၁၈၇၆ခုႏွစ္က ေပ်ာက္ဆုံးခဲ့ၿပီး ၁၉၅၀ မွ ျပန္ေပၚလာခဲ့သူတစ္ေယာက္ (သုိ႔) ရူးေဒါ့ဖန္႔ဇ္

Posted on

Time Traveller ျဖစ္ရပ္ေတြဟာ ေျမာက္မ်ားစြာ ထဲက နာမည္ႀကီးတဲ့ျဖစ္ရပ္တစ္ခုကေတာ့  Rudolph Fentz ရဲ႕ ျဖစ္ရပ္ပါ။ ၁၉၅၀ ခုႏွစ္ ဇြန္လ ၁၅ရက္ေန႔ ည၁၁နာရီ ၁၅မိနစ္ တုန္းက နယူးေယာက္ရဲ႕ နာမည္ေက်ာ္ တုိင္းမ္စကြဲယား မီးပြဳိင့္အလယ္ေခါင္တည့္တည့္မွာ ေၾကာင္ေတာင္ေတာင္ရပ္ေနတဲ့ လူတစ္ေယာက္ကုိ လူေတြေတြ႔လုိက္ၾကပါ တယ္။ ဘယ္သြားလုိ႔ သြားရမွန္းမသိတဲ့သူ႔ကုိ မၾကာခင္မွာပဲ ကားတစ္စီးက၀င္တုိက္လုိက္ၿပီးတဲ့ေနာက္ ေသဆုံးသြားခဲ့ပါတယ္။

စစ္ေဆးၾကည့္တဲ့အခ်ိန္မွာေတာ့ သူဟာ ၁၉ရာစုႏွစ္က အ၀တ္အစားကုိ၀တ္ဆင္ထားတဲ့ အသက္ ၃၀အရြယ္လူတစ္ေယာက္ျဖစ္ေနတာကို သိလုိက္ပါတယ္။ ဆက္ၿပီးစစ္ေဆးၾကည့္တဲ့အခါမွာေတာ့ သူ႔ရဲ႕အကၤ်ီအိတ္ထဲမွာ ၁၉ရာစုသုံး ေဒၚလာ ၇၀ နဲ႔ ဘီယာ၀ယ္တဲ့ ၅ဆင့္တန္ေၾကးတုိကင္ ၊ Rudolph Fentz နာမည္နဲ႔ လိပ္စာကဒ္ ၊  ဘဏ္လက္မွတ္္တုိ႔နဲ႔ အတူ ၁၈၇၆ခုႏွစ္ ဇြန္လ ေန႔စြဲတပ္ထားတဲ့ Philadelphia မွ စာအိတ္တစ္အိတ္ကုိ ေတြ႔ၾကရပါတယ္။ ထူးဆန္းတာကေတာ့ ဒီပစၥည္းေတြဟာ ႏွစ္ေပါင္းမ်ားစြာၾကာျမင့္ေနၿပီျဖစ္လုိ႔ ေဟာင္းႏြမ္းေနရမွာျဖစ္ေပမယ့္ ပုံမွန္အသစ္အတုိင္းလုိျဖစ္ေနတာပါ။ ဒါ့အျပင္ ေျခသုံးေခ်ာင္းၿပဳိင္ပြဲမွာ တတိယရထားတဲ့ ဆုတံ
ဆိပ္တစ္ခုလည္း ပါ၀င္ေနပါတယ္။

နယူးေယာက္ရဲတပ္ဖြဲ႔ လူေပ်ာက္ရွာေဖြမႈဌာနက Captain Hubert V. Rihm ဟာ ဒီလူရဲ႕ကြင္းဆက္ကုိ ေဖာ္ထုတ္ႏုိင္ဖုိ႔ႀကဳိးစားခဲ့ပါတယ္။ သူ႔ရဲ႕လိပ္စာကဒ္အတုိင္းလုိက္ခဲ့တဲ့အခါမွာေတာ့ အဲဒီတုိက္ကုိလက္ရွိပုိင္ဆုိင္သူဟာ Rudolph Fentz ကုိ မသိဘူးလုိ႔ျငင္းလုိက္ပါတယ္။ Hubert V.Rihm ဟာ လက္ရွိ လူေပ်ာက္စာရင္း ၊ လက္ေဗြရာစာရင္းေတြမွာ Fentz နာမည္ကိုရွာေဖြခဲ့ေပမယ့္ ဘယ္လုိမွ ရွာေဖြလုိ႔မရခဲ့ပါဘူး။ ေနာက္ဆုံးမွာေတာ့သူဟာ Rudolph Rentz Jr. ဆုိသူရဲ႕တယ္လီဖုန္းနံပါတ္ကုိ  ၁၉၃၉ခုႏွစ္ တယ္လီဖုန္းစာအုပ္ကေန ရရွိခဲ့ပါတယ္။ Rihms ကဖုန္းဆက္ စကားေျပာၾကည့္တဲ့အခါမွာေတာ့ Rudolph Rentz Jr. ဆုိသူဟာ အသက္ ၆၀ ၀န္းက်
င္လူတစ္ေယာက္ျဖစ္ၿပီး တခ်ိန္ကေတာ့ ဒီတုိက္မွာေနခဲ့ဖူးသူပါ။ သူအနားယူၿပီးတဲ့အခါမွာေတာ့ ဖေလာ္ရီဒါကုိ ေျပာင္းေရႊ႕ခဲ့တယ္ဆုိတဲ့ အေၾကာင္းကို သူ႔ဇနီးျဖစ္သူ ထံကေန သိခဲ့ရပါတယ္။ သူ႔ေယာက်ၤားျဖစ္သူရဲ႕ အေဖအေၾကာင္းေမးၾကည့္တဲ့အခါမွာေတာ့ Rudolph Fentz ဟာ ၁၈၇၆ခုႏွစ္ အသက္ ၂၉ႏွစ္အရြယ္မွာ အိမ္ကေန  လမ္းေလွ်ာက္ထြက္ခဲ့ၿပီးေနာက္ ဘယ္လုိမွ ရွာေဖြမရပဲ ေပ်ာက္ဆုံးသြားခဲ့တာ ယခုအခ်ိန္အထိပါပဲလုိ႔ ေျဖခဲ့ပါတယ္။

Rudolph Fentz ဟာ ၁၈၇၆ခုႏွစ္မွာ ေပ်ာက္ဆုံးသြားခဲ့တာကို Rihm သိၿပီးတဲ့ေနာက္ ၁၈၇၆ခုႏွစ္က လူေပ်ာက္စာရင္းျပန္ရွာခဲ့ပါတယ္။ ထူးဆန္းစြာပဲ လူေပ်ာက္စာရင္းထဲက Rudolph Fentz ရဲ႕ ပုံပုန္းသ႑ာန္ ၊ အ၀တ္အစား ၊ အသက္အရြယ္ နဲ႔ အျခားအခ်က္အလက္ေတြဟာ တုိင္မ္းစကြဲယားက ကားတုိက္ေသဆုံးသြားတဲ့လူရဲ႕ အခ်က္အလက္ေတြနဲ႔ လုံး၀ထပ္တူက်ေနပါတယ္။ ထူးဆန္းလြန္းတဲ့ ဒီျဖစ္ရပ္ကုိ မေျဖရွင္းႏုိင္တဲ့အမႈတစ္ခုအျဖစ္သာ မွတ္တမ္းတင္ခဲ့ရပါေတာ့တယ္။

——————–

၁၈၇၆ခုနှစ်က ပျောက်ဆုံးခဲ့ပြီး ၁၉၅၀ မှ ပြန်ပေါ်လာခဲ့သူတစ်ယောက် (သို့) Rudolph Fentz (unicode)

Time Traveller ဖြစ်ရပ်တွေဟာ မြောက်များစွာ ထဲက နာမည်ကြီးတဲ့ဖြစ်ရပ်တစ်ခုကတော့  Rudolph Fentz ရဲ့ ဖြစ်ရပ်ပါ။ ၁၉၅၀ ခုနှစ် ဇွန်လ ၁၅ရက်နေ့ ည၁၁နာရီ ၁၅မိနစ် တုန်းက နယူးယောက်ရဲ့ နာမည်ကျော် တိုင်းမ်စကွဲယား မီးပွိုင့်အလယ်ခေါင်တည့်တည့်မှာ ကြောင်တောင်တောင်ရပ်နေတဲ့ လူတစ်ယောက်ကို လူတွေတွေ့လိုက်ကြပါ တယ်။ ဘယ်သွားလို့ သွားရမှန်းမသိတဲ့သူ့ကို မကြာခင်မှာပဲ ကားတစ်စီးကဝင်တိုက်လိုက်ပြီးတဲ့နောက် သေဆုံးသွားခဲ့ပါတယ်။

စစ်ဆေးကြည့်တဲ့အချိန်မှာတော့ သူဟာ ၁၉ရာစုနှစ်က အဝတ်အစားကိုဝတ်ဆင်ထားတဲ့ အသက် ၃ဝအရွယ်လူတစ်ယောက်ဖြစ်နေတာကို သိလိုက်ပါတယ်။ ဆက်ပြီးစစ်ဆေးကြည့်တဲ့အခါမှာတော့ သူ့ရဲ့အင်္ကျီအိတ်ထဲမှာ ၁၉ရာစုသုံး ဒေါ်လာ ၇၀ နဲ့ ဘီယာဝယ်တဲ့ ၅ဆင့်တန်ကြေးတိုကင် ၊ Rudolph Fentz နာမည်နဲ့ လိပ်စာကဒ် ၊  ဘဏ်လက်မှတ်တို့နဲ့ အတူ ၁၈၇၆ခုနှစ် ဇွန်လ နေ့စွဲတပ်ထားတဲ့ Philadelphia မှ စာအိတ်တစ်အိတ်ကို တွေ့ကြရပါတယ်။ ထူးဆန်းတာကတော့ ဒီပစ္စည်းတွေဟာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်လို့ ဟောင်းနွမ်းနေရမှာဖြစ်ပေမယ့် ပုံမှန်အသစ်အတိုင်းလိုဖြစ်နေတာပါ။ ဒါ့အပြင် ခြေသုံးချောင်းပြိုင်ပွဲမှာ တတိယရထားတဲ့ ဆုတံ
ဆိပ်တစ်ခုလည်း ပါဝင်နေပါတယ်။

နယူးယောက်ရဲတပ်ဖွဲ့ လူပျောက်ရှာဖွေမှုဌာနက Captain Hubert V. Rihm ဟာ ဒီလူရဲ့ကွင်းဆက်ကို ဖော်ထုတ်နိုင်ဖို့ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့လိပ်စာကဒ်အတိုင်းလိုက်ခဲ့တဲ့အခါမှာတော့ အဲဒီတိုက်ကိုလက်ရှိပိုင်ဆိုင်သူဟာ Rudolph Fentz ကို မသိဘူးလို့ငြင်းလိုက်ပါတယ်။ Hubert V.Rihm ဟာ လက်ရှိ လူပျောက်စာရင်း ၊ လက်ဗွေရာစာရင်းတွေမှာ Fentz နာမည်ကိုရှာဖွေခဲ့ပေမယ့် ဘယ်လိုမှ ရှာဖွေလို့မရခဲ့ပါဘူး။ နောက်ဆုံးမှာတော့သူဟာ Rudolph Rentz Jr. ဆိုသူရဲ့တယ်လီဖုန်းနံပါတ်ကို  ၁၉၃၉ခုနှစ် တယ်လီဖုန်းစာအုပ်ကနေ ရရှိခဲ့ပါတယ်။ Rihms ကဖုန်းဆက် စကားပြောကြည့်တဲ့အခါမှာတော့ Rudolph Rentz Jr. ဆိုသူဟာ အသက် ၆၀ ဝန်းကျင်လူတစ်ယောက်ဖြစ်ပြီး တချိန်ကတော့ ဒီတိုက်မှာနေခဲ့ဖူးသူပါ။ သူအနားယူပြီးတဲ့အခါမှာတော့ ဖလော်ရီဒါကို ပြောင်းရွှေ့ခဲ့တယ်ဆိုတဲ့ အကြောင်းကို သူ့ဇနီးဖြစ်သူ ထံကနေ သိခဲ့ရပါတယ်။ သူ့ယောင်္ကျားဖြစ်သူရဲ့ အဖေအကြောင်းမေးကြည့်တဲ့အခါမှာတော့ Rudolph Fentz ဟာ ၁၈၇၆ခုနှစ် အသက် ၂၉နှစ်အရွယ်မှာ အိမ်ကနေ  လမ်းလျှောက်ထွက်ခဲ့ပြီးနောက် ဘယ်လိုမှ ရှာဖွေမရပဲ ပျောက်ဆုံးသွားခဲ့တာ ယခုအချိန်အထိပါပဲလို့ ဖြေခဲ့ပါတယ်။

Rudolph Fentz ဟာ ၁၈၇၆ခုနှစ်မှာ ပျောက်ဆုံးသွားခဲ့တာကို Rihm သိပြီးတဲ့နောက် ၁၈၇၆ခုနှစ်က လူပျောက်စာရင်းပြန်ရှာခဲ့ပါတယ်။ ထူးဆန်းစွာပဲ လူပျောက်စာရင်းထဲက Rudolph Fentz ရဲ့ ပုံပုန်းသဏ္ဍာန် ၊ အဝတ်အစား ၊ အသက်အရွယ် နဲ့ အခြားအချက်အလက်တွေဟာ တိုင်မ်းစကွဲယားက ကားတိုက်သေဆုံးသွားတဲ့လူရဲ့ အချက်အလက်တွေနဲ့ လုံးဝထပ်တူကျနေပါတယ်။ ထူးဆန်းလွန်းတဲ့ ဒီဖြစ်ရပ်ကို မဖြေရှင်းနိုင်တဲ့အမှုတစ်ခုအဖြစ်သာ မှတ်တမ်းတင်ခဲ့ရပါတော့တယ်။

Leave a Reply