အာရွတိုက္ရဲ႕ ပထမဦးဆံုးသူရဲေကာင္း ကမၻာလွည့္ ေဒၚတင္တင္စိန္

Posted on

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၆၀ေလာက္က အသက္ ၁၈ႏွစ္ သာရွိေသးတဲ့ ျမန္မာအမ်ိဳးသမီးတစ္ဦးဟာ ခင္ပြန္သည္ႏွင့္အတူ စစ္က်န္ ေမာ္ေတာ္ဆိုင္ကယ္ တစ္စီးနဲ႔ ကမၻာတစ္ခြင္ စြန္႔စားခရီီးႏွင္ခဲ့ပါတယ္။ ေနာင္အခါ ကမၻာလွည့္ ေဒၚတင္တင္စိန္လို႔ ထင္ရွားတဲ့ ျမန္မာအမ်ိဳးသမီးႀကီးတစ္ဦးပါပဲ။

အခုအခါမွာေတာ့ ေဒၚတင္တင္စိန္ဟာ အသက္ ၈၁ ႏွစ္ရွိၿပီျဖစ္ပါတယ္။ ဗုဒၶသာသနာေတာ္အက်ိဳး ေဆာင္ရြက္သူအေနနဲ႔ အလုပ္ေတြ ဆက္လက္လုပ္ကိုင္ေနဆဲျဖစ္ပါတယ္။ ေဒၚတင္တင္စိန္က ကမၻာလွည့္အေတြ႕အႀကံဳတခ်ိဳ႕နဲ႔ သူ႔ဘ၀တစိတ္တေဒသကို အခုလိုစတင္ေျပာျပပါတယ္။

အန္တီအေနနဲ႔က ျမန္မာႏိုင္ငံမွာဆိုရင္လည္း ပထမဆံုး အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ကမၻာကို ပတ္ခဲ့တယ္။ ကမၻာမွာဆုိရင္လည္း ကမၻာကို ပတ္ႏိုင္ခဲ့တဲ့ ပထမဆံုး အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ စံခ်ိန္တင္ထားတဲ့ သေဘာမွာ ရွိတယ္ေလ။ အဲဒီေတာ့ အန္တီသြားခဲ့တာက ၿပီးခဲ့တဲ့ႏွစ္ေပါင္း ဘယ္ေလာက္က သြားခဲ့တာလဲ။

ႏွစ္ေပါင္း ၆၀ ကပါ။ ဒီႏွစ္က ၆၀ တိတိျပည့္တဲ့ႏွစ္ပါ။ ျမန္မာ့သမိုင္းမွာဆုိရင္ ပထမဦးဆံုးပါပဲ။ ပထမဦးဆံုးနဲ႔ ေနာက္ဆံုးပါ။ အိႏၵိယ ျပည္မွာရွိတဲ့ သမၼတ ရာဂ်င္တနာ ပရာဆာနဲ႔ ဝန္ႀကီးခ်ဳပ္ ပန္ဂ်က္တစ္ဝါနဲ႐ိုး အာရွတိုက္ရဲ႕ ပထဦးဆံုး သူရဲေကာင္းမ်ားဆိုၿပီးေတာ့ ဆုခ်ီးျမင့္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ ၆၀ အိႏိၵယမွာ လြတ္လပ္ေရးေန႔ အခမ္းအနားမွာ အခမ္းအနားႏွင့္တကြ ဆုခ်ီးျမင့္ျခင္း ခံခဲ့ရပါတယ္ သမီးရယ္။

ဟုတ္ကဲ့ပါ။ ဆိုင္ကယ္နဲ႔ သြားတယ္လို႔လဲ သိရတယ္။ ၿပီးေတာ့ အဲအခ်ိန္တုန္းက အန္တီနဲ႔ အတူတူ အန္တီအမ်ိဳးသားလည္း ပါတယ္ေလ။ ဟုတ္ကဲ့ ဘာေၾကာင့္ အန္တီတို႔အေနနဲ႔ ကမၻာပတ္ျဖစ္သြားတဲ့ ရည္ရြယ္ခ်က္က ဘာေၾကာင့္သြားျဖစ္ခဲ့တယ္ဆိုတာေလးရယ္ ၿပီးေတာ့ အဲတုန္းက အန္တီတို႔ ေရာက္ခဲ့တဲ့ ႏိုင္ငံေတြလည္း အမ်ားႀကီး ရွိမွာပဲ။ အဲတာ ေျပာျပပါအံုး။


ပထမဆံုး သြားျဖစ္ခဲ့တဲံ့ အေျခေနက ဦးဘတုတ္က ငယ္ငယ္တုန္းက ကင္းေထာက္လုပ္တယ္။ အဘြားေဒၚတင္တင္စိန္က ကင္းေထာက္အမ်ိဳးသမီး အဖြဲ႔မွာ လုပ္ခဲ့တယ္။ အန္တီတို႔ ႏွစ္ေယာက္စလံုးက ႏိုင္ငံတကာကိုလည္း ေရာက္ဖူးခ်င္တယ္။ ၿပီးေတာ့ ႏိုင္ငံတကာရဲ႕ ဗဟုသုတ ယဥ္ေက်းမႈကိုလည္း ရယူခ်င္တဲ့ စိတ္ဓာတ္ေတြေၾကာင့္ ဒီကမၻာပတ္တဲ့ ခရီးဟာ ျဖစ္သြားတယ္။ ကိုလိုနီေခတ္က ဥပေဒတစ္ခုရွိခဲ့ပါတယ္။ အဲဒီဥပေဒက ဗမာျပည္တစ္ျပည္လံုးမွာ ခြင့္ယူရင္ ေလးလအျပည့္ အာရွတိုက္ကို ဆက္သြားလို႔ ရွိရင္ ေနာက္ထပ္ ေလးလအျပည့္ အဂၤလန္ကို သြားလို႔ရွိရင္ တစ္ႏွစ္လံုးက လစာအျပည့္နဲ႔ သြားခြင့္ရွိတယ္ဆိုတဲ့ service regulation နဲ႔ financial regulation ရွိတယ္။ အဲတာႀကီးကို ဦးဘတုတ္က အသံုးခ်ၿပီးေတာ့ ခြင့္ တစ္ႏွစ္ယူၿပီးေတာ့ ကမၻာပတ္ခဲ့တာပါ။

ဒါနဲ႔ ဘာေၾကာင့္ ဆိုင္ကယ္နဲ႔ သြားျဖစ္တာလဲ အန္တီ။
ေမာ္ေတာ္ဆိုင္ကယ္နဲ႔ သြားတာပါ။ ေမာ္ေတာ္ဆိုင္ကယ္ကလည္း ဒုတိယ ကမၻာစစ္က စစ္က်န္ ၉၀၄၂ ေမာ္ဒယ္ BSA စစ္မွာ သံုးၿပီးသား အေဟာင္းႀကီးကို အန္တီတို႔က ျမန္မာေငြ ၅၀၀ နဲ႔ ဝယ္လိုက္တာပါ။

အဲေတာ့ ေရာက္ခဲ့တဲ့ ႏိုင္ငံေတြေပါ့ေနာ္။ ဘယ္ႏိုင္ငံကို အန္တီတို႔ ေရာက္ျဖစ္ခဲ့တယ္ဆိုတာရယ္။ ၿပီးေတာ့ ဒီက စထြက္ထြက္ျခင္းမွာ အန္တီတို႔ စေတြ႕ရတဲ့ အခက္ခဲေတြ အေတြ႕အႀကံဳေတြက ဘယ္လုိရွိလဲ။

ဒီကေန စထြက္ထြက္ျခင္းကေတာ့ မႏၱေလး၊ မံုရြာ အဲလမ္းေတြက အဲတုန္းက ပိတ္ထားတယ္။ သူပုန္ေတြ ရွိတာ တစ္ေၾကာင္းရယ္။ ေျမၿပိဳၿပီးေတာ့ လမ္းေတြပိတ္ေနလို႔ ဆက္သြားလို႔ မရလို႔ မံုရြာကေန ျပန္လာၿပီး ရန္ကုန္ကို ဆင္းခဲ့ရတယ္။ ရန္ကုန္ကေန သေဘာၤနဲ႔ ကာလကတၱားကို သြားတယ္။ BISM ဆိုတဲ့ သေဘၤာနဲ႔ ရန္ကုန္ကေန ၃ရက္ၾကာတယ္ ကလကတၱားကို ေရာက္တယ္။ ကလကတၱားၾကေတာ့ သမီးရယ္ ဘယ္သူမွ ဒီလိုခရီးကို မသြားဘူးေတာ့ ေမာ္ေတာ္ဆိုင္ကယ္ကို ဒီတိုင္းယူၿပီး ဟိုမွာဒီတိုင္း စီးလို႔ရမယ္ ထင္ေနတာ။ သြားၾကတာ ဟိုလည္းက်ေရာ ေမာ္ေတာ္ဆိုင္ကယ္ ပါမစ္ဘယ္မွာလည္း ဆိုေတာ့ မပါဘူးေလဆိုေတာ့ အဲတာဆို က်ဳပ္တို႔ ဖမ္းတယ္။ သိမ္းတယ္ဆို သိမ္းလုိက္တာ။ အဲေတာ့ အိႏၵိယမွာ ႏွစ္လၾကာပါတယ္။ ဒီေမာ္ေတာ္ဆိုင္ကယ္ႀကီးကို ေရြးဖို႔ ဘယ္လိုလုပ္ရမလဲဆိုတာ ျပန္ၿပီးေတာ့ ဗမာျပည္ကို ျပန္ေမးလိုက္ ေမးရင္း ေမးရင္းနဲ႔ ဒီမွာ ဦးေမာင္ႀကီးဆိုတဲ့ ပုဂၢိဳလ္က ႏိုင္ငံတကာ အေတြ႕အႀကံဳရွိေတာ့ သူက အဂၤလန္ကို လွမ္းေမးတယ္။ ဒါျဖင့္လို႔ရွိရင္ အိႏၵိယမွာ ျပန္ၿပီး မွတ္ပံုတင္ပါ။ ႏိုင္ငံျခားေရး ဝန္ႀကီး ေထာက္ခံစာေတြနဲ႔ က ၄၅၈၁ ဆိုတဲ့ ေမာ္ေတာ္ဆိုင္ကယ္ BSA ျမင္းငါးေကာင္အား အဲတာကို အိႏၵိယမွာ ျပန္ၿပီးေတာ့ WBN ေမာ္ေတာ္ဆိုင္ကယ္ ၄၀၉၈ နဲ႔ နာမည္ေျပာင္းၿပီး ကမၻာပတ္လိုက္ရတယ္။ အိႏၵိယ နာမည္ႀကီးနဲ႔ေပါ့ေနာ္။

အေတြ႕အႀကံဳေတြကေတာ့ အေတြ႕အႀကံဳေကာင္းေတြလည္း အမ်ားႀကီး ရခဲ့တာေပါ့။ ဒါေပမယ့္ အဲဒီခရီးစဥ္တစ္ေလ်ာက္မွာ ဆိုးဝါးတဲ့ အေတြ႕အႀကံဳဆိုတာလည္း ရွိခဲ့မွာပဲေလ။ အခက္ခဲေတြလည္း မ်ိဳးစံုႀကံဳခဲ့ရတယ္ဆိုေတာ့ အန္တီအေနနဲ႔ မွတ္မွတ္ရရ ျပန္ေျပာလို႔ရတဲ့ ကိုယ့္ရဲ႕ အဆိုးဝါးဆံုး အေတြ႕အႀကံဳတစ္ခုေလာက္ ေျပာျပေပးပါ။

အန္တီတို႔က သဲကႏၱာရထဲမွာ ႏွစ္ေယာက္တည္း သြားရတယ္။ စကားေျပာလို႔ရွိရင္ လန္႔လန္႔သြားတယ္။ သူေျပာလည္း လန္႔ ကိုယ္ေျပာလည္း လန္႔ သဲကႏၱာရႀကီးထဲ ျဖတ္တာပါ။ အဲမွာ တစ္ခါတည္း အန္တီတို႔ ဒီမွာရွိတဲ့ ဂ်စ္ပစီေပါ့။ Back One လို႔ေခၚတဲ့ အမ်ိဳးအစား လူအမ်ိဳးစား နာမည္က BacK One တဲ့ သူတို႔က ဂ်စ္ပစီေတြပါ။ သဲကႏၱာရမွာ ေျခသလံုးအိမ္တိုင္ ဘဝနဲ႔ ေနတဲ့ ပုဂၢိဳလ္ေတြပါ။ သူတို႔က ကိုယ့္ကို စကားမေျပာႏိုင္ဘူး။ ကိုယ္လည္း စကားမေျပာတတ္ဘူး။ သူတို႔ေျပာလည္း ကိုယ့္နားမလည္ ကိုယ္ေျပာလည္း သူတို႔ နားမလည္ အဲတာနဲ႔ သူတို႔က ဒါလူ႐ိုင္းေတြေပါ့။ ေမာ္ေတာ္ဆိုင္ကယ္နဲ႔လာတာ။ သူတို႔ဆီကို က်ဳးေက်ာ္တယ္ဆိုၿပီးေတာ့ လက္ေတြ ေျခေထာက္ေတြ အကုန္တုတ္ ႏွစ္ေယာက္စလံုးကို တုတ္ၿပီးေတာ့ မီးဖိုထားတယ္ေပါ့။

ကိုယ္ကေတာ့ မသိဘူး ဘာလုပ္ဖို႔ဆိုတာ တကယ္ေတာ့ ကင္စားဖို႔ေပါ့။ လက္ေတြေရာ ေျခေထာက္ေတြေကာ တုတ္ထားေတာ့ ဘာမွမလုပ္ႏိုင္ေတာ့ ငိုတာေပါ့ သမီးရယ္။ ၿပီးလည္း ၿပီးေရာ ေမွာင္ရီပ်ိဳးစ အခ်ိန္ၾကေတာ့ ကားႀကီးတစ္စင္းက မီးထိုးလာတယ္။ ထိုးလည္း ထိုးလာေရာ အဲက လူတစ္ေယာက္ ဆင္းလာတယ္။ What Done? We done no what done ဆိုျပန္ေျပာေတာ့ အဲလူေတြကို ဆဲဆို ေအာ္ဟစ္လုပ္ၿပီးေတာ့မွ ဓားေတြနဲ႔ လက္ေတြကို လာျဖဳတ္ေပးၿပီးေတာ့ ေမာ္ေတာ္ဆိုင္ကယ္ေပၚတက္ ႏွစ္ေယာက္စလံုးတက္ ေရွ႕ကေန ေမာင္းသြား ကၽြန္ေတာ္ေနာက္က လိုက္ေပးမယ္ဆိုေတာ့ ၅မိုင္ေလာက္ သူေနာက္က လုိက္ေပးတယ္။ သူနာမည္က အီဆာတဲ့။ သူက ကိုယ့္အသက္ကို ကယ္လိုက္တဲ့ ပုဂၢိဳလ္ပါ။

အဲေတာ့ အန္တီတို႔အေနနဲ႔ ခရီးစဥ္တစ္ေလ်ာက္လံုးမွာ ေငြေရးေၾကးေရးေပါ့ေနာ္။ ရရွိမႈေတြ ကုန္ၾကတာေတြနဲ႔ ကာမိေအာင္ အန္တီတုိ႔ ဘယ္လုိနည္းလမ္းေတြနဲ႔ ႀကိဳးစားၿပီး ေျဖရွင္းခဲ့ၾကလဲ။
အန္တီတို႔ အိႏၵိယမွာတုန္းက ဓါတ္ပံုေတြ ႐ိုက္တယ္။ ဗမာျပည္က ဓါတ္ပံုေတြေကာ ကူးတယ္။ ကူးၿပီးေတာ့ ပန္းခ်ီဆြဲတယ္။ ေဆးေရာင္တင္တယ္ေပါ့။ အဲတာၿပီး ေရာင္းစားခဲ့တယ္။ ၿပီးေတာ့မွ တစ္ပိုင္တစ္ႏိုင္စာေရးပါတယ္။

အန္တီတို႔ ေနာက္ဆံုးျမန္မာႏိုင္ငံကို ျပန္လာတာက ေနာက္ဆံုးခရီးစဥ္နဲ႔ဆို ဘယ္ႏိုင္ငံကေန ျပန္လာတာလဲ။
ေနာက္ဆံုး အိႏၵိယကပဲ ျပန္လာတာပါ။

အဲကေနမွ ျမန္မာႏိုင္ငံကို ျပန္ၿပီးေရာက္လာၾကတာေပါ့။ အဲေတာ့ ဒီျမန္မာႏိုင္ငံကေန ဘယ္ရက္မွာ ထြက္သြားၿပီးေတာ့ ျမန္မာျပည္ကို ျပန္ေရာက္လာတာ ဘယ္ရက္မွာလဲ။ အတိအက် အန္တီ မွတ္မိပါသလား။
မွတ္မိပါတယ္။ စတင္ဘာလ ၂၉ရက္ ၁၉၅၅ ထြက္သြားၿပီးေတာ့ စတင္ဘာလ ၁၀ရက္ ၁၉၅၆ မွာ ျပန္ေရာက္လာခဲ့တယ္။

အန္တီအေနနဲ႔က ဒီသာသနာေရးလုပ္ငန္း လုပ္ေဆာင္မႈေတြလည္း ေတာ္ေတာ္မ်ားခဲ့တယ္လုိ႔ သိထားတယ္။ အဲေတာ့ အန္တီအေနနဲ႔ ခ်ီးျမင့္ခံထားရတဲ့ ဘြဲ႔တံဆိပ္ေတြေတာင္ ရွိတယ္လို႔ သိထားတယ္ေလ။ အဲဒီအေၾကာင္းေလးေတြလည္း ေျပာျပပါအံုး။
ႏိုင္ငံတကာကို သြားၿပီး သာသနာျပဳတာကေတာ့ ကမၻာပတ္တာနဲ႔တြက္ရင္ ေနာက္ထပ္ ေလယ်ာဥ္ပ်ံနဲ႔႔ တြက္ရင္ ငါးပတ္ရွိပါၿပီ။ အဲလို အေရွ႕အေနာက္ေတာင္ေျမာက္ တရားဝင္ အေမရိကားကေတာ့ ၇ေခါက္ပါ။ အဲလုိပဲ သာသနာေတာ္အေၾကာင္းေျပာျပတယ္။ စိတ္ဝင္စားရင္ တရားျပတယ္။ တရားစခန္းေတြ တည္ေထာင္ေပးတယ္ အဲေတာ့ အဲတာေတြ အကုန္လံုး သိတဲ့ အခါ ႏိုင္ငံေတာ္ အစိုးရက မဟာသဒၶမေဇာတိကဓဇ ဆိုတဲ့ဘြဲ႔ကို ေပးထားပါတယ္။

အဲဘြဲ႔က ဘုန္းႀကီးကိုပဲ ေပးေလ့ရွိတဲ့ ဘြဲ႕ထင္တယ္ေနာ္။
ဟုတ္ပါတယ္။ ဘုန္းႀကီးကိုေပးတဲ့ ဘြဲ႔ကို အန္တီက သာသနာကို ရြတ္ရြတ္ခၽြန္ခၽြန္ျပဳတဲ့အတြက္ အန္တီကိုေပးထားပါတယ္။

အန္တီအေနနဲ႔ သာသနာျပဳတဲ့လုပ္ငန္းစဥ္ေတြကို ေဆာင္ရြက္ျဖစ္တဲ့ တြန္းအားၾကေတာ့ ဘယ္လိုမ်ိဳးတြန္းအား ရွိလို႔လဲရွင့္။
သာသနာျပဳတဲ့ လုပ္ငန္းေဆာင္ရြက္ျဖစ္သြားတာကေတာ့ ကိုယ့္ႏုိင္ငံကိုယ္လူမ်ိဳးကို ကမၻာက သိေစခ်င္တာ တစ္ခ်က္ရယ္။ တကယ့္စင္စင္ၾကယ္ၾကယ္ရွိတဲ့ ျမတ္စြာဘုရားရဲ႕ ဝိပႆနာနည္းေပါ့။ စိတ္ကို ထိန္းသိ္မ္းခ်ဳပ္ၿပီးေတာ့ စိတ္ခ်မ္းသာမႈ ရယူႏုိင္တဲ့ထိ လုပ္မယ္ဆိုရင္ ရတယ္။ က်န္းမာေရးလည္း ဒီဝိပႆနာနဲ႔ ကုလို႔ရတယ္ဆိုတဲ့ သက္ေသျပခ်င္လို႔ ကိုယ္ကိုယ္တိုင္လည္း ထိုင္ဖူးတယ္။ စြန္လြန္းနည္းနဲ႔ ထိုင္တယ္။ ႏိုင္ငံတကာကိုလည္း စြန္းလြန္းနည္းနဲ႔ တရားျပပါတယ္။

ဒါနဲ႔ အန္တီ စာေတြေရးခဲ့တာလည္း သိရတယ္ရွင့္။ စာအုပ္ေတြလည္း အႀကိမ္ႀကိမ္ ထုတ္ေဝခဲ့တယ္ေလ။ အဲေတာ့ အန္တီ ခရီးသြားတဲ့ အေတြ႕အႀကံဳေတြကုိဘဲ ေရးျဖစ္ခဲ့တာလား။ အျခားေသာ အေၾကာင္းအရာေတြကို ေရးထားတဲ့ အေၾကာင္းအရာေတြေကာ ရွိေသးလားရွင့္။
အမ်ိဳးမ်ိဳးပါ။ အေၾကာင္းအရာကေတာ့ ခရီးသြားအေတြ႕အႀကံဳေကာ ျမန္မာျပည္ထဲမွာရွိတဲ့ အျဖစ္ပ်က္ေလးေတြေကာ အေတြ႕အႀကံဳေတြေကာ အကုန္ေရးထားပါတယ္။ တိုင္းျပဳ ျပည္ျပဳ ပုဂၢိဳလ္ႀကီးေတြ အေၾကာင္းလည္း ရံဖန္ရံခါေရးပါတယ္။

အန္တီက ပုဂံမွာလည္း ေဟာ္တယ္ဖြင့္ထားေသးတယ္ဆိုေတာ့ အန္တီအေၾကာင္းကို ေသခ်ာျပန္စဥ္းစားၾကည့္မယ္ဆိုရင္ ကမၻာပတ္ခဲ့တဲ့ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ေကာ ၿပီးေတာ့ ေဟာ္တယ္ပိုင္ရွင္ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ေကာ ျဖစ္ေနတယ္။ အျခားေသာ အစိုးရ ဝန္ထမ္းအေနနဲ႔ လုပ္ခဲ့တဲ့ အခ်ိန္ေကာ ရွိလာရွင့္။
လုပ္ခဲ့ပါတယ္။ အစိုးရဝန္ထမ္း အခုလည္း ပင္စင္စားေနတုန္းပါပဲ။

ပထမဦးဆံုးကေတာ့ အန္တီက ပို႔ေဆာင္ ဆက္သြယ္ေရး ဝန္ႀကီး႒ာနမွာ လုပ္ပါတယ္။ ၿပီးေတာ့မွ ပို႔ေဆာင္ ဆက္သြယ္ေရး ဝန္ႀကီး႒ာနကေနၿပီးေတာ့ သစ္လုပ္ငန္း႒ာနမွာ ဒုမန္ေနဂ်ာ လုပ္ပါတယ္။ ၿပီးေတာ့ လုပ္သားေကာလိပ္မွာလည္း အခ်ိန္ပိုင္း စာျပခဲ့ပါတယ္။ သံုးႏွစ္ပါ။

အခုဆိုရင္ အန္တီအေနနဲ႔ ကိုယ့္ရဲ႕ အိပ္မက္ေတြေပါ့ေနာ္ ကိုယ္လုပ္ခ်င္တဲ့ အရာေတြကို အေကာင္အထည္ ေဖာ္ႏိုင္ခဲ့ၿပီးၿပီဆိုေတာ့ ေရွ႕ဆက္ၿပီးေတာ့ အန္တီ ဘာမ်ား ထပ္လုပ္ခ်င္တာ ရွိေသးလဲရွင့္။
အမ်ားႀကီးက်န္ပါေသးတယ္။ တိုင္းျပဳ ျပည္ျပဳ လုပ္ငန္းေတြ အမ်ားႀကီး က်န္ပါေသးတယ္။ ေခါင္းထဲမွာ လုပ္ခ်င္ပါတယ္။ ကေလးေလးေတြကို အထူးသျဖင့္ ေတာင္ႀကီး၊ ရန္ကုန္၊ နာဂေတာင္တန္း၊ အဲလိုမ်ိဳးေတြမွာ ေရာက္တိုင္း ေရာက္တိုင္း အဂၤလိပ္လို ျပတယ္။ ေဟာတယ္။ ေျပာတယ္။ ျပတယ္။ သူတို႔ကို သင္ေပးတယ္။ ဆြယ္ေတာ္ ေက်ာင္းတိုက္မွာဆိုရင္ တစ္ႏွစ္ေလာက္ ရဟန္းေတြေကာ သီလရွင္ေတြေကာ အဂၤလိပ္စာ ျပေပးပါတယ္။

Mizzima Burmese

VIDEO- DVB Burmese

———————

အာရှတိုက်ရဲ့ ပထမဦးဆုံးသူရဲကောင်း ကမ္ဘာလှည့် ဒေါ်တင်တင်စိန် (unicode)

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀လောက်က အသက်၁၈ သာရှိသေးတဲ့ မြန်မာအမျိုးသမီးတစ်ဦးဟာ ခင်ပွန်သည်နှင့်အတူ စစ်ကျန် မော်တော်ဆိုင်ကယ် တစ်စီးနဲ့ ကမ္ဘာတစ်ခွင် စွန့်စားခရီးနှင်ခဲ့ပါတယ်။ နောင်အခါ ကမ္ဘာလှည့် ဒေါ်တင်တင်စိန်လို့ ထင်ရှားတဲ့ မြန်မာအမျိုးသမီးကြီးတစ်ဦးပါပဲ။

အခုအခါမှာတော့ ဒေါ်တင်တင်စိန်ဟာ အသက် ၈၁ နှစ်ရှိပြီဖြစ်ပါတယ်။ ဗုဒ္ဓသာသနာတော်အကျိုး ဆောင်ရွက်သူအနေနဲ့ အလုပ်တွေ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ ဒေါ်တင်တင်စိန်က ကမ္ဘာလှည့်အတွေ့အကြုံတချို့နဲ့ သူ့ဘဝတစိတ်တဒေသကို အခုလိုစတင်ပြောပြပါတယ်။

အန်တီအနေနဲ့က မြန်မာနိုင်ငံမှာဆိုရင်လည်း ပထမဆုံး အမျိုးသမီးတစ်ယောက်အနေနဲ့ ကမ္ဘာကို ပတ်ခဲ့တယ်။ ကမ္ဘာမှာဆိုရင်လည်း ကမ္ဘာကို ပတ်နိုင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးတစ်ယောက်အနေနဲ့ စံချိန်တင်ထားတဲ့ သဘောမှာ ရှိတယ်လေ။ အဲဒီတော့ အန်တီသွားခဲ့တာက ပြီးခဲ့တဲ့နှစ်ပေါင်း ဘယ်လောက်က သွားခဲ့တာလဲ။

နှစ်ပေါင်း ၆၀ ကပါ။ ဒီနှစ်က ၆၀ တိတိပြည့်တဲ့နှစ်ပါ။ မြန်မာ့သမိုင်းမှာဆိုရင် ပထမဦးဆုံးပါပဲ။ ပထမဦးဆုံးနဲ့ နောက်ဆုံးပါ။ အိန္ဒိယ ပြည်မှာရှိတဲ့ သမ္မတ ရာဂျင်တနာ ပရာဆာနဲ့ ဝန်ကြီးချုပ် ပန်ဂျက်တစ်ဝါနဲရိုး အာရှတိုက်ရဲ့ ပထဦးဆုံး သူရဲကောင်းများဆိုပြီးတော့ ဆုချီးမြင့်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၆၀ အိန္ဒိယမှာ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ အခမ်းအနားနှင့်တကွ ဆုချီးမြင့်ခြင်း ခံခဲ့ရပါတယ် သမီးရယ်။

ဟုတ်ကဲ့ပါ။ ဆိုင်ကယ်နဲ့ သွားတယ်လို့လဲ သိရတယ်။ ပြီးတော့ အဲအချိန်တုန်းက အန်တီနဲ့ အတူတူ အန်တီအမျိုးသားလည်း ပါတယ်လေ။ ဟုတ်ကဲ့ ဘာကြောင့် အန်တီတို့အနေနဲ့ ကမ္ဘာပတ်ဖြစ်သွားတဲ့ ရည်ရွယ်ချက်က ဘာကြောင့်သွားဖြစ်ခဲ့တယ်ဆိုတာလေးရယ် ပြီးတော့ အဲတုန်းက အန်တီတို့ ရောက်ခဲ့တဲ့ နိုင်ငံတွေလည်း အများကြီး ရှိမှာပဲ။ အဲတာ ပြောပြပါအုံး။

ပထမဆုံး သွားဖြစ်ခဲ့တဲံ့ အခြေနေက ဦးဘတုတ်က ငယ်ငယ်တုန်းက ကင်းထောက်လုပ်တယ်။ အဘွားဒေါ်တင်တင်စိန်က ကင်းထောက်အမျိုးသမီး အဖွဲ့မှာ လုပ်ခဲ့တယ်။ အန်တီတို့ နှစ်ယောက်စလုံးက နိုင်ငံတကာကိုလည်း ရောက်ဖူးချင်တယ်။ ပြီးတော့ နိုင်ငံတကာရဲ့ ဗဟုသုတ ယဉ်ကျေးမှုကိုလည်း ရယူချင်တဲ့ စိတ်ဓာတ်တွေကြောင့် ဒီကမ္ဘာပတ်တဲ့ ခရီးဟာ ဖြစ်သွားတယ်။ ကိုလိုနီခေတ်က ဥပဒေတစ်ခုရှိခဲ့ပါတယ်။ အဲဒီဥပဒေက ဗမာပြည်တစ်ပြည်လုံးမှာ ခွင့်ယူရင် လေးလအပြည့် အာရှတိုက်ကို ဆက်သွားလို့ ရှိရင် နောက်ထပ် လေးလအပြည့် အင်္ဂလန်ကို သွားလို့ရှိရင် တစ်နှစ်လုံးက လစာအပြည့်နဲ့ သွားခွင့်ရှိတယ်ဆိုတဲ့ service regulation နဲ့ financial regulation ရှိတယ်။ အဲတာကြီးကို ဦးဘတုတ်က အသုံးချပြီးတော့ ခွင့် တစ်နှစ်ယူပြီးတော့ ကမ္ဘာပတ်ခဲ့တာပါ။

ဒါနဲ့ ဘာကြောင့် ဆိုင်ကယ်နဲ့ သွားဖြစ်တာလဲ အန်တီ။

မော်တော်ဆိုင်ကယ်နဲ့ သွားတာပါ။ မော်တော်ဆိုင်ကယ်ကလည်း ဒုတိယ ကမ္ဘာစစ်က စစ်ကျန် ၉၀၄၂ မော်ဒယ် BSA စစ်မှာ သုံးပြီးသား အဟောင်းကြီးကို အန်တီတို့က မြန်မာငွေ ၅၀ဝ နဲ့ ဝယ်လိုက်တာပါ။

အဲတော့ ရောက်ခဲ့တဲ့ နိုင်ငံတွေပေါ့နော်။ ဘယ်နိုင်ငံကို အန်တီတို့ ရောက်ဖြစ်ခဲ့တယ်ဆိုတာရယ်။ ပြီးတော့ ဒီက စထွက်ထွက်ခြင်းမှာ အန်တီတို့ စတွေ့ရတဲ့ အခက်ခဲတွေ အတွေ့အကြုံတွေက ဘယ်လိုရှိလဲ။

ဒီကနေ စထွက်ထွက်ခြင်းကတော့ မန္တလေး၊ မုံရွာ အဲလမ်းတွေက အဲတုန်းက ပိတ်ထားတယ်။ သူပုန်တွေ ရှိတာ တစ်ကြောင်းရယ်။ မြေပြိုပြီးတော့ လမ်းတွေပိတ်နေလို့ ဆက်သွားလို့ မရလို့ မုံရွာကနေ ပြန်လာပြီး ရန်ကုန်ကို ဆင်းခဲ့ရတယ်။ ရန်ကုန်ကနေ သင်္ဘောနဲ့ ကာလကတ္တားကို သွားတယ်။ BISM ဆိုတဲ့ သင်္ဘောနဲ့ ရန်ကုန်ကနေ ၃ရက်ကြာတယ် ကလကတ္တားကို ရောက်တယ်။ ကလကတ္တားကြတော့ သမီးရယ် ဘယ်သူမှ ဒီလိုခရီးကို မသွားဘူးတော့ မော်တော်ဆိုင်ကယ်ကို ဒီတိုင်းယူပြီး ဟိုမှာဒီတိုင်း စီးလို့ရမယ် ထင်နေတာ။ သွားကြတာ ဟိုလည်းကျရော မော်တော်ဆိုင်ကယ် ပါမစ်ဘယ်မှာလည်း ဆိုတော့ မပါဘူးလေဆိုတော့ အဲတာဆို ကျုပ်တို့ ဖမ်းတယ်။ သိမ်းတယ်ဆို သိမ်းလိုက်တာ။ အဲတော့ အိန္ဒိယမှာ နှစ်လကြာပါတယ်။ ဒီမော်တော်ဆိုင်ကယ်ကြီးကို ရွေးဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ ပြန်ပြီးတော့ ဗမာပြည်ကို ပြန်မေးလိုက် မေးရင်း မေးရင်းနဲ့ ဒီမှာ ဦးမောင်ကြီးဆိုတဲ့ ပုဂ္ဂိုလ်က နိုင်ငံတကာ အတွေ့အကြုံရှိတော့ သူက အင်္ဂလန်ကို လှမ်းမေးတယ်။ ဒါဖြင့်လို့ရှိရင် အိန္ဒိယမှာ ပြန်ပြီး မှတ်ပုံတင်ပါ။ နိုင်ငံခြားရေး ဝန်ကြီး ထောက်ခံစာတွေနဲ့ က ၄၅၈၁ ဆိုတဲ့ မော်တော်ဆိုင်ကယ် BSA မြင်းငါးကောင်အား အဲတာကို အိန္ဒိယမှာ ပြန်ပြီးတော့ WBN မော်တော်ဆိုင်ကယ် ၄၀၉၈ နဲ့ နာမည်ပြောင်းပြီး ကမ္ဘာပတ်လိုက်ရတယ်။ အိန္ဒိယ နာမည်ကြီးနဲ့ပေါ့နော်။

အတွေ့အကြုံတွေကတော့ အတွေ့အကြုံကောင်းတွေလည်း အများကြီး ရခဲ့တာပေါ့။ ဒါပေမယ့် အဲဒီခရီးစဉ်တစ်လျောက်မှာ ဆိုးဝါးတဲ့ အတွေ့အကြုံဆိုတာလည်း ရှိခဲ့မှာပဲလေ။ အခက်ခဲတွေလည်း မျိုးစုံကြုံခဲ့ရတယ်ဆိုတော့ အန်တီအနေနဲ့ မှတ်မှတ်ရရ ပြန်ပြောလို့ရတဲ့ ကိုယ့်ရဲ့ အဆိုးဝါးဆုံး အတွေ့အကြုံတစ်ခုလောက် ပြောပြပေးပါ။

အန်တီတို့က သဲကန္တာရထဲမှာ နှစ်ယောက်တည်း သွားရတယ်။ စကားပြောလို့ရှိရင် လန့်လန့်သွားတယ်။ သူပြောလည်း လန့် ကိုယ်ပြောလည်း လန့် သဲကန္တာရကြီးထဲ ဖြတ်တာပါ။ အဲမှာ တစ်ခါတည်း အန်တီတို့ ဒီမှာရှိတဲ့ ဂျစ်ပစီပေါ့။ Back One လို့ခေါ်တဲ့ အမျိုးအစား လူအမျိုးစား နာမည်က BacK One တဲ့ သူတို့က ဂျစ်ပစီတွေပါ။ သဲကန္တာရမှာ ခြေသလုံးအိမ်တိုင် ဘဝနဲ့ နေတဲ့ ပုဂ္ဂိုလ်တွေပါ။ သူတို့က ကိုယ့်ကို စကားမပြောနိုင်ဘူး။ ကိုယ်လည်း စကားမပြောတတ်ဘူး။ သူတို့ပြောလည်း ကိုယ့်နားမလည် ကိုယ်ပြောလည်း သူတို့ နားမလည် အဲတာနဲ့ သူတို့က ဒါလူရိုင်းတွေပေါ့။ မော်တော်ဆိုင်ကယ်နဲ့လာတာ။ သူတို့ဆီကို ကျုးကျော်တယ်ဆိုပြီးတော့ လက်တွေ ခြေထောက်တွေ အကုန်တုတ် နှစ်ယောက်စလုံးကို တုတ်ပြီးတော့ မီးဖိုထားတယ်ပေါ့။ ကိုယ်ကတော့ မသိဘူး ဘာလုပ်ဖို့ဆိုတာ တကယ်တော့ ကင်စားဖို့ပေါ့။ လက်တွေရော ခြေထောက်တွေကော တုတ်ထားတော့ ဘာမှမလုပ်နိုင်တော့ ငိုတာပေါ့ သမီးရယ်။ ပြီးလည်း ပြီးရော မှောင်ရီပျိုးစ အချိန်ကြတော့ ကားကြီးတစ်စင်းက မီးထိုးလာတယ်။ ထိုးလည်း ထိုးလာရော အဲက လူတစ်ယောက် ဆင်းလာတယ်။ What Done? We done no what done ဆိုပြန်ပြောတော့ အဲလူတွေကို ဆဲဆို အော်ဟစ်လုပ်ပြီးတော့မှ ဓားတွေနဲ့ လက်တွေကို လာဖြုတ်ပေးပြီးတော့ မော်တော်ဆိုင်ကယ်ပေါ်တက် နှစ်ယောက်စလုံးတက် ရှေ့ကနေ မောင်းသွား ကျွန်တော်နောက်က လိုက်ပေးမယ်ဆိုတော့ ၅မိုင်လောက် သူနောက်က လိုက်ပေးတယ်။ သူနာမည်က အီဆာတဲ့။ သူက ကိုယ့်အသက်ကို ကယ်လိုက်တဲ့ ပုဂ္ဂိုလ်ပါ။

အဲတော့ အန်တီတို့အနေနဲ့ ခရီးစဉ်တစ်လျောက်လုံးမှာ ငွေရေးကြေးရေးပေါ့နော်။ ရရှိမှုတွေ ကုန်ကြတာတွေနဲ့ ကာမိအောင် အန်တီတို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားပြီး ဖြေရှင်းခဲ့ကြလဲ။

အန်တီတို့ အိန္ဒိယမှာတုန်းက ဓါတ်ပုံတွေ ရိုက်တယ်။ ဗမာပြည်က ဓါတ်ပုံတွေကော ကူးတယ်။ ကူးပြီးတော့ ပန်းချီဆွဲတယ်။ ဆေးရောင်တင်တယ်ပေါ့။ အဲတာပြီး ရောင်းစားခဲ့တယ်။ ပြီးတော့မှ တစ်ပိုင်တစ်နိုင်စာရေးပါတယ်။

အန်တီတို့ နောက်ဆုံးမြန်မာနိုင်ငံကို ပြန်လာတာက နောက်ဆုံးခရီးစဉ်နဲ့ဆို ဘယ်နိုင်ငံကနေ ပြန်လာတာလဲ။

နောက်ဆုံး အိန္ဒိယကပဲ ပြန်လာတာပါ။

အဲကနေမှ မြန်မာနိုင်ငံကို ပြန်ပြီးရောက်လာကြတာပေါ့။ အဲတော့ ဒီမြန်မာနိုင်ငံကနေ ဘယ်ရက်မှာ ထွက်သွားပြီးတော့ မြန်မာပြည်ကို ပြန်ရောက်လာတာ ဘယ်ရက်မှာလဲ။ အတိအကျ အန်တီ မှတ်မိပါသလား။

မှတ်မိပါတယ်။ စတင်ဘာလ ၂၉ရက် ၁၉၅၅ ထွက်သွားပြီးတော့ စတင်ဘာလ ၁၀ရက် ၁၉၅၆ မှာ ပြန်ရောက်လာခဲ့တယ်။

အန်တီအနေနဲ့က ဒီသာသနာရေးလုပ်ငန်း လုပ်ဆောင်မှုတွေလည်း တော်တော်များခဲ့တယ်လို့ သိထားတယ်။ အဲတော့ အန်တီအနေနဲ့ ချီးမြင့်ခံထားရတဲ့ ဘွဲ့တံဆိပ်တွေတောင် ရှိတယ်လို့ သိထားတယ်လေ။ အဲဒီအကြောင်းလေးတွေလည်း ပြောပြပါအုံး။

နိုင်ငံတကာကို သွားပြီး သာသနာပြုတာကတော့ ကမ္ဘာပတ်တာနဲ့တွက်ရင် နောက်ထပ် လေယျာဉ်ပျံနဲ့ တွက်ရင် ငါးပတ်ရှိပါပြီ။ အဲလို အရှေ့အနောက်တောင်မြောက် တရားဝင် အမေရိကားကတော့ ၇ခေါက်ပါ။ အဲလိုပဲ သာသနာတော်အကြောင်းပြောပြတယ်။ စိတ်ဝင်စားရင် တရားပြတယ်။ တရားစခန်းတွေ တည်ထောင်ပေးတယ် အဲတော့ အဲတာတွေ အကုန်လုံး သိတဲ့ အခါ နိုင်ငံတော် အစိုးရက မဟာသဒ္ဓမဇောတိကဓဇ ဆိုတဲ့ဘွဲ့ကို ပေးထားပါတယ်။

အဲဘွဲ့က ဘုန်းကြီးကိုပဲ ပေးလေ့ရှိတဲ့ ဘွဲ့ထင်တယ်နော်။

ဟုတ်ပါတယ်။ ဘုန်းကြီးကိုပေးတဲ့ ဘွဲ့ကို အန်တီက သာသနာကို ရွတ်ရွတ်ချွန်ချွန်ပြုတဲ့အတွက် အန်တီကိုပေးထားပါတယ်။

အန်တီအနေနဲ့ သာသနာပြုတဲ့လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ဖြစ်တဲ့ တွန်းအားကြတော့ ဘယ်လိုမျိုးတွန်းအား ရှိလို့လဲရှင့်။

သာသနာပြုတဲ့ လုပ်ငန်းဆောင်ရွက်ဖြစ်သွားတာကတော့ ကိုယ့်နိုင်ငံကိုယ်လူမျိုးကို ကမ္ဘာက သိစေချင်တာ တစ်ချက်ရယ်။ တကယ့်စင်စင်ကြယ်ကြယ်ရှိတဲ့ မြတ်စွာဘုရားရဲ့ ဝိပဿနာနည်းပေါ့။ စိတ်ကို ထိန်းသိ်မ်းချုပ်ပြီးတော့ စိတ်ချမ်းသာမှု ရယူနိုင်တဲ့ထိ လုပ်မယ်ဆိုရင် ရတယ်။ ကျန်းမာရေးလည်း ဒီဝိပဿနာနဲ့ ကုလို့ရတယ်ဆိုတဲ့ သက်သေပြချင်လို့ ကိုယ်ကိုယ်တိုင်လည်း ထိုင်ဖူးတယ်။ စွန်လွန်းနည်းနဲ့ ထိုင်တယ်။ နိုင်ငံတကာကိုလည်း စွန်းလွန်းနည်းနဲ့ တရားပြပါတယ်။

ဒါနဲ့ အန်တီ စာတွေရေးခဲ့တာလည်း သိရတယ်ရှင့်။ စာအုပ်တွေလည်း အကြိမ်ကြိမ် ထုတ်ဝေခဲ့တယ်လေ။ အဲတော့ အန်တီ ခရီးသွားတဲ့ အတွေ့အကြုံတွေကိုဘဲ ရေးဖြစ်ခဲ့တာလား။ အခြားသော အကြောင်းအရာတွေကို ရေးထားတဲ့ အကြောင်းအရာတွေကော ရှိသေးလားရှင့်။

အမျိုးမျိုးပါ။ အကြောင်းအရာကတော့ ခရီးသွားအတွေ့အကြုံကော မြန်မာပြည်ထဲမှာရှိတဲ့ အဖြစ်ပျက်လေးတွေကော အတွေ့အကြုံတွေကော အကုန်ရေးထားပါတယ်။ တိုင်းပြု ပြည်ပြု ပုဂ္ဂိုလ်ကြီးတွေ အကြောင်းလည်း ရံဖန်ရံခါရေးပါတယ်။

အန်တီက ပုဂံမှာလည်း ဟော်တယ်ဖွင့်ထားသေးတယ်ဆိုတော့ အန်တီအကြောင်းကို သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင် ကမ္ဘာပတ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ကော ပြီးတော့ ဟော်တယ်ပိုင်ရှင် အမျိုးသမီးတစ်ယောက်အနေနဲ့ကော ဖြစ်နေတယ်။ အခြားသော အစိုးရ ဝန်ထမ်းအနေနဲ့ လုပ်ခဲ့တဲ့ အချိန်ကော ရှိလာရှင့်။

လုပ်ခဲ့ပါတယ်။ အစိုးရဝန်ထမ်း အခုလည်း ပင်စင်စားနေတုန်းပါပဲ။

ပထမဦးဆုံးကတော့ အန်တီက ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာနမှာ လုပ်ပါတယ်။ ပြီးတော့မှ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာနကနေပြီးတော့ သစ်လုပ်ငန်းဋ္ဌာနမှာ ဒုမန်နေဂျာ လုပ်ပါတယ်။ ပြီးတော့ လုပ်သားကောလိပ်မှာလည်း အချိန်ပိုင်း စာပြခဲ့ပါတယ်။ သုံးနှစ်ပါ။

အခုဆိုရင် အန်တီအနေနဲ့ ကိုယ့်ရဲ့ အိပ်မက်တွေပေါ့နော် ကိုယ်လုပ်ချင်တဲ့ အရာတွေကို အကောင်အထည် ဖော်နိုင်ခဲ့ပြီးပြီဆိုတော့ ရှေ့ဆက်ပြီးတော့ အန်တီ ဘာများ ထပ်လုပ်ချင်တာ ရှိသေးလဲရှင့်။

အများကြီးကျန်ပါသေးတယ်။ တိုင်းပြု ပြည်ပြု လုပ်ငန်းတွေ အများကြီး ကျန်ပါသေးတယ်။ ခေါင်းထဲမှာ လုပ်ချင်ပါတယ်။ ကလေးလေးတွေကို အထူးသဖြင့် တောင်ကြီး၊ ရန်ကုန်၊ နာဂတောင်တန်း၊ အဲလိုမျိုးတွေမှာ ရောက်တိုင်း ရောက်တိုင်း အင်္ဂလိပ်လို ပြတယ်။ ဟောတယ်။ ပြောတယ်။ ပြတယ်။ သူတို့ကို သင်ပေးတယ်။ ဆွယ်တော် ကျောင်းတိုက်မှာဆိုရင် တစ်နှစ်လောက် ရဟန်းတွေကော သီလရှင်တွေကော အင်္ဂလိပ်စာ ပြပေးပါတယ်။

Mizzima Burmese

Leave a Reply