၄ႀကိမ္စလုံးအႏုိင္ရခဲ့ေသာ ဆင္ၿဖဴရွင္လက္ထက္က တရုတ္တုိ႔ရဲ႕က်ဴးေက်ာ္စစ္ပြဲမ်ား

Posted on

ကုန္းေဘာင္ေခတ္ဆင္ၿဖဴရွင္လက္ထက္တြင္ မန္ခ်ဴးတရုတ္တုိ႔သည္ ၿမန္မာႏုိင္ငံကုိ က်ဴးေက်ာ္စစ္ ၄ ႀကိမ္ ၿပဳခဲ့ႀကပါတယ္။ ၿပသနာရဲ႕ အစကေတာ့ ၁၇၆၄ မွာ တရုတ္ကုန္သည္ေလာ္လီ ဆုိသူဟာ တပိန္ၿမစ္ကုိ ၿဖတ္၍ တံတားေဆာက္ရန္ ဗန္းေမာ္ၿမိဳ႕၀န္ထံ ခြင့္ေတာင္းပါတယ္။ ၿမဳိ႕၀န္က ဘုရင့္အမိန္႔ေတာ္အရသာ တံတားကုိေဆာက္လုပ္ႏုိင္မည္ၿဖစ္ေႀကာင္းေၿပာရာ ေလာလီက မေခ်မငံၿပန္လည္ဆက္ဆံခဲ့သည့္အၿပင္ သံသယၿဖစ္ဖြယ္အေၿခအေန တခ်ဳိ႕ကိုပါ ေတြ႔ရွိခဲ့ရသၿဖင့္ ဖမ္းဆီးၿပီး ေနၿပည္ေတာ္ကုိ ပုိ႔လုိက္ပါတယ္။ ေနၿပည္ေတာ္က စစ္ေဆးေမးၿမန္းၿပီး ဗန္းေမာ္ကုိ ၿပန္ပုိ႔ခဲ့ေပမယ့္ မိမိ၏ကုန္မ်ား ေပ်ာက္ဆုံးေႀကာင္း ၿမန္မာစစ္ကဲတုိ႔ကုိသာ မက ယူနန္ဘုရင္ခံကုိပင္ တုိင္ႀကားခဲ့ပါတယ္။ ထုိအတြင္း က်ဳိင္းတုံတြင္ ၿဖစ္ပြားေသာ ရန္ပြဲတစ္ခုတြင္ တရုတ္တစ္ဦးလည္း ေသဆုံးခဲ့ပါသည္။ ယင္းကိစၥကုိ မုိင္းဆည္ အႀကီးအကဲထံ တုိင္ႀကားခဲ့ရာ မန္ခ်ဴးေခါင္းေဆာင္တုိ႔ မေက်နပ္ႀက။

ပထမစစ္
ထုိမေက်နပ္မႈကုိ အေႀကာင္းၿပကာ၁၇၆၅ ခုႏွစ္တြင္ ပထမစစ္အၿဖစ္ က်ဳိင္းတုံသုိ႔ က်ဴးေက်ာ္၀င္ေရာက္လာပါတယ္။ ေခါင္းေဆာင္ေတြကေတာ့ ဗုိလ္ခ်ဳပ္ရည္တာေလာ၊ ဗုိလ္မွဴးဟုိခ်န္ေခ်ာင္ ႏွင့္ မင္ေဟာင္ တုိ႔ၿဖစ္ပါတယ္။ အင္အားကေတာ့ ေၿခလွ်င္ ၅၀၀၀၀ ၊ ၿမင္းသည္ ၁၀၀၀၀ တုိ႔ၿဖစ္ပါတယ္။ ၿမန္မာဘက္မွ က်ဳိင္းတုံစစ္ကဲ ေရႊေတာင္တက္က ခုခံတုိက္ခုိက္ခဲ့ပါတယ္။ ဒီဇင္ဘာ ၂၇ မွာ ေနၿပည္ေတာ္မွ လက္၀ဲ၀င္းမွဴးေနမ်ဳိးစည္သူဦးစီးတဲ့တပ္မ်ား က်ဳိင္းတုံကုိခ်ီတက္တုိက္ခုိက္ရာ မန္ခ်ဴး ဗုိလ္ခ်ဳပ္ရည္တာေလာရဲ က်ဆုံးၿပီးေနာက္ ဆုတ္ခြာသြားႀကပါတယ္။ ယူနန္လုရင္ခံ လ်ဴသည္ စစ္ပဲြ၏ ရႈံးနိမ့္မႈေၾကာင့္ မိမိကုိယ္ကုိ အဆုံးစီရင္ခဲ့ရပါတယ္။

ဒုတိယစစ္
၁၇၆၆ မွာ ပထမအႀကီရႈံးသြားခဲ့တဲ့ မန္ခ်ဴးတုိ႔ဟာ ဒုတိယအႀကိမ္က်ဴးေက်ာ္ၿပန္ပါတယ္။ ဒီတစ္ခါေတာ့ နာမည္ေက်ာ္ စစ္သူႀကီးလီရွီရွင္း ကို ဦးေဆာင္ေစခဲ့ၿပီး ဗန္းေမာ္ေစ်းၿမဳိ႕ကုိ ၀င္သိမ္းခဲ့တာပါ။ အင္အား ၂၅၀၀၀၀ နဲ႔ပါ။ ၿမန္မာတုိ႔ဟာ ဗန္းေမာ္ကုိလက္လႊတ္ခဲ့ၿပီး ေကာင္းတုံခံတပ္မွ ခုခံကာကြယ္ပါတယ္။ ၿမန္မာဘက္မွ ဗုိလ္မွဴးမဟာစည္သူက ကုန္းေႀကာင္း ၊ ဗုိလ္မွဴးေနမ်ဳိးစည္သူက ဧရာ၀တီေႀကာင္းခ်ီတက္ကာ ညွပ္တုိက္သလုိ ဗလမင္းထင္ ဦးစီးေသာ ေကာင္းတုံခံတပ္ကလည္း ရြပ္ရြပ္ခြ်ံခြ်ံခုခံမႈေႀကာင့္ တရုတ္မ်ားအခက္ေတြ႔ကာ အက်အဆုံးမ်ားသြားၿပီး ဆုတ္ခြာသြားခဲ့ၿပန္ပါတယ္။ ထုိပြဲႏွင့္ အတူ ဗလမင္းထင္လည္း နာမည္ေက်ာ္ခဲ့ပါတယ္။ ရႈံးနိမ့္မႈေႀကာင့္ မန္ခ်ဴဧကရာဇ္က ယူနန္ဘုရင္ခံ ယန္ယင္ခ်ဴ၊ စစ္ေသနာပတိလီရွီရွင္း ႏွင့္ ဗုိလ္ခ်ဳပ္မ်ားကုိ ေသဒဏ္ေပးခဲ့ပါတယ္။

တတိယစစ္
၁၇၆၇ ခုႏွစ္ ဒီဇင္ဘာ ၂၂ ရက္ေန႔မွာေတာ့ အာရွအလယ္ပုိင္း စစ္ပြဲမ်ား၌ ေအာင္ပြဲရခဲ့သူ မန္ခ်ဴးဧကရာဇ္သမက္ စစ္သူႀကီး မင္ယြီကုိယ္တုိင္ သိႏၷီသုိ႔ ခ်ီလာၿပန္ပါတယ္။ အင္အားက ၃၀၀၀၀၀ ရွိပါတယ္။ သိႏၷီကုိ သိမ္းပုိက္အၿပီး သီေပါမွတစ္ဆင့္ မႏၱေလးေၿမာက္ဘက္ ၁၀ မုိင္အကြာက ဘုတ္ရြာ နဲ႔ သက္ကယ္ၿပင္ ရြာေတြအထိ ေရာက္လာခဲ့ပါတယ္။ ၿမန္မာတုိ႔ဘက္မွ စစ္သူႀကီး မဟာစည္သူက ဆီးႀကဳိတုိက္ခုိက္ၿပီး စစ္သူႀကီးမဟာသီဟသူရ ေခါင္းေဆာင္ေသာတပ္မ်ားက ေဘာ္ႀကဳိေႀကာင္းမွ မန္ခ်ဴးတုိ႔၏ရိကၡာတပ္မ်ားကုိ ၿဖတ္ေတာက္ပစ္လုိက္သည္။ ထုိ႔ေနာက္ မဟာသီဟသူရႏွင့္ လက္၀ဲ၀န္းမွဴး ေနမ်ဳိးစည္သူတုိ႔က သီေပါစစ္ေႀကာင္းကုိ ေခ်မႈန္းရာ တရုတ္တပ္ပ်က္သြားခဲ့ၿပန္သည္။ ဒီတစ္ႀကိမ္တြင္လည္း ေကာင္းတုံကုိ တုိက္ခုိက္ခဲ့ေသးရာ ဗလမင္းထင္၏ အကြပ္အကဲေကာင္းၿခင္းေႀကာင့္ တရုတ္တုိ႔မရခဲ့။ တတိယအႀကိမ္စစ္ပြဲတြင္ စစ္သူႀကီးမင္ယီြသာမက္ ကုိယ္ရံတပ္မွဴး ခ်ာလဖန္ ႏွင့္ ကြမ္ယင္ေပါင္ တုိ႔ပါ က်ဆုံးခဲ့ပါတယ္။

စတုတၳစစ္
မန္ခ်ဴးဧကရာဇ္ခ်င္းလုံသည္ စစ္သူႀကီးမင္ယြီက်ဆုံးမႈေႀကာင့္ အင္း၀ကုိ သိမ္းပုိက္ရန္ ၀ါရင့္စစ္သူႀကီးဖူဟန္ အား ဦးေဆာင္ေစကာ လက္ေထာက္စစ္ေသနာပတိခ်ဳပ္မ်ားၿဖစ္ႀကေသာ အကြီ ႏွင့္ အလီကြန္ ယူနန္ဘုရင္ခံခ်ဳပ္ မင္ေတး တုိ႔ကုိ ဦးေဆာင္ တုိက္ခုိက္ေစပါတယ္။ အင္အား ၅ သိန္း ၅ ေသာင္း ရွိပါတယ္။ ဗန္းေမာ္ကုိ ဦးစြာ သိမ္းပိုက္လုိက္ၿပီး ေရႊေညာင္ပင္တြင္ ခံတပ္ႀကီးေဆာက္လုိက္ပါတယ္။ ေကာင္းတုံခံတပ္ကုိ ႀကည္းေႀကာင္း ေရေႀကာင္း ညွပ္၍ မီးကုန္ယမ္းကုန္တုိက္ေသာ္လည္း မရ၊ ဗလမင္းထင္ဦးစီးေသာ ၿမန္မာစစ္သည္ေတာ္မ်ားက ခံတပ္တြင္းမွသာမက အၿပင္ထြက္၍ ေပ်ာက္ႀကားစနစ္ၿဖင့္တုိက္ရာ မန္ခ်ဴးတပ္မႀကီး အထိနာခဲ့သည့္အၿပင္ စစ္လည္းပမ္းသြားခဲ့သည္။ ထုိအခ်ိန္မွာပင္ အင္း၀ေနၿပည္ေတာ္မွ စစ္သူႀကီး မဟာသီဟသူရ၊ ေနမ်ဳိးစည္သူ ေခါင္းေဆာင္ေသာတပ္မ်ား ေရာက္ရွိလာတဲ့အခါမွာေတာ့ ေရႊေညာင္ပင္ခံတပ္ကုိ ၿပန္လည္သိမ္းပုိက္လုိက္ႏုိင္ၿပီး မန္ခ်ဴးတပ္တုိ႔ကုိ ၀န္းရံပိတ္ဆုိ႔လုိက္ပါတယ္။ အၿပီးေခ်မႈန္းလုိက္လွ်င္ရေသာ္လည္း စစ္ေႀကာင့္ဒုကၡေရာက္ခဲ့ႀကေသာ ႏွစ္ဖက္ၿပည္သူမ်ားကုိစာနာတာေႀကာင့္ စစ္သူႀကီးမဟာသီဟသူရဟာ မန္ခ်ဴးစစ္သူႀကီး ဖူဟန္ထံစာ တစ္ေစာင္ပုိ႔လုိက္ပါတယ္။ ထိုစာတြင္”အေဆြေတာ္စစ္သူႀကီး ငါ သင္တုိ႔ကုိ၀ုိင္းထားသည္။ ယခုအေနတြင္ ငါတုိ႔ႏုိင္သည္။ သုိ႔ေသာ္တစ္ဘက္ႏွင့္ တစ္ဘက္ ထပ္ခါထပ္ခါ မၿပီး ဆုံးႏုိင္တာေႀကာင့္ ၿပည္သူမ်ားဒုကၡေရာက္ႀကရသည္။ ႏွစ္ဘက္ၿပည္သူအက်ဳိးရည္ကာ စစ္ေၿပၿငိမ္းရေအာင္” ဟု ပါရွိသည္။

သုိ႔ၿဖင့္ ၁၇၆၉ ဒီဇင္ဘာ ၁၃ ရက္ေန႔တြင္ ၁။ တရုတ္ၿပည္အတြင္းခုိလႈံေနသည့္ ၿမန္မာမင္းအား ပုန္စားသူမ်ား လက္နက္စြန္႔ရန္၂။ တရုတ္တုိ႔အေနႏွင့္ ၿမန္မာအခ်ဳပ္အၿခာပုိင္နက္ကုိ ေလးစားရန္၃။ ႏွစ္ဘက္စစ္သုံ႔ပန္းမ်ား ၿပန္လႊတ္ရန္၄။ ႏွစ္ဘက္မင္းမ်ား မဟာမိတ္အၿဖစ္ ခ်စ္ႀကည္စြာအၿပန္အလွန္ဆက္ဆံရန္စသည့္ စည္းကမ္းခ်က္ ၄ ခ်က္ပါေသာ ေကာင္းတုံစာခ်ဳပ္ကုိခ်ဳပ္ကာ စစ္ေၿပၿငိမ္းခဲ့ႀကပါတယ္။

VIDEO

ကုန္းေဘာင္မင္းဆက္ရုပ္ပုံလႊာ-တင္ႏုိင္တုိး
ႏွစ္(၅၀) ေက်ာ္ ကိုယ္ေတြ႔မ်ား – ဗုိလ္ထြန္းႀကည္(မုံရြာ)
တရုတ္ေတြေဖ်ာက္ထားတဲ့ရာဇ၀င္ – ႀကယ္နီ

—————

၄ကြိမ်စလုံးအနိုင်ရခဲ့သော ဆင်ဖြူရှင်လက်ထက်က တရုတ်တို့ရဲ့ကျူးကျော်စစ်ပွဲများ (unicode)

ကုန်းဘောင်ခေတ်ဆင်ဖြူရှင်လက်ထက်တွင် မန်ချူးတရုတ်တို့သည် မြန်မာနိုင်ငံကို ကျူးကျော်စစ် ၄ ကြိမ် ပြုခဲ့ကြပါတယ်။ ပြသနာရဲ့ အစကတော့ ၁၇၆၄ မှာ တရုတ်ကုန်သည်လော်လီ ဆိုသူဟာ တပိန်မြစ်ကို ဖြတ်၍ တံတားဆောက်ရန် ဗန်းမော်မြို့ဝန်ထံ ခွင့်တောင်းပါတယ်။ မြို့ဝန်က ဘုရင့်အမိန့်တော်အရသာ တံတားကိုဆောက်လုပ်နိုင်မည်ဖြစ်ကြောင်းပြောရာ လောလီက မချေမငံပြန်လည်ဆက်ဆံခဲ့သည့်အပြင် သံသယဖြစ်ဖွယ်အခြေအနေ တချို့ကိုပါ တွေ့ရှိခဲ့ရသဖြင့် ဖမ်းဆီးပြီး နေပြည်တော်ကို ပို့လိုက်ပါတယ်။ နေပြည်တော်က စစ်ဆေးမေးမြန်းပြီး ဗန်းမော်ကို ပြန်ပို့ခဲ့ပေမယ့် မိမိ၏ကုန်များ ပျောက်ဆုံးကြောင်း မြန်မာစစ်ကဲတို့ကိုသာ မက ယူနန်ဘုရင်ခံကိုပင် တိုင်ကြားခဲ့ပါတယ်။ ထိုအတွင်း ကျိုင်းတုံတွင် ဖြစ်ပွားသော ရန်ပွဲတစ်ခုတွင် တရုတ်တစ်ဦးလည်း သေဆုံးခဲ့ပါသည်။ ယင်းကိစ္စကို မိုင်းဆည် အကြီးအကဲထံ တိုင်ကြားခဲ့ရာ မန်ချူးခေါင်းဆောင်တို့ မကျေနပ်ကြ။

ပထမစစ်ထိုမကျေနပ်မှုကို အကြောင်းပြကာ၁၇၆၅ ခုနှစ်တွင် ပထမစစ်အဖြစ် ကျိုင်းတုံသို့ ကျူးကျော်ဝင်ရောက်လာပါတယ်။ ခေါင်းဆောင်တွေကတော့ ဗိုလ်ချုပ်ရည်တာလော၊ ဗိုလ်မှူးဟိုချန်ချောင် နှင့် မင်ဟောင် တို့ဖြစ်ပါတယ်။ အင်အားကတော့ ခြေလျှင် ၅၀၀၀၀ ၊ မြင်းသည် ၁၀၀၀၀ တို့ဖြစ်ပါတယ်။ မြန်မာဘက်မှ ကျိုင်းတုံစစ်ကဲ ရွှေတောင်တက်က ခုခံတိုက်ခိုက်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၇ မှာ နေပြည်တော်မှ လက်ဝဲဝင်းမှူးနေမျိုးစည်သူဦးစီးတဲ့တပ်များ ကျိုင်းတုံကိုချီတက်တိုက်ခိုက်ရာ မန်ချူး ဗိုလ်ချုပ်ရည်တာလောရဲ ကျဆုံးပြီးနောက် ဆုတ်ခွာသွားကြပါတယ်။ ယူနန်လုရင်ခံ လျူသည် စစ်ပွဲ၏ ရှုံးနိမ့်မှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ရပါတယ်။

ဒုတိယစစ်၁၇၆၆ မှာ ပထမအကြီရှုံးသွားခဲ့တဲ့ မန်ချူးတို့ဟာ ဒုတိယအကြိမ်ကျူးကျော်ပြန်ပါတယ်။ ဒီတစ်ခါတော့ နာမည်ကျော် စစ်သူကြီးလီရှီရှင်း ကို ဦးဆောင်စေခဲ့ပြီး ဗန်းမော်ဈေးမြို့ကို ဝင်သိမ်းခဲ့တာပါ။ အင်အား ၂၅၀၀၀၀ နဲ့ပါ။ မြန်မာတို့ဟာ ဗန်းမော်ကိုလက်လွှတ်ခဲ့ပြီး ကောင်းတုံခံတပ်မှ ခုခံကာကွယ်ပါတယ်။ မြန်မာဘက်မှ ဗိုလ်မှူးမဟာစည်သူက ကုန်းကြောင်း ၊ ဗိုလ်မှူးနေမျိုးစည်သူက ဧရာဝတီကြောင်းချီတက်ကာ ညှပ်တိုက်သလို ဗလမင်းထင် ဦးစီးသော ကောင်းတုံခံတပ်ကလည်း ရွပ်ရွပ်ချွံချွံခုခံမှုကြောင့် တရုတ်များအခက်တွေ့ကာ အကျအဆုံးများသွားပြီး ဆုတ်ခွာသွားခဲ့ပြန်ပါတယ်။ ထိုပွဲနှင့် အတူ ဗလမင်းထင်လည်း နာမည်ကျော်ခဲ့ပါတယ်။ ရှုံးနိမ့်မှုကြောင့် မန်ချူဧကရာဇ်က ယူနန်ဘုရင်ခံ ယန်ယင်ချူ၊ စစ်သေနာပတိလီရှီရှင်း နှင့် ဗိုလ်ချုပ်များကို သေဒဏ်ပေးခဲ့ပါတယ်။

တတိယစစ်၁၇၆၇ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှာတော့ အာရှအလယ်ပိုင်း စစ်ပွဲများ၌ အောင်ပွဲရခဲ့သူ မန်ချူးဧကရာဇ်သမက် စစ်သူကြီး မင်ယွီကိုယ်တိုင် သိန္နီသို့ ချီလာပြန်ပါတယ်။ အင်အားက ၃၀၀၀၀၀ ရှိပါတယ်။ သိန္နီကို သိမ်းပိုက်အပြီး သီပေါမှတစ်ဆင့် မန္တလေးမြောက်ဘက် ၁၀ မိုင်အကွာက ဘုတ်ရွာ နဲ့ သက်ကယ်ပြင် ရွာတွေအထိ ရောက်လာခဲ့ပါတယ်။ မြန်မာတို့ဘက်မှ စစ်သူကြီး မဟာစည်သူက ဆီးကြိုတိုက်ခိုက်ပြီး စစ်သူကြီးမဟာသီဟသူရ ခေါင်းဆောင်သောတပ်များက ဘော်ကြိုကြောင်းမှ မန်ချူးတို့၏ရိက္ခာတပ်များကို ဖြတ်တောက်ပစ်လိုက်သည်။ ထို့နောက် မဟာသီဟသူရနှင့် လက်ဝဲဝန်းမှူး နေမျိုးစည်သူတို့က သီပေါစစ်ကြောင်းကို ချေမှုန်းရာ တရုတ်တပ်ပျက်သွားခဲ့ပြန်သည်။ ဒီတစ်ကြိမ်တွင်လည်း ကောင်းတုံကို တိုက်ခိုက်ခဲ့သေးရာ ဗလမင်းထင်၏ အကွပ်အကဲကောင်းခြင်းကြောင့် တရုတ်တို့မရခဲ့။ တတိယအကြိမ်စစ်ပွဲတွင် စစ်သူကြီးမင်ယွီသာမက် ကိုယ်ရံတပ်မှူး ချာလဖန် နှင့် ကွမ်ယင်ပေါင် တို့ပါ ကျဆုံးခဲ့ပါတယ်။

စတုတ္ထစစ် မန်ချူးဧကရာဇ်ချင်းလုံသည် စစ်သူကြီးမင်ယွီကျဆုံးမှုကြောင့် အင်းဝကို သိမ်းပိုက်ရန် ဝါရင့်စစ်သူကြီးဖူဟန် အား ဦးဆောင်စေကာ လက်ထောက်စစ်သေနာပတိချုပ်များဖြစ်ကြသော အကွီ နှင့် အလီကွန် ယူနန်ဘုရင်ခံချုပ် မင်တေး တို့ကို ဦးဆောင် တိုက်ခိုက်စေပါတယ်။ အင်အား ၅ သိန်း ၅ သောင်း ရှိပါတယ်။ ဗန်းမော်ကို ဦးစွာ သိမ်းပိုက်လိုက်ပြီး ရွှေညောင်ပင်တွင် ခံတပ်ကြီးဆောက်လိုက်ပါတယ်။ ကောင်းတုံခံတပ်ကို ကြည်းကြောင်း ရေကြောင်း ညှပ်၍ မီးကုန်ယမ်းကုန်တိုက်သော်လည်း မရ၊ ဗလမင်းထင်ဦးစီးသော မြန်မာစစ်သည်တော်များက ခံတပ်တွင်းမှသာမက အပြင်ထွက်၍ ပျောက်ကြားစနစ်ဖြင့်တိုက်ရာ မန်ချူးတပ်မကြီး အထိနာခဲ့သည့်အပြင် စစ်လည်းပမ်းသွားခဲ့သည်။ ထိုအချိန်မှာပင် အင်း၀နေပြည်တော်မှ စစ်သူကြီး မဟာသီဟသူရ၊ နေမျိုးစည်သူ ခေါင်းဆောင်သောတပ်များ ရောက်ရှိလာတဲ့အခါမှာတော့ ရွှေညောင်ပင်ခံတပ်ကို ပြန်လည်သိမ်းပိုက်လိုက်နိုင်ပြီး မန်ချူးတပ်တို့ကို ဝန်းရံပိတ်ဆို့လိုက်ပါတယ်။ အပြီးချေမှုန်းလိုက်လျှင်ရသော်လည်း စစ်ကြောင့်ဒုက္ခရောက်ခဲ့ကြသော နှစ်ဖက်ပြည်သူများကိုစာနာတာကြောင့် စစ်သူကြီးမဟာသီဟသူရဟာ မန်ချူးစစ်သူကြီး ဖူဟန်ထံစာ တစ်စောင်ပို့လိုက်ပါတယ်။ ထိုစာတွင်”အဆွေတော်စစ်သူကြီး ငါ သင်တို့ကိုဝိုင်းထားသည်။ ယခုအနေတွင် ငါတို့နိုင်သည်။ သို့သော်တစ်ဘက်နှင့် တစ်ဘက် ထပ်ခါထပ်ခါ မပြီး ဆုံးနိုင်တာကြောင့် ပြည်သူများဒုက္ခရောက်ကြရသည်။ နှစ်ဘက်ပြည်သူအကျိုးရည်ကာ စစ်ပြေငြိမ်းရအောင်” ဟု ပါရှိသည်။

သို့ဖြင့် ၁၇၆၉ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ၁။ တရုတ်ပြည်အတွင်းခိုလှုံနေသည့် မြန်မာမင်းအား ပုန်စားသူများ လက်နက်စွန့်ရန်၂။ တရုတ်တို့အနေနှင့် မြန်မာအချုပ်အခြာပိုင်နက်ကို လေးစားရန်၃။ နှစ်ဘက်စစ်သုံ့ပန်းများ ပြန်လွှတ်ရန်၄။ နှစ်ဘက်မင်းများ မဟာမိတ်အဖြစ် ချစ်ကြည်စွာအပြန်အလှန်ဆက်ဆံရန်စသည့် စည်းကမ်းချက် ၄ ချက်ပါသော ကောင်းတုံစာချုပ်ကိုချုပ်ကာ စစ်ပြေငြိမ်းခဲ့ကြပါတယ်။

ကုန်းဘောင်မင်းဆက်ရုပ်ပုံလွှာ-တင်နိုင်တိုး
နှစ်(၅၀) ကျော် ကိုယ်တွေ့များ – ဗိုလ်ထွန်းကြည်(မုံရွာ)
တရုတ်တွေဖျောက်ထားတဲ့ရာဇဝင် – ကြယ်နီ

Leave a Reply