ေရႊတိဂုံကို က်ားတက္ခဲ့တဲ့ သမုိင္းေၾကာင္း

Posted on

Written By Thu Hlaing

အခ်ိန္က ၁၉၀၃ ခုႏွစ္..

တစ္နည္းေျပာရလွ်င္ အဂၤလိပ္ကိုလိုနီ နယ္ခ်ဲ႕တို႔၏လက္ေအာက္တြင္ ျမန္မာတစ္မ်ိဳးသားလုံး ကြ်န္သေပါက္ဘဝျဖင့္ ကိုယ္ႏႈတ္ႏွလုံး သုံးပါးစလုံး ညွိဳးငယ္စြာ ေနထိုင္ေနရသည့္ အခ်ိန္..
ထိုအခ်ိန္က ရန္ကုန္ၿမိဳ႕ႀကီးသည္ ၿမိဳ႕ဟုေခၚေသာ္လည္း လူေနအိမ္ေျခ နည္းပါးလြန္းလွၿပီး ေနရာ အေတာ္မ်ားမ်ားမွာ သစ္ပင္သစ္ေတာႀကီးမ်ား၊ ၿခဳံႏြယ္မ်ားသာ ဖုံးလႊမ္းလ်က္ရွိေန၏။ ဆူးေလေစတီေတာ္ဝန္းက်င္ ရန္ကုန္ၿမိဳ႕လယ္ေကာင္တစ္ဝိုက္ႏွင့္ သိမ္ႀကီးေစ်းအနီးတစ္ဝိုက္ေလာက္မွာသာ အစိုးရ အေဆာက္အဦမ်ားႏွင့္ လူေနအိမ္ေျခ တိုက္တာ အိုးအိမ္မ်ား မ်ားျပားၿပီး က်န္သည့္ေနရာ အေတာ္မ်ားမ်ားမွာေတာ့ ေတာအုပ္ႀကီးသဖြယ္ ျဖစ္ေနေလ၏။

သူ႔ကြ်န္ဘဝေရာက္ေနေသာ္လည္း ေထရဝါဒ ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးမ်ားမွာ အလွဴေရစက္ လက္ႏွင့္မျပတ္ၾက။ ဘုရားရွင္၏သားေတာ္ ရဟန္းသံဃာမ်ား စိတ္ေအးခ်မ္းသာစြာျဖင့္ သာသနာျပဳႏိုင္ရန္အတြက္ ေက်ာင္း၊ သကၤန္း၊ ဆြမ္း၊ ေဆး.. အစရွိသည့္ ပစၥည္းေလးပါးမ်ားကို စဥ္ဆက္မျပတ္ ဆက္ကပ္ လွဴဒါန္းေနၾကသလို၊ ျမန္မာတို႔၏အသည္းႏွလုံး သိဂုၤတၱရ ကုန္းေတာ္ေပၚရွိ ေလးဆူဓာတ္ပုံ ေရႊတိဂုံ ေစတီေတာ္ျမတ္ႀကီးကိုလည္း လုံးေတာ္ျပည့္ ေရႊသကၤန္းမ်ား ကပ္လွဴ ပူေဇာ္ႏိုင္ရန္အတြက္ ဝိုင္းဝန္း ျပင္ဆင္ေနၾကေလသည္။

ျမန္မာသကၠရာဇ္ ၁၂၆၄ ခုႏွစ္၊ တေပါင္းလျပည့္ေန႔တြင္ ေရႊတိဂုံ ေစတီေတာ္ျမတ္ႀကီး၌ ဗုဒၶပူဇနိယပဲြေတာ္ႀကီးကို ၿခိမ့္ၿခိမ့္သည္းသည္း က်င္းပၾကမည္ျဖစ္သည္။ ထို႔ေၾကာင့္ ေရႊတိဂုံေစတီေတာ္ ေဂါပကအဖဲြ႕က အနယ္နယ္အရပ္ရပ္မွ ေထရဝါဒ ဗုဒၶဘာသာဝင္ ျမန္မာျပည္သူမ်ား ေစတနာသဒၶါတရား ထက္သန္စြာျဖင့္ ထည့္ဝင္လွဴဒါန္းထားၾကသည့္ ေရႊစင္ေရႊျပားမ်ားကို ေရႊတိဂုံ ေစတီေတာ္ျမတ္ႀကီးအား တေပါင္းလျပည့္ ဗုဒၶပူဇနိယပဲြေတာ္အမီ ကပ္လွဴ ပူေဇာ္ႏိုင္ရန္အတြက္ ကိုယ္လုံးေတာ္အား ဝါးမ်ားျဖင့္ျငမ္းဆင္ကာ အင္တိုက္အားတိုက္ျဖင့္ ေဆာင္ရြက္ေနၾကေလသည္။ ေစတီေတာ္ေပၚတြင္ ေဂါပကအဖဲြ႕ဝင္မ်ား၊ အလုပ္သမားမ်ား၊ ဘုရားဖူးျပည္သူမ်ားျဖင့္ လြန္စြာမွ စည္ကားေနသည့္အခ်ိန္လည္း ျဖစ္ေနေပေတာ့သည္။

သည္လိုႏွင့္ ခရစ္ႏွစ္ ၁၉၀၃ ခုႏွစ္၊ မတ္လ ၂ ရက္ (ျမန္မာသကၠရာဇ္ ၁၂၆၄ ခုႏွစ္၊ တေပါင္းလဆန္း ၂ ရက္) ေန႔သို႔ေရာက္လာသည္။ မွတ္မွတ္ရရ ထိုေန႔ကား တနလၤာေန႔၊ နံနက္ပိုင္းျဖစ္၏။ ပဲြေတာ္ရက္နီးကပ္လာၿပီမို႔ ေရႊသကၤန္းကပ္လွဴၾကမည့္ အလုပ္သမားမ်ားမွာ ဝါးျငမ္းမ်ားကို တစ္ခုၿပီးတစ္ခုေက်ာ္လႊားရင္း ကြ်မ္းက်င္စြာတက္သြားၾကသည္မွာ ဆပ္ကပ္ပဲြ တစ္ခုေလအလား။ ထိုစဥ္ ေရႊတိဂုံေစတီေတာ္ျမတ္ႀကီး ကိုယ္လုံးေတာ္ေပၚမွ “ေခါင္းေလာင္းပုံအနားလန္စြန္း” ၌ ဝါဝါစင္းစင္း အရာတစ္ခု ရွိေနသည္ကို အလုပ္သမားတခ်ိဳ႕က လွမ္းျမင္လိုက္မိၾကေလသည္။ မေန႔က အလုပ္သမားတခ်ိဳ႕ ျငမ္းေပၚမွျပန္ဆင္းရင္း ေမ့က်န္ထားခဲ့ၾကသည့္ ပစၥည္းပစၥယ တစ္ခုခုေလလား.. သို႔တည္းမဟုတ္ အဝတ္အစား တစ္ခုခုေလလား..

“အလိုေလး.. က်ားဗ်ိဳ႕.. က်ား က်ား”
“အီး.. လုပ္ၾကပါဦးဗ်..
ဘုရားေပၚမွာ က်ားႀကီးဗ်”

ေရွ႕ဆုံးမွတက္သြားသည့္  အလုပ္သမားတခ်ိဳ႕က ထိတ္လန္႔စြာ ေအာ္ဟစ္လိုက္ရင္း ဝါးျငမ္းမ်ားေပၚမွ ဒေရာေသာပါးျဖင့္ ျပန္ေျပးဆင္းလာၾကသည္။ ေအာက္ေျခမွအေပၚသို႔ တက္လုတက္ဆဲ အလုပ္သမားမ်ားကလည္း အေပၚကလူေတြ ျပန္ေျပးဆင္းလာမွေတာ့ နေဝတိမ္ေတာင္ျဖင့္ သူ႔ထက္ငါအလုအယက္ ဆင္းေျပးၾကၿပီေပါ့။ တစ္ေယာက္အေပၚတစ္ေယာက္ တိုးမိ တိုက္မိ ခိုက္မိရင္း အလဲလဲ အကဲြကဲြ ရုတ္ရုတ္သဲသဲ။

“ဘယ့္ႏွယ္..
ေတာႀကီးမ်က္မည္းထဲမွာသာေနတတ္တဲ့ အသားစားသတၱဝါမ်ိဳးႏြယ္ဝင္ သားရဲတိရစၧာန္ က်ားရိုင္းတစ္ေကာင္က ေရႊတိဂုံေစတီေတာ္ ရင္ျပင္ေတာ္ေပၚကို တက္လာရုံသာမက ကိုယ္လုံးေတာ္ေပၚမွာေတာင္ ဝပ္ေနသတဲ့လား။ မျဖစ္ႏိုင္တာပဲ”

ဤသို႔ဤႏွယ္ အေတြးဝင္မိၾကေသာ ဘုရားဖူးျပည္သူအခ်ိဳ႕က မယုံသကၤာ ဒြိဟစိတ္ျဖင့္ အေျပးအလႊား လာၾကည့္ၾကသည္။ ဝါးျငမ္းမ်ားကြယ္ေန၍ ေတာ္ေတာ္ႏွင့္ မျမင္ရ။ အေသအခ်ာ စူးစိုက္ၿပီးၾကည့္ၾကည့္ေတာ့မွ ေတြ႕လိုက္ရပါေလၿပီ။

“အလိုေလး.. ဟုတ္သဟ.. က်ားသားမိုးႀကိဳး.. ဘုရားေပၚမွာ က်ားႀကီးတစ္ေကာင္ ဝပ္ေနသဟ”
“ဟုတ္ပါ့ေတာ္.. ဘယ္လိုကဘယ္လို ဘုရာေပၚေရာက္ေနပါလိမ့္။ ရင္ျပင္ေတာ္ေပၚ ဆင္းခ်လာရင္ေတာ့ ဒုကၡေတာ္ေရ႕”

နံနက္ေစာေစာ ဘုရားရင္ျပင္ေတာ္ေပၚသို႔ ဘုရားဖူး၊ တရားထိုင္၊ ပုတီးစိပ္ စသည္ျဖင့္ ေရာက္ရွိေနၾကေသာ အလႊာေပါင္းစုံမွ ဘုရားဖူးျပည္သူမ်ားလည္း တစ္ေယာက္တစ္ေပါက္ေျပာဆိုရင္း ထိတ္ထိတ္ပ်ာပ်ာ ျဖစ္ကုန္ၾကေတာ့သည္။ ကေလးေတြကိုလက္ဆဲြၿပီး ရင္ျပင္ေတာ္ေပၚကေန ဆင္းေျပးသူေတြကလည္း ဆင္းေျပးၾကသည္။ “ဘယ္သူေရ ဘယ္ဝါေရ” စသည္ျဖင့္ ေအာ္ဟစ္ ေခၚဆိုေနသံမ်ားကလည္း ကြ်က္ကြ်က္ညံလို႔။

ထိုသတင္းက ေရႊတိဂုံေစတီေတာ္ ရင္ျပင္ေတာ္ေပၚမွာသာမက ရန္ကုန္တစ္ၿမိဳ႕လုံးသို႔ပါ တစ္မုဟုတ္ခ်င္းမွာပင္ ေတာမီးပမာ ကူးစက္ပ်ံ႕ႏွံ႔သြားေလေတာ့သည္။ သတင္းၾကား၍  ဘုရားေပၚသို႔ အေျပးအလႊားတက္လာၿပီး ဝိုင္းအုံ ၾကည့္ရႈေနၾကသူမ်ားကလည္း ေရာက္လာမစဲ တဖဲြဖဲြ။ တစ္ေယာက္တစ္ေပါက္ ေျပာဆို ညႊန္ျပ ေအာ္ဟစ္ေနၾကရင္း စိတ္ထင္ရာ မွတ္ခ်က္ေပးေနၾကသူမ်ားကလည္း အမ်ားအျပား။ ေဂါပကအဖဲြ႕ဝင္မ်ားလည္း မ်က္လုံးျပဴးေနၿပီ။ ရင္ျပင္ေတာ္တစ္ခုလုံးမွာေတာ့ အုတ္အုတ္က်က္က်က္ ျဖစ္ေနၾကေလၿပီတကား။

****************************

သို႔ႏွင့္ ထိုေန႔နံနက္ ၈ နာရီခန္႔သို႔ေရာက္လာသည္။ ေရႊတိဂုံေစတီေတာ္ေဂါပကအဖဲြ႕ဝင္တစ္ဦးျဖစ္သူ ဦးေရႊဝုိင္းက ထိုသတင္းကို ရန္ကုန္ၿမိဳ႕ရွိ မ်က္ႏွာျဖဴ အေရးပုိင္မင္းႀကီးထံ အေျပးအလႊား သြားေရာက္သတင္းပုိ႔သည္။ အေရးပုိင္လည္း အစကသိပ္မယုံခ်င္။ သို႔ေသာ္ ဦးေရႊဝိုင္းက အတိအက် သတင္းေပးေနၿပီမို႔ မေနသာေတာ့။ သည္ေတာ့ ရန္ကုန္ၿမိဳ႕တြင္တပ္စဲြထားသည့္ အဂၤလိပ္စစ္တပ္မွ ကာနယ္ အီးေလာဖုိ႔ဒ္ထံသို႔ စာတစ္ေစာင္ ခ်က္ခ်င္းေရးေပးလိုက္ေလသည္။ ထိုစာကိုယူၿပီး ဦးေရႊဝိုင္းတစ္ေယာက္ ကာနယ္ အီးေလာ့ဖုိ႔ဒ္ရွိရာသို႔ သုတ္ေျခတင္ရျပန္ေလ၏။

ခဏအၾကာမွာေတာ့ သူတို႔ႏွစ္ေယာက္သား နီးစပ္ရာ အဂၤလိပ္အရာ႐ွိ တခ်ိဳ႕၏ ေနအိမ္မ်ားကို ဝင္ေရာက္အသိေပးရင္း ေသနတ္႐ွာရသည္။ ကပၸတိန္ဂ်င္းနင္း၏ေနအိမ္မွ ႏွစ္လုံးျပဴးေသနတ္တစ္လက္ ရလာသည္မို႔ ကပၸတိန္ဂ်င္းနင္းႏွင့္ ကပၸတိန္ဘီဗီးလ္တုိ႔ကိုပါ သူတို႔ႏွင့္အတူ တစ္ပါတည္းေခၚလာၿပီး ေရႊတိဂုံ ေစတီေတာ္ေပၚသို႔ အေျပးအလႊား တက္လာခဲ့ၾကရေပၿပီ။ သူတို႔လူစု ရင္ျပင္ေတာ္ေပၚသို႔ ေရာက္ရွိသြားခ်ိန္မွာေတာ့ လူအုပ္ႀကီးက တုိးမေပါက္ေအာင္ စည္ကားေနေလၿပီတကား။
****************

ကာနယ္အီးေလာ့ဖို႔ဒ္က ရင္ျပင္ေတာ္ေပၚမွေန၍ အဆိုပါ က်ားဝပ္ေနသည့္ ေနရာကုိ လွမ္းၾကည့္လိုက္ေလသည္။ အလွမ္းေဝးေနသည္မို႔ တစ္ေကာင္လုံးကိုမျမင္ရ။ အေသအခ်ာ စူးစုိက္ၾကည့္ေတာ့မွသာ က်ား၏ ေက်ာကုန္းပိုင္း၊ ေနာက္ေျခေထာက္ႏွင့္ အၿမီးကေလးကုိသာ လွမ္းျမင္လိုက္ရေလ၏။ ေျပာမယုံ ႀကဳံဖူးမွသိလိုက္ရေပေကာ။ ကာနယ္ အီးေလာ့ဖို႔ဒ္ မည္သို႔ဆုံးျဖတ္ရမည္နည္း။

မတတ္ႏိုင္..
လူမ်ား အႏၱရာယ္ကင္းေစဖို႔အတြက္ အဆိုပါ က်ားကို ေသနတ္ႏွင့္ပစ္ခတ္ၿပီး သုတ္သင္ ရွင္းလင္းရေပေတာ့မည္။ သို႔ေသာ္ ေနရာက အေတာ္ေဝးေနသည့္အျပင္ ဘုရားႀကီး၏ ကိုယ္လုံးေတာ္ေပၚမွာဝပ္ေနသည့္ ထိုက်ားကုိ ရင္ျပင္ေတာ္ေပၚမွေန၍ လွမ္းပစ္မည္ဆိုပါက ခ်က္ေကာင္းကို ထိမွန္ႏုိင္မည္မဟုတ္။ အသက္မေသဘဲ ဒဏ္ရာရရုံသာရသြားပါက ရင္ျပင္ေတာ္ေပၚသို႔ဆင္းေျပးလာရင္း ေအာက္မွ လူမ်ားကို က်ားနာခဲ ခဲေပေတာ့မည္။

ထို႔ျပင္ ဒဏ္ရာရသြားသည့္ ေတာရိုင္းတိရစၧာန္မ်ားက လူသားမ်ားကို ပို၍ ဒုကၡေပးတတ္သည္ဟု သူ ၾကားဖူးထားသည္။ သည္ေတာ့ ကာနယ္ အီးေလာ့ဖုိ႔ဒ္က သူႏွင့္အတူပါလာသည့္ ကပၸတိန္ ဂ်င္းနင္းကုိ တန္ေဆာင္းတစ္ခုေပၚသို႔တက္ေစၿပီး အသင့္ေနရာယူခုိင္းလိုက္ေလသည္။ ကပၸတိန္ဗီဘီးလ္ကုိေတာ့ လီဗာပူးလ္ ဘုရင့္ရိုင္ဖယ္တပ္ရင္းသို႔ အျမန္ ေစလႊတ္လိုက္ၿပီး ႐ုိင္ဖယ္ေသနတ္ကုိင္ ေဂၚရာ စစ္သားမ်ားကို ခ်က္ခ်င္း ေခၚခုိင္းလိုက္ေလ၏။

သို႔ႏွင့္ မ်ားမၾကာမီအခ်ိန္တြင္ ကပၸတိန္ဗီဘီးလ္ႏွင့္အတူ ရိုင္ဖယ္ေသနတ္ကိုင္ ေဂၚရာစစ္သား ၁၄ ေယာက္ ရင္ျပင္ေတာ္ေပၚသို႔ ေရာက္ရွိလာၿပီး ကာနယ္အီးေလာ့ဖို႔္ဒ္အား သတိဆဲြ သတင္းပို႔ေလသည္။ အဆိုပါ ေဂၚရာစစ္သား ၁၄ ေယာက္အား ကာနယ္က ခုနစ္ေယာက္တစ္ဖဲြ႕ႏႈန္းျဖင့္ တပ္ဖဲြ႕ ႏွစ္ဖဲြ႕ခြဲလိုက္သည္။ အေစာက ကပၸတိန္ဂ်င္းနင္း ေနရာယူထားေသာ တန္ေဆာင္းႀကီး၏ တစ္ဖက္တစ္ခ်က္စီတြင္ ေဂၚရာစစ္သားမ်ားအား အျမန္ေနရာခ်လိုက္သည္။

ေသနတ္ကုိင္ အရာရွိ စစ္သားမ်ားအားလုံး အသင့္ျဖစ္သြားခ်ိန္မွာေတာ့..
“ဖုိင္းယား”
“ဒုန္း ဒုန္း”
“ဒိုင္း ဒိုင္း ဒိုင္း ဒိုင္း”

ကာနယ္အီးေလာ့ဖို႔ဒ္ထံမွ ပစ္မိန္႔ေပးသံအဆုံးတြင္ ကပၸတိန္ဂ်င္းနင္း၏ လက္ထဲမွ ႏွစ္လုံးျပဴးေသနတ္ႏွင့္ ေဂၚရာ စစ္သားမ်ား၏ ရိုင္ဖယ္ေသနတ္ ေျပာင္းဝမ်ားမွ ေသမင္းတမန္ က်ည္ဆန္မ်ားက ျပင္းထန္ေသာ ေပါက္ကဲြသံမ်ားကို ဆူညံစြာျပဳရင္း က်ားဝပ္ေနရာဆီသို႔ အလုအယက္ ေျပးထြက္သြားၾကေလ၏။

သို႔ေသာ္ အႏွီက်ားကပဲ ကံေကာင္းေနေလသည္လားမသိ။ တဒုန္းဒုန္း တဒိုင္းဒိုင္းျဖင့္ ပစ္ခတ္ေနၾကေသာ အဆိုပါက်ည္ဆန္မ်ားမွာ က်ားကုိ တစ္ခ်က္ကေလးမွ မထိ။ က်ားဝပ္ေနေသာ ေခါင္းေလာင္းပုံအစြန္းကုိသာ က်ည္ဆန္မ်ား ထိသြားေၾကာင္း ဖြာကနဲ ဖြာကနဲ လႊင့္စင္ ထြက္က်လာသည့္ အုတ္စ၊ အဂၤေတစမ်ားက သက္ေသခံေနေလသည္။

“ေဝါင္း”

ဆူညံေသာေသနတ္သံမ်ားေၾကာင့္ မာန္ဖီသံတစ္ခ်က္ျပဳလိုက္ရင္း အဆိုပါက်ားက ဝပ္ေနရာမွ ေခါင္းေထာင္၍ထၾကည့္လိုက္သည္။ အဆိုပါအခြင့္အေရးကို တန္ေဆာင္းေပၚမွာ အသင့္ေနရာယူထားသည့္ ကပၸတိန္ဂ်င္းနင္းက လုံးဝ လက္လြတ္မခံ။

“ဒုန္း ဒုန္း”

ကပၸတိန္ဂ်င္းနင္း၏လက္ထဲမွ ႏွစ္လုံးျပဴးေသနတ္က ျမည္ဟည္းသံႏွစ္ခ်က္ကို ဆက္တိုက္ျပဳလိုက္ရင္း က်ားရွိရာသို႔ ခဲပူေတာင့္ေတြ ဆက္တိုက္ေျပးဝင္သြားေလ၏။

“ေဝါင္း ေဝါင္း”

ရင္ဘတ္ႏွင့္ဝဲယာပုခုံးမ်ားကုိ က်ည္ဆန္မ်ား ထိမွန္သြားမႈေၾကာင့္ က်ားက နာက်င္စြာညည္းညဴရင္း မာန္ဖီလိုက္ေလသည္။
နီးစပ္ရာကိုလူးလွိမ့္ကုတ္ျခစ္ရင္း ပတပ္ထရပ္ဖို႔ ႀကိဳးစားေနသည္။

“ဒိုင္း ဒိုင္း ဒိုင္း ဒိုင္း”

“ဒုန္း ဒုန္း”

ေသြးရူးေသြးတန္းျဖစ္ေနေသာ အဆိုပါက်ားကို ေဂၚရာစစ္သားမ်ားႏွင့္ ကပၸတိန္ဂ်င္းနင္းက က်ည္ဆန္ေတြ တရစပ္ပစ္လႊတ္လိုက္ေလသည္။ ထိတာလည္း ရွိသည္။ လဲြတာလည္း ရွိသည္။ ၾကာေတာ့ အႏွီက်ား မခံႏိုင္ေတာ့။ ညည္းညဴသံ တစ္ခ်က္ ျပဳလိုက္ရင္း အဆိုပါေနရာမွာပင္ လဲက်သြားေလေတာ့၏။ သို႔ေသာ္ ေအာက္ကိုကား ျပဳတ္က်မလာ။

“ေဝး ေဟးေဟးေဟး”

ရင္ျပင္ေတာ္ေပၚရွိလူအုပ္ႀကီးက တေဟးေဟးဟစ္ေအာ္ရင္း ျငာသံဝိုင္းေပးသည္။ သို႔ေသာ္ျငား က်ားကေတာ့ ထိုေနရာမွာပင္ ေနျမဲ။သည္ေတာ့ စိတ္ျမန္လက္ျမန္ ကပၸတိန္ဂ်င္းနင္းက သူ ေနရာယူထားသည့္ တန္ေဆာင္းေပၚမွဆင္းၿပီး ဝါးျငမ္းအတိုင္း ခပ္သုတ္သုတ္တက္သြားသည္။ သူ႔ေက်ာေပၚမွာေတာ့ လက္စဲြေတာ္ ႏွစ္လုံးျပဴး ေသနတ္ကို စလြယ္သိုင္း လြယ္ထားလ်က္။ အေပၚေရာက္ေတာ့ က်ားကိုေတြ႕သည္။ ဒဏ္ရာေတြဗရပြ ရေနၿပီျဖစ္ေသာ္လည္း အသက္ျပင္းလြန္းလွသည့္ အႏွီက်ားက အသက္ မေသေသး။ ညည္းညဴသံေတြေပးေနရင္း အသက္ငင္ေနသည္မို႔ ကပၸတိန္ဂ်င္းနင္းက အနီးကပ္ အေသအခ်ာခ်ိန္ရြယ္ကာ ပဲြသိမ္း က်ည္ဆန္တစ္ေတာင့္ကို ပစ္သြင္းလိုက္ေလ၏။

“ဒိန္း”

သည္တစ္ခါေတာ့ အဆိုပါက်ား ဇီဝိန္ခ်ဳပ္ေလၿပီ။ အသက္ ကင္းမဲ့ေနၿပီျဖစ္ေသာ အဆိုပါက်ားေသေကာင္ကို ကပၸတိန္ဂ်င္းနင္းက တျဖည္းျဖည္းခ်င္း ေအာက္သို႔ ဆြဲခ်လာေလ၏။

ရင္ျပင္ေတာ္ေပၚသို႔ေရာက္လာေသာ က်ားေသကာင္ကို အေသအခ်ာၾကည့္ရႈေတာ့မွ အဆိုပါက်ားက က်ားထီးမဟုတ္၊ သန္တုန္း ျမန္တုန္းအရြယ္ က်ားမတစ္ေကာင္ ျဖစ္ေနေလ၏။ ကိုယ္ခႏၶာကို တုိင္းထြာၾကည့္ေသာအခါ အၿမီးဖ်ားကေန ဦးေခါင္းအထိ အလ်ား႐ွစ္ေပတိတိ။
*****************************

ေကာင္းၿပီ..
ေရႊတိဂုံေစတီေတာ္ေပၚသို႔ အဆိုပါက်ားက မည္သို႔မည္ပုံ ေရာက္ရွိလာပါသနည္း…

ထိုစဥ္တုန္းက ရန္ကုန္ၿမိဳ႕ေနလူထုကို ေရေပးေဝရန္အတြက္ အဂၤလိပ္အစိုးရက ေလွာ္ကားကန္ႀကီးကို တူးေဖာ္ ေဆာက္လုပ္ေနသည္။ စက္ယႏၱရားမ်ားသာမက မ်ားျပားလြန္းလွေသာ လုပ္သားအင္အားမ်ားကိုပါ အသုံးျပဳေနခ်ိန္ျဖစ္သည္။ သိၾကသည့္အတိုင္း
ေလွာ္ကားကန္ဆိုသည္က ရန္ကုန္ၿမိ႕အစြန္၊ ရိုးမေတာႀကီးရဲ႕ အစပ္။ ၿပီးေတာ့ ထိုအခ်ိန္က ေလွာ္ကားကန္တစ္ဝိုက္ဆိုသည္ကား တကယ့္ကို ေတာႀကီးမ်က္မည္း။ ေတာထူေတာ့ သားရဲတိရစၧာန္ေတြ ေပ်ာ္ျမဴး က်က္စားၾကသည္။ သမင္၊ ယုန္၊ ဒရယ္၊ ေခ်၊ ေတာဝက္ စသည့္ ေတာေကာင္ငယ္မ်ားရွိသလို ေတာဆင္ရိုင္းမ်ား၊ က်ားမ်ားပါ ခိုေအာင္းေနတတ္သည္။

ေလွာ္ကားကန္တည္ေဆာက္ေနခ်ိန္မွာ လူသူမ်ား အေရာက္အေပါက္မ်ားလာသည္မို႔ က်န္သည့္ေတာေကာင္ငယ္မ်ားက ေတာနက္ရာ ေဒသမ်ားသို႔ ေရႊ႕ေျပာင္းေနစဥ္ အဆိုပါက်ားက မ်က္စိလည္ လမ္းမွားၿပီး ရန္ကုန္ၿမိဳ႕ထဲသို႔ ဝင္လာမိပုံရသည္။ ထို႔ေနာက္ လုံးေတာ္ျပည့္ေရႊသကၤန္းကပ္ရန္ ဆင္ထားသည့္ ဝါးျငမ္းမ်ားမွတစ္ဆင့္ ေရႊတိဂုံ ေစတီတာ္ျမတ္ႀကီး၏ ကိုယ္လုံးေတာ္ေပၚသို႔ ႀကံႀကံဖန္ဖန္ တက္ေရာက္လာမိျခင္းျဖစ္မည္ဟု အဂၤလိပ္ အမဲပစ္မုဆိုးမ်ားက ခန္႔မွန္း ေျပာဆိုၾကသည္။

၁၈၈၀ ျပည့္ႏွစ္ ဒီဇင္ဘာလတုန္းကလည္း စတီဗင္ဆင္လမ္း (ယခု- လွည္းတမ္းလမ္း) သို႔ က်ားတစ္ေကာင္ မ်က္စိလည္လမ္းမွားၿပီး ဝင္ေရာက္လာသျဖင့္ အဂၤလိပ္မုဆိုးမ်ားက ဝိုင္ဝန္းပစ္ခတ္ ဖမ္းဆီးခဲ့ရသည္ မဟုတ္ေလာ။ အဂၤလိပ္အာဏာပိုင္မ်ားက အဆိုပါက်ားသတင္းကို ေနာက္ေၾကာင္းျပန္ စုံစမ္းၾကည့္ၾက၊ ေျခရာခံၾကည့္ၾကေသာအခါ ေရႊတိဂုံေစတီေတာ္ေပၚသို႔မတက္မီ အႏွီက်ားက ပုဇြန္ေတာင္ အမဲသတ္ရုံ (ယခု- မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္ အားကာဝင္း) အနီးရွိ ဟင္းသီးဟင္းရြက္ စိုက္ခင္းမ်ားထဲသို႔လည္း ဝင္ေမႊခဲ့သည္.. တဲ့။

ၿပီးေတာ့ ကုကိၠဳင္း ေရကူးရြာဘက္က ၿခံတစ္ၿခံ အတြင္းသို႔လည္း အတင့္ရဲစြာဝင္ေရာက္ၿပီး ႏြားမတစ္ေကာင္ကို ကိုက္သတ္စားခဲ့ေသးသည္.. တဲ့။ ဒါတင္မက ေဘာင္ဒရီလမ္း (ယခု- ဓမၼေစတီလမ္း) ရွိ ေနအိမ္တစ္အိမ္၏ ေနာက္ေဖးခန္းအတြင္းသို႔လည္း ေျခစၾကာ ျဖန္႔ခဲ့ေသးသည္တဲ့ေလ။ ၾကည့္ရတာေတာ့ ယခင္ သူ အမဲလိုက္ေနက် ေလွာ္ကားကန္ အနီးတစ္ဝိုက္မွ ေတာေကာင္ငယ္ကေလးမ်ားက ေတာပိုနက္သည့္ ရိုးမေတာႀကီးထဲသို႔ ေျပာင္းေရႊ႕သြားၾကသျဖင့္ လူတ္ုိ႔ရပ္ရြာအတြင္း က်ဴးေက်ာ္လာကာ လူတို႔ေမြးျမဴထားသာ ဆိတ္၊ ႏြား၊ သိုး၊ ဝက္ စသည့္ အိမ္ေမြးတိရစၧာန္မ်ားကို ကိုက္သတ္စားရန္ က်ဴးေက်ာ္ဝင္ေရာက္လာရင္း ေသခ်င္တဲ့က်ား ေတာေျပာင္းဆိုသလို ျဖစ္သြားဟန္တူပါသည္။

အဆိုပါ ေရႊတိဂုံဘုရားေပၚသို႔ က်ားတက္သည့္သတင္းက ရန္ကုန္ၿမိဳ႕မွာသာမက တစ္ႏုိင္ငံလုံးသို႔ တစ္မုဟုတ္ခ်င္း ပ်ံ႕ႏွံ႔သြားၿပီး ဟုိးေလးတေက်ာ္ ျဖစ္ခဲ့ရသည္။ အနယ္နယ္ အရပ္ရပ္မွ ဘုရားဖူးပရိသတ္မ်ားလည္း ယခင္ကထက္ ပုိမုိမ်ားျပားလာသည္။ နတ္ယုံၾကည္သူ တခ်ိဳ႕ကေတာ့ အဆိုပါကိစၥကို “ေမွာ္ဘီနတ္ႀကီး ေရႊတိဂုံဘုရားဖူး လာသည္” ဟု အရပ္ထဲမွာ တိုးတိုးတိတ္တိတ္ ေျပာၾကသည္တဲ့ေလ။

ထို႔အျပင္ ေရႊေတာင္ဆရာလြန္း (ေနာင္- ဆရာႀကီး ူသခင္ကိုယ္ေတာ္မိႈင္း) ကလည္း “ေရႊတိဂုံဘုရားအမွဴးကုိ က်ားအဖူးတက္ေသာ ျပဇာတ္” အမည္ရွိ ျပဇာတ္စာအုပ္တစ္အုပ္ကို ေရးသား ထုတ္ေဝခဲ့ရာ ထိုေခတ္အခါတုန္းက ေရာင္းမေလာက္ေအာင္ လူၾကဳိက္မ်ားခဲ့သည္တဲ့။

ထိုေခတ္က ကျပေဖ်ာ္ေျဖခဲ့ၾကသည့္ ဇာတ္ပဲြမ်ားႏွင့္ အၿငိမ့္ပဲြမ်ားမွာလည္း လူရႊင္ေတာ္မ်ားက..

“ေရႊတိဂုံဘုရားမွာ က်ားတက္တာ ငါးရက္ၾကာသေနာ္.. အုိ.. ေရႊတိဂုံဘုရားမွာလ က်ားတက္တာ ငါးရက္ၾကာသဗ်.. ေဂၚရာေတြဝုိင္း ေသနတ္နဲ႔ပစ္ က်ားစင္းစင္းေသ” ဆိုၿပီး သီခ်င္းစပ္ဆိုရင္း ျပက္လုံးေတြထုတ္ခဲ့ၾကရာမွာ ေရႊပဲြလာ ပရိသတ္မ်ားက လက္ခုပ္သံတေျဖာင္းေျဖာင္းျဖင့္ အားေပးခဲ့ၾကသည္ဟု မွတ္သားခဲ့ရပါေၾကာင္း…။

ေလးစားလ်က္
Thu Hlaing – Author

ကိုးကားမွတ္တမ္း။ စၾကာေကာင္းစံ၏
“ေရႊတိဂံုေစတီေတာ္ႀကီး ႏွစ္ ၂၆၀၀ ျပည့္၊ ထူးျခားဆန္းၾကယ္ေသာျဖစ္ရပ္မ်ား”။

———————

ရွှေတိဂုံကို ကျားတက်ခဲ့တဲ့ သမိုင်းကြောင်း (unicode)

Written By Thu Hlaing

အချိန်က ၁၉၀၃ ခုနှစ်..

တစ်နည်းပြောရလျှင် အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့တို့၏လက်အောက်တွင် မြန်မာတစ်မျိုးသားလုံး ကျွန်သပေါက်ဘဝဖြင့် ကိုယ်နှုတ်နှလုံး သုံးပါးစလုံး ညှိုးငယ်စွာ နေထိုင်နေရသည့် အချိန်..
ထိုအချိန်က ရန်ကုန်မြို့ကြီးသည် မြို့ဟုခေါ်သော်လည်း လူနေအိမ်ခြေ နည်းပါးလွန်းလှပြီး နေရာ အတော်များများမှာ သစ်ပင်သစ်တောကြီးများ၊ ခြုံနွယ်များသာ ဖုံးလွှမ်းလျက်ရှိနေ၏။ ဆူးလေစေတီတော်ဝန်းကျင် ရန်ကုန်မြို့လယ်ကောင်တစ်ဝိုက်နှင့် သိမ်ကြီးဈေးအနီးတစ်ဝိုက်လောက်မှာသာ အစိုးရ အဆောက်အဦများနှင့် လူနေအိမ်ခြေ တိုက်တာ အိုးအိမ်များ များပြားပြီး ကျန်သည့်နေရာ အတော်များများမှာတော့ တောအုပ်ကြီးသဖွယ် ဖြစ်နေလေ၏။

သူ့ကျွန်ဘဝရောက်နေသော်လည်း ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများမှာ အလှူရေစက် လက်နှင့်မပြတ်ကြ။ ဘုရားရှင်၏သားတော် ရဟန်းသံဃာများ စိတ်အေးချမ်းသာစွာဖြင့် သာသနာပြုနိုင်ရန်အတွက် ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး.. အစရှိသည့် ပစ္စည်းလေးပါးများကို စဉ်ဆက်မပြတ် ဆက်ကပ် လှူဒါန်းနေကြသလို၊ မြန်မာတို့၏အသည်းနှလုံး သိင်္ဂုတ္တရ ကုန်းတော်ပေါ်ရှိ လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးကိုလည်း လုံးတော်ပြည့် ရွှေသင်္ကန်းများ ကပ်လှူ ပူဇော်နိုင်ရန်အတွက် ဝိုင်းဝန်း ပြင်ဆင်နေကြလေသည်။

မြန်မာသက္ကရာဇ် ၁၂၆၄ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ရွှေတိဂုံ စေတီတော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ခြိမ့်ခြိမ့်သည်းသည်း ကျင်းပကြမည်ဖြစ်သည်။ ထို့ကြောင့် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က အနယ်နယ်အရပ်ရပ်မှ ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူများ စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ထည့်ဝင်လှူဒါန်းထားကြသည့် ရွှေစင်ရွှေပြားများကို ရွှေတိဂုံ စေတီတော်မြတ်ကြီးအား တပေါင်းလပြည့် ဗုဒ္ဓပူဇနိယပွဲတော်အမီ ကပ်လှူ ပူဇော်နိုင်ရန်အတွက် ကိုယ်လုံးတော်အား ဝါးများဖြင့်ငြမ်းဆင်ကာ အင်တိုက်အားတိုက်ဖြင့် ဆောင်ရွက်နေကြလေသည်။ စေတီတော်ပေါ်တွင် ဂေါပကအဖွဲ့ဝင်များ၊ အလုပ်သမားများ၊ ဘုရားဖူးပြည်သူများဖြင့် လွန်စွာမှ စည်ကားနေသည့်အချိန်လည်း ဖြစ်နေပေတော့သည်။

သည်လိုနှင့် ခရစ်နှစ် ၁၉၀၃ ခုနှစ်၊ မတ်လ ၂ ရက် (မြန်မာသက္ကရာဇ် ၁၂၆၄ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်) နေ့သို့ရောက်လာသည်။ မှတ်မှတ်ရရ ထိုနေ့ကား တနင်္လာနေ့၊ နံနက်ပိုင်းဖြစ်၏။ ပွဲတော်ရက်နီးကပ်လာပြီမို့ ရွှေသင်္ကန်းကပ်လှူကြမည့် အလုပ်သမားများမှာ ဝါးငြမ်းများကို တစ်ခုပြီးတစ်ခုကျော်လွှားရင်း ကျွမ်းကျင်စွာတက်သွားကြသည်မှာ ဆပ်ကပ်ပွဲ တစ်ခုလေအလား။ ထိုစဉ် ရွှေတိဂုံစေတီတော်မြတ်ကြီး ကိုယ်လုံးတော်ပေါ်မှ “ခေါင်းလောင်းပုံအနားလန်စွန်း” ၌ ဝါဝါစင်းစင်း အရာတစ်ခု ရှိနေသည်ကို အလုပ်သမားတချို့က လှမ်းမြင်လိုက်မိကြလေသည်။ မနေ့က အလုပ်သမားတချို့ ငြမ်းပေါ်မှပြန်ဆင်းရင်း မေ့ကျန်ထားခဲ့ကြသည့် ပစ္စည်းပစ္စယ တစ်ခုခုလေလား.. သို့တည်းမဟုတ် အဝတ်အစား တစ်ခုခုလေလား..

“အလိုလေး.. ကျားဗျို့.. ကျား ကျား”
“အီး.. လုပ်ကြပါဦးဗျ..
ဘုရားပေါ်မှာ ကျားကြီးဗျ”

ရှေ့ဆုံးမှတက်သွားသည့်  အလုပ်သမားတချို့က ထိတ်လန့်စွာ အော်ဟစ်လိုက်ရင်း ဝါးငြမ်းများပေါ်မှ ဒရောသောပါးဖြင့် ပြန်ပြေးဆင်းလာကြသည်။ အောက်ခြေမှအပေါ်သို့ တက်လုတက်ဆဲ အလုပ်သမားများကလည်း အပေါ်ကလူတွေ ပြန်ပြေးဆင်းလာမှတော့ နဝေတိမ်တောင်ဖြင့် သူ့ထက်ငါအလုအယက် ဆင်းပြေးကြပြီပေါ့။ တစ်ယောက်အပေါ်တစ်ယောက် တိုးမိ တိုက်မိ ခိုက်မိရင်း အလဲလဲ အကွဲကွဲ ရုတ်ရုတ်သဲသဲ။

“ဘယ့်နှယ်..
တောကြီးမျက်မည်းထဲမှာသာနေတတ်တဲ့ အသားစားသတ္တဝါမျိုးနွယ်ဝင် သားရဲတိရစ္ဆာန် ကျားရိုင်းတစ်ကောင်က ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်ကို တက်လာရုံသာမက ကိုယ်လုံးတော်ပေါ်မှာတောင် ဝပ်နေသတဲ့လား။ မဖြစ်နိုင်တာပဲ”

ဤသို့ဤနှယ် အတွေးဝင်မိကြသော ဘုရားဖူးပြည်သူအချို့က မယုံသင်္ကာ ဒွိဟစိတ်ဖြင့် အပြေးအလွှား လာကြည့်ကြသည်။ ဝါးငြမ်းများကွယ်နေ၍ တော်တော်နှင့် မမြင်ရ။ အသေအချာ စူးစိုက်ပြီးကြည့်ကြည့်တော့မှ တွေ့လိုက်ရပါလေပြီ။

“အလိုလေး.. ဟုတ်သဟ.. ကျားသားမိုးကြိုး.. ဘုရားပေါ်မှာ ကျားကြီးတစ်ကောင် ဝပ်နေသဟ”
“ဟုတ်ပါ့တော်.. ဘယ်လိုကဘယ်လို ဘုရာပေါ်ရောက်နေပါလိမ့်။ ရင်ပြင်တော်ပေါ် ဆင်းချလာရင်တော့ ဒုက္ခတော်ရေ့”

နံနက်စောစော ဘုရားရင်ပြင်တော်ပေါ်သို့ ဘုရားဖူး၊ တရားထိုင်၊ ပုတီးစိပ် စသည်ဖြင့် ရောက်ရှိနေကြသော အလွှာပေါင်းစုံမှ ဘုရားဖူးပြည်သူများလည်း တစ်ယောက်တစ်ပေါက်ပြောဆိုရင်း ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြတော့သည်။ ကလေးတွေကိုလက်ဆွဲပြီး ရင်ပြင်တော်ပေါ်ကနေ ဆင်းပြေးသူတွေကလည်း ဆင်းပြေးကြသည်။ “ဘယ်သူရေ ဘယ်ဝါရေ” စသည်ဖြင့် အော်ဟစ် ခေါ်ဆိုနေသံများကလည်း ကျွက်ကျွက်ညံလို့။

ထိုသတင်းက ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်မှာသာမက ရန်ကုန်တစ်မြို့လုံးသို့ပါ တစ်မုဟုတ်ချင်းမှာပင် တောမီးပမာ ကူးစက်ပျံ့နှံ့သွားလေတော့သည်။ သတင်းကြား၍  ဘုရားပေါ်သို့ အပြေးအလွှားတက်လာပြီး ဝိုင်းအုံ ကြည့်ရှုနေကြသူများကလည်း ရောက်လာမစဲ တဖွဲဖွဲ။ တစ်ယောက်တစ်ပေါက် ပြောဆို ညွှန်ပြ အော်ဟစ်နေကြရင်း စိတ်ထင်ရာ မှတ်ချက်ပေးနေကြသူများကလည်း အများအပြား။ ဂေါပကအဖွဲ့ဝင်များလည်း မျက်လုံးပြူးနေပြီ။ ရင်ပြင်တော်တစ်ခုလုံးမှာတော့ အုတ်အုတ်ကျက်ကျက် ဖြစ်နေကြလေပြီတကား။

****************************

သို့နှင့် ထိုနေ့နံနက် ၈ နာရီခန့်သို့ရောက်လာသည်။ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးရွှေဝိုင်းက ထိုသတင်းကို ရန်ကုန်မြို့ရှိ မျက်နှာဖြူ အရေးပိုင်မင်းကြီးထံ အပြေးအလွှား သွားရောက်သတင်းပို့သည်။ အရေးပိုင်လည်း အစကသိပ်မယုံချင်။ သို့သော် ဦးရွှေဝိုင်းက အတိအကျ သတင်းပေးနေပြီမို့ မနေသာတော့။ သည်တော့ ရန်ကုန်မြို့တွင်တပ်စွဲထားသည့် အင်္ဂလိပ်စစ်တပ်မှ ကာနယ် အီးလောဖို့ဒ်ထံသို့ စာတစ်စောင် ချက်ချင်းရေးပေးလိုက်လေသည်။ ထိုစာကိုယူပြီး ဦးရွှေဝိုင်းတစ်ယောက် ကာနယ် အီးလော့ဖို့ဒ်ရှိရာသို့ သုတ်ခြေတင်ရပြန်လေ၏။

ခဏအကြာမှာတော့ သူတို့နှစ်ယောက်သား နီးစပ်ရာ အင်္ဂလိပ်အရာရှိ တချို့၏ နေအိမ်များကို ဝင်ရောက်အသိပေးရင်း သေနတ်ရှာရသည်။ ကပ္ပတိန်ဂျင်းနင်း၏နေအိမ်မှ နှစ်လုံးပြူးသေနတ်တစ်လက် ရလာသည်မို့ ကပ္ပတိန်ဂျင်းနင်းနှင့် ကပ္ပတိန်ဘီဗီးလ်တို့ကိုပါ သူတို့နှင့်အတူ တစ်ပါတည်းခေါ်လာပြီး ရွှေတိဂုံ စေတီတော်ပေါ်သို့ အပြေးအလွှား တက်လာခဲ့ကြရပေပြီ။ သူတို့လူစု ရင်ပြင်တော်ပေါ်သို့ ရောက်ရှိသွားချိန်မှာတော့ လူအုပ်ကြီးက တိုးမပေါက်အောင် စည်ကားနေလေပြီတကား။
****************

ကာနယ်အီးလော့ဖို့ဒ်က ရင်ပြင်တော်ပေါ်မှနေ၍ အဆိုပါ ကျားဝပ်နေသည့် နေရာကို လှမ်းကြည့်လိုက်လေသည်။ အလှမ်းဝေးနေသည်မို့ တစ်ကောင်လုံးကိုမမြင်ရ။ အသေအချာ စူးစိုက်ကြည့်တော့မှသာ ကျား၏ ကျောကုန်းပိုင်း၊ နောက်ခြေထောက်နှင့် အမြီးကလေးကိုသာ လှမ်းမြင်လိုက်ရလေ၏။ ပြောမယုံ ကြုံဖူးမှသိလိုက်ရပေကော။ ကာနယ် အီးလော့ဖို့ဒ် မည်သို့ဆုံးဖြတ်ရမည်နည်း။

မတတ်နိုင်..
လူများ အန္တရာယ်ကင်းစေဖို့အတွက် အဆိုပါ ကျားကို သေနတ်နှင့်ပစ်ခတ်ပြီး သုတ်သင် ရှင်းလင်းရပေတော့မည်။ သို့သော် နေရာက အတော်ဝေးနေသည့်အပြင် ဘုရားကြီး၏ ကိုယ်လုံးတော်ပေါ်မှာဝပ်နေသည့် ထိုကျားကို ရင်ပြင်တော်ပေါ်မှနေ၍ လှမ်းပစ်မည်ဆိုပါက ချက်ကောင်းကို ထိမှန်နိုင်မည်မဟုတ်။ အသက်မသေဘဲ ဒဏ်ရာရရုံသာရသွားပါက ရင်ပြင်တော်ပေါ်သို့ဆင်းပြေးလာရင်း အောက်မှ လူများကို ကျားနာခဲ ခဲပေတော့မည်။

ထို့ပြင် ဒဏ်ရာရသွားသည့် တောရိုင်းတိရစ္ဆာန်များက လူသားများကို ပို၍ ဒုက္ခပေးတတ်သည်ဟု သူ ကြားဖူးထားသည်။ သည်တော့ ကာနယ် အီးလော့ဖို့ဒ်က သူနှင့်အတူပါလာသည့် ကပ္ပတိန် ဂျင်းနင်းကို တန်ဆောင်းတစ်ခုပေါ်သို့တက်စေပြီး အသင့်နေရာယူခိုင်းလိုက်လေသည်။ ကပ္ပတိန်ဗီဘီးလ်ကိုတော့ လီဗာပူးလ် ဘုရင့်ရိုင်ဖယ်တပ်ရင်းသို့ အမြန် စေလွှတ်လိုက်ပြီး ရိုင်ဖယ်သေနတ်ကိုင် ဂေါ်ရာ စစ်သားများကို ချက်ချင်း ခေါ်ခိုင်းလိုက်လေ၏။

သို့နှင့် များမကြာမီအချိန်တွင် ကပ္ပတိန်ဗီဘီးလ်နှင့်အတူ ရိုင်ဖယ်သေနတ်ကိုင် ဂေါ်ရာစစ်သား ၁၄ ယောက် ရင်ပြင်တော်ပေါ်သို့ ရောက်ရှိလာပြီး ကာနယ်အီးလော့ဖိ်ု့ဒ်အား သတိဆွဲ သတင်းပို့လေသည်။ အဆိုပါ ဂေါ်ရာစစ်သား ၁၄ ယောက်အား ကာနယ်က ခုနစ်ယောက်တစ်ဖွဲ့နှုန်းဖြင့် တပ်ဖွဲ့ နှစ်ဖွဲ့ခွဲလိုက်သည်။ အစောက ကပ္ပတိန်ဂျင်းနင်း နေရာယူထားသော တန်ဆောင်းကြီး၏ တစ်ဖက်တစ်ချက်စီတွင် ဂေါ်ရာစစ်သားများအား အမြန်နေရာချလိုက်သည်။

သေနတ်ကိုင် အရာရှိ စစ်သားများအားလုံး အသင့်ဖြစ်သွားချိန်မှာတော့..
“ဖိုင်းယား”
“ဒုန်း ဒုန်း”
“ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း”

ကာနယ်အီးလော့ဖို့ဒ်ထံမှ ပစ်မိန့်ပေးသံအဆုံးတွင် ကပ္ပတိန်ဂျင်းနင်း၏ လက်ထဲမှ နှစ်လုံးပြူးသေနတ်နှင့် ဂေါ်ရာ စစ်သားများ၏ ရိုင်ဖယ်သေနတ် ပြောင်းဝများမှ သေမင်းတမန် ကျည်ဆန်များက ပြင်းထန်သော ပေါက်ကွဲသံများကို ဆူညံစွာပြုရင်း ကျားဝပ်နေရာဆီသို့ အလုအယက် ပြေးထွက်သွားကြလေ၏။

သို့သော် အနှီကျားကပဲ ကံကောင်းနေလေသည်လားမသိ။ တဒုန်းဒုန်း တဒိုင်းဒိုင်းဖြင့် ပစ်ခတ်နေကြသော အဆိုပါကျည်ဆန်များမှာ ကျားကို တစ်ချက်ကလေးမှ မထိ။ ကျားဝပ်နေသော ခေါင်းလောင်းပုံအစွန်းကိုသာ ကျည်ဆန်များ ထိသွားကြောင်း ဖွာကနဲ ဖွာကနဲ လွှင့်စင် ထွက်ကျလာသည့် အုတ်စ၊ အင်္ဂတေစများက သက်သေခံနေလေသည်။

“ဝေါင်း”

ဆူညံသောသေနတ်သံများကြောင့် မာန်ဖီသံတစ်ချက်ပြုလိုက်ရင်း အဆိုပါကျားက ဝပ်နေရာမှ ခေါင်းထောင်၍ထကြည့်လိုက်သည်။ အဆိုပါအခွင့်အရေးကို တန်ဆောင်းပေါ်မှာ အသင့်နေရာယူထားသည့် ကပ္ပတိန်ဂျင်းနင်းက လုံးဝ လက်လွတ်မခံ။

“ဒုန်း ဒုန်း”

ကပ္ပတိန်ဂျင်းနင်း၏လက်ထဲမှ နှစ်လုံးပြူးသေနတ်က မြည်ဟည်းသံနှစ်ချက်ကို ဆက်တိုက်ပြုလိုက်ရင်း ကျားရှိရာသို့ ခဲပူတောင့်တွေ ဆက်တိုက်ပြေးဝင်သွားလေ၏။

“ဝေါင်း ဝေါင်း”

ရင်ဘတ်နှင့်ဝဲယာပုခုံးများကို ကျည်ဆန်များ ထိမှန်သွားမှုကြောင့် ကျားက နာကျင်စွာညည်းညူရင်း မာန်ဖီလိုက်လေသည်။
နီးစပ်ရာကိုလူးလှိမ့်ကုတ်ခြစ်ရင်း ပတပ်ထရပ်ဖို့ ကြိုးစားနေသည်။

“ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း”

“ဒုန်း ဒုန်း”

သွေးရူးသွေးတန်းဖြစ်နေသော အဆိုပါကျားကို ဂေါ်ရာစစ်သားများနှင့် ကပ္ပတိန်ဂျင်းနင်းက ကျည်ဆန်တွေ တရစပ်ပစ်လွှတ်လိုက်လေသည်။ ထိတာလည်း ရှိသည်။ လွဲတာလည်း ရှိသည်။ ကြာတော့ အနှီကျား မခံနိုင်တော့။ ညည်းညူသံ တစ်ချက် ပြုလိုက်ရင်း အဆိုပါနေရာမှာပင် လဲကျသွားလေတော့၏။ သို့သော် အောက်ကိုကား ပြုတ်ကျမလာ။

“ဝေး ဟေးဟေးဟေး”

ရင်ပြင်တော်ပေါ်ရှိလူအုပ်ကြီးက တဟေးဟေးဟစ်အော်ရင်း ငြာသံဝိုင်းပေးသည်။ သို့သော်ငြား ကျားကတော့ ထိုနေရာမှာပင် နေမြဲ။သည်တော့ စိတ်မြန်လက်မြန် ကပ္ပတိန်ဂျင်းနင်းက သူ နေရာယူထားသည့် တန်ဆောင်းပေါ်မှဆင်းပြီး ဝါးငြမ်းအတိုင်း ခပ်သုတ်သုတ်တက်သွားသည်။ သူ့ကျောပေါ်မှာတော့ လက်စွဲတော် နှစ်လုံးပြူး သေနတ်ကို စလွယ်သိုင်း လွယ်ထားလျက်။ အပေါ်ရောက်တော့ ကျားကိုတွေ့သည်။ ဒဏ်ရာတွေဗရပွ ရနေပြီဖြစ်သော်လည်း အသက်ပြင်းလွန်းလှသည့် အနှီကျားက အသက် မသေသေး။ ညည်းညူသံတွေပေးနေရင်း အသက်ငင်နေသည်မို့ ကပ္ပတိန်ဂျင်းနင်းက အနီးကပ် အသေအချာချိန်ရွယ်ကာ ပွဲသိမ်း ကျည်ဆန်တစ်တောင့်ကို ပစ်သွင်းလိုက်လေ၏။

“ဒိန်း”

သည်တစ်ခါတော့ အဆိုပါကျား ဇီဝိန်ချုပ်လေပြီ။ အသက် ကင်းမဲ့နေပြီဖြစ်သော အဆိုပါကျားသေကောင်ကို ကပ္ပတိန်ဂျင်းနင်းက တဖြည်းဖြည်းချင်း အောက်သို့ ဆွဲချလာလေ၏။

ရင်ပြင်တော်ပေါ်သို့ရောက်လာသော ကျားသေကာင်ကို အသေအချာကြည့်ရှုတော့မှ အဆိုပါကျားက ကျားထီးမဟုတ်၊ သန်တုန်း မြန်တုန်းအရွယ် ကျားမတစ်ကောင် ဖြစ်နေလေ၏။ ကိုယ်ခန္ဓာကို တိုင်းထွာကြည့်သောအခါ အမြီးဖျားကနေ ဦးခေါင်းအထိ အလျားရှစ်ပေတိတိ။
*****************************

ကောင်းပြီ..
ရွှေတိဂုံစေတီတော်ပေါ်သို့ အဆိုပါကျားက မည်သို့မည်ပုံ ရောက်ရှိလာပါသနည်း…

ထိုစဉ်တုန်းက ရန်ကုန်မြို့နေလူထုကို ရေပေးဝေရန်အတွက် အင်္ဂလိပ်အစိုးရက လှော်ကားကန်ကြီးကို တူးဖော် ဆောက်လုပ်နေသည်။ စက်ယန္တရားများသာမက များပြားလွန်းလှသော လုပ်သားအင်အားများကိုပါ အသုံးပြုနေချိန်ဖြစ်သည်။ သိကြသည့်အတိုင်း
လှော်ကားကန်ဆိုသည်က ရန်ကုန်မြိ့အစွန်၊ ရိုးမတောကြီးရဲ့ အစပ်။ ပြီးတော့ ထိုအချိန်က လှော်ကားကန်တစ်ဝိုက်ဆိုသည်ကား တကယ့်ကို တောကြီးမျက်မည်း။ တောထူတော့ သားရဲတိရစ္ဆာန်တွေ ပျော်မြူး ကျက်စားကြသည်။ သမင်၊ ယုန်၊ ဒရယ်၊ ချေ၊ တောဝက် စသည့် တောကောင်ငယ်များရှိသလို တောဆင်ရိုင်းများ၊ ကျားများပါ ခိုအောင်းနေတတ်သည်။

လှော်ကားကန်တည်ဆောက်နေချိန်မှာ လူသူများ အရောက်အပေါက်များလာသည်မို့ ကျန်သည့်တောကောင်ငယ်များက တောနက်ရာ ဒေသများသို့ ရွှေ့ပြောင်းနေစဉ် အဆိုပါကျားက မျက်စိလည် လမ်းမှားပြီး ရန်ကုန်မြို့ထဲသို့ ဝင်လာမိပုံရသည်။ ထို့နောက် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ရန် ဆင်ထားသည့် ဝါးငြမ်းများမှတစ်ဆင့် ရွှေတိဂုံ စေတီတာ်မြတ်ကြီး၏ ကိုယ်လုံးတော်ပေါ်သို့ ကြံကြံဖန်ဖန် တက်ရောက်လာမိခြင်းဖြစ်မည်ဟု အင်္ဂလိပ် အမဲပစ်မုဆိုးများက ခန့်မှန်း ပြောဆိုကြသည်။

၁၈၈၀ ပြည့်နှစ် ဒီဇင်ဘာလတုန်းကလည်း စတီဗင်ဆင်လမ်း (ယခု- လှည်းတမ်းလမ်း) သို့ ကျားတစ်ကောင် မျက်စိလည်လမ်းမှားပြီး ဝင်ရောက်လာသဖြင့် အင်္ဂလိပ်မုဆိုးများက ဝိုင်ဝန်းပစ်ခတ် ဖမ်းဆီးခဲ့ရသည် မဟုတ်လော။ အင်္ဂလိပ်အာဏာပိုင်များက အဆိုပါကျားသတင်းကို နောက်ကြောင်းပြန် စုံစမ်းကြည့်ကြ၊ ခြေရာခံကြည့်ကြသောအခါ ရွှေတိဂုံစေတီတော်ပေါ်သို့မတက်မီ အနှီကျားက ပုဇွန်တောင် အမဲသတ်ရုံ (ယခု- မင်္ဂလာတောင်ညွှန့်မြို့နယ် အားကာဝင်း) အနီးရှိ ဟင်းသီးဟင်းရွက် စိုက်ခင်းများထဲသို့လည်း ဝင်မွှေခဲ့သည်.. တဲ့။

ပြီးတော့ ကုက္ကိုင်း ရေကူးရွာဘက်က ခြံတစ်ခြံ အတွင်းသို့လည်း အတင့်ရဲစွာဝင်ရောက်ပြီး နွားမတစ်ကောင်ကို ကိုက်သတ်စားခဲ့သေးသည်.. တဲ့။ ဒါတင်မက ဘောင်ဒရီလမ်း (ယခု- ဓမ္မစေတီလမ်း) ရှိ နေအိမ်တစ်အိမ်၏ နောက်ဖေးခန်းအတွင်းသို့လည်း ခြေစကြာ ဖြန့်ခဲ့သေးသည်တဲ့လေ။ ကြည့်ရတာတော့ ယခင် သူ အမဲလိုက်နေကျ လှော်ကားကန် အနီးတစ်ဝိုက်မှ တောကောင်ငယ်ကလေးများက တောပိုနက်သည့် ရိုးမတောကြီးထဲသို့ ပြောင်းရွှေ့သွားကြသဖြင့် လူတိ်ု့ရပ်ရွာအတွင်း ကျူးကျော်လာကာ လူတို့မွေးမြူထားသာ ဆိတ်၊ နွား၊ သိုး၊ ဝက် စသည့် အိမ်မွေးတိရစ္ဆာန်များကို ကိုက်သတ်စားရန် ကျူးကျော်ဝင်ရောက်လာရင်း သေချင်တဲ့ကျား တောပြောင်းဆိုသလို ဖြစ်သွားဟန်တူပါသည်။

အဆိုပါ ရွှေတိဂုံဘုရားပေါ်သို့ ကျားတက်သည့်သတင်းက ရန်ကုန်မြို့မှာသာမက တစ်နိုင်ငံလုံးသို့ တစ်မုဟုတ်ချင်း ပျံ့နှံ့သွားပြီး ဟိုးလေးတကျော် ဖြစ်ခဲ့ရသည်။ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပရိသတ်များလည်း ယခင်ကထက် ပိုမိုများပြားလာသည်။ နတ်ယုံကြည်သူ တချို့ကတော့ အဆိုပါကိစ္စကို “မှော်ဘီနတ်ကြီး ရွှေတိဂုံဘုရားဖူး လာသည်” ဟု အရပ်ထဲမှာ တိုးတိုးတိတ်တိတ် ပြောကြသည်တဲ့လေ။

ထို့အပြင် ရွှေတောင်ဆရာလွန်း (နောင်- ဆရာကြီး ူသခင်ကိုယ်တော်မှိုင်း) ကလည်း “ရွှေတိဂုံဘုရားအမှူးကို ကျားအဖူးတက်သော ပြဇာတ်” အမည်ရှိ ပြဇာတ်စာအုပ်တစ်အုပ်ကို ရေးသား ထုတ်ဝေခဲ့ရာ ထိုခေတ်အခါတုန်းက ရောင်းမလောက်အောင် လူကြိုက်များခဲ့သည်တဲ့။

ထိုခေတ်က ကပြဖျော်ဖြေခဲ့ကြသည့် ဇာတ်ပွဲများနှင့် အငြိမ့်ပွဲများမှာလည်း လူရွှင်တော်များက..

“ရွှေတိဂုံဘုရားမှာ ကျားတက်တာ ငါးရက်ကြာသနော်.. အို.. ရွှေတိဂုံဘုရားမှာလ ကျားတက်တာ ငါးရက်ကြာသဗျ.. ဂေါ်ရာတွေဝိုင်း သေနတ်နဲ့ပစ် ကျားစင်းစင်းသေ” ဆိုပြီး သီချင်းစပ်ဆိုရင်း ပြက်လုံးတွေထုတ်ခဲ့ကြရာမှာ ရွှေပွဲလာ ပရိသတ်များက လက်ခုပ်သံတဖြောင်းဖြောင်းဖြင့် အားပေးခဲ့ကြသည်ဟု မှတ်သားခဲ့ရပါကြောင်း…။

လေးစားလျက်
Thu Hlaing – Author

ကိုးကားမှတ်တမ်း။ စကြာကောင်းစံ၏
“ရွှေတိဂုံစေတီတော်ကြီး နှစ် ၂၆၀ဝ ပြည့်၊ ထူးခြားဆန်းကြယ်သောဖြစ်ရပ်များ”။

Leave a Reply