ဘဝ တစ္သက္တာ သင္ယူမႈ အတြက္ အခ်က္ ( ၁၅ ) ခ်က္

Posted on

Written By ႏွင္း

စူးစမ္း ရွာေဖြျခင္း ခရီးစဥ္ ဆိုတာ နယ္ေျမသစ္ေတြ ရွာေဖြျခင္း သက္သက္ မဟုတ္ဘဲ အျမင္သစ္ေတြ နဲ႔ ၾကည့္တတ္ ျမင္တတ္ျခင္း သာျဖစ္တယ္’လို႔ Marcel Proust ကဆိုပါတယ္။
ေအဗရာ ဟမ္လင္ကြန္း ကလည္း ‘မေန႔ကထက္ ဒီေန႔ ပို မလိမၼာလာတဲ႔ လူေတြ အေၾကာင္းငါ အေရးတယူ လုပ္မေနခ်င္ဘူးလို႔’ ဆိုပါတယ္။

အေတြးအေခၚ ပညာရွင္ မာ့တိြန္း ကေတာ့’ငါ့ရဲ႕ပညာေရးကို အတန္း ပညာေရး ဝင္စြက္ဖက္ တာမ်ိဳး ငါဘယ္တုန္းက မွခြင့္မျပဳခဲ႔ဘူး’ တဲ့
ျပင္ပ ပုဂၢလိက ေက်ာင္းေတြ ရဲ႕ပညာေရး စနစ္ေတြက သင့္ရဲ႕ ႏွလံုးသားကို မလႊမ္းမိုးႏိုင္ဘူး လို႔ဆိုၾကပါစို႔။ ေလ့လာ သင္ယူေရး ဆိုတာ တကယ့္ကို ႀကီးမားတဲ့ လႈပ္ ရွား ေဆာင္ရြက္မႈ တစ္ရပ္ေပါ့။ ေလ့လာ သင္ယူျခင္းက သင့္ရဲ႕ အေတြးအျမင္ေတြကို အတိုင္းအဆ မရွိျဖန္႔က်က္ေပးမယ္။ သင့္ဘဝကို တိုးတက္ေစဖို႔ ဗဟုသုတေတြ လည္း ေပးႏိုင္တယ္။ ေနာက္ဆံုး ေလာကႀကီးရဲ႕ ရပိုင္ခြင့္ေတြကို ေလ်ာ့ေလ်ာ့ေပါ့ေပါ့ ေလးေတြးလိုက္ဦး သင္ၾကားျခင္း ဟာ ေပ်ာ္ရႊင္ မႈေတြရဲ႕ ရင္းျမစ္ လည္း ျဖစ္ႏိုင္ေသး ပါရဲ႕။

ဒါေပမဲ့ အၿမဲတမ္း အလုပ္ ႐ႈပ္ေနတတ္တဲ့ ကမၻာႀကီးမွာ မရွိမျဖစ္ သိပ္အေရးမႀကီးလွတဲ့ အရာေတြကို အခ်ိန္နဲ႔ တစ္ေျပးညီ ေလ့လာဖို႔ ေတာင္ နည္းနည္းေတာ့ အခက္အခဲ ရွိပါ ေသးတယ္။ တကယ့္ လိုအပ္တဲ့ အရာေတြ ကိုေတာ့ ကြၽန္မတို႔ ေလ့လာသင္ယူဖို႔ လိုအပ္ပါတယ္။ တကယ့္ လိုအပ္ခ်က္ကို ေက်ာ္လြန္သြားတဲ့ အရာ ေတြကိုေတာ့ အေပ်ာ္တမ္း လို႔ သေဘာထား ႏိုင္ပါတယ္။ ဘဝ တစ္သက္တာလံုး ေလ့လာသင္ယူဖို႔ အင္မတန္ စိတ္အား ထက္သန္သူေတြေတာင္ မွ ႀကိဳးစား အားထုတ္ဖို႔ ခက္ခဲ လွတာေတြ႔ရပါ တယ္။ 3L ( Life Long Learning ) လို႔ေခၚတဲ့ ဘဝ တစ္သက္တာ ေလ့လာျခင္း နဲ႔ပတ္သက္ၿပီး မွ်ေဝခ်င္တဲ့ အခ်က္ေလး တခ်ိဳ႕ကေတာ့

၁။ အၿမဲတမ္း စာအုပ္ တစ္အုပ္ေဆာင္ထားပါ

စာအုပ္ တစ္အုပ္ကို ကိုယ္နဲ႔မကြာ ေဆာင္ထားပါ။ အဲဒီစာအုပ္ကို တစ္ပတ္ ဒါမွမဟုတ္ တစ္လေလာက္နဲ႔ ဖတ္လို႔ မၿပီးဘူး ဆိုရင္ေတာင္ ကိစၥမရွိပါဘူး။ အဓိက ကစာအုပ္ တစ္အုပ္ ကိုဖတ္ျဖစ္သြားဖို႔ပါပဲ။ တစ္ပတ္ကို စာအုပ္ တစ္အုပ္ ဖတ္ျဖစ္မယ္ ဆိုရင္ တစ္ႏွစ္ဆိုရင္ စာအုပ္ေပါင္း ၅ဝ ဖတ္ျဖစ္သြားပါလိမ့္မယ္။

၂။ ‘ေလ့လာရန္’ စာရင္းေလးလုပ္ထားပါ။

ကြၽန္မတို႔ အားလံုးမွာ တစ္ေန႔တာ လုပ္ေဆာင္ရမယ့္ စာရင္းေလးေတြ လုပ္ေလ့လုပ္ထ ရွိပါတယ္။ ဒါဟာ အလုပ္ ၿပီးေျမာက္ေစဖို႔ အတြက္ အေထာက္အကူ တစ္မ်ိဳးေပါ့။ ဒီလိုပဲေလ့လာ သင္ယူရန္ဆိုတဲ့ စာရင္းေလးလည္း လုပ္ထားသင့္ပါတယ္။ သင့္ကို ခြန္အားျဖစ္ေစမယ့္ အရာ ေတြကို ေလ့လာဖို႔ ျပင္ဆင္ ထားလုိက္ပါ။ ဘာသာ စကား သင္ယူဖို႔ တို႔ ရွိတ္စပီးယား ရဲ႔လက္ရာမြန္ေတြ ေလ့လာဖို႔ တို႔အစရွိတဲ့ အသစ္ အသစ္ေသာ အေၾကာင္းအရာေတြ ေလ့လာဖို႔ စာရင္းလုပ္ၿပီး ျပင္ဆင္ ထားလုိက္ပါ။

၃။အေတြးအေခၚေကာင္းတဲ့မိတ္ေဆြေတြမ်ားမ်ားထားရွိပါ။

အေတြးအေခၚ အားေကာင္းသူေတြ နဲ႔ေပါင္းသင္းဖို႔ စတင္ျပင္ဆင္ပါေလ။ ထူးခြၽန္သူေတြကို ေရြးေပါင္းတာမ်ဳိး မဟုတ္ဘဲ အသစ္အသစ္ေသာ အရာေတြကို အခ်ိန္ေပး ၿပီး ေလ့လာ စူးစမ္းေနသူေတြနဲ႔ မိတ္ေဆြျဖစ္ႏိုင္ေအာင္ ႀကိဳးစားပါ။ ဒါမွ သူတို႔ရဲ႕ အျပဳအမူ အေတြးအေခၚေတြ သင့္ဆီကို ကူးစက္လာမွာပါ။ အေကာင္းဆံုး အခြင့္ အေရး က သူတို႔ရဲ႕အေတြ႕အႀကံဳေတြ ကိုသင့္ကို မွ်ေဝလာ မွာေသခ်ာပါ တယ္။

၄။ ေတြးေတာတတ္ဖို႔ ဦးေဆာင္ပါေစ

အဲလဘတ္ အိုင္စတိုင္းက တစ္ခါတုန္း ကေျပာဖူးတယ္ ‘လူတစ္ေယာက္ ဟာစာေတြ အလြန္အကြၽံ ဖတ္ၿပီး ဦးေႏွာက္ကို နည္းနည္းေလး ပဲအသံုးခ်မယ္ ဆိုရင္ သူဟာေ ေတြးေခၚေျမာ္ျမင္ဖို႔ ပ်င္္းရိတဲ့ အေလ့အက်င့္ဘက္ ဆီကို ဦးတည္ေနပါၿပီတဲ့..’ ပညာရွိေတြရဲ႕ အဆို အမိန္႔ေတြေလာက္ကို ပဲေလ့လာေန႐ံု နဲ႔မၿပီးပါဘူး ။ သင္ ကိုယ္တိုင္ ကလည္း သင့္ ရဲ႕ အေတြးအျမင္ေတြ ကေန တစ္ဆင့္ ေတြးေတာ တတ္ဖို႔ လိုပါလိမ့္မယ္။ သင္ေလ့လာ ေတြ႔ရွိခဲ့တဲ့ အေၾကာင္းအရာေတြ ကို ျဖန္႔ က်က္ေတြးေတာ ဖို႔အခ်ိန္ေပး ရပါလိမ့္မယ္။

၅။ လက္ေတြက်င့္ႀကံပါ

အတတ္ပညာပိုင္း ကြၽမ္းက်င္မႈကို အေျခခံတဲ့ ေလ့လာမႈဟာ လက္ေတြ႕အသံုးမခ်ႏိုင္ရင္ အခ်ည္းအႏွီးပါပဲ။ ဥပမာ ေပးရမယ္ ဆိုရင္ ပ႐ိုဂရမ္ေတြကို လက္ေတြ႕ခ် မေရးဘဲ C++ စာအုပ္ တစ္အုပ္ကို ဖတ္ေနလို႔ကေတာ့ အပိုပါပဲ။ ပန္းခ်ီပညာ သင္ၾကားေနတာ နဲ႔စုတ္တံ တစ္ေခ်ာင္းကို လက္ေတြ႕ အသံုးခ်ေနတာ နဲ႔မတူပါဘူး။ သင္ေလ့လာ ထားတဲ့ အရာေတြကိုလက္ေတြ႕အသံုးခ်ဖို႔လိုပါတယ္။

၆။ အျခားသူေတြကိုသင္ေပးပါ

သင္ သင္ၾကားပို႔ခ်ေနတဲ့ အရာေတြကို သင္ကိုယ္တိုင္ျပန္လည္ေလ့လာပါ။ အျခားသူေတြကို သင့္ရဲ႕ အေတြးအေခၚေတြ မွ်ေဝေပးျခင္းဟာ သင္ကိုယ္တိုင္ ႀကိဳးစား ပမ္းစားသင္ ယူေနျခင္း တစ္မ်ဳိးပါပဲ။ ဘေလာ့တစ္ခု ၊ ေပ့တစ္ခု ကို စၿပီး အေကာင္အထည္ေဖာ္ ေရးသားၾကည္႔ပါ။ တစ္စံု တစ္ေယာက္ ကိုလမ္းၫႊန္မႈေပးပါ။ ဒါမွမဟုတ္ရင္ သင့္ရဲ႕ အေတြး အေခၚေတြကို သူငယ္ခ်င္းေတြနဲ႔ မွ်ေဝပါ။

၇။ အေတြးအေခၚအယူအဆေဟာင္းေတြရွင္းလင္းပစ္ပါ

တခ်ဳိ႕တခ်ိဳ႕ေသာ နည္းလမ္းေတြက ေၾကညက္စြာ နားလည္ဖို႔ လြယ္ကူလွပါတယ္။ ဒါေပမဲ့ အႏွစ္သာရ နည္းပါတယ္။ ထူးျခား ေကာင္းမြန္လြန္းတဲ့ ဘေလာ့ေတြဟာ အေတြးအေခၚ အိုင္ဒီယာ အသစ္ေတြရေစဖို႔ ခြန္အားရွိေပးတဲ့ အရင္းအျမစ္ေတြပါပဲ။ ဒါေပမဲ့ လအနည္းငယ္ ၾကာလာတာ နဲ႔အမွ် ကိုယ္ႏွစ္သက္တဲ့ ဘေလာ့ေတြက ပို႔စ္ေတြ ကို စုေဆာင္း မွီျငမ္းေနမိတယ္ ဆိုတာ ကိုယ္ကိုယ္တိုင္ သတိမူမိလာတာပါပဲ။ ဒါ့ေၾကာင့္ ကိုယ့္ရဲ႕ အေတြးအျမင္ေတြ ကို မၾကာခဏ ရွင္းလင္း သန္႔စင္ပစ္ဖို႔ လိုပါတယ္ ဒါမွ အခ်ိန္ကုန္ သက္သာၿပီးကိုယ္ တကယ္ လိုအပ္တဲ့ အရာေတြကို အာ႐ံုစိုက္ႏိုင္ မွာျဖစ္ပါတယ္။

၈။ အစုအေဝး နဲ႔ေလ့လာ သင္ယူပါ

ဘဝ တစ္သက္တာ ေလ့လာ သင္ယူမႈ ဆိုတာ ဖုန္တက္ေနတဲ့ စာအုပ္ပံုႀကီးထဲ မွာ ဘဝကိုႏွစ္ျမႇဳပ္ထားတာမ်ိဳး မဟုတ္ပါဘူး။ သင့္ကို အရည္အခ်င္းျမွင့္ တင္ေပးႏိုင္တဲ့ အဖြဲ႕အစည္းေတြ နဲ႔ခ်ိတ္ဆက္ပါ။ အလုပ္႐ံု ေဆြးေႏြးပြဲေတြ အစု အဖြဲ႔လိုက္ ေလ့လာ သင္ယူမႈေတြက သင့္ကို လူမႈေရးဆိုင္ရာ အေတြ႔ အႀကံဳေတြ နဲ႔ေပ်ာ္ရႊင္မႈေတြ ကိုေပး စြမ္းႏိုင္ပါတယ္။

၉။ေမ့ေဖ်ာက္တဲ့အေလ့အထကိုလက္ခံပါ

ေရျပည့္ေနတဲ့ ဖန္ခြက္ထဲကို ေရထပ္ျဖည့္လို႔မရပါဘူး။ တခ်ဳိ႕ အေတြးအေခၚေတြ နဲ႔ခပ္ေဝးေဝးေနဖို႔ ကိုယ့္ကိုယ္ကိုယ္ အၿမဲႀကိဳးစားျဖစ္ပါတယ္။ ယံုၾကည္မႈထက္သန္ လြန္ကဲတယ္ ဆိုတာ အေတြးအေခၚ အသစ္အသစ္ေတြ အတြက္ အေသးအမႊား အစိတ္အပိုင္းေလး သာသာပဲ ရွိပါတယ္။ အမ်ားအျမင္ နဲ႔ကြဲလြဲ ဆန္႔က်င္တဲ့ သတင္း အခ်က္ အလက္ေတြကို တက္တက္ၾကြၾကြ ေလ့လာစုေဆာင္းပါ။

၁ဝ။ ေလ့လာ သင္ယူမႈကို အေထာက္အကူျပဳေစတဲ့ အလုပ္ ကိုရွာေဖြပါ

သင့္ကိုေလ့လာ သင္ယူဖို႔ အေထာက္ အကူျဖစ္ေစတဲ့ အလုပ္ေတြ ကိုေရြးခ်ယ္ပါ။ သင့္ကို လြတ္လပ္စြာ ေတြးေခၚလုပ္ကိုင္ခြင့္ မေပးတဲ့အလုပ္ ရွိေနတယ္ ဆိုရင္ လြတ္လပ္ စြာ ေတြးေခၚႏိုင္စြမ္း ရွိမယ့္ အလုပ္ တစ္ခုကို ေျပာင္းဖို႔စဥ္းစားပါ။ စိန္ေခၚမႈမရွိတဲ့ လုပ္ငန္းခြင္ထဲမွာ တစ္ပတ္ကို နာရီ ၄ဝ လံုးလံုးမႏွစ္ျမႇဳပ္ထားပါနဲ႔။

၁၁။ စီမံကိန္းအသစ္တစ္ခုစလိုက္ပါ

သင္ကိုယ္တိုင္ ဘယ္ကစလို႔ စရမွန္းမသိတဲ့ အရာတစ္ခုကို လုပ္ကိုင္ဖို႔ အစပ်ိဳးလိုက္ပါ။ ဒီီလို တြန္းတြန္း တိုက္တိုက္ ေလ့လာ သင္ယူျခင္းဟာေပ်ာ္ စရာေကာင္းသလို စိန္ေခၚမႈ တစ္ရပ္လည္းျဖစ္ပါတယ္။ ကြန္ပ်ဴတာ အေၾကာင္း တစ္စြန္းတစ္စမွ မသိဘူးဆိုရင္ ကြန္ပ်ဴတာ တစ္လံုး တပ္ဆင္ဖို႔ ႀကိဳးစားပါ။ သင္ဟာ ပန္းခ်ီ အႏုပညာပိုင္းမွာ ပါရမီမရွိသူ ဆိုးဆိုးရြားရြား အား နည္း သူ ဆိုရင္ ပန္းခ်ီကား တစ္ခ်ပ္ကို စေရးဖို႔ ျပင္လိုက္ပါ။

၁၂။ မိမိအားသန္တဲ့ဝါသနာေနာက္ကိုလိုက္ပါ

တစ္သက္တာ ေလ့လာျခင္း ဆိုတာ ဆူးၿခံဳေတာထဲမွာ လွည့္လည္ သြားလာေန ရသလိုပါပဲ။ ဘာကို ေမွ်ာ္လင့္ရမယ္ ဆိုတာ မေရရာ လွသလို ခရီးဆံုး ပန္းတိုင္ ဆိုတာ လည္း သင့္စိတ္ထဲမွာ ဘယ္ေတာ့မွ ရွိမွာမဟုတ္ပါဘူး။ ဝါသနာရဲ႕ ဦးေဆာင္မႈ ေနာက္ကို လိုက္ၿပီး ကိုယ္တိုင္ ေလ့လာသင္ယူျခင္း နဲ႔ ေပ်ာ္ရႊင္မႈ ကိုရယူႏိုင္ပါ တယ္။

၁၃။ ပထမဆံုး၁၅မိနစ္

အိပ္ရာ ကႏိုးထလာတဲ့ ပထမဆံုး တစ္ဆယ့္ ငါးမိနစ္ကို ပညာဆည္းပူးတဲ့ ကာလလို႔ သတ္မွတ္ ထားပါ။ တကယ္လို႔ သင္ဟာ အားနည္းေနတယ္ မူးေနာက္ေနတယ္ ဆိုရင္ အခ်ိန္နည္း နည္းေစာင့္ခ်င္ ပါလိမ့္မယ္။ ဒါေပမဲ့ ဟိုးအေနာက္ ကိုေတာ့ မေရႊ႕လိုက္ပါနဲ႔အျခား အေရးႀကီးတဲ့ ကိစၥေတြက သင့္ေလ့လာခ်ိန္ ကိုတြန္းဖယ္ သြားပါ လိမ့္မယ္။

၁၄။ ဆုလာဘ္ေတြကိုစုေဆာင္းသိမ္းဆည္းပါ

အက်ိဳးရွိရွိ အသံုးခ်ႏိုင္မယ့္ သတင္း အခ်က္အလက္ေတြ ကိုေလ့လာသင္ယူပါ။ တျခားသူေတြျပင္ပ အကူအညီ ယူဖို႔လိုအပ္ေပမဲ့ ကုိယ့္ အတြက္ေတာ့ အေျခခံ အခ်က္ အလက္ေလးေတြက တစ္ဆင့္ စီမံကိန္း တစ္ခုကို ကိုင္တြယ္ ႏိုင္မယ္ ဆိုတာ နားလည္ထားပါ။ ကိုယ့္ပညာကို အသံုးခ်ၿပီး ေအာင္ျမင္မႈ ရမယ့္ အေျခအေန မ်ဳိး အခြင့္ အလမ္း မ်ိဳးကိုဖန္တီးပါ။

၁၅။ ဦးစားေပးအစီအစဥ္ေတြေရးဆြဲပါ

တခ်ဳိ႕ေသာ ျပင္ပ ဖိအားေတြက သင့္ကို ေလ့လာ သင္ယူဖို႔ တြန္းအားေတြ ျဖစ္ေစႏိုင္တယ္။ ကိုယ့္ရဲ႕ ရည္မွန္းခ်က္ေတြ ျဖစ္လာေစတယ္။ ကိုယ့္ဘဝတစ္သက္တာလံုး အတြက္ ေလ့လာ သင္ယူတဲ့ အေလ့အက်င့္ ကိုေမြးျမဴဖို႔ ဆံုးျဖတ္ခ်က္ ခ်ၿပီးၿပီ ဆိုရင္ေတာ့ အဲဒီဆႏၵကို အေကာင္အထည္ေဖာ္ ဖို႔ ဦးစားေပး အစီ အစဥ္ေတြ ေရးဆြဲဖို႔ သင့္ အေပၚမွာပဲ အျပည့္အဝ မူတည္ပါတယ္။

Via : ရတီမဂၢဇင္း

————–

ဘဝ တစ်သက်တာ သင်ယူမှု အတွက် အချက် ( ၁၅ ) ချက် (unicode)

Written By နှင်း

စူးစမ်း ရှာဖွေခြင်း ခရီးစဉ် ဆိုတာ နယ်မြေသစ်တွေ ရှာဖွေခြင်း သက်သက် မဟုတ်ဘဲ အမြင်သစ်တွေ နဲ့ ကြည့်တတ် မြင်တတ်ခြင်း သာဖြစ်တယ်’လို့ Marcel Proust ကဆိုပါတယ်။
အေဗရာ ဟမ်လင်ကွန်း ကလည်း ‘မနေ့ကထက် ဒီနေ့ ပို မလိမ္မာလာတဲ့ လူတွေ အကြောင်းငါ အရေးတယူ လုပ်မနေချင်ဘူးလို့’ ဆိုပါတယ်။
အတွေးအခေါ် ပညာရှင် မာ့တွိန်း ကတော့’ငါ့ရဲ့ပညာရေးကို အတန်း ပညာရေး ဝင်စွက်ဖက် တာမျိုး ငါဘယ်တုန်းက မှခွင့်မပြုခဲ့ဘူး’ တဲ့
ပြင်ပ ပုဂ္ဂလိက ကျောင်းတွေ ရဲ့ပညာရေး စနစ်တွေက သင့်ရဲ့ နှလုံးသားကို မလွှမ်းမိုးနိုင်ဘူး လို့ဆိုကြပါစို့။ လေ့လာ သင်ယူရေး ဆိုတာ တကယ့်ကို ကြီးမားတဲ့ လှုပ် ရှား ဆောင်ရွက်မှု တစ်ရပ်ပေါ့။ လေ့လာ သင်ယူခြင်းက သင့်ရဲ့ အတွေးအမြင်တွေကို အတိုင်းအဆ မရှိဖြန့်ကျက်ပေးမယ်။ သင့်ဘဝကို တိုးတက်စေဖို့ ဗဟုသုတတွေ လည်း ပေးနိုင်တယ်။ နောက်ဆုံး လောကကြီးရဲ့ ရပိုင်ခွင့်တွေကို လျော့လျော့ပေါ့ပေါ့ လေးတွေးလိုက်ဦး သင်ကြားခြင်း ဟာ ပျော်ရွှင် မှုတွေရဲ့ ရင်းမြစ် လည်း ဖြစ်နိုင်သေး ပါရဲ့။
ဒါပေမဲ့ အမြဲတမ်း အလုပ် ရှုပ်နေတတ်တဲ့ ကမ္ဘာကြီးမှာ မရှိမဖြစ် သိပ်အရေးမကြီးလှတဲ့ အရာတွေကို အချိန်နဲ့ တစ်ပြေးညီ လေ့လာဖို့ တောင် နည်းနည်းတော့ အခက်အခဲ ရှိပါ သေးတယ်။ တကယ့် လိုအပ်တဲ့ အရာတွေ ကိုတော့ ကျွန်မတို့ လေ့လာသင်ယူဖို့ လိုအပ်ပါတယ်။ တကယ့် လိုအပ်ချက်ကို ကျော်လွန်သွားတဲ့ အရာ တွေကိုတော့ အပျော်တမ်း လို့ သဘောထား နိုင်ပါတယ်။ ဘဝ တစ်သက်တာလုံး လေ့လာသင်ယူဖို့ အင်မတန် စိတ်အား ထက်သန်သူတွေတောင် မှ ကြိုးစား အားထုတ်ဖို့ ခက်ခဲ လှတာတွေ့ရပါ တယ်။ 3L ( Life Long Learning ) လို့ခေါ်တဲ့ ဘဝ တစ်သက်တာ လေ့လာခြင်း နဲ့ပတ်သက်ပြီး မျှဝေချင်တဲ့ အချက်လေး တချို့ကတော့

၁။ အမြဲတမ်း စာအုပ် တစ်အုပ်ဆောင်ထားပါ
စာအုပ် တစ်အုပ်ကို ကိုယ်နဲ့မကွာ ဆောင်ထားပါ။ အဲဒီစာအုပ်ကို တစ်ပတ် ဒါမှမဟုတ် တစ်လလောက်နဲ့ ဖတ်လို့ မပြီးဘူး ဆိုရင်တောင် ကိစ္စမရှိပါဘူး။ အဓိက ကစာအုပ် တစ်အုပ် ကိုဖတ်ဖြစ်သွားဖို့ပါပဲ။ တစ်ပတ်ကို စာအုပ် တစ်အုပ် ဖတ်ဖြစ်မယ် ဆိုရင် တစ်နှစ်ဆိုရင် စာအုပ်ပေါင်း ၅ဝ ဖတ်ဖြစ်သွားပါလိမ့်မယ်။

၂။ ‘လေ့လာရန်’ စာရင်းလေးလုပ်ထားပါ။
ကျွန်မတို့ အားလုံးမှာ တစ်နေ့တာ လုပ်ဆောင်ရမယ့် စာရင်းလေးတွေ လုပ်လေ့လုပ်ထ ရှိပါတယ်။ ဒါဟာ အလုပ် ပြီးမြောက်စေဖို့ အတွက် အထောက်အကူ တစ်မျိုးပေါ့။ ဒီလိုပဲလေ့လာ သင်ယူရန်ဆိုတဲ့ စာရင်းလေးလည်း လုပ်ထားသင့်ပါတယ်။ သင့်ကို ခွန်အားဖြစ်စေမယ့် အရာ တွေကို လေ့လာဖို့ ပြင်ဆင် ထားလိုက်ပါ။ ဘာသာ စကား သင်ယူဖို့ တို့ ရှိတ်စပီးယား ရဲ့လက်ရာမွန်တွေ လေ့လာဖို့ တို့အစရှိတဲ့ အသစ် အသစ်သော အကြောင်းအရာတွေ လေ့လာဖို့ စာရင်းလုပ်ပြီး ပြင်ဆင် ထားလိုက်ပါ။

၃။အတွေးအခေါ်ကောင်းတဲ့မိတ်ဆွေတွေများများထားရှိပါ။
အတွေးအခေါ် အားကောင်းသူတွေ နဲ့ပေါင်းသင်းဖို့ စတင်ပြင်ဆင်ပါလေ။ ထူးချွန်သူတွေကို ရွေးပေါင်းတာမျိုး မဟုတ်ဘဲ အသစ်အသစ်သော အရာတွေကို အချိန်ပေး ပြီး လေ့လာ စူးစမ်းနေသူတွေနဲ့ မိတ်ဆွေဖြစ်နိုင်အောင် ကြိုးစားပါ။ ဒါမှ သူတို့ရဲ့ အပြုအမူ အတွေးအခေါ်တွေ သင့်ဆီကို ကူးစက်လာမှာပါ။ အကောင်းဆုံး အခွင့် အရေး က သူတို့ရဲ့အတွေ့အကြုံတွေ ကိုသင့်ကို မျှဝေလာ မှာသေချာပါ တယ်။

၄။ တွေးတောတတ်ဖို့ ဦးဆောင်ပါစေ
အဲလဘတ် အိုင်စတိုင်းက တစ်ခါတုန်း ကပြောဖူးတယ် ‘လူတစ်ယောက် ဟာစာတွေ အလွန်အကျွံ ဖတ်ပြီး ဦးနှောက်ကို နည်းနည်းလေး ပဲအသုံးချမယ် ဆိုရင် သူဟာေ တွေးခေါ်မြော်မြင်ဖို့ ပျင်းရိတဲ့ အလေ့အကျင့်ဘက် ဆီကို ဦးတည်နေပါပြီတဲ့..’ ပညာရှိတွေရဲ့ အဆို အမိန့်တွေလောက်ကို ပဲလေ့လာနေရုံ နဲ့မပြီးပါဘူး ။ သင် ကိုယ်တိုင် ကလည်း သင့် ရဲ့ အတွေးအမြင်တွေ ကနေ တစ်ဆင့် တွေးတော တတ်ဖို့ လိုပါလိမ့်မယ်။ သင်လေ့လာ တွေ့ရှိခဲ့တဲ့ အကြောင်းအရာတွေ ကို ဖြန့် ကျက်တွေးတော ဖို့အချိန်ပေး ရပါလိမ့်မယ်။

၅။ လက်တွေကျင့်ကြံပါ
အတတ်ပညာပိုင်း ကျွမ်းကျင်မှုကို အခြေခံတဲ့ လေ့လာမှုဟာ လက်တွေ့အသုံးမချနိုင်ရင် အချည်းအနှီးပါပဲ။ ဥပမာ ပေးရမယ် ဆိုရင် ပရိုဂရမ်တွေကို လက်တွေ့ချ မရေးဘဲ C++ စာအုပ် တစ်အုပ်ကို ဖတ်နေလို့ကတော့ အပိုပါပဲ။ ပန်းချီပညာ သင်ကြားနေတာ နဲ့စုတ်တံ တစ်ချောင်းကို လက်တွေ့ အသုံးချနေတာ နဲ့မတူပါဘူး။ သင်လေ့လာ ထားတဲ့ အရာတွေကိုလက်တွေ့အသုံးချဖို့လိုပါတယ်။

၆။ အခြားသူတွေကိုသင်ပေးပါ
သင် သင်ကြားပို့ချနေတဲ့ အရာတွေကို သင်ကိုယ်တိုင်ပြန်လည်လေ့လာပါ။ အခြားသူတွေကို သင့်ရဲ့ အတွေးအခေါ်တွေ မျှဝေပေးခြင်းဟာ သင်ကိုယ်တိုင် ကြိုးစား ပမ်းစားသင် ယူနေခြင်း တစ်မျိုးပါပဲ။ ဘလော့တစ်ခု ၊ ပေ့တစ်ခု ကို စပြီး အကောင်အထည်ဖော် ရေးသားကြည့်ပါ။ တစ်စုံ တစ်ယောက် ကိုလမ်းညွှန်မှုပေးပါ။ ဒါမှမဟုတ်ရင် သင့်ရဲ့ အတွေး အခေါ်တွေကို သူငယ်ချင်းတွေနဲ့ မျှဝေပါ။

၇။ အတွေးအခေါ်အယူအဆဟောင်းတွေရှင်းလင်းပစ်ပါ
တချို့တချို့သော နည်းလမ်းတွေက ကြေညက်စွာ နားလည်ဖို့ လွယ်ကူလှပါတယ်။ ဒါပေမဲ့ အနှစ်သာရ နည်းပါတယ်။ ထူးခြား ကောင်းမွန်လွန်းတဲ့ ဘလော့တွေဟာ အတွေးအခေါ် အိုင်ဒီယာ အသစ်တွေရစေဖို့ ခွန်အားရှိပေးတဲ့ အရင်းအမြစ်တွေပါပဲ။ ဒါပေမဲ့ လအနည်းငယ် ကြာလာတာ နဲ့အမျှ ကိုယ်နှစ်သက်တဲ့ ဘလော့တွေက ပို့စ်တွေ ကို စုဆောင်း မှီငြမ်းနေမိတယ် ဆိုတာ ကိုယ်ကိုယ်တိုင် သတိမူမိလာတာပါပဲ။ ဒါ့ကြောင့် ကိုယ့်ရဲ့ အတွေးအမြင်တွေ ကို မကြာခဏ ရှင်းလင်း သန့်စင်ပစ်ဖို့ လိုပါတယ် ဒါမှ အချိန်ကုန် သက်သာပြီးကိုယ် တကယ် လိုအပ်တဲ့ အရာတွေကို အာရုံစိုက်နိုင် မှာဖြစ်ပါတယ်။

၈။ အစုအဝေး နဲ့လေ့လာ သင်ယူပါ
ဘဝ တစ်သက်တာ လေ့လာ သင်ယူမှု ဆိုတာ ဖုန်တက်နေတဲ့ စာအုပ်ပုံကြီးထဲ မှာ ဘဝကိုနှစ်မြှုပ်ထားတာမျိုး မဟုတ်ပါဘူး။ သင့်ကို အရည်အချင်းမြှင့် တင်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေ နဲ့ချိတ်ဆက်ပါ။ အလုပ်ရုံ ဆွေးနွေးပွဲတွေ အစု အဖွဲ့လိုက် လေ့လာ သင်ယူမှုတွေက သင့်ကို လူမှုရေးဆိုင်ရာ အတွေ့ အကြုံတွေ နဲ့ပျော်ရွှင်မှုတွေ ကိုပေး စွမ်းနိုင်ပါတယ်။

၉။မေ့ဖျောက်တဲ့အလေ့အထကိုလက်ခံပါ
ရေပြည့်နေတဲ့ ဖန်ခွက်ထဲကို ရေထပ်ဖြည့်လို့မရပါဘူး။ တချို့ အတွေးအခေါ်တွေ နဲ့ခပ်ဝေးဝေးနေဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲကြိုးစားဖြစ်ပါတယ်။ ယုံကြည်မှုထက်သန် လွန်ကဲတယ် ဆိုတာ အတွေးအခေါ် အသစ်အသစ်တွေ အတွက် အသေးအမွှား အစိတ်အပိုင်းလေး သာသာပဲ ရှိပါတယ်။ အများအမြင် နဲ့ကွဲလွဲ ဆန့်ကျင်တဲ့ သတင်း အချက် အလက်တွေကို တက်တက်ကြွကြွ လေ့လာစုဆောင်းပါ။

၁ဝ။ လေ့လာ သင်ယူမှုကို အထောက်အကူပြုစေတဲ့ အလုပ် ကိုရှာဖွေပါ
သင့်ကိုလေ့လာ သင်ယူဖို့ အထောက် အကူဖြစ်စေတဲ့ အလုပ်တွေ ကိုရွေးချယ်ပါ။ သင့်ကို လွတ်လပ်စွာ တွေးခေါ်လုပ်ကိုင်ခွင့် မပေးတဲ့အလုပ် ရှိနေတယ် ဆိုရင် လွတ်လပ် စွာ တွေးခေါ်နိုင်စွမ်း ရှိမယ့် အလုပ် တစ်ခုကို ပြောင်းဖို့စဉ်းစားပါ။ စိန်ခေါ်မှုမရှိတဲ့ လုပ်ငန်းခွင်ထဲမှာ တစ်ပတ်ကို နာရီ ၄ဝ လုံးလုံးမနှစ်မြှုပ်ထားပါနဲ့။

၁၁။ စီမံကိန်းအသစ်တစ်ခုစလိုက်ပါ
သင်ကိုယ်တိုင် ဘယ်ကစလို့ စရမှန်းမသိတဲ့ အရာတစ်ခုကို လုပ်ကိုင်ဖို့ အစပျိုးလိုက်ပါ။ ဒီလို တွန်းတွန်း တိုက်တိုက် လေ့လာ သင်ယူခြင်းဟာပျော် စရာကောင်းသလို စိန်ခေါ်မှု တစ်ရပ်လည်းဖြစ်ပါတယ်။ ကွန်ပျူတာ အကြောင်း တစ်စွန်းတစ်စမှ မသိဘူးဆိုရင် ကွန်ပျူတာ တစ်လုံး တပ်ဆင်ဖို့ ကြိုးစားပါ။ သင်ဟာ ပန်းချီ အနုပညာပိုင်းမှာ ပါရမီမရှိသူ ဆိုးဆိုးရွားရွား အား နည်း သူ ဆိုရင် ပန်းချီကား တစ်ချပ်ကို စရေးဖို့ ပြင်လိုက်ပါ။

၁၂။ မိမိအားသန်တဲ့ဝါသနာနောက်ကိုလိုက်ပါ
တစ်သက်တာ လေ့လာခြင်း ဆိုတာ ဆူးခြုံတောထဲမှာ လှည့်လည် သွားလာနေ ရသလိုပါပဲ။ ဘာကို မျှော်လင့်ရမယ် ဆိုတာ မရေရာ လှသလို ခရီးဆုံး ပန်းတိုင် ဆိုတာ လည်း သင့်စိတ်ထဲမှာ ဘယ်တော့မှ ရှိမှာမဟုတ်ပါဘူး။ ဝါသနာရဲ့ ဦးဆောင်မှု နောက်ကို လိုက်ပြီး ကိုယ်တိုင် လေ့လာသင်ယူခြင်း နဲ့ ပျော်ရွှင်မှု ကိုရယူနိုင်ပါ တယ်။

၁၃။ ပထမဆုံး၁၅မိနစ်
အိပ်ရာ ကနိုးထလာတဲ့ ပထမဆုံး တစ်ဆယ့် ငါးမိနစ်ကို ပညာဆည်းပူးတဲ့ ကာလလို့ သတ်မှတ် ထားပါ။ တကယ်လို့ သင်ဟာ အားနည်းနေတယ် မူးနောက်နေတယ် ဆိုရင် အချိန်နည်း နည်းစောင့်ချင် ပါလိမ့်မယ်။ ဒါပေမဲ့ ဟိုးအနောက် ကိုတော့ မရွှေ့လိုက်ပါနဲ့အခြား အရေးကြီးတဲ့ ကိစ္စတွေက သင့်လေ့လာချိန် ကိုတွန်းဖယ် သွားပါ လိမ့်မယ်။

၁၄။ ဆုလာဘ်တွေကိုစုဆောင်းသိမ်းဆည်းပါ
အကျိုးရှိရှိ အသုံးချနိုင်မယ့် သတင်း အချက်အလက်တွေ ကိုလေ့လာသင်ယူပါ။ တခြားသူတွေပြင်ပ အကူအညီ ယူဖို့လိုအပ်ပေမဲ့ ကိုယ့် အတွက်တော့ အခြေခံ အချက် အလက်လေးတွေက တစ်ဆင့် စီမံကိန်း တစ်ခုကို ကိုင်တွယ် နိုင်မယ် ဆိုတာ နားလည်ထားပါ။ ကိုယ့်ပညာကို အသုံးချပြီး အောင်မြင်မှု ရမယ့် အခြေအနေ မျိုး အခွင့် အလမ်း မျိုးကိုဖန်တီးပါ။

၁၅။ ဦးစားပေးအစီအစဉ်တွေရေးဆွဲပါ
တချို့သော ပြင်ပ ဖိအားတွေက သင့်ကို လေ့လာ သင်ယူဖို့ တွန်းအားတွေ ဖြစ်စေနိုင်တယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ ဖြစ်လာစေတယ်။ ကိုယ့်ဘဝတစ်သက်တာလုံး အတွက် လေ့လာ သင်ယူတဲ့ အလေ့အကျင့် ကိုမွေးမြူဖို့ ဆုံးဖြတ်ချက် ချပြီးပြီ ဆိုရင်တော့ အဲဒီဆန္ဒကို အကောင်အထည်ဖော် ဖို့ ဦးစားပေး အစီ အစဉ်တွေ ရေးဆွဲဖို့ သင့် အပေါ်မှာပဲ အပြည့်အဝ မူတည်ပါတယ်။

Leave a Reply