၂၀ရာစု အဆုံး စစ္ပြဲမ်ားၾကားက ကမာၻေက်ာ္ တုိက္ေလယာဥ္မ်ားရဲ႕အစြမ္း

Posted on

Written By ေကေက (မဟာဝိဇၨာ)

တိုက္ပြဲဝင္ တိုက္ေလယာဥ္မ်ား (၁၉၈၀ ျပည့္ႏွစ္ မွ ၁၉၉၀ ျပည့္ႏွစ္အထိ) 

တိုက္ခိုက္ေရးစီမံခ်က္၏ အစိတ္အပိုင္းျဖစ္ေသာ တိုက္ေလယာဥ္မ်ားလည္း စစ္ပြဲကို အႏိုင္ရေအာင္ ေဆာင္ၾကဥ္းေပးႏိုင္ေၾကာင္းကို ၁၉၈၂ ခုႏွစ္က လစ္ဘႏြန္ႏိုင္ငံေပၚတြင္ ဆင္ႏႊဲခဲ႕ေသာ အစၥေရးႏွင့္ ဆီးရီးယားေလေၾကာင္းတိုက္ပြဲမ်ားက ျပသခဲ႕ေပသည္။
အစၥေရး F-15 ႏွင့္ F-16  တိုက္ေလယာဥ္ တစ္စီးမွ မဆံုး႐ံႈးဘဲ ဆီးရီးယား MIG-21  ႏွင့္ MIG-23 တိုက္ ေလယာဥ္ ၈၂ စီးကို ပစ္ခ်ႏိုင္ခဲ႕ပံုမွာ အံ႕မခန္းပင္ျဖစ္သည္။ ေလယာဥ္ႏွစ္စီး စီးခ်င္းထိုးတိုက္ခိုက္ရာတြင္ ရန္သူ၏ေနာက္ၿမီးပိုင္း ေျခာက္နာရီေနရာကို ရေအာင္
ယူ၍ ပစ္ခတ္သည္မွာ ထံုးတမ္းစဥ္လာ နည္းဗ်ဴဟာ ျဖစ္ေသာ္လည္း Sidewinder ဒံုးက်ည္ျဖင့္ ပထမဆံုး တိုက္ပြဲဝင္ေသာ အစၥေရး တိုက္ေလယာဥ္မ်ားအေနျဖင္႕ ရန္သူ့ေလယာဥ္ကို ေထာင္႕စံု ေနရာစံုမွ ပစ္ခတ္တိုက္ခိုက္ ႏိုင္ျခင္းမွာ အားသာခ်က္ ျဖစ္၏။ ထို့ျပင္ အစၥေရးေလသူရဲ တို့သည္ ေျမျပင္ေရဒါ ေဝဟင္ႀကဳ ိတင္ သတိေပးႏွင့္ ကြပ္ကဲေရးေလယာဥ္ (AWACS )၊ အီလက္ထေရာနစ္ ေထာက္လွမ္းေရး (ELINT) ေလယာဥ္တို့ထံမွ သတင္းအခ်က္အလက္မ်ားကို ရရွိၾကသျဖင္႕ ဆီရီးယား တိုက္ေလယာဥ္မ်ား ဘယ္မွာရွိသည္၊ ဘာလုပ္ေန ၾကသည္ စသည္ျဖင္႕ ေနာက္ဆံုး အေျခအေနကို သိရွိေနၾကျခင္းကလည္း ေနာက္ထပ္ အားသာခ်က္ ျဖစ္၏။

၁၉၈၂ ခုႏွစ္တြင္ ေဖာက္ကလန္စစ္ပြဲ ျဖစ္ခဲ႕သည္။ အျခားစစ္ပြဲမ်ားႏွင္႕စာလွ်င္ ေဖာက္ကလန္ကြ်န္းေပၚတြင္ တိုက္ေလယာဥ္စစ္ဆင္ရန္ ကန့္သတ္ခ်က္ ရွိခဲ႕ေသာ္လည္း စစ္ပြဲမွ ရလဒ္ေကာင္းမ်ား ရယူေပးႏိုင္ခဲ႕သည္။ ၿဗိတိသွ် တိုက္ေလယာဥ္တို့အေနျဖင္႕ သူတို့ထက္ အေရအတြက္ မ်ားေသာ အာဂ်င္တီးနားတိုက္ေလယာဥ္မ်ားကို ရင္ဆိုင္ ရေသာ္လည္း ကြ်န္းေပၚတြင္ ေျမျပင္စစ္ဆင္ေရး ဆင္ႏႊဲ
ႏိုင္ရန္ ေလေၾကာင္းစိုးမိုးမႈ ရယူေပးႏိုင္ခဲ႕သည္။ ၿဗိတိသွ် တိုက္ေလယာဥ္မ်ားကို အာဂ်င္တီးနား Mirage III  ႏွင့္ Dagger တိုက္ေလယာဥ္မ်ားက ရင္ဆိုင္တိုက္ခိုက္၍ ေရယာဥ္အုပ္စုႀကီးကို ေလေၾကာင္းရန္မွ ကာကြယ္ရန္ တာဝန္ေပးထားသည္။ အာဂ်င္တီးနား တိုက္ေလယာဥ္ မ်ားသည္ သူတို့ကြင္းမွ မိုင္ေပါင္းရာႏွင္႕ခ်ီ၍ ပင္လယ္ျပင္ သို့ ထြက္တိုက္ရသည္။ ပို့စတင္ေလ ေလယာဥ္ကြင္းကို
ၿဗိတိသွ်ေလတပ္က Vulcan ဗံုးႀကဲေလယာဥ္ႀကီးမ်ားျဖင္႕ ဗံုးႀကဲတိုက္ခိုက္ေသာအခါ ပင္လယ္ျပင္ေပၚ ေရာက္ေနေသာ တိုက္ေလယာဥ္မ်ားကို မိခင္ေျမအား ကာကြယ္ရန္ ျပန္ေခၚလိုက္ရသည္။

ေဖာက္ကလန္စစ္ပြဲ၏ ေလေၾကာင္းတိုက္ပြဲမ်ား တြင္ ၿဗိတိသွ်ဘက္မွ Sea Harrier တစ္စီးမွ် မဆံုး႐ံႈး ေခ်။ အာဂ်င္တီးနားဘက္တြင္မူ ျပင္သစ္လုပ္ Mirage ႏွင္႕ အစၥေရးလုပ္ Dagger တိုက္ေလယာဥ္ ၂၃ စီး ဆံုး႐ံႈးခဲ႕သည္။ အကယ္၍သာ  Sea Harrier တိုက္ေလယာဥ္မ်ားက တာဝန္ေရတပ္ဖြဲ႔ ႀကီးကို ထိေရာက္ေသာ ေလေၾကာင္းရန္ အကာအကြယ္မေပးႏိုင္ခဲ႕လွ်င္ ေဖာက္ကလန္ကြ်န္းကို ျပန္လည္သိမ္းယူရန္ ၿဗိတိသွ် တို့၏ ႀကိဳးပမ္းမႈသည္ ေတာင္အတၱလႏၱိတ္သမုဒၵရာ ၾကမ္းျပင္ေပၚတြင္ လဲေလ်ာင္းအိပ္စက္သြားရမည္႕ တာဝန္
ေရတပ္ဖြဲ႔ ႀကီးႏွင္႕အတူ အေရးနိမ္႕ ၿပီးဆံုးသြားေပလိမ့္မည္။

အီရတ္က ကူဝိတ္ကို က်ဴးေက်ာ္သိမ္းပိုက္ေသာ ေၾကာင္႕ တစ္ဖက္သတ္က်ေသာ ပင္လယ္ေကြ႔စစ္ပြဲသည္ ၁၉၉၁ ခုႏွစ္တြင္ ေပၚေပါက္လာခဲ႕ရ၏။ အီရတ္ေလတပ္၏ အေကာင္းဆံုးတိုက္ေလယာဥ္မွာ အသံထက္ ႏွစ္ဆျမန္ ေသာ MIG-29  ျဖစ္သည္။ MIG-29 သည္ အေနာက္အုပ္စု ၏ အေကာင္းဆံုး တိုက္ေလယာဥ္မ်ားကို ယွဥ္ၿပိဳင္ရန္ စစ္ေအးကာလအတြင္းက ထုတ္လုပ္လိုက္ေသာ အလြန္
အဆင္႕ျမင္႕သည္႕ ဆိုဗီယက္တိုက္ေလယာဥ္ျဖစ္၏။ ထိုေလယာဥ္တြင္ ၂၄၅ ကီလိုမီတာ (၁၅၂ မိုင္) အကြာအေဝးမွ ပစ္မွတ္ ၁၀ ခု (ေလယာဥ္ ၁၀ စီး)ကို တစ္ၿပိဳင္နက္ ေျခရာခံ ရွာေဖြႏိုင္ေသာေရဒါ ပါ သည္။ MIG-29 ေလ သူရဲ၏ ေခါင္းေဆာင္းတြင္ ခ်ိန္ခြက္(Helment Mounted Sight ) တပ္ေပး ထားသျဖင္႕ ထိုခ်ိန္သား ကိုက္စနစ္က ေလသူရဲ လ ွည ္႕ ၾကည ္႕ရာ အရပ္မ်က္ႏွာဆီသို့ ေဝဟင္မွ ေဝဟင္ပစ္ဒံုးက်ည္ကို လမ္းညႊန္ေပးႏိုင္သည္ ဟု အဆိုရွိ၏။ အီရတ္၏ ေလေၾကာင္း MIG-29 တပ္ဖြဲ႔ကို MIG-21,MIG-23,MIG25 ႏွင့္ Mirage တိုက္ေလယာဥ္မ်ားျဖင္႕ ထပ္မံ အားျဖည့္ ထားေပရာ ယင္းတပ္ဖြဲ႔ ႀကီးကို ေပါ႕ေသးေသး ယူဆ၍ မျဖစ္ေခ်။ ႏိုင္ငံစံုေလတပ္ဖြဲ႔တြင္ အေမရိကန္ျပည္ေထာင္စု ေလတပ္/ ေရတပ္/ မရင္းတပ္ဖြဲ႔၊ ၿဗိတိန္ ေတာ္ဝင္ ေလတပ္ႏွင္႕ ေဆာ္ဒီအာေရဗ်၊ ျပင္သစ္၊ ကြာတာ၊
ကေနဒါေလတပ္မ်ားမွ Mirage 2000, F-15C, F-16C, F-14 ႏွင့္  F/A-18 တိုက္ေလယာဥ္တို့ အဓိက ပါဝင္ၾက သည္။

အီရတ္ေလတပ္သည္ ေခတ္မီတိုက္ေလယာဥ္ မ်ား ရွိေသာ္လည္း ၎၏ ေလသူရဲမ်ားသည္ ေနာက္ခံ စစ္အင္အား ေတာင္႕တင္းၿပီး အဆင္႕ျမင္႕မားစြာ ေလ႕က်င္႕သားက်ေနေသာ ႏိုင္ငံစံုေလတပ္ ေလသူရဲမ်ား၏ အရည္အခ်င္းကို မမီေခ်။ ႏိုင္ငံစံုေလတပ္သည္ ခ႐ုစ္ဒံုးက်ည္ႏွင္႕ ဗံုးအမ်ိဳးမ်ိဳးကို အသံုးျပဳလ်က္ အီရတ္စစ္ဘက္ အေဆာက္အအံုမ်ားကို တစ္ေနရာၿပီး တစ္ေနရာ စနစ္တက် ဖ်က္ဆီးပစ္ေလသည္။ ႏိုင္ငံစံု ေလတပ္အင္အား ေတာင္႕တင္းေသာ္လည္း အီရတ္ ေလယာဥ္မ်ားက ေရွာင္ေျပးၾကေသာေၾကာင္႕ အီရတ္ ေလယာဥ္ ၄၅ စီးကိုသာ ဖ်က္ဆီးႏိုင္ခဲ႕သည္။ ထိုအထဲမွ ၃၆ စီးကို မက္ေဒါနယ္လ္ ေဒါက္ဂလပ္ကုမၸဏီထုတ္ F-15 Eagle  တိုက္ေလယာဥ္မ်ားက ပစ္ခ်ႏိုင္ခဲ႕ျခင္းျဖစ္သျဖင့္ F-15 ၏ တိုက္ပြဲစြမ္းရည္ကို မွတ္ေက်ာက္ တင္ႏိုင္ခဲ႕သည္။ ေတာ္ဝင္ ေဆာ္ဒီေလတပ္၏ F-15 တစ္စီးကလည္း အီရတ္ Mirage I ႏွစ္စီးကို AAM ဒံုးက်ည္မ်ားျဖင္႕ ပစ္ခ် ေအာင္ပြဲခံခဲ႕သည္။ အေရအတြက္ႏွင္႕ စြမ္းအားသာေသာ ႏိုင္ငံစံု ေလတပ္သည္ အီရတ္ေလတပ္ကို ေကာင္းကင္မွ ေမာင္းထုတ္လိုက္ကာ မဟာမိတ္ေလေၾကာင္း တိုက္ခိုက္ မႈမ်ားကို ခုခံမႈ ကင္းမဲ႕ေအာင္ ေဆာင္ၾကဥ္းေပးခဲ႕သည္။

၁၉၉၁ ခုႏွစ္ မတ္လ ၃ ရက္ေန့တြင္ အပစ္အခတ္ ရပ္စဲေရး လက္မွတ္ေရးထိုးခဲ႕သည္။ တိုက္ေလယာဥ္ သည္ စစ္ပြဲတစ္ပြဲကို အျမန္ဆံုး အဆံုးသတ္ေအာင္ေနာက္တစ္ႀကိမ္ စြမ္းေဆာင္ေပးခဲ႕ျခင္း ျဖစ္သည္။

ေကေက(မဟာ၀ိဇၨာ)
သုတဗေဒသာစာေစာင္ ၊ ၂၀၁၃

————————————–

၂၀ရာစု အဆုံး စစ်ပွဲများကြားက ကမ္ဘာကျော် တိုက်လေယာဉ်များရဲ့အစွမ်း (unicode)

Written By ကေကေ (မဟာဝိဇ္ဇာ)

တိုက်ပွဲဝင် တိုက်လေယာဉ်များ (၁၉၈၀ ပြည့်နှစ် မှ ၁၉၉၀ ပြည့်နှစ်အထိ)

တိုက်ခိုက်ရေးစီမံချက်၏ အစိတ်အပိုင်းဖြစ်သော တိုက်လေယာဉ်များလည်း စစ်ပွဲကို အနိုင်ရအောင် ဆောင်ကြဉ်းပေးနိုင်ကြောင်းကို ၁၉၈၂ ခုနှစ်က လစ်ဘနွန်နိုင်ငံပေါ်တွင် ဆင်နွှဲခဲ့သော အစ္စရေးနှင့် ဆီးရီးယားလေကြောင်းတိုက်ပွဲများက ပြသခဲ့ပေသည်။
အစ္စရေး F-15 နှင့် F-16  တိုက်လေယာဉ် တစ်စီးမှ မဆုံးရှုံးဘဲ ဆီးရီးယား MIG-21  နှင့် MIG-23 တိုက် လေယာဉ် ၈၂ စီးကို ပစ်ချနိုင်ခဲ့ပုံမှာ အံ့မခန်းပင်ဖြစ်သည်။ လေယာဉ်နှစ်စီး စီးချင်းထိုးတိုက်ခိုက်ရာတွင် ရန်သူ၏နောက်မြီးပိုင်း ခြောက်နာရီနေရာကို ရအောင်
ယူ၍ ပစ်ခတ်သည်မှာ ထုံးတမ်းစဉ်လာ နည်းဗျူဟာ ဖြစ်သော်လည်း Sidewinder ဒုံးကျည်ဖြင့် ပထမဆုံး တိုက်ပွဲဝင်သော အစ္စရေး တိုက်လေယာဉ်များအနေဖြင့် ရန်သူ့လေယာဉ်ကို ထောင့်စုံ နေရာစုံမှ ပစ်ခတ်တိုက်ခိုက် နိုင်ခြင်းမှာ အားသာချက် ဖြစ်၏။ ထို့ပြင် အစ္စရေးလေသူရဲ တို့သည် မြေပြင်ရေဒါ ဝေဟင်ကြု ိတင် သတိပေးနှင့် ကွပ်ကဲရေးလေယာဉ် (AWACS )၊ အီလက်ထရောနစ် ထောက်လှမ်းရေး (ELINT) လေယာဉ်တို့ထံမှ သတင်းအချက်အလက်များကို ရရှိကြသဖြင့် ဆီရီးယား တိုက်လေယာဉ်များ ဘယ်မှာရှိသည်၊ ဘာလုပ်နေ ကြသည် စသည်ဖြင့် နောက်ဆုံး အခြေအနေကို သိရှိနေကြခြင်းကလည်း နောက်ထပ် အားသာချက် ဖြစ်၏။

၁၉၈၂ ခုနှစ်တွင် ဖောက်ကလန်စစ်ပွဲ ဖြစ်ခဲ့သည်။ အခြားစစ်ပွဲများနှင့်စာလျှင် ဖောက်ကလန်ကျွန်းပေါ်တွင် တိုက်လေယာဉ်စစ်ဆင်ရန် ကန့်သတ်ချက် ရှိခဲ့သော်လည်း စစ်ပွဲမှ ရလဒ်ကောင်းများ ရယူပေးနိုင်ခဲ့သည်။ ဗြိတိသျှ တိုက်လေယာဉ်တို့အနေဖြင့် သူတို့ထက် အရေအတွက် များသော အာဂျင်တီးနားတိုက်လေယာဉ်များကို ရင်ဆိုင် ရသော်လည်း ကျွန်းပေါ်တွင် မြေပြင်စစ်ဆင်ရေး ဆင်နွှဲ
နိုင်ရန် လေကြောင်းစိုးမိုးမှု ရယူပေးနိုင်ခဲ့သည်။ ဗြိတိသျှ တိုက်လေယာဉ်များကို အာဂျင်တီးနား Mirage III  နှင့် Dagger တိုက်လေယာဉ်များက ရင်ဆိုင်တိုက်ခိုက်၍ ရေယာဉ်အုပ်စုကြီးကို လေကြောင်းရန်မှ ကာကွယ်ရန် တာဝန်ပေးထားသည်။ အာဂျင်တီးနား တိုက်လေယာဉ် များသည် သူတို့ကွင်းမှ မိုင်ပေါင်းရာနှင့်ချီ၍ ပင်လယ်ပြင် သို့ ထွက်တိုက်ရသည်။ ပို့စတင်လေ လေယာဉ်ကွင်းကို
ဗြိတိသျှလေတပ်က Vulcan ဗုံးကြဲလေယာဉ်ကြီးများဖြင့် ဗုံးကြဲတိုက်ခိုက်သောအခါ ပင်လယ်ပြင်ပေါ် ရောက်နေသော တိုက်လေယာဉ်များကို မိခင်မြေအား ကာကွယ်ရန် ပြန်ခေါ်လိုက်ရသည်။

ဖောက်ကလန်စစ်ပွဲ၏ လေကြောင်းတိုက်ပွဲများ တွင် ဗြိတိသျှဘက်မှ ှနေ ံမေမငနမ တစ်စီးမျှ မဆုံးရှုံး ချေ။ အာဂျင်တီးနားဘက်တွင်မူ ပြင်သစ်လုပ် Mirage နှင့် အစ္စရေးလုပ် Dagger တိုက်လေယာဉ် ၂၃ စီး ဆုံးရှုံးခဲ့သည်။ အကယ်၍သာ  Sea Harrier တိုက်လေယာဉ်များက တာဝန်ရေတပ်ဖွဲ့ ကြီးကို ထိရောက်သော လေကြောင်းရန် အကာအကွယ်မပေးနိုင်ခဲ့လျှင် ဖောက်ကလန်ကျွန်းကို ပြန်လည်သိမ်းယူရန် ဗြိတိသျှ တို့၏ ကြိုးပမ်းမှုသည် တောင်အတ္တလန္တိတ်သမုဒ္ဒရာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းအိပ်စက်သွားရမည့် တာဝန်
ရေတပ်ဖွဲ့ ကြီးနှင့်အတူ အရေးနိမ့် ပြီးဆုံးသွားပေလိမ့်မည်။

အီရတ်က ကူဝိတ်ကို ကျူးကျော်သိမ်းပိုက်သော ကြောင့် တစ်ဖက်သတ်ကျသော ပင်လယ်ကွေ့စစ်ပွဲသည် ၁၉၉၁ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့ရ၏။ အီရတ်လေတပ်၏ အကောင်းဆုံးတိုက်လေယာဉ်မှာ အသံထက် နှစ်ဆမြန် သော MIG-29  ဖြစ်သည်။ MIG-29 သည် အနောက်အုပ်စု ၏ အကောင်းဆုံး တိုက်လေယာဉ်များကို ယှဉ်ပြိုင်ရန် စစ်အေးကာလအတွင်းက ထုတ်လုပ်လိုက်သော အလွန်
အဆင့်မြင့်သည့် ဆိုဗီယက်တိုက်လေယာဉ်ဖြစ်၏။ ထိုလေယာဉ်တွင် ၂၄၅ ကီလိုမီတာ (၁၅၂ မိုင်) အကွာအဝေးမှ ပစ်မှတ် ၁၀ ခု (လေယာဉ် ၁၀ စီး)ကို တစ်ပြိုင်နက် ခြေရာခံ ရှာဖွေနိုင်သောရေဒါ ပါ သည်။ MIG-29 လေ သူရဲ၏ ခေါင်းဆောင်းတွင် ချိန်ခွက်(Helment Mounted Sight ) တပ်ပေး ထားသဖြင့် ထိုချိန်သား ကိုက်စနစ်က လေသူရဲ လ ှည ့် ကြည ့်ရာ အရပ်မျက်နှာဆီသို့ ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်ကို လမ်းညွှန်ပေးနိုင်သည် ဟု အဆိုရှိ၏။ အီရတ်၏ လေကြောင်း MIG-29 တပ်ဖွဲ့ကို MIG-21,MIG-23,MIG25 နှင့် Mirage တိုက်လေယာဉ်များဖြင့် ထပ်မံ အားဖြည့် ထားပေရာ ယင်းတပ်ဖွဲ့ ကြီးကို ပေါ့သေးသေး ယူဆ၍ မဖြစ်ချေ။ နိုင်ငံစုံလေတပ်ဖွဲ့တွင် အမေရိကန်ပြည်ထောင်စု လေတပ်/ ရေတပ်/ မရင်းတပ်ဖွဲ့၊ ဗြိတိန် တော်ဝင် လေတပ်နှင့် ဆော်ဒီအာရေဗျ၊ ပြင်သစ်၊ ကွာတာ၊
ကနေဒါလေတပ်များမှ Mirage 2000, F-15C, F-16C, F-14 နှင့်  F/A-18 တိုက်လေယာဉ်တို့ အဓိက ပါဝင်ကြ သည်။

အီရတ်လေတပ်သည် ခေတ်မီတိုက်လေယာဉ် များ ရှိသော်လည်း ၎င်း၏ လေသူရဲများသည် နောက်ခံ စစ်အင်အား တောင့်တင်းပြီး အဆင့်မြင့်မားစွာ လေ့ကျင့်သားကျနေသော နိုင်ငံစုံလေတပ် လေသူရဲများ၏ အရည်အချင်းကို မမီချေ။ နိုင်ငံစုံလေတပ်သည် ခရုစ်ဒုံးကျည်နှင့် ဗုံးအမျိုးမျိုးကို အသုံးပြုလျက် အီရတ်စစ်ဘက် အဆောက်အအုံများကို တစ်နေရာပြီး တစ်နေရာ စနစ်တကျ ဖျက်ဆီးပစ်လေသည်။ နိုင်ငံစုံ လေတပ်အင်အား တောင့်တင်းသော်လည်း အီရတ် လေယာဉ်များက ရှောင်ပြေးကြသောကြောင့် အီရတ် လေယာဉ် ၄၅ စီးကိုသာ ဖျက်ဆီးနိုင်ခဲ့သည်။ ထိုအထဲမှ ၃၆ စီးကို မက်ဒေါနယ်လ် ဒေါက်ဂလပ်ကုမ္ပဏီထုတ် F-15 Eagle  တိုက်လေယာဉ်များက ပစ်ချနိုင်ခဲ့ခြင်းဖြစ်သဖြင့် F-15 ၏ တိုက်ပွဲစွမ်းရည်ကို မှတ်ကျောက် တင်နိုင်ခဲ့သည်။ တော်ဝင် ဆော်ဒီလေတပ်၏ F-15 တစ်စီးကလည်း အီရတ် Mirage I နှစ်စီးကို AAM ဒုံးကျည်များဖြင့် ပစ်ချ အောင်ပွဲခံခဲ့သည်။ အရေအတွက်နှင့် စွမ်းအားသာသော နိုင်ငံစုံ လေတပ်သည် အီရတ်လေတပ်ကို ကောင်းကင်မှ မောင်းထုတ်လိုက်ကာ မဟာမိတ်လေကြောင်း တိုက်ခိုက် မှုများကို ခုခံမှု ကင်းမဲ့အောင် ဆောင်ကြဉ်းပေးခဲ့သည်။

၁၉၉၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။ တိုက်လေယာဉ် သည် စစ်ပွဲတစ်ပွဲကို အမြန်ဆုံး အဆုံးသတ်အောင်နောက်တစ်ကြိမ် စွမ်းဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ကေကေ(မဟာဝိဇ္ဇာ)
သုတဗဒေသာစာစောင် ၊ ၂၀၁၃

Leave a Reply