သီေပါမင္း ပါေတာ္မူၿပီး ႏွစ္ေပါင္း ၂၀ အၾကာက ရန္ကုန္

Posted on

ျမန္မာဘုရင္ သီေပါမင္းသည္ ၁၈၈၅ ခုႏွစ္တြင္ ပါေတာ္မူရာ ၁၉၀၀ျပည့္ႏွစ္အေက်ာ္ ရန္ကုန္ၿမဳိ႕၏ အေျခအေန မ်ားမွာ ေအာက္ပါအတုိင္းျဖစ္သည္။

ထုိစဥ္က ရန္ကုန္ကမ္းနားလမ္းတြင္ နာရီအခ်ိန္တိတိက်က် သိမွတ္ရန္အတြက္ ေန႔ ၁၂ နာရီ တြင္ တစ္ႀကိမ္ ၊ ညဥ့္ ၉ နာရီတြင္ တစ္ႀကိမ္ အေျမွာက္သံ ႏွစ္ခ်က္ ပစ္ေဖာက္ေလ့ရွိသည္။

လမ္းမမ်ားေပၚတြင္ ျမက္ခေမာက္ေဆာင္း ၊ ေကာက္ရုိးဖိနပ္စီးထားေသာ က်စ္ဆံၿမီးတရုတ္ႀကီးမ်ား က လန္ျခား ဆြဲေနသည္။ ျမင္းလွည္းအမ်ားစုကိုမူ အိႏၵိယလူမ်ဳိးက ေမာင္းႏွင္ေနတတ္ၾကသည္။ ေငြေၾကးတတ္ႏုိင္သူမ်ားက ကုိယ္ပုိင္အမုိးပြင့္ ေဒါက္ကပ္ ႏွင့္ ဘာဂီေခၚ ျမင္းရထားမ်ားကုိ စီးနင္းသြားလာေနၾကသည္။

ထုိစဥ္က ရန္ကုန္ၿမဳိ႕သူ ၿမဳိ႕သားမ်ားသည္ ေရႊတိဂုံသုိ႔သြားရာတြင္ ‘ပဲရထား’ ကုိ စီးသြားေလ့ရွိသည္။ ရထားခ ၁ပဲ ေပးရ၍ ‘ပဲရထား’ ဟု ေခၚျခင္းျဖစ္သည္။ ရန္ကုန္ တိရစာၦန္ဥယ်ာဥ္သည္ ယေန႔ ေဆးရုံႀကီးေနရာတြင္ ရွိသည္။ ရုံ၀င္ခ ႏွစ္ျပား ေပးရသည္။ ယေန႔သြားေကာ
လိပ္ေနရာတြင္ ဆင္မ်ားကုိ ထူးခတ္ထားၿပီး အခမဲ့ၾကည့္ရႈ႕ႏုိင္သည္။ ၀ိတုိရိယ(ယေန႔မဟာဗႏၶဳလ) ပန္းၿခံတြင္ စက္ ဘီးငွားစီးႏုိင္သည္။ ေရႊတိဂုံဘုရားေျခရင္းမွ ကန္ေတာ္မင္ ပန္းၿခံတြင္ မီးပုံးပ်ံစီးပြဲမ်ား က်င္းပတတ္သည္။

ထုိစဥ္က ရန္ကုန္ ႏွင့္ ႀကီးျမင့္တုိင္လမ္းမွာ ေတာႀကီးျဖစ္ၿပီး လွည္းစီးၿပီးသြားမွ ေရာက္သည္။ ရန္ကုန္ၿမဳိ႕ လမ္းမတစ္ေလွ်ာက္ တြင္ ေရနံဆီႏွင့္ ထြန္းရေသာ ဆီမီးတုိင္မ်ား စိုက္ထူထားၿပီး အိႏၵယအလုပ္သမားမ်ားက ညဘက္တြင္ လာေရာက္ ထြန္းညွိေပးသည္။ ထုိ႔ေနာက္ နံနက္တြင္ မီးခြက္မ်ားကုိ သိမ္းရသည္။ လမ္းအားလုံးလုိလုိမွာ ဖုန္အလြန္ထူထပ္ၿပီးေရဖ်န္းေပးရသည္။

ထုိစဥ္က ရန္ကုန္ၿမဳိ႕တြင္အစည္ကားဆုံးေနရာမွာ ရန္ကုန္ကမ္းနားေစ်း ျဖစ္သည္။ လုပ္ငန္းစုံသည္ ။ လူေပါင္းစုံ သည္။ ထုိေနရာသုိ႔ သြားလွ်င္ အဓမၼလက္ၾကားလမ္းကုိ တတ္ႏုိင္သမွ် ေရွာင္သြားေလ့ရွိၾကသည္။ အဓမၼလက္ၾကား လမ္းဆုိသည္မွာ ယေန႔ ၂၄ လမ္းကုိ ေခၚျခင္းျဖစ္သည္။ အလစ္သမား ၊ ခုိးဆုိးလူ႕ယက္မႈမ်ား မင္းမူလွ်က္ရွိသည္။ လမ္း ၃၀ တစ္၀ုိက္တြင္မူ ျပည့္တန္ဆာမ်ား ေသာင္းက်န္းေနသည္။ ဗုိလ္မမ်ားကဲ့သုိ႔ ဂါ၀န္မ်ား ၀တ္ထားတတ္သလုိ ၊ ကုလားဆာရီ၀တ္မ်ား ၊ ဂ်ပန္ကီမုိႏုိမ်ား စသည္ျဖင့္ အေရာင္အေသြးစုံစြာ ၀င္ဆင္ထားတတ္ၾကသည္။ ထုိစဥ္က ‘ကိြတ္’ ဟု ေခၚသည္။ ကုိလုိနီေခတ္ဦးတြင္ ရန္ကုန္သည္ မေကာင္းမႈေပါင္းစုံႏွင့္ ျပည့္ႏွက္ေနေသာ ၿမဳိ႕ျဖစ္သည္။

ကုိလုိနီေခတ္တြင္ ရန္ကုန္ပုလိမ္အဖြဲ႔မွာ အင္အားနည္းသျဖင့္ လူမုိက္အဖြဲ႔မ်ား ႀကီးစုိးမင္းမူၾကသည္။ တပည့္တပန္း မ်ား ေမြးကာ တန္ခုိးထြားေနၾကသည္။ ထုိစဥ္က နာမည္အႀကီးဆုံးမွာ ကုလားလူမုိက္ႀကီး မက္ရွ္တီးခန္း ႏွင့္ မာမူ ဆား တုိ႔ျဖစ္သည္။ သူ႔ပိုင္နက္ ကုိယ့္ပိုင္နက္ ခြဲထားၾကသည္။ ယေန႔ေခတ္အေခၚႏွင့္ဆုိလွ်င္ gangster ႀကီးမ်ားဟုေခၚရေပမည္။ ထုိလူမုိက္အဖြဲ႔မ်ား အခ်င္းခ်င္း ရုိက္ပြဲျဖစ္လွ်င္ ရန္ကုန္ပုလိပ္အဖြဲ႔မွာ မႏုိင္မနင္းႏွင့္ အလုပ္ရႈပ္သြားေလ့ရွိသည္။

၁၉၁၁ ခုႏွစ္ အထိ ရန္ကုန္ၿမဳိ႕တြင္ ရုပ္ရွင္ရုံဟူ၍ ခုိင္ခုိင္မာမာ အေဆာက္အဦး မရွိေသးေပ။ ရြက္ဖ်င္တဲအႀကီးစား ႀကီးမ်ားသာ ျဖစ္သည္။ လွ်ပ္စီးမီး မရွိေသး။ အင္ဂ်င္စက္ေမာင္း၍သာ ဓာတ္အားေပးရသည္။ စက္ကုိ ရြက္ဖ်င္တဲ ေဘးတြင္ထားရာ ရုပ္ရွင္ျပၿပီဆုိလွ်င္ စက္သံမွာ ဆူညံေနတတ္သည္။ ရုပ္ရွင္ဟု ဆုိေသာ္လည္း ႏုိင္ငံျခား သတင္ ကားတုိကေလးမ်ားကုိသာ ျပသျခင္းျဖစ္သည္။

ဒါေတြကေတာ့ တခ်ိန္က ရန္ကုန္ၿမဳိ႕ရဲ႕တကယ္ရွိခဲ့တဲ့ျမင္ကြင္းတခ်ဳိ႔ပဲျဖစ္ပါတယ္။ ဒါနဲ႔ ပတ္သတ္လုိ႔ မိတ္ေဆြ ဖတ္ဖူးမွတ္ဖူးတာေလးမ်ားရွိရင္လည္း အျခားသူေတြ ဗဟုသုတရေအာင္ ေ၀မွ်သြားပါဦး

——————-
သီပေါမင်း ပါတော်မူပြီး နှစ်ပေါင်း ၂၀ အကြာက ရန်ကုန် (unicode)

မြန်မာဘုရင် သီပေါမင်းသည် ၁၈၈၅ ခုနှစ်တွင် ပါတော်မူရာ ၁၉၀၀ပြည့်နှစ်အကျော် ရန်ကုန်မြို့၏ အခြေအနေ များမှာ အောက်ပါအတိုင်းဖြစ်သည်။

ထိုစဉ်က ရန်ကုန်ကမ်းနားလမ်းတွင် နာရီအချိန်တိတိကျကျ သိမှတ်ရန်အတွက် နေ့ ၁၂ နာရီ တွင် တစ်ကြိမ် ၊ ညဉ့် ၉ နာရီတွင် တစ်ကြိမ် အမြှောက်သံ နှစ်ချက် ပစ်ဖောက်လေ့ရှိသည်။

လမ်းမများပေါ်တွင် မြက်ခမောက်ဆောင်း ၊ ကောက်ရိုးဖိနပ်စီးထားသော ကျစ်ဆံမြီးတရုတ်ကြီးများ က လန်ခြား ဆွဲနေသည်။ မြင်းလှည်းအများစုကိုမူ အိန္ဒိယလူမျိုးက မောင်းနှင်နေတတ်ကြသည်။ ငွေကြေးတတ်နိုင်သူများက ကိုယ်ပိုင်အမိုးပွင့် ဒေါက်ကပ် နှင့် ဘာဂီခေါ် မြင်းရထားများကို စီးနင်းသွားလာနေကြသည်။

ထိုစဉ်က ရန်ကုန်မြို့သူ မြို့သားများသည် ရွှေတိဂုံသို့သွားရာတွင် ‘ပဲရထား’ ကို စီးသွားလေ့ရှိသည်။ ရထားခ ၁ပဲ ပေးရ၍ ‘ပဲရထား’ ဟု ခေါ်ခြင်းဖြစ်သည်။ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သည် ယနေ့ ဆေးရုံကြီးနေရာတွင် ရှိသည်။ ရုံဝင်ခ နှစ်ပြား ပေးရသည်။ ယနေ့သွားကော
လိပ်နေရာတွင် ဆင်များကို ထူးခတ်ထားပြီး အခမဲ့ကြည့်ရှု့နိုင်သည်။ ဝိတိုရိယ(ယနေ့မဟာဗန္ဓုလ) ပန်းခြံတွင် စက် ဘီးငှားစီးနိုင်သည်။ ရွှေတိဂုံဘုရားခြေရင်းမှ ကန်တော်မင် ပန်းခြံတွင် မီးပုံးပျံစီးပွဲများ ကျင်းပတတ်သည်။

ထိုစဉ်က ရန်ကုန် နှင့် ကြီးမြင့်တိုင်လမ်းမှာ တောကြီးဖြစ်ပြီး လှည်းစီးပြီးသွားမှ ရောက်သည်။ ရန်ကုန်မြို့ လမ်းမတစ်လျှောက် တွင် ရေနံဆီနှင့် ထွန်းရသော ဆီမီးတိုင်များ စိုက်ထူထားပြီး အိန္ဒယအလုပ်သမားများက ညဘက်တွင် လာရောက် ထွန်းညှိပေးသည်။ ထို့နောက် နံနက်တွင် မီးခွက်များကို သိမ်းရသည်။ လမ်းအားလုံးလိုလိုမှာ ဖုန်အလွန်ထူထပ်ပြီးရေဖျန်းပေးရသည်။

ထိုစဉ်က ရန်ကုန်မြို့တွင်အစည်ကားဆုံးနေရာမှာ ရန်ကုန်ကမ်းနားဈေး ဖြစ်သည်။ လုပ်ငန်းစုံသည် ။ လူပေါင်းစုံ သည်။ ထိုနေရာသို့ သွားလျှင် အဓမ္မလက်ကြားလမ်းကို တတ်နိုင်သမျှ ရှောင်သွားလေ့ရှိကြသည်။ အဓမ္မလက်ကြား လမ်းဆိုသည်မှာ ယနေ့ ၂၄ လမ်းကို ခေါ်ခြင်းဖြစ်သည်။ အလစ်သမား ၊ ခိုးဆိုးလူ့ယက်မှုများ မင်းမူလျှက်ရှိသည်။ လမ်း ၃၀ တစ်ဝိုက်တွင်မူ ပြည့်တန်ဆာများ သောင်းကျန်းနေသည်။ ဗိုလ်မများကဲ့သို့ ဂါဝန်များ ဝတ်ထားတတ်သလို ၊ ကုလားဆာရီဝတ်များ ၊ ဂျပန်ကီမိုနိုများ စသည်ဖြင့် အရောင်အသွေးစုံစွာ ဝင်ဆင်ထားတတ်ကြသည်။ ထိုစဉ်က ‘ကွိတ်’ ဟု ခေါ်သည်။ ကိုလိုနီခေတ်ဦးတွင် ရန်ကုန်သည် မကောင်းမှုပေါင်းစုံနှင့် ပြည့်နှက်နေသော မြို့ဖြစ်သည်။

ကိုလိုနီခေတ်တွင် ရန်ကုန်ပုလိမ်အဖွဲ့မှာ အင်အားနည်းသဖြင့် လူမိုက်အဖွဲ့များ ကြီးစိုးမင်းမူကြသည်။ တပည့်တပန်း များ မွေးကာ တန်ခိုးထွားနေကြသည်။ ထိုစဉ်က နာမည်အကြီးဆုံးမှာ ကုလားလူမိုက်ကြီး မက်ရှ်တီးခန်း နှင့် မာမူ ဆား တို့ဖြစ်သည်။ သူ့ပိုင်နက် ကိုယ့်ပိုင်နက် ခွဲထားကြသည်။ ယနေ့ခေတ်အခေါ်နှင့်ဆိုလျှင် gangster ကြီးများဟုခေါ်ရပေမည်။ ထိုလူမိုက်အဖွဲ့များ အချင်းချင်း ရိုက်ပွဲဖြစ်လျှင် ရန်ကုန်ပုလိပ်အဖွဲ့မှာ မနိုင်မနင်းနှင့် အလုပ်ရှုပ်သွားလေ့ရှိသည်။

၁၉၁၁ ခုနှစ် အထိ ရန်ကုန်မြို့တွင် ရုပ်ရှင်ရုံဟူ၍ ခိုင်ခိုင်မာမာ အဆောက်အဦး မရှိသေးပေ။ ရွက်ဖျင်တဲအကြီးစား ကြီးများသာ ဖြစ်သည်။ လျှပ်စီးမီး မရှိသေး။ အင်ဂျင်စက်မောင်း၍သာ ဓာတ်အားပေးရသည်။ စက်ကို ရွက်ဖျင်တဲ ဘေးတွင်ထားရာ ရုပ်ရှင်ပြပြီဆိုလျှင် စက်သံမှာ ဆူညံနေတတ်သည်။ ရုပ်ရှင်ဟု ဆိုသော်လည်း နိုင်ငံခြား သတင် ကားတိုကလေးများကိုသာ ပြသခြင်းဖြစ်သည်။

ဒါတွေကတော့ တချိန်က ရန်ကုန်မြို့ရဲ့တကယ်ရှိခဲ့တဲ့မြင်ကွင်းတချို့ပဲဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ မိတ်ဆွေ ဖတ်ဖူးမှတ်ဖူးတာလေးများရှိရင်လည်း အခြားသူတွေ ဗဟုသုတရအောင် ဝေမျှသွားပါဦး

Leave a Reply