မီးဖုိေခ်ာင္ထဲက သိထားသင့္တဲ့ နည္းလမ္းေကာင္းေလးမ်ား

Posted on

မီးဖုိေခ်ာင္ထဲ၀င္ေနၾက အိမ္ရွင္မေတြျဖစ္ျဖစ္ တျခားသူပဲ ျဖစ္ျဖစ္ ဒီနည္းလမ္းေလးေတြကို သိရင္ အနည္းနဲ႔ အမ်ားေတာ့ အက်ဳိးရွိေစမမွာျဖစ္တာေၾကာင့္ ျပန္လည္ေ၀မွ်လုိက္ပါတယ္။

ထမင္းအိုးကပ္သြားၿပီး တူးနံ႔နံလုိ႔ စိတ္ညစ္ေနရင္ ဒီနည္းေလးကို စမ္းၾကည္႔လုိက္ပါလား။ ေပါင္မုန္႔ၿဖဴ တစ္ခ်ပ္ကို အဲဒီထမင္းေပၚမွာ ၁၅ မိနစ္ေလာက္အဖံုးအုပ္ၿပီး ထားၾကည္႔လုိက္ပါ။ ထမင္းမွာအနံ႔သက္သာသြားတာကို ေတြ႔ရမွာပါ။ စားတဲ႔အခါမွာေတာ႔ အတူးအထိေရာက္ေအာင္ မေကာ္လုိက္နဲ႔ဦးေနာ္။

ဟင္းအိုးေတြ တူးသြားရင္ ပြတ္တိုက္မေဆးပါနဲ့။ တူးတာေတြ ျမုပ္ေအာင္ ေရထည့္ျပီး မီးဖိုေပၚ တင္ထားပါ။ ပြက္ပြက္ဆူလာရင္ အတူးဂ်ိုးေတြ သူ့အလိုလို ကြာထြက္ပါတယ္။

ၿဖဴၿဖဴလႊလႊ ထမင္းေလးေတြ ရခ်င္တယ္ဆိုရင္ေတာ႔ ထမင္းအိုးတည္တုန္းဆူကာနီးမွာ လီမြန္ရည္ ၂ စက္၊ ၃ စက္ေလာက္ခ်ေပးလုိက္ပါ။

ငရုတ္သီးစိမ္းၾကာၾကာထားခံေအာင္
ငရုတ္သီးစိမ္းေလးေတြ ၾကာၾကာထားခံေအာင္ ေရမေဆးဘဲနဲ႔ အညႇာေလးေတြေခြ်၊ ၿပီးရင္ မီးဖိုေခ်ာင္သုံး tissue အထူစားနဲ႔ ထုတ္၊ ပလပ္စတစ္ဗူး သုိ႔မဟုတ္ ဖန္ဗူးထဲ ေလလုံေအာင္ပိတ္ၿပီး ေရခဲေသတၱာေအာက္ထဲ ထည့္ထားရင္ ေတာ္ေတာ္ၾကာၾကာခံပါတယ္ရွင့္။ အညႇာက ငရုတ္သီးစိမ္းကို ပိုၿပီး ပုတ္လြယ္ေစပါတယ္။ မီးဖိုေခ်ာင္သံုးတစ္ရႈးဆိုတာ Serviette ကိုဆိုလိုပါသည္ ။သို ့မဟုတ္ paper towel အထူစားလဲသံုးႏုိင္ပါတယ္။

ငရုပ္သီးကိုင္မိၿပီး လက္ပူစပ္ရင္အေတာ္ မသက္သာတာပါ။ အဲလုိပူစပ္ၿခင္းမွ ကင္းေ၀းေစရန္ ငရုပ္သီးမလွီးခင္ လက္ကိုသာ ဆီဆြတ္ေပးလုိက္ပါ။ ပူစပ္ၿခင္းမွ ကင္းေ၀းပါလိမ္႔မယ္။

ကြ်န္မတို႔ အိမ္ရွင္မေတြဟာ ပလတ္စတစ္ဗူးေတြသိမ္းတာစုတာ အင္မတန္၀ါသနာပါတယ္ေနာ္။ တစ္ခါတစ္ေလမသံုးၿဖစ္ပဲသိမ္းထားရတာမ်ိဳးေတာင္ရွိတယ္။ အဲလုိသိမ္းမယ္ဆိုရင္ ဆားေလးကို ဗူးထဲနဲနဲထည္႔ၿပီး သိမ္းၿခင္းအားၿဖင္႔ အနံအသက္ (ေအာက္သိုးသုိးအနံ႔) ထြက္ၿခင္းမွ ကာကြယ္ႏိုင္ပါလိမ္႔မယ္။

အမဲသား၊ၾကက္သား မ်ားႏူးညံ႔လုိလွ်င္


ခဲေနေသာ အသားမ်ားကို microwave ထဲမွာ defrost လုပ္မယ္ဆိုရင္ ရွာလကာရည္အနည္းငယ္ကို ေလာင္းၿပီးမွ defrost လုပ္ပါ။ အသားမ်ားကိုႏူးညံေစရံုမွ်မက ၿမန္ၿမန္လည္း ေရခဲေပ်ာ္လြယ္ေစပါတယ္။

အမဲသား ဆိတ္သားကဲ႔သုိ႔ Red Meat မ်ားႏူးညံေစလိုလွ်င္ မခ်က္ခင္တြင္ ၀ိုင္အနီတြင္ စိမ္ေပးပါ။

အသားမ်ားလွီးမည္ဆိုလွ်င္ အသားမွ်င္မ်ားအား ကန္႔လတ္ၿဖတ္လွီးမွသာ ဟင္းခ်က္ေသာအခါ ပို၍ႏူးညံ႔ေသာ အသားမ်ားရႏိုင္ပါတယ္။

ၾကက္ဥခြံကိုစမ္းၾကည္႔ယံုနဲ႔လတ္မလတ္သိတဲ႔နည္း

ၾကက္ဥခြံကို စမ္းၾကည္႔ယံုနဲ႔ လတ္မလတ္သိတဲ႔ နည္းေလးပါ။ ၾကက္ဥခြံက ကိုင္ၾကည္႔တာနဲ႔ ခပ္ၾကမ္းၾကမ္းေလး ၿဖစ္ေနမယ္ဆိုရင္ လတ္ပါတယ္။ ေၿပာင္လက္ၿပီး ေခ်ာမြတ္ေနရင္ေတာ႔ နည္းနည္းၾကာေနတဲ႔ ၾကက္ဥပါ။
ေနာက္တစ္နည္းကေတာ႔ ေရထဲစိမ္ၿပီးစမ္းတဲ႔နည္းပါ။ ။ ေရေအး ၂ ခြက္ထဲဆား စားပြဲဇြန္း ၂ ဇြန္း ထည္႔ေဖ်ာ္ၿပီး။ ၾကက္ဥကိုထည္႔လုိက္ပါ။ ေရေပၚေပၚလာရင္ေတာ႔ မလတ္တာေသခ်ာေနပါၿပီ။

ၾကက္ဥၿပဳပ္လွွ်င္ မကြဲအက္ေစလုိပါက ဆားအနည္းငယ္ ထည္႔ၿပီးၿပဳပ္ေပးပါ။

ၾကက္ဥအကာႏွင္႔ အႏွစ္ ကုိခြဲထုတ္လုိလွ်င္ ေရခဲေသတၱၱာထဲမွထုတ္ကာစမွာ ခြဲပါ။ ပုိၿပီးလြယ္ကူပါတယ္။

ငါးကို ေကာင္းေအာင္ေၾကာ္နည္း


ငါးေၾကာ္မယ္ဆိုရင္ ဆီကိုအရင္က်က္ေအာင္ခ်က္ၿပီး အနံ႔သင္းသင္းရွိမွ ငါးကိုထည္႔ေၾကာ္ေပးပါ။ ကြ်တ္ကြ်တ္ကေလးႏွင္႔ အရသာရွိပါလိမ္႔မယ္။ ဆီမပူခင္ထည္႔မိပါက ကြ်တ္ကြ်တ္ရြရြမရွိပဲ ပြစိစိ ၿဖစ္တတ္ပါတယ္။

ၾကက္သြန္ၿဖဴကို အလြယ္တကူခြာလုိလွ်င္

ၾကက္သြန္ၿဖဴကို အလြယ္တကူခြာလုိလွ်င္ မိုက္ခရိုေ၀႔ဖ္ထဲကို ခဏထည္႔ၿပီးအပူေပးလုိက္ပါ။ အလြယ္တကူခြာလုိ႔ရမွပါ။
ေနာက္တစ္နည္း။ ၾကက္သြန္ၿဖဴမခြာခင္ ငရုပ္က်ည္ေပြ႔ႏွင္႔ ခပ္ဖြဖြထုေပးပါကလည္း ခြာရလြယ္ပါတယ္

ၾကက္သြန္ၿဖဴလွီးရင္( အထူးသၿဖင္႔ ႏုတ္ႏုတ္စဥ္းရင္) ဓါးမွာကပ္ပါေလ႔ရွိၿပီး ကပ္ေစးေစးၿဖစ္တတ္တာမ်ိဳးရွိတယ္ေနာ္။ အဲဒီအတြက္ေတာ႔ ၾကက္သြန္ၿဖဴမ်ားေပၚမွာ ဆားေလး နဲနဲၿဖဴးၿပီးမွ လွီးၾကည္႔ရင္ အဆင္ေၿပသြားပါလိမ္႔မယ္။

ႏြားႏို႔ေႏႊးခ်ိန္တြင္ ဆူေ၀က်ၿခင္းမွကာကြယ္ရန္အတြက္ ေထာပတ္အနည္းငယ္ကို အိုးႏုတ္ခမ္း အတြင္းနံရံေတြမွာ သုတ္လိမ္းၿပီးမွ ေႏႊးပါ။ဆူေ၀က်ၿခင္းမွကင္းေ၀းပါလိမ္႔မယ္


မီးဖိုချောင်ထဲက သိထားသင့်တဲ့ နည်းလမ်းကောင်းလေးများ (unicode)

ထမင်းအိုးကပ်သွားပြီး တူးနံ့နံလို့ စိတ်ညစ်နေရင် ဒီနည်းလေးကို စမ်းကြည့်လိုက်ပါလား။ ပေါင်မုန့်ဖြူ တစ်ချပ်ကို အဲဒီထမင်းပေါ်မှာ ၁၅ မိနစ်လောက်အဖုံးအုပ်ပြီး ထားကြည့်လိုက်ပါ။ ထမင်းမှာအနံ့သက်သာသွားတာကို တွေ့ရမှာပါ။ စားတဲ့အခါမှာတော့ အတူးအထိရောက်အောင် မကော်လိုက်နဲ့ဦးနော်။

ဟင်းအိုးတွေ တူးသွားရင် ပွတ်တိုက်မဆေးပါနဲ့။ တူးတာတွေ မြုပ်အောင် ရေထည့်ပြီး မီးဖိုပေါ် တင်ထားပါ။ ပွက်ပွက်ဆူလာရင် အတူးဂျိုးတွေ သူ့အလိုလို ကွာထွက်ပါတယ်။

ဖြူဖြူလွှလွှ ထမင်းလေးတွေ ရချင်တယ်ဆိုရင်တော့ ထမင်းအိုးတည်တုန်းဆူကာနီးမှာ လီမွန်ရည် ၂ စက်၊ ၃ စက်လောက်ချပေးလိုက်ပါ။

ငရုတ်သီးစိမ်းကြာကြာထားခံအောင်
ငရုတ်သီးစိမ်းလေးတွေ ကြာကြာထားခံအောင် ရေမဆေးဘဲနဲ့ အညှာလေးတွေချွေ၊ ပြီးရင် မီးဖိုချောင်သုံး tissue အထူစားနဲ့ ထုတ်၊ ပလပ်စတစ်ဗူး သို့မဟုတ် ဖန်ဗူးထဲ လေလုံအောင်ပိတ်ပြီး ရေခဲသေတ္တာအောက်ထဲ ထည့်ထားရင် တော်တော်ကြာကြာခံပါတယ်ရှင့်။ အညှာက ငရုတ်သီးစိမ်းကို ပိုပြီး ပုတ်လွယ်စေပါတယ်။ မီးဖိုချောင်သုံးတစ်ရှုးဆိုတာ Serviette ကိုဆိုလိုပါသည် ။သို့မဟုတ် paper towel အထူစားလဲသုံးနိုင်ပါတယ်။
ငရုပ်သီးကိုင်မိပြီး လက်ပူစပ်ရင်အတော် မသက်သာတာပါ။ အဲလိုပူစပ်ခြင်းမှ ကင်းဝေးစေရန် ငရုပ်သီးမလှီးခင် လက်ကိုသာ ဆီဆွတ်ပေးလိုက်ပါ။ ပူစပ်ခြင်းမှ ကင်းဝေးပါလိမ့်မယ်။

ကျွန်မတို့ အိမ်ရှင်မတွေဟာ ပလတ်စတစ်ဗူးတွေသိမ်းတာစုတာ အင်မတန်ဝါသနာပါတယ်နော်။ တစ်ခါတစ်လေမသုံးဖြစ်ပဲသိမ်းထားရတာမျိုးတောင်ရှိတယ်။ အဲလိုသိမ်းမယ်ဆိုရင် ဆားလေးကို ဗူးထဲနဲနဲထည့်ပြီး သိမ်းခြင်းအားဖြင့် အနံအသက် (အောက်သိုးသိုးအနံ့) ထွက်ခြင်းမှ ကာကွယ်နိုင်ပါလိမ့်မယ်။

အမဲသား၊ကြက်သား များနူးညံ့လိုလျှင်
ခဲနေသော အသားများကို microwave ထဲမှာ defrost လုပ်မယ်ဆိုရင် ရှာလကာရည်အနည်းငယ်ကို လောင်းပြီးမှ defrost လုပ်ပါ။ အသားများကိုနူးညံစေရုံမျှမက မြန်မြန်လည်း ရေခဲပျော်လွယ်စေပါတယ်။

အမဲသား ဆိတ်သားကဲ့သို့ Red Meat များနူးညံစေလိုလျှင် မချက်ခင်တွင် ဝိုင်အနီတွင် စိမ်ပေးပါ။

အသားများလှီးမည်ဆိုလျှင် အသားမျှင်များအား ကန့်လတ်ဖြတ်လှီးမှသာ ဟင်းချက်သောအခါ ပို၍နူးညံ့သော အသားများရနိုင်ပါတယ်။

ကြက်ဥခွံကိုစမ်းကြည့်ယုံနဲ့လတ်မလတ်သိတဲ့နည်း

ကြက်ဥခွံကို စမ်းကြည့်ယုံနဲ့ လတ်မလတ်သိတဲ့ နည်းလေးပါ။ ကြက်ဥခွံက ကိုင်ကြည့်တာနဲ့ ခပ်ကြမ်းကြမ်းလေး ဖြစ်နေမယ်ဆိုရင် လတ်ပါတယ်။ ပြောင်လက်ပြီး ချောမွတ်နေရင်တော့ နည်းနည်းကြာနေတဲ့ ကြက်ဥပါ။
နောက်တစ်နည်းကတော့ ရေထဲစိမ်ပြီးစမ်းတဲ့နည်းပါ။ ။ ရေအေး ၂ ခွက်ထဲဆား စားပွဲဇွန်း ၂ ဇွန်း ထည့်ဖျော်ပြီး။ ကြက်ဥကိုထည့်လိုက်ပါ။ ရေပေါ်ပေါ်လာရင်တော့ မလတ်တာသေချာနေပါပြီ။

ကြက်ဥပြုပ်လျှင် မကွဲအက်စေလိုပါက ဆားအနည်းငယ် ထည့်ပြီးပြုပ်ပေးပါ။

ကြက်ဥအကာနှင့် အနှစ် ကိုခွဲထုတ်လိုလျှင် ရေခဲသေတ္တာထဲမှထုတ်ကာစမှာ ခွဲပါ။ ပိုပြီးလွယ်ကူပါတယ်။

ငါးကို ကောင်းအောင်ကြော်နည်း

ငါးကြော်မယ်ဆိုရင် ဆီကိုအရင်ကျက်အောင်ချက်ပြီး အနံ့သင်းသင်းရှိမှ ငါးကိုထည့်ကြော်ပေးပါ။ ကျွတ်ကျွတ်ကလေးနှင့် အရသာရှိပါလိမ့်မယ်။ ဆီမပူခင်ထည့်မိပါက ကျွတ်ကျွတ်ရွရွမရှိပဲ ပွစိစိ ဖြစ်တတ်ပါတယ်။

ကြက်သွန်ဖြူကို အလွယ်တကူခွာလိုလျှင်

ကြက်သွန်ဖြူကို အလွယ်တကူခွာလိုလျှင် မိုက်ခရိုဝေ့ဖ်ထဲကို ခဏထည့်ပြီးအပူပေးလိုက်ပါ။ အလွယ်တကူခွာလို့ရမှပါ။
နောက်တစ်နည်း။ ကြက်သွန်ဖြူမခွာခင် ငရုပ်ကျည်ပွေ့နှင့် ခပ်ဖွဖွထုပေးပါကလည်း ခွာရလွယ်ပါတယ်

ကြက်သွန်ဖြူလှီးရင်( အထူးသဖြင့် နုတ်နုတ်စဉ်းရင်) ဓါးမှာကပ်ပါလေ့ရှိပြီး ကပ်စေးစေးဖြစ်တတ်တာမျိုးရှိတယ်နော်။ အဲဒီအတွက်တော့ ကြက်သွန်ဖြူများပေါ်မှာ ဆားလေး နဲနဲဖြူးပြီးမှ လှီးကြည့်ရင် အဆင်ပြေသွားပါလိမ့်မယ်။

နွားနို့နွှေးချိန်တွင် ဆူဝေကျခြင်းမှကာကွယ်ရန်အတွက် ထောပတ်အနည်းငယ်ကို အိုးနုတ်ခမ်း အတွင်းနံရံတွေမှာ သုတ်လိမ်းပြီးမှ နွှေးပါ။ဆူဝေကျခြင်းမှကင်းဝေးပါလိမ့်မယ်

 

Leave a Reply