သင္တန္းသူရဲ႕ အသက္ကုိ မိမိရဲ႕အသက္နဲ႔ လဲလွယ္သြားခဲ့တဲ့လူငယ္တစ္ေယာက္

Posted on

အေမရိကန္က Skydiving သင္တန္းနည္းျပဆရာ Robert Cook ဟာ သူ႔ရဲ႕စြန္္႔လႊတ္မႈအတြက္ ၾသစေၾတးလွ်ရဲ႕ျမင့္ျမတ္တဲ့ဆုတစ္ခုျဖစ္တဲ့ Australian Bravery Award ဆုကို ရရွိခဲ့ပါတယ္။ ဒါေပမယ့္ သူဟာ ဒီဆုကို အသက္ရွင္လွ်က္နဲ႔ လက္ခံႏုိင္ခဲ့ျခင္းမရွိခဲ့ပါဘူး။

တကယ္ေတာ့ Robert Cook ဟာ အသက္ ၂၂ႏွစ္ အရြယ္သာရွိေသးတဲ့ လူငယ္ေလးတစ္ေယာက္ျဖစ္ပါတယ္။ Skydiving လုပ္တဲ့ေနရာမွာထူးခြ်န္ၿပီး နည္းျပဆရာအျဖစ္ အလုပ္လုပ္ေနတဲ့သူျဖစ္ပါတယ္။ skydiving ဆိုတာ ေလယာဥ္ေပၚကေန ေကာင္းကင္ထဲကုိ အလြတ္ထုိးဆင္းၿပီး မိမိလိုရာသို႔ ဦးတည္၀ဲဆင္းကာ သင့္တင့္သည့္ အျမင့္ေပေရာက္မွ ေလထီးဖြင့္ရတဲ့ ေလထီးခုန္နည္းတစ္မ်ိဳးျဖစ္ပါတယ္။ အဲဒီေန႔က အေမရိကန္ Missouri မွာ သူဟာ အသက္ ၂၁အရြယ္ Kimberly ဆုိတဲ့ ၾသစေၾတးလွ်က အလည္လာတဲ့ မိန္းကေလးတစ္ေယာက္ကုိ Skydiving သင္ခန္းစာသင္ေပးဖုိ႔ ေလယာဥ္ေပၚမွာ ရွိေနပါတယ္။ အဲဒီအခ်ိန္မွာ ေလယာဥ္ငယ္ဟာ အင္ဂ်င္ စခ်ဳိ႕ယြင္းပါေတာ့တယ္။ အလြန္လွ်င္ျမန္တာေၾကာင့္ မိနစ္ပုိင္း အတြင္းမွာ ေလယာဥ္ပ်က္က်ေတာ့မယ္လုိ႔ Robert သိလုိက္ပါတယ္။ ဒါေပမယ့္ သူဟာ သူ႔ရဲ႕သင္တန္းသူ Kimberly ကုိ အႏၱရာယ္မျဖစ္ေစရမွာ သူ႔ရဲ႕တာ၀န္ျဖစ္တယ္လုိ႔ ယုံၾကည္ထားခဲ့ပါတယ္။

ပ်က္က်တဲ့အခ်ိန္မွာ သူဟာ Kimberly ကုိ တည္ၿငိမ္တဲ့ေလသံနဲ႔ ေလယာဥ္ပ်က္က်ေနၿပီလုိ႔ သတိေပးႏွစ္သိမ့္ပါတယ္။ အဲဒီေနာက္ေတာ့ dividing ၀တ္စုံကုိအလွ်င္အျမန္ တပ္ဆင္ေပးၿပီး သူမကို “မင္း ငါ့ခႏၶာကုိယ္ေပၚမွာေနပါ။ ဒါမွေလယာဥ္ပ်က္က်ၿပီးေဆာင့္တဲ့အခါ ထိခုိက္မႈနည္းမွာ” လုိ႔ ေျပာၿပီးတာနဲ႔ သူမရဲ႕ဦးေခါင္းနဲ႔ ကုိယ္လုံးကုိ သူ႔ရင္ထဲထည့္ကာဖက္ထားခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ေလယာဥ္ ဟာ သစ္ပင္တစ္ပင္တည့္တည့္ဆီကုိပ်က္က်ပါတယ္။ ျပင္းထန္တဲ့အရွိန္ေၾကာင့္ Robert နဲ႔ အတူ က်န္္လူ ၆ဦးေသဆုံးခဲ့ပါတယ္။ Kimberly ကေတာ့ မေသဆုံးခဲ့ပါဘူး။ Robert က သူ႔ရဲ႕ခႏၶာကုိယ္ကို Kimberly နဲ႔ ေလယာဥ္ၾကားမွာ ဒုိင္းသဖြယ္ထားကာ ထိခုိက္မႈဒါဏ္ကုိ တစ္ေယာက္တည္းခံစားသြားလုိ႔ျဖစ္ပါတယ္။ သူဟာ သင္တန္းသူရဲ႕အသက္ကုိ သူ႔အသက္နဲ႔လဲကာကယ္တင္သြားခဲ့တာျဖစ္ပါတယ္။

Kimberly မေသဘူးဆုိေပမယ့္ ေက်ာရုိး ၊ တင္ပဆုံရုိးေတြက်ဳိးကာ ျပင္းျပင္းထန္ထန္ ဒါဏ္ရာရခဲ့ပါတယ္။ တကယ္ေတာ့ သူတုိ႔ႏွစ္ေယာက္ဟာ အဲဒီေန႔ကမွ ပထမဆုံးေတြ႔ခဲ့ျခင္းျဖစ္ပါတယ္။ သူ႔ရဲ႕တာ၀န္ကိုေက်ပြန္ေအာင္ ထမ္းေဆာင္ရင္း အဲဒီေန႔မွာမွစေတြ႔ခဲ့တဲ့ သူစိမ္းမိန္းကေလးတစ္ေယာက္ရဲ႕ အသက္ကုိ ကယ္ခဲ့ျခင္းျဖစ္ပါတယ္။ ဒီျဖစ္ရပ္ဟာ ၂၀၀၆ခုႏွစ္တည္းက ျဖစ္ခဲ့တာျဖစ္ေပမယ့္ Robert ကုိ သူရဲေကာင္းအျဖစ္ ယေန႔တုိင္ သတိတရရွိေနၾကဆဲ ျဖစ္ပါတယ္။


သင်တန်းသူရဲ့ အသက်ကို မိမိရဲ့အသက်နဲ့ လဲလှယ်သွားခဲ့တဲ့လူငယ်တစ်ယောက် (unicode)

အမေရိကန်က Skydiving သင်တန်းနည်းပြဆရာ Robert Cook ဟာ သူ့ရဲ့စွန့်လွှတ်မှုအတွက် ဩစတြေးလျှရဲ့မြင့်မြတ်တဲ့ဆုတစ်ခုဖြစ်တဲ့ Australian Bravery Award ဆုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဒီဆုကို အသက်ရှင်လျှက်နဲ့ လက်ခံနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

တကယ်တော့ Robert Cook ဟာ အသက် ၂၂နှစ် အရွယ်သာရှိသေးတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ Skydiving လုပ်တဲ့နေရာမှာထူးချွန်ပြီး နည်းပြဆရာအဖြစ် အလုပ်လုပ်နေတဲ့သူဖြစ်ပါတယ်။ skydiving ဆိုတာ လေယာဉ်ပေါ်ကနေ ကောင်းကင်ထဲကို အလွတ်ထိုးဆင်းပြီး မိမိလိုရာသို့ ဦးတည်ဝဲဆင်းကာ သင့်တင့်သည့် အမြင့်ပေရောက်မှ လေထီးဖွင့်ရတဲ့ လေထီးခုန်နည်းတစ်မျိုးဖြစ်ပါတယ်။ အဲဒီနေ့က အမေရိကန် Missouri မှာ သူဟာ အသက် ၂၁အရွယ် Kimberly ဆိုတဲ့ ဩစတြေးလျှက အလည်လာတဲ့ မိန်းကလေးတစ်ယောက်ကို Skydiving သင်ခန်းစာသင်ပေးဖို့ လေယာဉ်ပေါ်မှာ ရှိနေပါတယ်။ အဲဒီအချိန်မှာ လေယာဉ်ငယ်ဟာ အင်ဂျင် စချို့ယွင်းပါတော့တယ်။ အလွန်လျှင်မြန်တာကြောင့် မိနစ်ပိုင်း အတွင်းမှာ လေယာဉ်ပျက်ကျတော့မယ်လို့ Robert သိလိုက်ပါတယ်။ ဒါပေမယ့် သူဟာ သူ့ရဲ့သင်တန်းသူ Kimberly ကို အန္တရာယ်မဖြစ်စေရမှာ သူ့ရဲ့တာဝန်ဖြစ်တယ်လို့ ယုံကြည်ထားခဲ့ပါတယ်။

ပျက်ကျတဲ့အချိန်မှာ သူဟာ Kimberly ကို တည်ငြိမ်တဲ့လေသံနဲ့ လေယာဉ်ပျက်ကျနေပြီလို့ သတိပေးနှစ်သိမ့်ပါတယ်။ အဲဒီနောက်တော့ dividing ဝတ်စုံကိုအလျှင်အမြန် တပ်ဆင်ပေးပြီး သူမကို “မင်း ငါ့ခန္ဓာကိုယ်ပေါ်မှာနေပါ။ ဒါမှလေယာဉ်ပျက်ကျပြီးဆောင့်တဲ့အခါ ထိခိုက်မှုနည်းမှာ” လို့ ပြောပြီးတာနဲ့ သူမရဲ့ဦးခေါင်းနဲ့ ကိုယ်လုံးကို သူ့ရင်ထဲထည့်ကာဖက်ထားခဲ့ပါတယ်။ အဲဒီနောက်တော့ လေယာဉ် ဟာ သစ်ပင်တစ်ပင်တည့်တည့်ဆီကိုပျက်ကျပါတယ်။ ပြင်းထန်တဲ့အရှိန်ကြောင့် Robert နဲ့ အတူ ကျန်လူ ၆ဦးသေဆုံးခဲ့ပါတယ်။ Kimberly ကတော့ မသေဆုံးခဲ့ပါဘူး။ Robert က သူ့ရဲ့ခန္ဓာကိုယ်ကို Kimberly နဲ့ လေယာဉ်ကြားမှာ ဒိုင်းသဖွယ်ထားကာ ထိခိုက်မှုဒါဏ်ကို တစ်ယောက်တည်းခံစားသွားလို့ဖြစ်ပါတယ်။ သူဟာ သင်တန်းသူရဲ့အသက်ကို သူ့အသက်နဲ့လဲကာကယ်တင်သွားခဲ့တာဖြစ်ပါတယ်။

Kimberly မသေဘူးဆိုပေမယ့် ကျောရိုး ၊ တင်ပဆုံရိုးတွေကျိုးကာ ပြင်းပြင်းထန်ထန် ဒါဏ်ရာရခဲ့ပါတယ်။ တကယ်တော့ သူတို့နှစ်ယောက်ဟာ အဲဒီနေ့ကမှ ပထမဆုံးတွေ့ခဲ့ခြင်းဖြစ်ပါတယ်။ သူ့ရဲ့တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ရင်း အဲဒီနေ့မှာမှစတွေ့ခဲ့တဲ့ သူစိမ်းမိန်းကလေးတစ်ယောက်ရဲ့ အသက်ကို ကယ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ၂၀၀၆ခုနှစ်တည်းက ဖြစ်ခဲ့တာဖြစ်ပေမယ့် Robert ကို သူရဲကောင်းအဖြစ် ယနေ့တိုင် သတိတရရှိနေကြဆဲ ဖြစ်ပါတယ်။

Leave a Reply