ပထမံ ဘုိးဘုိးေအာင္ ဆုိသည္မွာ

Posted on

ဘိုးဘိုးေအာင္သည္ ကုန္းေဘာင္ေခတ္ ဦးပိုင္း ႏွစ္ေပါင္း ႏွစ္ရာေက်ာ္ခန္႔က ပထမံအတတ္ႏွင့္ ထြက္ရပ္ေပါက္သူျဖစ္သည္ ဟုဆို၏။ ဘိုးဘိုးေအာင္တြင္ ငယ္သူငယ္ခ်င္း တစ္ေယာက္ရွိသည္။ အမည္က ဦးဝိုင္း ျဖစ္သည္။ တတိယ ျမန္မာႏိုင္ငံအား ထူေထာင္သူ အေလာင္းဘုရား ဦးေအာင္ေဇယ်၏ စတုတၳသားေတာ္ ဘိုးေတာ္ဦးဝိုင္း(ဘိုးေတာ္ဘုရား) ျဖစ္သည္။ ပထမံ ဘိုးဘိုးေအာင္သည္ ဝ တလုံးက ႏွစ္ လုံးျဖစ္ေအာင္ တတ္ႏိုင္႐ုံမက ဘယ္လိုမွ သတ္၍ မေသဟု ေဖၚျပၾကသည္။ ဘိုးဘိုးေအာင္သည္မသင့္ေသာ အႀကံအစည္ ႀကံစည္ေၾကာင္းသံသယရွိသျဖင့္ ဘိုးေတာ္ဦးဝိုင္း(ဗဒုံမင္း)ကကြပ္မ်က္ေသာ္လည္း မေသဟု ဆို၏။ ဘိုးဘိုးေအာင္သည္ပထမံဘိုးဘိုးေအာင္ပင္ျဖစ္သည္။

ပထမံထြက္ရပ္ဂိုဏ္းႀကီ၏ အႀကီးအကဲေခါင္ခ်ဳပ္ပင္ျဖစ္သည္။ ပထမံဂိုဏ္းဆိုသည္မွာလည္း ျမန္မာရာဇဝင္တြင္ ဘိုးေတာ္ဦးဝိုင္းအုပ္စိုးစဥ္ အခ်ိန္က အလြန္အစြမ္းထက္သည့္ ပထမံဘိုးဘိုးေအာင္ ေပၚေပါက္သည့္အခ်ိန္မွစ၍ ေပါက္လာခဲ့ျခင္း ျဖစ္ေပသည္။ ဘိုးဘိုးေအာင္သီခ်င္းမ်ား ဘိုးဘိုးေအာင္ကိုတင္စားေသာ ေတးသီခ်င္းမ်ား ေပၚေပါက္လာသည္အထိ ျမန္မာတို႔အၾကား ဘိုးဘိုးေအာင္၏ ဩဇာႀကီးမားခဲ့သည္။ ဗုဒၶဘာသာဝင္ျမန္မာလူမ်ိဳးတို႔သည္ ရတနာသုံးပါးတို႔ကိုသာ အထြဋ္အျမတ္ထား၊ ကိုးကြယ္ဆည္းကပ္ေလ့ရွိတတ္ၾကေသာ္လည္း လူအမ်ားက ပထမံဘိုးဘိုးေအာင္အား လူႀကီးမိဘဆရာသခင္တစ္ဦးကဲ့သို႔ ႐ိုေသေလးစားအားကိုးမႈ ရွိၾကသည္ဟု ဆိုသည္။

ဘိုးေတာ္ဦးဝိုင္းသည္ ဘိုးဘိုးေအာင္ကိုသာမက နန္းတက္စတြင္ ထီးနန္းအႏၲရာယ္ေၾကာင့္ ျမန္မာ့သမိုင္းတြင္ထင္ရွားေသာ ျမန္မာစစ္သူႀကီးဝန္ႀကီး မဟာသီဟသူရ စေသာမင္းေဆြမင္းမ်ိဳး မႉးမတ္မႈထမ္းေကာင္း အေျမာက္အမ်ားတို႔ကိုသံသယရွိသျဖင့္ၿပိဳင္ဘက္ဟု ယူဆသံသယရွိသျဖင့္ ကြပ္မ်က္သုတ္သင္ခဲ့သည္။ ဘိုးဘိုးေအာင္သည္ငယ္သူငယ္ခ်င္း ျဖစ္သူဘိုးေတာ္ဦးဝိုင္း(ဗဒုံမင္း) အား…လူသတ္မႈ မေကာင္းမႈအကုလိုလ္မ်ားကိုက်ဴးလြန္ျခင္းတို႔မွ ေရွာင္ၾကဥ္ရန္(စြန္႔ရန္) ႏွင့္ ကုလိုလ္ေကာင္းမႈျပဳျခင္း၏တည္ရာ အက်င့္ဆယ္ပါး(ပုညႀကိယဝတၳဳ ဆယ္ပါး)၊ ဗုဒၶဘာသာဝင္မ်ားေစာင့္ထိန္းအပ္ေသာကိုယ္က်င့္တရားမ်ား၊ မင္းက်င့္တရား (၁၀)ပါးကို နားလည္ရန္ သိရန္ လိုက္နာက်င့္ႀကံရန္ဆုံးမေတာ္မူ၏။ …ေဒါသသည္ အဖ်က္ဆီးတတ္ဆုံးေသာတရားျဖစ္၏၊ ေႁမြေပြးေႁမြေဟာက္ႏွင့္တူ၏၊ ေဒါသႏွင့္ေသသူ၏လားရာဂတိမွာ ငရဲျပည္ျဖစ္သည္…စသျဖင့္ဆုံးမေတာ္မူခဲ့ေလ၏။

ဘိုးဘိုးေအာင္ကို အေၾကာင္းျပဳ၍ ဘိုးေတာ္ဦးဝိုင္း(ဗဒုံမင္း) သည္ ဗုဒၶဘာသာသာသနာေရးဘက္၌အထူးဂ႐ုျပဳကာ ေဆာင္႐ြက္ေတာ္မူေလ၏။ ၿပိဳက်ပ်က္စီးေသာထင္ရွားသည့္ ဘုရားေစတီေတာ္ မ်ားကိုလည္း အသစ္တည္၍ ေ႐ႊထီးထြတ္တင္ လႉေတာ္မူသည္။ အေနာက္အိႏၵိယ မဇၩိမ ေဒသ တိုင္းႀကီးရပ္ရပ္သို႔လည္း မႉးမတ္အရာရွိတို႔ကို ပညာ ေတာ္သင္အျဖစ္ အႀကိမ္ႀကိမ္ ေစလႊတ္၍ ေလာကီေလာကုတၱရာ က်မ္းမ်ား၊ ေဆးက်မ္း၊ ဓာတ္က်မ္း၊ ေဗဒင္က်မ္း၊ အက်င့္ သိကၡာႏွင့္ စပ္ေသာက်မ္းစသည္ျဖင့္ နာဂရီ၊ သကၠတ ဘာသာတို႔ျဖင့္ ေရးသားထားေသာ က်မ္းေပါင္း ၁ဝဝ ေက်ာ္ကို ရွာေဖြ စုေဆာင္းၿပီးလၽွင္ ျမန္မာဘာသာ ျပန္ဆို ေစသည္။ ႏိုင္ငံေတာ္အတြင္း အရက္ေသစာေသာက္စားျခင္း၊ သားႀကီး ငါးႀကီးတို႔ကို သတ္ျဖတ္ေရာင္းခ်ျခင္းတို႔ကို တားျမစ္ေတာ္မူသည္။ စစ္ကိုင္း အိမ္ ေတာ္ရာရွိ ေအာင္ျမင္ေလာက ေစတီေတာ္၊ ဧရာဝတီျမစ္၏ အေနာက္ဘက္ရွိ မင္းကြန္းေစတီေတာ္တို႔သည္ ဘိုးေတာ္ဘုရား ၏ ေကာင္းမႈေတာ္မ်ား ျဖစ္သည္။

မင္းကြန္းေစတီေတာ္ႀကီးမွာ အထုထည္ ႀကီးမားလြန္းရကား ၿပီးဆုံးသည့္တိုင္ေအာင္ မတည္ေဆာက္ႏိုင္ ျဖစ္ခဲ့ရသည္။ မင္းကြန္းေစတီ အနီး၌ပင္ ပိႆာ ၅၅၅၅၅၅ ခန္႔(မမင္းျဖဴမွန္မွန္ေျပာ) အခ်ိန္ရွိေသာ မင္းကြန္းေခါင္းေလာင္းေတာ္ႀကီး ကိုလည္း ဘိုးေတာ္ဘုရားက သြန္းလုပ္ လႉဒါန္းေတာ္မူသည္။ တိုင္းျပည္ဝေျပာစည္ပင္၍ စာေပႏွင့္ သာသနာေရး ထြန္းေျပာင္ခဲ့ေလသည္။ သာယာဝတီမင္း သည္ပုန္ကန္ရန္ ႀကံစည္သည္ဟု စၾကာမင္းသားေလး ကိုသံသယရွိသျဖင့္ေရခ်ကြပ္မ်က္ခဲ့ေသာ္လည္းပထမံဘိုးဘိုးေအာင္ ကယ္တင္သျဖင့္ မေသ ဟုဆို၏။ ေညာင္ရမ္းမင္းသား(စၾကာမင္းသား)၏ ကယ္တင္ရွင္အျဖစ္ ပထမံဘိုးဘိုးေအာင္ ကိုယုံၾကည္ၾကသည္။ ဘိုးေတာ္ဘုရား (ဘိုးေတာ္ဦးဝိုင္း)၏ ျမစ္ေတာ္ စၾကာမင္းသားသည္ ဘိုးမင္းေခါင္၏ဘဝေဟာင္းပုံရိပ္ျဖစ္သည္ဟုဆိုသည္။

ျမန္မာ့စြယ္စုံက်မ္း ၊ အတြဲ(၈)

———–

ပထမံ ဘိုးဘိုးအောင် ဆိုသည်မှာ (unicode)

ဘိုးဘိုးအောင်သည် ကုန်းဘောင်ခေတ် ဦးပိုင်း နှစ်ပေါင်း နှစ်ရာကျော်ခန့်က ပထမံအတတ်နှင့် ထွက်ရပ်ပေါက်သူဖြစ်သည် ဟုဆို၏။ ဘိုးဘိုးအောင်တွင် ငယ်သူငယ်ချင်း တစ်ယောက်ရှိသည်။ အမည်က ဦးဝိုင်း ဖြစ်သည်။ တတိယ မြန်မာနိုင်ငံအား ထူထောင်သူ အလောင်းဘုရား ဦးအောင်ဇေယျ၏ စတုတ္ထသားတော် ဘိုးတော်ဦးဝိုင်း(ဘိုးတော်ဘုရား) ဖြစ်သည်။ ပထမံ ဘိုးဘိုးအောင်သည် ဝ တလုံးက နှစ် လုံးဖြစ်အောင် တတ်နိုင်ရုံမက ဘယ်လိုမှ သတ်၍ မသေဟု ဖေါ်ပြကြသည်။ ဘိုးဘိုးအောင်သည်မသင့်သော အကြံအစည် ကြံစည်ကြောင်းသံသယရှိသဖြင့် ဘိုးတော်ဦးဝိုင်း(ဗဒုံမင်း)ကကွပ်မျက်သော်လည်း မသေဟု ဆို၏။ ဘိုးဘိုးအောင်သည်ပထမံဘိုးဘိုးအောင်ပင်ဖြစ်သည်။

ပထမံထွက်ရပ်ဂိုဏ်းကြီ၏ အကြီးအကဲခေါင်ချုပ်ပင်ဖြစ်သည်။ ပထမံဂိုဏ်းဆိုသည်မှာလည်း မြန်မာရာဇဝင်တွင် ဘိုးတော်ဦးဝိုင်းအုပ်စိုးစဉ် အချိန်က အလွန်အစွမ်းထက်သည့် ပထမံဘိုးဘိုးအောင် ပေါ်ပေါက်သည့်အချိန်မှစ၍ ပေါက်လာခဲ့ခြင်း ဖြစ်ပေသည်။ ဘိုးဘိုးအောင်သီချင်းများ ဘိုးဘိုးအောင်ကိုတင်စားသော တေးသီချင်းများ ပေါ်ပေါက်လာသည်အထိ မြန်မာတို့အကြား ဘိုးဘိုးအောင်၏ ဩဇာကြီးမားခဲ့သည်။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် ရတနာသုံးပါးတို့ကိုသာ အထွဋ်အမြတ်ထား၊ ကိုးကွယ်ဆည်းကပ်လေ့ရှိတတ်ကြသော်လည်း လူအများက ပထမံဘိုးဘိုးအောင်အား လူကြီးမိဘဆရာသခင်တစ်ဦးကဲ့သို့ ရိုသေလေးစားအားကိုးမှု ရှိကြသည်ဟု ဆိုသည်။

ဘိုးတော်ဦးဝိုင်းသည် ဘိုးဘိုးအောင်ကိုသာမက နန်းတက်စတွင် ထီးနန်းအန္တရာယ်ကြောင့် မြန်မာ့သမိုင်းတွင်ထင်ရှားသော မြန်မာစစ်သူကြီးဝန်ကြီး မဟာသီဟသူရ စသောမင်းဆွေမင်းမျိုး မှူးမတ်မှုထမ်းကောင်း အမြောက်အများတို့ကိုသံသယရှိသဖြင့်ပြိုင်ဘက်ဟု ယူဆသံသယရှိသဖြင့် ကွပ်မျက်သုတ်သင်ခဲ့သည်။ ဘိုးဘိုးအောင်သည်ငယ်သူငယ်ချင်း ဖြစ်သူဘိုးတော်ဦးဝိုင်း(ဗဒုံမင်း) အား…လူသတ်မှု မကောင်းမှုအကုလိုလ်များကိုကျူးလွန်ခြင်းတို့မှ ရှောင်ကြဉ်ရန်(စွန့်ရန်) နှင့် ကုလိုလ်ကောင်းမှုပြုခြင်း၏တည်ရာ အကျင့်ဆယ်ပါး(ပုညကြိယဝတ္ထု ဆယ်ပါး)၊ ဗုဒ္ဓဘာသာဝင်များစောင့်ထိန်းအပ်သောကိုယ်ကျင့်တရားများ၊ မင်းကျင့်တရား (၁၀)ပါးကို နားလည်ရန် သိရန် လိုက်နာကျင့်ကြံရန်ဆုံးမတော်မူ၏။ …ဒေါသသည် အဖျက်ဆီးတတ်ဆုံးသောတရားဖြစ်၏၊ မြွေပွေးမြွေဟောက်နှင့်တူ၏၊ ဒေါသနှင့်သေသူ၏လားရာဂတိမှာ ငရဲပြည်ဖြစ်သည်…စသဖြင့်ဆုံးမတော်မူခဲ့လေ၏။

ဘိုးဘိုးအောင်ကို အကြောင်းပြု၍ ဘိုးတော်ဦးဝိုင်း(ဗဒုံမင်း) သည် ဗုဒ္ဓဘာသာသာသနာရေးဘက်၌အထူးဂရုပြုကာ ဆောင်ရွက်တော်မူလေ၏။ ပြိုကျပျက်စီးသောထင်ရှားသည့် ဘုရားစေတီတော် များကိုလည်း အသစ်တည်၍ ရွှေထီးထွတ်တင် လှူတော်မူသည်။ အနောက်အိန္ဒိယ မဇ္ဈိမ ဒေသ တိုင်းကြီးရပ်ရပ်သို့လည်း မှူးမတ်အရာရှိတို့ကို ပညာ တော်သင်အဖြစ် အကြိမ်ကြိမ် စေလွှတ်၍ လောကီလောကုတ္တရာ ကျမ်းများ၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ အကျင့် သိက္ခာနှင့် စပ်သောကျမ်းစသည်ဖြင့် နာဂရီ၊ သက္ကတ ဘာသာတို့ဖြင့် ရေးသားထားသော ကျမ်းပေါင်း ၁ဝဝ ကျော်ကို ရှာဖွေ စုဆောင်းပြီးလျှင် မြန်မာဘာသာ ပြန်ဆို စေသည်။ နိုင်ငံတော်အတွင်း အရက်သေစာသောက်စားခြင်း၊ သားကြီး ငါးကြီးတို့ကို သတ်ဖြတ်ရောင်းချခြင်းတို့ကို တားမြစ်တော်မူသည်။ စစ်ကိုင်း အိမ် တော်ရာရှိ အောင်မြင်လောက စေတီတော်၊ ဧရာဝတီမြစ်၏ အနောက်ဘက်ရှိ မင်းကွန်းစေတီတော်တို့သည် ဘိုးတော်ဘုရား ၏ ကောင်းမှုတော်များ ဖြစ်သည်။

မင်းကွန်းစေတီတော်ကြီးမှာ အထုထည် ကြီးမားလွန်းရကား ပြီးဆုံးသည့်တိုင်အောင် မတည်ဆောက်နိုင် ဖြစ်ခဲ့ရသည်။ မင်းကွန်းစေတီ အနီး၌ပင် ပိဿာ ၅၅၅၅၅၅ ခန့်(မမင်းဖြူမှန်မှန်ပြော) အချိန်ရှိသော မင်းကွန်းခေါင်းလောင်းတော်ကြီး ကိုလည်း ဘိုးတော်ဘုရားက သွန်းလုပ် လှူဒါန်းတော်မူသည်။ တိုင်းပြည်ဝပြောစည်ပင်၍ စာပေနှင့် သာသနာရေး ထွန်းပြောင်ခဲ့လေသည်။ သာယာဝတီမင်း သည်ပုန်ကန်ရန် ကြံစည်သည်ဟု စကြာမင်းသားလေး ကိုသံသယရှိသဖြင့်ရေချကွပ်မျက်ခဲ့သော်လည်းပထမံဘိုးဘိုးအောင် ကယ်တင်သဖြင့် မသေ ဟုဆို၏။ ညောင်ရမ်းမင်းသား(စကြာမင်းသား)၏ ကယ်တင်ရှင်အဖြစ် ပထမံဘိုးဘိုးအောင် ကိုယုံကြည်ကြသည်။ ဘိုးတော်ဘုရား (ဘိုးတော်ဦးဝိုင်း)၏ မြစ်တော် စကြာမင်းသားသည် ဘိုးမင်းခေါင်၏ဘဝဟောင်းပုံရိပ်ဖြစ်သည်ဟုဆိုသည်။

မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ(၈)

Leave a Reply