Steve Jobsရဲ႕ဘဝတစ္သက္တာကို လႊမ္းမိုးခဲ့ေသာ စာအုပ္ ၉အုပ္

Posted on

Written By ႏုိင္းႏုိင္းစေန

Steve Jobsသာ သက္႐ွိထင္႐ွား႐ွိခဲ့ရင္ ေဖေဖာ္ဝါရီလ၂၄ရက္ေန႔မွာ သူအသက္ ၆၃ ႏွစ္ျပည့္ပါၿပီ။ အသက္ ၆ဝမတိုင္ခင္ သူေသဆံုးသြားခဲ့လို႔ သူ႔ဘဝတစ္သက္တာကို လႊမ္းမိုးခဲ့တဲ့စာအုပ္ ၉အုပ္နဲ႔ပဲ လူသားမ်ဳိးႏႊယ္နဲ႔နည္းပညာလမ္းဆံုမွာ ရပ္တည္ခဲ့တဲ့ ဒီျမင့္ျမတ္သူႀကီးကို လြမ္းဆြတ္တမ္းတၾကရေအာင္….

(၁) King Lear (William Shakespeare)



Walter Isaacson ေရးတဲ့ “Steve Jobs” အတၳဳပၸတၱိစာအုပ္မွာ ေရးသားထားတာက “အထက္တန္းေရာက္ေတာ့ ကၽြန္ေတာ္ ဂီတေတြအမ်ားႀကီး စနားေထာင္ခဲ့တယ္၊ နည္းပညာျပင္ပစာအုပ္ေတြ အမ်ားႀကီးစဖတ္ခဲ့ပါတယ္။ ႐ွိတ္စပီးယား၊ ပေလတို…. King Lear စာအုပ္ကို ကၽြန္ေတာ္ႀကိဳက္ခဲ့တယ္”လို႔ Jobsက စာေရးသူကိုေျပာခဲ့ျပတယ္လို႔ဆိုပါတယ္။
King Lear က ႐ွိတ္စပီးယားရဲ႕ထင္႐ွားတဲ့စာအုပ္ထဲက တစ္အုပ္အပါအဝင္ျဖစ္တယ္။ မင္းစိုးမင္းညစ္ ဘုရင္ႀကီးဟာ အေမြခဲြရာကေန ကံဆိုးမိုးေမွာင္က်တဲ့အျဖစ္က အသက္ငယ္႐ြယ္ေသးတဲ့ Jobsကို သတိျပဳစရာအခ်က္ေတြ ရ႐ွိခဲ့ေစတာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

(၂) Moby-Dick (Herman Melville)



“Steve Jobs” အတၳဳပၸတၱိစာအုပ္မွာေရးသားထားတာက Jobsရဲ႕တစ္သက္မွာ ႏွစ္သက္တဲ့စာအုပ္အနက္ Moby-Dickနဲ႔ Dylan Thomas ရဲ႕ကဗ်ာလည္း ပါဝင္တယ္လို႔ဆိုတယ္။
Moby-Dickစာအုပ္ထဲမွာ သူရဲေကာင္းကပၸတိန္ Ahabဟာ စာေပသမိုင္းမွာ စိတ္အားထက္သန္ဆံုး၊ ႀကံ့ခိုင္သန္မာၿပီး ဆံုးျဖတ္ခ်က္ရဲရဲခ်ရဲသူအျဖစ္ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ Steve Jobsကလည္း ထိုနည္းလည္းေကာင္းျဖစ္ပါတယ္။

(၃) The Poems of Dylan Thomas



ထုတ္လႊင့္မႈအစီအစဥ္တစ္ခုမွာ Jobsက သူအရမ္းႏွစ္သက္တဲ့ Dylan Thomasရဲ႕ကဗ်ာတစ္ပုဒ္က “Do not go gentle into that good night” ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။
Do not go gentle into that good night,
Old age should burn and rave at close of day;
Rage, rage against the dying of the light.
——-

(၄) Be Here Now (Baba Ram Dass)



၁၉၇၂ခုႏွစ္မွာ Reed Collegeကို Jobs တက္ေရာက္ခဲ့ပါတယ္။ အဲဒီေကာလိပ္က Oregonျပည္နယ္ Portlandၿမိဳ႕အေ႐ွ႕ေတာင္အရပ္မွာ႐ွိတဲ့ ပုဂၢလိက၊ လြတ္လပ္တဲ့ အႏုပညာေကာလိပ္ျဖစ္တယ္။ အဲဒီမွာ LSD ကို သူစစမ္းသပ္ခဲ့တယ္။ စိတ္နဲ႔ဆိုင္တဲ့စာအုပ္ေတြကို သူအမ်ားအျပားဖတ္ခဲ့တယ္။ (LSD ကို ဝီကီမွာ႐ွာၾကည့္ေတာ့ မူးယစ္ေဆးတစ္မ်ဳိးလို႔ဆိုတယ္။ ဓာတုလက္နက္အျဖစ္လည္း အသံုးျပဳႏိုင္တယ္လို႔ဆုိတယ္။ အဂၤလန္၊ အေမရိကန္၊ ၾသစေတးလ်၊ နယူးဇီလန္နဲ႔ ဥေရာပႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာေတာ့ တရားမဝင္ေဆးအျဖစ္ သတ္မွတ္ထားပါတယ္။)
“Steve Jobs” အတၳဳပၸတၱိစာအုပ္မွာေရးသားထားတာက “Jobs ဟာ စိတ္ဝိညာဥ္နဲ႔ဆိုင္တဲ့စာအုပ္ေတြ သူ႔ကိုနက္နက္႐ႈိင္း႐ႈိင္း လႊမ္းမိုးေနခဲ့ၿပီဆိုတာကို သတိျပဳမိခဲ့တယ္။ သူအမ်ားဆံုးေျပာျဖစ္တာက Baba Ram Dass ရဲ႕ Be Here Now ဆိုတဲ့စာအုပ္ျဖစ္တယ္။ စာအုပ္ထဲမွာေဖာ္ျပထားတာက ကမၼဌာန္းထိုင္ျခင္းနဲ႔ မူးယစ္ေဆးရဲ႕ထူးဆန္းအံ့ၾသမႈျဖစ္တယ္။ Jobs က “အဲဒီစာအုပ္က ကၽြန္ေတာ့္ကို နက္နက္႐ႈိင္း႐ိႈင္း အက်ဳိးသက္ေရာက္မႈ႐ွိခဲ့ပါတယ္။ ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့္သူငယ္ခ်င္းေတာ္ေတာ္မ်ားမ်ားကို ေျပာင္းလဲေစခဲ့ပါတယ္”လို႔ ေျပာခဲ့တယ္”။

(၅) Diet for a Small Planet (Frances Moore Lappe)



Jobsက အစားအစာနဲ႔ပတ္သက္ရင္ ေတာ္ေတာ္ေလး ေစ့စပ္တိက်မႈ႐ွိသူျဖစ္တယ္။ သူက သက္သတ္လြတ္သမားတစ္ဦးျဖစ္တယ္။ သက္သတ္လြတ္စားျဖစ္တာကလည္း သူတကၠသိုလ္တက္တုန္းက ဖတ္ခဲ့ရတဲ့ “Diet for a Small Planet” စာအုပ္ေၾကာင့္ျဖစ္တယ္။ Jobs က သူ႔အတၳဳပၸတၱိစာအုပ္ေရးသူ Walter Isaacsonကို “အဲဒီကစ က်န္းမာေရးအတြက္ ကၽြန္ေတာ္အသားမစားေတာ့ဘူးလို႔ အဓိဌာန္ခ်ခဲ့တယ္”လို႔ ေျပာျပခဲ့ပါတယ္။

(၆) Mucusless Diet Healing System (Arnold Ehret)



Arnold Ehret ရဲ႕ Mucusless Diet Healing Systemစာအုပ္ကို ဖတ္ၿပီးတဲ့ေနာက္ Jobsဟာ အစားအေသာက္နဲ႔ပတ္သက္ၿပီး ပိုအစြန္းေရာက္လာခဲ့တယ္။ သူ႔အသားအေရ လိေမာ္ေရာင္သန္းခဲ့တဲ့အထိ ရက္သတၱပတ္ေတာ္ေတာ္ၾကာၾကာ မုန္လာဥနီခ်ည္းပဲ သူစားခဲ့ဖူးတယ္။
စာဖတ္သူမ်ားလည္း အစားအေသာက္ အစြန္းမေရာက္ေစဖို႔ အႀကံျပဳခ်င္ပါတယ္။ မင္းသား Ashton Kutcher က Jobsရဲ႕အေတြ႔အႀကံဳအတိုင္း ခံစားသ႐ုပ္ေဆာင္ၾကည့္ၿပီး အသီးေတြပဲ (all-fruit diet) စားခဲ့လို႔ ေဆး႐ံုေရာက္သြားခဲ့ရပါတယ္။

(၇) Autobiography of a Yogi (Paramahansa Yogananda)



Jobsရဲ႕တစ္သက္တာမွာ စာအုပ္အမ်ားႀကီးဖတ္ခဲ့တယ္။ ဒါေပမယ့္ သူ႔ ipadထဲမွာ Autobiography of a Yogi ဆိုတဲ့ စာအုပ္တစ္အုပ္ပဲ႐ွိခဲ့တယ္။ ဒါဟာ သူ လူငယ္အ႐ြယ္က ပထမဆံုးဖတ္ခဲ့ဖူးတဲ့ ကမၼဌာန္းထိုင္ျခင္းနဲ႔ စိတ္နဲ႔ဆိုင္တဲ့စာအုပ္ျဖစ္တယ္။ အိႏၵိယကို သူအလည္အပတ္သြားတုန္းက ဟိမဝႏၱာေတာင္ေျခေအာက္က လူေနအိမ္တစ္အိမ္မွာ ဒီစာအုပ္ကိုသူေတြ႔ခဲ့တာျဖစ္တယ္။ ခရီးသြားတစ္ဦးက အဂၤလိပ္ဗား႐ွင္းဒီစာအုပ္ကို အဲဒီအိမ္မွာ ထားခဲ့တာျဖစ္တယ္။ ဒီစာအုပ္ကို Jobs ဖတ္ခဲ့တယ္။ အဲဒီေနာက္ တစ္ႏွစ္တစ္ႀကိမ္ဖတ္ျဖစ္ေအာင္ သူႀကိဳးစားခဲ့ပါတယ္။

(၈) Zen Mind, Beginner’s Mind (Shunryu Suzuki)



အိႏိၵယကေန အေမရိကန္ကိုျပန္ေရာက္ၿပီးေနာက္ ကမၼဌာန္းထိုင္ျခင္းကို Jobs ႐ူး႐ူးသြပ္သြပ္ ႏွစ္သက္သြားခဲ့မိတယ္။ တိုက္တိုက္ဆိုင္ဆိုင္ ၁၉၇ဝခုႏွစ္မွာ ဇင္ဘာသာက အေမရိကန္ႏိုင္ငံ ကယ္ရီးဖိုးနီးယားျပည္နယ္ကို စဝင္ေရာက္လာခဲ့တယ္။ Jobs က ဘုန္းႀကီး Shunryu Suzukiရဲ႕ သင္တန္းကိုတက္ေရာက္ခဲ့တယ္။ အဲဒီေနာက္ အဂၤလိပ္လို Shunryu Suzukiေရးသားတဲ့ Zen Mind, Beginner’s Mind ကို ဖတ္႐ႈခဲ့တယ္။
“အဲဒီကစ ဇင္ဗုဒၶဘာသာက ကၽြန္ေတာ့္ကို အေတာ္လႊမ္းမိုးခဲ့တယ္။ ဂ်ပန္ျပည္ကိုသြားၿပီး ကၽြန္ေတာ္တရားအားထုတ္မလို႔ စိတ္ကူးခဲ့တယ္။ ဒါေပမယ့္ ကၽြန္ေတာ့္စိတ္က ကၽြန္ေတာ့္ကို ဒီမွာ (ကယ္ရီးဖိုးနီးယား)မွာပဲ ေနခိုင္းခဲ့ပါတယ္”လို႔ သူ႔အတၳဳပၸတၱိစာအုပ္ေရးသူ Walter Isaacsonကို ေျပာခဲ့ပါတယ္။

(၉) The Innovator’s Dilemma (Cleyton Christensen)



ပန္းသီးတံဆိပ္ကုန္ပစၥည္းက ကိုယ့္ကိုယ္ကိုျပန္တြန္းလွန္ေနတဲ့ပစၥည္းျဖစ္တယ္။ ဥပမာ– iPhoneမွာ ပန္းသီးရဲ႕ကုန္ပစၥည္းတစ္ခုျဖစ္တဲ့ iPodရဲ႕ လုပ္ေဆာင္ခ်က္ေတာ္ေတာ္မ်ားမ်ား ပါ႐ွိခဲ့တယ္။ iPhone ေၾကာင့္ iPod က ေခတ္မ႐ွိေတာ့တဲ့ကုန္ပစၥည္းေဟာင္းတစ္ခု ျဖစ္ခဲ့ရတယ္။ Jobs ရဲ႕အျမင္က — ကိုယ့္အခ်င္းခ်င္းသတ္ျဖတ္ျခင္းက ဖြံ႔ၿဖိဳးႀကီးထြားဖို႔အတြက္ မ႐ွိမျဖစ္တဲ့ ေျခတစ္လွမ္းျဖစ္တယ္။ ဒါဟာလည္း ဟားဗတ္စီးပြားေရးေကာလိပ္က ဆရာ Cleyton Christensenရဲ႕ The Innovator’s Dilemmaေၾကာင့္ျဖစ္ပါတယ္။
အဲဒီစာအုပ္ထဲမွာ ေဖာ္ျပထားတာက ကုမၸဏီေတာ္ေတာ္မ်ားမ်ားဟာ ကိုယ့္ေအာင္ျမင္မႈနဲ႔ကိုယ္အဖ်က္ဆီးခံၾကရတယ္။ နည္းပညာနဲ႔ ဝယ္ယူသံုးစဲြသူက ေ႐ွ႕ကိုေရာက္ႏွင့္ေနၾကေပမယ့္ အဲဒီကုမၸဏီေတြဟာ သူတို႔ေအာင္ျမင္ခဲ့တဲ့ကုန္ပစၥည္းေပၚမွာပဲ ေမြ႔ေလ်ာ္ေနခဲ့ၾကတယ္။ ဒီလိုအျဖစ္မ်ဳိး ပန္းသီးတံဆိပ္မွာမျဖစ္ေစရဘူးလို႔ Jobs ေျပာခဲ့ပါတယ္။ ဘာေၾကာင့္ ပန္းသီးတံဆိပ္ေတြဟာ Cloud computing technology ကို ဖက္တြယ္ရသလဲဆိုတာကို Jobs က အခုလို႔ ႐ွင္းျပခဲ့ပါတယ္။
“ကၽြန္ေတာ္တို႔ရဲ႕ ဒီလိုအသြင္ေျပာင္ျခင္းက အရမ္းအေရးပါပါတယ္။ The Innovator’s Dilemma စာအုပ္မွာ Cleyton Christensen ေျပာခဲ့တဲ့အတိုင္း ပစၥည္းတစ္ခုကိုတီထြင္ဖန္တီးခဲ့သူတစ္ေယာက္ဟာ အဲဒီပစၥည္းေခတ္မမီေတာ့ဘူးဆိုတာကို ေနာက္ဆံုးမွ သိတဲ့သူပါ။ ကၽြန္ေတာ္တို႔ ေခတ္ေနာက္မက်န္ခဲ့ခ်င္ပါဘူး။ MobileMeကို ကၽြန္ေတာ္အခမဲ့လုပ္မယ္။ လုပ္ေဆာင္ခ်က္ေတြကို ႐ိုး႐ွင္းေစမယ္။ North Carolinaမွာ ကၽြန္ေတာ္တို႔ ဝန္ေဆာင္မႈအဖဲြ႔တစ္ဖဲြ႔ ဖဲြ႔စည္းေနပါတယ္။ ခင္ဗ်ားတို႔လိုအပ္ေနတာနဲ႔ တသားတည္းျဖစ္ေအာင္ ကၽြန္ေတာ္တို႔ဝန္ေဆာင္ေပးႏိုင္ပါတယ္။ ဒီလိုဆိုရင္ ဝယ္ယူသံုးစဲြသူေတြကို ကၽြန္ေတာ္တို႔ လက္ဝယ္ပိုက္ထားႏိုင္ပါၿပီ”
သူေျပာခဲ့တဲ့ ဝန္ေဆာင္မႈအသစ္ဆိုတာက iCouldပဲျဖစ္ပါတယ္။

————

Steve Jobsရဲ့ဘဝတစ်သက်တာကို လွှမ်းမိုးခဲ့သောစာအုပ်၉အုပ် (unicode)

Steve Jobsသာ သက်ရှိထင်ရှားရှိခဲ့ရင် ဖေဖော်ဝါရီလ၂၄ရက်နေ့မှာ သူအသက် ၆၃ နှစ်ပြည့်ပါပြီ။ အသက် ၆ဝမတိုင်ခင် သူသေဆုံးသွားခဲ့လို့ သူ့ဘဝတစ်သက်တာကို လွှမ်းမိုးခဲ့တဲ့စာအုပ် ၉အုပ်နဲ့ပဲ လူသားမျိုးနွှယ်နဲ့နည်းပညာလမ်းဆုံမှာ ရပ်တည်ခဲ့တဲ့ ဒီမြင့်မြတ်သူကြီးကို လွမ်းဆွတ်တမ်းတကြရအောင်….

(၁) King Lear (William Shakespeare)
Walter Isaacson ရေးတဲ့ “Steve Jobs” အတ္ထုပ္ပတ္တိစာအုပ်မှာ ရေးသားထားတာက “အထက်တန်းရောက်တော့ ကျွန်တော် ဂီတတွေအများကြီး စနားထောင်ခဲ့တယ်၊ နည်းပညာပြင်ပစာအုပ်တွေ အများကြီးစဖတ်ခဲ့ပါတယ်။ ရှိတ်စပီးယား၊ ပလေတို…. King Lear စာအုပ်ကို ကျွန်တော်ကြိုက်ခဲ့တယ်”လို့ Jobsက စာရေးသူကိုပြောခဲ့ပြတယ်လို့ဆိုပါတယ်။
King Lear က ရှိတ်စပီးယားရဲ့ထင်ရှားတဲ့စာအုပ်ထဲက တစ်အုပ်အပါအဝင်ဖြစ်တယ်။ မင်းစိုးမင်းညစ် ဘုရင်ကြီးဟာ အမွေခွဲရာကနေ ကံဆိုးမိုးမှောင်ကျတဲ့အဖြစ်က အသက်ငယ်ရွယ်သေးတဲ့ Jobsကို သတိပြုစရာအချက်တွေ ရရှိခဲ့စေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

(၂) Moby-Dick (Herman Melville)
“Steve Jobs” အတ္ထုပ္ပတ္တိစာအုပ်မှာရေးသားထားတာက Jobsရဲ့တစ်သက်မှာ နှစ်သက်တဲ့စာအုပ်အနက် Moby-Dickနဲ့ Dylan Thomas ရဲ့ကဗျာလည်း ပါဝင်တယ်လို့ဆိုတယ်။
Moby-Dickစာအုပ်ထဲမှာ သူရဲကောင်းကပ္ပတိန် Ahabဟာ စာပေသမိုင်းမှာ စိတ်အားထက်သန်ဆုံး၊ ကြံ့ခိုင်သန်မာပြီး ဆုံးဖြတ်ချက်ရဲရဲချရဲသူအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ Steve Jobsကလည်း ထိုနည်းလည်းကောင်းဖြစ်ပါတယ်။

(၃) The Poems of Dylan Thomas
ထုတ်လွှင့်မှုအစီအစဉ်တစ်ခုမှာ Jobsက သူအရမ်းနှစ်သက်တဲ့ Dylan Thomasရဲ့ကဗျာတစ်ပုဒ်က “Do not go gentle into that good night” ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
Do not go gentle into that good night,
Old age should burn and rave at close of day;
Rage, rage against the dying of the light.
——-

(၄) Be Here Now (Baba Ram Dass)
၁၉၇၂ခုနှစ်မှာ Reed Collegeကို Jobs တက်ရောက်ခဲ့ပါတယ်။ အဲဒီကောလိပ်က Oregonပြည်နယ် Portlandမြို့အရှေ့တောင်အရပ်မှာရှိတဲ့ ပုဂ္ဂလိက၊ လွတ်လပ်တဲ့ အနုပညာကောလိပ်ဖြစ်တယ်။ အဲဒီမှာ LSD ကို သူစစမ်းသပ်ခဲ့တယ်။ စိတ်နဲ့ဆိုင်တဲ့စာအုပ်တွေကို သူအများအပြားဖတ်ခဲ့တယ်။ (LSD ကို ဝီကီမှာရှာကြည့်တော့ မူးယစ်ဆေးတစ်မျိုးလို့ဆိုတယ်။ ဓာတုလက်နက်အဖြစ်လည်း အသုံးပြုနိုင်တယ်လို့ဆိုတယ်။ အင်္ဂလန်၊ အမေရိကန်၊ ဩစတေးလျ၊ နယူးဇီလန်နဲ့ ဥရောပနိုင်ငံတော်တော်များများမှာတော့ တရားမဝင်ဆေးအဖြစ် သတ်မှတ်ထားပါတယ်။)
“Steve Jobs” အတ္ထုပ္ပတ္တိစာအုပ်မှာရေးသားထားတာက “Jobs ဟာ စိတ်ဝိညာဉ်နဲ့ဆိုင်တဲ့စာအုပ်တွေ သူ့ကိုနက်နက်ရှိုင်းရှိုင်း လွှမ်းမိုးနေခဲ့ပြီဆိုတာကို သတိပြုမိခဲ့တယ်။ သူအများဆုံးပြောဖြစ်တာက Baba Ram Dass ရဲ့ Be Here Now ဆိုတဲ့စာအုပ်ဖြစ်တယ်။ စာအုပ်ထဲမှာဖော်ပြထားတာက ကမ္မဌာန်းထိုင်ခြင်းနဲ့ မူးယစ်ဆေးရဲ့ထူးဆန်းအံ့ဩမှုဖြစ်တယ်။ Jobs က “အဲဒီစာအုပ်က ကျွန်တော့်ကို နက်နက်ရှိုင်းရှိုင်း အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတော်တော်များများကို ပြောင်းလဲစေခဲ့ပါတယ်”လို့ ပြောခဲ့တယ်”။

(၅) Diet for a Small Planet (Frances Moore Lappe)
Jobsက အစားအစာနဲ့ပတ်သက်ရင် တော်တော်လေး စေ့စပ်တိကျမှုရှိသူဖြစ်တယ်။ သူက သက်သတ်လွတ်သမားတစ်ဦးဖြစ်တယ်။ သက်သတ်လွတ်စားဖြစ်တာကလည်း သူတက္ကသိုလ်တက်တုန်းက ဖတ်ခဲ့ရတဲ့ “Diet for a Small Planet” စာအုပ်ကြောင့်ဖြစ်တယ်။ Jobs က သူ့အတ္ထုပ္ပတ္တိစာအုပ်ရေးသူ Walter Isaacsonကို “အဲဒီကစ ကျန်းမာရေးအတွက် ကျွန်တော်အသားမစားတော့ဘူးလို့ အဓိဌာန်ချခဲ့တယ်”လို့ ပြောပြခဲ့ပါတယ်။

(၆) Mucusless Diet Healing System (Arnold Ehret)
Arnold Ehret ရဲ့ Mucusless Diet Healing Systemစာအုပ်ကို ဖတ်ပြီးတဲ့နောက် Jobsဟာ အစားအသောက်နဲ့ပတ်သက်ပြီး ပိုအစွန်းရောက်လာခဲ့တယ်။ သူ့အသားအရေ လိမော်ရောင်သန်းခဲ့တဲ့အထိ ရက်သတ္တပတ်တော်တော်ကြာကြာ မုန်လာဥနီချည်းပဲ သူစားခဲ့ဖူးတယ်။
စာဖတ်သူများလည်း အစားအသောက် အစွန်းမရောက်စေဖို့ အကြံပြုချင်ပါတယ်။ မင်းသား Ashton Kutcher က Jobsရဲ့အတွေ့အကြုံအတိုင်း ခံစားသရုပ်ဆောင်ကြည့်ပြီး အသီးတွေပဲ (all-fruit diet) စားခဲ့လို့ ဆေးရုံရောက်သွားခဲ့ရပါတယ်။

(၇) Autobiography of a Yogi (Paramahansa Yogananda)
Jobsရဲ့တစ်သက်တာမှာ စာအုပ်အများကြီးဖတ်ခဲ့တယ်။ ဒါပေမယ့် သူ့ ipadထဲမှာ Autobiography of a Yogi ဆိုတဲ့ စာအုပ်တစ်အုပ်ပဲရှိခဲ့တယ်။ ဒါဟာ သူ လူငယ်အရွယ်က ပထမဆုံးဖတ်ခဲ့ဖူးတဲ့ ကမ္မဌာန်းထိုင်ခြင်းနဲ့ စိတ်နဲ့ဆိုင်တဲ့စာအုပ်ဖြစ်တယ်။ အိန္ဒိယကို သူအလည်အပတ်သွားတုန်းက ဟိမဝန္တာတောင်ခြေအောက်က လူနေအိမ်တစ်အိမ်မှာ ဒီစာအုပ်ကိုသူတွေ့ခဲ့တာဖြစ်တယ်။ ခရီးသွားတစ်ဦးက အင်္ဂလိပ်ဗားရှင်းဒီစာအုပ်ကို အဲဒီအိမ်မှာ ထားခဲ့တာဖြစ်တယ်။ ဒီစာအုပ်ကို Jobs ဖတ်ခဲ့တယ်။ အဲဒီနောက် တစ်နှစ်တစ်ကြိမ်ဖတ်ဖြစ်အောင် သူကြိုးစားခဲ့ပါတယ်။

(၈) Zen Mind, Beginner’s Mind (Shunryu Suzuki)
အိန္ဒိယကနေ အမေရိကန်ကိုပြန်ရောက်ပြီးနောက် ကမ္မဌာန်းထိုင်ခြင်းကို Jobs ရူးရူးသွပ်သွပ် နှစ်သက်သွားခဲ့မိတယ်။ တိုက်တိုက်ဆိုင်ဆိုင် ၁၉၇ဝခုနှစ်မှာ ဇင်ဘာသာက အမေရိကန်နိုင်ငံ ကယ်ရီးဖိုးနီးယားပြည်နယ်ကို စဝင်ရောက်လာခဲ့တယ်။ Jobs က ဘုန်းကြီး Shunryu Suzukiရဲ့ သင်တန်းကိုတက်ရောက်ခဲ့တယ်။ အဲဒီနောက် အင်္ဂလိပ်လို Shunryu Suzukiရေးသားတဲ့ Zen Mind, Beginner’s Mind ကို ဖတ်ရှုခဲ့တယ်။
“အဲဒီကစ ဇင်ဗုဒ္ဓဘာသာက ကျွန်တော့်ကို အတော်လွှမ်းမိုးခဲ့တယ်။ ဂျပန်ပြည်ကိုသွားပြီး ကျွန်တော်တရားအားထုတ်မလို့ စိတ်ကူးခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်စိတ်က ကျွန်တော့်ကို ဒီမှာ (ကယ်ရီးဖိုးနီးယား)မှာပဲ နေခိုင်းခဲ့ပါတယ်”လို့ သူ့အတ္ထုပ္ပတ္တိစာအုပ်ရေးသူ Walter Isaacsonကို ပြောခဲ့ပါတယ်။

(၉) The Innovator’s Dilemma (Cleyton Christensen)
ပန်းသီးတံဆိပ်ကုန်ပစ္စည်းက ကိုယ့်ကိုယ်ကိုပြန်တွန်းလှန်နေတဲ့ပစ္စည်းဖြစ်တယ်။ ဥပမာ– iPhoneမှာ ပန်းသီးရဲ့ကုန်ပစ္စည်းတစ်ခုဖြစ်တဲ့ iPodရဲ့ လုပ်ဆောင်ချက်တော်တော်များများ ပါရှိခဲ့တယ်။ iPhone ကြောင့် iPod က ခေတ်မရှိတော့တဲ့ကုန်ပစ္စည်းဟောင်းတစ်ခု ဖြစ်ခဲ့ရတယ်။ Jobs ရဲ့အမြင်က — ကိုယ့်အချင်းချင်းသတ်ဖြတ်ခြင်းက ဖွံ့ဖြိုးကြီးထွားဖို့အတွက် မရှိမဖြစ်တဲ့ ခြေတစ်လှမ်းဖြစ်တယ်။ ဒါဟာလည်း ဟားဗတ်စီးပွားရေးကောလိပ်က ဆရာ Cleyton Christensenရဲ့ The Innovator’s Dilemmaကြောင့်ဖြစ်ပါတယ်။
အဲဒီစာအုပ်ထဲမှာ ဖော်ပြထားတာက ကုမ္ပဏီတော်တော်များများဟာ ကိုယ့်အောင်မြင်မှုနဲ့ကိုယ်အဖျက်ဆီးခံကြရတယ်။ နည်းပညာနဲ့ ဝယ်ယူသုံးစွဲသူက ရှေ့ကိုရောက်နှင့်နေကြပေမယ့် အဲဒီကုမ္ပဏီတွေဟာ သူတို့အောင်မြင်ခဲ့တဲ့ကုန်ပစ္စည်းပေါ်မှာပဲ မွေ့လျော်နေခဲ့ကြတယ်။ ဒီလိုအဖြစ်မျိုး ပန်းသီးတံဆိပ်မှာမဖြစ်စေရဘူးလို့ Jobs ပြောခဲ့ပါတယ်။ ဘာကြောင့် ပန်းသီးတံဆိပ်တွေဟာ Cloud computing technology ကို ဖက်တွယ်ရသလဲဆိုတာကို Jobs က အခုလို့ ရှင်းပြခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ ဒီလိုအသွင်ပြောင်ခြင်းက အရမ်းအရေးပါပါတယ်။ The Innovator’s Dilemma စာအုပ်မှာ Cleyton Christensen ပြောခဲ့တဲ့အတိုင်း ပစ္စည်းတစ်ခုကိုတီထွင်ဖန်တီးခဲ့သူတစ်ယောက်ဟာ အဲဒီပစ္စည်းခေတ်မမီတော့ဘူးဆိုတာကို နောက်ဆုံးမှ သိတဲ့သူပါ။ ကျွန်တော်တို့ ခေတ်နောက်မကျန်ခဲ့ချင်ပါဘူး။ MobileMeကို ကျွန်တော်အခမဲ့လုပ်မယ်။ လုပ်ဆောင်ချက်တွေကို ရိုးရှင်းစေမယ်။ North Carolinaမှာ ကျွန်တော်တို့ ဝန်ဆောင်မှုအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းနေပါတယ်။ ခင်ဗျားတို့လိုအပ်နေတာနဲ့ တသားတည်းဖြစ်အောင် ကျွန်တော်တို့ဝန်ဆောင်ပေးနိုင်ပါတယ်။ ဒီလိုဆိုရင် ဝယ်ယူသုံးစွဲသူတွေကို ကျွန်တော်တို့ လက်ဝယ်ပိုက်ထားနိုင်ပါပြီ”
သူပြောခဲ့တဲ့ ဝန်ဆောင်မှုအသစ်ဆိုတာက iCouldပဲဖြစ်ပါတယ်။

Leave a Reply