ကေလးမ်ားကုိ အႏၱရာယ္ျဖစ္ေစတတ္ေသာ အရုပ္ဘက္ထရီမ်ား

Posted on

Written By Htin Aung

ယခုေခတ္ ကစားစရာအေတာ္မ်ားမ်ားမွာ လီသီရမ္ဘက္ထရီ(လက္ပါတ္နာရီဘက္ထရီ)မ်ားအသံုးျပဳလာၾကတယ္။ ကစားစရာမ်ား ႀကိဳးပဲ့ပ်က္စီးသြား၍ေသာ္၎၊
လူႀကီးမ်ားက ဘက္ထရီလဲလွယ္ေပးၿပီး စည္းကမ္းတက်မစြန္႔ပစ္၍ေသာ္၎ ဘက္ထရီမ်ားဟာ ကေလးမ်ားလက္လွမ္းမွီရာမွာရွိေနတတ္ၾကတယ္။ ဒီအခါ မသိနားမလည္ေသးတဲ့ ကေလးမ်ားက သၾကားလံုးအမွတ္နဲ႔ သို႔မဟုတ္ ကေလးတို႔ဘာသာဘာဝ ေကာက္ယူကာပါးစပ္ထဲထည့္တတ္ၾကတယ္။ ဒါ အလြန္အႏၱရာယ္မ်ားတဲ့ျဖစ္ရပ္ပါ။

၂၀၁၃ ခုႏွစ္ ၾသစေၾတးလ်ႏိုင္ငံ Great Manchester ဧရိယာတခုအတြင္းမွာပဲ ၁၈ လအတြင္း ကေလးငယ္ ၅ ေယာက္ လီသီရမ္ဘက္ထရီပါးစပ္ထဲထည့္မိၿပီး ၃ ေယာက္ဟာ တသက္တာ ခ်ဳိ႔ယြင္းမွဳနဲ႔ႀကီးပ်င္းရေတာ့မွာပါ။ ၂ ေယာက္ကေတာ့ အသက္ဆံုးရွဳံးသြားရပါတယ္။၂၀၁၃ ခုႏွစ္ ဂၽြန္လမွာ Summer Steer လို႔ေခၚတဲ့ကေလးမဟာ လီသီရမ္ဘက္ထရီၿမိဳခ်ၿပီးတဲ့ေနာက္ လီတာဝက္ခန္႔ေသြးအန္ကာ ရက္ပိုင္းအတြင္းမွာပဲ ႏွလံုးရပ္ၿပီး ေသဆံုးသြားပါတယ္။ အမည္မေဖၚတဲ့ေနာက္တေယာက္ကေတာ့ ခြဲစိပ္ဆရာဝန္မ်ားခြဲစိပ္၍ ဘက္ထရီထုတ္ေပးၿပီးေနာက္ ဆက္လက္ေသြးထြက္လြန္ၿပီး တပါတ္အၾကာမွာ အသက္ဆံုးရွဳံးရျပန္တယ္။

ဘာေၾကာင့္ လီသီရမ္ဘက္ထရီၿမိဳခ်မိရံုနဲ႔ ကေလးမ်ားကိုအသက္ဆံုးရွဳံးရတဲ့အထိျဖစ္ေစသလဲဆိုတာ သိပၸံပညာရွင္မ်ား ေလ့လာခဲ့ၾကတယ္။ လီသီရမ္ဘက္ထရီကို ၾကက္အူေခ်ာင္းနဲ႔ အသားတံုးထဲခြဲၿပီးထည့္လိုက္တယ္။ ၂ နာရီအၾကာမွာပဲ ဘက္ထရီဟာေပါက္ၿပီး ဘက္ထရီနဲ႔ ၎အနီးရွိအသားမ်ား မည္းလိုက္လာတာေတြ႕ရတယ္။
၂ စင္တီမီတာေလာက္ရွိတဲ့ လီသီရမ္ဘက္ထရီဟာ ကေလးမ်ားၿမိဳခ်တဲ့အခါ လည္ေခ်ာင္းမွာတစ္ေနတတ္တယ္။ ဘက္ထရီဟာ အာေခါင္နံရံမ်ားနဲ႔ထိေတြ႕တဲ့အခါ လွ်ပ္စီးမွဳျဖစ္ေပၚလာၿပီး ေကာ့စတစ္ဆိုဒါထြက္ေပၚေစတယ္။ ၎ေကာ့စတစ္ဆိုဒါက အသားကိုေၾကာက္မက္ဖြယ္ေလာင္ကၽြမ္းေစပါတယ္။ ဘက္ထရီကိုျပန္ထုတ္ႏိုင္သည့္တိုင္ ဆက္လက္ၿပီး ႀကီးမားတဲ့ဒဏ္ရာနဲ႔ ေလာင္ကၽြမ္းမွဳကိုျဖစ္ေစတယ္။

ဒါေၾကာင့္ လူႀကီးမိဘမ်ားအေနနဲ႔ ဘက္ထရီအသစ္မ်ားကို ကေလးလက္လွမ္းမမွီရာမွာသိမ္းဆည္းၾကၿပီး ဘက္ထရီအေဟာင္းမ်ားကိုလည္း စည္းကမ္းတက် မေမ့မေလ်ာ့ အျမန္ဆံုးစြန္႔ပစ္ၾကပါလို႔ တိုက္တြန္းထားတယ္။ လူႀကီးမိဘေတြ သတိထားရမွာက လီသီရမ္ဘက္ထရီကိုၿမိဳခ်ၿပီးတဲ့အခါ ခ်က္ခ်င္းေတာ့ ဘာလကၡဏာမွ မျပပါဘူး။ ေခ်ာင္းဆိုးမယ္၊ ေရေကာင္းေကာင္းမေသာက္ႏိုင္ဘူး၊ အစား ေကာင္းေကာင္းမစားႏိုင္ဘူး၊ ရင္ဘတ္ေအာင့္မယ္၊ အန္မယ္စတဲ့ အျခားသမရိုးက် ဖ်ားနာမွဳလကၡဏာေလာက္တာေတြ႕ရတယ္။ အသက္ရွဴရခက္တဲ့ပံုျဖစ္ေနရင္ေတာ့ လည္ေခ်ာင္မွာ တခုခု (ဘက္ထရီျဖစ္ႏိုင္တယ္) တစ္ေနၿပီဆိုတာသိရွိႏိုင္တယ္။ ဒီလိုျဖစ္ခဲ့ရင္ ဘာမွ မေကၽြးပါနဲ႔၊ မတိုက္ပါနဲ႔။ အျမန္ဆံုးသာ ေဆးရံုကိုေခၚသြာပါ။

ဒီကိစၥဟာ ကေလးတင္ျဖစ္တာမဟုတ္ပါဘူး။ ေဆးအမွတ္နဲ႔ မွားယြင္းေကာက္ယူေသာက္လိုက္လို႔ လူႀကီးမ်ားမွာလည္း ဒီျပႆနာေတြ႕ေနရပါတယ္။ ဒါေၾကာင့္ လီသီရမ္ဘက္ထရီမ်ားကို အသစ္ဆိုေသခ်ာသိမ္းဆည္းၿပီး အေဟာင္းဆို အျမန္ဆံုးစည္းကမ္းတက်စြန္႔ပစ္ၾကပါ။


ကလေးသူငယ်များနဲ့ ” လီသီရမ်ဘက်ထရီ ” အန္တရာယ် (unicode)

Written By Htin Aung

ယခုခေတ် ကစားစရာအတော်များများမှာ လီသီရမ်ဘက်ထရီ(လက်ပါတ်နာရီဘက်ထရီ)များအသုံးပြုလာကြတယ်။ ကစားစရာများ ကြိုးပဲ့ပျက်စီးသွား၍သော်၎င်း၊
လူကြီးများက ဘက်ထရီလဲလှယ်ပေးပြီး စည်းကမ်းတကျမစွန့်ပစ်၍သော်၎င်း ဘက်ထရီများဟာ ကလေးများလက်လှမ်းမှီရာမှာရှိနေတတ်ကြတယ်။ ဒီအခါ မသိနားမလည်သေးတဲ့ ကလေးများက သကြားလုံးအမှတ်နဲ့ သို့မဟုတ် ကလေးတို့ဘာသာဘာဝ ကောက်ယူကာပါးစပ်ထဲထည့်တတ်ကြတယ်။ ဒါ အလွန်အန္တရာယ်များတဲ့ဖြစ်ရပ်ပါ။

၂၀၁၃ ခုနှစ် ဩစတြေးလျနိုင်ငံ Great Manchester ဧရိယာတခုအတွင်းမှာပဲ ၁၈ လအတွင်း ကလေးငယ် ၅ ယောက် လီသီရမ်ဘက်ထရီပါးစပ်ထဲထည့်မိပြီး ၃ ယောက်ဟာ တသက်တာ ချို့ယွင်းမှုနဲ့ကြီးပျင်းရတော့မှာပါ။ ၂ ယောက်ကတော့ အသက်ဆုံးရှုံးသွားရပါတယ်။၂၀၁၃ ခုနှစ် ဂျွန်လမှာ Summer Steer လို့ခေါ်တဲ့ကလေးမဟာ လီသီရမ်ဘက်ထရီမြိုချပြီးတဲ့နောက် လီတာဝက်ခန့်သွေးအန်ကာ ရက်ပိုင်းအတွင်းမှာပဲ နှလုံးရပ်ပြီး သေဆုံးသွားပါတယ်။ အမည်မဖေါ်တဲ့နောက်တယောက်ကတော့ ခွဲစိပ်ဆရာဝန်များခွဲစိပ်၍ ဘက်ထရီထုတ်ပေးပြီးနောက် ဆက်လက်သွေးထွက်လွန်ပြီး တပါတ်အကြာမှာ အသက်ဆုံးရှုံးရပြန်တယ်။

ဘာကြောင့် လီသီရမ်ဘက်ထရီမြိုချမိရုံနဲ့ ကလေးများကိုအသက်ဆုံးရှုံးရတဲ့အထိဖြစ်စေသလဲဆိုတာ သိပ္ပံပညာရှင်များ လေ့လာခဲ့ကြတယ်။ လီသီရမ်ဘက်ထရီကို ကြက်အူချောင်းနဲ့ အသားတုံးထဲခွဲပြီးထည့်လိုက်တယ်။ ၂ နာရီအကြာမှာပဲ ဘက်ထရီဟာပေါက်ပြီး ဘက်ထရီနဲ့ ၎င်းအနီးရှိအသားများ မည်းလိုက်လာတာတွေ့ရတယ်။
၂ စင်တီမီတာလောက်ရှိတဲ့ လီသီရမ်ဘက်ထရီဟာ ကလေးများမြိုချတဲ့အခါ လည်ချောင်းမှာတစ်နေတတ်တယ်။ ဘက်ထရီဟာ အာခေါင်နံရံများနဲ့ထိတွေ့တဲ့အခါ လျှပ်စီးမှုဖြစ်ပေါ်လာပြီး ကော့စတစ်ဆိုဒါထွက်ပေါ်စေတယ်။ ၎င်းကော့စတစ်ဆိုဒါက အသားကိုကြောက်မက်ဖွယ်လောင်ကျွမ်းစေပါတယ်။ ဘက်ထရီကိုပြန်ထုတ်နိုင်သည့်တိုင် ဆက်လက်ပြီး ကြီးမားတဲ့ဒဏ်ရာနဲ့ လောင်ကျွမ်းမှုကိုဖြစ်စေတယ်။

ဒါကြောင့် လူကြီးမိဘများအနေနဲ့ ဘက်ထရီအသစ်များကို ကလေးလက်လှမ်းမမှီရာမှာသိမ်းဆည်းကြပြီး ဘက်ထရီအဟောင်းများကိုလည်း စည်းကမ်းတကျမမေ့မလျော့ အမြန်ဆုံးစွန့်ပစ်ကြပါလို့ တိုက်တွန်းထားတယ်။ လူကြီးမိဘတွေ သတိထားရမှာက လီသီရမ်ဘက်ထရီကိုမြိုချပြီးတဲ့အခါ ချက်ချင်းတော့ ဘာလက္ခဏာမှ မပြပါဘူး။ ချောင်းဆိုးမယ်၊ ရေကောင်းကောင်းမသောက်နိုင်ဘူး၊ အစား ကောင်းကောင်းမစားနိုင်ဘူး၊ ရင်ဘတ်အောင့်မယ်၊ အန်မယ်စတဲ့ အခြားသမရိုးကျ ဖျားနာမှုလက္ခဏာလောက်တာတွေ့ရတယ်။ အသက်ရှူရခက်တဲ့ပုံဖြစ်နေရင်တော့ လည်ချောင်မှာ တခုခု (ဘက်ထရီဖြစ်နိုင်တယ်) တစ်နေပြီဆိုတာသိရှိနိုင်တယ်။ ဒီလိုဖြစ်ခဲ့ရင် ဘာမှ မကျွေးပါနဲ့၊ မတိုက်ပါနဲ့။ အမြန်ဆုံးသာ ဆေးရုံကိုခေါ်သွာပါ။

ဒီကိစ္စဟာ ကလေးတင်ဖြစ်တာမဟုတ်ပါဘူး။ ဆေးအမှတ်နဲ့ မှားယွင်းကောက်ယူသောက်လိုက်လို့ လူကြီးများမှာလည်း ဒီပြဿနာတွေ့နေရပါတယ်။ ဒါကြောင့် လီသီရမ်ဘက်ထရီများကို အသစ်ဆိုသေချာသိမ်းဆည်းပြီး အဟောင်းဆို အမြန်ဆုံးစည်းကမ်းတကျစွန့်ပစ်ကြပါ။

Leave a Reply