မိဘေက်းဇူး အေက်ဆပ္နည္း

Posted on

Written By ေမတၱာစမ္းေရ

ဤကမၻာေလာကတြင္မိဘေက်းဇူးကိုအထူးသိ၊ အထူးဆပ္လိုတဲ႔သူေတာ္ေကာင္းတိုင္းအတြက္ အတုယူအားက်စရာ ပုဂၢိဳလ္ထူးပုဂၢိဳလ္ျမတ္ကေတာ့ ျမတ္စြာဘုရားရွင္ဘဲျဖစ္ပါတယ္။

ျမတ္စြာဘုရားရွင္က ဘ၀တစ္ပါးေျပာင္းသြားျပီျဖစ္တဲ႔ မယ္ေတာ္ (သႏၱဳႆိတနတ္သား) ကို ဘ၀သံသရာ ၀ဋ္ဒုကၡက လြတ္ေျမာက္ေအာင္ကယ္တင္ေတာ္မူျပီး၊ မယ္ေတာ္နတ္ရြာစံျပီး မိမိကိုႏို႔ခ်ဴိတိုက္ေကြ်းခဲ့တဲ့ မိေထြးေတာ္ မဟာပဇာပတိေဂါတမီေထရီမၾကီးကုိလည္း ရဟႏၱာျဖစ္တဲ႔အထိ “ဓမၼႏို႔ရည္”တိုက္ေကြ်းျခင္းျဖင္႔ မိခင္ေက်းဇူးကို“ႏို႔ႏွစ္လံုးဖိုးေက်ေအာင္”ဆပ္ႏိုင္ခ႔ဲပါတယ္။
.
ခမည္းေတာ္သုေဒၶါဒနမင္းၾကီးကိုလည္းလူ၀တ္ေၾကာင္ဘ၀နဲ႔ ရဟႏၱာျဖစ္ျပီးကြ်တ္တမ္း၀င္ေအာင္လမ္းညြန္ေပးျပီး ဖခင္ေက်းဇူးကိုလည္း“လက္ရံုးႏွစ္ဖက္ဖိုးလံုးေက်ေအာင္” ဆပ္ခဲ႔ပါတယ္။
.
ျမတ္စြာဘုရားရွင္က“ခ်စ္သား၊ ခ်စ္သမီးတို႔..၊ ေမြးမိခင္ႏွင္႔ေမြးဖခင္တို႔ ေက်းဇူးကိုအလြယ္တကူ ဆပ္ရံုနဲ႔႔ မေက်ႏိုင္ဘူး၊ ေက်ေအာင္ ဆပ္ဖို႔မလြယ္ဘူးလို႔ငါဘုရားေျပာခ်င္ပါတယ္။
“ခ်စ္သား၊ ခ်စ္သမီးတို႔၊ အႏွစ္တရာသက္တမ္းမွာ အႏွစ္တရာအသက္ရွည္တဲ႔သားသမီးက
” အေမကိုလက္ယာပခံုးတင္၊ အေဖကိုလက္၀ဲ ပခံုးတင္ျပီးအမ်ဳိးမ်ိဳးျပဳစုလုပ္ေကြ်းျပီး ပခံုးထက္မွာဘဲ က်င္ၾကီးက်င္ငယ္စြန္႔ေစျပီး ရာသက္ပန္ျပဳစု လုပ္ေကြ်းေသာ္လည္း မိဘေက်းဇူးကို အေက်ဆပ္ျပီးသားမျဖစ္ေသးပါဘူး”၊
.
“ခ်စ္သား၊ ခ်စ္သမီးတို႔..၊ စကား ကုန္ေျပာရရင္ မိဘ ႏွစ္ပါးကို ႏွစ္သက္ဖြယ္ရာရတနာေတြအမ်ားၾကီး ရိွတဲ႔ တေလာကလံုးကိုိ စိုးမိုး အုပ္ခ်ဳပ္အၾကီးအကဲ လုပ္ႏိုင္တဲ႔ စၾက၀ေတးမင္းရာထူးမွာထားျပီး ေက်းဇူးဆပ္ေသာ္လည္း ေက်ေအာင္ဆပ္ႏိုင္မည္ မဟုတ္ပါ “ခ်စ္သား၊ ခ်စ္သမီးတို႔…
.
ဒီေလာက္ေက်းဇူးဆပ္ရက္သားနဲ႔ ဘာလို႔ေက်းဇူးမေက်ႏိုင္ တာလဲ ဆိုရင္ မိဘေတြဟာသား သမီးေတြအေပၚ သိပ္ကို ေက်းဇူးမ်ားၾကီးလို႕၊ သားသမီးေတြကိုၾကီးျပင္း
အရြယ္ေရာက္ လူလားေျမာက္ေအာင္ ဂရုတစိုက္ေစာင္႔ေရွာက္ၾကလို႔၊ ႏို႔ခ်ဳိတိုက္ေကြ်း ေမြးျမဴျပီး ေလာကၾကီးရဲ႕ အေကာင္းအဆိုးအမ်ဳိးမ်ဳိးကိုသိျမင္ေအာင္ ေသခ်ာညြန္ၾကားျပသလို႔ပဲ” ျဖစ္ပါတယ္။
.
မိဘကို ေက်းဇူးဆပ္ရာမွာေလာကနည္းနဲ႔ဆပ္ျခင္း၊ ဓမၼနည္းနဲ႔ဆပ္ျခင္း ဟူ၍ႏွစ္မ်ဳိးရိွပါသည္။
.
မိဘအတြက္စား၀တ္ေန ေရးက်န္းမာေရးအတြက္ ကိုယ္တတ္စြမ္းသမွ် ရုပ္၀တၳဳပစၥည္းေတြနဲ႔ ေက်းဇူး ဆပ္တာကို ေလာက နည္းနဲ႔ေက်းဇူးဆပ္ျခင္းလို႔ေခၚပါတယ္။
.
ေလာကနည္းနဲ႔ေက်းဇူးဆပ္လို႔ မေက်ႏိုင္ေပမယ္႔ မိဘသက္ရိွ ထင္ရွားရိွစဥ္ေန႔စဥ္၊ လစဥ္အရိိပ္တၾကည္႔ၾကည္႔နဲ႕ျပဳ စုေစာင္႔ေရွာက္ သင္႔ပါတယ္။
.
မိဘေသခါမွ “ေက်းဇူးမဆပ္လိုက္ရေလျခင္း” ဟု အက်ဳိး မရိွေအာ္ငိုေနျခင္းျဖင္႔ ေနာင္ မွေနာင္တ ရမေနသင္႔ပါ။ စိတ္ထား မတတ္တဲ႔မိဘ ကိုစိတ္ထားတတ္ေအာင္၊
ကုသိုလ္နည္း ပါးတဲ႔မိဘကို ကုသိုလ္တိုးပြားေအာင္ ကူညီပံ႔ပိုးေပးတာကို ဓမၼနည္းနဲ႔ေက်းဇူးဆပ္တယ္လို႔ေခၚပါတယ္။
.
★ သဒါၶတရားမရိွ တဲ႔မိဘ ကိုသဒၶါတရားနဲ႔ျပည္႔စံုေအာင္၊
★ နတ္ေတြ၊ ဘိုးေတာ္ေတြအထင္ၾကီး ကိုးကြယ္ေနတဲ႔ မိဘေတြကိုဘုရား၊တရား၊ သံဃာရတနာသံုးပါးသာ ကိုးကြယ္ရာ အစစ္ျဖစ္ေၾကာင္း၊ ေသရင္ျပီးျပီလို႔ယူဆေနတဲ႔
မိဘ ကိုေသရင္မျပီးေသးဘဲ ကိုယ္ျပဳ တဲ႔ေကာင္းကံ၊ မေကာင္းကံ အားေလ်ာ္စြာဘ၀သစ္ ထပ္ျဖစ္ရအံုးမယ္ျဖစ္ေၾကာင္း၊
★ ကံကိုမယံုတဲ႔မိဘကိုယံုၾကည္ေအာင္၊
★ သီလ မရိွတဲ႔မိဘကို သီလနဲ႔ျပည္႔စံုေအာင္၊
★ ႏွေျမာ တြန္႔တိုတဲ႔မိဘကို အလွဴ ဒါနနဲ႔ျပည္႔စံုေအာင္၊
★ စိတ္ထား မမွန္တဲ႔မိဘကိုစိတ္ထားမွန္ေအာင္၊
★ ၀ိပႆနာ အလုပ္အားမထုတ္ခ်င္တဲ႔မိဘကို ပစၥဳန္စိတ္ေအးခ်မ္းဖို႔ အတြက္ ေရာ၊
★ သံသရာ ဘ၀လြတ္ေျမာက္ဖို႔ အတြက္ပါ ၀ိပႆနာဟာမလုပ္မျဖစ္ အေရးၾကီးေၾကာင္းအိမ္မွာ တရားအားထုတ္ျဖစ္ေအာင္၊
★ လိုအပ္ရင္ ရိပ္သာသြားျပီး တရားအားထုတ္ျဖစ္ေအာင္ အစြမ္းကုန္ကူညီေဆာင္ရြက္ေပး ရမည္ျဖစ္ပါသည္။
ကိုယ္ရဲ႕စြမ္းေဆာင္ မႈေၾကာင္႔ မိဘမွာတစ္မဂ္တစ္ဖိုလ္ ကြ်တ္တန္း၀င္ခြင္႔ရရင္ မိဘေက်းဇူး အၾကြင္းမဲ႕ေက်သြားျပီျဖစ္ပါတယ္။
.
ကိုယ္ကိုယ္ တိုင္မဂ္ဖိုလ္နိဗၺာန္ ရေအာင္စြမ္းေဆာင္ႏိုင္ရင္လဲ မိဘေက်းဇူးအၾကြင္းမဲ႔ေက်ပါတယ္။
.
နိဗၺာန္ကိုထာ၀ရစံ၀င္သြားၾကတဲ႔ ရဟႏၱာေယာက်္ား၊ ရဟႏၱာမိန္းမေတြအားလံုး မိဘအေပၚမွာေရာ၊ တျခားပုဂၢိဳလ္ေတြအေပၚမွာေရာ ဘာေက်းဇူး၊ ဘာအကုသိုလ္ေၾကြးမွ မက်န္ေတာ႔ပါ။
.
ထို႔ေၾကာင့္ျမတ္စြာဘုရားရွင္က“ခ်စ္သား၊ ခ်စ္သမီးတို႔… မိဘေက်းဇူး အေက်ဆပ္ႏိုင္တဲ႔ နည္းလမ္းေတြကို ငါဘုရားညြန္ျပပါမည္၊
.
♕ သဒၶါတရားမရိွတဲ႔မိဘကို သဒၶါတရားနဲ႔ျပည္႔စံုေအာင္၊
♕ သီလမရွိတဲ႔မိဘ ကိုသီလလုံနဲ႔ျပည္႔ စံုေအာင္၊
♕ မေပးရက္မလွဴ ရက္ႏွေျမာ ၀န္တိုတဲ႔မိဘကို
စြန္႔ၾကဲေပးကမ္း လွဴ ဒါန္းျခင္းနဲ႔ျပည္႔စံုေအာင္၊
♕ ပညာဥာဏ္ မရိွတဲ႔မိဘကိုပညာ ဥာဏ္နဲ႔ျပည္႔စံုေအာင္ ေကာင္းစြာနာယူ ေဆာက္တည္ေစမယ္၊ ေလးေလးနက္ နက္သက္၀င္ေစမယ္၊ ခိုင္ခိုင္ခံ႔ခံ႔တည္တံ႔ျမဲျမံေစ မယ္ဆိုရင္ မိဘ ေက်းဇူးကိုတံု႔ျပန္ျပီးသား၊ အေက်ဆပ္ျပီးသား ျဖစ္သြားပါ တယ္လို႕ ေဟာၾကားေတာ္မူခဲ႔ပါသည္။
.
ကြ်န္ေတာ္တို႕သည္မိဘေက်းဇူး ေက်တာမေက်တာကို အဓိက မထားဘဲေလာကနည္းနဲ႔ေရာ၊ ဓမၼနည္းနဲ႔ေရာ မိဘကိုအျမဲ ေက်းဇူးဆပ္ေနဖို႔အေရးၾကီးပါတယ္။
.
မိဘေက်းဇူးသိတတ္ေသာ သားသမီးမ်ားသည္ အိုေတာင္ မဆင္းရဲဘဲ ကံေကာင္းျခင္းလက္ေဆာင္ေတြ မိမိထံေမွာက္သို႔ အလံုးအရင္းနဲ႔၀င္ေရာက္လာျပီး ဘ၀ကို ေပ်ာ္ရြင္ခ်မ္းေျမ႕စြာျဖတ္ သန္းႏိုင္မည္ျဖစ္ ပါသည္။
.
ဓမၼမိတ္ေဆြသူေတာ္ေကာင္း အေပါင္းတို႕ မိဘေက်းဇူးကို သိျပီး မိဘသက္ရိွထင္ရွားရိွစဥ္ မိဘေက်းဇူးကိုဆပ္ႏိုင္ေသာသားေကာင္း သမီးေကာင္းေလးမ်ားျဖစ္ၾကပါေစ။
.
ေမတၱာစမ္းေရ

—————-

မိဘကျေးဇူး အကျေဆပ်နည်း (unicode)

Written By မေတ္တာစမ်းရေ

ဤကမ္ဘာလောကတွင်မိဘကျေးဇူးကိုအထူးသိ၊ အထူးဆပ်လိုတဲ့သူတော်ကောင်းတိုင်းအတွက် အတုယူအားကျစရာ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ကတော့ မြတ်စွာဘုရားရှင်ဘဲဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်က ဘဝတစ်ပါးပြောင်းသွားပြီဖြစ်တဲ့ မယ်တော် (သန္တုဿိတနတ်သား) ကို ဘဝသံသရာ ဝဋ်ဒုက္ခက လွတ်မြောက်အောင်ကယ်တင်တော်မူပြီး၊ မယ်တော်နတ်ရွာစံပြီး မိမိကိုနို့ချိူတိုက်ကျွေးခဲ့တဲ့ မိထွေးတော် မဟာပဇာပတိဂေါတမီထေရီမကြီးကိုလည်း ရဟန္တာဖြစ်တဲ့အထိ “ဓမ္မနို့ရည်”တိုက်ကျွေးခြင်းဖြင့် မိခင်ကျေးဇူးကို“နို့နှစ်လုံးဖိုးကျေအောင်”ဆပ်နိုင်ခဲ့ပါတယ်။
.
ခမည်းတော်သုဒ္ဓေါဒနမင်းကြီးကိုလည်းလူဝတ်ကြောင်ဘဝနဲ့ ရဟန္တာဖြစ်ပြီးကျွတ်တမ်းဝင်အောင်လမ်းညွန်ပေးပြီး ဖခင်ကျေးဇူးကိုလည်း“လက်ရုံးနှစ်ဖက်ဖိုးလုံးကျေအောင်” ဆပ်ခဲ့ပါတယ်။
.
မြတ်စွာဘုရားရှင်က“ချစ်သား၊ ချစ်သမီးတို့..၊ မွေးမိခင်နှင့်မွေးဖခင်တို့ ကျေးဇူးကိုအလွယ်တကူ ဆပ်ရုံနဲ့ မကျေနိုင်ဘူး၊ ကျေအောင် ဆပ်ဖို့မလွယ်ဘူးလို့ငါဘုရားပြောချင်ပါတယ်။
“ချစ်သား၊ ချစ်သမီးတို့၊ အနှစ်တရာသက်တမ်းမှာ အနှစ်တရာအသက်ရှည်တဲ့သားသမီးက
” အမေကိုလက်ယာပခုံးတင်၊ အဖေကိုလက်ဝဲ ပခုံးတင်ပြီးအမျိုးမျိုးပြုစုလုပ်ကျွေးပြီး ပခုံးထက်မှာဘဲ ကျင်ကြီးကျင်ငယ်စွန့်စေပြီး ရာသက်ပန်ပြုစု လုပ်ကျွေးသော်လည်း မိဘကျေးဇူးကို အကျေဆပ်ပြီးသားမဖြစ်သေးပါဘူး”၊
.
“ချစ်သား၊ ချစ်သမီးတို့..၊ စကား ကုန်ပြောရရင် မိဘ နှစ်ပါးကို နှစ်သက်ဖွယ်ရာရတနာတွေအများကြီး ရှိတဲ့ တလောကလုံးကို စိုးမိုး အုပ်ချုပ်အကြီးအကဲ လုပ်နိုင်တဲ့ စကြ၀တေးမင်းရာထူးမှာထားပြီး ကျေးဇူးဆပ်သော်လည်း ကျေအောင်ဆပ်နိုင်မည် မဟုတ်ပါ “ချစ်သား၊ ချစ်သမီးတို့…
.
ဒီလောက်ကျေးဇူးဆပ်ရက်သားနဲ့ ဘာလို့ကျေးဇူးမကျေနိုင် တာလဲ ဆိုရင် မိဘတွေဟာသား သမီးတွေအပေါ် သိပ်ကို ကျေးဇူးများကြီးလို့၊ သားသမီးတွေကိုကြီးပြင်း
အရွယ်ရောက် လူလားမြောက်အောင် ဂရုတစိုက်စောင့်ရှောက်ကြလို့၊ နို့ချိုတိုက်ကျွေး မွေးမြူပြီး လောကကြီးရဲ့ အကောင်းအဆိုးအမျိုးမျိုးကိုသိမြင်အောင် သေချာညွန်ကြားပြသလို့ပဲ” ဖြစ်ပါတယ်။
.
မိဘကို ကျေးဇူးဆပ်ရာမှာလောကနည်းနဲ့ဆပ်ခြင်း၊ ဓမ္မနည်းနဲ့ဆပ်ခြင်း ဟူ၍နှစ်မျိုးရှိပါသည်။
.
မိဘအတွက်စားဝတ်နေ ရေးကျန်းမာရေးအတွက် ကိုယ်တတ်စွမ်းသမျှ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ကျေးဇူး ဆပ်တာကို လောက နည်းနဲ့ကျေးဇူးဆပ်ခြင်းလို့ခေါ်ပါတယ်။
.
လောကနည်းနဲ့ကျေးဇူးဆပ်လို့ မကျေနိုင်ပေမယ့် မိဘသက်ရှိ ထင်ရှားရှိစဉ်နေ့စဉ်၊ လစဉ်အရိပ်တကြည့်ကြည့်နဲ့ပြု စုစောင့်ရှောက် သင့်ပါတယ်။
.
မိဘသေခါမှ “ကျေးဇူးမဆပ်လိုက်ရလေခြင်း” ဟု အကျိုး မရှိအော်ငိုနေခြင်းဖြင့် နောင် မှနောင်တ ရမနေသင့်ပါ။ စိတ်ထား မတတ်တဲ့မိဘ ကိုစိတ်ထားတတ်အောင်၊
ကုသိုလ်နည်း ပါးတဲ့မိဘကို ကုသိုလ်တိုးပွားအောင် ကူညီပံ့ပိုးပေးတာကို ဓမ္မနည်းနဲ့ကျေးဇူးဆပ်တယ်လို့ခေါ်ပါတယ်။
.
★ သဒ္ဓါတရားမရှိ တဲ့မိဘ ကိုသဒ္ဓါတရားနဲ့ပြည့်စုံအောင်၊
★ နတ်တွေ၊ ဘိုးတော်တွေအထင်ကြီး ကိုးကွယ်နေတဲ့ မိဘတွေကိုဘုရား၊တရား၊ သံဃာရတနာသုံးပါးသာ ကိုးကွယ်ရာ အစစ်ဖြစ်ကြောင်း၊ သေရင်ပြီးပြီလို့ယူဆနေတဲ့
မိဘ ကိုသေရင်မပြီးသေးဘဲ ကိုယ်ပြု တဲ့ကောင်းကံ၊ မကောင်းကံ အားလျော်စွာဘဝသစ် ထပ်ဖြစ်ရအုံးမယ်ဖြစ်ကြောင်း၊
★ ကံကိုမယုံတဲ့မိဘကိုယုံကြည်အောင်၊
★ သီလ မရှိတဲ့မိဘကို သီလနဲ့ပြည့်စုံအောင်၊
★ နှမြော တွန့်တိုတဲ့မိဘကို အလှူ ဒါနနဲ့ပြည့်စုံအောင်၊
★ စိတ်ထား မမှန်တဲ့မိဘကိုစိတ်ထားမှန်အောင်၊
★ ဝိပဿနာ အလုပ်အားမထုတ်ချင်တဲ့မိဘကို ပစ္စုန်စိတ်အေးချမ်းဖို့ အတွက် ရော၊
★ သံသရာ ဘဝလွတ်မြောက်ဖို့ အတွက်ပါ ဝိပဿနာဟာမလုပ်မဖြစ် အရေးကြီးကြောင်းအိမ်မှာ တရားအားထုတ်ဖြစ်အောင်၊
★ လိုအပ်ရင် ရိပ်သာသွားပြီး တရားအားထုတ်ဖြစ်အောင် အစွမ်းကုန်ကူညီဆောင်ရွက်ပေး ရမည်ဖြစ်ပါသည်။
ကိုယ်ရဲ့စွမ်းဆောင် မှုကြောင့် မိဘမှာတစ်မဂ်တစ်ဖိုလ် ကျွတ်တန်းဝင်ခွင့်ရရင် မိဘကျေးဇူး အကြွင်းမဲ့ကျေသွားပြီဖြစ်ပါတယ်။
.
ကိုယ်ကိုယ် တိုင်မဂ်ဖိုလ်နိဗ္ဗာန် ရအောင်စွမ်းဆောင်နိုင်ရင်လဲ မိဘကျေးဇူးအကြွင်းမဲ့ကျေပါတယ်။
.
နိဗ္ဗာန်ကိုထာဝရစံဝင်သွားကြတဲ့ ရဟန္တာယောက်ျား၊ ရဟန္တာမိန်းမတွေအားလုံး မိဘအပေါ်မှာရော၊ တခြားပုဂ္ဂိုလ်တွေအပေါ်မှာရော ဘာကျေးဇူး၊ ဘာအကုသိုလ်ကြွေးမှ မကျန်တော့ပါ။
.
ထို့ကြောင့်မြတ်စွာဘုရားရှင်က“ချစ်သား၊ ချစ်သမီးတို့… မိဘကျေးဇူး အကျေဆပ်နိုင်တဲ့ နည်းလမ်းတွေကို ငါဘုရားညွန်ပြပါမည်၊
.
♕ သဒ္ဓါတရားမရှိတဲ့မိဘကို သဒ္ဓါတရားနဲ့ပြည့်စုံအောင်၊
♕ သီလမရှိတဲ့မိဘ ကိုသီလလုံနဲ့ပြည့် စုံအောင်၊
♕ မပေးရက်မလှူ ရက်နှမြော ဝန်တိုတဲ့မိဘကို
စွန့်ကြဲပေးကမ်း လှူ ဒါန်းခြင်းနဲ့ပြည့်စုံအောင်၊
♕ ပညာဥာဏ် မရှိတဲ့မိဘကိုပညာ ဥာဏ်နဲ့ပြည့်စုံအောင် ကောင်းစွာနာယူ ဆောက်တည်စေမယ်၊ လေးလေးနက် နက်သက်ဝင်စေမယ်၊ ခိုင်ခိုင်ခံ့ခံ့တည်တံ့မြဲမြံစေ မယ်ဆိုရင် မိဘ ကျေးဇူးကိုတုံ့ပြန်ပြီးသား၊ အကျေဆပ်ပြီးသား ဖြစ်သွားပါ တယ်လို့ ဟောကြားတော်မူခဲ့ပါသည်။
.
ကျွန်တော်တို့သည်မိဘကျေးဇူး ကျေတာမကျေတာကို အဓိက မထားဘဲလောကနည်းနဲ့ရော၊ ဓမ္မနည်းနဲ့ရော မိဘကိုအမြဲ ကျေးဇူးဆပ်နေဖို့အရေးကြီးပါတယ်။
.
မိဘကျေးဇူးသိတတ်သော သားသမီးများသည် အိုတောင် မဆင်းရဲဘဲ ကံကောင်းခြင်းလက်ဆောင်တွေ မိမိထံမှောက်သို့ အလုံးအရင်းနဲ့ဝင်ရောက်လာပြီး ဘဝကို ပျော်ရွင်ချမ်းမြေ့စွာဖြတ် သန်းနိုင်မည်ဖြစ် ပါသည်။
.
ဓမ္မမိတ်ဆွေသူတော်ကောင်း အပေါင်းတို့ မိဘကျေးဇူးကို သိပြီး မိဘသက်ရှိထင်ရှားရှိစဉ် မိဘကျေးဇူးကိုဆပ်နိုင်သောသားကောင်း သမီးကောင်းလေးများဖြစ်ကြပါစေ။
.
မေတ္တာစမ်းရေ

 

Leave a Reply