သူတုိ႔စုံတြဲလုိ ဘယ္သူေတြခ်စ္ႏုိင္ၾကမလဲ

Posted on

ခ်စ္သူႏွစ္ေယာက္လက္ထပ္တဲ့အခါမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ေကာင္းေကာင္းဆုိးဆုိးတစ္သက္လုံးမခြဲမခြာေနသြားၾကမယ္လုိ႔ ကတိထားခဲ့ၾကတယ္။ ခ်မ္းသာဆင္းရဲ က်မ္းမာေရးေကာင္း ခ်ဴျခာ စသည္ျဖင့္ေပါ့။ ဘယ္အေျခအေနမ်ဳိးမွာျဖစ္ျဖစ္ ဘယ္ေလာက္ဒုကၡဆင္းရဲနဲ႔ပဲ ႀကဳံႀကဳံ တစ္ေယာက္ကိုတစ္ေယာက္ မထားခဲ့ပါဘူးဆုိတဲ့ ကတိေပါ့။ သူတုိ႔ထားခဲ့တဲ့ ကတိအတုိင္း သူတုိ႔ရဲ႕ တမူထူးတဲ့ခ်စ္ျခင္းကုိ ဒီစုံတြဲက ျပသခဲ့ပါတယ္။

သူတုိ႔စုံတြဲကေတာ့ တရုတ္ႏုိင္ငံက မ်က္စိမျမင္တဲ့ေယာက်ၤားနဲ႔ ေအာက္ပုိင္းမသန္တဲ့ ဇနီးတုိ႔ျဖစ္ပါတယ္။ သူတုိ႔ႏွစ္ေယာက္ဟာ တစ္ေယာက္စီမွာခ်ဳိ႕တဲ့ေပမယ့္ ႏွစ္ေယာက္ပုိင္းလုိက္ရင္ေတာ့ ျပည့္စုံသြားတယ္လုိ႔ ဆုိရပါမယ္။ မ်က္စိမျမင္တဲ့ေယာကၤ်ားက လမ္းမေလွ်ာက္ႏုိင္တဲ့ မိန္းမကိုေက်ာပုိးတယ္။ မိန္းမကလည္းေယာကၤ်ားျဖစ္သူကုိ လမ္းညႊန္ပါတယ္။ ဒါဟာ တစ္ခါတစ္ေလမဟုတ္ပါဘူး။ ေန႔စဥ္သူတုိ႔လုပ္ငန္းခြင္ကုိ သြားၿပီး စုိက္ပ်ဳိးေရးအလုပ္ကုိလုပ္ၾကတာျဖစ္ပါတယ္။ တခ်ဳိ႕သူေတြကလည္း သူတုိ႔ကုိ ကူညီေလ့ရွိၾကပါတယ္။ သူတုိ႔ဟာ တရုတ္ႏုိင္ငံ Chongqing ဆုိတဲ့ရြာေလးမွာေနထုိင္ၾကပါတယ္။ ေယာက်ၤားျဖစ္သူက Cao Shucai ျဖစ္ၿပီး မိန္းမျဖစ္သူကေတာ့ Xu Houbi လုိ႔ေခၚပါတယ္။ တစ္ရြာလုံးကေတာ့ သူတုိ႔စုံတြဲကုိ ျခင္းေတာင္းစုံတြဲ လုိ႔ေခၚၾကပါတယ္။ ေယာက်ၤားက မိန္းမျဖစ္သူကုိ ျခင္းေတာင္းတစ္လုံးအတြင္းမွာထည့္ၿပီး ေက်ာပုိးေလ့ရွိလုိ႔ျဖစ္ပါတယ္။

သူတုိ႔စုံတြဲဟာငယ္စဥ္ကတည္းက လက္ထပ္ခဲ့ၿပီး ေပ်ာ္ရႊင္စြာအတူေနခဲ့ၾကပါတယ္။ ဒါေပမယ့္ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၃၀ ၀န္းက်င္ ၁၉၈၈ခုႏွစ္မွာ Cao ဟာ မ်က္စိထိခုိက္ခဲ့ၿပီး အျမင္အာရုံကို ဆုံးရႈံးခဲ့ပါတယ္။ ကံဆုိးစြာပဲ အဲဒီႏွစ္မွာ ဇနီးျဖစ္သူ Xu ဟာလည္း အရိုးေပ်ာ့ေရာဂါေၾကာင့္ လမ္းမေလွ်ာက္ႏုိင္ေတာ့ပါဘူး။ ပုံမွန္လူေတြဆုိရင္ေတာ့ ဒီအေျခအေနဟာ ႏွစ္ေယာက္လုံးဘာမွမလုပ္ႏုိင္ေတာ့ပဲ အိပ္ယာထဲလဲကာ အၿမဲစိတ္ညစ္ေနရမယ့္ အေျခအေနပါ။ ဒါေပမယ့္ သူတုိ႔စုံတြဲကေတာ့ ေလာကဓံကုိ မၿဖဳံခဲ့ပါဘူး။ တစ္ေယာက္ရဲ႕ လုိအပ္ခ်က္ကို တစ္ေယာက္က ျဖည့္စြမ္းရင္း အခက္အခဲကို ရင္ဆုိင္ခဲ့ပါတယ္။ အစကေတာ့ ခက္ခဲခဲ့ေပမယ့္ အေလ့အက်င့္ရလာတဲ့အခါ သူတုိ႔ဟာ ပုံမွန္လူေတြနဲ႔ တန္းတူေပ်ာ္ရႊင္ေနတယ္လုိ႔ ဆုိပါတယ္။ သူတုိ႔စုံတြဲရဲ႕ဗီဒီယုိကုိ People China Daily သတင္းက တင္လုိက္တဲ့အခါမွာ ၾကည့္ရႈ႕သူ သန္းခ်ီခဲ့ၿပီး သူတုိ႔စုံတြဲရဲ႕ခ်စ္ျခင္းေမတၱာနဲ႔ ႀကံ႔ႀကံ႔ခုိင္တဲ့ စိတ္ဓာတ္ကို ခ်ီးက်ဴးေလးစားကုန္ၾကပါတယ္။

VIDEO

မိတ္ေဆြဆုိရင္ေရာ ဒီလိုအေျခအေနမ်ဳိးမွာ သူတုိ႔လုိရင္ဆုိင္ႏုိင္ပါ့မလား..
လြယ္ေတာ့မလြယ္ဘူးေနာ္


သူတို့စုံတွဲလောက် ဘယ်သူတွေချစ်နိုင်မလဲ (unicode)

ချစ်သူနှစ်ယောက်လက်ထပ်တဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းဆိုးဆိုးတစ်သက်လုံးမခွဲမခွာနေသွားကြမယ်လို့ ကတိထားခဲ့ကြတယ်။ ချမ်းသာဆင်းရဲ ကျမ်းမာရေးကောင်း ချူခြာ စသည်ဖြင့်ပေါ့။ ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် ဘယ်လောက်ဒုက္ခဆင်းရဲနဲ့ပဲ ကြုံကြုံ တစ်ယောက်ကိုတစ်ယောက် မထားခဲ့ပါဘူးဆိုတဲ့ ကတိပေါ့။ သူတို့ထားခဲ့တဲ့ ကတိအတိုင်း သူတို့ရဲ့ တမူထူးတဲ့ချစ်ခြင်းကို ဒီစုံတွဲက ပြသခဲ့ပါတယ်။

သူတို့စုံတွဲကတော့ တရုတ်နိုင်ငံက မျက်စိမမြင်တဲ့ယောင်္ကျားနဲ့ အောက်ပိုင်းမသန်တဲ့ ဇနီးတို့ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်စီမှာချို့တဲ့ပေမယ့် နှစ်ယောက်ပိုင်းလိုက်ရင်တော့ ပြည့်စုံသွားတယ်လို့ ဆိုရပါမယ်။ မျက်စိမမြင်တဲ့ယောင်္ကျားက လမ်းမလျှောက်နိုင်တဲ့ မိန်းမကိုကျောပိုးတယ်။ မိန်းမကလည်းယောင်္ကျားဖြစ်သူကို လမ်းညွှန်ပါတယ်။ ဒါဟာ တစ်ခါတစ်လေမဟုတ်ပါဘူး။ နေ့စဉ်သူတို့လုပ်ငန်းခွင်ကို သွားပြီး စိုက်ပျိုးရေးအလုပ်ကိုလုပ်ကြတာဖြစ်ပါတယ်။ တချို့သူတွေကလည်း သူတို့ကို ကူညီလေ့ရှိကြပါတယ်။ သူတို့ဟာ တရုတ်နိုင်ငံ Chongqing ဆိုတဲ့ရွာလေးမှာနေထိုင်ကြပါတယ်။ ယောင်္ကျားဖြစ်သူက Cao Shucai ဖြစ်ပြီး မိန်းမဖြစ်သူကတော့ Xu Houbi လို့ခေါ်ပါတယ်။ တစ်ရွာလုံးကတော့ သူတို့စုံတွဲကို ခြင်းတောင်းစုံတွဲ လို့ခေါ်ကြပါတယ်။ ယောင်္ကျားက မိန်းမဖြစ်သူကို ခြင်းတောင်းတစ်လုံးအတွင်းမှာထည့်ပြီး ကျောပိုးလေ့ရှိလို့ဖြစ်ပါတယ်။

သူတို့စုံတွဲဟာငယ်စဉ်ကတည်းက လက်ထပ်ခဲ့ပြီး ပျော်ရွှင်စွာအတူနေခဲ့ကြပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ဝန်းကျင် ၁၉၈၈ခုနှစ်မှာ Cao ဟာ မျက်စိထိခိုက်ခဲ့ပြီး အမြင်အာရုံကို ဆုံးရှုံးခဲ့ပါတယ်။ ကံဆိုးစွာပဲ အဲဒီနှစ်မှာ ဇနီးဖြစ်သူ Xu ဟာလည်း အရိုးပျော့ရောဂါကြောင့် လမ်းမလျှောက်နိုင်တော့ပါဘူး။ ပုံမှန်လူတွေဆိုရင်တော့ ဒီအခြေအနေဟာ နှစ်ယောက်လုံးဘာမှမလုပ်နိုင်တော့ပဲ အိပ်ယာထဲလဲကာ အမြဲစိတ်ညစ်နေရမယ့် အခြေအနေပါ။ ဒါပေမယ့် သူတို့စုံတွဲကတော့ လောကဓံကို မဖြုံခဲ့ပါဘူး။ တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က ဖြည့်စွမ်းရင်း အခက်အခဲကို ရင်ဆိုင်ခဲ့ပါတယ်။ အစကတော့ ခက်ခဲခဲ့ပေမယ့် အလေ့အကျင့်ရလာတဲ့အခါ သူတို့ဟာ ပုံမှန်လူတွေနဲ့ တန်းတူပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။ သူတို့စုံတွဲရဲ့ဗီဒီယိုကို People China Daily သတင်းက တင်လိုက်တဲ့အခါမှာ ကြည့်ရှု့သူ သန်းချီခဲ့ပြီး သူတို့စုံတွဲရဲ့ချစ်ခြင်းမေတ္တာနဲ့ ကြံ့ကြံ့ခိုင်တဲ့ စိတ်ဓာတ်ကို ချီးကျူးလေးစားကုန်ကြပါတယ်။

မိတ်ဆွေဆိုရင်ရော ဒီလိုအခြေအနေမျိုးမှာ သူတို့လိုရင်ဆိုင်နိုင်ပါ့မလား..
လွယ်တော့မလွယ်ဘူးနော်

 

Leave a Reply