မန္နီပတ္ကြီအုိ ဆုိသည္မွာ

Posted on

Witten By Yar Zu

မန္နီကုိ ၁၉၇၈ ခုႏွစ္ ဒီဇင္ဘာ ၁၇ ရက္ေန႕မွာ ဖိလစ္ပုိင္က်ြန္းစု ေတာင္ပုိင္းက  General Santos City Sarangani Province မွာေမြးဖြားခဲ႕တယ္။  သူ႕ကုိ ေမြးေတာ႕ ဖာဒီနန္မားကုိ႕စ္ဆုိတဲ႕အာဏာရွင္ၾကီးက စစ္အုပ္ခ်ဳပ္ေရးနဲ႕ အုပ္ခ်ဳပ္ေနခ်ိန္ ေတာင္ပုိင္း ဖိလစ္ပုိင္းက်ြန္းစုေတြမွာသူပုန္ထ ေကာင္းေနၿပီးတစ္တုိင္းၿပည္လုံး ဆင္းရဲမြဲေတ ေသြးထြက္သံယုိ္မွုေတြ ေနရာအႏွံ႕ၿပားၿဖစ္ေနခ်ိန္မွာပါ။

ခေလးေတြ အမ်ားၾကီး ေမြးၿပီး တံငါရြာကေလးက ေတာထဲက အုန္းလက္ကေလးေတြနဲ႕ကာရံထားတဲ႕ တဲစုပ္ကေလးမွာ ေမြးခ်င္းေတြ အမ်ားၾကီး (၈ေယာက္နဲ႕ ) မန္နီတစ္ေယာက္ ထမင္းအၾကိမ္ၾကိမ္ငတ္ခဲ႕တယ္။ သူ႕အေဖက သူတုိ႕ကုိ သိတ္ၿပန္မၾကည္႕လုိ႕ သူ႕အေမနဲ႕အတူ မိသားစု အတြက္သူက တာ၀န္ ကုိ ငယ္ငယ္ေလးနဲ႕ ယူခဲ႕ရတဲ႕သူပါဘဲ။ သူၿပန္သြားၾကည္႕ေတာ႕ သူတုိ႕ေနအိမ္ေလးမရွိေတာ႕ပါဘူး။

တံငါရြာေလး မွာ တစ္ေနကုန္ ငါးပုိက္တန္းေတြ မွာ ပင္ပင္ပန္းပန္းပုိက္ဆြဲ မွ အိမ္အၿပန္ငါးတစ္ခ်ဳိ႕ကုိ လုပ္အားခအၿဖစ္ရခဲ႕အရြယ္ေလာက္ကထဲက အေမအားကုိးရတယ္လူေလး မန္နီပါဘဲ။ ၆တန္းအေရာက္မွာေတာ႕ ေက်ာင္းဆက္မတက္နုိင္ေတာ႔လုိ႕ မန္နီေက်ာင္းထြက္ၿပီး ညီအစ္ေမာင္ႏွမေတြအတြက္ လမ္းေဘးမွာ ဒုိးနပ္ေတြ လုိက္ေရာင္း ရင္း အသက္ေမြး၀မ္းေက်ာင္းခဲ႕ၿပန္တယ္။ ဒါေပမဲ႕ ပုိမုိဆင္းရဲလာလုိ႕ ေနစရာမရွိေတာ႕တာနဲ႕ ေနာက္ဆုံး ဦးေလး ေနအိမ္ ေလးကုိ သူတုိ႕အားလုံးေၿပာင္းေရႊ႕ခဲ႕ၾကၿပန္ပါတယ္။

အဲဒီမွာ ေက်ာင္းမထားနုိင္လုိ႕ မန္နီကုိ ၁၂ႏွစ္သား အရြယ္မွာ သူ႕ဦးေလးက လက္ေ၀ွ႕စထုိးသင္ေပးခဲ႕ရာကေန အစျပဳတယ္ေၿပာရမယ္ ။ အ၀တ္စုတ္ေတြနဲ႕ လုပ္ထားတဲ႕ လက္ေ၀ွ႕အိပ္ကေလးေတြကုိသူ႕ဦးေလးက ယေန႕ထက္တုိင္ အမွတ္တရ သိမ္းထားဆဲပါဘဲ။ သူက သက္လုံေကာင္းဘုိ႕ အေၿပးေလ႕က်င္႕ခ်ိန္မွာ ဖိနပ္မပါဘဲ ေၿပးခဲ႕ရတဲ႕အထိ ဒူေပဒဏ္ေပခံနုိင္ခဲ႕တယ္။

တနဂၤေႏြ ေန႕႔ေလး တစ္ရက္ ပန္းၿခံထဲက အားကစားပြဲ လက္ေ၀ွ႕ပြဲမွာ ဦးေလးက နာမည္စာရင္းေပးခဲ႕ေတာ႕ မန္နီ၀င္ထုိးၿဖစ္တယ္ ဒီပြဲမွာလဲ ၿပုိင္ဘက္ေတြကုိ အၿပတ္ေစာ္ ၿပီး ပထမဆုံး နုိင္တဲ႕ ပြဲမွာ ဆုေၾကး 100 peso (USD 2 dollar) သာ ရခဲ႕တာပါ ။ အဲဒီေနာက္ပုိင္း အနုိင္နဲ႕ ေငြေၾကး ကုိ သူ အရသာေတြ႕လာတယ္။ မန္နီ ဆက္တုိက္ နုိင္လာတယ္။ မွတ္မွတ္ရရ Mindanao Open မွာ တစ္ပတ္လုံးလုံး  သူတစ္ေယာက္ၿပီးတစ္ေယာက္ ကုိ သူစိန္ ေခၚ ထုိးသတ္ ေအာင္ နုိင္ခဲ႕တယ္။  သူပထမဆုံး ေရႊတံဆိပ္ဆုရခဲ႕တာပါဘဲ။

ဘ၀မွာေမွ်ာ္လင္႕ခ်က္နည္းေတာ႕ လက္ေ၀ွ႕ဟာ သူနဲ႕ သူအေမ မိသားစု တုိ႕ဘ၀ ကုိ ဆင္းရဲတြင္းကလြတ္ေစမယ္လုိ႕သူယုံၾကည္ခဲ႕တယ္။ အသက္ ၁၃ႏွစ္ အရြယ္မွာေတာ႕ သူတုိ႕ ေမၤးရပ္ကေန ၃ရက္ေက်ာ္ၾကာေမာင္းသြားရတဲ႕ ၿပည္တြင္း ကုန္ သေဘၤာေလးေပၚမွာ ခုိးလုိက္ခဲ႕ရင္း ၿမုိ႕ေတာ္မနီလာကုိ သူထြက္ခြာခဲ႕ေတာ႕တယ္။ ပုိက္ဆံတစ္ၿပားမွမပါ လုိ႕ ထမင္းစားစရာေတာင္မရွိတဲ႕မန္နီတစ္ေယာက္ ၿမုိ႔ေပၚေရာက္ေတာ႕ ေမာ္ေတာ္ကားတစ္ခါမွ မၿမင္ဘူးလုိ႕ အရမ္းေၾကာက္လန္႔ခဲ့ရသလုိ ။ TV လဲမၿမင္ဘူး ေတာ႕ TV အေနာက္ဘက္ က အေပါက္ေလး ေခ်ာင္းၾကည္႕ရတဲ႕ အၿဖစ္ပါဘဲ။ ေနစရာမရွိေတာ႕ ညေန သူမ်ားေတြ အိမ္ၿပန္ခ်ိန္မွာ  Boxing Ring ၾကုိး၀ုိင္း ေလ႕က်င္႕ကြင္းမွာ ညအိပ္ဘုိ႕ ကပ္ေနခဲ႕တယ္။

မာမား သားေတာ႕ အေမ႕မသိေအာင္ မနီလာကုိ ခုိးထြက္လာၿပီ ရွင္သန္ေနပါတယ္။ သားတုိ႕ မိသားစု ဆင္းရဲတြင္းက လြတ္ေစမယ္။ ခြင္႕ေတာင္းရင္ အေမက ေပးသြားမွာ မဟုတ္လုိ႕ သား ခုိးထြက္လာတာကုိ ခြင္႕လႊတ္ပါ လက္ေ၀ွ႕ထုိးရင္း ေငြရွာမယ္ လုိ႕ အေမ႕ဆီေရးတဲ႕စာကုိ ရမွ သူ႕အေမခင္ဗ်ာ သိတတ္တဲ႕ သားေလး အတြက္ စိတ္ပူ ေသာက ၿဖစ္ရရွာတယ္။

သူ႕ကုိ ပထမဆုံး ေလ႕က်င္႕ ေပးတဲ႕ဆရာ ကေၿပာတယ္။  မန္နီက ဘာမွစဥ္းစားမေနတတ္ဘူး နုိင္ဘုိ႕ဘဲ ။ နည္းစနစ္လဲ ေဘးခ်ိတ္ၿပီး ဘဲလ္တီးတာနဲ႕ ေဒါသပုန္ထ ၿပုိင္ဘက္ကုိ ဆက္တုိက္ သူ႕ရဲ႕လ်င္ၿမန္လြန္းတဲ႕လက္သီးေတြတစ္ရစပ္ ပစ္သြင္း  ထုိးသတ္တာကုိၿပုိင္ဘက္ေတာ္ေတာ္မ်ားမ်ားေတာင္႕မခံနုိင္ဘဲ လဲကုန္ၾကတာဘဲလုိ႕ဆုိပါတယ္။ သူ႕ကုိ ေၾကးစား ဘ၀ ေရာက္ဘုိ႕ရာ ထုိးသတ္ခြင္႕လုိင္စင္ကုိ လုပ္ခ်ိန္မွာ လုိအပ္ခ်က္က အသက္ ၁၈ႏွစ္ၿပည္႕ၿပီး ေပါင္ခ်ိန္ ၁၀၈ေပါင္ အနည္းဆုံးရွိရမဲ႕ အခ်ိန္မွာ မန္နီက ၁၆ႏွစ္သား လူဗလံ ၉၈ေပါင္သာ ရွိပါတယ္။  ေတာနယ္ေလးမွာေမြးလုိ႕ ေမြးစာရင္းမရွိသူ မန္နီက ၁၈ႏွစ္သားလုိ႕လိမ္ၿပီး ေပါင္ခ်ိန္တုိင္း ေဘာင္းဘီအိပ္ထဲ အေလးေတြထည္႕ၿပီး လိမ္ခဲ႕ၿပီး ေစာေစာစီးစီး ၾကုိး၀ုိင္းထဲ၀င္လာသူ မန္နီဟာ  သူ႕ထက္ အေကာင္ၾကီးသူေတြ တုိင္းကုိ ၿဖုိခဲ႕ရာကေန  ဖိလစ္ပုိင္ ၿပည္တြင္း လက္ေ၀ွ႕ ပြဲေတြမွာ ပက္ကေရာင္း ပက္ကေရာင္း နဲ႕ နာမည္ၾကီးလာပါတယ္။

သူ ၁၉ ႏွစ္ အရြယ္မွာ OPBF Champion ၿဖစ္လာတယ္။  ခ်န္ပီယံၿဖစ္ခ်ိန္မွာေတာ႕ သူ႕ဇနီးၿဖစ္လာမဲ႕Jinkee နဲ႕ ခ်စ္သူဘ၀ ေရာက္ေနပါၿပီ။  က်မ မိသားစု က ေမးတယ္ လက္ေ၀ွ႕သမားတစ္ေယာက္က မင္းကုိ ဘယ္လုိ လူတစ္လုံး သူတစ္လုံးၿဖစ္ေစမလဲဆုိတဲ႕ ေမးခြန္း ကုိ မေၿဖနုိင္ခဲ႕ဘူး။ သူမ ပထမဆုံး လာၾကည္႕ၿဖစ္ခ်ိန္မွာ သူတုိ႕ အိမ္ေထာင္မက်ေသးေပမဲ႕ ကုိယ္၀န္ ကေတာ႕ ၆လလြယ္ထားေနပါၿပီ အစပုိင္းမွာ ထုိးသတ္ေနတာေတြကုိ မၾကည္႕ရဲတဲ႕Jinkee ဟာ ေနာက္ပုိင္းမွာေတာ႕ ေန႕တုိင္း ေလ႕က်င္႕ေရးကြင္းကုိ ေယာက္က်ားၿဖစ္သူနဲ႕ အတူတူလုိက္ပါၿမဲလုိက္ပါခဲ႕ပါတယ္။

ဖိလစ္ပုိင္မွာ ထုိးသတ္စရာ လူကုန္သြားခ်ိန္မွာေတာ႕ သူ႕မန္ေနဂ်ာနဲ႕ အဖြဲ႕ဟာ ေရြးခ်ယ္စရာ အေမရိက ကုိသာ ဦးတည္လုိက္ၾကပါေတာ႕တယ္။ အဲဒီမွာ နုိင္ငံတစ္ကာ၀င္ဆန္႕ဘုိ႕ သူ႕ မန္ေနဂ်ာ Rod Nazario က Trainer ေကာင္းေကာင္းကုိ လုိက္ရွာရင္းနဲ႕ ေနာက္ဆုံးမွာေတာ႕ Los Angeles (L.A) Wildcard Boxing Club မွာ ကုိယ္တုိင္ထုိးသတ္ ေအာင္ၿမင္ခဲ႕သူ Freddie Roach
နဲ႕ ေတြ႕တယ္။ Boxing မွာ ေနာက္ထပ္ မုိဟာမက္ အလီ လုိေကာင္ ထပ္ မေပၚနုိင္ဘူး လုိ႕ ဘယ္သူမွမေၿပာနုိင္ဘူးလုိ႕ ငါက ေၿပာေနတုန္း မွာဘဲ ငါတုိ႕ ၾကုိး၀ုိင္းကုိ လူေကာင္ေသးေသး အသားညုိညုိ အာရွသား ေကာင္ေလးေရာက္ လာတယ္။

Freddie က လက္ေ၀ွ႕သမားေတြရဲ႕ ထုိးသတ္ရာ Punch ေတြကုိ လက္အိပ္ Mitts လက္ခံ ေလ႕က်င္႕တာ ေတာ္တယ္လုိ႕နာမည္ ၾကီးတာနဲ႕ မန္နီနဲ႕ ဖရက္ဒီတုိ႕ စမ္းၾကခ်ိန္မွာ  ၁၀ မိနစ္အတြင္းမွာ သူတုိ႕၂ဦး ငယ္ေပါင္းၾကီးေဖာ္ ညီရင္းအစ္ကုိသဖြယ္ ရင္းႏွီးသြားၾကတာ က လဲ  မန္နီေၿပာသလုိ ဘုရားသခင္ရဲ႕ အလုိေတာ္အတုိင္းလုိ႕ဆုိရမယ္။ မန္နီ နဲ႕ Trainer ဖရက္ဒီတုိ႕ လက္ေ၀ွ႕ကုိ ခ်စ္ခင္တဲ႕ႏွလုံးသားေတြထပ္တူက်ခ်က္က ေတာ႕ ေၿပာစမတ္တြင္ေလာက္ေအာင္ကုိ အတြဲညီၾကၿခင္း ပါဘဲ။ မန္နီ ေအာင္ၿမင္မွဳရဲ႕ ေနာက္ကြယ္က ေသာ႕ခ်က္ဟာ ဖရက္ဒီဆုိတာၿငင္းမရဘူး ။

ပထမဆုံး အေမရိက ေၾကးစား Fight ဟာ ၿပင္ဆင္ခ်ိန္မရတဲ႕ IBF Bantanweight Champion  ေတာင္အာဖရိကသား Lehlo Ledwaba နဲ႕ ဘဲၿဖစ္တယ္ ။ သူ႕ထက္ reach ၃လကၼ ပုိတဲ႕ လူမည္း ခ်န္ပီယံ 22 ေပါင္တန္းမွာ ေၾကာက္စရာအေကာင္းဆုံး ၿပုိင္ဘက္ ကုိ အေမရိက ေရာက္လုိ႕ ၁၀ ရက္ သာ ၿပင္ဆင္ခ်ိန္ရတဲ႕ မန္နီက MGM လက္ေ၀ွ႕ကြင္းထဲမွာ ပြဲစထဲက ထုိးခ်က္ၿပင္းၿပင္းေတြ နဲ႕ တစ္ခ်ီမွ နလံမထူေအာင္ထုိးသတ္ခဲ႕ၿပီး ခ်န္ပီယံၿဖစ္သြားခ်ိန္မွာ ခေလးသူငယ္ေတြရဲ႕ ေမွ်ာ္လင္႕ခ်က္ေတြရတဲ႕ မ်က္လုံး အၿပဳံးနဲ႕ ေပ်ာ္ရႊင္ၿခင္းေတြကုိ  Manny ဆီမွာ က်ေနာ္ တို႕ စေတြ႕ရေတာ႕တာပါဘဲ ။

စိန္ေခၚသူ မန္နီဟာဲက ေနာက္တစ္ဆင္႕တက္ Barrera ကုိ ဒုိင္ပြဲရပ္ နဲ႕ အနုိင္ရၿပန္တယ္။ ထုိးသတ္ေၾကးေငြ ေဒၚလာ ၇သိန္းထဲက ၃သိန္းစတင္ရရွိပါေတာ တယ္။ ဒီပြဲ အၿပီးမွာေတာ႕ ဘ၀ဒဏ္ရာေတြကုိ စိတ္တင္းထားတဲ႕ မန္နီတစ္ေယာက္  ၀မ္းသာ၀မ္းနည္း ထိန္းမထားနုိင္ေတာ႕ဘဲ ခ်ဳံးပြဲခ် Broke down and cried ငုိေၾကြးခဲ႕တယ္ဗ်။ ေနာက္ပုိင္းမွာ ရွဳံးပြဲၾကဳံပါတယ္ Morales ကုိ ဘယ္၀ုိက္လက္သီး အားကုိးနဲ႕ အနုိင္ယူမယ္ ၾကံထားတဲ႕ မန္နီ အလူးအလဲ ခံရၿပီး ရွဳံးခဲ႕ခ်ိန္မွာ နည္းစနစ္ ဖရက္ဒီ ၿပဳၿပင္ၿပီး ဘက္လက္သီး စြမ္းရည္ ကုိ ၿမွင္႕တင္ေပးရၿပန္တယ္။ နည္းၿပရဲ႕ ဆြဲထုတ္နုိင္သေလာက္ထုတ္ တုိင္း လုိက္နာ တတ္သူ မန္နီ ေၾကာင္႕လဲ သူတုိ႕၂ေယာက္ ေရွ႕ဆက္ ေအာင္ပြဲေတြ ဆက္တုိက္နဲ႕ကမၻာမွာ ၈ၾကိမ္တိတိ အေလးခ်ိန္ ၀ိတ္ေတြတုိးေၿပာင္း ၀ိတ္တန္းတက္ထုိး ေအာင္ၿမင္မွဳ သရဖူ
ေဆာင္း တာကုိ Guiness Book Records ၀င္ တဲ႕ အထိ မန္နီ ဟာ ေအာင္ၿမင္ခဲ႕ပါေတာ႕တယ္။

ေၿပာရရင္ေတာ႕ မုိဟာ မက္ အလီထက္ ပုိၿပီး ရုိးသား ပြင္႕လင္း သူ အၿပဳံးခ်ုိခ်ဳိ နဲ႕ ဆင္းရဲမြဲေတ စားစရာမရွိ Underdog ဘ၀ ကေန မီလ်ံနာ ၿဖစ္လာသူ လႊတ္ေတာ္အမတ္ ၿမုိ႕ေတာ္၀န္ အၿပင္ ဘာသာတရားအလြန္းကုိင္းရွုိင္းသူ ၿဖစ္တာမုိ႕ မန္နီ ဟာ ဖိလစ္ပုိင္ တစ္နုိင္ငံလုံး ရဲ႕ အာဇာနည္ Icon ဂုဏ္သိကၡာ ေတြကုိ ပခုံး ထက္ ထမ္း ရသူ National Hero ၿဖစ္လာပါေတာ႕တယ္။ မန္နီ ထုိးသတ္တဲ႕ေန႕ေတြမွာဆုိ ဖိလစ္ပုိင္ တစ္တုိင္းၿပည္လုံး လမ္းေပၚမွာမရွိေတာ႕ဘဲ  TV ဖန္လ္ သားၿပင္ ထက္ကုိ ေရာက္ေနၾကေတာ႕တယ္။ ရာဇ၀တ္မွဳ မၿဖစ္ဘူး ၊ ေနာက္ဆုံး မြတ္စလင္ သူပုန္ အဘူဆာရိတ္တုိ႕ေတာင္မွာ အစုိးရတပ္ နဲ႕ Cesae Fire လုပ္ၿပီး လက္ေ၀ွ႕ပြဲကုိ အားေပးၾကတဲ႕ အထိ ကုိ မန္နီကုိ ခ်စ္ၾကတယ္။

ရုိးသား ပြင္႕လင္းတဲ႕ မန္နီက ဆင္းရဲမြဲေတလွတဲ႕ သူတို႕ နယ္အတြက္ လႊတ္ေတာ္ကုိယ္စားလွယ္ အၿဖစ္အေရြးခံတာ အနုိင္ရၿပန္တယ္ ပထမဆုံး လူေတြ လုိအပ္လွတဲ႕ နယ္ေဆးရုံၾကီးတစ္ခုကုိ ရေအာင္ လုပ္ေပးနုိင္ခဲ႕တယ္။ ၅ႏွစ္တစ္ၾကိမ္ ေရြးေကာက္ပြဲမွာ ၂၀၁၃ မွာ ထပ္ေရြးခံရလုိ႕ ၂၀၁၈ အထိ တာ၀န္ ထမ္းေဆာင္ေနဦးမယ္႕ မန္နီတစ္ေယာက္ ေၿခာက္ပစ္ကင္း သဲလဲစင္ေတာ႕ မဟုတ္ခဲ႕ဘူး။ေငြေၾကးခ်မ္းသာ လာေတာ႕ မန္နီ ဟာ ေလာင္းကစားႏြယ္လာတယ္ ၊ အိမ္ေထာင္ေရးေဖာက္ၿပန္လာပါေတာ႕တယ္။ လက္ေ၀ွ႕ပြဲေတြတုိင္း လုိက္လာ အားေပးေနၾက Jinkee မလုိက္လာေတာ႕ပါဘူး၊ မန္နီ အသက္ၾကီး လာၿပီး အလုပ္ေတြ မ်ားလာေပမဲ႕ စနစ္တက်ေလ႕က်င္႕ အလုပ္ေတြ လုပ္ေနနုိင္တုန္းေပမဲ႕ အိမ္ေထာင္ေရး အက္ကြဲမွဳ ေၾကာင္႕ ယုိယြင္းလာတဲ႕ မိသားစု အေၿခအေနကုိ အခ်ိန္မီ ထိန္းေၾကာင္းဘုိ႕ ဘုရားသခင္ထံ မိမိကုိယ္ကုိ ကုိထပ္မံ အပ္ႏွံ အမိန္႕နာခံ ၿပီး ေလာင္းကစား ပြဲေတြ မိန္းမေခ်ာေလးေတြကုိ မန္နီ စြန္႕လႊတ္ခဲ႕ၿပီး ငယ္ေပါင္း Jinkee ကလဲ ခြင္႕လႊတ္ခဲ႕ၿပန္ေတာ႕ မန္နီ ရဲ႕ ခေလးငယ္တစ္ေယာက္ရဲ႕ အၿပဳံးနဲ႕ မ်က္လုံးေတြကုိ  က်ေနာ္တို႕ ၿပန္ၿမင္ရၿပန္တယ္ ။

နာမည္ၾကီးလာေတာ႕႔ Finacial Adviser ေတြ ေအးဂ်င္႕ေတြငွားရန္းလုိ႕ ေၾကာ္ၿငာ ေတြ Interview ေတြ မ်ဳိးစုံ ေနရာ အႏွံ႕ မွာ everybody wants a piece of Manny ၿဖစ္လာတဲ႕ အၿပင္ ေနာက္ဆုံး ထုိးသတ္ ပြဲမွာ သန္း ၇၀ ေက်ာ္ ကေန ၁၀၀ နီးပါ အခေၾကးေငြ ရလာတဲ႕ ဖိနပ္မပါဘဲ ေၿပးသူ ၊ အ၀တ္ ထုတ္ေတြ နဲ႕ လက္ေ၀ွ႕ထုိးက်င္႕သူ  ၃ရက္ေလာက္ထမင္းငတ္ခံ ၿပီး ၿမုိ႕ၾကီးၿပၾကီးကုိ စြန္႕ထြက္ခဲ႕သူ  အေမရိက ကုိေရာက္ၿပီး ၁၀ ရက္ အၾကာ မွာ ေအာင္ၿမင္မွဳရသူ မိသားစု အေပၚ သံေယာဇဥ္အလြန္ၾကီးလြန္းသူ ဘုရားသခင္ ကုိ အထူး ယုံၾကည္ကုိးကြယ္သူ  မန္နီ ပတ္ကေရာင္း ရဲ႕ လူသား ဘ၀ ေန၀င္ခ်ိန္ မွာ ……
သူ႕ေရွ႕က ေနာင္ေတာ္ၾကီးေတြ လုိဘဲ လက္ေ၀ွ႕ဒဏ္ေၾကာင္႕
ဦးေႏွာက္ ေၾကာေတြ ဆုိင္းတဲ႕ ေရာဂါၿဖစ္မလား
ေအာင္ၿမင္မွဳ ေငြေၾကး ေလာင္းကစား မိန္းမ အဖ်က္ဒဏ္ ေတြကုိ ေက်ာ္လႊားနုိင္မလား
ဆင္းရဲတဲ႕ သူတုိ႕ နယ္က လူအမ်ားေကာင္းက်ဳိး ဆထက္တံပုိးတုိး ထမ္းရြက္နုိင္မလား..
ဆုိတာကေတာ႕ အခုမွ ၃၉ ႏွစ္ၿပည္႕မဲ႕ မန္နီ အတြက္ေတာ႕သက္ေသၿပရန္ အခ်ိန္ေတြ အမ်ားၾကီး က်န္ေန ပါ ေသးတယ္လုိ႕ဘဲ ေၿပာရေပေတာ႕မည္။

စ်ာန္၀င္ခံစား အားက်ေစလုိၿခင္း ေစတနာ ၿဖင္႕ မွ်ေ၀ခံစားေပးလုိက္ရပါသည္။

REF: Manny The Movie
With Love
Yar Zu

————————-

မန်နီ ပတ်ကွီအို ဘယ်လိုဖြစ်လာခဲ့သလဲ (unicode)

Witten By Yar Zu

မန်နီကို ၁၉၇၈ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ဖိလစ်ပိုင်ကျွန်းစု တောင်ပိုင်းက  General Santos City Sarangani Province မှာမွေးဖွားခဲ့တယ်။  သူ့ကို မွေးတော့ ဖာဒီနန်မားကို့စ်ဆိုတဲ့အာဏာရှင်ကြီးက စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေချိန် တောင်ပိုင်း ဖိလစ်ပိုင်းကျွန်းစုတွေမှာသူပုန်ထ ကောင်းနေပြီးတစ်တိုင်းပြည်လုံး ဆင်းရဲမွဲတေ သွေးထွက်သံယိ်ုမှုတွေ နေရာအနှံ့ပြားဖြစ်နေချိန်မှာပါ။

ခလေးတွေ အများကြီး မွေးပြီး တံငါရွာကလေးက တောထဲက အုန်းလက်ကလေးတွေနဲ့ကာရံထားတဲ့ တဲစုပ်ကလေးမှာ မွေးချင်းတွေ အများကြီး (၈ယောက်နဲ့ ) မန်နီတစ်ယောက် ထမင်းအကြိမ်ကြိမ်ငတ်ခဲ့တယ်။ သူ့အဖေက သူတို့ကို သိတ်ပြန်မကြည့်လို့ သူ့အမေနဲ့အတူ မိသားစု အတွက်သူက တာဝန် ကို ငယ်ငယ်လေးနဲ့ ယူခဲ့ရတဲ့သူပါဘဲ။ သူပြန်သွားကြည့်တော့ သူတို့နေအိမ်လေးမရှိတော့ပါဘူး။

တံငါရွာလေး မှာ တစ်နေကုန် ငါးပိုက်တန်းတွေ မှာ ပင်ပင်ပန်းပန်းပိုက်ဆွဲ မှ အိမ်အပြန်ငါးတစ်ချို့ကို လုပ်အားခအဖြစ်ရခဲ့အရွယ်လောက်ကထဲက အမေအားကိုးရတယ်လူလေး မန်နီပါဘဲ။ ၆တန်းအရောက်မှာတော့ ကျောင်းဆက်မတက်နိုင်တော့လို့ မန်နီကျောင်းထွက်ပြီး ညီအစ်မောင်နှမတွေအတွက် လမ်းဘေးမှာ ဒိုးနပ်တွေ လိုက်ရောင်း ရင်း အသက်မွေးဝမ်းကျောင်းခဲ့ပြန်တယ်။ ဒါပေမဲ့ ပိုမိုဆင်းရဲလာလို့ နေစရာမရှိတော့တာနဲ့ နောက်ဆုံး ဦးလေး နေအိမ် လေးကို သူတို့အားလုံးပြောင်းရွှေ့ခဲ့ကြပြန်ပါတယ်။

အဲဒီမှာ ကျောင်းမထားနိုင်လို့ မန်နီကို ၁၂နှစ်သား အရွယ်မှာ သူ့ဦးလေးက လက်ဝှေ့စထိုးသင်ပေးခဲ့ရာကနေ အစပြုတယ်ပြောရမယ် ။ အဝတ်စုတ်တွေနဲ့ လုပ်ထားတဲ့ လက်ဝှေ့အိပ်ကလေးတွေကိုသူ့ဦးလေးက ယနေ့ထက်တိုင် အမှတ်တရ သိမ်းထားဆဲပါဘဲ။ သူက သက်လုံကောင်းဘို့ အပြေးလေ့ကျင့်ချိန်မှာ ဖိနပ်မပါဘဲ ပြေးခဲ့ရတဲ့အထိ ဒူပေဒဏ်ပေခံနိုင်ခဲ့တယ်။

တနင်္ဂနွေ နေ့လေး တစ်ရက် ပန်းခြံထဲက အားကစားပွဲ လက်ဝှေ့ပွဲမှာ ဦးလေးက နာမည်စာရင်းပေးခဲ့တော့ မန်နီဝင်ထိုးဖြစ်တယ် ဒီပွဲမှာလဲ ပြိုင်ဘက်တွေကို အပြတ်စော် ပြီး ပထမဆုံး နိုင်တဲ့ ပွဲမှာ ဆုကြေး 100 peso (USD 2 dollar) သာ ရခဲ့တာပါ ။ အဲဒီနောက်ပိုင်း အနိုင်နဲ့ ငွေကြေး ကို သူ အရသာတွေ့လာတယ်။ မန်နီ ဆက်တိုက် နိုင်လာတယ်။ မှတ်မှတ်ရရ Mindanao Open မှာ တစ်ပတ်လုံးလုံး  သူတစ်ယောက်ပြီးတစ်ယောက် ကို သူစိန် ခေါ် ထိုးသတ် အောင် နိုင်ခဲ့တယ်။  သူပထမဆုံး ရွှေတံဆိပ်ဆုရခဲ့တာပါဘဲ။

ဘဝမှာမျှော်လင့်ချက်နည်းတော့ လက်ဝှေ့ဟာ သူနဲ့ သူအမေ မိသားစု တို့ဘဝ ကို ဆင်းရဲတွင်းကလွတ်စေမယ်လို့သူယုံကြည်ခဲ့တယ်။ အသက် ၁၃နှစ် အရွယ်မှာတော့ သူတို့ င်္မေးရပ်ကနေ ၃ရက်ကျော်ကြာမောင်းသွားရတဲ့ ပြည်တွင်း ကုန် သင်္ဘောလေးပေါ်မှာ ခိုးလိုက်ခဲ့ရင်း မြို့တော်မနီလာကို သူထွက်ခွာခဲ့တော့တယ်။ ပိုက်ဆံတစ်ပြားမှမပါ လို့ ထမင်းစားစရာတောင်မရှိတဲ့မန်နီတစ်ယောက် မြို့ပေါ်ရောက်တော့ မော်တော်ကားတစ်ခါမှ မမြင်ဘူးလို့ အရမ်းကြောက်လန့်ခဲ့ရသလို ။ TV လဲမမြင်ဘူး တော့ TV အနောက်ဘက် က အပေါက်လေး ချောင်းကြည့်ရတဲ့ အဖြစ်ပါဘဲ။ နေစရာမရှိတော့ ညနေ သူများတွေ အိမ်ပြန်ချိန်မှာ  Boxing Ring ကြိုးဝိုင်း လေ့ကျင့်ကွင်းမှာ ညအိပ်ဘို့ ကပ်နေခဲ့တယ်။

မာမား သားတော့ အမေ့မသိအောင် မနီလာကို ခိုးထွက်လာပြီ ရှင်သန်နေပါတယ်။ သားတို့ မိသားစု ဆင်းရဲတွင်းက လွတ်စေမယ်။ ခွင့်တောင်းရင် အမေက ပေးသွားမှာ မဟုတ်လို့ သား ခိုးထွက်လာတာကို ခွင့်လွှတ်ပါ လက်ဝှေ့ထိုးရင်း ငွေရှာမယ် လို့ အမေ့ဆီရေးတဲ့စာကို ရမှ သူ့အမေခင်ဗျာ သိတတ်တဲ့ သားလေး အတွက် စိတ်ပူ သောက ဖြစ်ရရှာတယ်။

သူ့ကို ပထမဆုံး လေ့ကျင့် ပေးတဲ့ဆရာ ကပြောတယ်။  မန်နီက ဘာမှစဉ်းစားမနေတတ်ဘူး နိုင်ဘို့ဘဲ ။ နည်းစနစ်လဲ ဘေးချိတ်ပြီး ဘဲလ်တီးတာနဲ့ ဒေါသပုန်ထ ပြိုင်ဘက်ကို ဆက်တိုက် သူ့ရဲ့လျင်မြန်လွန်းတဲ့လက်သီးတွေတစ်ရစပ် ပစ်သွင်း  ထိုးသတ်တာကိုပြိုင်ဘက်တော်တော်များများတောင့်မခံနိုင်ဘဲ လဲကုန်ကြတာဘဲလို့ဆိုပါတယ်။ သူ့ကို ကြေးစား ဘဝ ရောက်ဘို့ရာ ထိုးသတ်ခွင့်လိုင်စင်ကို လုပ်ချိန်မှာ လိုအပ်ချက်က အသက် ၁၈နှစ်ပြည့်ပြီး ပေါင်ချိန် ၁၀၈ပေါင် အနည်းဆုံးရှိရမဲ့ အချိန်မှာ မန်နီက ၁၆နှစ်သား လူဗလံ ၉၈ပေါင်သာ ရှိပါတယ်။  တောနယ်လေးမှာမွေးလို့ မွေးစာရင်းမရှိသူ မန်နီက ၁၈နှစ်သားလို့လိမ်ပြီး ပေါင်ချိန်တိုင်း ဘောင်းဘီအိပ်ထဲ အလေးတွေထည့်ပြီး လိမ်ခဲ့ပြီး စောစောစီးစီး ကြိုးဝိုင်းထဲဝင်လာသူ မန်နီဟာ  သူ့ထက် အကောင်ကြီးသူတွေ တိုင်းကို ဖြိုခဲ့ရာကနေ  ဖိလစ်ပိုင် ပြည်တွင်း လက်ဝှေ့ ပွဲတွေမှာ ပက်ကရောင်း ပက်ကရောင်း နဲ့ နာမည်ကြီးလာပါတယ်။

သူ ၁၉ နှစ် အရွယ်မှာ OPBF Champion ဖြစ်လာတယ်။  ချန်ပီယံဖြစ်ချိန်မှာတော့ သူ့ဇနီးဖြစ်လာမဲ့Jinkee နဲ့ ချစ်သူဘဝ ရောက်နေပါပြီ။  ကျမ မိသားစု က မေးတယ် လက်ဝှေ့သမားတစ်ယောက်က မင်းကို ဘယ်လို လူတစ်လုံး သူတစ်လုံးဖြစ်စေမလဲဆိုတဲ့ မေးခွန်း ကို မဖြေနိုင်ခဲ့ဘူး။ သူမ ပထမဆုံး လာကြည့်ဖြစ်ချိန်မှာ သူတို့ အိမ်ထောင်မကျသေးပေမဲ့ ကိုယ်ဝန် ကတော့ ၆လလွယ်ထားနေပါပြီ အစပိုင်းမှာ ထိုးသတ်နေတာတွေကို မကြည့်ရဲတဲ့Jinkee ဟာ နောက်ပိုင်းမှာတော့ နေ့တိုင်း လေ့ကျင့်ရေးကွင်းကို ယောက်ကျားဖြစ်သူနဲ့ အတူတူလိုက်ပါမြဲလိုက်ပါခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ ထိုးသတ်စရာ လူကုန်သွားချိန်မှာတော့ သူ့မန်နေဂျာနဲ့ အဖွဲ့ဟာ ရွေးချယ်စရာ အမေရိက ကိုသာ ဦးတည်လိုက်ကြပါတော့တယ်။ အဲဒီမှာ နိုင်ငံတစ်ကာဝင်ဆန့်ဘို့ သူ့ မန်နေဂျာ Rod Nazario က Trainer ကောင်းကောင်းကို လိုက်ရှာရင်းနဲ့ နောက်ဆုံးမှာတော့ Los Angeles (L.A) Wildcard Boxing Club မှာ ကိုယ်တိုင်ထိုးသတ် အောင်မြင်ခဲ့သူ Freddie Roach
နဲ့ တွေ့တယ်။ Boxing မှာ နောက်ထပ် မိုဟာမက် အလီ လိုကောင် ထပ် မပေါ်နိုင်ဘူး လို့ ဘယ်သူမှမပြောနိုင်ဘူးလို့ ငါက ပြောနေတုန်း မှာဘဲ ငါတို့ ကြိုးဝိုင်းကို လူကောင်သေးသေး အသားညိုညို အာရှသား ကောင်လေးရောက် လာတယ်။

Freddie က လက်ဝှေ့သမားတွေရဲ့ ထိုးသတ်ရာ Punch တွေကို လက်အိပ် Mitts လက်ခံ လေ့ကျင့်တာ တော်တယ်လို့နာမည် ကြီးတာနဲ့ မန်နီနဲ့ ဖရက်ဒီတို့ စမ်းကြချိန်မှာ  ၁၀ မိနစ်အတွင်းမှာ သူတို့၂ဦး ငယ်ပေါင်းကြီးဖော် ညီရင်းအစ်ကိုသဖွယ် ရင်းနှီးသွားကြတာ က လဲ  မန်နီပြောသလို ဘုရားသခင်ရဲ့ အလိုတော်အတိုင်းလို့ဆိုရမယ်။ မန်နီ နဲ့ Trainer ဖရက်ဒီတို့ လက်ဝှေ့ကို ချစ်ခင်တဲ့နှလုံးသားတွေထပ်တူကျချက်က တော့ ပြောစမတ်တွင်လောက်အောင်ကို အတွဲညီကြခြင်း ပါဘဲ။ မန်နီ အောင်မြင်မှုရဲ့ နောက်ကွယ်က သော့ချက်ဟာ ဖရက်ဒီဆိုတာငြင်းမရဘူး ။

ပထမဆုံး အမေရိက ကြေးစား Fight ဟာ ပြင်ဆင်ချိန်မရတဲ့ IBF Bantanweight Champion  တောင်အာဖရိကသား Lehlo Ledwaba နဲ့ ဘဲဖြစ်တယ် ။ သူ့ထက် reach ၃လက္မ ပိုတဲ့ လူမည်း ချန်ပီယံ 22 ပေါင်တန်းမှာ ကြောက်စရာအကောင်းဆုံး ပြိုင်ဘက် ကို အမေရိက ရောက်လို့ ၁၀ ရက် သာ ပြင်ဆင်ချိန်ရတဲ့ မန်နီက MGM လက်ဝှေ့ကွင်းထဲမှာ ပွဲစထဲက ထိုးချက်ပြင်းပြင်းတွေ နဲ့ တစ်ချီမှ နလံမထူအောင်ထိုးသတ်ခဲ့ပြီး ချန်ပီယံဖြစ်သွားချိန်မှာ ခလေးသူငယ်တွေရဲ့ မျှော်လင့်ချက်တွေရတဲ့ မျက်လုံး အပြုံးနဲ့ ပျော်ရွှင်ခြင်းတွေကို  Manny ဆီမှာ ကျနော် တို့ စတွေ့ရတော့တာပါဘဲ ။

စိန်ခေါ်သူ မန်နီဟာဲက နောက်တစ်ဆင့်တက် Barrera ကို ဒိုင်ပွဲရပ် နဲ့ အနိုင်ရပြန်တယ်။ ထိုးသတ်ကြေးငွေ ဒေါ်လာ ၇သိန်းထဲက ၃သိန်းစတင်ရရှိပါတော တယ်။ ဒီပွဲ အပြီးမှာတော့ ဘဝဒဏ်ရာတွေကို စိတ်တင်းထားတဲ့ မန်နီတစ်ယောက်  ဝမ်းသာဝမ်းနည်း ထိန်းမထားနိုင်တော့ဘဲ ချုံးပွဲချ Broke down and cried ငိုကြွေးခဲ့တယ်ဗျ။ နောက်ပိုင်းမှာ ရှုံးပွဲကြုံပါတယ် Morales ကို ဘယ်ဝိုက်လက်သီး အားကိုးနဲ့ အနိုင်ယူမယ် ကြံထားတဲ့ မန်နီ အလူးအလဲ ခံရပြီး ရှုံးခဲ့ချိန်မှာ နည်းစနစ် ဖရက်ဒီ ပြုပြင်ပြီး ဘက်လက်သီး စွမ်းရည် ကို မြှင့်တင်ပေးရပြန်တယ်။ နည်းပြရဲ့ ဆွဲထုတ်နိုင်သလောက်ထုတ် တိုင်း လိုက်နာ တတ်သူ မန်နီ ကြောင့်လဲ သူတို့၂ယောက် ရှေ့ဆက် အောင်ပွဲတွေ ဆက်တိုက်နဲ့ကမ္ဘာမှာ ၈ကြိမ်တိတိ အလေးချိန် ဝိတ်တွေတိုးပြောင်း ဝိတ်တန်းတက်ထိုး အောင်မြင်မှု သရဖူ
ဆောင်း တာကို Guiness Book Records ဝင် တဲ့ အထိ မန်နီ ဟာ အောင်မြင်ခဲ့ပါတော့တယ်။

ပြောရရင်တော့ မိုဟာ မက် အလီထက် ပိုပြီး ရိုးသား ပွင့်လင်း သူ အပြုံးချိုချို နဲ့ ဆင်းရဲမွဲတေ စားစရာမရှိ Underdog ဘဝ ကနေ မီလျံနာ ဖြစ်လာသူ လွှတ်တော်အမတ် မြို့တော်ဝန် အပြင် ဘာသာတရားအလွန်းကိုင်းရှိုင်းသူ ဖြစ်တာမို့ မန်နီ ဟာ ဖိလစ်ပိုင် တစ်နိုင်ငံလုံး ရဲ့ အာဇာနည် Icon ဂုဏ်သိက္ခာ တွေကို ပခုံး ထက် ထမ်း ရသူ National Hero ဖြစ်လာပါတော့တယ်။ မန်နီ ထိုးသတ်တဲ့နေ့တွေမှာဆို ဖိလစ်ပိုင် တစ်တိုင်းပြည်လုံး လမ်းပေါ်မှာမရှိတော့ဘဲ  TV ဖန်လ် သားပြင် ထက်ကို ရောက်နေကြတော့တယ်။ ရာဇဝတ်မှု မဖြစ်ဘူး ၊ နောက်ဆုံး မွတ်စလင် သူပုန် အဘူဆာရိတ်တို့တောင်မှာ အစိုးရတပ် နဲ့ Cesae Fire လုပ်ပြီး လက်ဝှေ့ပွဲကို အားပေးကြတဲ့ အထိ ကို မန်နီကို ချစ်ကြတယ်။

ရိုးသား ပွင့်လင်းတဲ့ မန်နီက ဆင်းရဲမွဲတေလှတဲ့ သူတို့ နယ်အတွက် လွှတ်တော်ကိုယ်စားလှယ် အဖြစ်အရွေးခံတာ အနိုင်ရပြန်တယ် ပထမဆုံး လူတွေ လိုအပ်လှတဲ့ နယ်ဆေးရုံကြီးတစ်ခုကို ရအောင် လုပ်ပေးနိုင်ခဲ့တယ်။ ၅နှစ်တစ်ကြိမ် ရွေးကောက်ပွဲမှာ ၂၀၁၃ မှာ ထပ်ရွေးခံရလို့ ၂၀၁၈ အထိ တာဝန် ထမ်းဆောင်နေဦးမယ့် မန်နီတစ်ယောက် ခြောက်ပစ်ကင်း သဲလဲစင်တော့ မဟုတ်ခဲ့ဘူး။ငွေကြေးချမ်းသာ လာတော့ မန်နီ ဟာ လောင်းကစားနွယ်လာတယ် ၊ အိမ်ထောင်ရေးဖောက်ပြန်လာပါတော့တယ်။ လက်ဝှေ့ပွဲတွေတိုင်း လိုက်လာ အားပေးနေကြ Jinkee မလိုက်လာတော့ပါဘူး၊ မန်နီ အသက်ကြီး လာပြီး အလုပ်တွေ များလာပေမဲ့ စနစ်တကျလေ့ကျင့် အလုပ်တွေ လုပ်နေနိုင်တုန်းပေမဲ့ အိမ်ထောင်ရေး အက်ကွဲမှု ကြောင့် ယိုယွင်းလာတဲ့ မိသားစု အခြေအနေကို အချိန်မီ ထိန်းကြောင်းဘို့ ဘုရားသခင်ထံ မိမိကိုယ်ကို ကိုထပ်မံ အပ်နှံ အမိန့်နာခံ ပြီး လောင်းကစား ပွဲတွေ မိန်းမချောလေးတွေကို မန်နီ စွန့်လွှတ်ခဲ့ပြီး ငယ်ပေါင်း Jinkee ကလဲ ခွင့်လွှတ်ခဲ့ပြန်တော့ မန်နီ ရဲ့ ခလေးငယ်တစ်ယောက်ရဲ့ အပြုံးနဲ့ မျက်လုံးတွေကို  ကျနော်တို့ ပြန်မြင်ရပြန်တယ် ။

နာမည်ကြီးလာတော့ Finacial Adviser တွေ အေးဂျင့်တွေငှားရန်းလို့ ကြော်ငြာ တွေ Interview တွေ မျိုးစုံ နေရာ အနှံ့ မှာ everybody wants a piece of Manny ဖြစ်လာတဲ့ အပြင် နောက်ဆုံး ထိုးသတ် ပွဲမှာ သန်း ၇၀ ကျော် ကနေ ၁၀ဝ နီးပါ အခကြေးငွေ ရလာတဲ့ ဖိနပ်မပါဘဲ ပြေးသူ ၊ အဝတ် ထုတ်တွေ နဲ့ လက်ဝှေ့ထိုးကျင့်သူ  ၃ရက်လောက်ထမင်းငတ်ခံ ပြီး မြို့ကြီးပြကြီးကို စွန့်ထွက်ခဲ့သူ  အမေရိက ကိုရောက်ပြီး ၁၀ ရက် အကြာ မှာ အောင်မြင်မှုရသူ မိသားစု အပေါ် သံယောဇဉ်အလွန်ကြီးလွန်းသူ ဘုရားသခင် ကို အထူး ယုံကြည်ကိုးကွယ်သူ  မန်နီ ပတ်ကရောင်း ရဲ့ လူသား ဘဝ နေဝင်ချိန် မှာ ……
သူ့ရှေ့က နောင်တော်ကြီးတွေ လိုဘဲ လက်ဝှေ့ဒဏ်ကြောင့်
ဦးနှောက် ကြောတွေ ဆိုင်းတဲ့ ရောဂါဖြစ်မလား
အောင်မြင်မှု ငွေကြေး လောင်းကစား မိန်းမ အဖျက်ဒဏ် တွေကို ကျော်လွှားနိုင်မလား
ဆင်းရဲတဲ့ သူတို့ နယ်က လူအများကောင်းကျိုး ဆထက်တံပိုးတိုး ထမ်းရွက်နိုင်မလား..
ဆိုတာကတော့ အခုမှ ၃၉ နှစ်ပြည့်မဲ့ မန်နီ အတွက်တော့သက်သေပြရန် အချိန်တွေ အများကြီး ကျန်နေ ပါ သေးတယ်လို့ဘဲ ပြောရပေတော့မည်။

ဈာန်ဝင်ခံစား အားကျစေလိုခြင်း စေတနာ ဖြင့် မျှဝေခံစားပေးလိုက်ရပါသည်။

REF: Manny The Movie
With Love
Yar Zu

Leave a Reply