အေမရိကန္တုိ႔ရဲ႕ဖခင္ႀကီး ” ဘန္ဂ်မင္ဖရန္႔ကလင္း ” အေၾကာင္း

Posted on

Written By သြင္ေဇာ္ဗုိလ္

ဘန္ဂ်မင္ဖရန္႔ကလင္းကို ၁၇၀၆ ခုႏွစ္ ဇန္န၀ါရီလ ၁၇ ရက္ေန႔တြင္ ေဘာ္စတြန္ၿမိဳ႕၊ မက္ဆာခ်ဴးဆက္ျပည္နယ္တြင္ ေမြးဖြားခဲ့သည္။ ဖခင္ျဖစ္သူ ဂ်ိဳးဇက္သည္ အမဲဆီေရာင္းသူ၊ ဖေယာင္းတိုင္ထုတ္လုပ္သူ၊ ဆပ္ျပာထုတ္လုပ္ေရးလုပ္ငန္းလုပ္ကိုင္သူ တစ္ေယာက္ျဖစ္ၿပီး အဂၤလန္မွ အေမရိကန္သို႔ေျပာင္းေရြ့လာခဲ့သူ ျဖစ္သည္။ မိခင္ျဖစ္သူ အဲဘစ္ဖယ္လ္ဂ်ာ (Abiah Folger) သည္ အိမ္အလုပ္လုပ္ၿပီး ကေလး (၁၀) ဦး ရွိေလသည္။ ေမြးခ်င္း (၁၀)ဦး အနက္ ဘန္ဂ်မင္ ဖရန့္ကလင္း သည္ ရွစ္ေယာက္ေျမာက္ကေလးျဖစ္သည္။ ဖယ္လ္ဂ်ာ ကေတာ့ နန္တက္ကတ္ၿမိဳ႕( Nantucket )၊ မက္ဆာခ်ဴးဆက္ျပည္နယ္သူျဖစ္ေလသည္။ ဘန္ဂ်မင္ဖရန္႔ကလင္းသည္ ႏွစ္ ႏွစ္သာေက်ာင္းေနခဲ့ရၿပီး ဆယ္ႏွစ္သားအရြယ္တြင္ ေက်ာင္းစရိတ္မတတ္ႏိုင္ေသာေၾကာင့္ ေက်ာင္းမွ ထြက္ခဲ့ရသည္။ သို႔ေသာ္လည္း ပညာရရန္ အစြမ္းကုန္ ႀကိဳးစားခဲ့သည္။ သူ႔အေတြးထဲတြင္ အျမဲရွိေနေသာ ေလ့လာသင္ယူမႈကေတာ့ ရပ္တန္႔မသြားခဲ့ပါ။ သူ႔ဖခင္လုပ္ငန္းမွာ ၀င္ေရာက္လုပ္ကိုင္ေနရေသာ္လည္း အားလပ္ေသာအခ်ိန္တိုင္း စာမ်ိဳးစံုကို ဖတ္ရႈေလ့လာခဲ့သည္။ သူလက္လွမ္းမီွႏိုင္မည့္ မည္သည့္ဘာသာရပ္မဆို ေလ့လာခဲ့သည္။

ဘန္ဂ်မင္ ၁၂ ႏွစ္သားအရြယ္တြင္ သူ႕အစ္ကိုႀကီး ဂ်ိမ္း၏ ပံုႏွိပ္တိုက္တြင္ အလုပ္သင္အျဖစ္ ၀င္ေရာက္ လုပ္ကိုင္ခဲ့သည္။ ဂ်ိမ္းသည္ သတင္းစာႏွင့္ စာနယ္ဇင္းလုပ္ငန္း စတင္ေသာအခါ ဘန္ဂ်မင္သည္ မစၥ.ဒူးဂြတ္ (Mrs. Dogood) အမည္ျဖင့္ လြတ္လပ္ေရးစာေပမ်ားကို ေရးသား ခဲ့သည္။
အသက္(၁၇)ႏွစ္အရြယ္တြင္ ဘန္ဂ်မင္ ဖရန့္ကလင္းသည္ ဖီလစ္ဒစ္လ္ဖီးယားၿမိဳ႕ (Philadelphia)ကို ေရာက္လာခဲ့သည္။ အလုပ္သင္ေနစဥ္ ကာလအတြင္း ဥပေဒကို ဆန္႔က်င္သည့္အတြက္ ဖီလစ္ဒစ္လ္ဖီးယားကို တိမ္းေရွာင္ခဲ့ရျခင္း ျဖစ္သည္။ သို႔ေသာ္လည္း အသက္မျပည့္ေသးေသာေျကာင့္လြတ္ေျမာက္ခဲ့ပါသည္။ ဖီလစ္ဒစ္လ္ဖီးယားတြင္ လအနည္းငယ္ ေနၿပီးေနာက္ လန္ဒန္ၿမိဳ႕သို႔ ပံုႏွိပ္ပညာသင္ယူရန္ ထြက္လာခဲ့သည္။ ဖီလစ္ဒစ္လ္ဖီးယားသို႔ မျပန္မီ အသက္ ၂၀ အရြယ္အထိ ပံုႏွိပ္လုပ္ငန္းျဖင့္သာ အသက္ေမြးခဲ့သည္။

ပံုႏွိပ္သူဘ၀

ဘန္ဂ်မင္ အသက္(၂၃) ႏွစ္အရြယ္တြင္ ဖယ္လာဒယ္ဖီးယားသတင္းစာ၏ ထုတ္ေ၀သူတစ္ေယာက္ ျဖစ္လာခဲ့သည္။ ၁၇၃၂ ခုႏွစ္ ဒီဇင္ဘာတြင္ ဆင္းရဲသား ရစ္ခ်က္အေၾကာင္း “ Poor Richard’s Almanac ” အမည္ျဖင့္ စာအုပ္ကို ပထမအျကိမ္ပံုႏွိပ္ ထုတ္ေ၀ခဲ့ၿပီး အသက္ ၂၇ ႏွစ္အရြယ္ျဖင့္ လူခ်မ္းသာတစ္ေယာက္ျဖစ္လာခဲ့သည္။ ၎စာအုပ္ကို ႏွစ္စဥ္ထုတ္ေ၀ခဲ့ရၿပီး ၂၅ ႏွစ္တိုင္တိုင္အျကိမ္ျကိမ္္ထုတ္ေဝခဲ့ရသည္။ အေထြေထြဗဟုသုတဆိုင္ရာ စိတ္၀င္စား သူမ်ားအတြက္ စိတ္၀င္စားဖြယ္ရာ လက္ကမ္းစာအုပ္ျဖစ္ခဲ့ၿပီး စာဖတ္သူမ်ားကို စိတ္ေက်နပ္မႈအျပည့္ေပးႏုိင္ခဲ့သည္။ စာအုပ္တြင္ လက္ေတြ႕လုပ္ေဆာင္ရန္အခ်က္အလက္္မ်ား၊ ပံုျပင္မ်ား၊ အာကာသသိပံၸပညာဆိုင္ရာ ခန္႔မွန္း တြက္ခ်က္မႈမ်ား၊ ဉာဏ္စမ္းပေဟဠိမ်ား ပါ၀င္ခဲ့သည္။ ႏွစ္စဥ္စာအုပ္ေရာင္းရေငြမ်ားျဖင့္ ခ်မ္းသာလာခဲ့ေသာ္လည္း ဘန္ဂ်မင္ဖရန့္ကလင္း စည္းစိမ္အေပၚရစ္မူးမေနပဲ ေကာင္းမြန္ေသာအေတြးအျမင္ျဖင့္ အျခားပညာရပ္မ်ားကို ေလ့လာခဲ့သည္။ သူ၏ စဥ္ဆက္မျပတ္စာဖတ္ျခင္းက သူ၏ လုပ္ေဆာင္ႏိုင္စြမ္းကို တိုးတက္လာ ေစခဲ့ၿပီး သိပၸံပညာဘက္တြင္လည္း ထူးခၽြန္ကာနည္းပညာဆိုင္ရာ အသစ္ ေဖာ္ထုတ္ ေတြ႕ရွိသည္အထိ ေအာင္ျမင္မႈရ ခဲ့သည္။

သိပၸံပညာရပ္ဆိုင္ရာတီထြင္ၾကံဆမႈမ်ား



ဖရန္႔ကလင္းသည္ အေတြးအေခၚပညာရွင္၊ သိပၸံပညာရွင္ႏွင့္ တီထြင္သူ တစ္ေယာက္ျဖစ္သည္။ သူ႕၏တီထြင္မႈမ်ားသည္ လြယ္လြယ္ကူကူေတာ့ မရခဲ့ပါ။ သို႔ေသာ္လည္း သူ၏ တီထြင္မႈမ်ားကို မူပိုင္ခြင့္မထားခဲ့ပါ။ သူ႔တီထြင္မႈမ်ားကို မည္သူမဆို အမ်ားအက်ိုးအလို့ငွာ (သို့မဟုတ္) ေငြေၾကးရရန္အလို႔ငွာ မွီျငမ္းသံုးစြဲႏိုင္သည္လို႔ ထုတ္ေဖာ္ ေျပာျကားထား ခဲ့သည္။

မ်က္မွန္



ဖရန္႔ကလင္းသည္ သူ၏ဘ၀တစ္ေလ်ာက္လံုး မ်က္မွန္တပ္ခဲ့ပါသည္။ သူ၏ ေန႔ရက္ေတြကို မ်က္မွန္က ကန္႔သတ္တယ္လို႔ ခံစားရတယ္လို႔ ဆိုေလ့ရွိပါသည္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဖရန္႔ကလင္းသည္ မ်က္မွန္တပ္မွ စာဖတ္ႏိုင္ေသာေၾကာင္ျ့ဖစ္သည္။ ဖရန္႔ကလင္းသည္ ပရင္တာတစ္လံုးကဲ့သို႔ အလုပ္ကို အဆက္မျပတ္လုပ္မႈ ေၾကာင့္ အျမင္အာရံုခၽြတ္ယြင္းခဲ့သည္။ ၃၃ ႏွစ္အရြယ္ ၁၇၃၉ ခုႏွစ္တြင္ မ်က္မွန္ကို တီထြင္ခဲ့သည္။ မွန္ဘီလူးတိုင္းတြင္ ဆံုခ်က္ focusing အကြာအေ၀းႏွစ္ခုစီ ပါ၀င္ပါသည္။ မွန္ဘီလူး၏ ေအာက္ျခမ္းသည္ စာဖတ္ရန္အတြက္ ျပဳလုပ္ထားၿပီး အေပၚျခမ္းသည္ အေ၀းကို ေကာင္းေကာင္း ၾကည့္ႏိုင္ပါသည္။

ဖရန္႔ကလင္းမီးလင္းဖို



ဖရန္႔ကလင္းသည္ သိပၸံပညာရပ္ကို ေလ့လာေသာေၾကာင့္ အပူစီးကူးမႈနိယာမကိုလည္း သိရွိနားလည္ သည္။ သူသည္ မီးလင္းဖိုပံုစံငယ္ကို ဒီဇိုင္းထုတ္ခဲ့သည္။ အဆိုပါ ဒီဇိုင္းသည္ ေလာင္စာမ်ားမ်ားလိုအပ္ေသာေၾကာင့္ တြက္ေခ်မကိုက္ခဲ့ေခ်။ ေလာင္စာနည္းနည္း အပူခ်ိန္ မ်ားမ်ား လိုအပ္သည္။ ထို႔ေၾကာင့္ အပူကူးေျပာင္းမႈနိယာမ၊ အပူကို ျပန္လည္ အသံုးခ်မႈတို႔ကို အသံုးခ်ကာ မီးလင္းဖိုဒီဇိုင္းသစ္ကို တီထြင္ခဲ့သည္။ သူ၏ အၾကံဉာဏ္သစ္မွာ မီးလင္းဖိုသည္ ပံုမွန္အပူခ်ိန္ထြက္ေနမည္ ျဖစ္သည္။ မီးလင္းဖိုအတြင္း ျပြန္ငယ္သြယ္ထား ၿပီး ၎ျပြန္ငယ္သည္ မီးလင္းဖို၏ အပူခ်ိန္အမ်ားဆံုးေနရာတြင္ ျပဳလုပ္ထားသည္။ အခန္းတြင္းမွ လာေသာ ေလေအးသည္ ျပြန္ငယ္တစ္ေလ်ာက္ျဖတ္သန္းသြားၿပီး မီးေလာင္ခန္းတြင္ ေလပူ (အပူခ်ိန္ျမင့္မား ေသာေလ) ျဖစ္ေပၚသည္။ ထိုသို႔ အပူခ်ိန္တက္၍ ပြလာေသာ(သို႔) ဖိအားက်ဆင္း လာေသာ ေလ၏ေနရာသို႔ ေလေအးမ်ား စဥ္ဆက္မျပတ္ ၀င္ေရာက္လာကာ အပူကူးေျပာင္းျခင္းျဖစ္စဥ္ တစ္ခုျဖစ္ကာ အခန္းကို ေႏြးေထြးေစပါသည္။ မီးလင္းဖိုအနီးတြင္လည္း ပိုမိုေႏြးေထြးေစရန္ မီးလံႈႏိုင္ပါသည္။ မီးခိုးမ်ားသည္လည္း သူ႔လမ္းေၾကာင္းအတိုင္း ေခါင္းတိုင္မွ ထြက္သြား မည္ျဖစ္သည္။
၁၇၄၁ ခုႏွစ္တြင္ ဖရန္႔ကလင္းမီးလင္းဖိုကို ေဈးကြက္သို႔ ျဖန္႔ခ်ိခဲ့ၿပီး အိမ္ပိုင္ရွင္အမ်ားအျပားသည္ ၎မီးလင္းဖိုတပ္ဆင္အသံုးျပဳခဲ့ျကသည္။ ထိုေခတ္အခါကအိမ္ အမ်ားစုသည္ ဖရန္႔ကလင္းမီးဖိုကို အသံုးျပဳၾကျခင္း ေၾကာင့္ အခန္းႏွစ္ခန္းမွ်သံုးႏိုင္သလို စြမ္းအင္ေခၽြတာၿပီး ျဖစ္သြားၾကသည္။ သစ္သားကို ေခၽြတာသံုးစြဲတတ္တဲ့ အေလ့အထလည္း ရသြားၾကတယ္။

အေမရိကန္အေတြးအေခၚပညာရွင္မ်ားအသင္း



၁၇၄၃ ခုနွစ္တြင္ ဖရန္႔ကလင္းသည္ အေမရိကန္အေတြးအေခၚပညာရွင္မ်ားအသင္းကို တည္ေထာင္ခဲ့သည္။ အဆိုပါ အသင္းႀကီးသည္ သိပၸံပညာႏွင့္ဆိုင္ေသာ အေတြးအေခၚ အသစ္မ်ားကို ေဖာ္ထုတ္ခဲ့ၾကသည္။ ဖရန္႔ကလင္း၏ လွ်ပ္စစ္သီအိုရီ မ်ားအပါ အ၀င္ျဖစ္သည္။

အရာ၀တၳဳ၏ အရြယ္အစားဆိုင္ရာ ယူနစ္မ်ား



ဘန္ဂ်မင္ဖရန္႔ကလင္းသည္ ကပ္ဖန္ကြန္မြန္း (Clapham Common) ၌ ကန္တစ္ခုအတြင္း အိုရစ္အက္ဆစ္ (Oleic Acid) အနည္းငယ္ထည့္ၿပီး စမ္းသပ္ခဲ့ရာတြင္ ေရႏွင့္ေလၾကား ေသးငယ္ေသာအလႊာပါး ေလးတစ္ခုကို ရရွိခဲ့ပါသည္။ ၎အလႊာပါးကို တိုင္းတာၾကည့္ပါက အထူမွာ သံုးနာႏိုမီတာခန္႔သာျဖစ္၍ တိုင္းတာျခင္းဆိုင္ရာ ယူနစ္အသစ္တစ္ခုကိုေဖာ္ထုတ္ ခဲ့ပါသည္။

တည္ျငိမ္လွ်ပ္စစ္

၁၇၄၃ ခုႏွစ္ရဲ႕ ေႏြရာသီမွာ ေဘာ္စတြန္မွာရွိတဲ့ သူ႔အိမ္ကို အလည္အပတ္ျပန္လာခဲ့သည္။ ဖရန္႔ ကလင္းသည္ သိပၸံဆိုင္ရာမ်ားကို အျမဲလိုလို စိတ္၀င္စားေနေသာေၾကာင့္ သိပၸံျပပြဲတစ္ခုသို႔ သြားေရာက္ခဲ့ၿပီး ၎ျပပြဲတြင္ ေဒါက္တာအာခ်ီဘက္စပန္ဆာႏွင့္ ဆံုခဲ့သည္။ ေဒါက္တာစပန္ဆာသည္ သိပၸံႏွင့္ နည္းပညာျပပြဲ အတြက္ စေကာ့တလန္မွ ေရာက္ရွိလာသူ ျဖစ္သည္။ ထိုျပပြဲတြင္ ဖရန္႔ကလင္းသည္ တည္ၿငိမ္လွ်ပ္စစ္၏ အက်ိဳးသက္ေရာက္မႈအေၾကာင္းကို ရွင္းလင္းတင္ျပခဲ့သည္။ ထိုျပပြဲၿပီးေနာက္ ဖရန္႔ကလင္းသည္ လွ်ပ္စစ္ ဓာတ္အားအေၾကာင္းကို ေလ့လာခဲ့သည္။ သူက တည္ၿငိမ္လွ်ပ္စစ္၏ အက်ိဳးသက္ေရာက္မႈကို သိရွိယံုၾကည္ ေနၿပီျဖစ္ေသာ္လည္း ထိုအခ်ိန္က ေဒါက္တာစပန္ဆာသည္ ထိုအေၾကာင္းကို ေကာင္းေကာင္းနားမလည္ခဲ့ပါ။ ၁၇၄၇ ခုႏွစ္၊ လန္ဒန္ၿမိဳ႕မွ ေကာ္လင္ပီတာေကာ္လီဆင္ဆိုသူ သိပၸံပညာရွင္ကို တည္ျငိမ္လ်ွပ္စစ္( Static electricity )၏ အသံုး၀င္ပံုကို ဖန္ျပြန္ရွည္အတြင္း ထည့္သြင္းျပသခဲ့သည္။ မ်ားမၾကာမီ ဖရန္႔ကလင္းသည္ လွ်ပ္စစ္ဓာတ္အားအေၾကာင္းကို ေလ့လာခဲ့သည္။ ဖရန္႔ကလင္းကိုယ္တိုင္ ဤသို႔အမွတ္ရဖြယ္ေရးသားခဲ့ဖူးသည္ “ For my own part, I never was before engaged in any study that so totally engrossed my attention and my time as this has lately done ”, တဲ့ေလ….

ကၽြန္ေတာ္တို့သိေသာ လွ်ပ္စစ္ဓာတ္အားကို ပံုေဖာ္ျခင္း

ဖရန္႔ကလင္းသည္ လွ်ပ္စစ္ဓာတ္အား (electricity) သည္ ဘယ္လိုစတင္ျဖစ္ေပၚသည္ ဘယ္လိုပံုစံ ရွိသည္ဆိုတာ ေလ့လာၿပီးေနာက္ ယေန႔ကၽြန္ေတာ္တို႔ ေျပာေနသည့္ လ်ွပ္စစ္ဓာတ္အား( electricity ) ဆိုေသာ အရာပံုေပၚလာ ေအာင္ ေဖာ္ထုတ္ခဲ့သည္။ သူသည္ လွ်ပ္ကူးေပ်ာ္ရည္မွတဆင့္ အဖိုငုတ္ (Anode) ႏွင့္ အမငုတ္ (Cathode) တို႔ၾကားတြင္ လွ်ပ္စစ္စီးကူးႏိုင္ေၾကာင္းကို ေဖာ္ထုတ္ေတြ႔ရွိခဲ့သည္။ ယေန႔ေခတ္မွာေတာ့ အီလက္ထရြန္ စီးကူးျခင္းလို႔ ေျပာေနၾကတဲ့ ဘကၴရီသေဘာတရားကို ၁၇၄၇ ခုႏွစ္တြင္ ေတြ႕ရွိခဲ့ၿပီး ေဂ်ဂ်သြန္မဆင္၏ ေတြ႕ရွိမႈ သည္၁၈၉၇ ခုႏွစ္ျဖစ္ေသာေၾကာင့္ ႏွစ္ေပါင္း ၁၅၀ ခန္႔ေစာသည္။
ဖရန္႔ကလင္းက electric charge မ်ားကို ဖန္တီး၍မရ၊ စုေဆာင္း၍သာရသည္ဟု ဆိုခဲ့သည္။ ၄င္းသည္ ႐ူပေဗဒဆိုင္ရာ ဥပေဒသတစ္ခုျဖစ္သည့္ စြမ္းအင္တည္ၿမဲမႈနိယာမႏွင့္ ကိုက္ညီေနသည္ကို ေတြ႕ရပါသည္။

ဘထၳရီအိုး



ဖရန္႔ကလင္းသည္ ဘထၳရီအိုးကို ပထမဆံုးေတြ႕ရွိခဲ့သူျဖစ္ၿပီး ကၽြႏ္ုပ္တို႔ မ်က္ေမွာက္ေခတ္ အသံုးျပဳေန ေသာ ဘထၳရီအိုးသေဘာတရားပင္ျဖစ္ပါသည္။ သူကဘထၳရီျဖင့္ Capacitor မ်ားကို တန္းဆက္ဆက္ၿပီး လွ်ပ္စစ္ဓာတ္အား သိုေလွာင္ကာ ျပန္လည္အသံုးျပဳထားျခင္းျဖစ္သည္။ ၁၇၅၁ ခုႏွစ္တြင္ ဖရန္႔ကလင္းသည္ လွ်ပ္စစ္ဓာတ္အားႏွင့္ဆိုင္ေသာ ေတြ႕ရွိခ်က္မ်ားႏွင့္ လက္ေတြ႕စမ္းသပ္ခ်က္မ်ားအေၾကာင္း စာအုပ္ကို ထုတ္ေ၀ခဲ့ၿပီး အဂၤလန္ႏွင့္ ဥေရာပတြင္ လွ်ပ္စစ္ဓာတ္အားအေၾကာင္းကို နားလည္ခဲ့ၾကသည္။ ၁၇၅၂ ခုႏွစ္တြင္ ဖရန္႔ကလင္းသည္ သူ၏အေက်ာ္ၾကားဆံုး သိပၸံဆိုင္ရာ ေတြ႕ရွိခ်က္အျဖစ္ မိုးႀကိဳးလႊဲကို ျပဳလုပ္ခဲ့သည္။ ဖရန္႔ကလင္းသည္ မိုးႀကိဳးလႊဲအေၾကာင္း သက္ေသျပႏိုင္ခဲ့သလို static electricity ေတြ discharge ျဖစ္တဲ့အခါ ကိုင္မိတဲ့လူကို ထံုက်င္သလိုခံစားရေစၿပီးတည္ျငိမ္လ်ွပ္စစ္( Static Electricity) ရွိေၾကာင္း သိေစခဲ့ပါသည္။

မိုးႀကိဳးလႊဲ



တစ္ေန႔သ၌ ဖရန္႔ကလင္းသည္ ေလေျကာင္းဆိုင္ရာေလ့လာရန္အတြက္ဘုရားေက်ာင္း ေရွ႕စြန္လႊတ္ေနစဥ္၌ စြန္ဘက္မညီေသာေျကာင့္ေသာ့တံတစ္ခု ခ်ိတ္ေပးလိုက္ပါသည္။ ၄င္းေသာ့တံကို မိုးႀကိဳးပစ္ခ်လိုက္ျခင္းကို သတိျပဳမိ၍ မိုးႀကိဳးလႊဲကိရိယာကို လွ်ပ္ကူးပစၥည္း တစ္ခုျဖင့္ ျပဳလုပ္လွ်င္ ျဖစ္ႏိုင္ေၾကာင္းကို ေတြ႕ရွိခဲ့ပါသည္။ ကၽြန္ေတာ္တို႔၏တိုင္းျပည္မ်ား အေပၚရွိ လွ်ပ္စစ္ဓာတ္အားရွိေနေသာတိမ္တိုက္မ်ားသည္ ေတာင္ထိပ္၊ သစ္ပင္မ်ား၊ သေဘၤာရြက္တိုင္ထိပ္၊ ေနအိမ္ စသျဖင့္ ထင္ရွားေသာ ေနရာမ်ားေပၚသို႔ ဓာတ္အား ကိုစြန္႔ထုတ္ ႏိုင္ၾကသည္။ ဤအခ်င္းအရာကို မိုးႀကိဳးပစ္ သည္ဟုေခၚၾကၿပီး အကယ္၍ ကာကြယ္ခ်င္ပါက ေနအိမ္/ ဘုရားေက်ာင္း၏ အျမင့္ဆံုးေနရာမ်ား၌ သံေခ်ာင္းကို ေထာင္ထားရန္လိုအပ္ၿပီး နန္းႀကိဳးႏွင့္ အျခားေျမျပင္တေနရာႏွင့္ ခ်ိတ္ထားရမည္ဟု ဘန္ဂ်မန္ဖရန္႔ကလင္းက ဆိုခဲ့သည္။
“ ကၽြႏု္ပ္၏ လက္ေတြ႕စမ္းသပ္ခ်က္အရ ဘုရားေက်ာင္း၏ အျမင့္ဆံုးေနရာတြင္ sentry box ဟုေခၚေသာ လွ်ပ္စစ္ဆိုင္ရာစင္ျမင့္ေလးတစ္ခုကို သြားတင္ထားခဲ့ပါသည္။ ၄င္းစင္ျမင့္ကို ေဖာက္ထားၿပီး ထက္ျမေသာ အစြန္းရွိသည့္ သံေခ်ာင္းကို ထိုအေပါက္မွတစ္ဆင့္ အေပၚတည့္တည့္ကို ေပ ၂၀ ခန္႔ ေထာင္ထားလိုက္သည္။ မိုးျကိုးလြွဲကိရိယာ ႏွင့္တြဲဆက္ထားေသာဝါယာျကိုးကို ေျမျပင္အတြင္း ခပ္နက္နက္ တူးထည့္ထားလိုက္သည္။ အဆိုပါ စင္ျမင့္အတြင္း ေျခာက္ေသြ႔ သန္႔ရွင္းစြာထားခဲ့လွ်င္ မိုးႀကိဳးပစ္ေနလွ်င္ပင္ လူ၀င္၍ ေနႏိုင္ေပသည္။ တိမ္တိုက္မွလာေသာ မိုးႀကိဳးလွ်ပ္စီးေၾကာင္းသည္ မိုးႀကိဳးလႊဲသံေခ်ာင္းမွတဆင့္ ၀ါယာႀကိဳး စိုက္ထားရာ ေျမျပင္သို႔ ေရာက္သြားမည္ျဖစ္သည္။ ဤနည္းအတိုင္းေဆာင္ရြက္ပါက မိုးျကိုးလြွဲကိရိယာ (Lightning rod) အနီးအနားရွိေနလွ်င္ပင္ ထိုသူအတြက္ ဓာတ္မလိုက္ႏိုင္ပါ။ ” ဟု ဆိုခဲ့ေလသည္။
ဖရန္႔ကလင္းသည္ သဘာ၀နိယာမသေဘာတရားကို လ်ွပ္စစ္ဓာတ္အားဆိုင္ရာ အေတြးအျမင္မ်ားျဖင့္ အသံုးခ်ႏိုင္ေအာင္ သက္ေသျပခဲ့သည္။ ပြတ္မွုအားမွတစ္ဆင့္ဖန္ေခ်ာင္းတြင္ တည္ျငိမ္လ်ွပ္စစ္( static charge ) ရွိေၾကာင္း သက္ေသျပႏိုင္ခဲ့သည့္အတြက္ လ်ွပ္ကူးပစၥည္း (conductor) မဟုတ္ေသာ အရာ၀တၲဳတိုင္းတြင္လည္း တည္ျငိမ္လ်ွပ္စစ္ (static charge) ရွိေၾကာင္းသိရွိေစခဲ့သည္။ ယေန႔ေခတ္တြင္ ကၽြန္ေတာ္တို႔သည္ ဖရန္႔ကလင္း၏ မိုးႀကိဳးလႊဲကို အသံုးျပဳေနၾကတုန္းပင္ျဖစ္သည္။ ဘန္ဂ်မင္ ဖရန့္ကလင္းသည္ သူစဥ္းစားတီထြင္ ထားေသာ မိုးႀကိဳးလႊဲကိရိယာကိုပင္ မူပိုင္ခြင့္မယူခဲ့ဘဲ အမ်ားသူငွာ အက်ိဳးအလို႔ငွာ အသံုးျပဳေစခဲ့သည္။

၁၇၅၃ ခုႏွစ္တြင္ ဖရန္႔ကလင္း၏ သိပၸံပညာဆိုင္ရာ ထူးခၽြန္ေျပာင္ေျမာက္မႈအတြက္ ၿဗိတိသွ်ေတာ္၀င္ အဖြဲ႕အစည္းႀကီး၏ လွ်ပ္စစ္ဆိုင္ရာအျမင့္ဆံုးဆုျဖစ္သည့္ The Copley Medal ဆုကို လက္ခံရရွိခဲ့သည္။ ၄င္းသည္ ယေန႔ေခတ္ ႏိုဘယ္ဆုလိုမ်ိဳးျဖစ္သည္။ သူ၏တီထြင္ၾကံဆမႈမ်ားသည္ စြမ္းအင္၊ အခ်ိန္၊ ေငြေၾကး စသျဖင့္ သက္သာေစခဲ့ သည့္အျပင္ လူ႕အသက္ ေပါင္းမ်ားစြာကိုလည္း ကယ္တင္ႏိုင္ခဲ့ေပသည္။

ေရခဲေသတၲာ

၁၇၅၈ ခုႏွစ္တြင္ ဖရန္႔ကလင္းသည္ ဂၽြန္ဟက္ေလးႏွင့္အတူ အဂၤလန္ႏိုင္ငံ၊ ကမ္းဘေရ႕ဂ်္တြင္ သုေတသနလုပ္ရင္း အေငြ႕ပ်ံျခင္းျဖစ္စဥ္မွတစ္ဆင့္ အေအးခန္းဆိုင္ရာ လုပ္ငန္းစဥ္ကို သိရွိခဲ့သည္။ အပူခ်ိန္ ၁၈ ဒီဂရီစင္တီဂရိတ္ ရွိေနေသာ အခန္းတစ္ခုအတြင္း လ်င္ျမန္စြဲအပူခ်ိန္က်ေအာင္ လုပ္ႏိုင္ခဲ့သည္။ ေနာက္ဆံုးတြင္ သာမိုမီတာ၏ တိုင္းထြာခ်က္အရ အႏုတ္ ၁၄ ဒီဂရီစင္တီဂရိတ္အထိ က်ဆင္းေအာင္ လုပ္ႏိုင္ခဲ့ေလသည္။ ေရ (Liquid) အတြင္းရွိေသာ ေမာ္လီက်ဴးမ်ားသည္ အတိုင္းအတာတစ္ခုအထိ စြမ္းအင္ရွိၾကေလသည္။ တစ္ခါတရံျမင့္မားတတ္သလို တစ္ခါတရံနိမ့္က်တတ္သည္။ ေမာ္လီက်ဴးမ်ားသည္ စြမ္းအင္ကို ေရအတြင္း လြယ္လြယ္ကူကူႏွင့္ အမ်ားဆံုးသယ္ေဆာင္ႏိုင္ၾကၿပီး ၄င္းကို ေရေငြ႕ပ်ံျခင္းျဖစ္စဥ္လို႔ ေခၚၾကပါသည္။ တဖန္ အေအးခံလိုက္ပါက ၄င္းစြမ္းအင္သည္ အရည္ အျဖစ္သို႔ တဖန္ေျပာင္းလဲသြားျပန္သည္။ ရလဒ္ကေတာ့အပူခ်ိန္မွအရည္ျပန္ရေအာင္ လုပ္ျခင္း ျဖစ္သည္။ ၁၇၅၆ ခုႏွစ္ စေကာ့ကလန္မွ ၀ီလီယန္ကူလမ္ (Willam Cullen) အေငြ႕ပ်ံျခင္းကို အသံုးခ်ၿပီး အေအးခန္းျဖစ္စဥ္ကို တင္ျပခဲ့ပါသည္။ အေငြ႕ပ်ံေသာအခါ ဖိအားက်ဆင္းမႈေၾကာင့္ ေရကို ဆူပြက္ျခင္းျဖစ္ေပၚသည္။ ထိုဖိအားကုိ အဆမတန္က်ဆင္းေအာင္ လုပ္ေဆာင္ျခင္းျဖင့္ လ်င္လ်င္ျမန္ျမန္ အပူခ်ိန္က်ဆင္း ေအာင္ လုပ္ႏိုင္ခဲ့ျခင္းျဖစ္သည္။

မိုးေလ၀သဆိုင္ရာ



ေလမုန္တိုင္းႏွင့္ ေလတိုက္ခတ္ရာလမ္းေၾကာင္းေတြကို ေလ့လာၿပီးေနာက္ ျပန္႔က်ဲေနေသာ ေလလမ္း ေၾကာင္းမ်ားတြင္ မုန္တိုင္းအၿမဲမရွိႏိုင္တာကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ သေဘာကေတာ့ ဆန္႕က်င္ဘက္ ေလလမ္းေၾကာင္းနဲ႕ ဆံုတဲ့အခါ ပ်က္ျပယ္သြားျခင္းျဖစ္သည္။

အခ်ိန္ၿခိဳးျခံမႈ
ဖရန္႔ကလင္းသည္ ေန႔ဘက္အခ်ိန္ကို ေခၽြတာေသာအားျဖင့္ (သို႔) ေန႔ဘက္တြင္ ပိုမို လုပ္အားျဖစ္ေသာေၾကာင့္ အခ်ိန္ေခၽြတာမႈအေနျဖင့္တစ္နာရီတိတိေပါင္း ထည့္ခဲ့ပါ သည္။ သေဘာမွာ ေနထြက္နဲ႔ေန၀င္ကုိ တစ္နာရီတိတိေနာက္က်ေစခဲ့ျခင္းျဖစ္သည္။

သိပၸံပညာရွင္၊ တီထြင္သူဆိုတာထက္ပိုျခင္း
ဖရန္႔ကလင္းသည္ အေမရိကန္ျပည္ေထာင္စုကို ၁၇၇၆ ခုႏွစ္တြင္ လြတ္လပ္ေရးရေအာင္ ႀကိဳးပမ္းခဲ့သူတစ္ဦးျဖစ္သည္။ လြတ္လပ္ေရးႀကိဳးပမ္းသူ အာဇာနည္ငါးဦးတြင္ တစ္ဦးအပါအ၀င္ ျဖစ္သည္။ ဖရန္႕ကလင္းသည္ ၿဗိတိသွ်ကိုလိုနီမ်ားအတြက္ ၿဗိတိသွ်စာတိုက္မွဳး အျဖစ္ တာ၀န္ယူခဲ့သည္။ ၁၇၇၆ ခုႏွစ္ မွ ၁၇၈၅ ခုႏွစ္အထိ အေမရိကန္ႏိုင္ငံဆိုင္ရာ ျပင္သစ္ သံအမွတ္ႀကီးအျဖစ္ လည္းေကာင္း၊ ၁၇၈၅ ခုႏွစ္ႏွင့္ ၁၇၈၈ ခုႏွစ္အတြင္း ပန္ဆယ္ ဘားနား ( Pennsylvania ) ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးအျဖစ္ လည္းေကာင္း၊ ႏိုင္ငံတာ၀န္မ်ားကို ထမ္းေဆာင္ခဲ့သည္။

နိဂံုး

ဘန္ဂ်မင္ဖရန္႔ကလင္းသည္ ၁၇၉၀ ခုႏွစ္ ဧၿပီလ ၁၇ ရက္ေန႔တြင္ အဆုတ္ေရာင္ အဆုတ္ပြေရာဂါျဖင့္ ကြယ္လြန္ခဲ့သည္။ သူ၏ဇနီးျဖစ္သူ ဒီဘိုးရက္(Deborah)သည္ သူ႕ထက္ ၁၆ ႏွစ္ေစာၿပီး ကြယ္လြန္ခဲ့ၿပီး ျဖစ္သည္။ သူ႔သမီးျဖစ္သူ(sarah)ႏွင့္ သားျဖစ္သူ ၀ီလီယံ(willian) တို႔က်န္ခဲ့သည္။
ယေန႕မွာေတာ့ ဘန္ဂ်မန္ဖရန္႕ကလင္းဆုသည္ ဖရန္႕ကလင္းကို ဂုဏ္ျပဳ၍ ေပးျခင္းျဖစ္ၿပီး သိပၸံပညာဆိုင္ရာ ထူးခၽြန္ေျပာင္ေျမာက္သူမ်ားကို ခ်ီးျမွင့္ေလ့ရွိသည္။ ဆုရသူမ်ားထဲတြင္ အလဇႏၵား ဂေရဟမ္ဘဲ(တယ္လီဖုန္းတီထြင္သူ)၊ မီရီ(Marie)ႏွင့္ ပါရီက်ဴရီ(Pierre Curie)၊ အဲလ္ဘတ္ အိုင္းစတိုင္း (Albert Einstein)ႏွင့္ စတီဖင္ေဟာ့ကင္း ဆိုသူတို႔ျဖစ္ၾကသည္။

ကိုးကား
“An Americanization of Benjamin Franklin” Gordon S. Wood
‘Biography of Benjamin Franklin” Wikipedia
သြင္ေဇာ္ဗုိလ္

————-

အမေရိကန်တို့ရဲ့ဖခင်ကြီး ” ဘန်ဂျမင်ဖရန့်ကလင်း ” အကြောင်း (unicode)

Written By သွင်ဇော်ဗိုလ်

ဘန်ဂျမင်ဖရန့်ကလင်းကို ၁၇၀၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဘော်စတွန်မြို့၊ မက်ဆာချူးဆက်ပြည်နယ်တွင် မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူ ဂျိုးဇက်သည် အမဲဆီရောင်းသူ၊ ဖယောင်းတိုင်ထုတ်လုပ်သူ၊ ဆပ်ပြာထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ တစ်ယောက်ဖြစ်ပြီး အင်္ဂလန်မှ အမေရိကန်သို့ပြောင်းရွေ့လာခဲ့သူ ဖြစ်သည်။ မိခင်ဖြစ်သူ အဲဘစ်ဖယ်လ်ဂျာ (Abiah Folger) သည် အိမ်အလုပ်လုပ်ပြီး ကလေး (၁၀) ဦး ရှိလေသည်။ မွေးချင်း (၁၀)ဦး အနက် ဘန်ဂျမင် ဖရန့်ကလင်း သည် ရှစ်ယောက်မြောက်ကလေးဖြစ်သည်။ ဖယ်လ်ဂျာ ကတော့ နန်တက်ကတ်မြို့( Nantucket )၊ မက်ဆာချူးဆက်ပြည်နယ်သူဖြစ်လေသည်။ ဘန်ဂျမင်ဖရန့်ကလင်းသည် နှစ် နှစ်သာကျောင်းနေခဲ့ရပြီး ဆယ်နှစ်သားအရွယ်တွင် ကျောင်းစရိတ်မတတ်နိုင်သောကြောင့် ကျောင်းမှ ထွက်ခဲ့ရသည်။ သို့သော်လည်း ပညာရရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ သူ့အတွေးထဲတွင် အမြဲရှိနေသော လေ့လာသင်ယူမှုကတော့ ရပ်တန့်မသွားခဲ့ပါ။ သူ့ဖခင်လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်နေရသော်လည်း အားလပ်သောအချိန်တိုင်း စာမျိုးစုံကို ဖတ်ရှုလေ့လာခဲ့သည်။ သူလက်လှမ်းမှီနိုင်မည့် မည်သည့်ဘာသာရပ်မဆို လေ့လာခဲ့သည်။

ဘန်ဂျမင် ၁၂ နှစ်သားအရွယ်တွင် သူ့အစ်ကိုကြီး ဂျိမ်း၏ ပုံနှိပ်တိုက်တွင် အလုပ်သင်အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ဂျိမ်းသည် သတင်းစာနှင့် စာနယ်ဇင်းလုပ်ငန်း စတင်သောအခါ ဘန်ဂျမင်သည် မစ္စ.ဒူးဂွတ် (Mrs. Dogood) အမည်ဖြင့် လွတ်လပ်ရေးစာပေများကို ရေးသား ခဲ့သည်။
အသက်(၁၇)နှစ်အရွယ်တွင် ဘန်ဂျမင် ဖရန့်ကလင်းသည် ဖီလစ်ဒစ်လ်ဖီးယားမြို့ (Philadelphia)ကို ရောက်လာခဲ့သည်။ အလုပ်သင်နေစဉ် ကာလအတွင်း ဥပဒေကို ဆန့်ကျင်သည့်အတွက် ဖီလစ်ဒစ်လ်ဖီးယားကို တိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း အသက်မပြည့်သေးသောကြောင့်လွတ်မြောက်ခဲ့ပါသည်။ ဖီလစ်ဒစ်လ်ဖီးယားတွင် လအနည်းငယ် နေပြီးနောက် လန်ဒန်မြို့သို့ ပုံနှိပ်ပညာသင်ယူရန် ထွက်လာခဲ့သည်။ ဖီလစ်ဒစ်လ်ဖီးယားသို့ မပြန်မီ အသက် ၂၀ အရွယ်အထိ ပုံနှိပ်လုပ်ငန်းဖြင့်သာ အသက်မွေးခဲ့သည်။

ပုံနှိပ်သူဘ၀
ဘန်ဂျမင် အသက်(၂၃) နှစ်အရွယ်တွင် ဖယ်လာဒယ်ဖီးယားသတင်းစာ၏ ထုတ်ဝေသူတစ်ယောက် ဖြစ်လာခဲ့သည်။ ၁၇၃၂ ခုနှစ် ဒီဇင်ဘာတွင် ဆင်းရဲသား ရစ်ချက်အကြောင်း “ Poor Richard’s Almanac ” အမည်ဖြင့် စာအုပ်ကို ပထမအကြိမ်ပုံနှိပ် ထုတ်ဝေခဲ့ပြီး အသက် ၂၇ နှစ်အရွယ်ဖြင့် လူချမ်းသာတစ်ယောက်ဖြစ်လာခဲ့သည်။ ၎င်းစာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ရပြီး ၂၅ နှစ်တိုင်တိုင်အကြိမ်ကြိမ်ထုတ်ဝေခဲ့ရသည်။ အထွေထွေဗဟုသုတဆိုင်ရာ စိတ်ဝင်စား သူများအတွက် စိတ်ဝင်စားဖွယ်ရာ လက်ကမ်းစာအုပ်ဖြစ်ခဲ့ပြီး စာဖတ်သူများကို စိတ်ကျေနပ်မှုအပြည့်ပေးနိုင်ခဲ့သည်။ စာအုပ်တွင် လက်တွေ့လုပ်ဆောင်ရန်အချက်အလက်များ၊ ပုံပြင်များ၊ အာကာသသိပ္ပံပညာဆိုင်ရာ ခန့်မှန်း တွက်ချက်မှုများ၊ ဉာဏ်စမ်းပဟေဠိများ ပါဝင်ခဲ့သည်။ နှစ်စဉ်စာအုပ်ရောင်းရငွေများဖြင့် ချမ်းသာလာခဲ့သော်လည်း ဘန်ဂျမင်ဖရန့်ကလင်း စည်းစိမ်အပေါ်ရစ်မူးမနေပဲ ကောင်းမွန်သောအတွေးအမြင်ဖြင့် အခြားပညာရပ်များကို လေ့လာခဲ့သည်။ သူ၏ စဉ်ဆက်မပြတ်စာဖတ်ခြင်းက သူ၏ လုပ်ဆောင်နိုင်စွမ်းကို တိုးတက်လာ စေခဲ့ပြီး သိပ္ပံပညာဘက်တွင်လည်း ထူးချွန်ကာနည်းပညာဆိုင်ရာ အသစ် ဖော်ထုတ် တွေ့ရှိသည်အထိ အောင်မြင်မှုရ ခဲ့သည်။

သိပ္ပံပညာရပ်ဆိုင်ရာတီထွင်ကြံဆမှုများ
ဖရန့်ကလင်းသည် အတွေးအခေါ်ပညာရှင်၊ သိပ္ပံပညာရှင်နှင့် တီထွင်သူ တစ်ယောက်ဖြစ်သည်။ သူ့၏တီထွင်မှုများသည် လွယ်လွယ်ကူကူတော့ မရခဲ့ပါ။ သို့သော်လည်း သူ၏ တီထွင်မှုများကို မူပိုင်ခွင့်မထားခဲ့ပါ။ သူ့တီထွင်မှုများကို မည်သူမဆို အများအကျိုးအလို့ငှာ (သို့မဟုတ်) ငွေကြေးရရန်အလို့ငှာ မှီငြမ်းသုံးစွဲနိုင်သည်လို့ ထုတ်ဖော် ပြောကြားထား ခဲ့သည်။

မျက်မှန်
ဖရန့်ကလင်းသည် သူ၏ဘဝတစ်လျောက်လုံး မျက်မှန်တပ်ခဲ့ပါသည်။ သူ၏ နေ့ရက်တွေကို မျက်မှန်က ကန့်သတ်တယ်လို့ ခံစားရတယ်လို့ ဆိုလေ့ရှိပါသည်။ ဘာဖြစ်လို့လဲဆိုတော့ ဖရန့်ကလင်းသည် မျက်မှန်တပ်မှ စာဖတ်နိုင်သောကြောင်ျ့ဖစ်သည်။ ဖရန့်ကလင်းသည် ပရင်တာတစ်လုံးကဲ့သို့ အလုပ်ကို အဆက်မပြတ်လုပ်မှု ကြောင့် အမြင်အာရုံချွတ်ယွင်းခဲ့သည်။ ၃၃ နှစ်အရွယ် ၁၇၃၉ ခုနှစ်တွင် မျက်မှန်ကို တီထွင်ခဲ့သည်။ မှန်ဘီလူးတိုင်းတွင် ဆုံချက် focusing အကွာအဝေးနှစ်ခုစီ ပါဝင်ပါသည်။ မှန်ဘီလူး၏ အောက်ခြမ်းသည် စာဖတ်ရန်အတွက် ပြုလုပ်ထားပြီး အပေါ်ခြမ်းသည် အဝေးကို ကောင်းကောင်း ကြည့်နိုင်ပါသည်။

ဖရန့်ကလင်းမီးလင်းဖို
ဖရန့်ကလင်းသည် သိပ္ပံပညာရပ်ကို လေ့လာသောကြောင့် အပူစီးကူးမှုနိယာမကိုလည်း သိရှိနားလည် သည်။ သူသည် မီးလင်းဖိုပုံစံငယ်ကို ဒီဇိုင်းထုတ်ခဲ့သည်။ အဆိုပါ ဒီဇိုင်းသည် လောင်စာများများလိုအပ်သောကြောင့် တွက်ချေမကိုက်ခဲ့ချေ။ လောင်စာနည်းနည်း အပူချိန် များများ လိုအပ်သည်။ ထို့ကြောင့် အပူကူးပြောင်းမှုနိယာမ၊ အပူကို ပြန်လည် အသုံးချမှုတို့ကို အသုံးချကာ မီးလင်းဖိုဒီဇိုင်းသစ်ကို တီထွင်ခဲ့သည်။ သူ၏ အကြံဉာဏ်သစ်မှာ မီးလင်းဖိုသည် ပုံမှန်အပူချိန်ထွက်နေမည် ဖြစ်သည်။ မီးလင်းဖိုအတွင်း ပြွန်ငယ်သွယ်ထား ပြီး ၎င်းပြွန်ငယ်သည် မီးလင်းဖို၏ အပူချိန်အများဆုံးနေရာတွင် ပြုလုပ်ထားသည်။ အခန်းတွင်းမှ လာသော လေအေးသည် ပြွန်ငယ်တစ်လျောက်ဖြတ်သန်းသွားပြီး မီးလောင်ခန်းတွင် လေပူ (အပူချိန်မြင့်မား သောလေ) ဖြစ်ပေါ်သည်။ ထိုသို့ အပူချိန်တက်၍ ပွလာသော(သို့) ဖိအားကျဆင်း လာသော လေ၏နေရာသို့ လေအေးများ စဉ်ဆက်မပြတ် ဝင်ရောက်လာကာ အပူကူးပြောင်းခြင်းဖြစ်စဉ် တစ်ခုဖြစ်ကာ အခန်းကို နွေးထွေးစေပါသည်။ မီးလင်းဖိုအနီးတွင်လည်း ပိုမိုနွေးထွေးစေရန် မီးလှုံနိုင်ပါသည်။ မီးခိုးများသည်လည်း သူ့လမ်းကြောင်းအတိုင်း ခေါင်းတိုင်မှ ထွက်သွား မည်ဖြစ်သည်။
၁၇၄၁ ခုနှစ်တွင် ဖရန့်ကလင်းမီးလင်းဖိုကို ဈေးကွက်သို့ ဖြန့်ချိခဲ့ပြီး အိမ်ပိုင်ရှင်အများအပြားသည် ၎င်းမီးလင်းဖိုတပ်ဆင်အသုံးပြုခဲ့ကြသည်။ ထိုခေတ်အခါကအိမ် အများစုသည် ဖရန့်ကလင်းမီးဖိုကို အသုံးပြုကြခြင်း ကြောင့် အခန်းနှစ်ခန်းမျှသုံးနိုင်သလို စွမ်းအင်ချွေတာပြီး ဖြစ်သွားကြသည်။ သစ်သားကို ချွေတာသုံးစွဲတတ်တဲ့ အလေ့အထလည်း ရသွားကြတယ်။

အမေရိကန်အတွေးအခေါ်ပညာရှင်များအသင်း
၁၇၄၃ ခုနှစ်တွင် ဖရန့်ကလင်းသည် အမေရိကန်အတွေးအခေါ်ပညာရှင်များအသင်းကို တည်ထောင်ခဲ့သည်။ အဆိုပါ အသင်းကြီးသည် သိပ္ပံပညာနှင့်ဆိုင်သော အတွေးအခေါ် အသစ်များကို ဖော်ထုတ်ခဲ့ကြသည်။ ဖရန့်ကလင်း၏ လျှပ်စစ်သီအိုရီ များအပါ အဝင်ဖြစ်သည်။

အရာဝတ္ထု၏ အရွယ်အစားဆိုင်ရာ ယူနစ်များ
ဘန်ဂျမင်ဖရန့်ကလင်းသည် ကပ်ဖန်ကွန်မွန်း (Clapham Common) ၌ ကန်တစ်ခုအတွင်း အိုရစ်အက်ဆစ် (Oleic Acid) အနည်းငယ်ထည့်ပြီး စမ်းသပ်ခဲ့ရာတွင် ရေနှင့်လေကြား သေးငယ်သောအလွှာပါး လေးတစ်ခုကို ရရှိခဲ့ပါသည်။ ၎င်းအလွှာပါးကို တိုင်းတာကြည့်ပါက အထူမှာ သုံးနာနိုမီတာခန့်သာဖြစ်၍ တိုင်းတာခြင်းဆိုင်ရာ ယူနစ်အသစ်တစ်ခုကိုဖော်ထုတ် ခဲ့ပါသည်။

တည်ငြိမ်လျှပ်စစ်
၁၇၄၃ ခုနှစ်ရဲ့ နွေရာသီမှာ ဘော်စတွန်မှာရှိတဲ့ သူ့အိမ်ကို အလည်အပတ်ပြန်လာခဲ့သည်။ ဖရန့် ကလင်းသည် သိပ္ပံဆိုင်ရာများကို အမြဲလိုလို စိတ်ဝင်စားနေသောကြောင့် သိပ္ပံပြပွဲတစ်ခုသို့ သွားရောက်ခဲ့ပြီး ၎င်းပြပွဲတွင် ဒေါက်တာအာချီဘက်စပန်ဆာနှင့် ဆုံခဲ့သည်။ ဒေါက်တာစပန်ဆာသည် သိပ္ပံနှင့် နည်းပညာပြပွဲ အတွက် စကော့တလန်မှ ရောက်ရှိလာသူ ဖြစ်သည်။ ထိုပြပွဲတွင် ဖရန့်ကလင်းသည် တည်ငြိမ်လျှပ်စစ်၏ အကျိုးသက်ရောက်မှုအကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။ ထိုပြပွဲပြီးနောက် ဖရန့်ကလင်းသည် လျှပ်စစ် ဓာတ်အားအကြောင်းကို လေ့လာခဲ့သည်။ သူက တည်ငြိမ်လျှပ်စစ်၏ အကျိုးသက်ရောက်မှုကို သိရှိယုံကြည် နေပြီဖြစ်သော်လည်း ထိုအချိန်က ဒေါက်တာစပန်ဆာသည် ထိုအကြောင်းကို ကောင်းကောင်းနားမလည်ခဲ့ပါ။ ၁၇၄၇ ခုနှစ်၊ လန်ဒန်မြို့မှ ကော်လင်ပီတာကော်လီဆင်ဆိုသူ သိပ္ပံပညာရှင်ကို တည်ငြိမ်လျှပ်စစ်( Static electricity )၏ အသုံးဝင်ပုံကို ဖန်ပြွန်ရှည်အတွင်း ထည့်သွင်းပြသခဲ့သည်။ များမကြာမီ ဖရန့်ကလင်းသည် လျှပ်စစ်ဓာတ်အားအကြောင်းကို လေ့လာခဲ့သည်။ ဖရန့်ကလင်းကိုယ်တိုင် ဤသို့အမှတ်ရဖွယ်ရေးသားခဲ့ဖူးသည် “ For my own part, I never was before engaged in any study that so totally engrossed my attention and my time as this has lately done ”, တဲ့လေ….

ကျွန်တော်တို့သိသော လျှပ်စစ်ဓာတ်အားကို ပုံဖော်ခြင်း
ဖရန့်ကလင်းသည် လျှပ်စစ်ဓာတ်အား (electricity) သည် ဘယ်လိုစတင်ဖြစ်ပေါ်သည် ဘယ်လိုပုံစံ ရှိသည်ဆိုတာ လေ့လာပြီးနောက် ယနေ့ကျွန်တော်တို့ ပြောနေသည့် လျှပ်စစ်ဓာတ်အား( electricity ) ဆိုသော အရာပုံပေါ်လာ အောင် ဖော်ထုတ်ခဲ့သည်။ သူသည် လျှပ်ကူးပျော်ရည်မှတဆင့် အဖိုငုတ် (Anode) နှင့် အမငုတ် (Cathode) တို့ကြားတွင် လျှပ်စစ်စီးကူးနိုင်ကြောင်းကို ဖော်ထုတ်တွေ့ရှိခဲ့သည်။ ယနေ့ခေတ်မှာတော့ အီလက်ထရွန် စီးကူးခြင်းလို့ ပြောနေကြတဲ့ ဘက္ထရီသဘောတရားကို ၁၇၄၇ ခုနှစ်တွင် တွေ့ရှိခဲ့ပြီး ဂျေဂျသွန်မဆင်၏ တွေ့ရှိမှု သည်၁၈၉၇ ခုနှစ်ဖြစ်သောကြောင့် နှစ်ပေါင်း ၁၅၀ ခန့်စောသည်။
ဖရန့်ကလင်းက electric charge များကို ဖန်တီး၍မရ၊ စုဆောင်း၍သာရသည်ဟု ဆိုခဲ့သည်။ ၎င်းသည် ရူပဗေဒဆိုင်ရာ ဥပဒေသတစ်ခုဖြစ်သည့် စွမ်းအင်တည်မြဲမှုနိယာမနှင့် ကိုက်ညီနေသည်ကို တွေ့ရပါသည်။

ဘထ္ထရီအိုး
ဖရန့်ကလင်းသည် ဘထ္ထရီအိုးကို ပထမဆုံးတွေ့ရှိခဲ့သူဖြစ်ပြီး ကျွန်ုပ်တို့ မျက်မှောက်ခေတ် အသုံးပြုနေ သော ဘထ္ထရီအိုးသဘောတရားပင်ဖြစ်ပါသည်။ သူကဘထ္ထရီဖြင့် Capacitor များကို တန်းဆက်ဆက်ပြီး လျှပ်စစ်ဓာတ်အား သိုလှောင်ကာ ပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။ ၁၇၅၁ ခုနှစ်တွင် ဖရန့်ကလင်းသည် လျှပ်စစ်ဓာတ်အားနှင့်ဆိုင်သော တွေ့ရှိချက်များနှင့် လက်တွေ့စမ်းသပ်ချက်များအကြောင်း စာအုပ်ကို ထုတ်ဝေခဲ့ပြီး အင်္ဂလန်နှင့် ဥရောပတွင် လျှပ်စစ်ဓာတ်အားအကြောင်းကို နားလည်ခဲ့ကြသည်။ ၁၇၅၂ ခုနှစ်တွင် ဖရန့်ကလင်းသည် သူ၏အကျော်ကြားဆုံး သိပ္ပံဆိုင်ရာ တွေ့ရှိချက်အဖြစ် မိုးကြိုးလွှဲကို ပြုလုပ်ခဲ့သည်။ ဖရန့်ကလင်းသည် မိုးကြိုးလွှဲအကြောင်း သက်သေပြနိုင်ခဲ့သလို static electricity တွေ discharge ဖြစ်တဲ့အခါ ကိုင်မိတဲ့လူကို ထုံကျင်သလိုခံစားရစေပြီးတည်ငြိမ်လျှပ်စစ်( Static Electricity) ရှိကြောင်း သိစေခဲ့ပါသည်။

မိုးကြိုးလွှဲ
တစ်နေ့သ၌ ဖရန့်ကလင်းသည် လေကြောင်းဆိုင်ရာလေ့လာရန်အတွက်ဘုရားကျောင်း ရှေ့စွန်လွှတ်နေစဉ်၌ စွန်ဘက်မညီသောကြောင့်သော့တံတစ်ခု ချိတ်ပေးလိုက်ပါသည်။ ၎င်းသော့တံကို မိုးကြိုးပစ်ချလိုက်ခြင်းကို သတိပြုမိ၍ မိုးကြိုးလွှဲကိရိယာကို လျှပ်ကူးပစ္စည်း တစ်ခုဖြင့် ပြုလုပ်လျှင် ဖြစ်နိုင်ကြောင်းကို တွေ့ရှိခဲ့ပါသည်။ ကျွန်တော်တို့၏တိုင်းပြည်များ အပေါ်ရှိ လျှပ်စစ်ဓာတ်အားရှိနေသောတိမ်တိုက်များသည် တောင်ထိပ်၊ သစ်ပင်များ၊ သင်္ဘောရွက်တိုင်ထိပ်၊ နေအိမ် စသဖြင့် ထင်ရှားသော နေရာများပေါ်သို့ ဓာတ်အား ကိုစွန့်ထုတ် နိုင်ကြသည်။ ဤအချင်းအရာကို မိုးကြိုးပစ် သည်ဟုခေါ်ကြပြီး အကယ်၍ ကာကွယ်ချင်ပါက နေအိမ်/ ဘုရားကျောင်း၏ အမြင့်ဆုံးနေရာများ၌ သံချောင်းကို ထောင်ထားရန်လိုအပ်ပြီး နန်းကြိုးနှင့် အခြားမြေပြင်တနေရာနှင့် ချိတ်ထားရမည်ဟု ဘန်ဂျမန်ဖရန့်ကလင်းက ဆိုခဲ့သည်။
“ ကျွန်ုပ်၏ လက်တွေ့စမ်းသပ်ချက်အရ ဘုရားကျောင်း၏ အမြင့်ဆုံးနေရာတွင် sentry box ဟုခေါ်သော လျှပ်စစ်ဆိုင်ရာစင်မြင့်လေးတစ်ခုကို သွားတင်ထားခဲ့ပါသည်။ ၎င်းစင်မြင့်ကို ဖောက်ထားပြီး ထက်မြသော အစွန်းရှိသည့် သံချောင်းကို ထိုအပေါက်မှတစ်ဆင့် အပေါ်တည့်တည့်ကို ပေ ၂၀ ခန့် ထောင်ထားလိုက်သည်။ မိုးကြိုးလွှဲကိရိယာ နှင့်တွဲဆက်ထားသောဝါယာကြိုးကို မြေပြင်အတွင်း ခပ်နက်နက် တူးထည့်ထားလိုက်သည်။ အဆိုပါ စင်မြင့်အတွင်း ခြောက်သွေ့ သန့်ရှင်းစွာထားခဲ့လျှင် မိုးကြိုးပစ်နေလျှင်ပင် လူဝင်၍ နေနိုင်ပေသည်။ တိမ်တိုက်မှလာသော မိုးကြိုးလျှပ်စီးကြောင်းသည် မိုးကြိုးလွှဲသံချောင်းမှတဆင့် ဝါယာကြိုး စိုက်ထားရာ မြေပြင်သို့ ရောက်သွားမည်ဖြစ်သည်။ ဤနည်းအတိုင်းဆောင်ရွက်ပါက မိုးကြိုးလွှဲကိရိယာ (Lightning rod) အနီးအနားရှိနေလျှင်ပင် ထိုသူအတွက် ဓာတ်မလိုက်နိုင်ပါ။ ” ဟု ဆိုခဲ့လေသည်။
ဖရန့်ကလင်းသည် သဘာဝနိယာမသဘောတရားကို လျှပ်စစ်ဓာတ်အားဆိုင်ရာ အတွေးအမြင်များဖြင့် အသုံးချနိုင်အောင် သက်သေပြခဲ့သည်။ ပွတ်မှုအားမှတစ်ဆင့်ဖန်ချောင်းတွင် တည်ငြိမ်လျှပ်စစ်( static charge ) ရှိကြောင်း သက်သေပြနိုင်ခဲ့သည့်အတွက် လျှပ်ကူးပစ္စည်း (conductor) မဟုတ်သော အရာဝတ္တုတိုင်းတွင်လည်း တည်ငြိမ်လျှပ်စစ် (static charge) ရှိကြောင်းသိရှိစေခဲ့သည်။ ယနေ့ခေတ်တွင် ကျွန်တော်တို့သည် ဖရန့်ကလင်း၏ မိုးကြိုးလွှဲကို အသုံးပြုနေကြတုန်းပင်ဖြစ်သည်။ ဘန်ဂျမင် ဖရန့်ကလင်းသည် သူစဉ်းစားတီထွင် ထားသော မိုးကြိုးလွှဲကိရိယာကိုပင် မူပိုင်ခွင့်မယူခဲ့ဘဲ အများသူငှာ အကျိုးအလို့ငှာ အသုံးပြုစေခဲ့သည်။

၁၇၅၃ ခုနှစ်တွင် ဖရန့်ကလင်း၏ သိပ္ပံပညာဆိုင်ရာ ထူးချွန်ပြောင်မြောက်မှုအတွက် ဗြိတိသျှတော်ဝင် အဖွဲ့အစည်းကြီး၏ လျှပ်စစ်ဆိုင်ရာအမြင့်ဆုံးဆုဖြစ်သည့် The Copley Medal ဆုကို လက်ခံရရှိခဲ့သည်။ ၎င်းသည် ယနေ့ခေတ် နိုဘယ်ဆုလိုမျိုးဖြစ်သည်။ သူ၏တီထွင်ကြံဆမှုများသည် စွမ်းအင်၊ အချိန်၊ ငွေကြေး စသဖြင့် သက်သာစေခဲ့ သည့်အပြင် လူ့အသက် ပေါင်းများစွာကိုလည်း ကယ်တင်နိုင်ခဲ့ပေသည်။

ရေခဲသေတ္တာ
၁၇၅၈ ခုနှစ်တွင် ဖရန့်ကလင်းသည် ဂျွန်ဟက်လေးနှင့်အတူ အင်္ဂလန်နိုင်ငံ၊ ကမ်းဘရေ့ဂ်ျတွင် သုတေသနလုပ်ရင်း အငွေ့ပျံခြင်းဖြစ်စဉ်မှတစ်ဆင့် အအေးခန်းဆိုင်ရာ လုပ်ငန်းစဉ်ကို သိရှိခဲ့သည်။ အပူချိန် ၁၈ ဒီဂရီစင်တီဂရိတ် ရှိနေသော အခန်းတစ်ခုအတွင်း လျင်မြန်စွဲအပူချိန်ကျအောင် လုပ်နိုင်ခဲ့သည်။ နောက်ဆုံးတွင် သာမိုမီတာ၏ တိုင်းထွာချက်အရ အနုတ် ၁၄ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းအောင် လုပ်နိုင်ခဲ့လေသည်။ ရေ (Liquid) အတွင်းရှိသော မော်လီကျူးများသည် အတိုင်းအတာတစ်ခုအထိ စွမ်းအင်ရှိကြလေသည်။ တစ်ခါတရံမြင့်မားတတ်သလို တစ်ခါတရံနိမ့်ကျတတ်သည်။ မော်လီကျူးများသည် စွမ်းအင်ကို ရေအတွင်း လွယ်လွယ်ကူကူနှင့် အများဆုံးသယ်ဆောင်နိုင်ကြပြီး ၎င်းကို ရေငွေ့ပျံခြင်းဖြစ်စဉ်လို့ ခေါ်ကြပါသည်။ တဖန် အအေးခံလိုက်ပါက ၎င်းစွမ်းအင်သည် အရည် အဖြစ်သို့ တဖန်ပြောင်းလဲသွားပြန်သည်။ ရလဒ်ကတော့အပူချိန်မှအရည်ပြန်ရအောင် လုပ်ခြင်း ဖြစ်သည်။ ၁၇၅၆ ခုနှစ် စကော့ကလန်မှ ဝီလီယန်ကူလမ် (Willam Cullen) အငွေ့ပျံခြင်းကို အသုံးချပြီး အအေးခန်းဖြစ်စဉ်ကို တင်ပြခဲ့ပါသည်။ အငွေ့ပျံသောအခါ ဖိအားကျဆင်းမှုကြောင့် ရေကို ဆူပွက်ခြင်းဖြစ်ပေါ်သည်။ ထိုဖိအားကို အဆမတန်ကျဆင်းအောင် လုပ်ဆောင်ခြင်းဖြင့် လျင်လျင်မြန်မြန် အပူချိန်ကျဆင်း အောင် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

မိုးလေဝသဆိုင်ရာ
လေမုန်တိုင်းနှင့် လေတိုက်ခတ်ရာလမ်းကြောင်းတွေကို လေ့လာပြီးနောက် ပြန့်ကျဲနေသော လေလမ်း ကြောင်းများတွင် မုန်တိုင်းအမြဲမရှိနိုင်တာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သဘောကတော့ ဆန့်ကျင်ဘက် လေလမ်းကြောင်းနဲ့ ဆုံတဲ့အခါ ပျက်ပြယ်သွားခြင်းဖြစ်သည်။

အချိန်ခြိုးခြံမှု
ဖရန့်ကလင်းသည် နေ့ဘက်အချိန်ကို ချွေတာသောအားဖြင့် (သို့) နေ့ဘက်တွင် ပိုမို လုပ်အားဖြစ်သောကြောင့် အချိန်ချွေတာမှုအနေဖြင့်တစ်နာရီတိတိပေါင်း ထည့်ခဲ့ပါ သည်။ သဘောမှာ နေထွက်နဲ့နေဝင်ကို တစ်နာရီတိတိနောက်ကျစေခဲ့ခြင်းဖြစ်သည်။

သိပ္ပံပညာရှင်၊ တီထွင်သူဆိုတာထက်ပိုခြင်း
ဖရန့်ကလင်းသည် အမေရိကန်ပြည်ထောင်စုကို ၁၇၇၆ ခုနှစ်တွင် လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းသူ အာဇာနည်ငါးဦးတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ ဖရန့်ကလင်းသည် ဗြိတိသျှကိုလိုနီများအတွက် ဗြိတိသျှစာတိုက်မှုး အဖြစ် တာဝန်ယူခဲ့သည်။ ၁၇၇၆ ခုနှစ် မှ ၁၇၈၅ ခုနှစ်အထိ အမေရိကန်နိုင်ငံဆိုင်ရာ ပြင်သစ် သံအမှတ်ကြီးအဖြစ် လည်းကောင်း၊ ၁၇၈၅ ခုနှစ်နှင့် ၁၇၈၈ ခုနှစ်အတွင်း ပန်ဆယ် ဘားနား ( Pennsylvania ) ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် လည်းကောင်း၊ နိုင်ငံတာဝန်များကို ထမ်းဆောင်ခဲ့သည်။

နိဂုံး

ဘန်ဂျမင်ဖရန့်ကလင်းသည် ၁၇၉၀ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် အဆုတ်ရောင် အဆုတ်ပွရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ သူ၏ဇနီးဖြစ်သူ ဒီဘိုးရက်(Deborah)သည် သူ့ထက် ၁၆ နှစ်စောပြီး ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။ သူ့သမီးဖြစ်သူ(sarah)နှင့် သားဖြစ်သူ ဝီလီယံ(willian) တို့ကျန်ခဲ့သည်။
ယနေ့မှာတော့ ဘန်ဂျမန်ဖရန့်ကလင်းဆုသည် ဖရန့်ကလင်းကို ဂုဏ်ပြု၍ ပေးခြင်းဖြစ်ပြီး သိပ္ပံပညာဆိုင်ရာ ထူးချွန်ပြောင်မြောက်သူများကို ချီးမြှင့်လေ့ရှိသည်။ ဆုရသူများထဲတွင် အလဇန္ဒား ဂရေဟမ်ဘဲ(တယ်လီဖုန်းတီထွင်သူ)၊ မီရီ(Marie)နှင့် ပါရီကျူရီ(Pierre Curie)၊ အဲလ်ဘတ် အိုင်းစတိုင်း (Albert Einstein)နှင့် စတီဖင်ဟော့ကင်း ဆိုသူတို့ဖြစ်ကြသည်။

ကိုးကား
“An Americanization of Benjamin Franklin” Gordon S. Wood
‘Biography of Benjamin Franklin” Wikipedia
သွင်ဇော်ဗိုလ်

Leave a Reply