အခန္းက်ဥ္းမွအခန္းက်ယ္ ၿဖစ္ေအာင္ၿပဳလုပ္နည္းေလးမ်ား

Posted on

အခန္းေလးကက်ဥ္းေနရင္ ေနလို႕ထိုင္လို႕မေကာင္းသလို၊ သက္ေသာင့္သက္သာလည္းမရွိလွဘူးလို႕ တစ္ခ်ိဳ႕ေသာလူေတြက ခံစားရတတ္ပါတယ္။ ဒါေၾကာင့္ အခန္းေလးကက်ဥ္းေနတာကို က်ယ္သြားေအာင္လုပ္လို႕မရေပမယ့္ အၿမင္မွာၿဖင့္ အခန္းေလးကိုေနရာပိုထြက္လာေအာင္ ပိုက်ယ္လာေအာင္ လုပ္လုိ႕ရပါတယ္။ မ်က္စိအၿမင္ကိုလွည့္စားလိုက္တာပါ။ အခန္းက်ဥ္းေလးကေန အၿမင္မွာ အခန္းကိုက်ယ္သြားေအာင္မ်က္စိကုိလွည့္စားႏိုင္တဲ့ အဓိကအခ်က္ေလးေတြကို ေၿပာၿပမယ္ေနာ္။

နည္းလမ္း-၁



ပထမအခ်က္အေနနဲ႕ Color Technique ေတြပါပဲ။ အခန္းရဲ႕အေရာင္က လူရဲ႕စိတ္ခံစားခ်က္ကို အမ်ားၾကီးလႊမ္းမိုးေနပါတယ္။ ခရင္ကာလာနဲ႕ icy blue ကာလာေတြဟာ အေရာင္ေပါင္းစပ္အားအရမ္းေကာင္းတဲ့အတြက္ အခန္းေသးေသးေလးကေန အခန္းက်ယ္ၾကီးၿဖစ္သြားေအာင္ အၿမင္ကိုလွည့္စားေပးႏိုင္တဲ့ အေရာင္ေလးေတြပါ။ အခန္းရဲ႕အလင္းဟာ အေရာင္ေပၚမွာ အမ်ားၾကီးမူတည္ပါတယ္။ အခန္းရဲ႕အေရာင္ေလးကလင္းေနရင္ အခန္းေလးကိုပါ ပိုၿပီးေတာက္ပေစပါတယ္။ ေတာက္ပၿပီးလင္းတဲ့ နံရံအေရာင္ဟာ အခန္းကိုက်ယ္တယ္လို႕ခံစားရေစၿပီး စိတ္ကိုလည္းလန္းဆန္းေစပါတယ္။ သဘာ၀အလင္းကိုလည္းဖန္တီးေပးႏိုင္ဖို႕ အလားလာပိုမ်ားပါတယ္။ တကယ္လို႕ အခန္းရဲ႕နံရံကို ေမွာင္တဲ့အေရာင္သံုးထားမယ္ဆိုရင္ အဲဒီေမွာင္တဲ့အေရာင္က အလင္းကိုစုပ္ယူလိုက္တဲ့အခ်ိန္မွာ အခန္းထဲမွာ အလင္းအားနည္းသြားတဲ့အတြက္ အခန္းကိုပိုၿပီးေသးငယ္သြားေစတယ္လို႕ ခံစားရေစပါတယ္။ အေရာင္ေရြးခ်ယ္တဲ့အခါမွာ အေကာင္းဆံုးအၾကံၿပဳခ်င္တာကေတာ့ အၿပာနဲ႕အစိမ္းေရာင္ပါတဲ့အေရာင္ေဖ်ာ့ေလးေတြေရြးခ်ယ္ပါ။ အဲ့ဒီအေရာင္ေတြက သင့္ရဲ႕အခန္းေလးကို အၿမင္မွာပိုၿပီးေတာ့ က်ယ္ေစတယ္။ အခန္းကိုပိုၿပီးေတာ့ ေတာက္ပေစတယ္။

နည္းလမ္း-၂

အခန္းေလးကို အၿမင္မွာက်ယ္သြားေအာင္ မ်က္စိကိုလွည့္စားႏိုင္တဲ့ေနာက္တစ္ခ်က္ကေတာ့ အိမ္ေထာင္ပရိေဘာဂပဲၿဖစ္ပါတယ္။ အိမ္ေထာင္ပရိေဘာဂေတြက အခန္းထဲမွာရွိတဲ့ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေနရာယူထားတဲ့အတြက္ အခန္းကိုက်ဥ္းေစပါတယ္။ ဒါေၾကာင့္ မ်က္စိအၿမင္မွာ အိမ္ေထာင္ပရိေဘာဂမ်ားကို အခန္းထဲမွာ အလွဆင္မယ္ဆိုရင္ မ်က္စိအၿမင္မွာအခန္းကိုက်ယ္သေယာင္ၿဖစ္ေနေအာင္ အခုေၿပာမယ့္အခ်က္ေလးေတြကို သတိထားရပါမယ္။
အခန္းထဲမွာ စြယ္စံုသံုးလို႕ရတဲ့ပရိေဘာဂပစၥည္းေတြထားရမယ္။ ဆိုလိုတာက ထမင္းစားစားပြဲ၊ လက္ဖက္ရည္စားပြဲဆိုၿပီး သီးသန္႕မထားဘဲနဲ႕ ႏွစ္ခုလံုးအတြက္အဆင္ေၿပမယ့္ ပရိေဘာဂပစၥည္းေတြကို သံုးတာမ်ိဳးကိုေၿပာတာပါ။ ပရိေဘာဂပစၥည္းအၾကီးၾကီးေတြကို အခန္းအလယ္မွာထားတာေတြက အခန္းကိုက်ဥ္းေစပါတယ္။ တကယ္လို႕ ပရိေဘာဂပစၥည္းနဲ႕ အခန္းေလးကိုအလွဆင္မယ္ဆုိရင္ေတာင္ အခန္းရဲ႕ေထာင့္ခ်ိဳးေတြမွာ အလွဆင္ရင္အခန္းေလးကို ပိုၿပီးအၿမင္မွာက်ယ္ေစပါတယ္။ လမ္းေလွ်ာက္တဲ့အခါမွာ အခန္းရဲ႕ၾကမ္းၿပင္ကိုၿမင္ေနရရင္ အခန္းကက်ယ္တယ္လို႕ ထင္ရပါတယ္။ Sofa အၾကီးၾကီးထားတာတို႕ ပရိေဘာဂပစၥည္းအၾကီးၾကီးထားတာတို႕ ဆိုတာက အခန္းကိုက်ဥ္းေစသလို အၿမင္မွာပိုရႈပ္ေစပါတယ္။ ကိုယ့္ရဲ႕႕အခန္းထဲမွာ သံုးမယ့္ပရိေဘာဂပစၥည္းနဲ႕ အခန္းရဲ႕နံရံအေရာင္ေလးေတြနဲ႕ ခပ္ဆင္ဆင္သံုးေပးရင္လည္း အခန္းကိုအၿမင္မွာပို၍ က်ယ္ေစပါတယ္။ Sofa ေတြ၊ ထိုင္ခံုေတြေရြးခ်ယ္တဲ့အခါမွာလည္း လက္ကိုင္မပါတဲ့ Sofaတို႕၊ ထိုင္ခံုတို႕ကိုေရြးခ်ယ္ပါ။ စားပြဲဆုိရင္လည္း မွန္နဲ႕အလွဆင္ထားတဲ့စားပြဲကိုေရြးခ်ယ္ပါ။ မွန္က အၿမင္ကိုလြတ္လပ္ေစတဲ့အတြက္ေၾကာင့္ပါ။ တနည္းအားၿဖင့္ မွန္က တၿခားတစ္ဖက္ကိုေဖာက္ၿပီးၿမင္ႏိုင္တဲ့အတြက္ အၿမင္ကို လြတ္လပ္ေစတာပါ။

ေနာက္တစ္ခ်က္ကေတာ့ အလင္းပါ။ ကိုယ့္ရဲ႕အခန္းမွာ သဘာ၀အလင္းၿပည့္ၿပည့္၀၀ ရရွိတယ္ဆုိရင္လည္း အခန္းေလးကက်ဥ္းေနေပမယ့္ က်ယ္သေယာင္ေယာင္ထင္ရပါတယ္။ ဒါေၾကာင့္အလင္းကို ၿပတင္းေပါက္ကေန၀င္ေစတာမ်ိဳးေတြ လုပ္ထားရပါမယ္။ မွန္ၿပတင္းေပါက္ေတြတပ္ထားတာမ်ိဳးေတြေပါ့။ ၿပီးေတာ့ၿပတင္းေပါက္နားမွာ ပန္းပင္ေတြထားတာတို႕၊ အပင္ေတြစိုက္ထားတာတို႕က အလင္းကိုကြယ္ေစႏိုင္တယ္ေလ။ ဒါေၾကာင့္ အပင္တုိ႕၊ ပန္းပင္တို႕စိုက္ရင္ေတာင္မွ ၿပတင္းေပါက္ကိုမကြယ္ႏိုင္တဲ့ေနရာမ်ိဳးေတြမွာ စိုက္သင့္ပါတယ္။ ဒါမွလည္း အလင္းကအခန္းထဲကို ၀င္ႏိုင္မွာေလ။ ညဘက္အေမွာင္ေတြထဲမွာလည္း အခန္းထဲမွာ မီးအိမ္ေလးေတြထြန္းထားရင္ မီးအိမ္ရဲ႕ အလင္းေရာင္ေလးက လူရဲ႕အၿမင္ကိုပုိၿပီး ဆြဲေဆာင္ႏုိင္ပါတယ္။

နည္းလမ္း – ၃

ေနာက္တစ္ခ်က္ကေတာ့ သင့္ရဲ႕အခန္းေလးကို သန္႕ရွင္းသပ္ရပ္စြာထားဖို႕ပါ။ သင့္ရဲ႕အခန္းထဲမွာ ပစၥည္းေတြရႈပ္ယွက္ခတ္ေနရင္ ဆြဲေဆာင္မႈမရွိသလို၊ အခန္းကရႈပ္ပြေနေတာ့ အၿမင္ကိုလည္းရႈပ္ေထြးေစတယ္။ သင့္အခန္းရဲ႕နံရံေတြကို ပစၥည္းေတြနဲ႕မဖံုးအုပ္ထားပါနဲ႕။ အခန္းတစ္ခန္းကို အလွဆင္ေတာ့မယ္ဆိုရင္ အဓိကအခ်က္အေနနဲ႕ အဲဒီအခန္းအတြက္ ဘာကအေရးၾကီးဆံုးလဲဆိုတာကို စဥ္းစားရမယ္။ ဥပမာ-ထမင္းစားခန္းဆိုပါစုိ႕။ ထမင္းစားခန္းဆိုရင္ အဲဒီအခန္းအတြက္ အေရးၾကီးဆံုးက ထမင္းစားစားပြဲေလ။ အိပ္ခန္းမွာဆိုရင္လည္း အိပ္ရာကအေရးၾကီးဆံုးအခ်က္ပဲ။ ဒါေၾကာင့္ အခန္းတစ္ခန္းကိုအလွဆင္တဲ့အခါမွာ အဲဒီအခန္းရဲ႕အေရးၾကီးဆံုးအခ်က္ကို အဓိကထားၿပီးအလွဆင္ရမယ္။ အခန္းက်ဥး္က်ဥ္းေလးေတြ ပရိေဘာဂပစၥည္းေတြနဲ႕ အလွဆင္တဲ့အခါမွာ ပရိေဘာဂပစၥည္းေတြကို နည္းႏိုင္သမွ်နည္းေအာင္ အလွဆင္ရမယ္။ ဘာၿဖစ္လို႕လဲဆိုေတာ့ အခန္းကက်ဥ္းေနပါတယ္ဆိုမွ ပရိေဘာဂပစၥည္းေတြအမ်ားၾကီးထည့္လိုက္ေတာ့ ပိုၿပီးေတာ့ရႈပ္ေထြးသြားေတာ့ အၿမင္မွာ အခန္းကိုပိုၿပီးေတာ့ေတာင္ က်ဥ္းသြားေစတယ္။ အခန္းၾကီးရင္ေတာ့ ပရိေဘာဂပစၥည္းအမ်ားၾကီးထည့္တာတစ္မ်ိဳးေပါ့ေနာ္။ ေနာက္ၿပီးၾကမ္းခင္းကိုလည္းေၿပာင္ေနေအာင္ သန္႕ရွင္းေနေအာင္ထားသင့္တယ္ေလ။ အဲဒါကလည္း အခန္းကို သန္႕ရွင္းသပ္ရပ္ေအာင္ထားတဲ့နည္းထဲမွာ အေရးၾကီးဆံုးအခ်က္ပဲေလ။

နည္းလမ္း – ၄



ကဲေနာက္ဆံုးအခ်က္ကေတာ့ မွန္ပါပဲ။ မွန္ဆိုတာအခန္းရဲ႕ သြင္ၿပင္ကိုပိုၿပီးႏွစ္သက္စရာေကာင္းေအာင္ လုပ္ေပးႏုိင္တယ္။ မွန္အၾကီးၾကီးရွိတဲ့အခန္းမွာဆိုရင္ အလင္းေတြက မွန္ကေနတစ္ဆင့္ အခန္းကိုအလင္းၿပန္ေစတယ္။ မွန္ဆိုတာက သဘာ၀အလင္းၿဖစ္ေစ၊ ဖန္တီးထားတဲ့အလင္းၿဖစ္ေစ အလင္းၿပန္ေစႏိုင္ၿပီး အခန္းကိုေန႕ေရာညပါ အလင္းၿပန္ၿခင္းေၾကာင့္ အခန္းကိုလင္းေစႏိုင္တယ္။ အလင္းလံုေလာက္စြာရတဲ့အတြက္ေၾကာင့္ အခန္းကိုပိုၿပီးက်ယ္ေစတယ္လို႕ ခံစားရေစတယ္။ ေနာက္ၿပီးမွန္ကို ၿပတင္းေပါက္နားမွာထားရင္ ပိုၿပီးေတာ့ေတာင္ သက္ေရာက္မႈရွိပါတယ္။ အေကာင္းဆံုးကေတာ့ ကိုယ့္ရဲ႕အခန္းကို မွန္နဲ႕ၿပဳလုပ္ထားတဲ့ မီးဖိုေခ်ာင္သံုး နံရံကပ္ဗီရိုတို႕၊ ဗီရိုတံခါးတို႕၊ နံရံတို႕နဲ႕သာ အလွဆင္မယ္ဆိုရင္ေတာ့ သင့္ရဲ႕အခန္းကို အခန္းက်ဥ္းက်ဥ္းေလးကေန အၿမင္မွာက်ယ္လာေအာင္ၿပဳလုပ္ေပးႏိုင္ပါတယ္။

Ref: Myanmar Home & Decor Magazine

————–

အခန်းကျဉ်းမှအခန်းကျယ် ဖြစ်အောင်ပြုလုပ်နည်းလေးများ (unicode)

အခန်းလေးကကျဉ်းနေရင် နေလို့ထိုင်လို့မကောင်းသလို၊ သက်သောင့်သက်သာလည်းမရှိလှဘူးလို့ တစ်ချို့သောလူတွေက ခံစားရတတ်ပါတယ်။ ဒါကြောင့် အခန်းလေးကကျဉ်းနေတာကို ကျယ်သွားအောင်လုပ်လို့မရပေမယ့် အမြင်မှာဖြင့် အခန်းလေးကိုနေရာပိုထွက်လာအောင် ပိုကျယ်လာအောင် လုပ်လို့ရပါတယ်။ မျက်စိအမြင်ကိုလှည့်စားလိုက်တာပါ။ အခန်းကျဉ်းလေးကနေ အမြင်မှာ အခန်းကိုကျယ်သွားအောင်မျက်စိကိုလှည့်စားနိုင်တဲ့ အဓိကအချက်လေးတွေကို ပြောပြမယ်နော်။

နည်းလမ်း-၁
ပထမအချက်အနေနဲ့ Color Technique တွေပါပဲ။ အခန်းရဲ့အရောင်က လူရဲ့စိတ်ခံစားချက်ကို အများကြီးလွှမ်းမိုးနေပါတယ်။ ခရင်ကာလာနဲ့ icy blue ကာလာတွေဟာ အရောင်ပေါင်းစပ်အားအရမ်းကောင်းတဲ့အတွက် အခန်းသေးသေးလေးကနေ အခန်းကျယ်ကြီးဖြစ်သွားအောင် အမြင်ကိုလှည့်စားပေးနိုင်တဲ့ အရောင်လေးတွေပါ။ အခန်းရဲ့အလင်းဟာ အရောင်ပေါ်မှာ အများကြီးမူတည်ပါတယ်။ အခန်းရဲ့အရောင်လေးကလင်းနေရင် အခန်းလေးကိုပါ ပိုပြီးတောက်ပစေပါတယ်။ တောက်ပပြီးလင်းတဲ့ နံရံအရောင်ဟာ အခန်းကိုကျယ်တယ်လို့ခံစားရစေပြီး စိတ်ကိုလည်းလန်းဆန်းစေပါတယ်။ သဘာဝအလင်းကိုလည်းဖန်တီးပေးနိုင်ဖို့ အလားလာပိုများပါတယ်။ တကယ်လို့ အခန်းရဲ့နံရံကို မှောင်တဲ့အရောင်သုံးထားမယ်ဆိုရင် အဲဒီမှောင်တဲ့အရောင်က အလင်းကိုစုပ်ယူလိုက်တဲ့အချိန်မှာ အခန်းထဲမှာ အလင်းအားနည်းသွားတဲ့အတွက် အခန်းကိုပိုပြီးသေးငယ်သွားစေတယ်လို့ ခံစားရစေပါတယ်။ အရောင်ရွေးချယ်တဲ့အခါမှာ အကောင်းဆုံးအကြံပြုချင်တာကတော့ အပြာနဲ့အစိမ်းရောင်ပါတဲ့အရောင်ဖျော့လေးတွေရွေးချယ်ပါ။ အဲ့ဒီအရောင်တွေက သင့်ရဲ့အခန်းလေးကို အမြင်မှာပိုပြီးတော့ ကျယ်စေတယ်။ အခန်းကိုပိုပြီးတော့ တောက်ပစေတယ်။

နည်းလမ်း-၂
အခန်းလေးကို အမြင်မှာကျယ်သွားအောင် မျက်စိကိုလှည့်စားနိုင်တဲ့နောက်တစ်ချက်ကတော့ အိမ်ထောင်ပရိဘောဂပဲဖြစ်ပါတယ်။ အိမ်ထောင်ပရိဘောဂတွေက အခန်းထဲမှာရှိတဲ့နေရာတော်တော်များများမှာ နေရာယူထားတဲ့အတွက် အခန်းကိုကျဉ်းစေပါတယ်။ ဒါကြောင့် မျက်စိအမြင်မှာ အိမ်ထောင်ပရိဘောဂများကို အခန်းထဲမှာ အလှဆင်မယ်ဆိုရင် မျက်စိအမြင်မှာအခန်းကိုကျယ်သယောင်ဖြစ်နေအောင် အခုပြောမယ့်အချက်လေးတွေကို သတိထားရပါမယ်။
အခန်းထဲမှာ စွယ်စုံသုံးလို့ရတဲ့ပရိဘောဂပစ္စည်းတွေထားရမယ်။ ဆိုလိုတာက ထမင်းစားစားပွဲ၊ လက်ဖက်ရည်စားပွဲဆိုပြီး သီးသန့်မထားဘဲနဲ့ နှစ်ခုလုံးအတွက်အဆင်ပြေမယ့် ပရိဘောဂပစ္စည်းတွေကို သုံးတာမျိုးကိုပြောတာပါ။ ပရိဘောဂပစ္စည်းအကြီးကြီးတွေကို အခန်းအလယ်မှာထားတာတွေက အခန်းကိုကျဉ်းစေပါတယ်။ တကယ်လို့ ပရိဘောဂပစ္စည်းနဲ့ အခန်းလေးကိုအလှဆင်မယ်ဆိုရင်တောင် အခန်းရဲ့ထောင့်ချိုးတွေမှာ အလှဆင်ရင်အခန်းလေးကို ပိုပြီးအမြင်မှာကျယ်စေပါတယ်။ လမ်းလျှောက်တဲ့အခါမှာ အခန်းရဲ့ကြမ်းပြင်ကိုမြင်နေရရင် အခန်းကကျယ်တယ်လို့ ထင်ရပါတယ်။ Sofa အကြီးကြီးထားတာတို့ ပရိဘောဂပစ္စည်းအကြီးကြီးထားတာတို့ ဆိုတာက အခန်းကိုကျဉ်းစေသလို အမြင်မှာပိုရှုပ်စေပါတယ်။ ကိုယ့်ရဲ့အခန်းထဲမှာ သုံးမယ့်ပရိဘောဂပစ္စည်းနဲ့ အခန်းရဲ့နံရံအရောင်လေးတွေနဲ့ ခပ်ဆင်ဆင်သုံးပေးရင်လည်း အခန်းကိုအမြင်မှာပို၍ ကျယ်စေပါတယ်။ Sofa တွေ၊ ထိုင်ခုံတွေရွေးချယ်တဲ့အခါမှာလည်း လက်ကိုင်မပါတဲ့ Sofaတို့၊ ထိုင်ခုံတို့ကိုရွေးချယ်ပါ။ စားပွဲဆိုရင်လည်း မှန်နဲ့အလှဆင်ထားတဲ့စားပွဲကိုရွေးချယ်ပါ။ မှန်က အမြင်ကိုလွတ်လပ်စေတဲ့အတွက်ကြောင့်ပါ။ တနည်းအားဖြင့် မှန်က တခြားတစ်ဖက်ကိုဖောက်ပြီးမြင်နိုင်တဲ့အတွက် အမြင်ကို လွတ်လပ်စေတာပါ။

နောက်တစ်ချက်ကတော့ အလင်းပါ။ ကိုယ့်ရဲ့အခန်းမှာ သဘာဝအလင်းပြည့်ပြည့်၀၀ ရရှိတယ်ဆိုရင်လည်း အခန်းလေးကကျဉ်းနေပေမယ့် ကျယ်သယောင်ယောင်ထင်ရပါတယ်။ ဒါကြောင့်အလင်းကို ပြတင်းပေါက်ကနေဝင်စေတာမျိုးတွေ လုပ်ထားရပါမယ်။ မှန်ပြတင်းပေါက်တွေတပ်ထားတာမျိုးတွေပေါ့။ ပြီးတော့ပြတင်းပေါက်နားမှာ ပန်းပင်တွေထားတာတို့၊ အပင်တွေစိုက်ထားတာတို့က အလင်းကိုကွယ်စေနိုင်တယ်လေ။ ဒါကြောင့် အပင်တို့၊ ပန်းပင်တို့စိုက်ရင်တောင်မှ ပြတင်းပေါက်ကိုမကွယ်နိုင်တဲ့နေရာမျိုးတွေမှာ စိုက်သင့်ပါတယ်။ ဒါမှလည်း အလင်းကအခန်းထဲကို ဝင်နိုင်မှာလေ။ ညဘက်အမှောင်တွေထဲမှာလည်း အခန်းထဲမှာ မီးအိမ်လေးတွေထွန်းထားရင် မီးအိမ်ရဲ့ အလင်းရောင်လေးက လူရဲ့အမြင်ကိုပိုပြီး ဆွဲဆောင်နိုင်ပါတယ်။

နည်းလမ်း – ၃
နောက်တစ်ချက်ကတော့ သင့်ရဲ့အခန်းလေးကို သန့်ရှင်းသပ်ရပ်စွာထားဖို့ပါ။ သင့်ရဲ့အခန်းထဲမှာ ပစ္စည်းတွေရှုပ်ယှက်ခတ်နေရင် ဆွဲဆောင်မှုမရှိသလို၊ အခန်းကရှုပ်ပွနေတော့ အမြင်ကိုလည်းရှုပ်ထွေးစေတယ်။ သင့်အခန်းရဲ့နံရံတွေကို ပစ္စည်းတွေနဲ့မဖုံးအုပ်ထားပါနဲ့။ အခန်းတစ်ခန်းကို အလှဆင်တော့မယ်ဆိုရင် အဓိကအချက်အနေနဲ့ အဲဒီအခန်းအတွက် ဘာကအရေးကြီးဆုံးလဲဆိုတာကို စဉ်းစားရမယ်။ ဥပမာ-ထမင်းစားခန်းဆိုပါစို့။ ထမင်းစားခန်းဆိုရင် အဲဒီအခန်းအတွက် အရေးကြီးဆုံးက ထမင်းစားစားပွဲလေ။ အိပ်ခန်းမှာဆိုရင်လည်း အိပ်ရာကအရေးကြီးဆုံးအချက်ပဲ။ ဒါကြောင့် အခန်းတစ်ခန်းကိုအလှဆင်တဲ့အခါမှာ အဲဒီအခန်းရဲ့အရေးကြီးဆုံးအချက်ကို အဓိကထားပြီးအလှဆင်ရမယ်။ အခန်းကျဉ်းကျဉ်းလေးတွေ ပရိဘောဂပစ္စည်းတွေနဲ့ အလှဆင်တဲ့အခါမှာ ပရိဘောဂပစ္စည်းတွေကို နည်းနိုင်သမျှနည်းအောင် အလှဆင်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အခန်းကကျဉ်းနေပါတယ်ဆိုမှ ပရိဘောဂပစ္စည်းတွေအများကြီးထည့်လိုက်တော့ ပိုပြီးတော့ရှုပ်ထွေးသွားတော့ အမြင်မှာ အခန်းကိုပိုပြီးတော့တောင် ကျဉ်းသွားစေတယ်။ အခန်းကြီးရင်တော့ ပရိဘောဂပစ္စည်းအများကြီးထည့်တာတစ်မျိုးပေါ့နော်။ နောက်ပြီးကြမ်းခင်းကိုလည်းပြောင်နေအောင် သန့်ရှင်းနေအောင်ထားသင့်တယ်လေ။ အဲဒါကလည်း အခန်းကို သန့်ရှင်းသပ်ရပ်အောင်ထားတဲ့နည်းထဲမှာ အရေးကြီးဆုံးအချက်ပဲလေ။

နည်းလမ်း – ၄
ကဲနောက်ဆုံးအချက်ကတော့ မှန်ပါပဲ။ မှန်ဆိုတာအခန်းရဲ့ သွင်ပြင်ကိုပိုပြီးနှစ်သက်စရာကောင်းအောင် လုပ်ပေးနိုင်တယ်။ မှန်အကြီးကြီးရှိတဲ့အခန်းမှာဆိုရင် အလင်းတွေက မှန်ကနေတစ်ဆင့် အခန်းကိုအလင်းပြန်စေတယ်။ မှန်ဆိုတာက သဘာဝအလင်းဖြစ်စေ၊ ဖန်တီးထားတဲ့အလင်းဖြစ်စေ အလင်းပြန်စေနိုင်ပြီး အခန်းကိုနေ့ရောညပါ အလင်းပြန်ခြင်းကြောင့် အခန်းကိုလင်းစေနိုင်တယ်။ အလင်းလုံလောက်စွာရတဲ့အတွက်ကြောင့် အခန်းကိုပိုပြီးကျယ်စေတယ်လို့ ခံစားရစေတယ်။ နောက်ပြီးမှန်ကို ပြတင်းပေါက်နားမှာထားရင် ပိုပြီးတော့တောင် သက်ရောက်မှုရှိပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ရဲ့အခန်းကို မှန်နဲ့ပြုလုပ်ထားတဲ့ မီးဖိုချောင်သုံး နံရံကပ်ဗီရိုတို့၊ ဗီရိုတံခါးတို့၊ နံရံတို့နဲ့သာ အလှဆင်မယ်ဆိုရင်တော့ သင့်ရဲ့အခန်းကို အခန်းကျဉ်းကျဉ်းလေးကနေ အမြင်မှာကျယ်လာအောင်ပြုလုပ်ပေးနိုင်ပါတယ်။

Ref: Myanmar Home & Decor Magazine

Leave a Reply