မီးဖြင့္ၿပီး အိပ္စက္ျခင္းဟာ က်န္းမာေရးကုိ ထိခုိက္ေစႏုိင္

Posted on

ယေန႔အခါတြင္ လွ်ပ္စစ္မ်ားအလြယ္တကူရလာၿပီျဖစ္သျဖင့္ အိမ္တုိင္းလုိလုိတြင္ မီးမ်ားကို ေန႔ေရာညပါ ထြန္းေနၾကပါၿပီ။ အိပ္သည့္အခါတြင္လည္း မီးကုိ မပိတ္ေတာ့ပဲ တစ္ညလုံးထြန္းထားတတ္ၾကပါတယ္။ တခ်ဳိ႕သူေတြဆုိရင္မီးပိတ္ၿပီးေတာင္မအိပ္တတ္ေတာ့ပဲ မီးဖြင့္ၿပီးအိပ္မွ အိပ္ေပ်ာ္တဲ့အက်င့္ရွိတဲ့ အထိျဖစ္ကုန္ပါၿပီ။ မီးဖြင့္ၿပီး အိပ္ျခင္းဟာ က်န္းမာေရး နဲ႔ ကုိယ္ခံအား စနစ္ကုိ ထိခုိက္ေစေၾကာင္းေဆးေတသန တစ္ခုက စမ္းသပ္ေတြ႔ရွိခဲ့ပါတယ္။ မီးဆုိတဲ့ေနရာမွာ ညအိပ္မီးကုိ ေျပာျခင္းမဟုတ္ပဲ ပုံမွန္လွ်ပ္စစ္မီးသီး ၊ မီးေခ်ာင္း မ်ားကုိ ဆုိလုိျခင္းျဖစ္ပါတယ္။

နယ္သာလန္ႏုိင္ငံ လုိင္ဒန္ေဆးတကၠသုိလ္မွာ စမ္းသပ္ခဲ့တာျဖစ္ၿပီး ႀကြက္မ်ားကို စမ္းသပ္ခဲ့ျခင္းျဖစ္ပါတယ္။ မီးအလင္းေရာင္ေအာက္မွာ လေပါင္းမ်ားစြာ အထားခံရတဲ့ႀကြက္ေတြဟာ အားနည္းလာၿပီး က်န္းမာေရး ဆုိးရြားလာေၾကာင္း ေတြ႔ရွိရပါတယ္။ လွ်ပ္စစ္မီးေတြဟာ ကြ်န္ေတာ္တုိ႔ ခႏၶာကုိယ္ကုိ ထိခုိက္ေစႏုိင္ပါတယ္။ တခ်ဳိ႕ရုံးေတြမွာအလုပ္လုပ္စဥ္ လွ်ပ္စစ္မီးနဲ႔လုပ္ ၊ အိမ္ေရာက္ေတာ့လည္း လွ်ပ္စစ္မီးနဲ႔ ေန တတ္ၾကပါတယ္။ ျပင္ပအလင္းေရာင္နဲ႔ပုံမွန္ ထိေတြ႔မႈမရွိတဲ့ အဲဒီလုိလူေတြဟာ အခ်ိန္ၾကာလာတာနဲ႔ အမွ် မအီမသာျဖစ္လာတတ္ပါတယ္။ မီးအလင္းေရာင္ေအာက္မွာပဲ အၿမဲေနရတဲ့အတြက္ စိတ္မၾကည္လင္ပဲ ထုိင္းမႈိင္းလာျခင္း ၊ ေရာဂါမ်ားအလြယ္တကူျဖစ္တတ္သည္ အထိ ကုိယ္ခံအား က်ဆင္းျခင္းမ်ားကုိ ျဖစ္လာေစပါတယ္။

“သဘာ၀တရားရဲ႕ အလင္းအေမွာင္ ေျပာင္းလဲမႈနဲ႔ သက္ရွိသတၱ၀ါေတြရဲ႕ က်န္းမာေရးဟာ ဆက္စပ္ေနပါတယ္” လုိ႔သုေတသန ပညာရွင္ ဂ်ဳိဟန္နာ မုိင္ဂ်ာ က ဆုိပါတယ္။ ညအခ်ိန္ မီးဖြင့္ၿပီး အိပ္တတ္သူမ်ားရဲ႕ ဦးေႏွာက္လုပ္ငန္းစဥ္၇၀ ရာခုိင္ႏႈန္းခန္႔ ကေမာက္ကမ ျဖစ္ေစၿပီး ၊ ၾကြက္သားမ်ား ခ်ိနဲ႔တတ္သလုိ ၊ အရုိးပြႏုိင္ေျခ မ်ားေၾကာင္းလည္း ေတြ႔ရွိခဲ့ရပါတယ္။ မီးဖြင့္ အိပ္သူမ်ားဟာ မီးပိတ္အိပ္သူမ်ားေလာက္ မလန္းဆန္းၾကသလုိ ၊ ႏုိးလာရင္လည္း အိပ္ေရးမ၀တာကုိ ေတြ႔ၾကရမွာပါ။
မီးဖြင့္အိပ္တာ အက်င့္ျဖစ္ေနတဲ့သူမ်ားလည္း မီးပိတ္ၿပီးအိပ္တဲ့ အက်င့္ကုိ ျပန္က်င့္ေပးလုိက္ပါက ေနလုိ႔ထုိင္လုိ႔ ပုိေကာင္းလာတာကုိ ေတြ႔ၾကရမွာပါ။ ဒါေၾကာင့္ က်န္းမာေရး ေကာင္းမြန္ေစဖုိ႔ သဘာ၀အလင္းေရာင္ နဲ႔ ထိေတြ႔ေပးဖုိ႔ ၊ ညအခါမီးပိတ္အိပ္ဖုိ႔ လုိအပ္ပါတယ္။


မီးဖွင့်ပြီး အိပ်စက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင် (unicode)

ယနေ့အခါတွင် လျှပ်စစ်များအလွယ်တကူရလာပြီဖြစ်သဖြင့် အိမ်တိုင်းလိုလိုတွင် မီးများကို နေ့ရောညပါ ထွန်းနေကြပါပြီ။ အိပ်သည့်အခါတွင်လည်း မီးကို မပိတ်တော့ပဲ တစ်ညလုံးထွန်းထားတတ်ကြပါတယ်။ တချို့သူတွေဆိုရင်မီးပိတ်ပြီးတောင်မအိပ်တတ်တော့ပဲ မီးဖွင့်ပြီးအိပ်မှ အိပ်ပျော်တဲ့အကျင့်ရှိတဲ့ အထိဖြစ်ကုန်ပါပြီ။ မီးဖွင့်ပြီး အိပ်ခြင်းဟာ ကျန်းမာရေး နဲ့ ကိုယ်ခံအား စနစ်ကို ထိခိုက်စေကြောင်းဆေးတေသန တစ်ခုက စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ မီးဆိုတဲ့နေရာမှာ ညအိပ်မီးကို ပြောခြင်းမဟုတ်ပဲ ပုံမှန်လျှပ်စစ်မီးသီး ၊ မီးချောင်း များကို ဆိုလိုခြင်းဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံ လိုင်ဒန်ဆေးတက္ကသိုလ်မှာ စမ်းသပ်ခဲ့တာဖြစ်ပြီး ကြွက်များကို စမ်းသပ်ခဲ့ခြင်းဖြစ်ပါတယ်။ မီးအလင်းရောင်အောက်မှာ လပေါင်းများစွာ အထားခံရတဲ့ကြွက်တွေဟာ အားနည်းလာပြီး ကျန်းမာရေး ဆိုးရွားလာကြောင်း တွေ့ရှိရပါတယ်။ လျှပ်စစ်မီးတွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ တချို့ရုံးတွေမှာအလုပ်လုပ်စဉ် လျှပ်စစ်မီးနဲ့လုပ် ၊ အိမ်ရောက်တော့လည်း လျှပ်စစ်မီးနဲ့ နေ တတ်ကြပါတယ်။ ပြင်ပအလင်းရောင်နဲ့ပုံမှန် ထိတွေ့မှုမရှိတဲ့ အဲဒီလိုလူတွေဟာ အချိန်ကြာလာတာနဲ့ အမျှ မအီမသာဖြစ်လာတတ်ပါတယ်။ မီးအလင်းရောင်အောက်မှာပဲ အမြဲနေရတဲ့အတွက် စိတ်မကြည်လင်ပဲ ထိုင်းမှိုင်းလာခြင်း ၊ ရောဂါများအလွယ်တကူဖြစ်တတ်သည် အထိ ကိုယ်ခံအား ကျဆင်းခြင်းများကို ဖြစ်လာစေပါတယ်။

“သဘာဝတရားရဲ့ အလင်းအမှောင် ပြောင်းလဲမှုနဲ့ သက်ရှိသတ္တဝါတွေရဲ့ ကျန်းမာရေးဟာ ဆက်စပ်နေပါတယ်” လို့သုတေသန ပညာရှင် ဂျိုဟန်နာ မိုင်ဂျာ က ဆိုပါတယ်။ ညအချိန် မီးဖွင့်ပြီး အိပ်တတ်သူများရဲ့ ဦးနှောက်လုပ်ငန်းစဉ်၇၀ ရာခိုင်နှုန်းခန့် ကမောက်ကမ ဖြစ်စေပြီး ၊ ကြွက်သားများ ချိနဲ့တတ်သလို ၊ အရိုးပွနိုင်ခြေ များကြောင်းလည်း တွေ့ရှိခဲ့ရပါတယ်။ မီးဖွင့် အိပ်သူများဟာ မီးပိတ်အိပ်သူများလောက် မလန်းဆန်းကြသလို ၊ နိုးလာရင်လည်း အိပ်ရေးမဝတာကို တွေ့ကြရမှာပါ။
မီးဖွင့်အိပ်တာ အကျင့်ဖြစ်နေတဲ့သူများလည်း မီးပိတ်ပြီးအိပ်တဲ့ အကျင့်ကို ပြန်ကျင့်ပေးလိုက်ပါက နေလို့ထိုင်လို့ ပိုကောင်းလာတာကို တွေ့ကြရမှာပါ။ ဒါကြောင့် ကျန်းမာရေး ကောင်းမွန်စေဖို့ သဘာဝအလင်းရောင် နဲ့ ထိတွေ့ပေးဖို့ ၊ ညအခါမီးပိတ်အိပ်ဖို့ လိုအပ်ပါတယ်။

Leave a Reply