက အထူးခၽြန္ဆံုးကို ေရြးထုတ္ခဲ့တာ မဟုတ္ပါဘူး။ ရရာ ေရြးေကာက္ယူလိုက္တဲ့ သာမန္ဆရာ၊ ဆရာမေတြပဲျဖစ္ပါတယ္။

ေလာကမွာ ေမြးရာပါ ဉာဏ္ႀကီးရွင္၊ ပါရမီရွင္ဆိုတာ မရွိခဲ့ပါဘူး။ တကယ္ေတာ့ ဉာဏ္ႀကီးရွင္၊ ပါရမီရွင္ဆိုတာ ကိုယ့္ရဲ႕ႀကိဳးစားမႈမွာပဲ မူတည္ပါတယ္။ ခႏၶာကိုယ္ထဲ တိမ္ျမႇဳပ္ေနတဲ့စြမ္းရည္ေတြကို ထုတ္ေဖာ္ၿပီး ကိုယ့္ကံၾကမၼာကို ေျပာင္းလဲတာပဲျဖစ္တယ္။ မလုပ္ႏိုင္ဘူး၊ မျဖစ္ပါဘူးဆိုသူေတြက ကိုယ့္ခႏၶာကိုယ္ထဲက စြမ္းရည္ေတြကို ထုတ္မသံုးဘဲ ဆက္လက္တိမ္ျမႇဳပ္ထားေစတာပဲျဖစ္တယ္။

(၃)
တစ္ခါက ငါးျပတိုက္တစ္ခုမွာ…
ျပတိုက္ကို အလည္လာသူတစ္ဦးက ျပတိုက္အုပ္ခ်ဳပ္ေရးမွဴးကို ေမးတယ္။

“ဒီ ငါးမန္း ဘယ္ေလာက္ႀကီးႏိုင္သလဲ?”

“ဒါက ခင္ဗ်ားရဲ႕ ငါးကန္ေပၚမူတည္ပါတယ္”

“ငါးကန္ေလာက္ ႀကီးႏိုင္သလား?”

“ငါးကန္ထဲမွာဆိုရင္ ငါးကန္ရဲ႕အႀကီးအငယ္နဲ႔ ငါးမန္းအကန္႔သတ္ခံထားရပါတယ္။ ပင္လယ္ထဲမွာဆိုရင္ေတာ့ ငါးမန္းေတြဟာ ျခေသၤ့တစ္ေကာင္ကိုၿမိဳႏိုင္တဲ့ထိ ႀကီးႏိုင္ပါတယ္”

ပတ္ဝန္းက်င္က လူတစ္ေယာက္ရဲ႕အေတြးအျမင္ကို ေျပာင္းလဲေစႏိုင္ပါတယ္။ ပန္ဝန္းက်င္က လူရဲ႕ေတြးေတာျခင္းကို ကန္႔သတ္ႏိုင္သလို လူကလည္း ကိုယ့္ရဲ႕ေတြးေတာျခင္းကို ကိုယ္တိုင္ကန္႔သတ္ႏိုင္ပါတယ္။ ကိုယ့္ကိုယ္ကို ေဘာင္ခတ္မထားပါနဲ႔။ ပတ္ဝန္းက်င္ကို မေျပာင္းလဲႏိုင္ခဲ့ရင္ ကိုယ့္ကိုယ္တိုင္ ေျပာင္းလဲျခင္းက စတင္ႏိုင္ပါတယ္။

—————

ဖတ်ရှု့သင့်တဲ့ အင်တာနက်ပေါ်က ပုံပြင်တိုလေး ၃ပုဒ် (unicode)

(၁)
တစ်ခါက ဘုရင်ကြီးတစ်ပါးဟာ သားတော်(၁ဝ)ပါးထဲကနေ အမွေဆက်ဆံသူတစ်ယောက်ကိုရွေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဘုရင်ကြီးဟာ ပညာရှိမှူးမတ်တစ်ဦးနဲ့ နှစ်ကိုယ်ကြားတိုင်ပင်ပြီး လမ်းဘေးဝဲယာမှာရေရှိတဲ့ လမ်းတစ်ခုပေါ် ကျောက်တုံးကြီးတစ်တုံးကို ချထားလိုက်တယ်။ အဲဒီလမ်းပေါ်ဖြတ်လျှောက်သူတိုင်းဟာ ကျောက်တုံးပေါ် ကျော်တက်မလား! ကျောက်တုံးကို ဘေးဖယ်မလား! ကျောက်တုံးကို ကွေ့ပတ်မလား! ကျောက်တုံးကြီးရဲ့အတားအဆီးကို ခံကြရမှာဖြစ်တယ်။

ဘုရင်ကြီးက သားတော်တွေခေါ်ပြီး မှူးမတ်ဆီကို လျှို့ဝှက်စာတစ်စောင်ပို့ဖို့ အဲဒီလမ်းကို ဖြတ်စေခဲ့ပါတယ်။ မင်းသားတွေက ဘုရင်ကြီးရဲ့အမိန့်အတိုင်း မှူးမတ်လက်ထဲကို စာအရောက်ပို့ခဲ့ကြတယ်။

ဘုရင်ကြီးက “ချစ်သားတို့.. အဲဒီလမ်းကို ဘယ်လိုကျော်ဖြတ်ခဲ့ကြသလဲ?” လို့မေးတော့….

သားတော်တစ်ဦးက “ကျောက်တုံးကြီးပေါ် ဖြတ်ကျော်သွားခဲ့ပါတယ်”

နောက်သားတော်တစ်ဦးက “လှေလှော် ဖြတ်ကျော်ခဲ့ပါတယ်”

သားတော်တချို့က “ရေထဲဆင်းကူးပြီး ဖြတ်ကျော်ခဲ့ပါတယ်” လို့ဖြေခဲ့ကြတယ်။

သားတော်အငယ်ဆုံးက “လမ်းအတိုင်း သွားခဲ့ပါတယ်” လို့ဖြေတော့ ဘုရင်ကြီးက “လမ်းမှာ ကျောက်တုံးကြီး ကာဆီးမထားဘူးလား?” လို့ ပြန်မေးပါတယ်။

“ကျောက်တုံးကို သားတော် အားစိုက်တွန်းလိုက်တာနဲ့ ကျောက်တုံးကြီးက ချောင်းထဲကျသွားပါတယ်”

“ဒီလောက်ကြီးတဲ့ကျောက်တုံးကို လက်နဲ့တွန်းဖို့ သားတော်ဘယ်လိုစဉ်းစားခဲ့သလဲ?”

“သားတော်က ကြိုးစားပြီးတွန်းကြည့်ရုံပါ.. ဒါပေမဲ့ တွန်းလိုက်တာနဲ့ ကျောက်တုံးက ရွေ့သွားပါတယ်”

တကယ်တော့ ဘုရင်ကြီးက မှူးမတ်နဲ့တိုင်ပင်ပြီး ပေါ့တဲ့အရာဝတ္ထုနဲ့ “ကျောက်တုံးကြီး”ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ရာဇဝင်ပုံပြင်တွေထဲက အတိုင်းပါပဲ… နောက်ဆုံးမှာ ကြိုးစားအားထုတ်လိုစိတ်ရှိတဲ့ သားတော်ငယ်လေးကပဲ ဘုရင်ရဲ့အမွေကို ဆက်ခံခဲ့ပါတယ်။

ကိုယ့်ကံကြမ္မာကို တခြားလူလက်ထဲ ပုံအပ်တာ၊ တခြားတစ်ယောက်ဆီပုံအပ်ပြီး ကိုယ်က ဘာကြိုးစားအားထုတ်လိုစိတ်မှမရှိဘဲ တခြားလူကိုသာ ယုံကြည်တာဟာ အရမ်းအန္တရာယ်များပါတယ်။ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ပဲဖန်ဆင်း၊ ကိုယ်တိုင်ပဲဖမ်းဆုပ်နိုင်ဖို့ သင်ယူတတ်ရပါမယ်။

 

(၂)
(၁၉၆ဝ)ခုနှစ်က ဟားဗပ်တက္ကသိုလ်ပါမောက္ခ Rosenthalဟာ ကယ်ရီဖိုးယားပြည်နယ်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ကျော်ကြားတဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။

ကျောင်းစဖွင့်ချိန်မှာ Rosenthalဟာ ကျောင်းအုပ်ဆရာကြီးထံ ခွင့်ပန်ပြီး ဆရာ/ဆရာမသုံးဦးကို ရုံးခန်းထဲ စေလွှတ်စေခဲ့တယ်။ ဆရာ၊ ဆရာမတွေကို Rosenthalက “ပြီးခဲ့တဲ့နှစ်တွေထဲမှာ ခင်ဗျားတို့ဟာ ဒီကျောင်းက အထူးချွန်ဆုံးသင်ကြားနိုင်တဲ့ ဆရာ၊ ဆရာမတွေဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ စီစစ်ရွေးချယ်ထားတဲ့ အထက်မြက်ဆုံးကျောင်းသား အယောက်(၁ဝဝ)ကို အတန်းသုံးတန်းခွဲပြီး ခင်ဗျားတို့ကို သင်ကြားခိုင်းမှာဖြစ်ပါတယ်။ ဒီကျောင်းသားတွေရဲ့ အသိဉာဏ်က တခြားကျောင်းသားတွေထက် မြင့်ပါတယ်။ သူတို့ဒီထက်အမှတ်ကောင်းအောင် ခင်ဗျားတို့ သင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ပြောတော့ ဆရာ၊ ဆရာမတွေက ဝမ်းသာအားရ “အတတ်နိုင်ဆုံး ကြိုးစားမယ်”လို့ ဆိုပါတယ်။

ကျောင်းအုပ်ဆရာကြီးကလည်း ဒီကျောင်းသားတွေကို တခြားကျောင်းသားတွေကို ဆက်ဆံသလိုပဲ သာမန်ဆက်ဆံရမယ်။ ကျောင်းသားနဲ့ ကျောင်းသားမိဘတွေကိုလည်း သူတို့ဟာ စီစစ်ရွေးချယ်ထားတဲ့ ကျောင်းသားဖြစ်ကြောင်း မသိစေရပါဘူးလို့ ဆရာ၊ ဆရာမတွေကို သတိပေးခဲ့ပါတယ်။

တစ်နှစ်နေပြီးနောက် အဲဒီအတန်းသုံးတန်းက ကျောင်းသားတွေက တစ်ကျောင်းလုံးရဲ့ရှေ့ဆုံးမှာ ရှိနေခဲ့တယ်။ ဒီအချိန်ကျမှ ကျောင်းအုပ်ဆရာကြီးက ဆရာ၊ ဆရာမတွေကို အဖြစ်မှန်ပြောပြပါတယ်။ တကယ်တော့ ဒီကျောင်းသားတွေဟာ တမင်စီစစ်ရွေးချယ်ခဲ့တဲ့ ထက်မြက်ကျောင်းသားတွေ မဟုတ်ပါဘူး။ ကျောင်းသားတွေထဲက ရရာ ရွေးကောက်ယူလိုက်တဲ့ သာမန်ကျောင်းသားတွေပဲဖြစ်တယ်။

ဒီလိုဖြစ်မယ်လို့ ထင်မှတ်မထားခဲ့တဲ့ ဆရာ၊ ဆရာမတွေက သူတို့ရဲ့သင်ပြမှု အဆင့်မြင့်တယ်လို့ပဲ မှတ်ယူခဲ့ကြတယ်။

ကျောင်းအုပ်က နောက်အဖြစ်မှန်တစ်ခုကို ပြောပြပြန်တယ်။ တကယ်တော့ ဆရာ၊ ဆရာမတွေကို တစ်ကျောင်းလုံးထဲက အထူးချွန်ဆုံးကို ရွေးထုတ်ခဲ့တာ မဟုတ်ပါဘူး။ ရရာ ရွေးကောက်ယူလိုက်တဲ့ သာမန်ဆရာ၊ ဆရာမတွေပဲဖြစ်ပါတယ်။

လောကမှာ မွေးရာပါ ဉာဏ်ကြီးရှင်၊ ပါရမီရှင်ဆိုတာ မရှိခဲ့ပါဘူး။ တကယ်တော့ ဉာဏ်ကြီးရှင်၊ ပါရမီရှင်ဆိုတာ ကိုယ့်ရဲ့ကြိုးစားမှုမှာပဲ မူတည်ပါတယ်။ ခန္ဓာကိုယ်ထဲ တိမ်မြှုပ်နေတဲ့စွမ်းရည်တွေကို ထုတ်ဖော်ပြီး ကိုယ့်ကံကြမ္မာကို ပြောင်းလဲတာပဲဖြစ်တယ်။ မလုပ်နိုင်ဘူး၊ မဖြစ်ပါဘူးဆိုသူတွေက ကိုယ့်ခန္ဓာကိုယ်ထဲက စွမ်းရည်တွေကို ထုတ်မသုံးဘဲ ဆက်လက်တိမ်မြှုပ်ထားစေတာပဲဖြစ်တယ်။

(၃)
တစ်ခါက ငါးပြတိုက်တစ်ခုမှာ…
ပြတိုက်ကို အလည်လာသူတစ်ဦးက ပြတိုက်အုပ်ချုပ်ရေးမှူးကို မေးတယ်။

“ဒီ ငါးမန်း ဘယ်လောက်ကြီးနိုင်သလဲ?”

“ဒါက ခင်ဗျားရဲ့ ငါးကန်ပေါ်မူတည်ပါတယ်”

“ငါးကန်လောက် ကြီးနိုင်သလား?”

“ငါးကန်ထဲမှာဆိုရင် ငါးကန်ရဲ့အကြီးအငယ်နဲ့ ငါးမန်းအကန့်သတ်ခံထားရပါတယ်။ ပင်လယ်ထဲမှာဆိုရင်တော့ ငါးမန်းတွေဟာ ခြင်္သေ့တစ်ကောင်ကိုမြိုနိုင်တဲ့ထိ ကြီးနိုင်ပါတယ်”

ပတ်ဝန်းကျင်က လူတစ်ယောက်ရဲ့အတွေးအမြင်ကို ပြောင်းလဲစေနိုင်ပါတယ်။ ပန်ဝန်းကျင်က လူရဲ့တွေးတောခြင်းကို ကန့်သတ်နိုင်သလို လူကလည်း ကိုယ့်ရဲ့တွေးတောခြင်းကို ကိုယ်တိုင်ကန့်သတ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ဘောင်ခတ်မထားပါနဲ့။ ပတ်ဝန်းကျင်ကို မပြောင်းလဲနိုင်ခဲ့ရင် ကိုယ့်ကိုယ်တိုင် ပြောင်းလဲခြင်းက စတင်နိုင်ပါတယ်။

Leave a Reply