ႏွလုံး(heart) မရွိပဲ ၁ ႏွစ္ေက်ာ္ အသက္ရွင္ခဲ့သူ

Posted on

အေမရိကန္ မီခ်ီကန္က အသက္ ၂၅ႏွစ္ အရြယ္ Stan Larkin ဆုိသူဟာ ႏွလုံးမရွိပဲ ၁၇လၾကာေနထုိင္ခဲ့ၿပီးေနာက္ ေဆးေလာကရဲ႕ စံခ်ိန္သစ္အျဖစ္မွတ္တမ္းတင္ႏုိင္ခဲ့ပါတယ္။ Stan Larkin ရဲ႕ ႏွလုံးဟာ မ်ဳိးရုိးျပႆနာေၾကာင့္ ငယ္စဥ္ကတည္းက ေရာဂါခဏခဏျဖစ္ကာ ျခဴျခာေလ့ရွိပါတယ္။ တျဖည္းျဖည္းနဲ႔ ဆုိးရြားလာၿပီးေနာက္ အစားမထုိးလုိ႔မျဖစ္တဲ့ အေျခအေနကုိ ေရာက္ရွိခဲ့ပါတယ္။ ဒါေၾကာင့္ အစ္ကုိျဖစ္သူဟာ သူ႔အတြက္ အမ်ဳိးအစားတူတဲ့ ႏွလုံးကုိ လုိက္လံရွာေဖြခဲ့ရပါတယ္။

ဒီလုိရွာေဖြေနတဲ့အခ်ိန္မွာ မူလႏွလုံးနဲ႔အသရွင္ဖုိ႔မျဖစ္ႏုိင္ေတာ့တဲ့ Larkin အတြက္ ေဆးသိပၸံအင္ဂ်င္နီယာေတြက ႏွလုံးအတုတစ္ခုကုိ ဖန္တီးေပးခဲ့ၾကပါတယ္။ အေျခခံအားျဖင့္ ႏွလုံးရဲ႕လုပ္ေဆာင္ပုံနဲ႔တူညီတဲ့ ပစၥည္းတစ္ခုျဖစ္ၿပီး ဒီပစၥည္းကုိ သြားေလရာမွာ ယူေဆာင္သြားရမွာျဖစ္ပါတယ္။ ဒီပစၥည္းတပ္ဆင္ထားတာေၾကာင့္ သာမန္လူေတြလုိေတာ့ ကစားႏုိင္ ၊ ေျပးႏုိင္မွာ မဟုတ္ပါဘူး။ အစားထုိးခဲ့ရေပမယ့္ ဆရာ၀န္ေတြကေတာ့ ဒီပစၥည္းဟာ ႏွလုံးေနရာမွာ အခ်ိန္အနည္းငယ္သာ အစားထုိးႏုိင္ လိမ့္မယ္လုိ႔ ထင္ထားၾကပါတယ္။ အမ်ဳိးအစားတူတဲ့ လွဴဒါန္းထားတဲ့ႏွလုံးတစ္ခု မရခဲ့ဘူးဆုိရင္ေတာ့ Larkin ရဲ႕ အသက္ဟာ ရွင္ဖုိ႔မျဖစ္ႏုိင္ေတာ့သေလာက္ပါတယ္။ ဒါေပမယ့္ ကံေကာင္းတယ္လုိ႔ ဆုိရပါမယ္။ ဆရာ၀န္ေတြက လပုိင္းသာ အလုပ္လုပ္လိမ့္မယ္လုိ႔ ခန္႔မွန္းထားတဲ့ ဒီပစၥည္းဟာ ပုံစံတူႏွလုံးကို ရွာေဖြရလာတဲ့အထိ အခ်ိန္ ၁ႏွစ္ေက်ာ္(၅၅၅ရက္) ၾကာ အဆင္ေျပစြာ အစားထုိးထားႏုိင္ခဲ့ပါတယ္။ ဒီပစၥည္းကုိေတာ့ Freedom® portable driver လုိ႔ေခၚပါတယ္။

ယခုအခ်ိန္မွာေတာ့ အစ္ကုိျဖစ္သူဟာ သူနဲ႔ ပုံစံတူ ႏွလုံးကို ရွာေဖြေတြ႔လာတဲ့အတြက္ အစားထုိးကုသလုိက္ႏုိင္ပါၿပီ။ အခုဆုိရင္ Larkin ဟာ က်န္းက်န္းမာမာရွိေနပါၿပီ။ သူ႔ရဲ႕အျဖစ္ကုိ မယုံႏုိင္ေအာင္ျဖစ္ေနပါတယ္။
“လြန္ခဲ့တဲ့ ႏွစ္ပတ္က ကြ်န္ေတာ္ႏွလုံး အစားထုိး ေအာင္ျမင္ခဲ့ပါတယ္။ ႏွလုံးလွဴဒါန္းခဲ့တဲ့သူ နဲ႔ သူ႔မိသားစုကုိ ေက်းဇူးတင္ပါတယ္၊ တစ္ေန႔သူတုိ႔ကုိ သြားေတြ႔ႏုိင္ဖုိ႔ ေမွ်ာ္လင့္ပါတယ္” လုိ႔ ဆုိပါတယ္။
ႏွလုံးအစားထုိးတာဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀ ေလာက္တည္းက ေပၚလာတာျဖစ္ေပမယ့္ ၊ ႏွလုံးကုိ အစားထုိးေပးမယ့္ ဒီပစၥည္းေပၚလာတာကေတာ့ တစ္ႏွစ္ေက်ာ္ပဲ ရွိပါေသးတယ္။ ဒီပစၥည္းေၾကာင့္ ႏွလုံးပ်က္စီးလုိ႔ အစားထုိးဖုိ႔ႏွလုံးရွာေဖြေနသူေတြဟာ အသက္ရွင္ဖုိ႔ေမွ်ာ္လင့္ခ်က္ေတြ ရွိလာၿပီျဖစ္ပါတယ္။

—————

နှလုံး(heart) မရှိပဲ ၁ နှစ်ကျော် အသက်ရှင်ခဲ့သူ (unicode)

အမေရိကန် မီချီကန်က အသက် ၂၅နှစ် အရွယ် Stan Larkin ဆိုသူဟာ နှလုံးမရှိပဲ ၁၇လကြာနေထိုင်ခဲ့ပြီးနောက် ဆေးလောကရဲ့ စံချိန်သစ်အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ Stan Larkin ရဲ့ နှလုံးဟာ မျိုးရိုးပြဿနာကြောင့် ငယ်စဉ်ကတည်းက ရောဂါခဏခဏဖြစ်ကာ ခြူခြာလေ့ရှိပါတယ်။ တဖြည်းဖြည်းနဲ့ ဆိုးရွားလာပြီးနောက် အစားမထိုးလို့မဖြစ်တဲ့ အခြေအနေကို ရောက်ရှိခဲ့ပါတယ်။ ဒါကြောင့် အစ်ကိုဖြစ်သူဟာ သူ့အတွက် အမျိုးအစားတူတဲ့ နှလုံးကို လိုက်လံရှာဖွေခဲ့ရပါတယ်။

ဒီလိုရှာဖွေနေတဲ့အချိန်မှာ မူလနှလုံးနဲ့အသရှင်ဖို့မဖြစ်နိုင်တော့တဲ့ Larkin အတွက် ဆေးသိပ္ပံအင်ဂျင်နီယာတွေက နှလုံးအတုတစ်ခုကို ဖန်တီးပေးခဲ့ကြပါတယ်။ အခြေခံအားဖြင့် နှလုံးရဲ့လုပ်ဆောင်ပုံနဲ့တူညီတဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး ဒီပစ္စည်းကို သွားလေရာမှာ ယူဆောင်သွားရမှာဖြစ်ပါတယ်။ ဒီပစ္စည်းတပ်ဆင်ထားတာကြောင့် သာမန်လူတွေလိုတော့ ကစားနိုင် ၊ ပြေးနိုင်မှာ မဟုတ်ပါဘူး။ အစားထိုးခဲ့ရပေမယ့် ဆရာဝန်တွေကတော့ ဒီပစ္စည်းဟာ နှလုံးနေရာမှာ အချိန်အနည်းငယ်သာ အစားထိုးနိုင် လိမ့်မယ်လို့ ထင်ထားကြပါတယ်။ အမျိုးအစားတူတဲ့ လှူဒါန်းထားတဲ့နှလုံးတစ်ခု မရခဲ့ဘူးဆိုရင်တော့ Larkin ရဲ့ အသက်ဟာ ရှင်ဖို့မဖြစ်နိုင်တော့သလောက်ပါတယ်။ ဒါပေမယ့် ကံကောင်းတယ်လို့ ဆိုရပါမယ်။ ဆရာဝန်တွေက လပိုင်းသာ အလုပ်လုပ်လိမ့်မယ်လို့ ခန့်မှန်းထားတဲ့ ဒီပစ္စည်းဟာ ပုံစံတူနှလုံးကို ရှာဖွေရလာတဲ့အထိ အချိန် ၁နှစ်ကျော်(၅၅၅ရက်) ကြာ အဆင်ပြေစွာ အစားထိုးထားနိုင်ခဲ့ပါတယ်။ ဒီပစ္စည်းကိုတော့ Freedom® portable driver လို့ခေါ်ပါတယ်။

ယခုအချိန်မှာတော့ အစ်ကိုဖြစ်သူဟာ သူနဲ့ ပုံစံတူ နှလုံးကို ရှာဖွေတွေ့လာတဲ့အတွက် အစားထိုးကုသလိုက်နိုင်ပါပြီ။ အခုဆိုရင် Larkin ဟာ ကျန်းကျန်းမာမာရှိနေပါပြီ။ သူ့ရဲ့အဖြစ်ကို မယုံနိုင်အောင်ဖြစ်နေပါတယ်။
“လွန်ခဲ့တဲ့ နှစ်ပတ်က ကျွန်တော်နှလုံး အစားထိုး အောင်မြင်ခဲ့ပါတယ်။ နှလုံးလှူဒါန်းခဲ့တဲ့သူ နဲ့ သူ့မိသားစုကို ကျေးဇူးတင်ပါတယ်၊ တစ်နေ့သူတို့ကို သွားတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။
နှလုံးအစားထိုးတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်တည်းက ပေါ်လာတာဖြစ်ပေမယ့် ၊ နှလုံးကို အစားထိုးပေးမယ့် ဒီပစ္စည်းပေါ်လာတာကတော့ တစ်နှစ်ကျော်ပဲ ရှိပါသေးတယ်။ ဒီပစ္စည်းကြောင့် နှလုံးပျက်စီးလို့ အစားထိုးဖို့နှလုံးရှာဖွေနေသူတွေဟာ အသက်ရှင်ဖို့မျှော်လင့်ချက်တွေ ရှိလာပြီဖြစ်ပါတယ်။

Leave a Reply