မင္းကြန္းဆရာေတာ္ႀကီး မိခင္ႀကီးကို ဘယ္လုိဂရုစုိက္ခဲ့သလဲ

Posted on

ဆရာေတာ္သည္ အနယ္နယ္ အရပ္ရပ္သို႔ လွည့္လည္ တရားေဟာစဥ္ တရားနာပရိသတ္ထဲ၌ မိမိ၏မိခင္ႀကီး ေဒၚဆင္ႏွင့္ သက္တူ႐ြယ္တူ အမ်ိဳးသမီးမ်ား ပါ၍ သူတို႔ ဝတ္ထားေသာ အဝတ္အစားကလည္း မိခင္ႀကီးႏွင့္ လိုက္ဖက္မည္ ထင္လွ်င္ `သည္အဝတ္အစားနာမည္ ဘယ္လိုေခၚေၾကာင္း၊ ဘယ္ေနရာတြင္ ဝယ္၍ ရႏိုင္ေၾကာင္း´ စသည္ကို အျခားသူမ်ား မသိေစဘဲ မိမိတပည့္မ်ားကို ထိုအမ်ိဳးသမီးမ်ားထံ တိုးတိုးတိတ္တိတ္ သြားေရာက္ ေမးျမန္းေစသည္။ ထို႔ေနာက္ ေက်ာင္းျပန္ေရာက္သည့္အခါ တပည့္မ်ားကို ထိုအဝတ္အထည္မ်ိဳး အဝယ္ခိုင္းၿပီး မိခင္ႀကီးအား ေပးေတာ္မူသည္။ မိခင္ႀကီးႏွစ္သက္သည့္ အစားအစာ စသည္ကိုလည္း ဂ႐ုတစိုက္ ေပးကာ ေကၽြးကာ၊ ေနစရာ ေနအိမ္ ေဆာက္လုပ္ေပးကာ၊ သင့္ေတာ္မည့္တရားမ်ားလည္း ေဟာၾကား ျပသေပးကာျဖင့္ အေလာင္းေတာ္ျမတ္ ေဗာဓိသတ္ပမာ မာတုေပါသကလုပ္ငန္းကို ဝမ္းေျမာက္စြာ ေဆာင္႐ြက္ေတာ္မူေလသည္။

မိခင္ႀကီးကို ျပဳစုလုပ္ေကၽြးပံုႏွင့္ ပတ္သက္၍ ဆရာေတာ္ဘုရား၏ မိန္႔ၾကားခ်က္တစ္ခုမွာ –
`ဘုန္းႀကီးမ်ား ရဟန္း ၄-ဝါေလာက္အရ သက်သီဟ စာသင္တန္း စာခ်တန္း ေအာင္တဲ့ႏွစ္မွာ မွတ္မွတ္ရရ မႏၲေလး မင္းႀကီးတိုက္ သီရိေဝပုလႅဆရာေတာ္ (ဦးဇာဂရ)က `မင္း ကံေကာင္းလို႔ ေမြးသမိခင္ကို ျပဳစု ေစာင့္ေရွာက္ခြင့္ ရတယ္၊ ႀကိဳးစားၿပီး ျပဳစုကြယ္´လို႔ ဆံုးမတယ္။
ဆံုးမတဲ့အခ်ိန္က စၿပီးေတာ့ ေမြးသမိခင္ကို ျပဳစုခဲ့တာ … ျဖဴတာကို မည္းတယ္လို႔ သူက ေျပာလဲပဲ ဆန္႔က်င္ဘက္ မေျပာခဲ့ဘူး၊ ရယ္ၿပီးေတာ့ ေနခဲ့တယ္၊ မည္းတာကို ျဖဴတယ္လို႔ ေျပာရင္လဲပဲ သူ႔ကို ဆန္႔က်င္ဘက္ မေျပာဘူး၊ ရယ္ၿပီးေတာ့ ေနခဲ့တယ္။
ၿပီးေတာ့ ဘုန္းႀကီးမ်ားရဲ႕ မိခင္က အင္မတန္ ေလာဘ နည္းတယ္။ သူ႔ကို ဘုန္းႀကီးမ်ားက တစ္လ တစ္ဆယ္ေလာက္ ေထာက္ရင္ သူ ျပံဳးျပံဳး ျပံဳးျပံဳးနဲ႔ သေဘာက်ေနတယ္။ တခါတေလေတာ့ အေၾကာင္းညီၫြတ္လို႔ ႏွစ္ဆယ္ေလာက္ သံုးဆယ္ေလာက္ ေထာက္လိုက္ရင္ ဘာေျပာတယ္ မွတ္လဲ?၊ `လူကို ဒျမတိုက္ခံရေအာင္ လုပ္တာလား´တဲ့။ ႏွစ္ဆယ္သံုးဆယ္ေလာက္ဆိုရင္ အင္မတန္မ်ားၿပီး ဒျမတိုက္ခံရမွာ ေၾကာက္တဲ့သေဘာက ဒီလုိ ျဖစ္ေနတယ္။ (ေရွးျဖစ္ေဟာင္း ေအာက္ေမ့ဖြယ္ဟု ဆိုရပါမည္။ ယခုေခတ္ ေငြေၾကးတန္ဖိုးႏွင့္ဆိုလွ်င္ကား တကယ့္ကို ရယ္စရာ ျဖစ္ေနေပလိမ့္မည္။)

ထို႔အတူ ဘုန္းႀကီးမ်ား ရန္ကုန္ၿမိဳ႕ လာတဲ့အခါ ဒိျပင္ ဘယ္မွ မဝင္ေပမယ္လို႔ စာေပဝါသနာပါေတာ့ စာ႐ြက္စကၠဴေရာင္းတဲ့ဆိုင္ေတာ့ ဝင္တယ္။ အဲ သိမ္ႀကီးေစ်းဘက္ အထည္ဆိုင္နားေရာက္ရင္ ၾကည့္ၿပီးေတာ့ … ေၾသာ္ ဒီအဆင္ေတာ့ ငါ့အေမနဲ႔ သင့္ေတာ္တဲ့ အဆင္ပဲ´ဆိုၿပီးေတာ့ ခါးဝတ္တစ္ထည္ အက်ႌေလးတစ္စံု ဒီလုိယူၿပီး ကပၸိၿပီးေတာ့ သူ႔ကို ေပးရင္ သူ႔စိတ္ထဲမွာ ေက်နပ္တယ္။ တခါတေလ မိမိစိတ္ထဲမွာ … ေၾသာ္ ဒီအဆင္ဟာျဖင့္ ငါ့မိခင္နဲ႔ သိပ္ေတာ္တဲ့အဆင္ပဲ ဆိုၿပီးေတာ့ ခါးဝတ္ႏွစ္ထည္ အက်ႌႏွစ္ထည္ ႏွစ္စံုယူသြားရင္ ဘာေျပာသလဲ၊ `ဒီေလာက္ မ်ားမ်ားႀကီး ဒကာမႀကီး ဘယ့္ႏွယ္လုပ္ ဝတ္ႏိုင္မွာတုန္း´ သူက ေျပာတယ္။

ဆရာေတာ္သည္ ၁၃၁၇-ခုႏွစ္ခန္႔တြင္ မိခင္ႀကီး ေဒၚဆင္အတြက္ သဲျဖဴဝ႐ြာ၌ အိမ္ႀကီးတစ္လံုး ေဆာက္ေပးရာ ၁၃၂၅-က်ပ္ ကုန္က်ခဲ့သည္။ တစ္ရပ္တစ္႐ြာတြင္ ေနထိုင္သူ ညီ-ဦးဘသင္ကိုလည္း ထိုအိမ္အတြက္ ကုသိုလ္ပါဝင္ေစလိုသည္။ (ဆရာေတာ္၏ညီ ဦးဘသင္သည္ ပဲခူးတိုင္း ကဝၿမိဳ႕နယ္ သေျပကန္႐ြာ၌ ေနထိုင္သည့္ လယ္ပိုင္ရွင္တစ္ဦး ျဖစ္သည္။) သို႔ျဖစ္၍ ညီျဖစ္သူအား ေျပာျပရာ ဦးဘသင္က အိမ္ေဆာက္သည့္အထဲ ကုသိုလ္မပါဝင္ဘဲ မိခင္ႀကီးအား ေငြ ၁၀၀-က်ပ္ သီးသန္႔ ေပးပို႔သည္။

၁၃၂၃-ခုႏွစ္ မိခင္ႀကီး ေဒၚဆင္ ကြယ္လြန္သြားခ်ိန္တြင္ ဦးဘသင္ ေရာက္လာၿပီး မိခင္ႀကီး၏ ႐ုပ္ကလာပ္ကို ၾကည့္ကာ ႐ိႈက္ႀကီးတငင္ ငိုေႂကြးေလရာ ဆရာေတာ္သည္ ညီျဖစ္သူ ဦးဘသင္အား –
`ငိုရမွာေပါ့ကြာ၊ ေအး .. မင္းက အခုမွ ေနာင္တရၿပီး ငိုေႂကြးေနတာ၊ အေမ အသက္ရွိစဥ္က မင္းဟာ အေမ့ကို ေထာက္ပံ့ရမွန္း ေကၽြးေမြးရမွန္း မသိဘူး။ မင္းရဲ႕ ပူေဆြးေသာကဟာ ေနာက္က်သြားၿပီ။ ငါကေတာ့ တစ္သက္လံုး မငိုရေအာင္ လုပ္ခဲ့တယ္။ မင္းလို ငိုေႂကြးစရာ ပူပင္ေသာကေရာက္စရာ မလိုေတာ့ဘူး။ ငါကေတာ့ မငိုပါဘူး၊ မိခင္အေပၚ လိုသည္ထက္ ပိုၿပီး ျပဳစုထားတာျဖစ္လို႔ ငါ ငိုဖို႔ မလိုဘူး။ မင္းကေတာ့ နဝကမၼ ၁၀၀ ဆိုၿပီး ပို႔တဲ့လူဆိုေတာ့ ငိုေပေတာ့ေပါ့ကြာ။ ငိုကြ ငိုကြ´ဟု က႐ုဏာေဒါေသာျဖင့္ မိန္႔ၾကားေတာ္မူသည္။ (ညီအရင္းျဖစ္၍ ဤသို႔ အားမလို အားမရ မိန္႔ၾကားျခင္း ျဖစ္သည္။ အျခားသူမ်ားကိုကား ယခုလို တစ္ႀကိမ္မွ ရင့္ရင့္သီးသီး မေျပာၾကားခဲ့ဖူးေပ။)

ဦးဘသင္ကို အေၾကာင္းျပဳၿပီး သိကၽြမ္းရသည့္ ေဒါက္တာေနလင္းဆိုသူ လူငယ္ဆရာဝန္ေလးအား မိန္႔ၾကားသည့္ ၾသဝါဒတစ္ခုမွာ –
`ကိုရင္ … မိဘကို လုပ္ေကၽြးဗ်ား၊ ဘုန္းႀကီးအသက္ ၂၄-ႏွစ္အ႐ြယ္တုန္းက ဘုန္းႀကီးအက်ိဳးလိုလားတဲ့ ဆရာေတာ္တစ္ပါးက ဆံုးမဖူးတယ္။ ဦးဇင္း မိဘကို ႐ို႐ိုေသေသ လုပ္ေကၽြး၊ မိဘက ျဖဴတယ္ဆိုရင္ ျဖဴလိုက္၊ မည္းတယ္ဆိုရင္ မည္းလိုက္၊ ကိုယ္က ဝါးလံုးလို႔ သိရက္သားနဲ႔ မိဘက ဝါးျခမ္းဆိုရင္ ျခမ္းလိုက္ဗ်ာလို႔ ၾသဝါဒေပးခဲ့တယ္။ ဘုန္းႀကီးလဲ အသက္ ၂၄-ႏွစ္ကတည္းက မယ္ေတာ္ႀကီး ကြယ္လြန္သည္အထိ ဒီအဆံုးအမအတိုင္း လိုက္နာခဲ့တယ္။ ယခုလဲ ကိုရင္ မိဘကို လုပ္ေကၽြးဗ်ာ။ ကိုရင္ အသက္ရွည္မွာပါ´ဟူ၍ ျဖစ္ေပသည္။
+++++
ဘဒၵႏၲသီလကၡႏၶာဘိဝံသ ေရးဖြဲ႕ ပူေဇာ္သည့္ မင္းကြန္းဆရာေတာ္ဘုရားႀကီး သက္ေတာ္ရာျပည့္အထိမ္းအမွတ္ (၁၂၇၃-၁၃၇၃)၊ `တိပိဋကဓရအရွင္ျမတ္မ်ား၏ ဖခင္ ကမၻာေက်ာ္ မင္းကြန္းေထရွင္´ မွ

————-
မင်းကွန်းဆရာတော်ကြီး မိခင်ကြီးကို ဘယ်လိုဂရုစိုက်ခဲ့သလဲ (unicode)

ဆရာတော်သည် အနယ်နယ် အရပ်ရပ်သို့ လှည့်လည် တရားဟောစဉ် တရားနာပရိသတ်ထဲ၌ မိမိ၏မိခင်ကြီး ဒေါ်ဆင်နှင့် သက်တူရွယ်တူ အမျိုးသမီးများ ပါ၍ သူတို့ ဝတ်ထားသော အဝတ်အစားကလည်း မိခင်ကြီးနှင့် လိုက်ဖက်မည် ထင်လျှင် `သည်အဝတ်အစားနာမည် ဘယ်လိုခေါ်ကြောင်း၊ ဘယ်နေရာတွင် ဝယ်၍ ရနိုင်ကြောင်း´ စသည်ကို အခြားသူများ မသိစေဘဲ မိမိတပည့်များကို ထိုအမျိုးသမီးများထံ တိုးတိုးတိတ်တိတ် သွားရောက် မေးမြန်းစေသည်။ ထို့နောက် ကျောင်းပြန်ရောက်သည့်အခါ တပည့်များကို ထိုအဝတ်အထည်မျိုး အဝယ်ခိုင်းပြီး မိခင်ကြီးအား ပေးတော်မူသည်။ မိခင်ကြီးနှစ်သက်သည့် အစားအစာ စသည်ကိုလည်း ဂရုတစိုက် ပေးကာ ကျွေးကာ၊ နေစရာ နေအိမ် ဆောက်လုပ်ပေးကာ၊ သင့်တော်မည့်တရားများလည်း ဟောကြား ပြသပေးကာဖြင့် အလောင်းတော်မြတ် ဗောဓိသတ်ပမာ မာတုပေါသကလုပ်ငန်းကို ဝမ်းမြောက်စွာ ဆောင်ရွက်တော်မူလေသည်။

မိခင်ကြီးကို ပြုစုလုပ်ကျွေးပုံနှင့် ပတ်သက်၍ ဆရာတော်ဘုရား၏ မိန့်ကြားချက်တစ်ခုမှာ –
`ဘုန်းကြီးများ ရဟန်း ၄-ဝါလောက်အရ သကျသီဟ စာသင်တန်း စာချတန်း အောင်တဲ့နှစ်မှာ မှတ်မှတ်ရရ မန္တလေး မင်းကြီးတိုက် သီရိဝေပုလ္လဆရာတော် (ဦးဇာဂရ)က `မင်း ကံကောင်းလို့ မွေးသမိခင်ကို ပြုစု စောင့်ရှောက်ခွင့် ရတယ်၊ ကြိုးစားပြီး ပြုစုကွယ်´လို့ ဆုံးမတယ်။
ဆုံးမတဲ့အချိန်က စပြီးတော့ မွေးသမိခင်ကို ပြုစုခဲ့တာ … ဖြူတာကို မည်းတယ်လို့ သူက ပြောလဲပဲ ဆန့်ကျင်ဘက် မပြောခဲ့ဘူး၊ ရယ်ပြီးတော့ နေခဲ့တယ်၊ မည်းတာကို ဖြူတယ်လို့ ပြောရင်လဲပဲ သူ့ကို ဆန့်ကျင်ဘက် မပြောဘူး၊ ရယ်ပြီးတော့ နေခဲ့တယ်။
ပြီးတော့ ဘုန်းကြီးများရဲ့ မိခင်က အင်မတန် လောဘ နည်းတယ်။ သူ့ကို ဘုန်းကြီးများက တစ်လ တစ်ဆယ်လောက် ထောက်ရင် သူ ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကျနေတယ်။ တခါတလေတော့ အကြောင်းညီညွတ်လို့ နှစ်ဆယ်လောက် သုံးဆယ်လောက် ထောက်လိုက်ရင် ဘာပြောတယ် မှတ်လဲ?၊ `လူကို ဒမြတိုက်ခံရအောင် လုပ်တာလား´တဲ့။ နှစ်ဆယ်သုံးဆယ်လောက်ဆိုရင် အင်မတန်များပြီး ဒမြတိုက်ခံရမှာ ကြောက်တဲ့သဘောက ဒီလို ဖြစ်နေတယ်။ (ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဟု ဆိုရပါမည်။ ယခုခေတ် ငွေကြေးတန်ဖိုးနှင့်ဆိုလျှင်ကား တကယ့်ကို ရယ်စရာ ဖြစ်နေပေလိမ့်မည်။)

ထို့အတူ ဘုန်းကြီးများ ရန်ကုန်မြို့ လာတဲ့အခါ ဒိပြင် ဘယ်မှ မဝင်ပေမယ်လို့ စာပေဝါသနာပါတော့ စာရွက်စက္ကူရောင်းတဲ့ဆိုင်တော့ ဝင်တယ်။ အဲ သိမ်ကြီးဈေးဘက် အထည်ဆိုင်နားရောက်ရင် ကြည့်ပြီးတော့ … ဪ ဒီအဆင်တော့ ငါ့အမေနဲ့ သင့်တော်တဲ့ အဆင်ပဲ´ဆိုပြီးတော့ ခါးဝတ်တစ်ထည် အင်္ကျီလေးတစ်စုံ ဒီလိုယူပြီး ကပ္ပိပြီးတော့ သူ့ကို ပေးရင် သူ့စိတ်ထဲမှာ ကျေနပ်တယ်။ တခါတလေ မိမိစိတ်ထဲမှာ … ဪ ဒီအဆင်ဟာဖြင့် ငါ့မိခင်နဲ့ သိပ်တော်တဲ့အဆင်ပဲ ဆိုပြီးတော့ ခါးဝတ်နှစ်ထည် အင်္ကျီနှစ်ထည် နှစ်စုံယူသွားရင် ဘာပြောသလဲ၊ `ဒီလောက် များများကြီး ဒကာမကြီး ဘယ့်နှယ်လုပ် ဝတ်နိုင်မှာတုန်း´ သူက ပြောတယ်။

ဆရာတော်သည် ၁၃၁၇-ခုနှစ်ခန့်တွင် မိခင်ကြီး ဒေါ်ဆင်အတွက် သဲဖြူဝရွာ၌ အိမ်ကြီးတစ်လုံး ဆောက်ပေးရာ ၁၃၂၅-ကျပ် ကုန်ကျခဲ့သည်။ တစ်ရပ်တစ်ရွာတွင် နေထိုင်သူ ညီ-ဦးဘသင်ကိုလည်း ထိုအိမ်အတွက် ကုသိုလ်ပါဝင်စေလိုသည်။ (ဆရာတော်၏ညီ ဦးဘသင်သည် ပဲခူးတိုင်း ကဝမြို့နယ် သပြေကန်ရွာ၌ နေထိုင်သည့် လယ်ပိုင်ရှင်တစ်ဦး ဖြစ်သည်။) သို့ဖြစ်၍ ညီဖြစ်သူအား ပြောပြရာ ဦးဘသင်က အိမ်ဆောက်သည့်အထဲ ကုသိုလ်မပါဝင်ဘဲ မိခင်ကြီးအား ငွေ ၁၀၀-ကျပ် သီးသန့် ပေးပို့သည်။

၁၃၂၃-ခုနှစ် မိခင်ကြီး ဒေါ်ဆင် ကွယ်လွန်သွားချိန်တွင် ဦးဘသင် ရောက်လာပြီး မိခင်ကြီး၏ ရုပ်ကလာပ်ကို ကြည့်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေရာ ဆရာတော်သည် ညီဖြစ်သူ ဦးဘသင်အား –
`ငိုရမှာပေါ့ကွာ၊ အေး .. မင်းက အခုမှ နောင်တရပြီး ငိုကြွေးနေတာ၊ အမေ အသက်ရှိစဉ်က မင်းဟာ အမေ့ကို ထောက်ပံ့ရမှန်း ကျွေးမွေးရမှန်း မသိဘူး။ မင်းရဲ့ ပူဆွေးသောကဟာ နောက်ကျသွားပြီ။ ငါကတော့ တစ်သက်လုံး မငိုရအောင် လုပ်ခဲ့တယ်။ မင်းလို ငိုကြွေးစရာ ပူပင်သောကရောက်စရာ မလိုတော့ဘူး။ ငါကတော့ မငိုပါဘူး၊ မိခင်အပေါ် လိုသည်ထက် ပိုပြီး ပြုစုထားတာဖြစ်လို့ ငါ ငိုဖို့ မလိုဘူး။ မင်းကတော့ နဝကမ္မ ၁၀၀ ဆိုပြီး ပို့တဲ့လူဆိုတော့ ငိုပေတော့ပေါ့ကွာ။ ငိုကွ ငိုကွ´ဟု ကရုဏာဒေါသောဖြင့် မိန့်ကြားတော်မူသည်။ (ညီအရင်းဖြစ်၍ ဤသို့ အားမလို အားမရ မိန့်ကြားခြင်း ဖြစ်သည်။ အခြားသူများကိုကား ယခုလို တစ်ကြိမ်မှ ရင့်ရင့်သီးသီး မပြောကြားခဲ့ဖူးပေ။)

ဦးဘသင်ကို အကြောင်းပြုပြီး သိကျွမ်းရသည့် ဒေါက်တာနေလင်းဆိုသူ လူငယ်ဆရာဝန်လေးအား မိန့်ကြားသည့် ဩဝါဒတစ်ခုမှာ –
`ကိုရင် … မိဘကို လုပ်ကျွေးဗျား၊ ဘုန်းကြီးအသက် ၂၄-နှစ်အရွယ်တုန်းက ဘုန်းကြီးအကျိုးလိုလားတဲ့ ဆရာတော်တစ်ပါးက ဆုံးမဖူးတယ်။ ဦးဇင်း မိဘကို ရိုရိုသေသေ လုပ်ကျွေး၊ မိဘက ဖြူတယ်ဆိုရင် ဖြူလိုက်၊ မည်းတယ်ဆိုရင် မည်းလိုက်၊ ကိုယ်က ဝါးလုံးလို့ သိရက်သားနဲ့ မိဘက ဝါးခြမ်းဆိုရင် ခြမ်းလိုက်ဗျာလို့ ဩဝါဒပေးခဲ့တယ်။ ဘုန်းကြီးလဲ အသက် ၂၄-နှစ်ကတည်းက မယ်တော်ကြီး ကွယ်လွန်သည်အထိ ဒီအဆုံးအမအတိုင်း လိုက်နာခဲ့တယ်။ ယခုလဲ ကိုရင် မိဘကို လုပ်ကျွေးဗျာ။ ကိုရင် အသက်ရှည်မှာပါ´ဟူ၍ ဖြစ်ပေသည်။
+++++
ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ ရေးဖွဲ့ ပူဇော်သည့် မင်းကွန်းဆရာတော်ဘုရားကြီး သက်တော်ရာပြည့်အထိမ်းအမှတ် (၁၂၇၃-၁၃၇၃)၊ `တိပိဋကဓရအရှင်မြတ်များ၏ ဖခင် ကမ္ဘာကျော် မင်းကွန်းထေရှင်´ မှ

Leave a Reply