ကုိယ့္ခ်စ္သူ ခင္သူေတြဘယ္ေရာက္ေနလဲ အၿမဲသိေနေစမယ့္ App

Posted on

ေတာ္ေတာ္မ်ားမ်ားသိၿပီးျဖစ္မွာပါ။ အခုလတ္တေလာ နာမည္ႀကီးေနတဲ့ App ေလးျဖစ္ပါတယ္။ ကုိယ့္ရဲ႕မိသားစု၀င္ေတြကုိ စိတ္မခ်လုိ႔ ဘယ္မွာ ရွိေနလဲဆုိတာ ၾကည့္လုိ႔ရေနသလုိ ၊ ကုိယ့္ရဲ႕ခ်စ္သူဘယ္ေရာက္ေနလဲဆုိတာ ၾကည့္လုိ႔ရတဲ့ App လည္းျဖစ္ပါတယ္။ ကုိယ္ေရာက္ေနတဲ့ေနရာကို ကုိယ့္ေကာင္မေလးကို မသိေစခ်င္တဲ့သူမ်ားကေတာ့ အရမ္းမုန္းတဲ့ App လည္းျဖစ္ပါတယ္။ ဒီ App ေလးရဲ႕နာမည္ကေတာ့ Life 360 ျဖစ္ပါတယ္။ IOS အတြက္ေရာ ၊ Andriod အတြက္ပါ ရွိပါတယ္။

အသုံးျပဳပုံကေတာ့ ေဆာ့၀ဲကုိထည့္ၿပီး ဖုန္းနံပါတ္နဲ႔ ကိုယ့္ရဲ႕အေကာင့္ကိုဖြင့္လုိက္ပါ။ အျခား ကုိယ္သိခ်င္တဲ့ သူေတြရဲ႕ ဖုန္းေတြ device ေတြမွာလည္း ဒီ App ေလးကို ထည့္သြင္းထားရမွာျဖစ္ပါတယ္။ New family circle လုပ္ၿပီးေတာ့ ရလာတဲ့ ကုဒ္ကုိ ကုိယ္သိခ်င္တဲ့သူေတြဆီ ပုိ႔ေပးရမွာျဖစ္ပါတယ္။ အဲဒီကုဒ္ကုိ သူတုိ႔ဖုန္းက App ထဲ ထည့္လုိက္တာနဲ႔ သင့္ဆီမွာ သူတုိ႔ဘယ္ေရာက္ေနတာ သိရမွာပဲျဖစ္ပါတယ္။ ေရာက္ေနတဲ့ေနရာကို သိရဖုိ႔ အင္တာနက္ေတာ့လုိပါတယ္။ ကုိယ္စိတ္မခ်လုိ႔ သူေရာက္ေနတဲ့ ေနရာကုိသိခ်င္ရင္ ေမးစရာမလုိပဲ ဟဲ့အင္တာနက္ဖြင့္ ဆုိတာနဲ႔တင္ တန္းသိရမွာပဲျဖစ္ပါတယ္။ အသိမခံခ်င္တဲ့ေယာက်ၤားေလးေတြကေတာ့ အင္တာနက္ကုိ ပိတ္ထားၿပီး ဖြင့္စရာေဘမရွိေတာ့လုိ႔တုိ႔ ၊ အင္တာနက္လုိင္းမမိဘူးတုိ႔နဲ႔ ေျဖရွင္းႏုိင္ပါတယ္ 😛 ။

ေျမပုံကေနတုိက္ရုိက္ျမင္ရတာေၾကာင့္ သူဘယ္နားေရာက္ေနတာ ကုိ တုိက္ရုိက္သိႏုိင္သလုိ ၊ ဖုန္းဘက္ထရီဘယ္ေလာက္ရွိသလဲက အစသိႏုိင္လုိ႔ ေတာ္ေတာ္ေလးအဆင္ေျပပါတယ္။ ဒါအျပင္ အဲဒီ App ထဲကေန တုိက္ရုိက္ မတ္ေဆ့ပို႔လုိ႔လည္းရပါေသးတယ္။ အသုံးျပဳခ်င္လုိ႔ ထည့္သြင္းထားခ်င္တယ္ဆုိရင္ေတာ့ ေအာက္ကလင့္ေတြကေန ရယူႏုိင္ပါတယ္။
For IOS , Life360 family locator
For Andriod, Family Locator – GPS Tracker (Playstore)
For Andriod, Life360 Family Locator APK (Playstore မရတဲ့သူမ်ားအတြက္)

—————–
ကိုယ့်ချစ်သူ ခင်သူတွေဘယ်ရောက်နေလဲ အမြဲသိနေစေမယ့် App (unicode)

တော်တော်များများသိပြီးဖြစ်မှာပါ။ အခုလတ်တလော နာမည်ကြီးနေတဲ့ App လေးဖြစ်ပါတယ်။ ကိုယ့်ရဲ့မိသားစုဝင်တွေကို စိတ်မချလို့ ဘယ်မှာ ရှိနေလဲဆိုတာ ကြည့်လို့ရနေသလို ၊ ကိုယ့်ရဲ့ချစ်သူဘယ်ရောက်နေလဲဆိုတာ ကြည့်လို့ရတဲ့ App လည်းဖြစ်ပါတယ်။ ကိုယ်ရောက်နေတဲ့နေရာကို ကိုယ့်ကောင်မလေးကို မသိစေချင်တဲ့သူများကတော့ အရမ်းမုန်းတဲ့ App လည်းဖြစ်ပါတယ်။ ဒီ App လေးရဲ့နာမည်ကတော့ Life 360 ဖြစ်ပါတယ်။ IOS အတွက်ရော ၊ Andriod အတွက်ပါ ရှိပါတယ်။

အသုံးပြုပုံကတော့ ဆော့ဝဲကိုထည့်ပြီး ဖုန်းနံပါတ်နဲ့ ကိုယ့်ရဲ့အကောင့်ကိုဖွင့်လိုက်ပါ။ အခြား ကိုယ်သိချင်တဲ့ သူတွေရဲ့ ဖုန်းတွေ device တွေမှာလည်း ဒီ App လေးကို ထည့်သွင်းထားရမှာဖြစ်ပါတယ်။ New family circle လုပ်ပြီးတော့ ရလာတဲ့ ကုဒ်ကို ကိုယ်သိချင်တဲ့သူတွေဆီ ပို့ပေးရမှာဖြစ်ပါတယ်။ အဲဒီကုဒ်ကို သူတို့ဖုန်းက App ထဲ ထည့်လိုက်တာနဲ့ သင့်ဆီမှာ သူတို့ဘယ်ရောက်နေတာ သိရမှာပဲဖြစ်ပါတယ်။ ရောက်နေတဲ့နေရာကို သိရဖို့ အင်တာနက်တော့လိုပါတယ်။ ကိုယ်စိတ်မချလို့ သူရောက်နေတဲ့ နေရာကိုသိချင်ရင် မေးစရာမလိုပဲ ဟဲ့အင်တာနက်ဖွင့် ဆိုတာနဲ့တင် တန်းသိရမှာပဲဖြစ်ပါတယ်။ အသိမခံချင်တဲ့ယောင်္ကျားလေးတွေကတော့ အင်တာနက်ကို ပိတ်ထားပြီး ဖွင့်စရာဘေမရှိတော့လို့တို့ ၊ အင်တာနက်လိုင်းမမိဘူးတို့နဲ့ ဖြေရှင်းနိုင်ပါတယ် 😛 ။

မြေပုံကနေတိုက်ရိုက်မြင်ရတာကြောင့် သူဘယ်နားရောက်နေတာ ကို တိုက်ရိုက်သိနိုင်သလို ၊ ဖုန်းဘက်ထရီဘယ်လောက်ရှိသလဲက အစသိနိုင်လို့ တော်တော်လေးအဆင်ပြေပါတယ်။ ဒါအပြင် အဲဒီ App ထဲကနေ တိုက်ရိုက် မတ်ဆေ့ပို့လို့လည်းရပါသေးတယ်။ အသုံးပြုချင်လို့ ထည့်သွင်းထားချင်တယ်ဆိုရင်တော့ အောက်ကလင့်တွေကနေ ရယူနိုင်ပါတယ်။
For IOS , Life360 family locator
For Andriod, Family Locator – GPS Tracker (Playstore)
For Andriod, Life360 Family Locator APK (Playstore မရတဲ့သူများအတွက်)

Leave a Reply