ကမာၻေက်ာ္ ျမစ္ႀကီး ၃စင္း အေၾကာင္း သိေကာင္းစရာ

Posted on

ကမာၻေက်ာ္ ႏုိင္းျမစ္အေၾကာင္း သိေကာင္းစရာ

ေရွးေခတ္အီဂ်စ္သမုိင္းေတြမွာ ႏုိင္းျမစ္ဟာ မပါမျဖစ္ဆုိတာ အားလုံးသိၿပီးျဖစ္ၾကမွာပါ။ အီဂ်စ္သမုိင္းေတြျဖစ္လာဖုိ႔ ႏုိင္းျမစ္ က အေရးႀကီးတဲ့ေနရာက ပါ၀င္ခဲ့ပါတယ္။ ကမာၻ႔ယဥ္ေက်းမႈဟာ ႏုိင္းျမစ္၀ွမ္းယဥ္ေက်းမႈက စတယ္ ဆုိရင္လည္းမမွားပါဘူး။ အခုႏုိင္းျမစ္နဲ႔ ပတ္သတ္တဲ့အခ်က္ကေလး တခ်ဳိ႕ကို ဗဟုသုတအေနနဲ႔ မွ်ေ၀လုိက္ပါတယ္ 🙂

ႏုိင္းျမစ္ဟာ မုိင္ေပါင္း ၄၂၅၈မုိင္ရွည္လ်ားၿပီး ဆယ္စုုႏွစ္ေပါင္းမ်ားစြာ ကမာၻ႔အရွည္ဆုံးျမစ္အျဖစ္ ရပ္တည္ခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၀၇ခုႏွစ္ ဘရာဇီးသိပၸံပညာရွင္ေတြရဲ႕ ကြင္းဆင္းတုိင္းတာခ်က္အရ အေမဇုန္ျမစ္ဟာ ႏုိင္းျမစ္ထက္ ၆၅မုိင္ ပုိရွည္ေၾကာင္းသိခဲ့ရၿပီးတဲ့ေနာက္ ႏုိင္းျမစ္ဟာ ကမာၻ႔ဒုတိယအရွည္ဆုံးျမစ္ ျဖစ္သြားခဲ့ပါတယ္။

အာဖရိက တုိင္မွာတည္ရွိၿပီး ကင္ညာ ၊ ကြန္ဂုိ ၊ အရီႀတီးယား ၊ ဘာရမ္ဒီ ၊ ယူဂန္ဒါ ၊ တန္ဇန္းနီးယား ၊ ယု၀မ္ဒါ ၊ အီဂ်စ္ ၊ ဆူဒန္ ၊ အီသီယုိးပီးယား စတဲ့ႏုိင္ငံမ်ားကို ျဖတ္သန္းစီးဆင္းပါတယ္။

အီဂ်စ္ယဥ္ေက်းမႈျဖစ္ေပၚေစဖုိ႔ ႀကီးစြာအေထာက္အပံ့ျပဳခဲ့ၿပီး လူဇာ နဲ႔ ကုိင္ရိုလုိၿမဳိ႕ႀကီးေတြအပါအ၀င္ ေရွးေဟာင္းအီဂ်စ္ၿမဳိ႕ေဟာင္းအမ်ားစု ဟာ ႏုိင္းျမစ္ကမ္းေပၚမွ တည္ရွိပါတယ္။

ႏုိင္းျမစ္မွာ ႏုိင္းျမစ္ျပာ နဲ႔ ႏုိင္းျမစ္ျဖဴ ဟု ျမစ္ႏွစ္သြယ္ရွိပါတယ္။ ႏုိင္းျမစ္ျပာဟာ အက္ဗီးဆီးနီးယန္း ေတာင္တန္း ေတြကေန ျမစ္ဖ်ားခံၿပီး ႏုိင္းျမစ္ျဖဴကေတာ့ ၀ုိတုိရိယ၊ အဲလ္ဘတ္ ၊ အက္ဒြပ္ အုိင္ေတြ၌ ျမစ္ဖ်ားခံပါတယ္။ သဲကႏာၱရကုိ ျဖတ္သန္းစီးဆင္းရတာေၾကာင့္ ျမစ္ေၾကာင္းတျဖည္းျဖည္းက်ဥ္းလာၿပီး ကုိင္ရုိၿမဳိ႕အနီးေရာက္တဲ့အခါ ေပ ၃၀၀ ခန္္႔ေတာင္မက်ယ္ေတာ့ပါဘူး။ အီဂ်စ္ကိုျဖတ္သန္းၿပီးေနာက္ ေရေၾကာင္းႏွစ္သြယ္ျဖစ္လွ်က္ ေျမထဲပင္လယ္ထဲကုိ စီး၀င္သြားပါတယ္။

ႏုိင္းျမစ္၀ွမ္းဟာ စုိက္ပ်ဳိးေရးအတြက္ ကမာၻ႔အေကာင္းဆုံးေျမၾသဇာရွိရာေဒသမ်ားတြင္ တစ္ခုအပါအ၀င္ျဖစ္ၿပီး ဘီစီ ၅၀၀၀ ခန္႔ကပင္ ေရွးေခတ္အီဂ်စ္လယ္သမားတုိ႔ စုိက္ပ်ဳိးလုပ္ကုိင္ခဲ့ၾကပါတယ္။

ေရွးေခတ္အီဂ်စ္ေတြဟာ ႏုိင္းျမစ္ကုိ ေနရာသုံးမ်ဳိးမွာ သုံးခဲ့ပါတယ္။
– ျမစ္ေၾကာင္းတေလွ်ာက္ကုန္ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ေရး
– ေရသြင္းစိုက္ပ်ဳိးေရး
– ျမစ္ကမ္းမွ ရႊံ႕မ်ားျဖင့္ အေဆာက္အအုံမ်ားေဆာက္လုပ္ျခင္း တုိ႔ျဖစ္ပါတယ္။

မၾကာခဏေရလႊမ္းခံရေလ့ရွိၿပီး အထူးခံစားရေသာေဒသမွာ အက္ဆူး၀န္ၿမဳိ႕ေျမာက္ဘက္၀န္းက်င္ေဒသျဖစ္ပါတယ္။ ေနာက္ပုိင္း အက္ဆူး၀န္ဆည္ကုိ ေဆာက္လုပ္လုိက္တဲ့အတြက္ ေရလႊမ္းမုိးမႈ ေလွ်ာ့နည္းသြားပါတယ္။

ႏုိင္းျမစ္ေၾကာင္းတေလွ်ာက္မွာ တိရစာၦန္မ်ဳိးစုံကုိေတြ႔ရတတ္ပါတယ္။ အမ်ားစုကေတာ့ ငါးေတြ ၊ လိပ္ေတြ ၊ ပုတ္သင္ညဳိ ၊ ေရျမင္း ၊ မိေက်ာင္း နဲ႔ ေျမြမ်ဳိးစိတ္ေတြပဲျဖစ္ပါတယ္။ ႏုိင္းမိေက်ာင္းဟာ ကမာၻ႔အႀကီးဆုံးနဲ႔ အႏၱရာယ္အရွိဆုံးမိေက်ာင္းမ်ဳိးျဖစ္ပါတယ္။ ဒီမိေက်ာင္းမ်ဳိးေတြဟာ ေပ ၂၀ခန္႔ အထိ ရွည္လ်ားၿပီး ေပါင္ ၁၅၀၀ ၀န္းက်င္ခန္႔ရွိတတ္ပါတယ္။

ေနာက္ႏွစ္ေပါင္းမ်ားစြာ အၾကာမွာ တျဖည္းျဖည္း ရာသီဥတပူျပင္းလာမႈေၾကာင့္ ဒီေဒသတစ္ခုလုံးဟာ သဲကႏာၱရအတိျဖစ္သြားလိမ့္မယ္ လုိ႔ သိပၸံပညာရွင္ေတြက ခန္႔မွန္းထားၾကပါတယ္။

ကမာၻေက်္ာ အေမဇုန္ျမစ္အေၾကာင္း သိေကာင္းစရာ

အေမဇုန္ျမစ္ဟာ ေတာင္အေမရိကတုိက္မွာ တည္ရွိပါတယ္။ ဘရာဇီးလ္ႏုိင္ငံမွ စတင္ၿပီး ႏုိင္ငံေပါင္းမ်ားစြာကို ျဖတ္သန္းကာ အတၱလႏၱိတ္သမုဒၵရာထဲသုိ႔ စီးဝင္သြားပါတယ္။

ဂါရာနာ ၊ အီေကြေဒါ ၊ ဗင္နီဇြဲလား ၊ ဘုိလီးဗီးယား ၊ ဘရာဇီး ၊ ကုိလံဘီယာ နဲ႔ ပီရူး ႏုိင္ငံေတြကုိ ျဖတ္သန္းစီးဆင္းပါတယ္။

၂၀၀၇ ခုႏွစ္ ဘရာဇီးသိပၸံပညာရွင္ေတြရဲ႕ တုိင္းတာမႈအရ အေမဇုန္ဟာ ႏုိင္းျမစ္ထက္ ၆၅ မုိင္ ပုိရွည္ေၾကာင္းသိခဲ့ရၿပီး wiki မွာ ျပန္လည္ျပင္ဆင္ခဲ့ပါတယ္။ အမ်ားစုကေတာ့ ႏုိင္းျမစ္သာ အရွည္ဆုံးလုိ႔ လက္ခံေနၾကဆဲပါ။

အေမဇုန္ျမစ္ ဟာ Ucayali-Apurímac ျမစ္မ်ားမွ ျမစ္ဖ်ားခံလာတဲ့ျမစ္ျဖစ္ပါတယ္။

စြတ္စုိတဲ့ရာသီေတြမွာ အေမဇုန္ျမစ္ရဲ႕ အက်ယ္ဆုံးေနရာဟာ မုိင္ေပါင္း ၁၂၀ ခန္႔ ရွိႏုိင္ပါတယ္။

အေမဇုန္ျမစ္ကို ျဖတ္ၿပီးေဖာက္ထားတဲ့ တံတားမရွိပါဘူး။ အေၾကာင္းကေတာ့ အေမဇုန္ျမစ္ပုိင္း အမ်ားစုဟာ လမ္းေတြ ၿမဳိ႕ေတြနဲ႔ မနီးစပ္ပဲ မုိးသစ္ေတာေတြထဲမွာပဲ ရွိေနလုိ႔ျဖစ္ပါတယ္။

အေမဇုန္ျမစ္ေၾကာင္း တစ္ေလွ်ာက္ အႀကီးဆုံးၿမဳိ႕ဟာ ဘရာဇီးက Manaus ၿမဳိ႕ျဖစ္ၿပီး လူဦးေရ ၁.၇သန္း ၀န္းက်င္ခန္႔ရွိပါတယ္။

ကြဲျပားျခားနားတဲ့ မ်ဳိးစိတ္ေပါင္း ၅၀၀၀ ေက်ာ္ဟာ အေမဇုန္ျမစ္ထဲမွာ ရွင္သန္ေနပါတယ္။

ဆိတ္လုိ တိရစာၦန္ေလးေတြကုိ အေကာင္လုိက္ၿမဳိႏုိင္တဲ့ ကမာၻ႔အႀကီးဆုံးေျမြအမ်ဳိးအစား အန္နာကြန္ဒါေျမြႀကီးေတြဟာလည္း ဒီျမစ္ထဲမွာပဲ ေတြ႔ရေလ့ရွိပါတယ္။ ပန္းေရာင္လင္းပိုင္ေတြလည္း ဒီျမစ္ထဲမွာ ေတြ႔ရတတ္ပါတယ္။

ကမာၻေပၚက စုစုေပါင္း ေရခ်ဳိရဲ႕ ၂၀% ကုိ အေမဇုန္ျမစ္က ေထာက္ပံ့ေပးထားတာပဲျဖစ္ပါတယ္။

ကမာၻ႔ေရထုထည္အမ်ားဆုံးျမစ္ျဖစ္ၿပီး စကၠန္႔တုိင္းတြင္ ေရကုဗမီတာ ၂သိန္းေက်ာ္ကို ထုတ္လႊတ္ေပးပါတယ္။

ကမာၻက အေမဇုန္ ဟု သိထားေသာ္လည္း ဘရာဇီးတြင္ Solimões လုိ႔ လူသိမ်ားပါတယ္။

မစၥစၥပီျမစ္အေၾကာင္း သိေကာင္းစရာ

မစၥစၥပီျမစ္သည္ ၂၃၂၀ မိုင္ (၃၇၃၀ ကီလိုမီတာ) ရွည္လ်ားၿပီး ေျမာက္အေမရိကတိုက္တြင္ အရွည္လ်ားဆုံး ျမစ္တစ္စင္းျဖစ္သည္။ မစၥစၥပီျမစ္သည္ မီနီစိုးတားျပည္နယ္ရွိ အိတာ့ကာအိုင္တြင္ ျမစ္ဖ်ားခံကာ ေတာင္ဖက္သို႔ ဦးတည္ၿပီး မကၠစီကိုပင္လယ္ေကြ႕အတြင္းသို႔ စီးဝင္သြားသည္။ မစၥစၥပီျမစ္သည္ ကမၻာေပၚတြင္ စတုတၳေျမာက္ အရွည္လ်ားဆုံး ျမစ္တစ္စင္းျဖစ္သည္။

မစၥစၥပီျမစ္သည္ အေမရိကန္ ျပည္ေထာင္စုတြင္ အႀကီးဆုံး ျမစ္ျဖစ္႐ုံမက ကမၻာေပၚရွိ ျမစ္ႀကီးမ်ား စာရင္းဝင္လည္း ျဖစ္သည္။ မစၥစၥပီဟူေသာ ေဝါဟာရမွာ တိုင္းရင္း အင္ဒီးယန္းတို႔ကေခၚေဝၚေသာ အမည္ျဖစ္၍ ေရတို႔၏ ဖခင္ ဟူေသာအဓိပၸါယ္ ကို ေဆာင္သည္။ ေရွးတိုင္းရင္း အင္ဒီးယန္းတို႔သည္ လည္းေကာင္း၊ ေရွးဦးစြာေရာက္ရွိလာၾကေသာ လူျဖဴတို႔သည္ လည္းေကာင္း မစၥစၥပီျမစ္ေၾကာင္းတစ္ေလၽွာက္ လူးလာေခါက္တုံ႔ သြားလာၾကရာမွ ျမစ္ရိုးတစ္ေလၽွာက္တြင္ ၿမိဳ႕ႀကီးမ်ား ေပၚထြန္းလာေပသည္။

မစၥစၥပီျမစ္တစ္ေလၽွာက္ ေနထိုင္ၾကသူ အေပါင္း တို႔က မစၥစၥပီျမစ္သည္ ေကာင္းက်ိဳး ဖန္တီးနိုင္သလို ဆိုးက်ိဳးကိုလည္း ဖန္တီးနိုင္သည္ဟု သေဘာပိုက္ၾကသည္။ ဝတၳဳေရးဆရာ၊ ဇာတ္ဆရာ၊ ကဗ်ာဆရာႏွင့္ ဂီတစာဆိုတို႔သည္ မစၥစၥပီျမစ္ကိုေနာက္ခံျပဳ၍ ဝတၳဳ၊ျပဇာတ္၊ကဗ်ာ၊ ဂီတမ်ားကို အသီးအသီးေရးသားဖြဲ႕သီၾက၏။ အေမရိကန္စာေရးဆရာႀကီး မတ္တြိန္းသည္ မစၥစၥပီျမစ္ကို သ႐ုပ္ေပၚေအာင္စာေပ ဖြဲ႕ထားခဲ့ေပသည္။

မစၥစၥပီျမစ္ သက္သက္မွာ မိုင္ ၂,၃၂ဝ မၽွရွိ၍ ယင္း၏ အႀကီးဆုံးလက္တက္ျဖစ္ေသာ မိဇူးရီျမစ္ႏွင့္ ေပါင္းလၽွင္ မိုင္ေပါင္း၅ဝ၆၄ မိုင္မၽွ ရွိေသာေၾကာင့္ ကမၻာေပၚတြင္ အရွည္ဆုံးျမစ္ေၾကာင္းဟု ဆိုနိုင္ေပသည္။ သို႔ရာတြင္ ျမစ္ေၾကာင္းမွာမၾကာခဏ ေျပာင္းလဲတတ္သျဖင့္ ျမစ္၏ အလ်ားကို ပုံေသကားခ် မမွတ္ယူနိုင္ေခ်။

မစၥစၥပီျမစ္သည္ မင္နီဆိုတာ ျပည္နယ္ရွိ အိုင္တက္စကာအိုင္မွ ၁ဝ ေပ ၁၂ ေပခန႔္သာ က်ယ္၍၊ ၂ ေပခန႔္သာ နက္ေသာေခ်ာင္းကေလးအျဖစ္ စတင္ စီးဆင္းသည္။ ျမစ္သည္ အစ ပထမေသာ္ ေျမာက္ဖက္သို႔ စီးၿပီးမွတစ္ဖန္ အေရွ႕ေတာင္ဖက္သို႔ ေကြ႕ကာေကာက္ကာ စီးဆင္းလာရာ လမ္းတြင္ မစၥစၥပီ ျမစ္တြင္းသို႔ အျခားျမစ္လက္တက္မ်ား စီးဝင္ၾကသျဖင့္ တျဖည္းျဖည္း က်ယ္ျပန႔္ ့္လာသည္။ ျမစ္လက္တက္ေပါင္း ၂၅ဝ မၽွ ရွိေပသည္။

အခ်ိဳ႕ကား ေခ်ာင္းကေလးသာသာရွိ၍ အခ်ိဳ႕ကားျမစ္ႀကီးမ်ားျဖစ္သည္။ အေရွ႕ဖက္မွ စီးဝင္လာေသာ ျမစ္လက္တက္ႀကီးမ်ားမွာ အိုဟိုင္းယိုးျမစ္၊ အီလီႏြိဳင္ျမစ္၊ ဝစၥကြန္းဆင္းျမစ္၊ ယာဇူျမစ္တို႔ျဖစ္၍ အေနာက္ဖက္မွ စီးဝင္လာေသာ ျမစ္လက္တက္တို႔ကား အာကင္ ္ေဆာျမစ္၊ ျမစ္နီႏွင့္ မိဇူးရီျမစ္တို႔ျဖစ္သည္။ မိဇူးရီျမစ္စီးဝင္လာၿပီးေနာက္ မစၥစၥပီျမစ္သည္က်ယ္လာသည္။

မိဇူးရီျမစ္ စီးဝင္ရာ ေဒသကို ဗဟိုျပဳ၍၊ မစၥစၥပီကို အထက္ပိုင္း၊ ေအာက္ပိုင္းဟူ၍ ခြဲနိုင္ေပရာ ျမစ္ေၾကာင္းေအာက္ပိုင္းတြင္ အေကြ႕အေကာက္မ်းျပား ၍၊ ျမစ္၏ အတိမ္အနက္ အက်ဥ္းအက်ယ္မွာလည္း တစ္ေနရာႏွင့္ တစ္ေနရာ မတူေပ။ မစၥစၥပီျမစ္သည္ ေတာင္ဖက္သို႔ ဆက္လက္ စီးဆင္းလာ၍ ေနာက္ဆုံး၌ မကၠဆီကို ေကြ႕အတြင္းသို႔ စီးဝင္သည္။

မစၥစၥပီျမစ္မွာ အေကြ႕အေကာက္မ်ားသည့္ျပင္ ေရစီးသန္ေသာ ေနရာမ်ားလည္း ရွိသျဖင့္ လူတို႔က ျပဳျပင္ေပးျခင္း မရွိလၽွင္ ေလွသေဘၤာမ်ား သြားလာနိုင္ရန္ အတန္ပင္ ခဲယဥ္းေပမည္ ။ သို႔ျဖစ္၍ ၁၈၂ဝ ျပည့္ႏွစ္တြင္ အင္ဂ်င္နီယာႀကီးမ်ားက ျမစ္ထဲရွိ ေသာင္မ်ားကို ရွင္းလင္းျခင္း၊ ေရတံခါးမ်ား ျပဳလုပ္ေပးျခင္း စသျဖင့္ ေရေၾကာင္းမ်ားကို ျပဳျပင္ေပးခဲ့ၾကရာ ယခုအခါ ေလွသေဘၤာ မ်ားမွာ မစၥစၥပီျမစ္ရိုးအတြင္း ေရေၾကာင္းတစ္ေလၽွာက္ မိုင္ေပါင္း ၁,၄ဝဝ ခန႔္ စုန္ဆန္သြားလာနိုင္ၾကေပသည္။

မစၥစၥပီျမစ္သည္ ေဖေဖာ္ဝါရီလမွ ဇြန္လအထိ ေရတျဖည္းျဖည္းတိုးကာ ေရလၽွံတက္ေလ့ရွိ၏။ ျမစ္ေရမ်ားက်သည့္အခါ ႏုံးတင္ေျမမ်ား က်န္ခဲ့သျဖင့္ ေျမဩဇာ ေကာင္းမြန္ေသာ္လည္း ေရလႊမ္းမိုးျခင္းေၾကာင့္ အိမ္ယာ အေတာက္အအုံႏွင့္ လူတိရစၧာန္တို႔မ်ားစြာေသေၾက ပ်က္စီးၾကရေလသည္။

၁၉၂၇ ခုႏွစ္၌ ေရႀကီးစဥ္က လူေနအိမ္ေျခေပါင္း ၇၅ဝဝဝဝ မၽွပ်က္စီး၍ လူေပါင္း ၆ဝဝ,ဝဝဝ မွာ အိုးအိမ္မဲ့ဘဝသို႔ေရာက္ခဲ့ၾကရၿပီးလၽွင္ ပ်က္စီး ဆုံးရႈံးေသာ တန္ဖိုးမွာ ေဒၚလာေပါင္း ၃၅၅၁၄၇ဝဝဝ မၽွ ျဖစ္ေလသည္။ အမ်ားအားျဖင့္ မစၥစၥပီျမစ္၏ေအာက္ပိုင္း ေျမနိမ့္ေဒသမ်ားမွာ မၾကာခဏ ေရလႊမ္းမိုးျခင္း ခံရ၍အပ်က္အစီးအမ်ားဆုံး ျဖစ္ေလသည္။ ထိုေၾကာင့္ ေရလႊမ္းမိုးျခင္းကို ကာကြယ္နိုင္သေလာက္ ကာကြယ္နိုင္ေစရန္ ျမစ္ကမ္းပါး တစ္ေလၽွာက္၌ တာႀကီးမ်ားကို ေဆာက္လုပ္ထားၾကသည္။

မစၥစၥပီ ျမစ္ဝွမ္းေဒသမွာ အေမရိကန္ ျပည္ေထာင္စု၏ ၅ ပုံ ၂ ပုံ ခန႔္ရွိ၍ ေျမဩဇာ ထက္သန္ေသာ ေနရာျဖစ္၏။ ထိုျပင္ ေျမမ်က္ႏွာျပင္ႏွင့္ မိုးေရေကာင္းေသာေၾကာင့္ လူမ်ားေနထိုင္ရန္အတြက္ အသင့္ေတာ္ဆုံးျဖစ္၍ ျမစ္ဝွမ္းေဒသတစ္ဝိုက္တြင္ လူဦးေရသန္းေပါင္း ၆ဝ ေက်ာ္ ခန႔္ ေနထိုင္ၾကေလသည္။ ထိုျမစ္၏ ဝဲယာဖက္ကမ္းေပၚတြင္ ၿမိဳ႕ႀကီးမ်ားစြာလည္း ရွိေလသည္။

————–

ကမ္ဘာကျော် နိုင်းမြစ်အကြောင်း သိကောင်းစရာ (unicode)

ရှေးခေတ်အီဂျစ်သမိုင်းတွေမှာ နိုင်းမြစ်ဟာ မပါမဖြစ်ဆိုတာ အားလုံးသိပြီးဖြစ်ကြမှာပါ။ အီဂျစ်သမိုင်းတွေဖြစ်လာဖို့ နိုင်းမြစ် က အရေးကြီးတဲ့နေရာက ပါဝင်ခဲ့ပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှုဟာ နိုင်းမြစ်ဝှမ်းယဉ်ကျေးမှုက စတယ် ဆိုရင်လည်းမမှားပါဘူး။ အခုနိုင်းမြစ်နဲ့ ပတ်သတ်တဲ့အချက်ကလေး တချို့ကို ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ် 🙂

နိုင်းမြစ်ဟာ မိုင်ပေါင်း ၄၂၅၈မိုင်ရှည်လျားပြီး ဆယ်စုနှစ်ပေါင်းများစွာ ကမ္ဘာ့အရှည်ဆုံးမြစ်အဖြစ် ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၇ခုနှစ် ဘရာဇီးသိပ္ပံပညာရှင်တွေရဲ့ ကွင်းဆင်းတိုင်းတာချက်အရ အမေဇုန်မြစ်ဟာ နိုင်းမြစ်ထက် ၆၅မိုင် ပိုရှည်ကြောင်းသိခဲ့ရပြီးတဲ့နောက် နိုင်းမြစ်ဟာ ကမ္ဘာ့ဒုတိယအရှည်ဆုံးမြစ် ဖြစ်သွားခဲ့ပါတယ်။

အာဖရိက တိုင်မှာတည်ရှိပြီး ကင်ညာ ၊ ကွန်ဂို ၊ အရီတြီးယား ၊ ဘာရမ်ဒီ ၊ ယူဂန်ဒါ ၊ တန်ဇန်းနီးယား ၊ ယုဝမ်ဒါ ၊ အီဂျစ် ၊ ဆူဒန် ၊ အီသီယိုးပီးယား စတဲ့နိုင်ငံများကို ဖြတ်သန်းစီးဆင်းပါတယ်။

အီဂျစ်ယဉ်ကျေးမှုဖြစ်ပေါ်စေဖို့ ကြီးစွာအထောက်အပံ့ပြုခဲ့ပြီး လူဇာ နဲ့ ကိုင်ရိုလိုမြို့ကြီးတွေအပါအဝင် ရှေးဟောင်းအီဂျစ်မြို့ဟောင်းအများစု ဟာ နိုင်းမြစ်ကမ်းပေါ်မှ တည်ရှိပါတယ်။

နိုင်းမြစ်မှာ နိုင်းမြစ်ပြာ နဲ့ နိုင်းမြစ်ဖြူ ဟု မြစ်နှစ်သွယ်ရှိပါတယ်။ နိုင်းမြစ်ပြာဟာ အက်ဗီးဆီးနီးယန်း တောင်တန်း တွေကနေ မြစ်ဖျားခံပြီး နိုင်းမြစ်ဖြူကတော့ ဝိုတိုရိယ၊ အဲလ်ဘတ် ၊ အက်ဒွပ် အိုင်တွေ၌ မြစ်ဖျားခံပါတယ်။ သဲကန္တာရကို ဖြတ်သန်းစီးဆင်းရတာကြောင့် မြစ်ကြောင်းတဖြည်းဖြည်းကျဉ်းလာပြီး ကိုင်ရိုမြို့အနီးရောက်တဲ့အခါ ပေ ၃၀၀ ခန့်တောင်မကျယ်တော့ပါဘူး။ အီဂျစ်ကိုဖြတ်သန်းပြီးနောက် ရေကြောင်းနှစ်သွယ်ဖြစ်လျှက် မြေထဲပင်လယ်ထဲကို စီးဝင်သွားပါတယ်။

နိုင်းမြစ်ဝှမ်းဟာ စိုက်ပျိုးရေးအတွက် ကမ္ဘာ့အကောင်းဆုံးမြေဩဇာရှိရာဒေသများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဘီစီ ၅၀၀၀ ခန့်ကပင် ရှေးခေတ်အီဂျစ်လယ်သမားတို့ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြပါတယ်။

ရှေးခေတ်အီဂျစ်တွေဟာ နိုင်းမြစ်ကို နေရာသုံးမျိုးမှာ သုံးခဲ့ပါတယ်။
– မြစ်ကြောင်းတလျှောက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး
– ရေသွင်းစိုက်ပျိုးရေး
– မြစ်ကမ်းမှ ရွှံ့များဖြင့် အဆောက်အအုံများဆောက်လုပ်ခြင်း တို့ဖြစ်ပါတယ်။

မကြာခဏရေလွှမ်းခံရလေ့ရှိပြီး အထူးခံစားရသောဒေသမှာ အက်ဆူးဝန်မြို့မြောက်ဘက်ဝန်းကျင်ဒေသဖြစ်ပါတယ်။ နောက်ပိုင်း အက်ဆူးဝန်ဆည်ကို ဆောက်လုပ်လိုက်တဲ့အတွက် ရေလွှမ်းမိုးမှု လျှော့နည်းသွားပါတယ်။

နိုင်းမြစ်ကြောင်းတလျှောက်မှာ တိရစ္ဆာန်မျိုးစုံကိုတွေ့ရတတ်ပါတယ်။ အများစုကတော့ ငါးတွေ ၊ လိပ်တွေ ၊ ပုတ်သင်ညို ၊ ရေမြင်း ၊ မိကျောင်း နဲ့ မြွေမျိုးစိတ်တွေပဲဖြစ်ပါတယ်။ နိုင်းမိကျောင်းဟာ ကမ္ဘာ့အကြီးဆုံးနဲ့ အန္တရာယ်အရှိဆုံးမိကျောင်းမျိုးဖြစ်ပါတယ်။ ဒီမိကျောင်းမျိုးတွေဟာ ပေ ၂ဝခန့် အထိ ရှည်လျားပြီး ပေါင် ၁၅၀၀ ဝန်းကျင်ခန့်ရှိတတ်ပါတယ်။

နောက်နှစ်ပေါင်းများစွာ အကြာမှာ တဖြည်းဖြည်း ရာသီဥတပူပြင်းလာမှုကြောင့် ဒီဒေသတစ်ခုလုံးဟာ သဲကန္တာရအတိဖြစ်သွားလိမ့်မယ် လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

ကမ္ဘာကျေ်ာ အမေဇုန်မြစ်အကြောင်း သိကောင်းစရာ

အမေဇုန်မြစ်ဟာ တောင်အမေရိကတိုက်မှာ တည်ရှိပါတယ်။ ဘရာဇီးလ်နိုင်ငံမှ စတင်ပြီး နိုင်ငံပေါင်းများစွာကို ဖြတ်သန်းကာ အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ စီးဝင်သွားပါတယ်။

ဂါရာနာ ၊ အီကွေဒေါ ၊ ဗင်နီဇွဲလား ၊ ဘိုလီးဗီးယား ၊ ဘရာဇီး ၊ ကိုလံဘီယာ နဲ့ ပီရူး နိုင်ငံတွေကို ဖြတ်သန်းစီးဆင်းပါတယ်။
၂၀၀၇ ခုနှစ် ဘရာဇီးသိပ္ပံပညာရှင်တွေရဲ့ တိုင်းတာမှုအရ အမေဇုန်ဟာ နိုင်းမြစ်ထက် ၆၅ မိုင် ပိုရှည်ကြောင်းသိခဲ့ရပြီး wiki မှာ ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ အများစုကတော့ နိုင်းမြစ်သာ အရှည်ဆုံးလို့ လက်ခံနေကြဆဲပါ။

အမေဇုန်မြစ် ဟာ Ucayali-Apurímac မြစ်များမှ မြစ်ဖျားခံလာတဲ့မြစ်ဖြစ်ပါတယ်။

စွတ်စိုတဲ့ရာသီတွေမှာ အမေဇုန်မြစ်ရဲ့ အကျယ်ဆုံးနေရာဟာ မိုင်ပေါင်း ၁၂၀ ခန့် ရှိနိုင်ပါတယ်။

အမေဇုန်မြစ်ကို ဖြတ်ပြီးဖောက်ထားတဲ့ တံတားမရှိပါဘူး။ အကြောင်းကတော့ အမေဇုန်မြစ်ပိုင်း အများစုဟာ လမ်းတွေ မြို့တွေနဲ့ မနီးစပ်ပဲ မိုးသစ်တောတွေထဲမှာပဲ ရှိနေလို့ဖြစ်ပါတယ်။

အမေဇုန်မြစ်ကြောင်း တစ်လျှောက် အကြီးဆုံးမြို့ဟာ ဘရာဇီးက Manaus မြို့ဖြစ်ပြီး လူဦးရေ ၁.၇သန်း ဝန်းကျင်ခန့်ရှိပါတယ်။
ကွဲပြားခြားနားတဲ့ မျိုးစိတ်ပေါင်း ၅၀၀၀ ကျော်ဟာ အမေဇုန်မြစ်ထဲမှာ ရှင်သန်နေပါတယ်။

ဆိတ်လို တိရစ္ဆာန်လေးတွေကို အကောင်လိုက်မြိုနိုင်တဲ့ ကမ္ဘာ့အကြီးဆုံးမြွေအမျိုးအစား အန်နာကွန်ဒါမြွေကြီးတွေဟာလည်း ဒီမြစ်ထဲမှာပဲ တွေ့ရလေ့ရှိပါတယ်။ ပန်းရောင်လင်းပိုင်တွေလည်း ဒီမြစ်ထဲမှာ တွေ့ရတတ်ပါတယ်။

ကမ္ဘာပေါ်က စုစုပေါင်း ရေချိုရဲ့ ၂၀% ကို အမေဇုန်မြစ်က ထောက်ပံ့ပေးထားတာပဲဖြစ်ပါတယ်။

ကမ္ဘာ့ရေထုထည်အများဆုံးမြစ်ဖြစ်ပြီး စက္ကန့်တိုင်းတွင် ရေကုဗမီတာ ၂သိန်းကျော်ကို ထုတ်လွှတ်ပေးပါတယ်။

ကမ္ဘာက အမေဇုန် ဟု သိထားသော်လည်း ဘရာဇီးတွင် Solimões လို့ လူသိများပါတယ်။

မစ္စစ္စပီမြစ်အကြောင်း သိကောင်းစရာ

မစ္စစ္စပီမြစ်သည် ၂၃၂၀ မိုင် (၃၇၃၀ ကီလိုမီတာ) ရှည်လျားပြီး မြောက်အမေရိကတိုက်တွင် အရှည်လျားဆုံး မြစ်တစ်စင်းဖြစ်သည်။ မစ္စစ္စပီမြစ်သည် မီနီစိုးတားပြည်နယ်ရှိ အိတာ့ကာအိုင်တွင် မြစ်ဖျားခံကာ တောင်ဖက်သို့ ဦးတည်ပြီး မက္ကစီကိုပင်လယ်ကွေ့အတွင်းသို့ စီးဝင်သွားသည်။ မစ္စစ္စပီမြစ်သည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အရှည်လျားဆုံး မြစ်တစ်စင်းဖြစ်သည်။

မစ္စစ္စပီမြစ်သည် အမေရိကန် ပြည်ထောင်စုတွင် အကြီးဆုံး မြစ်ဖြစ်ရုံမက ကမ္ဘာပေါ်ရှိ မြစ်ကြီးများ စာရင်းဝင်လည်း ဖြစ်သည်။ မစ္စစ္စပီဟူသော ဝေါဟာရမှာ တိုင်းရင်း အင်ဒီးယန်းတို့ကခေါ်ဝေါ်သော အမည်ဖြစ်၍ ရေတို့၏ ဖခင် ဟူသောအဓိပ္ပါယ် ကို ဆောင်သည်။ ရှေးတိုင်းရင်း အင်ဒီးယန်းတို့သည် လည်းကောင်း၊ ရှေးဦးစွာရောက်ရှိလာကြသော လူဖြူတို့သည် လည်းကောင်း မစ္စစ္စပီမြစ်ကြောင်းတစ်လျှောက် လူးလာခေါက်တုံ့ သွားလာကြရာမှ မြစ်ရိုးတစ်လျှောက်တွင် မြို့ကြီးများ ပေါ်ထွန်းလာပေသည်။

မစ္စစ္စပီမြစ်တစ်လျှောက် နေထိုင်ကြသူ အပေါင်း တို့က မစ္စစ္စပီမြစ်သည် ကောင်းကျိုး ဖန်တီးနိုင်သလို ဆိုးကျိုးကိုလည်း ဖန်တီးနိုင်သည်ဟု သဘောပိုက်ကြသည်။ ဝတ္ထုရေးဆရာ၊ ဇာတ်ဆရာ၊ ကဗျာဆရာနှင့် ဂီတစာဆိုတို့သည် မစ္စစ္စပီမြစ်ကိုနောက်ခံပြု၍ ဝတ္ထု၊ပြဇာတ်၊ကဗျာ၊ ဂီတများကို အသီးအသီးရေးသားဖွဲ့သီကြ၏။ အမေရိကန်စာရေးဆရာကြီး မတ်တွိန်းသည် မစ္စစ္စပီမြစ်ကို သရုပ်ပေါ်အောင်စာပေ ဖွဲ့ထားခဲ့ပေသည်။

မစ္စစ္စပီမြစ် သက်သက်မှာ မိုင် ၂,၃၂ဝ မျှရှိ၍ ယင်း၏ အကြီးဆုံးလက်တက်ဖြစ်သော မိဇူးရီမြစ်နှင့် ပေါင်းလျှင် မိုင်ပေါင်း၅ဝ၆၄ မိုင်မျှ ရှိသောကြောင့် ကမ္ဘာပေါ်တွင် အရှည်ဆုံးမြစ်ကြောင်းဟု ဆိုနိုင်ပေသည်။ သို့ရာတွင် မြစ်ကြောင်းမှာမကြာခဏ ပြောင်းလဲတတ်သဖြင့် မြစ်၏ အလျားကို ပုံသေကားချ မမှတ်ယူနိုင်ချေ။မစ္စစ္စပီမြစ်သည် မင်နီဆိုတာ ပြည်နယ်ရှိ အိုင်တက်စကာအိုင်မှ ၁ဝ ပေ ၁၂ ပေခန့်သာ ကျယ်၍၊ ၂ ပေခန့်သာ နက်သောချောင်းကလေးအဖြစ် စတင် စီးဆင်းသည်။ မြစ်သည် အစ ပထမသော် မြောက်ဖက်သို့ စီးပြီးမှတစ်ဖန် အရှေ့တောင်ဖက်သို့ ကွေ့ကာကောက်ကာ စီးဆင်းလာရာ လမ်းတွင် မစ္စစ္စပီ မြစ်တွင်းသို့ အခြားမြစ်လက်တက်များ စီးဝင်ကြသဖြင့် တဖြည်းဖြည်း ကျယ်ပြန့်္လာသည်။ မြစ်လက်တက်ပေါင်း ၂၅ဝ မျှ ရှိပေသည်။

အချို့ကား ချောင်းကလေးသာသာရှိ၍ အချို့ကားမြစ်ကြီးများဖြစ်သည်။ အရှေ့ဖက်မှ စီးဝင်လာသော မြစ်လက်တက်ကြီးများမှာ အိုဟိုင်းယိုးမြစ်၊ အီလီနွိုင်မြစ်၊ ဝစ္စကွန်းဆင်းမြစ်၊ ယာဇူမြစ်တို့ဖြစ်၍ အနောက်ဖက်မှ စီးဝင်လာသော မြစ်လက်တက်တို့ကား အာကင် ္ဆောမြစ်၊ မြစ်နီနှင့် မိဇူးရီမြစ်တို့ဖြစ်သည်။ မိဇူးရီမြစ်စီးဝင်လာပြီးနောက် မစ္စစ္စပီမြစ်သည်ကျယ်လာသည်။ မိဇူးရီမြစ် စီးဝင်ရာ ဒေသကို ဗဟိုပြု၍၊ မစ္စစ္စပီကို အထက်ပိုင်း၊ အောက်ပိုင်းဟူ၍ ခွဲနိုင်ပေရာ မြစ်ကြောင်းအောက်ပိုင်းတွင် အကွေ့အကောက်မျးပြား ၍၊ မြစ်၏ အတိမ်အနက် အကျဉ်းအကျယ်မှာလည်း တစ်နေရာနှင့် တစ်နေရာ မတူပေ။ မစ္စစ္စပီမြစ်သည် တောင်ဖက်သို့ ဆက်လက် စီးဆင်းလာ၍ နောက်ဆုံး၌ မက္ကဆီကို ကွေ့အတွင်းသို့ စီးဝင်သည်။

မစ္စစ္စပီမြစ်မှာ အကွေ့အကောက်များသည့်ပြင် ရေစီးသန်သော နေရာများလည်း ရှိသဖြင့် လူတို့က ပြုပြင်ပေးခြင်း မရှိလျှင် လှေသင်္ဘောများ သွားလာနိုင်ရန် အတန်ပင် ခဲယဉ်းပေမည် ။ သို့ဖြစ်၍ ၁၈၂ဝ ပြည့်နှစ်တွင် အင်ဂျင်နီယာကြီးများက မြစ်ထဲရှိ သောင်များကို ရှင်းလင်းခြင်း၊ ရေတံခါးများ ပြုလုပ်ပေးခြင်း စသဖြင့် ရေကြောင်းများကို ပြုပြင်ပေးခဲ့ကြရာ ယခုအခါ လှေသင်္ဘော များမှာ မစ္စစ္စပီမြစ်ရိုးအတွင်း ရေကြောင်းတစ်လျှောက် မိုင်ပေါင်း ၁,၄ဝဝ ခန့် စုန်ဆန်သွားလာနိုင်ကြပေသည်။မစ္စစ္စပီမြစ်သည် ဖေဖော်ဝါရီလမှ ဇွန်လအထိ ရေတဖြည်းဖြည်းတိုးကာ ရေလျှံတက်လေ့ရှိ၏။ မြစ်ရေများကျသည့်အခါ နုံးတင်မြေများ ကျန်ခဲ့သဖြင့် မြေဩဇာ ကောင်းမွန်သော်လည်း ရေလွှမ်းမိုးခြင်းကြောင့် အိမ်ယာ အတောက်အအုံနှင့် လူတိရစ္ဆာန်တို့များစွာသေကြေ ပျက်စီးကြရလေသည်။

၁၉၂၇ ခုနှစ်၌ ရေကြီးစဉ်က လူနေအိမ်ခြေပေါင်း ၇၅ဝဝဝဝ မျှပျက်စီး၍ လူပေါင်း ၆ဝဝ,ဝဝဝ မှာ အိုးအိမ်မဲ့ဘဝသို့ရောက်ခဲ့ကြရပြီးလျှင် ပျက်စီး ဆုံးရှုံးသော တန်ဖိုးမှာ ဒေါ်လာပေါင်း ၃၅၅၁၄၇ဝဝဝ မျှ ဖြစ်လေသည်။ အများအားဖြင့် မစ္စစ္စပီမြစ်၏အောက်ပိုင်း မြေနိမ့်ဒေသများမှာ မကြာခဏ ရေလွှမ်းမိုးခြင်း ခံရ၍အပျက်အစီးအများဆုံး ဖြစ်လေသည်။ ထိုကြောင့် ရေလွှမ်းမိုးခြင်းကို ကာကွယ်နိုင်သလောက် ကာကွယ်နိုင်စေရန် မြစ်ကမ်းပါး တစ်လျှောက်၌ တာကြီးများကို ဆောက်လုပ်ထားကြသည်။မစ္စစ္စပီ မြစ်ဝှမ်းဒေသမှာ အမေရိကန် ပြည်ထောင်စု၏ ၅ ပုံ ၂ ပုံ ခန့်ရှိ၍ မြေဩဇာ ထက်သန်သော နေရာဖြစ်၏။ ထိုပြင် မြေမျက်နှာပြင်နှင့် မိုးရေကောင်းသောကြောင့် လူများနေထိုင်ရန်အတွက် အသင့်တော်ဆုံးဖြစ်၍ မြစ်ဝှမ်းဒေသတစ်ဝိုက်တွင် လူဦးရေသန်းပေါင်း ၆ဝ ကျော် ခန့် နေထိုင်ကြလေသည်။ ထိုမြစ်၏ ဝဲယာဖက်ကမ်းပေါ်တွင် မြို့ကြီးများစွာလည်း ရှိလေသည်။

Leave a Reply