Air Con oယ္မယ္ဆို သိထားသင့္တဲ့ အခ်က္မ်ား

Posted on

1. Cooling Capacity (Btu/hr)
Air Con တစ္လံုးရဲ ႔ ေအးႏိုင္စြမ္း(Cooling Capacity) ကို Btu per hour(Btu/hr) ဒါမွမဟုတ္ kilo Watt(kW) နဲ႔ တိုင္းတာပါတယ္။ 1Btu ဆိုတာ 1pound ရွိတဲ့ ေရကို Temperature 1’Fahrenheit(F) တိုးေစဖို႔အတြက္ လိုအပ္တဲ့ အပူပမာဏပါ။ P(kW) = P(Btu/hr) / 3412.142
Btu/hr မ်ားလာတဲ့အေလ်ာက္ Air Con ရဲ႕ေစ်းႏွဳန္းကလဲလိုက္ျပီး မ်ားလာမွာပါ။
Horsepower(hp) က အေအးႏွဳန္းကို တိုင္းတဲ့ unit မဟုတ္ပါဘူး။
hp က Air Con compressor ကို ေမာင္းတဲ့ electric motor ရဲ႕ Rotational Power ကိုသာ ညႊန္းဆိုတာပါ။
1hp ရွိတဲ့ Air Con မွာ နည္းပညာပိုျမင့္မားလာေလ Cooling Capacity ပိုမ်ားလာေလပါ။
နိုင္ငံတကာမွာလဲ Air Con ေရာင္းရင္ Btu/hr နဲ႔သာ ေဖာ္ျပျပီး ေရာင္းခ်ၾကပါတယ္။

မိမိအခန္းအတြက္ လိုအပ္တဲ့ Btu/hr ကို “အၾကမ္းဖ်င္း” တြက္ၾကည့္ႏိုင္ပါတယ္။ တြက္နည္းမ်ားစြာ ရွိတဲ့ထဲကမွ လြယ္ကူမယ့္ “အၾကမ္းဖ်င္း” တြက္နည္းတစ္ခုပါ။
မိမိ သံုးမယ့္အခန္းရဲ႕ အလ်ား x အနံ square feet ကို 35 နဲ႔ ေျမွာက္ပါ။ ရလာတဲ့အေျဖက မိမိ အခန္းအတြက္ လိုအပ္တဲ့ Btu/hr ပါပဲ။
ဥပမာ 12 ေပx 15 ေပ အခန္းဆိုရင္ square feet က 180 ပါ။ 180 x 35 = 6300 Btu ခန္႔ လိုအပ္ပါတယ္။
အရိပ္က်တဲ့အခန္းမွာဆို ရလာတဲ့ Btu/hr ကို 10% ႏွဳတ္ပါ။
ေနေရာင္တိုက္ရိုက္က်တဲ့ အခန္းမွာဆို ရလာတဲ့ Btu/hr ကို 10% ထပ္ေပါင္းေပးပါ။
မီးဖိုေခ်ာင္မွာ သံုးမယ္ဆိုရင္ ရလာတဲ့ Btu/hr ကို 4000 ခန္႔ ထပ္ေပါင္းေပးပါ။
အခန္းထဲမွာ လူ ၁ ေယာက္ထပ္ ပိုေနမယ္ဆိုရင္ အခန္းဧရိယာအတြက္ တြက္ထားတဲ့ Btu/hr အျပင္ လူတစ္ဦးအတြက္ကို 600 Btu/hr ခန္႔စီ ထပ္ေပါင္းေပးပါ။

Toshiba ၁ေကာင္မွာ 8500Btu/hr ၊ ၁ေကာင္ခြဲမွာ 11600Btu/hr ၊၂ေကာင္မွာ 16400Btu/hr ၊ ၂ေကာင္ခြဲမွာ 21900Btu/hr အပူဖလွယ္ႏိုင္ပါတယ္။
Toshiba Inverter ၁ေကာင္မွာ 3753 မွ 10236Btu/hr ထိ ၊ ၁ေကာင္ခြဲမွာ 3753 မွ 13648Btu/hr ထိ ၊ ၂ေကာင္မွာ 3753 မွ 20472Btu/hr ထိ compressor speed ေပၚမူတည္ျပီး အပူဖလွယ္နိုင္ပါတယ္။

2. Energy Efficiency Ratio (EER)
EER ဆိုတာ Cooling Capacity(Btu/hr) ကို သံုးစြဲတဲ့ မီးအား Power Consumption(Watt) နဲ႔ စားထားတဲ့ အခ်ိဳးပါ။
EER မ်ားတဲ့ Air Con ေတြက ေရရွည္မွာ မီတာခ ကုန္က်စရိတ္ သက္သာပါတယ္။
EER မ်ားလာရင္ Air Con ေစ်းလဲ လိုက္မ်ားလာပါတယ္။
Air Con အမ်ားစုကေတာ့ EER 8.9 ကေန 10.7 ၾကားမွာ ရွိၾကပါတယ္။
Inverter type ေတြမွာဆို EER 12 ကေန 20 ဝန္းက်င္ ရွိၾကပါတယ္။
24 နာရီ 7 ရက္လံုး ဆက္တိုက္ အခ်ိန္ၾကာၾကာ သံုးရမယ့္ေနရာမ်ိဳးမွာဆို EER ျမင့္တဲ့ Air Con ကို ေရြးခ်ယ္၀ယ္ယူသင့္ပါတယ္။
မီးအားသံုးစြဲတဲ့ Watt(W) ကို လိုခ်င္ရင္ Btu/hr ကို EER နဲ႔ စားပါ။

Toshiba ၁ေကာင္မွာ EER 10.12 ၊ ၁ေကာင္ခြဲမွာ EER 9.35 ၊ ၂ေကာင္မွာ EER 9.11 ၊ ၂ေကာင္ခြဲမွာ EER10.5 ရွိပါတယ္။
Toshiba Inverter ၁ေကာင္မွာ EER 14.7 မွ 10.6 ထိ ၊ ၁ေကာင္ခြဲမွာ EER 15 မွ 10.2 ထိ ၊ ၂ေကာင္မွာ EER 20.8 မွ 10.2 ထိ ရွိပါတယ္။

3. Air Flow Rate
Indoor unit က ထြက္တဲ့ ေလထြက္နွဳန္း ကို cubic meter per hour (m³/h) နဲ႔ တိုင္းတာပါတယ္။ ေလထြက္ႏွဳန္းမ်ားေလ အေအးျမန္ေလပါ။

Toshiba ၁ေကာင္မွာ 540m³/h, ၁ေကာင္ခြဲမွာ 600m³/h, ၂ေကာင္မွာ 900m³/h, ၂ေကာင္ခြဲမွာ 1100m³/h ထြက္ရွိပါတယ္။

4. Noise
ဆူညံမႈဆိုတဲ့ေနရာမွာ indoor unit နဲ႔ outdoor unit ရဲ႕ဆူညံမွဳဆိုျပီး ၂ မ်ိဳး ရွိပါတယ္။
Indoor unit ရဲ႕ ပန္ကာက ေတာ္ေတာ္ဆူညံေနတယ္ဆိုရင္ သင္ညအိပ္ရင္ အေႏွာင့္အယွက္ ျဖစ္ေနမွာပါ။
Outdoor unit ကလည္း ျပတင္းေပါက္နဲ႔ နီးျပီး အသံက်ယ္ေနမယ္ဆိုရင္ အတြင္းကပင္ ဆူညံသံကို ၾကားေနရႏိုင္ပါတယ္။
ဆူညံမႈကို decibel(dB) နဲ႔ တိုင္းတာပါတယ္။ dB မ်ားေလ အသံပိုက်ယ္ေလပါ။

5. Inverter Type ၀ယ္မွာလား Non-Inverter Type ၀ယ္မွာလား

-Non-Inverter Type Air Con (Fixed Compressor Speed)
Non-Inverter type Air Con ရဲ႕compressor က သူ႔ရဲ႕ maximum speed တစ္မ်ိဳးတည္းနဲ႔ အလုပ္လုပ္တာပါ။ အလံုပိတ္အခန္းမွာ ကိုယ္လိုခ်င္တဲ့ အပူခ်ိန္ကို ေရာက္ျပီဆိုရင္ compressor ခဏ ရပ္သြားပါတယ္။ အပူခ်ိန္ အနည္းငယ္ျပန္တက္လာျပီဆိုရင္ compressor က သူ႔ရဲ႕အမ်ားဆံုး speed တစ္မ်ိဳးတည္း နဲ႔ပဲ ျပန္အလုပ္လုပ္ျခင္းျဖင့္ အခန္းအပူခ်ိန္ကို ထိန္းေပးပါတယ္။ Non-Inverter မွာ compressor ရပ္လိုက္ ဖြင့္လိုက္ လုပ္တဲ့အတြက္ အပူခ်ိန္ အတက္အက် ပိုသိသာပါတယ္။

-Inverter Type Air Con (Variable Compressor Speed)
Inverter Type Air Con ရဲ႕ compressor က speed အမ်ိဳးအမ်ိဳးနဲ႔ အလုပ္လုပ္ႏိုင္ပါတယ္။ သူက compressor ကို ရပ္မပစ္ပါဘူး။ Speed အတိုးအေလွ်ာ့လုပ္ျခင္းျဖင္႔ အခန္း အပူခ်ိန္ကို ထိန္းေပးတာပါ။Inverter Type Air Con က Non-Inverter Type Air Con ထက္ လွ်ပ္စစ္မီတာခ 30% ကေန 50% ထိ (Brand နဲ႔ Model ေပၚ မူတည္ျပီး) သက္သာေစပါတယ္။ Inverter Type Air Con က စဖြင့္ဖြင့္ျခင္း ကိုယ္လိုခ်င္တဲ့ အပူခ်ိန္ကို ပိုျမန္ျမန္ ရရွိေစပါတယ္။Inverter Type Air Con က အခန္းတြင္းအပူခ်ိန္ အတက္အက် နည္းေစပါတယ္။
ဥပမာ Non-Inverter Type Air Con သံုးလို႔ Air Con သီးသန္႔အတြက္ တစ္လစာ မီတာခ 10,000 က်ပ္ က်သင့္မယ္ဆိုရင္ Inverter Type Air Con သံုးမယ္ဆို 5000 နဲ႔ 7000 က်ပ္ ၾကားပဲ က်သင့္မွာပါ။

6. Refrigerant Type
Air Con outdoor unit ထဲမွာနဲ႔ ေၾကးပိုက္စနစ္ထဲမွာ သံုးတဲ့ Gas ပါ။ အမ်ိဳးအစားကြဲအမ်ားၾကီး ရွိပါတယ္။ ေစ်းကြက္ထဲမွာ အသံုးမ်ားတာကေတာ့ R22 hydro-chlorofluorocarbon (HCFC) နဲ႔ R410A hydro-fluorocarbon (HFC) ပါ။
R410A က အလုပ္လုပ္ဖို႔အတြက္ R22 သံုးတာထက္ ပိုမ်ားတဲ့ pressure လိုအပ္ပါတယ္။ ဒါေၾကာင့္ R410A သံုးတဲ့ Air Con မွာ ေၾကးပိုိက္ ပိုထူတာ သံုးဖို႔ လိုအပ္ပါတယ္။ R410A သံုးရင္ တပ္ဆင္တဲ့ ကုန္က်စရိတ္က R22 သံုးတာထက္ ပိုမ်ားပါတယ္။ R22 ကေတာ့ Ozone လႊာကို ပ်က္စီးေစတဲ့ Gas အမ်ိဳးအစားျဖစ္ျပီး R410A ကေတာ့ Ozone လႊာကို မပ်က္စီးေစပါဘူး။

Toshiba Inverter Type မွာေတာ့ R410A သံုးျပီး Non-Inverter Type မွာေတာ့ R22 သံုးပါတယ္။

7. Copper Pipe Quality
Air Con မွာ Outdoor unit ထဲမွာေရာ Indoor unit ထဲမွာေရာ ၂ခုကို ဆက္ေပးထားတဲ႔ ပိုက္မွာေရာ ေၾကးနီကို အသံုးျပဳရပါတယ္။ တကယ္လို႔ သံုးထားတဲ့ ေၾကးနီက မစစ္ရင္ေတာ့ Compressor ဘယ္ေလာက္ေကာင္းေကာင္း full quality အေအးကို မရရွိနိုင္ပါဘူး။ တစ္ခ်ိဳ ႔Air Con ေတြမွာ ေၾကးနီ အစား အလူမီနီယမ္ သို႔မဟုတ္ အလူမီနီယမ္ ေၾကး နွစ္မ်ိဳး ေရာစပ္ျပီး သံုးထားပါတယ္။ ကုန္ၾကမ္း၀ယ္စရိတ္မွာ ေၾကးက ၂ဆ ပိုကုန္က်ပါတယ္။ ေနာက္ျပီး ေၾကးက အလူမီနီယမ္ထက္ ပြတ္တိုက္စားႏွဳန္း ပိုခံႏိုင္ပါတယ္။ အပူခ်ိန္ ေျပာင္းလဲေပးတဲ့ အျမန္ႏွဳန္းမွာလဲ ေၾကးက ၂ဆ ပိုျမန္စြာ ေျပာင္းလဲ ေပးႏိုင္ပါတယ္။ Air Con ဘယ္ေလာက္ေကာင္းတာပဲ ၀ယ္၀ယ္ ေၾကးပိုက္ စနစ္မွာ ခ်ိဳ႔ယြင္းေနရင္ေတာ့ အလကားျဖစ္သြားမွာပါ။

Via : Toshiba AirCon

—————————-

Air Con oယ်မယ်ဆို သိထားသင့်တဲ့ အချက်များ (unicode)

1. Cooling Capacity (Btu/hr)
Air Con တစ်လုံးရဲ့ အေးနိုင်စွမ်း(Cooling Capacity) ကို Btu per hour(Btu/hr) ဒါမှမဟုတ် kilo Watt(kW) နဲ့ တိုင်းတာပါတယ်။ 1Btu ဆိုတာ 1pound ရှိတဲ့ ရေကို Temperature 1’Fahrenheit(F) တိုးစေဖို့အတွက် လိုအပ်တဲ့ အပူပမာဏပါ။ P(kW) = P(Btu/hr) / 3412.142
Btu/hr များလာတဲ့အလျောက် Air Con ရဲ့ဈေးနှုန်းကလဲလိုက်ပြီး များလာမှာပါ။
Horsepower(hp) က အအေးနှုန်းကို တိုင်းတဲ့ unit မဟုတ်ပါဘူး။
hp က Air Con compressor ကို မောင်းတဲ့ electric motor ရဲ့ Rotational Power ကိုသာ ညွှန်းဆိုတာပါ။
1hp ရှိတဲ့ Air Con မှာ နည်းပညာပိုမြင့်မားလာလေ Cooling Capacity ပိုများလာလေပါ။
နိုင်ငံတကာမှာလဲ Air Con ရောင်းရင် Btu/hr နဲ့သာ ဖော်ပြပြီး ရောင်းချကြပါတယ်။

မိမိအခန်းအတွက် လိုအပ်တဲ့ Btu/hr ကို “အကြမ်းဖျင်း” တွက်ကြည့်နိုင်ပါတယ်။ တွက်နည်းများစွာ ရှိတဲ့ထဲကမှ လွယ်ကူမယ့် “အကြမ်းဖျင်း” တွက်နည်းတစ်ခုပါ။
မိမိ သုံးမယ့်အခန်းရဲ့ အလျား x အနံ square feet ကို 35 နဲ့ မြှောက်ပါ။ ရလာတဲ့အဖြေက မိမိ အခန်းအတွက် လိုအပ်တဲ့ Btu/hr ပါပဲ။
ဥပမာ 12 ပေx 15 ပေ အခန်းဆိုရင် square feet က 180 ပါ။ 180 x 35 = 6300 Btu ခန့် လိုအပ်ပါတယ်။
အရိပ်ကျတဲ့အခန်းမှာဆို ရလာတဲ့ Btu/hr ကို 10% နှုတ်ပါ။
နေရောင်တိုက်ရိုက်ကျတဲ့ အခန်းမှာဆို ရလာတဲ့ Btu/hr ကို 10% ထပ်ပေါင်းပေးပါ။
မီးဖိုချောင်မှာ သုံးမယ်ဆိုရင် ရလာတဲ့ Btu/hr ကို 4000 ခန့် ထပ်ပေါင်းပေးပါ။
အခန်းထဲမှာ လူ ၁ ယောက်ထပ် ပိုနေမယ်ဆိုရင် အခန်းဧရိယာအတွက် တွက်ထားတဲ့ Btu/hr အပြင် လူတစ်ဦးအတွက်ကို 600 Btu/hr ခန့်စီ ထပ်ပေါင်းပေးပါ။

Toshiba ၁ကောင်မှာ 8500Btu/hr ၊ ၁ကောင်ခွဲမှာ 11600Btu/hr ၊၂ကောင်မှာ 16400Btu/hr ၊ ၂ကောင်ခွဲမှာ 21900Btu/hr အပူဖလှယ်နိုင်ပါတယ်။
Toshiba Inverter ၁ကောင်မှာ 3753 မှ 10236Btu/hr ထိ ၊ ၁ကောင်ခွဲမှာ 3753 မှ 13648Btu/hr ထိ ၊ ၂ကောင်မှာ 3753 မှ 20472Btu/hr ထိ compressor speed ပေါ်မူတည်ပြီး အပူဖလှယ်နိုင်ပါတယ်။

2. Energy Efficiency Ratio (EER)
EER ဆိုတာ Cooling Capacity(Btu/hr) ကို သုံးစွဲတဲ့ မီးအား Power Consumption(Watt) နဲ့ စားထားတဲ့ အချိုးပါ။
EER များတဲ့ Air Con တွေက ရေရှည်မှာ မီတာခ ကုန်ကျစရိတ် သက်သာပါတယ်။
EER များလာရင် Air Con ဈေးလဲ လိုက်များလာပါတယ်။
Air Con အများစုကတော့ EER 8.9 ကနေ 10.7 ကြားမှာ ရှိကြပါတယ်။
Inverter type တွေမှာဆို EER 12 ကနေ 20 ဝန်းကျင် ရှိကြပါတယ်။
24 နာရီ 7 ရက်လုံး ဆက်တိုက် အချိန်ကြာကြာ သုံးရမယ့်နေရာမျိုးမှာဆို EER မြင့်တဲ့ Air Con ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
မီးအားသုံးစွဲတဲ့ Watt(W) ကို လိုချင်ရင် Btu/hr ကို EER နဲ့ စားပါ။

Toshiba ၁ကောင်မှာ EER 10.12 ၊ ၁ကောင်ခွဲမှာ EER 9.35 ၊ ၂ကောင်မှာ EER 9.11 ၊ ၂ကောင်ခွဲမှာ EER10.5 ရှိပါတယ်။
Toshiba Inverter ၁ကောင်မှာ EER 14.7 မှ 10.6 ထိ ၊ ၁ကောင်ခွဲမှာ EER 15 မှ 10.2 ထိ ၊ ၂ကောင်မှာ EER 20.8 မှ 10.2 ထိ ရှိပါတယ်။

3. Air Flow Rate
Indoor unit က ထွက်တဲ့ လေထွက်နှုန်း ကို cubic meter per hour (m³/h) နဲ့ တိုင်းတာပါတယ်။ လေထွက်နှုန်းများလေ အအေးမြန်လေပါ။

Toshiba ၁ကောင်မှာ 540m³/h, ၁ကောင်ခွဲမှာ 600m³/h, ၂ကောင်မှာ 900m³/h, ၂ကောင်ခွဲမှာ 1100m³/h ထွက်ရှိပါတယ်။

4. Noise
ဆူညံမှုဆိုတဲ့နေရာမှာ indoor unit နဲ့ outdoor unit ရဲ့ဆူညံမှုဆိုပြီး ၂ မျိုး ရှိပါတယ်။
Indoor unit ရဲ့ ပန်ကာက တော်တော်ဆူညံနေတယ်ဆိုရင် သင်ညအိပ်ရင် အနှောင့်အယှက် ဖြစ်နေမှာပါ။
Outdoor unit ကလည်း ပြတင်းပေါက်နဲ့ နီးပြီး အသံကျယ်နေမယ်ဆိုရင် အတွင်းကပင် ဆူညံသံကို ကြားနေရနိုင်ပါတယ်။
ဆူညံမှုကို decibel(dB) နဲ့ တိုင်းတာပါတယ်။ dB များလေ အသံပိုကျယ်လေပါ။

5. Inverter Type ဝယ်မှာလား Non-Inverter Type ဝယ်မှာလား

-Non-Inverter Type Air Con (Fixed Compressor Speed)
Non-Inverter type Air Con ရဲ့compressor က သူ့ရဲ့ maximum speed တစ်မျိုးတည်းနဲ့ အလုပ်လုပ်တာပါ။ အလုံပိတ်အခန်းမှာ ကိုယ်လိုချင်တဲ့ အပူချိန်ကို ရောက်ပြီဆိုရင် compressor ခဏ ရပ်သွားပါတယ်။ အပူချိန် အနည်းငယ်ပြန်တက်လာပြီဆိုရင် compressor က သူ့ရဲ့အများဆုံး speed တစ်မျိုးတည်း နဲ့ပဲ ပြန်အလုပ်လုပ်ခြင်းဖြင့် အခန်းအပူချိန်ကို ထိန်းပေးပါတယ်။ Non-Inverter မှာ compressor ရပ်လိုက် ဖွင့်လိုက် လုပ်တဲ့အတွက် အပူချိန် အတက်အကျ ပိုသိသာပါတယ်။

-Inverter Type Air Con (Variable Compressor Speed)
Inverter Type Air Con ရဲ့ compressor က speed အမျိုးအမျိုးနဲ့ အလုပ်လုပ်နိုင်ပါတယ်။ သူက compressor ကို ရပ်မပစ်ပါဘူး။ Speed အတိုးအလျှော့လုပ်ခြင်းဖြင့် အခန်း အပူချိန်ကို ထိန်းပေးတာပါ။Inverter Type Air Con က Non-Inverter Type Air Con ထက် လျှပ်စစ်မီတာခ 30% ကနေ 50% ထိ (Brand နဲ့ Model ပေါ် မူတည်ပြီး) သက်သာစေပါတယ်။ Inverter Type Air Con က စဖွင့်ဖွင့်ခြင်း ကိုယ်လိုချင်တဲ့ အပူချိန်ကို ပိုမြန်မြန် ရရှိစေပါတယ်။Inverter Type Air Con က အခန်းတွင်းအပူချိန် အတက်အကျ နည်းစေပါတယ်။
ဥပမာ Non-Inverter Type Air Con သုံးလို့ Air Con သီးသန့်အတွက် တစ်လစာ မီတာခ 10,000 ကျပ် ကျသင့်မယ်ဆိုရင် Inverter Type Air Con သုံးမယ်ဆို 5000 နဲ့ 7000 ကျပ် ကြားပဲ ကျသင့်မှာပါ။

6. Refrigerant Type
Air Con outdoor unit ထဲမှာနဲ့ ကြေးပိုက်စနစ်ထဲမှာ သုံးတဲ့ Gas ပါ။ အမျိုးအစားကွဲအများကြီး ရှိပါတယ်။ ဈေးကွက်ထဲမှာ အသုံးများတာကတော့ R22 hydro-chlorofluorocarbon (HCFC) နဲ့ R410A hydro-fluorocarbon (HFC) ပါ။
R410A က အလုပ်လုပ်ဖို့အတွက် R22 သုံးတာထက် ပိုများတဲ့ pressure လိုအပ်ပါတယ်။ ဒါကြောင့် R410A သုံးတဲ့ Air Con မှာ ကြေးပိိုက် ပိုထူတာ သုံးဖို့ လိုအပ်ပါတယ်။ R410A သုံးရင် တပ်ဆင်တဲ့ ကုန်ကျစရိတ်က R22 သုံးတာထက် ပိုများပါတယ်။ R22 ကတော့ Ozone လွှာကို ပျက်စီးစေတဲ့ Gas အမျိုးအစားဖြစ်ပြီး R410A ကတော့ Ozone လွှာကို မပျက်စီးစေပါဘူး။

Toshiba Inverter Type မှာတော့ R410A သုံးပြီး Non-Inverter Type မှာတော့ R22 သုံးပါတယ်။

7. Copper Pipe Quality
Air Con မှာ Outdoor unit ထဲမှာရော Indoor unit ထဲမှာရော ၂ခုကို ဆက်ပေးထားတဲ့ ပိုက်မှာရော ကြေးနီကို အသုံးပြုရပါတယ်။ တကယ်လို့ သုံးထားတဲ့ ကြေးနီက မစစ်ရင်တော့ Compressor ဘယ်လောက်ကောင်းကောင်း full quality အအေးကို မရရှိနိုင်ပါဘူး။ တစ်ချို ့Air Con တွေမှာ ကြေးနီ အစား အလူမီနီယမ် သို့မဟုတ် အလူမီနီယမ် ကြေး နှစ်မျိုး ရောစပ်ပြီး သုံးထားပါတယ်။ ကုန်ကြမ်းဝယ်စရိတ်မှာ ကြေးက ၂ဆ ပိုကုန်ကျပါတယ်။ နောက်ပြီး ကြေးက အလူမီနီယမ်ထက် ပွတ်တိုက်စားနှုန်း ပိုခံနိုင်ပါတယ်။ အပူချိန် ပြောင်းလဲပေးတဲ့ အမြန်နှုန်းမှာလဲ ကြေးက ၂ဆ ပိုမြန်စွာ ပြောင်းလဲ ပေးနိုင်ပါတယ်။ Air Con ဘယ်လောက်ကောင်းတာပဲ ဝယ်ဝယ် ကြေးပိုက် စနစ်မှာ ချို့ယွင်းနေရင်တော့ အလကားဖြစ်သွားမှာပါ။

Via : Toshiba AirCon

Leave a Reply