ေဝဠဳဝတီအရႈပ္ေတာ္ပံု

Posted on

ေဝဠဳဝတီဆိုတာ ျမင္စိုင္းဝက္ဝင္အရပ္ ဝါးေတာျကီးထဲမွာ ရွိတဲ့ ဝါးပင္ တစ္ပင္ကေန ေမြးဖြားလာခဲ့သူလို့ ရာဇဝင္အရသိရပါတယ္။က်မ္းဂန္ေတြအရ ပိဋိသနၶေလးမ်ိုးရွိပါတယ္။
(၁) ဥ၌ျဖစ္ေသာ အ႑ဍဇ ပိဋိသေနၶ
(၂) အမိဝမ္း၌ ကာလလေရျကည္တည္၍ ေမြးေသာ ဇလာဗုဇ ပိ႗ဋိသေနၶ
(၃) ပန္းပြင့္ သစ္သီးတို့ အညွိကိုစြဲ၍ တည္ေသာ သံေသဒဇ ပိဋိသေနၶ
(၄) နတ္တို့ကဲ့သို့ ဥပပါကိုယ္ ထင္ရွားျဖစ္ေသာ ျသပပါတိ ပိဋိသေနၶ
ဟူ၍ပင္။
ေရွးရာဇဝင္ဆရာတို့က ေဝဠုဝတီရဲ့ ပဋိသေနၶဟာ သံေသဒဇ ပိဋိသေနၶ ဟူ၍သမုတ္ျကပါတယ္။ေရွးေရွးရာဇဝင္ဆရာတို့ဟာ စိတ္ကူးယဉ္၊ ကဗ်ာဆန္ျက၊ အမြမ္းတင္ျပီး ခ်ဲ့ထြင္ေရးသားေလ့ရွိတတ္ျကပါတယ္။ ဒါဟာ ျမန္မာ့သမိုင္းမွာတင္လားေတာ့ မဟုတ္ပါဘူး အိနၵိယက်မ္းဂန္ေတြ မွာလည္း ေတြ့ရေလ့ရွိပါတယ္။
ဆက္ရမယ္ဆိုရင္ ေဝဠဳဝတီ အရြယ္ေရာက္လာတဲ့အခါ ရုပ္ရည္ လွပလြန္း တာေျကာင့္ ပုဂံမင္း နရသိခၤ ထံဆက္သျကပါတယ္။ ဒါေပမယ့္ေဝဠဳဝတီမွာ ျပစ္ခ်က္ကေလး တစ္ခ်က္ရွိပါတယ္။ ဒါကေတာ့ နားရြက္ဟာ ျကီးျပီးတြဲျကေနတာပါပဲ။ ဒါေျကာင့္လည္း မင္းယဉ္နရသိခၤက ျငင္းလိုက္ျပီး ညီေတာ္နရပတိစည္သူကို ေပးလိုက္တာပါ။ မင္းမယ္ေတာ္ ျကီးက ေဝဠဳဝတီရဲ့ နားကို ခြဲစိတ္ျပဳျပင္ေပးလိုက္ျပီး မိဖုရားတို့ တတ္အပ္တဲ့ ပညာေတြကို သင္ေပးလိုက္တဲ့အခါမွာေတာ့ ေဝဠုဝတီဟာ အျပစ္ကင္းတဲ့သူ ျဖစ္သြားတာေပါ့။ (ခြဲစိတ္ပညာက အဲ့ဒီတည္းက ေပၚေနခဲ့သလားေတာ့ မေျပာတတ္ပါ)

တစ္ေန႔ နန္းမေဆာင္မွာ ျပဳျပင္ထားျပီး အလြန္လွပတဲ့ ေဝဠဳဝတီမင္းသမီးကို မင္းယဉ္နရသိခၤကေတာ့ အလြန္တပ္မက္ျပီး ျပန္သိမ္းလိုတဲ့ စိတ္ေပၚလာခဲ့ပါတယ္။ ဒါေျကာင့္ ညီေတာ္နရပတိစည္သူကို ငါးေဆာင္ခ်မ္း အရပ္မွာ သူပုန္ေတြေသာင္းက်န္းေနတယ္၊ သြားေရာက္နွိမ္နွင္းေစ ဆိုျပီး လွြတ္လိုက္ပါတယ္။ နရပတိ ကတည္း ေနာင္ေတာ္အျကံကို ရိပ္မိတာေျကာင့္ တပည့္ျဖစ္တဲ့ ျမင္းခံငျပည့္ ကို နန္းေတာ္မွာထားခဲ့ျပီး ကိစၥေပၚလွ်င္ငါ့ထံ အျမန္သတင္းပို့ ဟုမွာထားခဲ့ပါတယ္။ နရပတိစစ္ခ်ီျပီး သစ္ဆိမ့္အရပ္ကိုေရာက္တာနဲ့ နရသိခၤဟာ ခယ္မေတာ္ေဝဠဳဝတီကို သိမ္းပိုက္လိုက္ပါတယ္။ ဒါကိုျမင္းခံငျပည့္က နရပတိစည္သူဆီကို လိုက္သြားျပီး ေလွ်ာက္တင္တဲ့အခါ ေနာက္က်ရပါမလားဆိုျပီး ကြပ္မ်က္ ခံခဲ့ရပါတယ္။

နရပတိစည္သူက သူ့တပည့္ ေအာင္စြာငယ္ ကို နရသိခၤမင္းကို လုပ္ျကံခိုင္းတဲ့အခါ လြယ္ကူစြာပဲ လုပ္ျကံနိုင္ခဲ့ပါတယ္။ နရသိခၤဟာ ကာမဂုဏ္တစ္ခုမွာပဲ အာရံုေရာက္ေနတဲ့အတြက္ေျကာင့္ပါ။ ေနာင္ေတာ္ကို လုပ္ျကံျပီးေနာက္ နရပတိစည္သူဟာ ပုဂံထီးနန္းကို ျပည္လည္ သိမ္း ပိုက္ကာ ေဝဠဳဝတီကို မိဖုရားေျမွာက္ခဲ့ပါတယ္။

တိုင္းျပည္အေရး ျပည္သူ့အေရးကို ဦးစားေပးေဆာင္ ရြက္ရမယ့္အစား နိုင္ငံဦးကိုင္တို့ဟာ မိန္းမအတြက္စာရင္းရႈပ္ခဲ့ျကပါတယ္။ မေသသင့္သူမ်ား (ျမင္းခံငျပည့္ နဲ့ အနႏၵသူရိယအမတ္ျကီးတို့လို) လည္း ေသဆံုးခဲ့ျကရပါတယ္။ ပုဂံသမိုင္းမွာ ဒီညီေနာင္ရဲ့ အခန္းက႑ကို ဣထၳိယအတြက္ သိကၡာမေစာင့္စည္းသူမ်ားအျဖစ္ အရိပ္ထိုးခံခဲ့ရတယ္ ဆိုတဲ့အေျကာင္း ဗဟုသုတအျဖစ္ေရးသားလိုက္ပါတယ္။

__________________

ဝေဠုဝတီအရှုပ်တော်ပုံ (unicode)

ဝေဠုဝတီဆိုတာ မြင်စိုင်းဝက်ဝင်အရပ် ဝါးတောကြီးထဲမှာ ရှိတဲ့ ဝါးပင် တစ်ပင်ကနေ မွေးဖွားလာခဲ့သူလို့ ရာဇဝင်အရသိရပါတယ်။ကျမ်းဂန်တွေအရ ပိဋိသန္ဓလေးမျိုးရှိပါတယ်။
(၁) ဥ၌ဖြစ်သော အဏ္ဍဍဇ ပိဋိသန္ဓေ
(၂) အမိဝမ်း၌ ကာလလရေကြည်တည်၍ မွေးသော ဇလာဗုဇ ပိဋ္ဋဋိသန္ဓေ
(၃) ပန်းပွင့် သစ်သီးတို့ အညှိကိုစွဲ၍ တည်သော သံသေဒဇ ပိဋိသန္ဓေ
(၄) နတ်တို့ကဲ့သို့ ဥပပါကိုယ် ထင်ရှားဖြစ်သော ဩပပါတိ ပိဋိသန္ဓေ
ဟူ၍ပင်။
ရှေးရာဇဝင်ဆရာတို့က ဝေဠုဝတီရဲ့ ပဋိသန္ဓေဟာ သံသေဒဇ ပိဋိသန္ဓေ ဟူ၍သမုတ်ကြပါတယ်။ရှေးရှေးရာဇဝင်ဆရာတို့ဟာ စိတ်ကူးယဉ်၊ ကဗျာဆန်ကြ၊ အမွမ်းတင်ပြီး ချဲ့ထွင်ရေးသားလေ့ရှိတတ်ကြပါတယ်။ ဒါဟာ မြန်မာ့သမိုင်းမှာတင်လားတော့ မဟုတ်ပါဘူး အိန္ဒိယကျမ်းဂန်တွေ မှာလည်း တွေ့ရလေ့ရှိပါတယ်။
ဆက်ရမယ်ဆိုရင် ဝေဠုဝတီ အရွယ်ရောက်လာတဲ့အခါ ရုပ်ရည် လှပလွန်း တာကြောင့် ပုဂံမင်း နရသိင်္ခ ထံဆက်သကြပါတယ်။ ဒါပေမယ့်ဝေဠုဝတီမှာ ပြစ်ချက်ကလေး တစ်ချက်ရှိပါတယ်။ ဒါကတော့ နားရွက်ဟာ ကြီးပြီးတွဲကြနေတာပါပဲ။ ဒါကြောင့်လည်း မင်းယဉ်နရသိင်္ခက ငြင်းလိုက်ပြီး ညီတော်နရပတိစည်သူကို ပေးလိုက်တာပါ။ မင်းမယ်တော် ကြီးက ဝေဠုဝတီရဲ့ နားကို ခွဲစိတ်ပြုပြင်ပေးလိုက်ပြီး မိဖုရားတို့ တတ်အပ်တဲ့ ပညာတွေကို သင်ပေးလိုက်တဲ့အခါမှာတော့ ဝေဠုဝတီဟာ အပြစ်ကင်းတဲ့သူ ဖြစ်သွားတာပေါ့။ (ခွဲစိတ်ပညာက အဲ့ဒီတည်းက ပေါ်နေခဲ့သလားတော့ မပြောတတ်ပါ)

တစ်နေ့ နန်းမဆောင်မှာ ပြုပြင်ထားပြီး အလွန်လှပတဲ့ ဝေဠုဝတီမင်းသမီးကို မင်းယဉ်နရသိင်္ခကတော့ အလွန်တပ်မက်ပြီး ပြန်သိမ်းလိုတဲ့ စိတ်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် ညီတော်နရပတိစည်သူကို ငါးဆောင်ချမ်း အရပ်မှာ သူပုန်တွေသောင်းကျန်းနေတယ်၊ သွားရောက်နှိမ်နှင်းစေ ဆိုပြီး လွှတ်လိုက်ပါတယ်။ နရပတိ ကတည်း နောင်တော်အကြံကို ရိပ်မိတာကြောင့် တပည့်ဖြစ်တဲ့ မြင်းခံငပြည့် ကို နန်းတော်မှာထားခဲ့ပြီး ကိစ္စပေါ်လျှင်ငါ့ထံ အမြန်သတင်းပို့ ဟုမှာထားခဲ့ပါတယ်။ နရပတိစစ်ချီပြီး သစ်ဆိမ့်အရပ်ကိုရောက်တာနဲ့ နရသိင်္ခဟာ ခယ်မတော်ဝေဠုဝတီကို သိမ်းပိုက်လိုက်ပါတယ်။ ဒါကိုမြင်းခံငပြည့်က နရပတိစည်သူဆီကို လိုက်သွားပြီး လျှောက်တင်တဲ့အခါ နောက်ကျရပါမလားဆိုပြီး ကွပ်မျက် ခံခဲ့ရပါတယ်။

နရပတိစည်သူက သူ့တပည့် အောင်စွာငယ် ကို နရသိင်္ခမင်းကို လုပ်ကြံခိုင်းတဲ့အခါ လွယ်ကူစွာပဲ လုပ်ကြံနိုင်ခဲ့ပါတယ်။ နရသိင်္ခဟာ ကာမဂုဏ်တစ်ခုမှာပဲ အာရုံရောက်နေတဲ့အတွက်ကြောင့်ပါ။ နောင်တော်ကို လုပ်ကြံပြီးနောက် နရပတိစည်သူဟာ ပုဂံထီးနန်းကို ပြည်လည် သိမ်း ပိုက်ကာ ဝေဠုဝတီကို မိဖုရားမြှောက်ခဲ့ပါတယ်။

တိုင်းပြည်အရေး ပြည်သူ့အရေးကို ဦးစားပေးဆောင် ရွက်ရမယ့်အစား နိုင်ငံဦးကိုင်တို့ဟာ မိန်းမအတွက်စာရင်းရှုပ်ခဲ့ကြပါတယ်။ မသေသင့်သူများ (မြင်းခံငပြည့် နဲ့ အနန္ဒသူရိယအမတ်ကြီးတို့လို) လည်း သေဆုံးခဲ့ကြရပါတယ်။ ပုဂံသမိုင်းမှာ ဒီညီနောင်ရဲ့ အခန်းကဏ္ဍကို ဣထ္ထိယအတွက် သိက္ခာမစောင့်စည်းသူများအဖြစ် အရိပ်ထိုးခံခဲ့ရတယ် ဆိုတဲ့အကြောင်း ဗဟုသုတအဖြစ်ရေးသားလိုက်ပါတယ်။

Leave a Reply