သင္မသိေလာက္ေသးတဲ့ ဘရုစလီရဲ႕ ထူးျခားခ်က္မ်ား

Posted on

ဘရုစလီရဲ႕ နာမည္အရင္းက Li Jun Fan ျဖစ္ၿပီး ၁၉၄၀ခုႏွစ္ ၊ ႏုိ၀င္ဘာ ၂၇ရက္ေန႔မွာ အေမရိကန္ ကယ္လီဖုိးနီးယားမွာေမြးဖြားၿပီး ၁၉၇၃ခုႏွစ္ ဇူလုိင္ ၂၀ ၊ ေဟာင္ေကာင္ မွာ ေသဆုံးခဲ့ပါတယ္။ ဘရုစလီ ရဲ႕ ေမြးခ်ိန္နဲ႔ ေမြးႏွစ္ဟာ နဂါးႏွစ္ျဖစ္ၿပီး ဒါဟာ အလြန္ထူးခြ်န္သူတစ္ေယာက္ျဖစ္လာတဲ့ နိမိတ္လုိ႔ယူဆၾကပါတယ္။

ဘရုစလီဟာ ငယ္စဥ္က ေဟာင္ေကာင္မွာႀကီးျပင္းခဲ့ၿပီး အေမရိက ကို သူ႔ရဲ႕မိဘေတြပို႔ခဲ့ရတဲ့အေၾကာင္းကေတာ့ လမ္းေပၚမွာရန္ခဏျဖစ္ခဲ့လုိ႔ပါပဲ။ သူဟာ ကေလးဘ၀က ကေလးဂုိဏ္းတစ္ခုျဖစ္တဲ့ လမ္းဆုံကက်ားရုိင္းမ်ားဂုိဏ္းရဲ႕ ေခါင္းေဆာင္တစ္ဦးျဖစ္ခဲ့ပါတယ္။ ဓါးနဲ႔ ခ်ိန္းႀကဳိးေတြေဆာင္ေလ့ရွိသလုိ ၊ အျခားလူမုိက္ေတြကို စိန္ေခၚကာ ရန္ပြဲေတြမၾကာခဏျဖစ္ေလ့ရွိသူလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဒါကုိရပ္တန္႔ဖုိ႔အတြက္ မိဘေတြဟာ ဘရုစလီကုိ အေမရိကကုိ ပုိ႔ခဲ့ျခင္းျဖစ္ပါတယ္။

ဘရုစလီဟာ သုိင္းသမား ရုပ္ရွင္မင္းသားအျဖစ္လူသိမ်ားေပမယ့္ သူဟာ အကကြ်မ္းက်င္သူ တစ္ေယာက္လည္းျဖစ္ပါတယ္။ ခ်ားခ်ားအကကို အလြန္ကြ်မ္းက်င္ၿပီး ၁၉၅၉ခုႏွစ္ ေဟာင္ေကာင္ရဲ႕ ခ်န္ပီယံျဖစ္ခဲ့သူပါ။

ဘရုစလီကုိ ၁၃ႏွစ္သားတည္းက သိုင္းပညာကုိသင္ၾကားခဲ့ၿပီး သရုပ္ေဆာင္ျဖစ္ေနတာကို လူသိမ်ားေပမယ့္ ဘရုစလီဟာ ငယ္စဥ္ကတည္းက သရုပ္ေဆာင္ျဖစ္ခဲ့တာကို လူသိနည္းပါတယ္။ ဘရုစလီဟာ ၃လ အရြယ္က စလုိ႔ ၅ႏွစ္အရြယ္အတြင္း ေဟာင္ေကာင္ ရုပ္ရွင္ကားေပါင္း ၂၀မွာ ကေလးသရုပ္ေဆာင္အျဖစ္ ပါ၀င္ခဲ့သူျဖစ္ပါတယ္။

ဘရုစလီဟာ က်န္းမာႀကံခုိင္ ျမန္ဆန္သူအျဖစ္ အားလုံးသိၾကေပမယ့္ သူဟာအျမင္အာရုံ ျပႆနာရွိသူျဖစ္ပါတယ္။ ပါ၀ါမ်ားတဲ့မ်က္မွန္ကုိ တပ္ဆင္ခဲ့ရၿပီး အေစာပုိင္းမ်က္ကပ္မွန္တပ္သူထဲက တစ္ဦးလည္းျဖစ္ပါတယ္။

ဘရုစလီဟာ ကမာၻေက်ာ္သရုပ္ေဆာင္တစ္ေယာက္ျဖစ္လာခဲ့ေပမယ့္ သူအရမ္းအျဖစ္ခ်င္ဆုံးအရာကေတာ့ ကိုယ္ပုိင္ သုိင္းသင္တန္းေက်ာင္းဆရာျဖစ္ပါတယ္။ အေမရိကန္က ေနရာအႏွံ႔မွာ ဘရုစလီသုိင္းသင္တန္းေက်ာင္းေတြ ဖြင့္လွစ္ဖုိ႔ အိပ္မက္မက္ခဲ့သူပါ။ သူဟာ သူ႔ရဲ႕အိပ္မက္ကိုၿပီးေျမာက္ေအာင္ အေကာင္အထည္မေဖာ္ႏုိင္ခင္မွာ ကြယ္လြန္သြားခဲ့ရပါတယ္။

၁၉၆၃ခုႏွစ္ ေႏြရာသီမွာ ဘရုစလီဟာ Linda Emery ဆုိတဲ့ မိန္းကေလးကို Gung Fu သင္ေပးရာကေန စိတ္၀င္စားခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ သူတုိ႔ႏွစ္ေယာက္ဟာ ခ်စ္ႀကဳိက္သြားၾကၿပီး ဘ၀အေျခအေန ကြာျခားခ်က္ႀကီးလြန္းလုိ႔ မိဘေတြသေဘာမတူတဲ့ၾကားထဲက ေနာက္တစ္ႏွစ္မွာပဲ လက္ထပ္လုိက္ၾကပါတယ္။

ဘရုစလီဟာ လမ္းရုိးနည္းစနစ္ေတြကို မႀကဳိက္ပဲ အလြန္ဆန္းသစ္တီထြင္သူလုိ႔ ဆုိႏုိင္ပါတယ္။ အခ်ိန္ရွိသေရြ႕ မူရင္းရွိၿပီးသားသုိင္းပညာေတြကုိ ထပ္မံဆန္းသစ္ရင္း သူရဲ႕ကုိယ္ပုိင္တီထြင္ထားတဲ့ သုိင္းပညာေတြ ထည့္သြင္းဖုိ႔ ႀကဳိးစားေနတတ္သူျဖစ္ပါတယ္။ မူရင္းပုံစံေတြက ကြဲထြက္ေနတဲ့ ေလ့က်င့္မႈပုံစံအသစ္ေတြကို တီထြင္ျပဳလုပ္ခဲ့သူလည္းျဖစ္သလုိ Jeet Kune Do ဆုိတဲ့ ပညာရပ္တစ္ခုကို ခ်န္ထားခဲ့သူလည္းျဖစ္ပါတယ္။

လီ ကို သုိင္းပညာရွင္ သရုပ္ေဆာင္တစ္ေယာက္အျဖစ္ လူသိမ်ားေပမယ့္ တကယ္ေတာ့ သူဟာ အျခားပညာရပ္ေတြမွာလည္း ထူးခြ်န္လြန္းသူျဖစ္ပါတယ္။ အက္ဒီဆင္နည္းပညာေက်ာင္းဆင္းျဖစ္ၿပီး ထူးခြ်န္ၿပီး ဇြဲလုံ႔လေကာင္းလြန္းသူျဖစ္ပါတယ္။ သူ႔အျခားထူးခြ်န္တဲ့ ပညာရပ္ေတြကေတာ့ အေတြးအေခၚပညာ ၊ ကဗ်ာေရးျခင္း ၊ လက္ေ၀ွ႔ ၊ ဓားသုိင္း ၊ အစာအဟာရကြ်မ္းက်င္ျခင္း စတာေတြျဖစ္ပါတယ္။ စာအလြန္ဖတ္သူျဖစ္ၿပီး ေန႔စဥ္ေန႔တုိင္းမွာ သင္ယူမႈတစ္ခုမဟုတ္ တစ္ခုလုပ္ေနတတ္သူလည္းျဖစ္ပါတယ္။

သူ႔ရဲ႕နာမည္ႀကီးကားတစ္ကားျဖစ္တဲ့ Enter the Dragon ကားမွာ သူဟာ အဲဒီတုန္းက လူၾကမ္းသရုပ္ေဆာင္ျဖစ္တဲ့ ဂ်က္ကီခ်မ္းနဲ႔ ဆုံခဲ့ဖူးပါတယ္။ အဲဒီကားမွာ လီရဲ႕လႈပ္ရွားမႈေတြဟာ မထင္မွတ္ေအာင္ ျမန္ဆန္လြန္းတဲ့အတြက္ ကားရုိက္ၿပီးတဲ့အခ်ိန္မွာ ပုံမွန္ speed ကိုေလွ်ာ့ခ်ခဲ့ရပါတယ္။ ဒါမွသာ လူေတြက အတုလုိ႔ မထင္မွာျဖစ္ပါတယ္။

ေန႔စဥ္ လက္သီးခ်က္ေရ ၅၀၀၀ ခန္႔ထုိးေလ့ရွိသူျဖစ္ၿပီး ဒီေလ့က်င့္မႈဟာ သူ႔လက္သီးျပင္းထန္ျခင္းရဲ႕အေၾကာင္းတစ္ရပ္လို႔ ဆုိပါတယ္။ လက္ေခ်ာင္းေတြ အလြန္သန္သူျဖစ္ၿပီး သူ႔ရဲ႕လက္ေခ်ာင္းေတြနဲ႔ စည္သြပ္ဗူးေတြကိုအေပါက္မ်ားျဖစ္ေအာင္ ေဖာက္ႏုိင္ပါတယ္။ သူဟာ ေလေပၚေျမွာက္ပစ္လုိက္တဲ့ ထမင္းေစ့ကို တူနဲ႔ မက်ေအာင္ဖမ္းႏုိင္တဲ့အထိ ေတာ္သူလည္းျဖစ္ပါတယ္။

တုိင္းမ္မဂၢဇင္းရဲ႕ ၂၀ရာစု ကမာၻကုိအလႊမ္းမုိးခဲ့ဆုံးသူ ၁၀၀ ထဲက တစ္ဦးအျဖစ္ေဖာ္ျပျခင္း ခံရသူလည္း ျဖစ္ပါတယ္။ မိတ္ေဆြသိထားတဲ့ ဘရုစလီရဲ႕ အခ်က္ေတြရွိရင္လည္း ထပ္ျဖည့္ခဲ့ပါဦး

———-

သင်မသိလောက်သေးတဲ့ ဘရုစလီရဲ့ ထူးခြားချက်များ (unicode)

ဘရုစလီရဲ့ နာမည်အရင်းက Li Jun Fan ဖြစ်ပြီး ၁၉၄ဝခုနှစ် ၊ နိုဝင်ဘာ ၂၇ရက်နေ့မှာ အမေရိကန် ကယ်လီဖိုးနီးယားမှာမွေးဖွားပြီး ၁၉၇၃ခုနှစ် ဇူလိုင် ၂၀ ၊ ဟောင်ကောင် မှာ သေဆုံးခဲ့ပါတယ်။ ဘရုစလီ ရဲ့ မွေးချိန်နဲ့ မွေးနှစ်ဟာ နဂါးနှစ်ဖြစ်ပြီး ဒါဟာ အလွန်ထူးချွန်သူတစ်ယောက်ဖြစ်လာတဲ့ နိမိတ်လို့ယူဆကြပါတယ်။

ဘရုစလီဟာ ငယ်စဉ်က ဟောင်ကောင်မှာကြီးပြင်းခဲ့ပြီး အမေရိက ကို သူ့ရဲ့မိဘတွေပို့ခဲ့ရတဲ့အကြောင်းကတော့ လမ်းပေါ်မှာရန်ခဏဖြစ်ခဲ့လို့ပါပဲ။ သူဟာ ကလေးဘဝက ကလေးဂိုဏ်းတစ်ခုဖြစ်တဲ့ လမ်းဆုံကကျားရိုင်းများဂိုဏ်းရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ဓါးနဲ့ ချိန်းကြိုးတွေဆောင်လေ့ရှိသလို ၊ အခြားလူမိုက်တွေကို စိန်ခေါ်ကာ ရန်ပွဲတွေမကြာခဏဖြစ်လေ့ရှိသူလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒါကိုရပ်တန့်ဖို့အတွက် မိဘတွေဟာ ဘရုစလီကို အမေရိကကို ပို့ခဲ့ခြင်းဖြစ်ပါတယ်။

ဘရုစလီဟာ သိုင်းသမား ရုပ်ရှင်မင်းသားအဖြစ်လူသိများပေမယ့် သူဟာ အကကျွမ်းကျင်သူ တစ်ယောက်လည်းဖြစ်ပါတယ်။ ချားချားအကကို အလွန်ကျွမ်းကျင်ပြီး ၁၉၅၉ခုနှစ် ဟောင်ကောင်ရဲ့ ချန်ပီယံဖြစ်ခဲ့သူပါ။

ဘရုစလီကို ၁၃နှစ်သားတည်းက သိုင်းပညာကိုသင်ကြားခဲ့ပြီး သရုပ်ဆောင်ဖြစ်နေတာကို လူသိများပေမယ့် ဘရုစလီဟာ ငယ်စဉ်ကတည်းက သရုပ်ဆောင်ဖြစ်ခဲ့တာကို လူသိနည်းပါတယ်။ ဘရုစလီဟာ ၃လ အရွယ်က စလို့ ၅နှစ်အရွယ်အတွင်း ဟောင်ကောင် ရုပ်ရှင်ကားပေါင်း ၂ဝမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။

ဘရုစလီဟာ ကျန်းမာကြံခိုင် မြန်ဆန်သူအဖြစ် အားလုံးသိကြပေမယ့် သူဟာအမြင်အာရုံ ပြဿနာရှိသူဖြစ်ပါတယ်။ ပါဝါများတဲ့မျက်မှန်ကို တပ်ဆင်ခဲ့ရပြီး အစောပိုင်းမျက်ကပ်မှန်တပ်သူထဲက တစ်ဦးလည်းဖြစ်ပါတယ်။

ဘရုစလီဟာ ကမ္ဘာကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့ပေမယ့် သူအရမ်းအဖြစ်ချင်ဆုံးအရာကတော့ ကိုယ်ပိုင် သိုင်းသင်တန်းကျောင်းဆရာဖြစ်ပါတယ်။ အမေရိကန်က နေရာအနှံ့မှာ ဘရုစလီသိုင်းသင်တန်းကျောင်းတွေ ဖွင့်လှစ်ဖို့ အိပ်မက်မက်ခဲ့သူပါ။ သူဟာ သူ့ရဲ့အိပ်မက်ကိုပြီးမြောက်အောင် အကောင်အထည်မဖော်နိုင်ခင်မှာ ကွယ်လွန်သွားခဲ့ရပါတယ်။

၁၉၆၃ခုနှစ် နွေရာသီမှာ ဘရုစလီဟာ Linda Emery ဆိုတဲ့ မိန်းကလေးကို Gung Fu သင်ပေးရာကနေ စိတ်ဝင်စားခဲ့ပါတယ်။ အဲဒီနောက်တော့ သူတို့နှစ်ယောက်ဟာ ချစ်ကြိုက်သွားကြပြီး ဘဝအခြေအနေ ကွာခြားချက်ကြီးလွန်းလို့ မိဘတွေသဘောမတူတဲ့ကြားထဲက နောက်တစ်နှစ်မှာပဲ လက်ထပ်လိုက်ကြပါတယ်။

ဘရုစလီဟာ လမ်းရိုးနည်းစနစ်တွေကို မကြိုက်ပဲ အလွန်ဆန်းသစ်တီထွင်သူလို့ ဆိုနိုင်ပါတယ်။ အချိန်ရှိသရွေ့ မူရင်းရှိပြီးသားသိုင်းပညာတွေကို ထပ်မံဆန်းသစ်ရင်း သူရဲ့ကိုယ်ပိုင်တီထွင်ထားတဲ့ သိုင်းပညာတွေ ထည့်သွင်းဖို့ ကြိုးစားနေတတ်သူဖြစ်ပါတယ်။ မူရင်းပုံစံတွေက ကွဲထွက်နေတဲ့ လေ့ကျင့်မှုပုံစံအသစ်တွေကို တီထွင်ပြုလုပ်ခဲ့သူလည်းဖြစ်သလို Jeet Kune Do ဆိုတဲ့ ပညာရပ်တစ်ခုကို ချန်ထားခဲ့သူလည်းဖြစ်ပါတယ်။

လီ ကို သိုင်းပညာရှင် သရုပ်ဆောင်တစ်ယောက်အဖြစ် လူသိများပေမယ့် တကယ်တော့ သူဟာ အခြားပညာရပ်တွေမှာလည်း ထူးချွန်လွန်းသူဖြစ်ပါတယ်။ အက်ဒီဆင်နည်းပညာကျောင်းဆင်းဖြစ်ပြီး ထူးချွန်ပြီး ဇွဲလုံ့လကောင်းလွန်းသူဖြစ်ပါတယ်။ သူ့အခြားထူးချွန်တဲ့ ပညာရပ်တွေကတော့ အတွေးအခေါ်ပညာ ၊ ကဗျာရေးခြင်း ၊ လက်ဝှေ့ ၊ ဓားသိုင်း ၊ အစာအဟာရကျွမ်းကျင်ခြင်း စတာတွေဖြစ်ပါတယ်။ စာအလွန်ဖတ်သူဖြစ်ပြီး နေ့စဉ်နေ့တိုင်းမှာ သင်ယူမှုတစ်ခုမဟုတ် တစ်ခုလုပ်နေတတ်သူလည်းဖြစ်ပါတယ်။

သူ့ရဲ့နာမည်ကြီးကားတစ်ကားဖြစ်တဲ့ Enter the Dragon ကားမှာ သူဟာ အဲဒီတုန်းက လူကြမ်းသရုပ်ဆောင်ဖြစ်တဲ့ ဂျက်ကီချမ်းနဲ့ ဆုံခဲ့ဖူးပါတယ်။ အဲဒီကားမှာ လီရဲ့လှုပ်ရှားမှုတွေဟာ မထင်မှတ်အောင် မြန်ဆန်လွန်းတဲ့အတွက် ကားရိုက်ပြီးတဲ့အချိန်မှာ ပုံမှန် speed ကိုလျှော့ချခဲ့ရပါတယ်။ ဒါမှသာ လူတွေက အတုလို့ မထင်မှာဖြစ်ပါတယ်။

နေ့စဉ် လက်သီးချက်ရေ ၅၀၀၀ ခန့်ထိုးလေ့ရှိသူဖြစ်ပြီး ဒီလေ့ကျင့်မှုဟာ သူ့လက်သီးပြင်းထန်ခြင်းရဲ့အကြောင်းတစ်ရပ်လို့ ဆိုပါတယ်။ လက်ချောင်းတွေ အလွန်သန်သူဖြစ်ပြီး သူ့ရဲ့လက်ချောင်းတွေနဲ့ စည်သွပ်ဗူးတွေကိုအပေါက်များဖြစ်အောင် ဖောက်နိုင်ပါတယ်။ သူဟာ လေပေါ်မြှောက်ပစ်လိုက်တဲ့ ထမင်းစေ့ကို တူနဲ့ မကျအောင်ဖမ်းနိုင်တဲ့အထိ တော်သူလည်းဖြစ်ပါတယ်။

တိုင်းမ်မဂ္ဂဇင်းရဲ့ ၂ဝရာစု ကမ္ဘာကိုအလွှမ်းမိုးခဲ့ဆုံးသူ ၁၀၀ ထဲက တစ်ဦးအဖြစ်ဖော်ပြခြင်း ခံရသူလည်း ဖြစ်ပါတယ်။ မိတ်ဆွေသိထားတဲ့ ဘရုစလီရဲ့ အချက်တွေရှိရင်လည်း ထပ်ဖြည့်ခဲ့ပါဦး

Leave a Reply