ရန္သူေလယာဥ္အုပ္စု ကိုတစ္ေယာက္တည္းဟန္႔တားသူ (သုိ႔) ဘတ္ခ်္အိုဟဲယား

Posted on

ဒုတိယကမ႓ာစစ္ျဖစ္ပြားေနခ်ိန္မွာ အေႀကာင္းအမ်ိဳးမ်ိဳးေႀကာင့္ ထင္ေပၚေက်ာ္ႀကာလာတဲ့သူေတြ အမ်ားႀကီးရွိပါတယ္။ အဲ့အထဲမွာ ဘတ္ခ်္အိုဟဲယားလည္း ပါဝင္ပါတယ္။ အိုဟဲယားဟာ တိုက္ေလယာဥ္မွဴးတစ္ဦးျဖစ္ပါတယ္ ပစိဖိတ္ေဒသမွာ တာဝန္က်ေနတဲ့ အေမရိကန္ေလယာဥ္တင္သေဘၤာအုပ္စုနဲ႔အတူ တိုက္ပြဲဝင္ဖို႔ တာဝန္ေပးခံရတဲ့ေလယာဥ္မွဴးတစ္ဦးျဖစ္ပါတယ္။

တစ္ေန႔ သူတို႔ေလယာဥ္အုပ္စုဟာ ေနရာတစ္ခုကိုသြားေရာက္တိုက္ခိုက္ဖို႔ တာဝန္ေပးျခင္းခံရတယ္။ အမိန္႔အတိုင္းသတ္မွတ္ေနရာကိုပ်ံသန္းေနစဥ္မွာ ေလယာဥ္ဆီေလ်ာ့နည္းလာေႀကာင္း အခ်က္ျပမီးကေလးေပၚလာတာကို သူသတိထားမိသြားတယ္။ ဒါနဲ႔ဆီတိုင္ကီကိုႀကည့္ေတာ့ သတ္မွတ္ထားတဲ့ေနရာကိုသြားဖို႔ ဆီမေလာက္ေတာ့ဘူးဆိုတာ သူသိသြားတယ္။

ဒါေႀကာင့္ သူတို႔ေလယာဥ္တင္သေဘၤာဆီကို ျပန္လွည့္ပ်ံသန္းခဲ့တယ္။ သေဘၤာေပၚေရာက္တဲ့အခါ ေခါင္းေဆာင္ျဖစ္သူက အဖြဲ႔လိုက္ပ်ံသန္းတိုက္ခိုက္တဲ့ေလယာဥ္အုပ္စုကေန အိုဟဲယားကို ထုတ္ပစ္လိုက္တယ္။ ဒါနဲ႔သူလည္း ေလယာဥ္တင္သေဘၤာဆီကိုပဲ ျပန္ခဲ့ရတယ္။

တစ္ေန႔ေတာ့ ဂ်ပန္ဇီးရိုးလို႔ အမည္ရတဲ့ ဂ်ပန္ေလယာဥ္အုပ္စုႀကီးက သူတို႔ေလယာဥ္တင္သေဘၤာဆီကို ဦးတည္ပ်ံသန္းလာတာကို သူေတြ႔လိုက္ရတယ္။ အဲ့အခ်ိန္မွာ တျခားတိုက္ေလယာဥ္ေတြက သတ္မွတ္ေနရာေတြကို သြားတိုက္ေနတဲ့အခ်ိန္ေပါ့။ အဲ့အခ်ိန္မွာ က်န္ခဲ့တဲ့တိုက္ေလယာဥ္ဆိုလို႔ သူတစ္စီးတည္း ……

အေမရိကန္သေဘၤာဟာ အကာကြယ္မဲ့ေနျပီ သူမွမကာကြယ္ရင္ သူတို႔တစ္အုပ္စုလံုး ဒုကၡေရာက္ရမယ့္အေျခအေနျဖစ္ေနျပီ။ ဒါေႀကာင့္ သူက သူ႔တိုက္ေလယာဥ္ကို စက္ကုန္ဖြင့္ျပီး ဂ်ပန္တိုက္ေလယာဥ္အုပ္စုထဲထိုးဝင္ကာ တိုက္ခိုက္ေတာ့တယ္။

အိုဟဲယားဟာ ပါသမ်ွက်ည္ဆံကုန္တဲ့အထိတရစပ္ ပစ္ခတ္ခဲ့တယ္။ ဒါ့အျပင္ ဂ်ပန္ေလယာဥ္ေတြ ခရီးမတြက္ေအာင္ အေရွ႕ကေန အတက္အဆင္း အေကြ႔ေကာက္မ်ိဳးစံုနဲ႔ပ်ံသန္းျပီး ဟန္႔တားခဲ့တယ္။ ေနာက္ဆံုးမွာ ဂ်ပန္တိုက္ေလယာဥ္အုပ္စုဟာ လမ္းေႀကာင္းေျပာင္းျပီး ထြက္ခြာသြားေပမယ့္ အိုဟဲယားရဲ႕ေလယာဥ္ကေတာ့ ဆိုးဆိုးရြားရြား ပစ္ခံထိထားခဲ့တယ္။

သူ႔ေလယာဥ္တင္သေဘၤာဆီကိုေတာ့ အေရာက္ျပန္ႏိုင္ခဲ့ပါတယ္ ဒီအျဖစ္အပ်က္အားလံုးကို ဘတ္ခ်္အိုဟဲယားရဲ႕ ေလယာဥ္မွာတပ္ဆင္ထားတဲ့ကင္မရာကေန အားလံုးရိုက္ကူးထားေတာ့ အေမရိကန္ေလယာဥ္တင္သေဘၤာတစ္အုပ္စုလံုးကို ခက္ခက္ခဲခဲ အသက္စြန္႔ ကယ္တင္ခဲ့တာကို ေနာက္ပိုင္းမွာ တီဗီဖန္သားျပင္ေပၚမွာေပၚလာေတာ့ လူအမ်ားႀကည့္ခြင့္ရခဲ့ႀကတယ္။

အဲဒီလုပ္ေဆာင္မွုေႀကာင့္ ဘတ္ခ်္အိုဟဲယားကို တပ္မေတာ္ရဲ႕အျမင့္ဆံုးဘြဲ႔တံဆိပ္ခ်ီးျမွင့္ျပီး သူရဲေကာင္းတစ္ဦးအျဖစ္ သတ္မွတ္ဂုဏ္ျပဳခဲ့ႀကတယ္။ ဒါ့အျပင္ သူ႔ကိုဂုဏ္ျပဳတဲ့အေနနဲ႔ အေမရိကန္ႏိုင္ငံ ခ်ီကာကိုျမိဳ႕ရဲ႕ ေလဆိပ္တစ္ခုကို အိုဟဲယား(O’Hare) ေလဆိပ္ လို႔ အမည္ေပးေခၚေဝၚခဲ့ႀကတယ္။

အေမရိကန္ႏိုင္ငံ ခ်ီကာဂိုျမိဳ႕မွာ O’Hare International Airport ဟာ ဘတ္ခ်္အိုဟဲယားရဲ႕ သူရဲေကာင္းအထိမ္းအမွတ္တစ္ခုအေနနဲ႔ ယေန႕တိုင္ ဆက္လက္တည္ရွိေနပါေသးတယ္။

Via : သိစရာ မွတ္စရာ အျဖာျဖာ

———-

ရန်သူလေယာဉ်အုပ်စု ကိုတစ်ယောက်တည်းဟန့်တားသူ (သို့) ဘတ်ခ်ျအိုဟဲယား (unicode)

ဒုတိယကမ႓ာစစ်ဖြစ်ပွားနေချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ထင်ပေါ်ကျော်ကြာလာတဲ့သူတွေ အများကြီးရှိပါတယ်။ အဲ့အထဲမှာ ဘတ်ခ်ျအိုဟဲယားလည်း ပါဝင်ပါတယ်။ အိုဟဲယားဟာ တိုက်လေယာဉ်မှူးတစ်ဦးဖြစ်ပါတယ် ပစိဖိတ်ဒေသမှာ တာဝန်ကျနေတဲ့ အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုနဲ့အတူ တိုက်ပွဲဝင်ဖို့ တာဝန်ပေးခံရတဲ့လေယာဉ်မှူးတစ်ဦးဖြစ်ပါတယ်။

တစ်နေ့ သူတို့လေယာဉ်အုပ်စုဟာ နေရာတစ်ခုကိုသွားရောက်တိုက်ခိုက်ဖို့ တာဝန်ပေးခြင်းခံရတယ်။ အမိန့်အတိုင်းသတ်မှတ်နေရာကိုပျံသန်းနေစဉ်မှာ လေယာဉ်ဆီလျော့နည်းလာကြောင်း အချက်ပြမီးကလေးပေါ်လာတာကို သူသတိထားမိသွားတယ်။ ဒါနဲ့ဆီတိုင်ကီကိုကြည့်တော့ သတ်မှတ်ထားတဲ့နေရာကိုသွားဖို့ ဆီမလောက်တော့ဘူးဆိုတာ သူသိသွားတယ်။ ဒါကြောင့် သူတို့လေယာဉ်တင်သင်္ဘောဆီကို ပြန်လှည့်ပျံသန်းခဲ့တယ်။ သင်္ဘောပေါ်ရောက်တဲ့အခါ ခေါင်းဆောင်ဖြစ်သူက အဖွဲ့လိုက်ပျံသန်းတိုက်ခိုက်တဲ့လေယာဉ်အုပ်စုကနေ အိုဟဲယားကို ထုတ်ပစ်လိုက်တယ်။ ဒါနဲ့သူလည်း လေယာဉ်တင်သင်္ဘောဆီကိုပဲ ပြန်ခဲ့ရတယ်။

တစ်နေ့တော့ ဂျပန်ဇီးရိုးလို့ အမည်ရတဲ့ ဂျပန်လေယာဉ်အုပ်စုကြီးက သူတို့လေယာဉ်တင်သင်္ဘောဆီကို ဦးတည်ပျံသန်းလာတာကို သူတွေ့လိုက်ရတယ်။ အဲ့အချိန်မှာ တခြားတိုက်လေယာဉ်တွေက သတ်မှတ်နေရာတွေကို သွားတိုက်နေတဲ့အချိန်ပေါ့။ အဲ့အချိန်မှာ ကျန်ခဲ့တဲ့တိုက်လေယာဉ်ဆိုလို့ သူတစ်စီးတည်း …… အမေရိကန်သင်္ဘောဟာ အကာကွယ်မဲ့နေပြီ သူမှမကာကွယ်ရင် သူတို့တစ်အုပ်စုလုံး ဒုက္ခရောက်ရမယ့်အခြေအနေဖြစ်နေပြီ။ ဒါကြောင့် သူက သူ့တိုက်လေယာဉ်ကို စက်ကုန်ဖွင့်ပြီး ဂျပန်တိုက်လေယာဉ်အုပ်စုထဲထိုးဝင်ကာ တိုက်ခိုက်တော့တယ်။

အိုဟဲယားဟာ ပါသမျှကျည်ဆံကုန်တဲ့အထိတရစပ် ပစ်ခတ်ခဲ့တယ်။ ဒါ့အပြင် ဂျပန်လေယာဉ်တွေ ခရီးမတွက်အောင် အရှေ့ကနေ အတက်အဆင်း အကွေ့ကောက်မျိုးစုံနဲ့ပျံသန်းပြီး ဟန့်တားခဲ့တယ်။ နောက်ဆုံးမှာ ဂျပန်တိုက်လေယာဉ်အုပ်စုဟာ လမ်းကြောင်းပြောင်းပြီး ထွက်ခွာသွားပေမယ့် အိုဟဲယားရဲ့လေယာဉ်ကတော့ ဆိုးဆိုးရွားရွား ပစ်ခံထိထားခဲ့တယ်။ သူ့လေယာဉ်တင်သင်္ဘောဆီကိုတော့ အရောက်ပြန်နိုင်ခဲ့ပါတယ် ဒီအဖြစ်အပျက်အားလုံးကို ဘတ်ခ်ျအိုဟဲယားရဲ့ လေယာဉ်မှာတပ်ဆင်ထားတဲ့ကင်မရာကနေ အားလုံးရိုက်ကူးထားတော့ အမေရိကန်လေယာဉ်တင်သင်္ဘောတစ်အုပ်စုလုံးကို ခက်ခက်ခဲခဲ အသက်စွန့် ကယ်တင်ခဲ့တာကို နောက်ပိုင်းမှာ တီဗီဖန်သားပြင်ပေါ်မှာပေါ်လာတော့ လူအများကြည့်ခွင့်ရခဲ့ကြတယ်။

အဲဒီလုပ်ဆောင်မှုကြောင့် ဘတ်ခ်ျအိုဟဲယားကို တပ်မတော်ရဲ့အမြင့်ဆုံးဘွဲ့တံဆိပ်ချီးမြှင့်ပြီး သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့ကြတယ်။ ဒါ့အပြင် သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်နိုင်ငံ ချီကာကိုမြို့ရဲ့ လေဆိပ်တစ်ခုကို အိုဟဲယား(O’Hare) လေဆိပ် လို့ အမည်ပေးခေါ်ဝေါ်ခဲ့ကြတယ်။ အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ O’Hare International Airport ဟာ ဘတ်ခ်ျအိုဟဲယားရဲ့ သူရဲကောင်းအထိမ်းအမှတ်တစ်ခုအနေနဲ့ ယနေ့တိုင် ဆက်လက်တည်ရှိနေပါသေးတယ်။

Via : သိစရာ မှတ်စရာ အဖြာဖြာ

Leave a Reply