လက္ႏွီးစုတ္လား အ၀တ္ျဖဴစလား

Posted on

တစ္ခါတုန္းက ဘုရားအေလာင္းဟာ ရေသ့ရဟန္း၀တ္ျပီး ေတာမွာေနေနပါတယ္။ တစ္ေန႕ေတာ့ ဆြမ္းခံက အျပန္ ေရကန္တစ္ကန္ထဲ ဆင္းျပီးေရခ်ိဳးရင္း ကန္ထဲက ပဒုမၼၾကာကို နမ္းလိုက္ပါတယ္။

ဒါကို ေရကန္ေစာင့္နတ္သမီးက ေတြ႕သြားျပီး …
ရဟန္း…ပိုင္ရွင္မေပးပဲ ၾကာပန္းကို နမ္းတာဟာ ခိုးျခင္းအဂၤါေတြထဲက တစ္ခုပဲဒါေၾကာင့္ သင္ရဟန္းဟာ နံ႕သာသူခိုးပဲ။ လို႕ ျပစ္တင္စြပ္စြဲပါတယ္။

အဲဒီေတာ့ ရဟန္းက…
နတ္သမီး…ငါဟာၾကာပန္းကို ယူလည္းမယူ၊ ခ်ိဳးလည္းမခ်ိဳး အေ၀းကနမ္းတာပါ။ ဘာလို႕ ငါကို နံ႕သာသူခိုးလို႕စြပ္စြဲတာလည္း ေစာေစာေစာက ေယာက်္ားတစ္ေယာက္ဟာ ေရကန္ထဲဆင္းျပီး ၾကာစြယ္၊ ၾကာပန္းေတြ ကို ခ်ိဳးဖ်က္ယူတယ္။ အဲဒီ ပုဂၢိဳလ္က်ေတာ့ ဘာျဖစ္လို႕ ၾကာသူခိုးလို႕မေျပာတာလဲ…

နတ္သမီးက ေျခတစ္လွမ္းတိုးရင္း ေလသံျပင္းျပင္း မ်က္ႏွာထားတည္တည္နဲ႕…
ရဟန္း…မေကာင္းမႈမ်ိဳးစံုကို ျပဳေနၾကတဲ့ ပုဂၢိဳလ္ေတြရွိတယ္။ အဲဒီ သူေတြဟာ အညစ္အေၾကး အထပ္ထပ္ေပက်ံေနလို႕ လက္ႏွီးစုတ္လိုပဲ ထပ္မံေပက်ံလည္း ထူးျပီး မသိသာေတာ့ဘူး။ ဒီအတိုင္းပဲ အကုသိုလ္အညစ္အေၾကးစံု ကပ္ေနတဲ့ သူမွာ ေနာက္ထပ္အညစ္အေၾကး တစ္ခု ထပ္ကပ္လည္း ထူးျပီး မသိသာေတာ့ဘူး။ အဲေတာ့ ထို ပုဂၢိဳလ္မ်ိဳးကို ငါ့အေနနဲ႕ ဘာမွ မေျပာလိုဘူး၊ သင္ရဟန္းကိုသာ ေျပာခ်င္တာ၊ စင္ၾကယ္မႈကို ရွာမွီးသူတို႕သည္ သားျမီးဖ်ားေလာက္ရွိတဲ့ မေကာင္းမႈကိုလည္း တိမ္တိုက္ေလာက္ သေဘာထား ရတယ္…

ရဟန္းက နတ္သမီးဥပမာနဲ႕ေျပာလိုက္တဲ့စကားကို သေဘာက်သြားပါတယ္။ ဒါေၾကာင့္…
နတ္သမီး…သင္ဟာ ငါ့ကို စင္ၾကယ္သူလို႕ အသိအမွတ္ျပဳတယ္ ျပီးေတာ့ သတိေပးေစာင့္ေရွာက္တယ္။ တကယ္လို႕မ်ား ေနာင္အခါ သင့္မ်က္လံုးထဲမွာ အျမင္မေတာ္တာ ရွိခဲ့ရင္ အခုလိုေျပာဆိုေပးပါ…

ရဟန္း ..ငါဟာ သင့္ကိုအမွီျပဳျပီး အသက္ေမြးေနတာ မဟုတ္။ သင့္ရဲ႕အခစားမဟုတ္၊ ဘယ္လမ္းဟာ သုဂတိသြားတဲ့လမ္း ဆိုတာ သင္သိတယ္။ သိတဲ့အတိုင္း ကိုယ္တိုင္ပဲသြားပါ၊ ငါကို အားမကိုးပါနဲ႕…နတ္သမီးက စကားထန္ထန္ေလးသံုးပါတယ္။(နတ္သမီးက ရဟန္းကို ခပ္ဆတ္ဆတ္ေလးေျပာလိုက္ေပမဲ့ ေျပာလြယ္ဆိုလြယ္ ရွိတဲ့ ရဟန္းကို စိတ္ထဲက ၾကည္ညိဳေနပါတယ္။)

ထိုအခါ ရဟန္းက ေက်းဇူးတင္ပါတယ္ နတ္သမီး အခုလို သတိေပးတာကို ပဲ…ဟုဆိုကာ နတ္သမီးရဲ႕ဆံုးမမႈကို အေျခခံျပီး တရား ၾကိဳးၾကိဳးစားစား အားထုတ္လိုက္ရာ စ်ာန္ေတြရသြားျပီး ျဗဟၼာ့ျပည္ကို လားေရာက္ခဲ့ရပါတယ္။ (သိဃၤပုပၹဇာတ္)

ထိုဇာတ္၀တၱဳေလး ကအတိုင္း ဓမၼပဒမွာ လည္း အျပစ္ျပဆံုးမသူကို ေရႊ႔အိုးေပးသူလို႕ သေဘာထားရမယ္လို႕ ဆိုထားပါတယ္။ ျပီးေတာ့ ရွင္ရာဟုလာ ဆိုတဲ့ ကိုရင္ေလးက သဲကို လက္နဲ႕ ဆုပ္ျပီး ဤသဲလံုးႏွင့္အမွ် ငါ့ကိုဆံုးမမည့္သူရလွ်င္ ေကာင္းေလစြ လို႕လည္း ဆုေတာင္းေလ့ရွိပါတယ္။ ကိုယ့္အျပစ္ ကိုယ့္အားနည္းခ်က္ ကို သိခ်င္စိတ္ရယ္ သိျပီး ျပင္ခ်င္တဲ့စိတ္ရယ္ ျပင္ပစ္တဲ့ စိတ္ရယ္ အဲဒါေတြဟာ စိတ္ဓာတ္ အရည္အေသြးျမင့္မားဖို႕အတြက္ အေထာက့္အပံ႕ေတြပါ။

ကဲ…လက္ႏွီးစုတ္လား…အ၀တ္ျဖဴစလား။

ရႊင္လန္းခ်မ္းေျမ့ၾကပါေစ။
ညခင္း

——————–

လက်နှီးစုတ်လား အဝတ်ဖြူစလား

တစ်ခါတုန်းက ဘုရားအလောင်းဟာ ရသေ့ရဟန်းဝတ်ပြီး တောမှာနေနေပါတယ်။ တစ်နေ့တော့ ဆွမ်းခံက အပြန် ရေကန်တစ်ကန်ထဲ ဆင်းပြီးရေချိုးရင်း ကန်ထဲက ပဒုမ္မကြာကို နမ်းလိုက်ပါတယ်။

ဒါကို ရေကန်စောင့်နတ်သမီးက တွေ့သွားပြီး …
ရဟန်း…ပိုင်ရှင်မပေးပဲ ကြာပန်းကို နမ်းတာဟာ ခိုးခြင်းအင်္ဂါတွေထဲက တစ်ခုပဲဒါကြောင့် သင်ရဟန်းဟာ နံ့သာသူခိုးပဲ။ လို့ ပြစ်တင်စွပ်စွဲပါတယ်။

အဲဒီတော့ ရဟန်းက…
နတ်သမီး…ငါဟာကြာပန်းကို ယူလည်းမယူ၊ ချိုးလည်းမချိုး အဝေးကနမ်းတာပါ။ ဘာလို့ ငါကို နံ့သာသူခိုးလို့စွပ်စွဲတာလည်း စောစောစောက ယောက်ျားတစ်ယောက်ဟာ ရေကန်ထဲဆင်းပြီး ကြာစွယ်၊ ကြာပန်းတွေ ကို ချိုးဖျက်ယူတယ်။ အဲဒီ ပုဂ္ဂိုလ်ကျတော့ ဘာဖြစ်လို့ ကြာသူခိုးလို့မပြောတာလဲ…

နတ်သမီးက ခြေတစ်လှမ်းတိုးရင်း လေသံပြင်းပြင်း မျက်နှာထားတည်တည်နဲ့…
ရဟန်း…မကောင်းမှုမျိုးစုံကို ပြုနေကြတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အဲဒီ သူတွေဟာ အညစ်အကြေး အထပ်ထပ်ပေကျံနေလို့ လက်နှီးစုတ်လိုပဲ ထပ်မံပေကျံလည်း ထူးပြီး မသိသာတော့ဘူး။ ဒီအတိုင်းပဲ အကုသိုလ်အညစ်အကြေးစုံ ကပ်နေတဲ့ သူမှာ နောက်ထပ်အညစ်အကြေး တစ်ခု ထပ်ကပ်လည်း ထူးပြီး မသိသာတော့ဘူး။ အဲတော့ ထို ပုဂ္ဂိုလ်မျိုးကို ငါ့အနေနဲ့ ဘာမှ မပြောလိုဘူး၊ သင်ရဟန်းကိုသာ ပြောချင်တာ၊ စင်ကြယ်မှုကို ရှာမှီးသူတို့သည် သားမြီးဖျားလောက်ရှိတဲ့ မကောင်းမှုကိုလည်း တိမ်တိုက်လောက် သဘောထား ရတယ်…

ရဟန်းက နတ်သမီးဥပမာနဲ့ပြောလိုက်တဲ့စကားကို သဘောကျသွားပါတယ်။ ဒါကြောင့်…
နတ်သမီး…သင်ဟာ ငါ့ကို စင်ကြယ်သူလို့ အသိအမှတ်ပြုတယ် ပြီးတော့ သတိပေးစောင့်ရှောက်တယ်။ တကယ်လို့များ နောင်အခါ သင့်မျက်လုံးထဲမှာ အမြင်မတော်တာ ရှိခဲ့ရင် အခုလိုပြောဆိုပေးပါ…

ရဟန်း ..ငါဟာ သင့်ကိုအမှီပြုပြီး အသက်မွေးနေတာ မဟုတ်။ သင့်ရဲ့အခစားမဟုတ်၊ ဘယ်လမ်းဟာ သုဂတိသွားတဲ့လမ်း ဆိုတာ သင်သိတယ်။ သိတဲ့အတိုင်း ကိုယ်တိုင်ပဲသွားပါ၊ ငါကို အားမကိုးပါနဲ့…နတ်သမီးက စကားထန်ထန်လေးသုံးပါတယ်။(နတ်သမီးက ရဟန်းကို ခပ်ဆတ်ဆတ်လေးပြောလိုက်ပေမဲ့ ပြောလွယ်ဆိုလွယ် ရှိတဲ့ ရဟန်းကို စိတ်ထဲက ကြည်ညိုနေပါတယ်။)

ထိုအခါ ရဟန်းက ကျေးဇူးတင်ပါတယ် နတ်သမီး အခုလို သတိပေးတာကို ပဲ…ဟုဆိုကာ နတ်သမီးရဲ့ဆုံးမမှုကို အခြေခံပြီး တရား ကြိုးကြိုးစားစား အားထုတ်လိုက်ရာ ဈာန်တွေရသွားပြီး ဗြဟ္မာ့ပြည်ကို လားရောက်ခဲ့ရပါတယ်။ (သိင်္ဃပုပ္ဖဇာတ်)

ထိုဇာတ်ဝတ္တုလေး ကအတိုင်း ဓမ္မပဒမှာ လည်း အပြစ်ပြဆုံးမသူကို ရွှေ့အိုးပေးသူလို့ သဘောထားရမယ်လို့ ဆိုထားပါတယ်။ ပြီးတော့ ရှင်ရာဟုလာ ဆိုတဲ့ ကိုရင်လေးက သဲကို လက်နဲ့ ဆုပ်ပြီး ဤသဲလုံးနှင့်အမျှ ငါ့ကိုဆုံးမမည့်သူရလျှင် ကောင်းလေစွ လို့လည်း ဆုတောင်းလေ့ရှိပါတယ်။ ကိုယ့်အပြစ် ကိုယ့်အားနည်းချက် ကို သိချင်စိတ်ရယ် သိပြီး ပြင်ချင်တဲ့စိတ်ရယ် ပြင်ပစ်တဲ့ စိတ်ရယ် အဲဒါတွေဟာ စိတ်ဓာတ် အရည်အသွေးမြင့်မားဖို့အတွက် အထောက့်အပံ့တွေပါ။

ကဲ…လက်နှီးစုတ်လား…အဝတ်ဖြူစလား။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

Leave a Reply